← Chapters

အပိုင်း (၂၈၄) – လက်မလှုပ်သာပဲ ပါးစပ်သာလှုပ်ရသော မိန်းကလေး

Vol. 003 Ch. 284

အပိုင်း (၂၈၄) – လက်မလှုပ်သာပဲ ပါးစပ်သာလှုပ်ရသော မိန်းကလေး

Vol. 003 Ch. 284

ဝူလင်းယူ သူမနားနားသို့ လေသံဖြင့်ပြောလိုက်သောအခါ ရှီမာယူယူ ဒေါသထွက်လေသည်။ သို့သော် သူ့အား မနိုင်သဖြင့် သူမ စိတ်ထဲမှာပင် ဒေါသထွက်လေသည်။

“အာ”

ရှီမာယူယူ ခေါင်းငုံ့ကာ သူ့အားကိုက်သည်ကို ဝူလင်းယူမြင်သည်နှင့် သူ့မျက်လုံးသည် ပျော်ရွှင်စွာ တောက်ပလာသည်။

“ညီလေး ယောကျ်ားကောင်းတစ်ယောက်က စကားနဲ့ပဲပြောတယ် လက်မပါဘူး ဘာလို့ ငါ့ကို ကိုက်တာလဲ”

သူသည် အားလုံးရှေ့တွင် ရှီမာယူယူ သူ့အားကိုက်သည့် မြင်ကွင်းကို မြင်အောင် ခန္ဓာကိုယ်အား အနည်းငယ်တိမ်းလိုက်သည်။

“ငါ အမြင်မှားတာတော့မဟုတ်ပါဘူးနော်” ရှီမာယူယန်သည် မျက်လုံးပွတ်ကာ မယုံကြည်သော မျက်လုံးဖြင့် ပြောလိုက်သည်။

“ယူယူက တကယ်ပဲ လူကို ကိုက်လိုက်တာလား…” ရှီမာယူရှင်းသည်လည်း မှင်တက်သွားလေသည်။

ရှီမာမျိုးနွယ်သည် ကြည့်ရင်းနှင့် မယုံကြည်နိုင်ဖြစ်နေသည်။ ရှီမာယူယူသည် သူတို့အတွက် အနှိုင်းမဲ့သော တည်ရှိမှုဖြစ်သည်..သို့သော် သူမသည် ဝူလင်းယူအား မနိုင်သောကြောင့် ကိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ သူ့အားတွေ့သည်နှင့် ပြုမူသောအပြုအမူများနှင့် ဒေါသထွက်သည့်အဖြစ်ကို အားလုံး သိချင်သွားသည်။

အဘိုးနတ်ဆိုးသည်လည်း နားမလည်စွာကြည့်နေသည်။ သို့သော် ဝူလင်းယူသည် ရှီမာယူယူအား တရင်းတနှီးဆက်ဆံသည်ကို သူ အံ့သြနေခဲ့သည်။ ရှီမာယူယူက သူ့ကို ကိုက်တာတောင် သူ လုံးဝဒေါသမထွက်ပေ။

“ဒီကလေးကတော့လေ သူ့ဆရာဖြစ်တဲ့ ငါ့ကိုတောင် အဲလို တရင်းတနှီးမရှိဘူး” သူ၏ လက်ရှိစိတ်အခြေအနေကို သူ၏ ခါးသီးသောအသံမှ ဖော်ပြနေသည်။

ရှီမာယူလင်းသည် သူတို့နှစ်ယောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

ရှီမာယူယန်သည် သူ့ယပ်တောင်အားထုတ်ကာ ယပ်ခတ်ပြီး ပြောလိုက်သည် “ယူယူ ဒီလိုဖြစ်တာ ရှားတယ်”

အဘိုးနတ်ဆိုးသည် သူတို့နှစ်ယောက် ဘာမှမဖြစ်သည်ကို သိသည်နှင့် အစားအသောက်ကိုသာ အာရုံထားလိုက်သည်။

“ကောင်စုတ်လေးပြောတာမှန်တာပဲ ဒီနေ့ဟင်းတွေက မနေ့ကထပ်ပိုကောင်းတယ်”

“အဘိုးနတ်ဆိုး ယူယူက သူ့အရည်အချင်းကို မာန်မတက်ဘူး၊ သူ့ကို တပည့်အဖြစ်လက်ခံရင် သူ့အရည်အချင်းက အလိုလိုစကားပြောသွားပါလိမ့်မယ်… အဘိုးရဲ့ နောက်နေ့ရက်တွေကတော့ အဖူးအပွင့် တွေနဲ့ ဝမ်းသာစရာကောင်းမှာပါ” ရှီမာယူရန်သည် အဘိုးနတ်ဆိုးနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

“မဆိုးဘူး မဆိုးဘူး” အဘိုးနတ်ဆိုးသည် နာခံတတ်သောတပည့်ကို ရှာတွေ့သည်ဖြစ်၍ အလွန် ဝမ်းသာနေသည်။ သူသည် ဘယ်ကိစ္စမဆို လေးလေးနက်နက် အားစိုက်လုပ်သည်။

ဘေဂုံထန်သည် ဟင်းများချက်ပြုတ်ပြီးစီးကာ စားပွဲတွင်တင်လိုက်သည်။ အဘိုးနတ်ဆိုးသည် တစ်လုတ် စားကာ ပြောလိုက်သည် “ဒီအရသာက ယူယူချက်တာလောက်တော့ မဟုတ်ပေမယ့် သူများတွေ ချက်တာ ထက်တော့ အများကြီးကောင်းတယ်”

“ချီးကျူးတဲ့အတွက် ကျေးဇူးပါ အဘိုးနတ်ဆိုး” ဘေဂုံထန်သည် ပြုံးပြကာ ကျန်သောဟင်းများကို ချက်ရန် ထွက်သွားလေသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့ပြန်လာချိန်တွင် အဘိုးနတ်ဆိုးသည် စားသောက်ပြီးစီးလုနီးပါးဖြစ်သည်။

“ဆရာ သူက ဆရာ့တပည့်လို့ မပြောဘူး” သူမသည် သူ့ဘေးတွင်ထိုင်သည်နှင့် စောဒကတက်တော့သည်။

အဘိုးနတ်ဆိုးသည် သွားကြားထိုးတံထုတ်ပြီး ပါးစပ်တွင် ထည့်ကာ မေးလိုက်သည် “ဒါနဲ့ ဘာများဆိုင်တာရှိလို့လဲ”

“ဆိုင်တာပေါ့” ရှီမာယူယူသည် အလွန် စိတ်အားလျော့ကာ “ကျွန်တော်သူနဲ့ ညိထားတာရှိတယ်၊ သူ့ ဆရာတူတပည့်ဖြစ်ရမယ်ဆိုရင် တကယ်မွန်းကြပ်ပြီး စိတ်ဆင်းရဲရမယ်”

“ဒါဆို မင်းသူ့ကို နှင်ထုတ်လိုက်ပေါ့” အဘိုးနတ်ဆိုးသည် စိတ်ထဲမထားပေ။

“ဒါပေမယ့် ကျွန်တော်မှ သူ့ကို မနိုင်တာ” ရှီမာယူယူ စောဒကတက်သည်။

“သူ့ကို အဆိပ်ကျွေးလိုက်ပေါ့” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“ဆရာက ဟိုဟာ ဒီဟာ လုပ်ပေးထားလို့ သာမာန်အဆိပ်က သူ့ကို မတိုးဘူးလို့ပြောတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ်၊ သူ့ကို အဆိပ်ပေါင်း ၁၀၀ မမိအောင် ငါလုပ်ပေးထားတာ” အဘိုးနတ်ဆိုး ခေါင်းညိတ်သည်။ “ဒါဆို မင်း သာမာန်မဟုတ်တဲ့ အဆိပ်ခတ်လို့ရတာပဲ”

“ကျွန်တော် အဲလောက်မစွမ်းသေးဘူး”

“ကိစ္စမရှိဘူး ငါ့ဆီကသင်လိုက်” အဘိုးမိုသည် မကျေမနပ်ပြောလိုက်သည် “နောက်ကို သူ့ကိုအဆိပ်ခတ်လို့ရအောင် ငါသင်ပေးမယ်လို့ ငါကတိပေးတယ်”

“ဒါပေမယ့် အဲဒါနောက်မှလေ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် အခုကို စိတ်ဆင်းရဲနေပြီ”

“ဒါဆို ဒီအတိုင်း သူ့ကို ကိုက်လိုက်ပေါ့” အဘိုးနတ်ဆိုး ပြောလိုက်သည် “ကောင်စုတ်လေး ဒီလာခဲ့”

ဝူလင်းယူ လျှောက်လာကာ ပြောလိုက်သည် “အဘိုးကြီး ဘာလိုချင်လို့လဲ”

သူသည် ကန်းမနေသောကြောင့် အဘိုးနတ်ဆိုး ရှီမာယူယူကို ပြောနေသော ဆိုးဝါးသောအကြံကို သူကြားနေရသည်။

“မင်းရဲ့ ဆရာတူတပည့်ညီလေး ကိုက်တာ တစ်ခါလောက်ခံလိုက်” အဘိုးနတ်ဆိုးပြောလိုက်သည်။

“ဆရာ ညီလေးကို သိတာနှစ်ရက်ပဲရှိသေးတယ် ဘာလို့ဘက်လိုက်နေတာလဲ” ဝူလင်းယူ သွားရန်အကြောင်းမရှိပေ။ ရှီမာယူယူ၏ စူပုပ်ပုပ်မျက်နှာကိုကြည့်ရင်း ပြောလိုက်သည် “သူကိုက်ထားတာတောင် သွေးပူနေတုန်းရှိသေးတယ်”

သူပြောပြီးနာက်တွင် အကျီလက်ဆွဲမလိုက်ရာ သွားရာ နှစ်ချက်သည် အားလုံးရှေ့တွင် ပေါ်လာလေသည်။

ရှီမာယူယူသည် ကြောက်စိတ်ဝင်သွားသည်။ ထိုသွေးရာများသည် လတ်လတ်ဆတ်ဆတ်ဖြစ်ကာ သွေးများပင် စို့နေသည်။

“ယူယူ မင်းကတော့ မိုက်နေတုန်းပဲ အခုလေးတင်တွေ့တာကို သွေးထွက်အောင်လုပ်လိုက်တယ်၊ မဆိုးဘူး မဆိုးဘူး” အဘိုးနတ်ဆိုးသည် ဝူလင်းယူ လက်မောင်းမှ သွားရာများကို တွေ့သောအခါ ရှီမာယူယူအား ပခုံးပုတ်လိုက်သည်။

“သူ့အသားကိုတောင် မကိုက်လိုက်ရသေးဘူး” ရှီမာယူယူသည် မကျေမနပ်ဖြစ်နေတုန်းပင်။

“ဟူး ငါက ဆရာတူတပည့်ကို ပထမဆုံးတွေ့တာဆိုပြီး တွေ့ဆုံခြင်းလက်ဆောင်တောင် ပြင်လာတာ၊ အခု မင်းကြည့်ရတာ မလိုချင်ဘူးထင်တယ်” ဝူလင်းယူ သက်ပြင်းချသည်။

“အဲဒါက တန်ဖိုးကြီးပစ္စည်းဆိုရင် လိုချင်တယ် မဟုတ်ရင် မလိုချင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အရင်ကြည့်ပြီးမှ ယူမယ် မယူဘူးဆုံးဖြတ်မယ်”

“ဒါပေမယ့် မင်းငါ့ကို ဒေါသထွက်နေတုန်းပဲနော်” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူ သူ့အား တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ခင်ဗျားလက်ဆောင်က တွေ့ကရာ ယူလာတာဆိုရင် မလိုချင်ဘူး အရည်အသွေး ကောင်းတယ်ဆိုရင်တော့ ယူတာပေါ့ ဒီကိုပေး”

ဝူလင်းယူသည် ပြုံးကာ သေတ္တာအားထုတ်လိုက်သည်။ သူ ရှီမာယူယူဆီသို့ ပစ်ပေးလိုက်ရာ သူမ ဖမ်းပြီး ဖွင့်လိုက်သည်။ အထဲတွင် ပေါ့ပါးသော ခရမ်းရောင် အဝတ်အထည်ရှိနေသည်။

“ဝါး ဝါး မင်း သူ့ကို အံ့ဖွယ်ပုစဉ်းဝတ်ရုံကို တကယ်ပေးချင်တာလား” ရှီမာယူယူ မပြောရသေးခင်ပင် အဘိုးနတ်ဆိုး အော်လိုက်သည်။

“ဆရာ ဒါဘာလဲ” သူ စိတ်လှုပ်ရှားနေသည်ကို မြင်သည်နှင့် ရှီမာယူယူ မေးလိုက်သည်။

“ဒါက အံ့ဖွယ်ရှေးဟောင်းပစ္စည်းပဲ ငါ ငါ့သူငယ်ချင်းမြေးမလေးကို လက်ဆောင်ပေးချင်လို့ တောင်းတုန်းကတော့ ငါ့ကို လုံးဝမပေးဘူးဆိုပြီး ငြင်းနေတာ..ငါ့ မျက်နှာကိုလုံးဝမထောက်ဘူး.. အခုတော့ မင်းကိုပေးလိုက်တော့ ငါ တကယ် စိတ်နာသွားပြီ” အဘိုးနတ်ဆိုးသည် လေးနက်စွာ စောဒကတက်တော့သည်။

“အံ့ဖွယ်ရှေးဟောင်းပစ္စည်းဟုတ်လား” ရှီမာယူယူ ဝတ်ရုံအားထုတ်ကာ ကြည့်ရှုလိုက်သည်။ ထိုဝတ်ရုံသည် ငွေရောင်ငါးအရောင်ဖြစ်ကာ ပိန်ပါးသည့်ပုံပေါ်သည့် သာမာန်ဝတ်ရုံနှင့်ဆင်တူသည်။

“အဲဒီအံ့ဖွယ်ပုစဉ်းဝတ်ရုံအတွက် အမြင်တွေမတူလို့ အကြီးအကျယ် တိုက်ခိုက်ကြတာ အဲဒါနဲ့ အမြင့်ဆုံးဈေးနဲ့ လေလံတင်တယ်လို့ပြောတာကြားဖူးတယ်၊ အဲဒါတကယ့် တန်ဖိုးကြီးပစ္စည်းပဲ” ဘေဂုံထန် ပြောလိုက်သည်။

“ဘေဂုံကအဲလိုပြောမှတော့ အဲဒါ တန်ဖိုးကြီးပစ္စည်းပဲဖြစ်မှာ ကောင်းပြီလေ ဒီလက်ဆောင်ကို လက်မခံချင်ပဲ အတင်းယူရတော့မှာပေါ့ ဒီလက်ဆောင်က လက်ခံလို့ရပါတယ်” ရှီမာယူယူသည် သိမ်းလိုက်သည်။

အံ့ဖွယ်ရှေးဟောင်းပစ္စည်းသည် ရှားပါးသဖြင့် တစ်ခုဆို တစ်ခုဖြစ်သည်။

“မင်း ငါ့လက်ဆောင်ကိုယူပြီးပြီဆိုတော့ ငါ့ကို ထပ်မကိုက်နဲ့တော့” ဝူလင်းယူ ပြုံးပြီးပြောလိုက်သည်။

“ဟင်း ဟင်း” ရှီမာယူယူ သူ့အား လျစ်လျူရှုလိုက်သည်။

“တပည့်လေး ငါ့ရဲ့ ဆရာဖြစ်လက်ဆောင်ရော ပြင်ပြီးပြီလား” အဘိုးနတ်ဆိုး မေးလိုက်သည်။

“ပြင်ပြီးတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါ ဘာလဲ”

အဘိုးနတ်ဆိုးသည် အလွန်စိတ်ဝင်စားသွားသည်။ သူများက သူ့ကို လက်ဆောင်ပေးခြင်း မခံရသည်မှာ ကြာပြီဖြစ်သည်။ သူ့ဆီက တောင်းတာကိုတော့ ထည့်မတွက်တော့ဘူးလေ။

ရှီမာယူယူ မတ်တတ်ရပ်ကာ ဘေဂုံထန်အနောက်သို့လျှောက်ပြီး အဘိုးနတ်ဆိုးအား ပြောလိုက်သည် “ဆရာ ဘေဂုံထန်ဆိုရင်ရော ဘယ်လိုထင်လဲ”

“မဆိုးပါဘူး ဘာလို့လဲ”

“အခုတော့ အားလုံးက တစ်ခုဝယ်တစ်ခုလက်ဆောင်ပေးနေကြတာ၊ ဆရာက တပည့်လက်ခံထားမှ တော့ တစ်ယောက်အပိုရမယ် အဲတော့ ဘေဂုံထန်ကိုပါ ယူလိုက်ပါ” ရှီမာယူယူ ပြုံးပြီးပြောလေသည်။

“ဘာ ငါ့ကို တပည့်လက်ခံခိုင်းနေတာလား” အဘိုးနတ်ဆိုးသည် ရှီမာယူယူထိုကဲ့သို့တွေးမည်ဟု ထင်မထားသောကြောင့် ခေါင်းရမ်းကာ ငြင်းဆိုပြီး “မဖြစ်နိုင်ဘူး ငါ တပည့်တွေအများကြီးလက်မခံချင်ဘူး မင်းတို့ နှစ်ယောက် ငါ့ကို ကစားတာတောင် လုံလောက်နေပြီ

All Chapters