အပိုင်း (၂၈၃) – မိန်းကလေး အရွယ်ရောက်ပြီပဲ
Vol. 003 Ch. 283
နောက်တစ်နေ့တွင် အဘိုးနတ်ဆိုးသည် တစ်ခါတစ်ရံသာ ပြန်လေ့ရှိသော သူတော်စင်မြို့တော် သို့ပြန်လေသည်။ လူအများသည် သူ့အားအရင်ကတည်းကမြင်ဖူးကြသည်။ မြင့်မြတ်သည့်လောကမှ မြင့်မြတ်သည့် သားတော်သည် သူနှင့်အတူ သွားလာသည်ကို မြင်ဖူးကြသည်။ သူဘယ်လောက်သန်မာသည်ကို သူတို့သိကြသော်လည်း သူ၏ သရုပ်မှန်ကို ခန့်မှန်းမိကြသည်။
“ကောင်စုတ်လေး” အဘိုးနတ်ဆိုးသည် ဝူလင်းယူအိမ်သို့ ရောက်သောအခါ အော်လိုက်သည်။
ဝူလင်းယူသည် ပညာရှိစံအိမ်တော်၏ ပိုင်ရှင်နှင့်စကားပြောနေရာ တိုင်းပြည်အတွင်းဖြစ်ပျက်နေသမျှကို ကြည့်ချင်၍ အပြင်သွားချင်သည်ဟု ပြောနေချိန်တွင် သူ့ဆရာ၏အသံကိုကြားလိုက်ရသည်။ သူသည် ပိုင်ရှင်အားပြုံးပြကာ မတ်တတ်ရပ်ပြီး ထွက်လာခဲ့သည်။ သူ အဘိုးနတ်ဆိုး ခေါင်မိုးပေးတွင် ထိုင်နေသည်ကို တွေ့သည်နှင့် မေးလိုက်သည် “ဆရာ ဘယ်တွေသွားလို့ကြာနေတာလဲ”
“အပြင်လျှောက်သွားနေတာ” အဘိုးနတ်ဆိုးသည် ဝူလင်းယူ၏ ခန္ဓာကိုယ်မှ သန့်စင်၍ ခေါင်းမှ ခြေဖျားထိ မြင့်မြတ်သောကိုယ်ရောင်ကိုယ်ဝါထွက်နေသည်ကို မြင်ပြီး လက်ဝေ့ပြကာ ပြောလိုက်သည် “ငါ မင်းနဲ့ ပြောစရာရှိတယ်”
ပညာရှိစံအိမ်တော်၏သခင်သည် မြင့်မြတ်သောလောကကို သွားပြီးဖြစ်၍ အဘိုးနတ်ဆိုး၏ မူလစွမ်းအားကို သိပြီးဖြစ်သည်။ သူသည် ဝူလင်းယူအားပြောလိုက်သည် “မြင့်မြတ်တဲ့သားတော်က ဆရာနဲ့ဆွေးနွေးချင်တာ ရှိတဲ့ပုံပဲ၊ ကျွန်တော်အရင်သွားနှင့်လိုက်ပါမယ်”
“ကောင်းပါပြီ” သန့်စင်ပြီး မြင့်မြတ်သာ ဝူလင်းယူ၏ မျက်နှာသည် တွန့်ဆုတ်ခြင်းမရှိပေ။ ပိုင်ရှင်သည် သူတို့အား လက်အုပ်ချီကာ အဘိုးနတ်ဆိုးအား အရိုအသေပေးကာ အိမ်မှထွက်သွားလေသည်။
ပညာရှိစံအိမ်တော်မှလူထွက်သွားသည်နှင့် ဝူလင်းယူသည် တံခါးအားမှီကာ အဘိုးနတ်ဆိုးအား စိတ်မဝင်စားသလိုကြည့်လိုက်သည် “ဟေး အဘိုးကြီး ပျောက်ချင်တိုင်းပျောက်သွားပြီးမှ အခုမှ ပြောစရာရှိတယ်လို့ ပြောနေတာလား”
“ငါ မင်းအတွက် ဆရာတူညီအစ်ကို တွေ့ခဲ့တယ်” အဘိုးနတ်ဆိုးပြောလိုက်သော စကားတစ်ခွန်းသည် ဝူလင်းယူအား ဆွဲဆောင်လိုက်နိုင်သည်။
သူ မျက်ခုံးပင့်ကာ ပြောလိုက်သည် “ဒီတိုင်းပြည်က တစ်ယောက်ယောက်ကိုတော့ မျက်စိကျ သွားတယ်နဲ့တူတယ်၊ ဘယ်တုန်းကသိတာလဲ သူ့ကို ဘယ်လိုလိမ်လိုက်တာလဲ”
“ငါ သူ့ကိုလိမ်တယ်ဆိုတာ ဘာကိုပြောတာလဲ” အဘိုးနတ်ဆိုးသည် ဝူလင်းယူအားကြည့်လိုက်သည် “ငါ ဒီအတိုင်း သူ့ကိုလက်ခံလိုက်တာ သူက ငါ့ကို ဆရာဖြစ်လက်ဆောင်တောင် ပေးမယ်လို့ပြောပြီးပြီ”
“ဆရာ့ရဲ့ စိတ်ဝင်စားတာကို ခံရတာတော့ရှားသွားပြီ…မြင့်မြတ်တဲ့လောက တော်တဲ့လူတွေအများကြီး တောင်မှ ဆရာ့ရဲ့ တပည့်ဖြစ်ချင်တာ၊ ဒါပေမယ့် ဆရာက ကျွန်တော့်ကိုလာရွေးတာလေ” ဝူလင်းယူ ပြောလိုက်သည် “ဆက်ခံသူကို ရွေးချင်တာမဟုတ်ဘူးလား…တိုင်းပြည်ကဒီလူ တိုးတက်သွားတာကို လိုချင်တာ ဘယ်တော့ဖြစ်လာမှာလဲ၊ ဆရာက အဲဒါကို ဘယ်ချိန်ထိစောင့်နိုင်မှာလဲ”
“ကောင်စုတ်လေး မင်း ငါ့ကို အသက်တိုမယ်ဆိုပြီး ကျိန်ဆဲနေတာလား” အဘိုးနတ်ဆိုးသည် အော်လိုက်သည်။
ဝူလင်းယူသည် နားပိတ်ထားလိုက်သည်။
“ကျွန်တော် ဆရာ့ကိုမကျိန်ဆဲပါဘူး၊ အမှန်တရားကိုပြောတာပါ” ယူလင်းယူသည် လက်ကို ဖယ်လိုက်သည်။
“မင်းသေသွားရင်တောင် ပြန်မသွားချင်ဘူးဆိုမှတော့ ငါနောက်တစ်ယောက်ရှာရတော့မှာတော့” အဘိုးနတ်ဆိုးသည် အချည်းနှီးဖြစ်သလို ကြည့်လိုက်သည်။
“ဆရာက ဆက်ခံသူကို ဘယ်သူ့ကိုရွေးမယ်ဆိုတာ ရှင်းနေတာပဲ ကျွန်တော့်အပေါ် ဘယ်လိုမူတည်နေတာလဲ ဆရာက အမြင့်မှန်းလွန်းတယ်၊ အဲလူတွေအကုန်လုံးကို မကြိုက်ဘူးဖြစ်နေတာလေ အဲဒါကြောင့်ပဲ အချိန်တွေကြာနေတာ၊ သြော် ဟုတ်သားပဲ ကျွန်တော့ ဂျူနီယာတပည့်က ဘယ်နနှစ်လဲ”
“၂၂နှစ်ပြည့်တော့မှာလို့ ပြောကြာတာပဲ နှစ်လလောက်တော့လိုမှာပေါ့” အဘိုးနတ်ဆိုးသည် နဂါးတောင်တွင် ရှိစဉ်တုန်းက လူတွေ ဆွေးနွေးသည်ကို ကြားသမျှကို ပြောလေသည်။
“၂၂နှစ်ပဲရှိသေးတာလား၊ ငယ်လိုက်တာ၊ သူ့အဆင့်က ဘယ်လောက်ရှိလဲ၊ အဆင့် ၃ဆေးကို ဖော်နိုင်လား”
“ဘာတွေ တရစက်ပြောနေတာလဲ… င့ါမျက်လုံးကအဲလောက် မကောင်းတော့ဘူးလား၊ ငါရွေးတာပဲ အဲလောက်တော့ မဆိုးပါဘူး” အဘိုးနတ်ဆိုးသည် ကိုယ့်ကိုယ်ကို မြှောက်ပင့်ပြောလိုက်သည်။
“သူ့အရည်အချင်းက မဆိုးရင်တောင် သူ့အကျင့်စရိုက်ကို မမေ့နဲ့ဦး၊ သူက အံ့ဖွယ်နတ်ဆိုး တောင်ကြားရဲ့ စမ်းသပ်ချက်တွေကို မဖြတ်ကျော်နိုင်ရင် ဆရာ့ရဲ့တပည့်ဖြစ်ရင်တောင် ဆက်ခံသူမဖြစ်နိုင်ဘူး” ဝူလင်းယူ သတိပေးလိုက်သည်။
“သူ့အကျင့်စရိုက်ကလည်း ကောင်းပါတယ်… မင်း သူ့ကို ဒီနေ့တွေ့ရင် သိလိမ့်မယ်” အဘိုးနတ်ဆိုးပြောလိုက်သည်။
“မသွားဘူး ကျွန်တော့်မှာ အချိန်မရှိဘူး” ဝူလင်းယူသည် တည့်ပင်ငြင်းလိုက်သည်။
“ဘယ်လိုလုပ် မင်းမှာအချိန်မရှိတော့တာလဲ” အဘိုးနတ်ဆိုးသည် သူ့အား မယုံကြည်ပေ။
“ကျွန်တော် ဆိုဖီယာတောင်တန်းကို သွားချင်လို့” ဝူလင်းယူပြောလိုက်သည်။
သူသည် ဟိုကလေးမကို ရှာရန် ဒုံချန်းတိုင်းပြည်သို့သွားရန် ဆုံးဖြတ်ပြီးဖြစ်သည်။
“မရဘူး မင်း ငါနဲ့သွားရမယ်” အဘိုးအို ပြောလိုက်သည် “ပြီးတော့ မင်း တွေ့ဆုံခြင်းလက်ဆောင် ပြင်ထားလိုက်”
“မသွားဘူး” ဝူလင်းယူ ငြင်းပယ်သည်။
“မင်းမသွားဘူးဆိုရင် ငါ ငါ…”
“ဘာလုပ်မှာလဲ”
“မင်းရှေ့မှာပဲ ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်”
“လုပ်လိုက်ပါ ကျွန်တော်မတားပါဘူး”
“နှလုံးသားမရှိတဲ့ ကောင်စုတ်လေး၊ ငါ့ကို ဒေါသထွက်ပြီး သေစေချင်တာလား”
“ဒေါသထွက်လို့ သေမယ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေဖို့မလိုတော့ဘူးလေ”
“……”
နောက်ဆုံးတွင် ဝူလင်းယူသည် သူ၏ ဆရာတူတပည့်အား လိုက်တွေ့ပါမည်ဟု အဘိုးနတ်ဆိုးအား ကတိပေးလိုက်ရတော့သည်။ သူ၏ ဆရာတူတပည့်အားတွေ့လိုက်လျှင် သူ အလွန်ဝမ်းသာမည်ဖြစ်သည်။ သူ နေ့နေ့ညည တွေးနေသော လူတစ်ယောက်ကို ဘယ်လောက်တောင် စောင့်လိုက်ရမှန်းကို ဘယ်သူမှ သိမည်မဟုတ်ပေ။
ရှီမာယူယူသည် အဘိုးနတ်ဆိုးသည် ညတွင် ညာစာလာစားမည်ဟု ပြောထားသောကြောင့် ချက်ပြုတ် နေလေသည်။
“င့ါရဲ့ နာခံတတ်တဲ့တပည့်လေး အစားအသောက်တွေအဆင်သင့်ဖြစ်ပြီလား” အဘိုးအိုနှင့် ဝူလင်းယူတို့သည် မြစ်ဘေးတွင်ရပ်ကာ အော်လိုက်သည်။
ရှီမာယူယူသည် သူ့အား ဆရာအဖြစ်တင်လိုက်သည်ကို ရှီမာမျိုးနွယ်ဝင်များသိပြီး သူသည် မြင့်မြတ်သည့် လောကတွင် အလွန်အားကောင်းသည်ကိုလည်း ကြားထားသည်။ သူတို့ သူ့အားမြင်သောအခါ အားလုံးသည် တရိုတသေဖြင့် နှုတ်ဆက်ကြလေသည်။
“ဆရာ အစောကြီးရောက်လာတာပဲ… အစားအသောက်တွေ အဆင်သင့်မဖြစ်သေးဘူး.. ခဏတော့ စောင့်ရမယ်” ရှီမာယူယူသည် ဟင်းရွက်များကိုကြော်နေခြင်းနှင့် အလုပ်များနေကာ လှည့်ကြည့်လိုက်သောအခါ အဘိုးနတ်ဆိုးဘေးတွင် ရပ်နေသော လူအားမြင်လိုက်သည့်အခါ အံ့သြသွားလေသည်။
“ခင်ဗျားပဲ” သူသည် အံ့သြကာ စိတ်လှုပ်ရှားသွားသောကြောင့် လက်ထဲရှိ ယောင်းမဖြင့် ပစ်ပေါက် လိုက်လေသည်။
ဝူလင်းယူသည် ယောင်းမအားဖမ်းကာ ပြောလိုက်သည် “ဟေး ဆရာတူတပည့် မင်းက ဆရာတူ စီနီယာကို ဒီလိုဆက်ဆံတာလား”
သူ ရှီမာယူယူအားမြင်သောအခါ သူ့စိတ်အား တည်ငြိမ်နေခဲ့သည်။ သူမ သူ့အားမြင်သည်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သော မျက်လုံးများနှင့် တုန့်ပြန်သည်မှာ ဒီနှစ်များအတွင်း သူ့အား မမေ့နိုင်သည်ဟု ဆိုလိုသည်။
ရှီမာမျိုးနွယ်မှလူများသည် သူမအား မျက်လုံးပြူးများဖြင့် ကြည့်နေလေသည်။ ရှီမာယူယူ ဘာလို့အဲလောက် ဒေါသထွက်နေတာလဲ။ သူမ ယောင်းမကိုတောင် ပစ်ပေါက်လိုက်တယ်ဆိုတော့ ကျွတ် ကျွတ်… တစ်ခုခုတော့ ရှိနေပြီ။
အဘိုးနတ်ဆိုးသည် ထိုသို့ဖြစ်မည်ဟု ထင်မထားသောကြောင့် ပြောလိုက်သည် “ကောင်စုတ်လေး မင်း ယူယူကို သိတာလား”
“သိရုံတင်မဟုတ်ဘူး အချိန်တစ်ခုလောက်တောင် အတူတူနေဖူးတယ်” ဝူလင်းယူ ပြောလိုက်သည်။
“ဘေဂုံ ဒါယူဦး” ရှီမာယူယူ ပြောလိုက်သည်။
ဘေဂုံသည် ယောင်းမအားယူကာ ဟင်းရွက်များကို ဆက်ကြော်နေသော်လည်း ရှီမာယူယူအပေါ်တွင် အာရုံထားနေဆဲဖြစ်သည်။
ရှီမာယူယူလျှောက်သွားကာ အဘိုးနတ်ဆိုးဘေးသွားလိုက်သည်။ သူမ ပြောလိုက်သည် “ဆရာ သူက ဆရာ့တပည့်လား ပြီးတော့ ဆရာတူတပည့်ပေါ့”
“ဟုတ်တယ်လေ…. မင်းတို့ဘယ်တုန်းက အတူတူနေခဲ့တာလဲ” အဘိုးနတ်ဆိုး ပြောလိုက်သည်။
သူတို့အတူတူနေခဲ့သည့်အချိန်အကြောင်းကို ပြောလိုက်သည်နှင့် သူ သူမအား ကစားခဲ့သည်ကို ရှီမာယူယူတွေးမိလိုက်သည်။ သူချက်ချင်းပင် လက်သီးဆုပ်ကာ ဝူလင်းယူအား တုန့်ပြန်နေသော သူမ၏ နတ်ဆိုးညွှတ်လက်ပတ်အား ကြည့်နေသော ဝူလင်းယူအား တိုက်ခိုက်လိုက်သည်။
“ဝိညာဉ်ချီ မသုံးဘူး” သူ၏ ဝိညာဉ်ချီကိုသုံးလျှင်လည်း သူမသည် ဝူလင်းယူ၏ ပြိုင်ဖက်မဖြစ်နိုင်သည်ကို သိသောကြောင့် ရှီမာယူယူ အော်လိုက်သည်။
“ဆရာတူတပည့်လေးက ကစားချင်မှာတော့ ငါလည်း ကစားပေးရမှာပါ့” ဝူလင်းယူသည် ရယ်မောကာ ရှီမာယူယူ၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
တစ်ယောက်က တိုက်ခိုက်ကာ တစ်ယောက်က ရှောင်တိမ်းသည်။ ရှုပ်ယှက်ခတ်နေသည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ရှီမာယူယူ ဝူလင်းယူအား မနိုင်ပေ။
“တည့်တည့်ရပ်” သူမ မနိုင်နိုင်သောကြောင့် ပင်ပန်းလာသောအခါ သူမ အော်လိုက်သည်။
ဝူလင်းယူ နာနာခံခံပင် ရပ်လိုက်ရာ ရှီမာယူယူသည် သူ့အား ချက်ချင်းပင်ထိုးလိုက်သော်လည်း သူမ လက်အားဖမ်းကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။
သူတို့သည် တစ်ယောက်နှင့် တစ်ယောက်လိုက်ရင်းနှင့် စခန်းချရာမှ အဝေးသို့ရောက်ရှိနေပြီးဖြစ်သည်။ ဝူလင်းယူ သူမအားဆွဲလိုက်သောအခါ နောက်မှရှိသောလူများသည် သူတို့၏ အနေအထားကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
“ခင်ဗျားကြီး လွှတ်” ရှီမာယူယူ ဒေါသထွက်လေသည်။
ဝူလင်းယူ ရှီမာယူယူအား ဖက်ကာ သူမနား နားသို့ ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်လေသည် “မိန်းကလေး အရွယ်ရောက်ပြီပဲ နှစ်တွေကြာသွားပြီ ငါအကြောင်း တွေးမိလား”