အပိုင်း (၂၈၇) – နိမိတ်မကောင်းသော မြေပေါ်ထွက်လာခြင်း
Vol. 003 Ch. 287
“ဟုတ်ကဲ့ပါ ဆရာ စိတ်ချပြီး အနားယူပါ ကျွန်တော်တို့ ဒီမှာစောင့်နေပါမယ်” ရှီမာယူယူသည် ဘေဂုံထန်ကို ဆွဲပြီးထွက်သွားလေသည်။
အဘိုးနတ်ဆိုးသည် အေးစက်သော မျက်နှာဖြင့် ထိခိုက်ထားသော စိတ်အားကုသန်ရန် စိတ်ပြန်ကုသဆေး ထုတ်လိုက်သည်။
“ရှီတိုင်ဖန် ငါပြန်ကောင်းတဲ့ထိ စောင့် အဲခါကျ ငါ မင်းကိုလာရှာမယ်”
ပြီးနောက် သူ ဆေးဝါးစားကာ ဝိညာဉ်စွမ်းအင်ကို သုံးလိုက်သည်။ ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် တောင်အဝင် တွင်နေကာ စောင့်ကြည့်နေလေသည်။ သူတို့သည် စားပွဲများ၊ ထိုင်ခုံများနှင့် လက်ဖက်ရည် ပန်းကန်များ ထုတ်ကာ ထိုင်ပြီး လက်ဖက်ရည်ဖျော်နေလေသည်။
“ကျေးဇူးပဲ ယူယူ” ဘေဂုံထန်သည် ကျေးဇူးတင်စွာ ပြောလေသည်။
“ဟင်”
“နင့်ကြောင့်သာမဟုတ်ရင် ငါ အံ့ဖွယ်နတ်ဆိုးတောင်ကြား အဖွဲ့ဝင် ဖြစ်ဖို့လမ်းရှိမှာမဟုတ်ဘူး” ဘေဂုံထန် ပြောလိုက်သည် “ရာထူးမြင့်တဲ့သူတွေမပြောနဲ့ တကယ့်ကျွမ်းကျင်သူတွေတောင်မှ အံ့ဖွယ်နတ်ဆိုး တောင်ကြား ဝင်ရရင် ဂုဏ်ယူနေရတာ၊ အဆင့်တူရင်တောင် အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဆိုရင် အသိအမှတ် ပြုခံရတယ်”
“နင့်မှာ အရည်အချင်းရှိလို့ရော ကြိုးစားလို့ဖြစ်တာပါ” ရှီမာယူယူ ပြောလိုက်သည် “အဲလိုမဟုတ်ရင် ငါ ဆရာ့ကို ထောက်ခံပေးရင်တောင် မင်းဝင်လို့ရမှာမဟုတ်ဘူး”
“နင့်ကို သိရတာကိုက ဂုဏ်အယူရဆုံးပဲ” ဘေဂုံထန် ပြုံးပြီး ပြောလိုက်သည်။
“နင်တို့တွေကို တွေ့ရတာလည်း ကံကောင်းတယ်လို့ ခံယူတယ်” ရှီမာယူယူ ပြောလိုက်သည် “အခု မင်းရဲ့ အနာဂတ်ကို မြင်ချင်နေပြီ”
“ငါတို့က ဘယ်လိုဖြစ်မှာလဲ၊ ငါ့အဖေက ငါ့ကိုရန်သူလိုသဘောထားတယ်၊ သူ ငါ့ကိုမြင်ရင် ငါ့ကို သတ်ဖြတ်ချင်တာ ထက်မပိုဘူး” ဘေဂုံထန်သည် သရော်စွာပြောလေသည်။
“နင့်အဖေနဲ့ သူ့ကိုယ်လုပ်တော်က နင့်ကိုဆက်ဆံပုံကို နင့်မျိုးနွယ်ကသိပေမယ့် နင့်ကိုကာကွယ်ဖို့ ဘာအာဏာမှ မသုံးခဲ့ဘူး၊ နောက်ဆိုရင်တော့ အဲကပ်ဖားယက်ဖားလုပ်တဲ့သူတွေရဲ့ မျက်လုံးတွေကို ကန်းအောင် လုပ်သင့်တယ်”
“အင်း ဒါပေမယ့် သူတို့အကုန်လုံးတော့မဟုတ်ပါဘူး” ဘေဂုံထန် ပြောလိုက်သည် “ငါ့ ဦးလေးအငယ်ဆုံးက ငါ့ကို ကောင်းကောင်းဆက်ဆံခဲ့တယ် သူက ထာဝရရှင်သန်ဆေးကို မလုပ်နိုင်တာ နှမြောစရာပဲ၊ အဲဒါကြောင့် မိသားစုထဲမှာ သူ့အဆင့်က နိမ့်တယ်၊ ငါ ထွက်ပြေးတဲ့အချိန်တုန်းက ငါ့ကို လွှတ်ပေးဖို့အတွက် သူဒဏ်ရာရခဲ့တယ် ဟူး သူ အခုဘယ်လိုနေလဲ ငါမသိတော့ဘူး”
“မစိုးရိမ်ပါနဲ့ ဖြစ်ခဲ့တာကြာခဲ့ပေမယ့် ငါတို့ မြင့်မြတ်တဲ့လောကရောက်ရင် အခြေအနေကို သိရမှာပါ” ရှီမာယူယူသည် သူမအား နှစ်သိမ့်ရင်း ပြောလေသည်။
“အင်း” ဘေဂုံထန်သည် ပြုံးပြီးပြောကာ လက်ဖက်ရည်သောက်လိုက်လေသည်။
ရှီမာယူယူသည် ခေါင်းအားလက်ဖြင့်ထောက်ကာ ကောင်းကင်မှ လအားကြည့်နေလေသည်။
“ဒီအချိန်ထိ ငါတို့ လေ့ကျင့်ပြီးရင်း ကျင့်ခဲ့ကြတယ် ငါတို့်ဘေးမှာရှိတာတွေကို သေချာ မကြည့်ခဲ့ရဘူး”
“ဟင် ဘာလို့ ဒီနေ့ခံစားချက်တွေပြင်းနေရတာလဲ” ဘေဂုံထန်သည် ပြုံးပြီး ပြောလိုက်သည်။
“တစ်ခါတစ်ခါတော့ တွေးမိတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ငါ ငါ့မိဘတွေ ဘယ်မှာရှိလဲဆိုတာတောင် မသိဘူး…”
“ငါတို့ မြင့်မြတ်တဲ့လောကရောက်ရင် အတူရှာကြမယ်လေ”
“အင်း”
နှစ်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားကာ ထိုအချိန်အတွင်းတွင် အဘိုးနတ်ဆိုးသည် ဆေးကို စုပ်ယူခြင်းတွင် အာရုံစိုက်နေခဲ့သည်။ တောင်ပေါ်တွင် လှုပ်ရှားမှုတစ်စုံတစ်ရာအား မခံစားမိသဖြင့် သူတို့သည် သွားကာ နှစ်ကြိမ်မျှစစ်ဆေးပြီး သူ အဆင်ပြေသည်ကို မြင်သည်နှင့် စောင့်ကြည့်ခြင်းကို ဆက်လက်လုပ်ဆောင် ကြသည်။
ရုတ်တရက်ဆိုသလိုပင် သူတို့ဆီသို့ ဝိညာဉ်ချီများ ဝန်းရံလာသည်ကို ခံစားမိလိုက်ကြသည်။ တစ်ခုခုဖြစ်နေသည် ကို သူတို့ခံစားမိသဖြင့် အလောတကြီး သွားစစ်ဆေးရာ အဘိုးနတ်ဆိုး၏ မျက်နှာအရောင်မှာ မူလ အတိုင်းဖြစ်နေပြီး မျက်နှာမှ အရေးအကြောင်းများလည်း လျော့နည်းသွားသော်လည်း အဖြူရောင် ဆံပင်မှာတော့ ဒီအတိုင်းကျန်ရှိဆဲဖြစ်သည်။
ဝိညာဉ်ချီသည် ဂူထဲတွင် စီးဆင်းနေပြီး ခဏအကြာတွင် ပျံ့နှံ့သွားလေသည်။
အဘိုးနတ်ဆိုးမျက်လုံးဖွင့်လိုက်ရာ သူ့အကြည့်များသည် အရင်ကထက် ပို၍ ထက်မြက်ကာ နိုးနိုးကြားကြားရှိ သည်ကိုတွေ့လိုက်ရသည်။
“ဆရာ ဘယ်လိုနေလဲ” ရှီမာယူယူ စိုးရိမ်စွာမေးလိုက်သည်။
ရုတ်တရက် အလောတကြီးထွက်လာသော ဝိညာဉ်ချီကြောင့် သူမ လန့်သွားကာ အဘိုးနတ်ဆိုးတွင် တစ်ခုခုဖြစ်နေသည်ဟု ထင်ထားသော်လည်း သူသည် အရင်ကထက် ပိုအဆင်ပြေနေသည်ကို တွေ့သည်နှင့် စိတ်အေးသွားရသည်။
အဘိုးနတ်ဆိုးသည် လက်ရမ်းပြပြီး လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားလေသည်။ သူ မတ်တတ်ရပ်ကာ ခန္ဓာကိုယ် လှုပ်ပြီး ပြောလိုက်သည် “ငါ ကောင်းတယ်”
“ဒါဆို ခုဏက ဘာဖြစ်တာလဲ”
“ငါ့အရင်ဒဏ်ရာကို ကုသနေတုန်း ကွဲသွားတာ ပြည်မကြီးက ဝိညာဉ်ချီက ငါနဲ့ အဆင်မပြေလို့ ကြားထဲမှာ စီးဆင်းမှုကပြတ်သွားတာ” အဘိုးနတ်ဆိုး ရှင်းပြသည်။
“စီးဆင်းမှုက ပြတ်သွားတယ်ဆိုတော့ ဆရာ့ရဲ့လေ့ကျင့်မှုမှာ သက်ရောက်မှုမရှိဘူးလား” ကုသခြင်းလုပ်ငန်းစဉ် တွင် ပြတ်လပ်သွားခြင်းကို ရှီမာယူယူ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
“ဘာမှမဖြစ်ဘူး ငါ မြင့်မြတ်တဲ့လောရောက်ရင် ပိုကောင်းသွားမှာပါ” အဘိုးနတ်ဆိုး ပြောလိုက်သည် “ပြီးတော့ ငါ့ဒဏ်ရာကလည်း ကုပြီးပြီဆိုတော့ မပျံ့နှံ့တော့ပါဘူး”
“အင်း” ရှီမာယူယူ ခေါင်းညိတ်သည်။ သူ အဆင်ပြေတယ်ဆိုရင်လည်း ထားလိုက်ပါတော့ “ဆရာ ကောင်းသွားပြီဆိုတော့ ကျွန်တော်တို့ သုံးယွမ်ဆေးလုပ်နည်းကို ဘယ်တော့သင်ရမှာလဲ”
“မလောပါနဲ့ အရင်ဆုံးစားဖို့ တစ်ခုခုလုပ်ဦး၊ စားပြီးမှာ ငါ ဆေးလုပ်ဖို့ အားရှိမှာ” အဘိုးနတ်ဆိုး ပြောလိုက်သည်။
“အဟွတ်”
ရှီမာယူယူနှင့် ဘေဂုံထန်တို့၏ မျက်နှာများသည် မယုံကြည်သောအကြည့်များ ဖလှယ်ကာ ချွေးများ ပြန်လာလေသည်။
သူ့လောက် အစားအသောက်ကြိုက်တဲ့သူ ရှိဦးမလား။
“နောက်ဆုံးတော့ ငါ့ထက် အစားအသောက်ကြိုက်တဲ့သူတွေ့သွားပြီ” ရှီမာယူယူသည် အသက်အောင့်ကာ ပြောသော်လည်း အဘိုးနတ်ဆိုးအတွက် အစားအသောက်များ ချက်ပြုတ်ရန် ကျိုးနွံစွာ ထွက်သွားလေသည်။
ဘေဂုံထန်သည် သူမအားကူညီသောကြောင့် သူတို့်နှစ်ယောက်လုံးချက်ပြုတ်ကြရာ စားပွဲအပြည့် ဟင်းများ ပြီးစီးသွားလေသည်။
“အိုခေ ငါတို့ပြီးပြီ စွတ်ပြုတ်ခပ်ပြီး ဆရာ့ကို စားဖို့ ငါသွားခေါ်လိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ အဲဒါဆိုလည်း သွားလိုက်” ရှီမာယူယူ ပြုံးကာ ပြောလိုက်သည်။
သူတို့ချက်ပြုတ်နေစဉ်တွင် အဘိုးနတ်ဆိုးသည် တောင်ပေါ်သို့သွားကာ ရှီမာယူယူ သူ့အား လာရှာချိန်တွင် သူသည် နဂါးတန်ပြန်မြို့သို့ ကြည့်နေလေသည်။
“ဆရာ ဟင်းတွေပြင်ပြီးပါပြီ” သူမ ပြောလိုက်သည်။
“မကြာခင်ကို ဒီမြေကတော့ နိမိတ်မကောင်းတော့ဘူး” အဘိုးနတ်ဆိုးသည် သူ့ဘာသာ ရေရွတ်နေသော်လည်း သူမအား စကားပြောသည့်ပုံနှင့်တူလေသည်။
“ဆရာ ဘာပြောလိုက်တာလဲ” ရှီမာယူယူ လန့်သွားကာ ပြောလိုက်သည်။
အဘိုးနတ်ဆိုးသည် ရှီမာယူယူအား စိုက်ကြည့်ပြီးနောက် သူမ လက်ကောက်ဝတ်မှ ညွှတ်လက်ကောင်အား ကြည့်ရာမှ နဂါးတန်ပြန်မြို့ကို ကြည့်လိုက်သည်။ “ယူယူ နဂါးတန်ပြန်မြို့က ဘာနဲ့တူတယ်လို့ ထင်လဲ”
သူတို့သည် နဂါးတန်ပြန်မြို့နှင့် မနီးသော်လည်း သူတို့ရပ်နေသော အကွာအဝေးမှာ မြင်ကွင်းအား ရှင်းလင်းစွာမြင်ရ၍ မြို့တစ်မြို့လုံးကို မြင်ရသည်။
“နဂါးနဲ့တူတယ်” ရှီမာယူယူ ပြောလိုက်သည် “အထူးသဖြင့် တောင်ထိပ်တွေဆက်လိုက်တော့ နဂါးပုံပေါ်လာတယ်”
“ဟုတ်တယ် ဒီလိုမျိုးနေရာတွေက ကံကောင်းတာတွေနဲ့ပဲပြည့်နေရမှာ ဒါပေမယ့် နောက်နှစ်တွေ ကြာလရင် မကောင်းတာတွေဖြစ်လာလိမ့်မယ်” အဘိုးနတ်ဆိုးပြောလိုက်သည်။
“ဆရာ အဲဒါက သားရဲတွေကို နှိမ်နှင်းရမှာတွေ ဖြစ်လာမှာလား” ရှီမာယူယူ မေးလိုက်သည်။
“ထင်ထားတဲ့အတိုင်းပဲ မင်းသိတယ်” အဘိုးနတ်ဆိုးသည် မအံ့သြတော့ပေ။ ပထမဆုံးအကြိမ် သူမအားတွေ့စဉ်က သူမ သူ့အား ဖော်ရွေစွာ သတိပေးခဲ့သည်။ သူမသည် တိကျစွာမပြောသော်လည်း သူမအလုံးစုံသိနေသည်ကို သူသိခဲ့သည်။
ရှီမာယူယူသည် သူမနားရွက်အားဆွဲကာ ပြောလိုက်သည် “ကျွန်တော့်မှာ ဝိညာဉ်သားရဲတွေရှိတယ်၊ ဒီလိုစွမ်းအင်မျိုးကို ပိုပြီးတုံ့ပြန်လွယ်တယ်၊ စွမ်းအင်ကဖျော့တော့တော့ဖြစ်ရင်တောင် သိနိုင်တယ်၊ ကျန်တာတော့ ကျွန်တော်လည်း မသိတော့ဘူး”
“ငါ သိပြီ ဝိညာဉ်သားရဲတွေက ဒီမြေပေါ်မှာတွေ့ရခဲတယ်၊ မြင့်မြတ်တဲ့လောကမှာဆိုရင်တောင် တွေ့ရမလွယ်ဘူး မင်းကတော့ ကံတကယ်ကောင်းတာပဲ”
“စီနီယာအစ်ကိုမှာလည်း ရွှီလင်းရှိတယ်မလား” ရှီမာယူယူ ပြောလိုက်သည် “ဆရာ အောက်မှာ ရှိတာဘာလဲ”
အဘိုးနတ်ဆိုးသည် ခေါင်းရမ်းကာ ပြောလိုက်သည် “ငါမသိဘူး ငါလည်း ဒီကိုပထမဆုံးရောက်ဖူးတာ၊ ငါ ကိုယ်ရောင်ကိုယ်ဝါ ဖျော့ဖျော့ကိုပဲ ခံစားမိတာ”
“ဆရာ တောင်တန်းကိုကြည့်ရင် နဂါးတန်ပြန်မြို့က နိမိတ်မကောင်းတဲ့မြေလို့ထားတော့ အဲဒီတောင်အောင်က ဟာက ဖိအားပေးနေတာလား”
“ဖြစ်လည်း ဖြစ်နိုင်တယ် မဖြစ်လည်း မဖြစ်နိုင်ဘူး” အဘိုးနတ်ဆိုး ပြောလိုက်သည် “ဒါပေမယ့် ဝိညာဉ်သတ္တဝါတွေ ပုန်ကန်ကြတိုင်းမှာ အဲဒီဟာက ပါနေတယ်၊ အဲဒါက ချုပ်ကိုင်ထားတာကို မြို့တော်ကလူတွေ သိရဲ့သားနဲ့ ရုန်းကန်ဖို့ကို မတတ်နိုင်ကြလို့နေမှာပါ”