← Chapters

အပိုင်း (၂၈၆) – ပေါများသော နီရဲပျားရည်များ

Vol. 003 Ch. 286

အပိုင်း (၂၈၆) – ပေါများသော နီရဲပျားရည်များ

Vol. 003 Ch. 286

နာမည်အတိုင်းပင် စိတ်ပြန်ကုသဆေးသည် စိတ်ကို ကုသပေးသောဆေးဖြစ်သည်။ အဆင့်သည် မမြင့်သော်လည်း ပါဝင်ပစ္စည်းများမှာ ရရန်ခက်သောကြောင့် ရှားပါးခြင်းဖြစ်သည်။ အဓိကပါဝင်ပစ္စည်းထဲတွင် အရှားဆုံးမှာ မြေနဂါးခြင်ဆီဖြစ်သည်။

သို့သော် သူမတွင် မြေနဂါးခြင်ဆီမရှိသော်လည်း အာနိသင်တူသော ညဝိညာဉ်အရည်ရှိသောကြောင့် ရှီမာယူယူအတွက် မခက်ခဲခဲ့ပေ။ မြေနဂါးခြင်ဆီနေရာတွင် အစားထိုးသုံးလျှင်လည်း ပြဿနာမရှိပေ။

“ဆရာ ကျွန်တော် ဒီနေ့ကို ၇ခါရှိပြီ မအောင်မြင်တာ ဘေဂုံထန်လာပြီးကူညီတော့မှ အောင်မြင်သွားတာ၊ ဘယ်လိုလဲ ဆရာ့ရဲ့ သတ်မှတ်အဆင့်မှီလား” ရှီမာယူယူသည် ကျေနပ်စွာအံ့သြနေသော အဘိုးနတ်ဆိုး၏ မျက်နှာကိုကြည့်လိုက်သည်။

အဘိုးနတ်ဆိုးသည် ဆေးကိုသိမ်းကာ ပြောလိုက်သည် “ငါ့ကို ဘာလို့ဒီဆေးပေးဖို့ စဉ်းစားမိတာလဲ”

“ဆရာအရင်က စိတ်ကိုထိခိုက်ဖူးတယ်ဆိုပြီး ဘေဂုံပြောလို့…အဲလိုစိတ်ထိထားလို့ ဆရာ့ရဲ့အဂ္ဂိရတ် ပညာ အဆင့်တက်ဖို့ကို မတက်နိုင်လို့ ဒီနေ့လိုမျိုးအဘိုးကြီးဖြစ်သွားတာမလား၊ အဲဒါကြောင့် ဆရာ့အတွက် ဒီဆေးဖော်ဖို့ စဉ်းစားမိတာ၊ ဒါပေမယ့် ကျွန်တော့်မှာလည်း ဝိညာဉ်ချီလိုနေသေးတော့ အဆင့်၆ ဆေးဖော်ဖို့ အားမလုံလောက်သေးဘူး၊ အဲဒါကြောင့် ကျွန်တော်ဆေးဖော်တိုင်းမှာ တွန်းအားလိုနေသေးတာ၊ ဘေဂုံနဲ့ ကျွန်တော်နဲ့အတွဲညီလို့ ဒီဆေးကို အတူတူဖော်တော့ အောင်မြင်သွားတာ”

သူမသည် အဂ္ဂိရတ်ပညာတွင် အဆင့်၆ ရောက်ပြီးဖြစ်သော်လည်း အဆင့် ၆ဆေးဖော်ရန် အားမလုံလောက်သေးပေ။ ထိုစိတ်ပြန်ကုသဆေးဖော်ရန် စိတ်စွမ်းအင်များ အတော်အသင့်သုံးလိုက်ရသည်။

“မင်းက မြင်တတ်တာပဲ” အဘိုးနတ်ဆိုးပြောလိုက်ပြီးနောက် ဘေဂုံထန်အားကြည့်ကာ “မင်းက မြင့်မြတ်တဲ့  လောက ကလာတာလား”

“ဟုတ်ပါတယ် အဘိုးနတ်ဆိုး” ဘေဂုံထန် ခေါင်းညိတ်လိုက်သည်။

“ဘေဂုံမျိုးနွယ်ဝင်လား” ဝူလင်းယူမေးလိုက်သည်။

“ဟုတ်ပါတယ်” ဘေဂုံထန် ပြန်ဖြေလိုက်သည်။ သို့သော် သူမ အသံမှာ စူးရှပြီး သူမ မျက်လုံးမှာ အမုန်းတရားများ ပါဝင်နေသည်။

အဘိုးနတ်ဆိုးသည် အတွေ့အကြုံရင့်ကျက်နေပြီဖြစ်၍ အကြည့်တစ်ချက်နှင့်ပင် နားလည်လိုက်သည်။ “ဘေဂုံမျိုးနွယ်မှာ မင်းလိုမျိုးအရည်အချင်းရှိတဲ့ မျိုးဆက်သစ်မရှိတော့ဘူး သူတို့ ရတနာပျောက်သွားတာပဲ”

“ဆရာ ကျွန်တော်ဆေးဖော်တော့ နီရဲပျားရည်နည်းနည်းထည့်ထားတယ်၊ အဲပျားရည်က သန်မာစေရုံ တင် မကဘူး ဆွဲပြီးစားရင် ငယ်ရွယ်စေတယ်လို့ပြောကြတယ်” ရှီမာယူယ ပြောလိုက်သည်။

“နီရဲပျားရည်ဟုတ်လား၊ မင်းမှာ နီရဲပျားရည်ရှိနေတာလား” အဘိုးနတ်ဆိုး၏ အာရုံသည် ချက်ချင်းပင် သူမဆီ ပြန်ရောက်သွားသည်။

“ဟုတ်ပါတယ် ဆရာ ဘာလို့အဲလောက်တောင် စိတ်လှုပ်ရှားသွားတာလဲ” ရှီမာယူယူသည် သူ၏ ရုတ်ရုတ်သဲသဲဖြစ်သွားသော အကြည့်ကိုကြည့်ပြီး မေးလိုက်သည်။

“မင်းမှာအဲလိုပစ္စည်း ဘာလို့ရှိနေတာလဲ မင်း အဲကောလဟလဖြစ်တဲ့ နီရဲပျားကိုတွေ့ခဲ့တာလား မင်းမှာ ရှိသေးလား” အဘိုးနတ်ဆိုသည် ရှီမာယူယူ၏လက်ကိုဆွဲကာ မေးခွန်းများမေးတော့သည်။

“နီရဲပျားတွေကရှားတယ်ဆိုတာ ကျွန်တော်သိပါတယ် ဒါပေမယ့် အဲလောက်စိတ်လှုပ်ရှားဖို့မလိုပါဘူး” ရှီမာယူယူသည် အံ့သြသွားကာ မတ်တတ်ရပ်လိုက်သည်။

“ညီလေး မင်းမသိဘူး အဘိုးကြီးက ဒီပျားရည်ကိုရှာနေတာ နှစ်ပေါင်းကြာနေပြီ သူ ရှာမတွေ့လွန်းလို့ အကုန်သေသွားပြီလို့ကိုထင်နေတာ၊ မဟုတ်ရင် သူ တစ်ကောင်တစ်လေတော့ ရှာတွေ့မှာဆိုပြီး ပြောနေတာ၊ ငါတို့်မစ်ရှင်ထဲက တစ်ခုက နီရဲပျားရည်ရှာဖို့ပဲ” ဝူလင်းယူသည် အဘိုးနတ်ဆိုးအစားရှင်းပြလေသည်။

“ယူယူ မင်း နီရဲပျားရည်ကိုဘယ်ကရတာလဲ” အဘိုးနတ်ဆိုးက မေးလိုက်သည်။

“ကျွန်တော့် ကိုယ်ပိုင်ပျားတွေကလုပ်ထားတာ” ရှီမာယူယူ ပြောသည်နှင့်တစ်ပြိုင်နက် နီရဲပျားရည် တစ်ပုလင်း ထုတ်ကာ “ဆရာဘယ်လောက်လိုတာလဲ”

သူမ နီရဲပျားရည် ပုလင်းကြီးတစ်ပုလင်းလုံးထုတ်လာသည်ကို တွေ့သောအခါ အဘိုးနတ်ဆိုးတင် သာမက ဝူလင်းယူသည်ပင်လျှင် တအံ့တသြဖြစ်သွားလေသည်။

“ပျားရည်တွေ ဒီလောက်အများကြီးပဲ ဟားဟား” အဘိုးနတ်ဆိုးသည် အလွန်ပျော်မြူးနေလေသည်။ သို့သော် ရှီမာယူယူ နောက်ပြောလိုက်သောစကားကြောင့်ပင် ရူးချင်သလိုဖြစ်သွားသည်။

“ဆရာ စိတ်အရမ်းမလှုပ်ရှားပါနဲ့ ကျွန်တော်တို့ အမြဲထုတ်ထုတ်သောက်နေတာ၊ ဆရာလိုချင်ရင် တစ်ပုလင်းလုံး ပေးနိုင်ပါတယ်”

“နှမြောစရာကောင်းလိုက်တာ ဆိုးလိုက်ကြတာ” အဘိုးနတ်ဆိုးသည် သူမနောက်ထပ် ဖြုန်းတီးပစ်မည်ကို စိုးသဖြင့် သူမလက်ထဲမှ နီရဲပျားရည်ကိုလုယူလိုက်သည်။

အဘိုးနတ်ဆိုးနှင့် ဝူလင်းယူတို့နှစ်ယောက်လုံး နီရဲပျားရည်အပေါ်တွင် ထိုကဲ့သို့ တုန့်ပြန်မှု ကြီးမားမည်ဟု ရှီမာယူယူထင်မထားသဖြင့် ပြောလိုက်သည် “ဒီပစ္စည်းက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ကျွန်တော် ဘယ်လိုသိမှာလဲ”

“ညီလေး ဒါ မင်းရဲ့ကိုယ်ပိုင်ပျားတွေကလုပ်တာလို့ ပြောတယ်နော်” ဝူလင်းယူ မေးလိုက်သည်။

“ဟုတ်ပါတယ်” ရှီမာယူယူ အတွေးတစ်ခုတွေးလိုက်ရာ နီရဲပျားသည် သူတို့ရှေ့တွင်ပေါ်လာသည်။

“တကယ်ပဲ နီရဲပျားပဲ” အဘိုးနတ်ဆိုးသည် မျက်လုံးများ အရောင်တောက်ကာ နီရဲပျားကို ကြည့်လေသည် “ယူယူ မင်းမှာဘယ်လောက်ရှိလဲ”

“အများကြီးပဲ” ရှီမာယူယူ ပြန်ဖြေသည်။

ထို၂နှစအတွင်းတွင် နီရဲပျားဘုရင်မသည် များစွာသော နီရဲပျားများကိုမွေးထုတ်သည်။ ဝိညာဉ်စေတီ၏ အချိန်ကွာခြားချက်ကိုထည့်ပေါင်းလိုက်လျှင် အခုဆိုလျှင် နီရဲပျားများစွာဖြစ်ထွန်းနေပြီဖြစ်သည်။

“ဒါဆို ငါ့ကိုနည်းနည်းပေး” အဘိုးနတ်ဆိုးသည် မျက်နှာပြောင်စွာ ပြောလေသည်။

“ကောင်းပါပြီ” ရှီမာယူယူသည် တည့်တိုးပင်ဖြေကာ “တစ်ထောင်ဆိုလောက်လား”

“တစ်ထောင်ဟုတ်လား” အဘိုးနတ်ဆိုးသည် သူနားကြားမှားသည်ဟု ထင်ကာ လက်ထဲမှ ပုလင်းပင် ပြုတ်ကျ လုနီးပါးဖြစ်သွားသည်။

အဘိုးနတ်ဆိုး ထိုကဲ့သို့ဖြစ်သွားသည်ကို ရှီမာယူယူမြင်သောအခါ မလုံလောက်၍ ဖြစ်မည်ဟု ထင်ကာ ပြောလိုက်သည် “ဆရာ ကျွန်တော် ရှီမာမျိုးနွယ်ကို ပျားရည်ပေးရဦးမယ် ဆရာ့ကို အကုန်မပေးနိုင်ပါဘူး အရင်ဆုံး တစ်ထောင်ပေးထားမယ်လေ နောက်တစ်ခါကျမှ ထပ်ပေးမယ်”

“အဟွတ် အဟွတ် သူ့ကို တစ်ရာလောက်ပေးရင်ရတယ်” ဝူလင်းယူပြောလိုက်သည်။

အဘိုးနတ်ဆိုးသည် ရှီမာယူယူ သူ့အား ဆယ်ဂဏန်းလောက်ပေးရင် မဆိုးဟု တွေးထားသော်လည်း ထိုကဲ့သို့ များပြားသော ပမာဏပေးမည်ဟု ထင်မထားသောကြောင့် စိတ်လှုပ်ရှားသဖြင့် သေးထွက်ကျတော့မလိုပင်။

ရုတ်တရက် သူ သတိဝင်လာကာ နောက်တစ်ခါ ထပ်ပေးမည်ဟု သူမ ပြောလိုက်သည်ကို သတိရသွားသည်။

“မင်းမှာ နီရဲပျားဘုရင်မရှိနေတာလား”

“ဟုတ်တယ်” ရှီမာယူယူသည် နီရဲပျားဘုရင်မကို ခေါ်ထုတ်ကာ ပြောလိုက်သည် “ဒီနီရဲပျားတွေကို သူမ မွေးထုတ်ထားတာ”

“ဟား ဟား ဟား ယူယူ မင်း အဲဒီလို ရတနာကို ဘယ်လိုရလာတာလဲ အဲဒါနဲ့ဆိုရင် ငါ နီရဲပျား ဘယ်လောက် လိုချင်လိုချင် ကိစ္စမရှိတော့ဘူးလေ”

တစ်ဖက်လူမှာ အလွန်သန်မာသည်ဟု နီရဲပျားဘုရင်မ ခံစားရသဖြင့် ရှီမာယူယူ၏ လက်ထဲတွင် ကျိုးနွံစွာ နေလေသည်။

“ဆရာ နောက်တစ်ခါ သားပေါက်ရင် ဆရာ့ကို နည်းနည်းပေးပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ဆရာ စိတ်ပြန်ကုသဆေးကို အရင်စားကြည့်လိုက်ပါဦး”

“ကောင်းပြီ ကောင်းပြီ” အဘိုးနတ်ဆိုးသည် အပြုံးဖြင့် ပြောလေသည် “ငါ သုံးယွမ်ဆေးမဖော်ခင် စိတ်ပြန်ကုသဆေးစားထားရမယ်”

“ဆရာ ဆေးဖော်တဲ့အချိန်ကျရင် ဘေဂုံလည်း အတူတူကြည့်လို့ရမလား” ရှီမာယူယူသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

“ကောင်းပြီ သူမလည်းကြည့်ပေါ့” သူမသည် စိတ်ပျော်ရွှင်နေသဖြင့် ရှီမာယူယူတောင်းဆိုသည်ကို အလိုက်သင့် သဘောတူလိုက်သည်။

“ဟုတ်သားပဲ ကောင်စုတ် မင်း ဆိုဖီယာတောင်တန်းသွားချင်တယ်လို့ ပြောတယ်မလား အခု မင်းရဲ့ ဆရာတူညီလေးလည်း တွေ့ပြီးပြီဆိုတော့ သွားလိုက်တော့” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“ကျွန်တော် မသွားတော့ဘူး” ဝူလင်းယူပြောလိုက်သည်။

သူရှာနေသည့် လူသည် ဒီနေရာတွင်ရှိနေသည်။ ဘာလို့ သူ ဆိုဖီယာတောင်တန်းကို သွားရဦးမှာလဲ။

“ကောင်စုတ် မင်း င့ါကို လာရှုပ်နေတာပဲ” အဘိုးနတ်ဆိုးသည် မကျေမနပ်ဖြင့် ပြောလေသည် “မင်းရဲ့ ဆရာတူ ညီလေးက တော်တာ ကောင်းသွားတယ်မလား”

“မရှုပ်ပါဘူး” ဝူလင်းယူသည် ရိုးသားစွာပြန်ဖြေသည်။

သူသည် မထင်မှတ်ပဲ ရှီမာယူယူနှင့် ဒီမှာလာတွေ့ရသည်။ ဘာလို့ သူ့ကိုလာရှုပ်ရမှာလဲ။

“ငါမင်းကို မကြည့်ချင်တော့ဘူး ငါ့မျက်လုံးနာတယ်၊ ယူယူ ငါ စိတ်ပြန်ကုသဆေး သုံးဖို့ နေရာသွားရှာလိုက် မင်းတို့နှစ်ယောက် င့ါကို ကာကွယ်ပေး” သူပြောရင်းနှင့် ရှီမာယူယူ၏ ပုခုံးကိုဆွဲပြီး ဘေးရှိ ဘေဂုံထန်အား လျှပ်တပြက် ဆွဲကိုင်ကာ ခေါ်ပြီးထွက်သွားလေသည်။

ဝူလင်းယူသည် အဘိုးအိုက သူ့ကို ထိုနေရာတွင်ပစ်သွားသည်ကို မြင်သည်နှင့် မကျေမနပ်ဖြင့် ပြောလိုက်သည် “အဘိုးကြီး ဘက်လိုက်တာပဲ တကယ်ကို”

သူပြောသည့်အတိုင်းပင် သားရဲတစ်သောင်းတောင်သည် ညတွင် မလုံခြုံသည်ကို ဂရုမစိုက်စွာ ပျံသွားလေသည်။

အဘိုးနတ်ဆိုးသည် ရှီမာယူယူနှင့် ဘေဂုံထန်အားခေါ်ပြီးမကြာမီတွင် သူတို့သည် တောင်တစ်ဝက်ကို  ရောက်ကာ ရှာတွေ့သော ဂူထဲသို့ ဝင်သွားလေသည်။

“မင်းတို့နှစ်ယောက် ဒီမှာနေပြီး င့ါကို စောင့်ပေး ငါ ဒီနှစ်ရက်လောက် ဆေးကိုစုပ်ယူလိုက်ဦးမယ်”

All Chapters