အပိုင်း (၂၈၅) – သူမဆရာအတွက် တွေ့ဆုံခြင်းလက်ဆောင် ပြင်ဆင်ထားခြင်း
Vol. 003 Ch. 285
“ယူယူ” ရှီမာယူယူ ထိုကဲ့သို့လုပ်မည်ဟု ထင်မထားသဖြင့် ဘေဂုံထန် အံ့သြသွားသည်။
ရှီမာယူယူ ပခုံးပုတ်ကာ ပြောလိုက်သည် “ဆရာ ဘေဂုံထန်ရဲ့ အဂ္ဂိရတ်ပညာအရည်အချင်းက အကောင်းဆုံးပဲ၊ ဆရာ့တပည့်အဖြစ်လက်ခံရင် ဘာမှဆုံးရှုံးတာမရှိစေရဘူး”
“ဒါပေမယ့်လည်း လက်မခံနိုင်သေးဘူး” အဘိုးနတ်ဆိုးသည် ခေါင်းရမ်းလိုက်သည်။
“ဆရာ သူမက လာဘ်ခေါ်တဲ့ ကြောင်လေးနော်၊ ဒီအခွင့်အရေးကို လက်လွတ်ခံတော့မလို့လား” ရှီမာယူယူ ဖိအားပေးလိုက်သည်။
“ညီလေး ဆရာ့တစ်ဘဝလုံးမှာ ငါတို့နှစ်ယောက်ကိုပဲ တပည့်အဖြစ်လက်ခံခဲ့တာ ဘာလို့လဲဆိုတော့ ပြဿနာတွေ မဖြစ်ချင်လို့လေ၊ အဲဒါ လုံးဝမဖြစ်နိုင်ဘူး” ဝူလင်းယူသည် အဘိုးနတ်ဆိုးကို နားလည်သည်။ သူသည် သူ၏ဆက်ခံသူဖြစ်ရန် တပည့်လိုခြင်းကြောင့်သာမဟုတ်လျှင် ရှီမာယူယူကိုပင် လက်ခံခဲ့မည် မဟုတ်ပေ။
ရှီမာယူယူ အနည်းငယ် စိတ်ပျက်သွားသည်။ သူမသည် ဘေဂုံထန်အား အံ့ဖွယ်နတ်ဆိုးလမ်းကြားသို့ ဝင်ရန် အမှန်တကယ်ပင် ထောက်ခံပေးချင်သည်။ ထိုအဖွဲ့ထဲဝင်မှသာ ဘေဂုံထန်သည် သူမအမေနှင့် မောင်လေးကို ကာကွယ်နိုင်မည်ဖြစ်သည်။
“အဘိုးကြီး သူမကို တပည့်အဖြစ်လက်မခံချင်ပေမယ့် အဖွဲ့မှာ သွင်းပေးလို့ရတယ်လေ” ရှီမာယူယူ စိတ်ပျက်သွားသည်ကို မမြင်ချင်သောကြောင့် ဝူလင်းယူပြောလိုက်သည်။
“တကယ်လား” ထိုစကားကြားသောအခါ ရှီမာယူယူ၏ မျက်လုံးများ တောက်ပလာကာ အားအင်များပိုပြည့်လာပြီး “ဆရာ အဲဒါဖြစ်နိုင်လား”
“ဖြစ်နိုင်တယ် ဒါပေမယ့် သူမအရည်အချင်းပြည့်လားဆိုတာ ကြည့်ရဦးမယ်၊ လူတကာကို အံ့ဖွယ်နတ်ဆိုးတောင်ကြားကို အဝင်မခံနိုင်ဘူး” အဘိုးနတ်ဆိုးပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ” ရှီမာယူယူ အားရပါးရပြုံးလိုက်သည် “ဘေဂုံက ဆရာ့ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး”
“ဒါဆို အခု မင်းဖော်နိုင်တဲ့ထဲက အမြင့်ဆုံးဆေးကို ဖော်လိုက်တော့” အဘိုးနတ်ဆိုးသည် ဘေဂုံထန်အား ပြောလိုက်သည်။
ဘေဂုံထန်သည် မှင်တက်နေရာမှ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ကာ ပြောလိုက်သည် “ကောင်းပါပြီ”
သူမသည် ဆေးဖိုနှင့် ဆေးဖက်ဝင်ပစ္စည်းများထုတ်ကာ အသက်ရှုထုတ်ပြီး ဆေးဖော်ခြင်း စတင် တော့သည်။
ဘေဂုံထန်၏ ဆေးဖော်သည့်နည်းလမ်းမှာ ရှီမာယူယူနည်းနှင့် တူနေသည်ကို အဘိုးနတ်ဆိုး သတိထားမိသဖြင့် မေးလိုက်သည် “မင်းရဲ့ ဆရာက သူမကိုလည်း အဲနည်းပဲ သုံးခဲ့တာလား”
“ဟုတ်တယ်လေ ကျွန်တော်က သူမကိုသင်ပေးထားတာ ဝူရန်ကတော့ အစကတည်းက အဂ္ဂိရတ်ပညာရှင်ဖြစ်ခဲ့တာ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုလဲ ဘေဂုံက မဆိုးဘူးမလား”
“အင်း တောင်ကြားကအဲကောင်တွေထက်တော့ သေချာပေါက်သာပါတယ်” အဘိုးိတ်ဆိုး တစ်စုံတစ်ယောက်ကို ချီးကျူးသည်မှာ ရှားပါးလှသည်။ ထို့ကြောင့် ထိုသည်မှာ ရတောင့်ရခဲ အခွင့်အရေးပင်ဖြစ်သည်။
ရှီမာယူယူ ပြောမပြတတ်အောင် စိတ်လှုပ်ရှားမိသည်။ သူ ထိုကဲ့သို့ပြောပုံအရ ဘေဂုံထန်သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားသို့ ဝင်ရန်ပြဿနာမရှိပေ။
“ဆရာ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အလုပ်အစုံရှိတယ်လို့ကြားတယ်၊ သူတို့ကိုလည်း မခေါ် ချင်ဘူးလား” ရှီမာယူယူသည် ဝေကျိရွှီနှင့် ဖက်တီးကျူကို ညွှန်ပြလေသည်။
ဝေကျိရွှီနှင့် ဖက်တီးကျူတို့သည် အံ့သြစွာဖြင့် ရှီမာယူယူအားကြည့်လေသည်။ သူတို့ကိုပါ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ခေါ်ဖို့လုပ်နေတာလား။
ထိုမနက်တွင်ပင် မြင့်မြတ်သည့်လောကတွင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ ဖြစ်တည်မှုကို ကြားခဲ့သည်။ သူတို့သာ ဝင်သွားပါက နောက်ခံကောင်းမည်ဖြစ်သည်။
အဘိုးနတ်ဆိုးသည် ရှီမာယူယူအား ကြည့်လိုက်သည်။ ဒီကောင်တော့ တောင်းဆိုတာ များလိုက်တာ။
ရှီမာယူယူလျင်မြန်စွာ ပြုံးပြပြီး ခယကာ “ဆရာ ကျွန်တော်က သူတို့နဲ့ ကြီးပြင်းလာတာ၊ ကျွန်တော် ၁၅နှစ်ကတည်းက သူတို့နဲ့ပဲနေခဲ့တာ…. ဆရာတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အားကောင်းမှတော့ သူတို့ကိုလည်း ဝင်စေချင်တာ သဘာဝပဲလေ ဆရာ ကျွန်တော့်ကို ကျေးဇူးပြုပြီးကူညီပါ”
သူမ ထိုကဲ့သို့ ပွင့်လင်းမည်ဟု အဘိုးနတ်ဆိုးထင်မထားသဖြင့် မေးလိုက်သည် “သူတို့မှာ ဘာအရည်အချင်းတွေရှိလဲ”
“ကျိရွှီကအခု အံ့ဖွယ်သားရဲတွေထိန်းကျောင်းနိုင်တယ်၊ ဖက်တီးကျူကတော့ သူတော်စင်အဆင့် လက်နက်တွေ လုပ်နိုင်တယ်၊ ဝူရန်ဖေကတော့ ဘေဂုံထန်နဲ့ အဆင့်တူတူလောက်ပဲ၊ ယူလင်းက တည်ဆောက်မှု သခင်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဘယ်လိုလဲ ဆရာ သူတို့ ဝင်လို့ရမလား”
သူ့တဲအိုလေးမှ စောင့်ကြည့်နေသော ယူလင်းသည် သူ့နာမည်ကိုပြောလိုက်သည်ကို ကြားသည်နှင့် သူ့အကြည့်မှာ မဝံမရဲဖြစ်သွားသည်။ သူသည် သူ၏ ခံစားချက်ကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်သည်။
“ကောင်လေး မင်းတကယ်ပဲ လူတစ်စုလုံးကို သိတာပဲ” အဘိုးအိုပြောလိုက်သည် “သူတို့ကို ငါအခွင့်အရေး တစ်ခါတော့ပေးနိုင်တယ်၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားဝင်ဖို့ကတော့ သူ့အရည်အချင်းပေါ် မူတည်တယ်”
“အခွင့်အရေးတစ်ခါပဲလား” ရှီမာယူယူ မကျေနပ်ပေ “သူတို့ကို ဒီအတိုင်းလက်ခံလိုက်လို့မရဘူးလား”
“ညီလေး မစိုးရိမ်နဲ့ ဆရာ့ရဲ့ထောက်ခံချက်နဲ့ဆိုရင် သူတို့အရည်အချင်းရှိရင် ဘာပြဿနာမှမရှိပဲ ဝင်လို့ရတယ်” ဝူလင်းယူ ပြောလိုက်သည် “အဲဆရာအိုကြီးတွေက အမြင်နိမ့်တယ်”
“အဲဒါဆိုလည်း ကောင်းပါပြီ အခွင့်အရေးတစ်ခါရှိတာက မရှိတာထက်တော်ပါသေးတယ်” ရှီမာယူယူ အဘိုးနတ်ဆိုးအား ဖိအားမပေးတော့ပဲ ပြောလိုက်သည် “ဒါပေမယ့် ဝူရန်နဲ့ ဘေဂုံက အဂ္ဂိရတ်ပညာရှင် တွေဆိုတော့ ဆရာက ဆုံးဖြတ်နိုင်လား”
“သူက မင်းပြောသလိုဆိုရင်တော့ ပြဿနာမရှိပါဘူး ဒါပေမယ့် ငါအရင်ကြည့်ဦးမယ်၊ သူက ဘယ်သူလဲ” အဘိုးနတ်ဆိုးကပြောလိုက်သည်။
“သူက တောင်နေကြတ်တိုင်းပြည်မှာ အခုဒီမှာမရှိဘူး၊ သူက တွေ့ဆုံပွဲကျရင်လာလိမ့်မယ်၊ အဲအချိန်ကျရင် ဆရာ သူ့ကို စမ်းသပ်လို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမပြောပြီးနောက်တွင် ဝူလင်းယူအား သူမအစားပြောပေးသည်ကို ကျေးဇူးတင်သည့်သဘောနှင့် ကြည့်လိုက်သည်။
အဘိုးနတ်ဆိုးသည် ကျောက်စိမ်းနာမည်ပြားကိုထုတ်ပြီး ရှီမာယူယူဆီသို့ပစ်ကာ ပြောလိုက်သည် “သူတို့ကို ပေးလိုက် မင်းတို့လာတဲ့အချိန်ကျရင် ဒါယူပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားကိုလာခဲ့၊ တစ်ယောက် ယောက်က သူတို့ စမ်းသပ်ဖို့ကူညီပေးလိမ့်မယ်”
ရှီမာယူယူသည် ဝေကျိရွှီနှင့် ဖက်တီးကျူတို့အား နာမည်ပြားများကို ပျော်ရွှင်စွာဖြင့် ပစ်ပေးလိုက်သည်။ ထို့နောက်တွင် သူမ ယူလင်းရှေ့ပြေးသွားကာ သူ့လက်ထဲကို ကျောက်စိမ်းနာမည်ပြားထည့်ပေးလိုက်လေသည်။
“ဒီမှာ”
ရှီမာယူယူ၏ မျက်နှာမှ အပြုံးကို ရှီမာယူလင်း မြင်သောအခါ ကျောက်စိမ်းနာမည်ပြားကိုယူပြီး ပြောလိုက်သည် “ကျေးဇူးပဲ ယူယူ”
“ဘာတွေ ယဉ်ကျေးနေတာလဲ” ရှီမာယူယူ ပြုံးလိုက်သည် “မိသားစုတွေပဲဟာ”
ပြောပြီးနောက် သူမသည် အဘိုးနတ်ဆိုးဘေးပြန်လာကာ ဘေဂုံထန် ဆေးဖော်နေသည်ကိုကြည့်ရင်း ပြုံးလေသည်။
ဘေဂုံထန်သည် ညသန်းရောက်မတိုင်ခင်ထိ ဆေးဖော်လေသည်။ သူမသည် ပြီးသွားသော ဆေးများကို အဘိုးနတ်ဆိုးရှေ့သို့ ထားပေးလိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် သူသည် ကျောက်စိမ်းနာမည်ပြားထုတ်ကာ သူမအားပေးပြီး ပြောလိုက်သည် “ဒါက တပည့်ဖြစ်ကြောင်း သက်သေပဲ၊ မင်းသွားရင် ဘယ်ဆရာ အောက်ရောက်မလဲဆိုတာ ကြည့်ကြည့်လိုက်”
“ကျေးဇူးပါ အဘိုးနတ်ဆိုး” ဘေဂုံထန်သည် ပြုံးကာ ကျောက်စိမ်းပြားအား သိမ်းလိုက်သည်။ သူမသည် အလွန်စိတ်လှုပ်ရှားကာ ရှီမာယူယူအား ကျေးဇူးတင်သည့် အပြုံးပြုံးပြလိုက်သည်။
သူမသည် အောင်မြင်စွာဖြင့် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ တပည့်ဖြစ်လာခဲ့သည်။ ထိုသည်မှာ သူ တစ်ခါမှ အိမ်မက်မမက်ဖူးသော အရာပင်။
“ဆရာ ကျွန်တော်က ဘာလို့ကျောက်စိမ်းပြားမရတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ငါ့မှာ တပည့်ကျောက်စိမ်းပြားက တစ်ခုပဲရှိတယ်၊ အဲဒါက သူ့ကိုပေးထားတော့ မင်းအတွက် မလုပ်ရသေးဘူး၊ ငါပြန်သွားရင် လုပ်ခိုင်းပေးမယ်” အဘိုးနတ်ဆိုးပြောလိုက်သည်။
ဝူလင်းယူ ကျောက်စိမ်းပြားအားထုတ်ကာ သူမသို့ ပစ်ပေးပြီး ပြောလိုက်သည် “ငါ့ဟာ အရင်ယူထား”
“ဒါဆို ခင်ဗျားကဘာသုံးမှာလဲ” ရှီမာယူယူ ကျောက်စိမ်းပြားယူရင်း မေးလိုက်သည်။
“ညီလေး ငါ့မျက်နှာက ငါ့နာမည်ပြားပဲ” ဝူလင်းယူသည် အထက်စီးဆန်စွာပြောလိုက်သည်။
ရှီမာယူယူ စဉ်းစားကြည့်လိုက်သောအခါ သဘောတူလိုက်သည်။ သူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား ကို သွားသွားလာလာလုပ်နေသည့်အတွက် အားလုံးသည် သူ့အား မှတ်မိနေပြီဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြားယူလိုက်ခြင်းကို စိတ်မသန့် မဖြစ်မိပေ။
“ဒါက ငါ့အတွက် ဆရာဖြစ်လက်ဆောင်လား” အဘိုးနတ်ဆိုး ပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူမ ဦးတည်ချက်သို့ရောက်လာပြီဖြစ်၍ ကျောက်စိမ်းပုလင်းထုတ်ကာ အဘိုးနတ်ဆိုးဆီယူသွားလေသည်။
“မင်း ငါ့ကို ဆေးလက်ဆောင်ပေးတာလား” အဘိုးနတ်ဆိုးသည် မျက်ခုံးပင့်လိုက်သည်။
အဂ္ဂိရတ်ပညာရှင်အား ဆေးလက်ဆောင်ပေးခြင်းသည် ထူးဆန်းသည်ထက်ပိုသည်။
“ဆရာ အရင်ကြည့်ပါဦး” ရှီမာယူယူ အားရပါးရပြုံးကာ ပြောလိုက်သည်။
အဘိုးနတ်ဆိုးသည် ယုံကြည်ချက်ရှိနေသော သူမအားကြည့်ကာ ကျောက်စိမ်းပုလင်းယူကာ ဖွင့်ပြီး အနံ့ခံကြည့်လိုက်သည်။ သူ့မျက်လုံးများတောက်ပလာကာ အချိန်မဆွဲတော့ပဲ လက်ထဲဆေးထည့်လိုက်သည်။
“စိတ်ပြန်ကုသဆေး” သူ အံ့သြခြင်းများတွေ့ထားပြီးသော်လည်း ရှီမာယူယူသည် ထိုကဲ့သို့ လက်ဆောင်ပေးမည်ဟု ထင်မထားပေ။