← Chapters

အပိုင်း (၂၈၈) – သူက နောက်တစ်ခြမ်းပဲ

Vol. 003 Ch. 288

အပိုင်း (၂၈၈) – သူက နောက်တစ်ခြမ်းပဲ

Vol. 003 Ch. 288

အဘိုးနတ်ဆိုး၏ စကားများကြောင့် ရှီမာယူယူ အလွန်တုန်လှုပ်သွားသည်။

သူသည် တောင်တစ်ခုလုံးရှိသားရဲများအားလုံးကို မွန်မြတ်သည့်မြို့တော်အားဖျက်ဆီးရန် အမိန့်ပေးနိုင်ခြင်းမှာ အလွန် အားကောင်းသောကြောင့်ဖြစ်ပေမည်။

“ကျွန်တော် မွန်မြတ်တဲ့မြိုု့တော်မှာရှိတုန်းက အဲဒီသားရဲတွေက မကြာသေးခင်ကပဲ ပိုပြီး တော်လှန်လာပြီး သူတို့ တိုက်ပွဲတွေ ကလည်းပိုကြာလာတယ်လို့ နန်းတော်သခင်ပြောတာ ကြားလိုက်တယ်၊ သူတို့နောက်က သတ္တဝါက အရမ်းအားကောင်းနေတယ်ဆိုရင် အဆုံးသတ်တော့မှာ မကြာတော့ဘူး၊ တောင်အောက်က သတ္တဝါက ဘာလဲ ဆိုတာ ကျွန်တော် တကယ်သိချင်နေပြီ”

“မွန်မြတ်တဲ့မြို့တော်က အဲဒီသတ္တဝါကိုနှိမ်နှင်းဖို့ တည်ထောင်ထားတာဆိုရင်တော့ အဲဒါကြီးက ရှိနေတာ ကြာပြီဆိုတဲ့သဘောပဲ၊ အဲလောက်ကြာအောင် နေနိုင်တယ်ဆိုရင် ဘယ်လောက်တောင် အားကောင်း လိုက်မလဲ…” ရှီမာယူယူသည် စဉ်းစားမိသည့်အခါ ကြောက်ရွံ့မိသည်။

အဘိုးနတ်ဆိုးသည် ခိုင်မာစွာပြောလေသည် “အဲအကောင်က မြင့်မြတ်တဲ့လောကက အရာတွေ ထက်အောင် အားကောင်းနိုင်တယ်၊ အဲလိုဆိုရင် ရှေးဟောင်းမျိုးနွယ်တွေနဲ့တောင် ယှဉ်နိုင်တဲ့အားရှိမှာပဲ”

“သားရဲတစ်သောင်းတောင်၊ သမုဒ္ဒရာကမ်းရိုးနဲ့ ယိလင်းပြည်မကြီးကတော့ ဂယက်တွေထ ကြတော့မှာလား” ရှီမာယူယူသည် စိုးရိမ်မှုများမြင့်တက်ကာ ရေရွတ်လိုက်သည်။ ထိုမြေပေါ်တွင် အဘိုးသာ နေထိုင်ပါက အန္တရာယ် ကျရောက်မည်မှာ အနှေးနှင့်အမြန်ဖြစ်သည်။

“သမုဒ္ဒရာကမ်းရိုးဟုတ်လား အဲမှာ တစ်ခုခုရှိနေတာလား” အဘိုးနတ်ဆိုးသည် အလွန်တုန်လှုပ်သွားသည်။ တိုင်းပြည်တွင် မသိနိုင်သောရှိနေပါက ဖြေရှင်းမရသော ကိစ္စဖြစ်ကာ နှစ်ခုဆိုပါက ဂယက်ကြီးဖြစ်လေသည်။

ရှီမာယူယူသည် သူမတို့ ဝေဒနာမေ့ပျောက်ခြင်းကျွန်းတွေ ဆေးဖက်ဝင်ပစ္စည်းများရှာရင်းနှင့် တွေ့ကြုံခဲ့ရပုံများ နှင့် ထိုနေရာတွင် သူမ နီရဲပျားဘုရင်မကို တွေ့ခဲ့ရကြောင်း ပြောပြလေသည်။

အဘိုးနတ်ဆိုးနားထောင်နေစဉ်တွင် ငြိမ်သက်နေကာ “မင်းပြောသလိုဆို အဲမှာချုပ်ကိုင်ထားတာက အမှောင်မျိုးနွယ်ရဲ့ ဟာပဲဖြစ်မယ် အဲဒီတိုင်းပြည်ကို ချုပ်ကိုင်ထားတာ ဘယ်သူလဲတော့ငါလည်း မသိဘူး”

“ဆရာ….” တစ်စုံတစ်ယောက် ချည်းကပ်လာသည်ကို ရှီမာယူယူ အာရုံခံမိသောကြောင့် လှည့်လိုက်ရာ ဘေဂုံထန် လျှောက်လာလေသည်။

“ယူယူ အဘိုးနတ်ဆိုး အခုမစားရင် ဟင်းတွေအေးကုန်လိမ့်မယ်” ဘေဂုံထန် ပြောလိုက်သည်။

သူမသည် သူတို့အားစောင့်နေသော်လည်း သူတို့မှာ ဆင်းမလာသဖြင့် သူမကိုယ်တိုင် လာခေါ်ရခြင်းဖြစ်သည်။

“သွားရအောင် သွားစားကြမယ်” အဘိုးနတ်ဆိုးပြောလိုက်သည် “ဒီနေ့ ဘာဟင်းကောင်းတွေ ချက်လဲ”

“ကျွန်တော်တို့ အများကြီးချက်ထားတယ်၊ ဗိုက်ပြည့်လို့တောင် ပေါက်ထွက်သွားမယ်” ရှီမာယူယူသည် စိုးရိမ်စရာများဘေးချိတ်ကာ ရယ်မောလိုက်သည်။

သူမသည် အကောင်းမြင်စိတ်ရှိသည်။ နောက်အနာဂတ်တွင် ဖြစ်မည့်အရာကို သူမ ဂရုမစိုက်ပေ။ ဖြစ်ပေါ်ရန် နှစ်များကြာမည်ဖြစ်ကာ ဘယ်လိုပဲဖြစ်ဖြစ် နောက်နှစ်များတွင် ဘာဖြစ်မလဲဆိုသည်ကို ဘယ်သူမှ မသိပေ။ ထိုအချိန်ရောက်လျှင်လည်း အားလုံးက သန်မာလာနိုင်သည်လေ။

သူမ အဆင့်သည် တက်မလာခင်တွင် ရှီမာမျိုးနွယ်တစ်ခုလုံး မြင့်မြတ်သည့်လောကသို့ ရောက်သွားနိုင်သည်။

သူတို့၏ ချက်ပြုတ်ကိုတော့ ပြောစရာပင်မလိုပေ။ ဟင်းများက စကားပြောသွားသည်။ အဘိုးနတ်ဆိုးသည် စားရင်းနှင့် ချီးကျူးလေသည် “မင်းတို့နှစ်ယောက်လုံးရဲ့ ဟင်းချက်တဲ့အရည်အချင်းကတော့ တည်းခိုဆောင်တောင် ထောင်လို့ရနေပြီ တခြားဝိညာဉ်မျိုးနွယ်တွေ ဘယ်လို အရသာရှိတဲ့ဟင်းတွေ ချက်တတ် သေးလဲမသိဘူး”

“ဝိညာဉ်မျိုးနွယ်ဟုတ်လား” ရှီမာယူယူသည် ထိုအရာအား ပထမဆုံးကြားလိုက်သောအခါ ဆိုလိုရင်းကို နားမလည်ပေ။

“မြင့်မြတ်တဲ့လောကက လူတွေက လူသားမျိုးနွယ်တွေသာရှိရုံတင်မကာဘူး ဝိညာဉ်တွေလည်း သူတို့ကိုယ်ပိုင် မျိုးနွယ်တွေပိုင်ဆိုင်ကြတယ်၊ သူတို့ရဲ့ စွမ်းအားက လူသားမျိုးနွယ်တွေလိုပဲ အရေးကြီးတယ်”

“အင်” ရှီမာယူယူ မှင်တက်သွားလေသည် “အဲဒါ လူသားတွေအပိုင်စီးထားတာမဟုတ်ဘူးလား”

“အဲလိုယူဆလို့ရတယ်၊ ဘာလို့လဲဆိုတော့ ဝိညာဉ်မျိုးနွယ်တွေအားလုံးက သူတို့မျိုးနွယ်မှာကို ပိုင်ဆိုင်တာ အများကြီးမရှိဘူး၊ လူသားမျိုးနွယ်တွေကပဲ မြင့်မြတ်တဲ့လောကကို ချယ်လှယ်ကြတာပဲ၊ ဒါပေမယ့် အဲလိုပြောမယ်ဆိုရင် လူသားမျိုးနွယ်နဲ့ ဝိညာဉ်မျိုးနွယ်အပြင် တခြားမျိုးနွယ်လည်း ရှိသေးတယ် တခြား သတ္တဝါကြီးတွေလည်း အများကြီးရှိတယ်”

မြင့်မြတ်သောလောကသည် ထိုကဲ့သို့ဖြစ်မည်ဟု ရှီမာယူယူထင်မထားပေ၊ လူသားမျိုးနွယ်နှင့် ဝိညာဉ်မျိုးနွယ်များသည် လိုက်ဖက်ညီစွာ အတူတကွနေထိုင်ကြသည်။ သူမ အရင်ဘဝကကြုံခဲ့သည်မှား နှင့် ကွဲပြားသည်။

“အဲဒီဝိညာဉ်မျိုးနွယ်တွေက ဘယ်လိုရှိလဲ” သူမသည် စပ်စုစွာမေးလိုက်သည်။

“သူတို့ကလည်း လူသားနဲ့ကွဲပြားတာသိပ်မရှိပါဘူး ၊ သူတို့က ငါတို့ကို အားနည်းတယ်၊ သေးတယ်ဆိုပြီး အမြဲလှောင်ကြပေမယ့်ပေါ့ ဒါပေမယ့် သူတို့အများစုကလည်း လူသားအတိုင်းပါပဲ” ဘေဂုံထန် ပြောလိက်သည်။

“ဒါပေမယ့် သူတို့ထဲက အများစုကလည်း သူတို့သားရဲပုံစံကျန်သေးတယ် မင်းသွားရင် ဘယ်လိုလဲဆိုတာ သိရမှာပါ” အဘိုးနတ်ဆိုးပြောလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့ပြောသလိုဆိုလျှင် သူမ အတွေးနှင့်တင်ပင် စိတ်မဝင်စားလို့ မရပါ။

“ဟုတ်သားပဲ ဆရာ သုံးယွမ်ဆေးကို ဘယ်သူ့အတွက် လုပ်ပေးမလို့လဲ”

“မင်းရဲ့ စီနီယာအစ်ကိုအတွက်” အဘိုးနတ်ဆိုးပြောလိုက်သည်။ နောက်ဆုံးအသားကို စားပြီးနောက်တွင် သူ လက်သုတ်ကာ “တော်ပြီ ငါဗိုက်ပြည့်ပြီ ငါအစာကြေရင် လေ့ကျင့်ကြတာပေါ့”

သူပြောပြီးချက်ချင်းပင် ထွက်သွားရာ သူ့အရိပ်သာမြင်ရတော့သည်။ ရှီမာယူယူသည် အဘိုးနတ်ဆိုးထွက်သွား သည်ကို နေရာတွင်ပင်ထိုင်ကာ မှင်တက်ပြီးကြည့်နေမိတော့သည်။

ဘေဂုံထန်သည် ရှီမာယူယူ ကြက်သေသေနေသည်ကို တွေ့သည်နှင့် မေးလိုက်သည် “ယူယူ ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ဘူး နင်ရှင်းလိုက်တော့ ငါအရင်သွားနှင့်မယ်” ရှီမာယူယူသည် မတ်တတ်ရပ်ကာ တောင်ထိပ်သို့ တည့်တည့်လျှောက်သွားလေသည်။

“သူမ ဘာဖြစ်တာလဲ” ဘေဂုံထန်သည ရှီမာယူယူလျှောက်သွားသည်ကို နားမလည်စွာကြည့်ကာ ပြောလိုက်သည်။ သူမ ထိုကဲ့သို့ဖြစ်သွားသည်ကို သူမ မမြင်ဖူးပေ။

တောင်ထိပ်တွင် ရှီမာယူယူသည် ထိုင်ရန် ကျောက်တုံးရှာနေလေသည်။ သူမသည် နတ်ဆိုးညွှတ်လက်ကောက် ထုတ်ကာ အတွေးများရွက်လွှင့်တော့သည်။

ခဏအကြာတွင် သူမ ကျယ်လောင်စွာပြောလိုက်သည် “စီနီယာအစ်ကိုက မင်းရဲ့လိပ်ပြာမလား”

“ဟုတ်တယ်” မိုရှားသည် တိတ်ဆိတ်နေရာမှ ပြန်ဖြေလေသည်။

“ထင်ထားတဲ့အတိုင်းပဲ” ရှီမာယူယူ ပြောလိုက်သည် “သုံးယွမ်ဆေးက ဝိညာဉ်မပြည့်တဲ့သူတွေအတွက် သုံးတာ၊ ဆရာက စီနီယာအစ်ကိုအတွက်ဆိုတော့ သူ့ဝိညာဉ်ကမပြည့်စုံဘူးဆိုတဲ့သဘောပဲ၊ ဆရာ့ဆီမှာ မင်းရဲ့အရင်ဘဝ ဝိညာဉ်စွမ်းအင်ကို တွေ့ရတယ်ဆိုတာ မင်းပြောဖူးတော့ စီနီယာအစ်ကိုက မင်းရဲ့ ကျန်တဲ့တစ်ခြမ်းပဲ”

“မင်း စေ့စပ်မယ်ဆိုတာ ငါသိတယ်” မိုရှားပြောလိုက်သည်။

လွန်ခဲ့သည့်နှစ်များက မိုရှားကိုရပြီး ဝူလင်းယူနှင့်တွေ့ဆုံခဲ့ပုံကို ရှီမာယူယူ သတိရလိုက်သည်။ ဝူလင်းယူသည် သူ၏ ဝိညာဉ်နောက်ကိုလိုက်ရင်း ပူလွောင်တောင်တန်းသို့ ရောက်လာသည်ဟု သူမ ခန့်မှန်းမိသည်။

ထိုစဉ်က သူမ မခန့်မှန်းမိသဖြင့် မိုရှားအား ဝိညာဉ်ပုလဲအတွင်းထည့်ထားသောကြောင့် သူတို့နှစ်ယောက် သည် အတူရှိနေတာတောင် နှစ်ပေါင်းများစွာကွဲသွားသည်ကိုတော့ နှမြောမိသည်။

“ဒါဆို…အခုဘာလုပ်ဖို့ စဉ်းစားလဲ” ရှီမာယူယူသည် တွေဝေစွာမေးလေသည်။

သူသည် ခဏမျှ တိတ်ဆိတ်သွားပြီး သူသည်လည်း သူ၏ အရင်ဘဝဝိညာဉ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်ဟု ထင်မထားပေ။

ခဏကြာသောအခါ သူ ပြန်ဖြေသည်။

“ပေါင်းစပ်ခြင်း အဲဒါ လိုတယ်၊ မဟုတ်ရင် သူ အသက်ရှည်ရှည်နေနိုင်မှာမဟုတ်ဘူး”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ သူ့စွမ်းအားကြီးလာလေလေ သူ့ဝိညာဉ်က ခန္ဓာကိုယ်ကို မထောင်ပံ့နိုင်တော့ ဘူးဆိုရင် သူအားနည်းသွားလိမ့်မယ်၊ အချိန်တိုအတွင်းကို ပျက်စီးသွားလိမ့်မယ်” မိုရှားပြောလိုက်သည်။

“ပျက်စီးသွားမယ်ဟုတ်လား” ရှီမာယူယူ အံ့အားသင့်သွားလေသည် “မင်းသေသွားတာ နှစ်တစ်ထောင်ရှိနေပြီ မင်းတောင် လှည့်ပတ်သွားလာနေတာ သူက ဘာလို့ ဒီကမ္ဘာမှာ ပျက်စီးသွားမှာလဲ”

“ဘယ်အရာမှ မတည်မြဲဘူး” မိုရှားပြောလိက်သည် “ဒါကလည်း ငါ့ရဲ့ဝိညာဉ်အငွေ့အသက် နည်းနည်းရှိနေလို့ဖြစ် မယ် နောက်တစ်ပတ်လောက်ဆိုရင် ဝိညာဉ်စွမ်းအင်တွေလည်း တစ်ခုလုံးပြတ်တောက် သွားမယ်၊ ငါ တစ်ခါသေသွားရင် ငါ့အငွေ့အသက်ကိုလည်း စုဖို့အားမရှိတော့ဘူး၊ ငါလည်း ထာဝရ ပျောက်ကွယ်သွားမှာပဲ”

“ဒါဆို မင်းရဲ့ လိပ်ပြာတစ်ခုလုံးရှိသွားပြီဆိုရင်ရော” ရှီမာယူယူ မေးလိုက်သည်။

“ငါသာ ငါ့လိပ်ပြာကိုပြန်ရရင် ငါ့ရဲ့အရင်မှတ်ဉာဏ်တွေပြန်ရပြီး င့ါရဲ့ဝိညာဉ်တစ်ခုလုံးက ပြန်စုပြီး ကျင့်ကြံလို့ရမယ် လုံးဝကို အစဖြစ်သွားမှာပေါ့”

“ဒါဆို စက်ဝန်းမှာနေနေတဲ့သူတွေက သူတို့ အဲဒီအရည်အချင်း မရှိဘူးလား” ရှီမာယူယူ နားမလည်စွာ မေးလိုက်သည်။ သူ့လိုမျိုးသာ ဆိုရင် ဒီကမ္ဘာတစ်ခုလုံး မိုက်မဲမှုတွေပြည့်နှက်သွားမည်ဖြစ်သည်။

“မဟုတ်ဘူး ဝိညာဉ်တွေတောင်မှ သူတို့အရင်မှတ်ဉာဏ်တွေမှတ်မိချင်ရင် လေ့ကျင့်ရသေးတယ်၊ ဒါပေမယ့် သူတို့က သာမာန်လူတွေထက်စာရင် ပိုသန်မာတယ်” မိုရှားပြောလိုက်သည် “ပြီးတော့ သူတို့ကိုယ်သူတို့ လေ့ကျင့်နိုင်တဲ့သူက နည်းတယ်၊ သမိုင်းမှာလည်း လုပ်နိုင်တဲ့သူ နည်းတယ်”

ရှီမာယူယူ စကားလုံးမဲ့သွားသည်။ သူက သူ့ကိုယ်သူ ချီးမွမ်းနေတာလား။

All Chapters