← Chapters

အပိုင်း (၂၉၀) – ဝန်ခံခြင်း

Vol. 003 Ch. 290

အပိုင်း (၂၉၀) – ဝန်ခံခြင်း

Vol. 003 Ch. 290

“ကောင်စုတ် မင်းဒီမှာရှိရဲရှိကြည့်” အဘိုးနတ်ဆိုးသည် ဆက်သွယ်မှုမပြတ်ခင် ကျောက်တုံးအား အော်လိုက်လေသည်။

ရှီမာယူယူသည် သူ့လက်ထဲမှ ကျောက်တုံးအား မျက်လုံးအရောင်တောက်စွာကြည့်ပြီး ပြောလိုက်သည် “ဆရာ ဒါဘယ်လိုရတနာလဲ”

ရှီမာယူယူ သားရည်ကျမတတ်ဖြစ်နေသည်ကို အဘိုးနတ်ဆိုးမြင်သောအခါ ပြောလိုက်သည် “ဒီကျောက်တုံးဟောင်းကြီးလား ဒါက ရတနာလို့တောင်ပြောလို့ရပါ့မလား အဆင့်မမှီဘူး”

ရှီမာယူယူသည် ပင့်သက်ရှိုက်ကာ နှုတ်ခမ်းတွန့်လိုက်ပြီး ပြောလိုက်သည် “ကျွန်တော် မမြင်ဖူးဘူး ဒါ ဘာလဲ”

“သားအမိ ကျောက်တုံး” အဘိုးနတ်ဆိုး ပြောလိုက်သည်။ “သားကျောက်တုံးနဲ့ အမေကျောက်တုံးတို့ သူတို့အချင်းချင်း ဒီလိုမျိုး ဆက်သွယ်လို့ရတယ်”

“ဒါဆို သူတို့က အစုံလိုက်ပဲရှိတာပေါ့” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“ဆရာ ရှိသေးလား ကျွန်တော့်ကိုလည်း ပေးပါလား” ရှီမာယူယူ ပြောလိုက်သည်။

“ရတာပေါ့ မဟုတ်လည်း အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ အများကြီးပဲ” အဘိုးနတ်ဆိုးသည် တည့်တိုးပင် ပြန်ဖြေလိုက်သည်။

ဘေဂုံထန်၏ နှုတ်ခမ်းသည် အပေါ်သို့ကွေးတက်သွားသည်။ ထိုကျောက်တုံးမှာ ရှီမာယူယူ ထင်ထားသလောက် တန်ဖိုးကြီးသည့်ပစ္စည်း မဟုတ်သည်ကို သူမ သိသည်။ အဘိုးနတ်ဆိုး ကိုင်ထားသည့်အတွက် သာမန်မဟုတ် သလောက်သာဖြစ်သည်။ ထိုပစ္စည်းသည် သာမန်တော့မဟုတ်ပေ။

အခုတော့ ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြင့် တောင်းဆိုရာ အဘိုးနတ်ဆိုးသည် လိုက်လျောခဲ့သည်။ မြင့်မြတ်သည့် လောကသည် ထိုအကြောင်းအား ကြားလျှင် ဘယ်လိုစဉ်းစားမလဲ။

အဘိုးနတ်ဆိုးသည် တစ်တွဲလုံးထုတ်ပေးမည်ဟု သူမ ထင်မထားပေ။ အနည်းဆုံး ၂၀ မှ ၃၀ ရှိသည်။

ရှီမာယူယူသည် ကျောက်တုံးများ တပွေ့တပိုက်ဖြင့် ပျော်ရွှင်စွာ ပြောလေသည် “တစ်ယောက်ကို တစ်ခု ပေးရမယ် အစ်ကိုတွေအတွက် တစ်ခုစီ ဆရာ့အတွက် တစ်ယောက်တစ်ခု ပေးရရင်တောင် မလောက်ဘူး”

“မင်း အံ့ဖွယ်နတ်ဆိုးတောင်ကြားရောက်ရင် မတူတာတွေ ရှာလို့ရတယ်၊ မင်း တစ်ခါတည်းနဲ့ လူတွေအများကြီးကို စကားပြောလို့ရတယ်၊ ငါက ပုံမှန်သုံးနေကျ မဟုတ်တော့ အမြဲတမ်းယူမသွားဘူး” အဘိုးနတ်ဆိုး ပြောလိုက်သည် “ကောင်းပြီ အခုပြန်ရအောင်” ပြောပြီးနောက်တွင် သူသည် သူတို့အား နဂါးတောင်သို့ ပြန်ခေါ်သွားလေသည်။

“ယူယူ မင်းတို့ ပြန်လာပြီလား” ရှီမာယူယူပြန်လာသည်ကို ရှီမာယူယန်မြင်သောအခါ ရှေ့တိုးပြီး သူမ ပခုံးအား ပုတ်လိုက်သည်။

စခန်းတွင် လူနည်းနေသည်ကို ရှီမာယူယူမြင်သောအခါ မေးလိုက်သည် “တခြားသူတွေ ဘယ်ရောက်သွားတာလဲ”

“သူတို့ ကျင့်ကြံဖို့ တောင်ပေါ်သွားကြတယ်” ရှီမာယူယန် ပြောလိုက်သည်။

“ဒါဆို မင်းဘာလို့မသွားတာလဲ”

“ငါတို့ ဒီနေ့မှ ပြန်လာတာ” ရှီမာယူယန် ပြောလိုက်သည် “ငါတို့ ဒီနေ့နားပြီး နောက်ရက်ပြန်သွားမှာ မင်းတို့ရော ကိစ္စတွေ ပြီးပြီလား”

“အင်း ဆရာက ဆေးစားပြီး သုံးယွမ်ဆေးကို ဖော်တာ အောင်မြင်သွားပြီ” ရှီမာယယူ ပြောလိုက်သည်။

“မမ ဘယ်တွေသွားကစားနေတာလဲ သက်တန့်လေးကို ခေါ်မသွားဘူး”

သက်တန့်လေးသည် ပျံလာကာ ရှီမာယူယူ၏ ပခုံးပေါ်တွင် ဆင်းသက်လိုက်သည်။

ရှီမာယူယူသည် သက်တန့်လေးအား ပုတ်ကာ မေးလိုက်သည် “မင်းရဲ့ယောကျ်ားရော”

“သူ သမီးကိုပစ်သွားပြီး သူ့ဘာသာ ထွက်သွားတယ်” သက်တန့်လေးသည် နစ်နာသည့်ပုံစံဖမ်းလေသည်။

“သူထွက်သွားတယ် ဟုတ်လား ဘယ်သွားတာလဲ” ရှီမာယူယူ အံ့သြစွာမေးလိုက်သည်။

“ပြောမသွားဘူး၊ ဒီမှာနေပြီး မမကို စောင့်နေလို့ပဲပြောသွားတာ၊ သူ ၂ရက်အတွင်းပြန်လာမယ်တဲ့” သက်တန့်လေး ပြောလိုက်သည် “မမ သူ အန္တရာယ်များတဲ့နေရာ မသွားလောက်ပါဘူးနော်”

“ဟုတ်လောက်တယ်” ရှီမာယူယူ ပြောလုကိသည် “သူ မင်းကိုတောင်ခေါ်မသွားဘူးဆိုတော့ အန္တရာယ်များတဲ့ နေရာသွားတာပဲ သူတောင်မှ မလုံခြုံဘူးဆိုတဲ့ သဘောပဲ”

“အာ.. ယောက်ျားက အန္တရာယ်ရှိနေပြီ၊ မမ အခုဘာလုပ်ကြမလဲ” သက်တန့်လေးသည် စိုးရိမ်စွာ အော်ငိုလေသည်။

“အရင်ဆုံး စောင့်ကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလေသည်။

သူမ ခန့်မှန်းတာမမှားဘူးဆိုလျှင် ဟာစွန်သည် ထိုနေရာသို့ သွားလောက်သည်။

“မမ ဟာစွန်ဘာမှမဖြစ်လောက်ပါဘူးနော်” သက်တန့်လေးသည် ကြောက်နေတုန်းပင်ဖြစ်သည်။

“ဘာပြဿနာမှမဖြစ်လောက်ပါဘူး” ရှီမာယူယူ နှစ်သိမ့်သည် “သူ ၂ရက်အတွင်း ပြန်လာမယ်လို့ ပြောတယ်မလား သူ့ကို ယုံလိုက်ကြတာပေါ့”

“အင်း သိပါပြီ” သက်တန့်လေးသည် မှိုင်တွေစွာ ပြောလေသည်။

နာရီအနည်းငယ်ကြာသောအခါ ဝူလင်းယူ ပြန်ရောက်လာသည်။ သူသည် အဘိုးနတ်ဆိုး နောက်ထပ်စား နေသည်ကို တွေ့သောအခါ “ဒီရက်မှာ ပြန်ဝလာတယ်”

“မဖြစ်နိုင်ဘူး ငါ ဝိညာဉ်မျိုးနွယ်မှာရှိကတည်းက အမြဲစားနေတာပဲ ဘယ်တော့မှ ဝိတ်မတက်ဘူး” အဘိုးနတ်ဆိုးသည် ကိုင်ထားသော အရိုးအား ပစ်လိုက်ရာ ဝူလင်းယူသည် လျှပ်တပြက် ရှောင်တိမ်းလိုက်သည်။

“ဒီကိုပေး” ဝူလင်းယူသည် လျှောက်လာကာ ပြောလိုက်သည်။

အဘိုးနတ်ဆိုးသည် ကျောက်စိမ်းပုလင်းအား ထုတ်ပြီး ဝူလင်းယူအား ပစ်ပြီး ပြောလိုက်သည် “သုံးလုံးထဲနော် မင်းနောက်နှစ်နည်းနည်းလောက်တော့ တောင့်ခံနိုင်မှာပါ”

ဝူလင်းယူသည် ပုလင်းအားမကြည့်တော့ပဲ သိမ်းကာ ပြောလိုက်သည် “ဒီမနက်ကို အမှောင်တိမ်တိုက်တွေ တွေ့တော့ ဆေးဖော်ပြီးပြီဆိုတာ မှန်းမိပါတယ်၊ သုံးနှစ်လောက်…အင်း..”

ဝူလင်းယူ၏ မျက်နှာတွင် ခံစားချက်မရှိတော့သည်ကို ရှီမာယူယူမြင်သောအခါ ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူမ ခေါင်းပြန်မော့လာကာ မေးလိုက်သည် “ဘာဖြစ်လို့လဲ စီနီယာအစ်ကို”

သူမ ခေါင်းငုံ့နေချိန်တွင် ဝူလင်းယူသည် သူမ ဘေးလျှောက်လာကာ သူမ မေးခွန်းမေးလိုက်သည်ကို ကြားသောအခါ သူမ ခေါင်းအားပွတ်ပြီး ပြောလိုက်သည် “စီနီယာအစ်ကိုမရှိတဲ့အချိန် အဘိုးကြီးကို မင်းဂရုစိုက်ပေးပါ”

ရှီမာယူယူ သူ့လက်ကို ရိုက်ပြီး ပြောလိုက်သည် “ကျွန်တော့် ခေါင်းကိုမထိပါနဲ့”

“မင်း သူ့ကို သုံးနှစ်အတွင်းရှာရမယ်၊ ငါပြန်သွားရင် ဘူ ကိုရှာပြီး သူ့ဆီက ဂမ္ဘီရဉာဏ်တောင်းရမယ်၊ သူက အကူအညီဖြစ်မလား မဖြစ်လား ကြည့်ရတာပေါ့” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“မလိုပါဘူး အဲဒီဂမ္ဘီရဘူက ဆရာ့ရဲ့ ရန်သူပဲ သူ့ကို သွားရှာရင်လို့ သူ အဖြေပြောရင်တောင် သေချာပြောမှာ မဟုတ်ဘူး” ဝူလင်းယူသည် ခုံထုတ်ကာ ကန်ဘေးတွင် ထားကာ ပြောလိုက်သည် “ယိလင်းတိုင်းပြည်မှာ ရှိပြီး ဗလာတိုင်းပြည်မှာရှိတယ်လို့လဲပြောတယ် ကျွန်တော် ဘယ်လိုသွားရှာရမလဲ”

“မင်း ယိလင်းတိုင်းပြည်မှာ ရှိတုန်းက သူ့ကိုခံစားမိတယ်ဆိုတော့ သူက တိုင်းပြည်မှာပဲ ရှိမှာပဲ” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“ကျွန်တော်လည်း သိပါတယ်၊ ကျွန်တော့်လိပ်ပြာက အရင်ကထက် အားနည်းလာတာ နှမြောဖို့ကောင်းတယ် အဲဒါရှိတယ်လို့ မခံစားမိတော့ဘူး” ဝူလင်းယူ၏ အသံသည် ဝမ်းနည်းမှုအနည်းငယ် စွက်နေသည်။

ကောင်းကင်က သူ အသက်ရှင်ဖို့ နောက်ထပ် နှစ်နည်းနည်းပဲ နေစေတော့မှာလား။

“မင်း သုံးယွမ်ဆေးစားလိုက်ရင် သူ့ကိုခံစားမိတာလည်း ဖြစ်သွားမှာပါ” အဘိုးနတ်ဆိုးသည် မျက်မှောင်ကြုတ်ကာ စိုးရိမ်မှုကို ခံစားမိနေလေသည်။

ရှီမာယူယူသည် ခေါင်းငုံ့ကာ ထောင့်တွင် ထိုင်နေလေသည်။ ဝူလင်းယူ ပြန်လာသည်နှင့် အဘိုးနတ်ဆိုးသည် အတားအဆီး ဖန်တီးလိုက်သည်။ ရှီမာမျိုးနွယ်ဝင်များသည် သူတို့အား မြင်ရသော်လည်း သူတို့ ပြောသမျှကို မကြားရပေ။

သူမသည် သူတို့နှစ်ယောက် ပြောနေသည်ကို တိတ်တဆိတ်နားထောင်နေသည်။ သူတို့သည် သူမအား ယုံကြည်သဖြင့် မဖုံးကွယ်ပေ။

“အဲဒါ…ဆရာ” သူမ ခေါင်းမော့ကာ အဘိုးနတ်ဆိုးအား ကြည့်လိုက်သည်။

သူမ ပြောလိုက်သည် “စီနီယာအစ်ကိုရဲ့ လိပ်ပြာတစ်ခြမ်းက ဘယ်မှာလဲဆိုတာ ကျွန်တော်သိတယ်”

အဘိုးနတ်ဆိုးနှင့် ဝူလင်းယူတို့အံ့သြသွားသည်။ သူတို့သည် သူမအား မဖုံးကွယ်သော်လည်း ဝူလင်းယူ၏ လိပ်ပြာတစ်ခြမ်းကို ရှာနေသည်ကိုတော့ မပြောမိပေ။ သူမ ဘယ်လိုသိလဲ။

“ယူယူ မင်းဘာပြောလိုက်တာလဲ” အဘိုးနတ်ဆိုးဒ မျက်လုံးမှာ တောက်ပလာပြီး သူ့မျက်လုံးများသည် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေလေသည်။

ရှီမာယူယူသည် သူ့မျက်လုံးမှ အကြည့်မြင်သောအခါ သူမ မျှော်လင့်ထားသည့် အကြည့်ပင်ဖြစ်လေသည်။ ဝူလင်းယူသည် ကလေးတစ်ယောက်ကဲ့သို့ ခေါင်းမော့လာသည်။ သူ့အတွက် သူမသည် သေချာပေါက် တန်ဖိုးရှိသည်။ အခု သူမက သူ့လျှို့ဝှက်ချက်ကို သိနေသည်။ သူမသည် သေချာမရှင်းပြနိုင်ပါက သူမအား အလွယ်တကူ လွှတ်မပေးနိုင်ပါ။

“ကျွန်တော်ပြောတာက စီနီယာတစ်ကိုရဲ့ လိပ်ပြာက လိုအပ်နေတယ်ဆိုတာ ကျွန်တော်သိတယ်၊ သူ့စွမ်းအားက ဒီနှစ်တွေမှာ တိုးလာပေမယ့် သူ့လိပ်ပြာက အားနည်းပြီးရင်း နည်းလာတယ်၊ ဆရာတို့ှနှစ်ယောက်လုံး သူ့ရဲ့ လိပ်ပြာ နောက်တစ်ခြမ်းကို ရှာနေကြတာမလား” ရှီမာယူယူ သူမ သိသမျှကို ပြောပြလိုက်သည် “ဆရာတို့ရှာနေတဲ့ လိပ်ပြာကို ကျွန်တော်သိတယ်”

“အဲဒါ ဘယ်လိုသိလဲ” ဝူလင်းယူ မေးလိုက်သည်။

ရှီမာယူယူ ရှီမာမျိုးနွယ်အားကြည့်ကာ ပြောလိုက်သည် “တခြားနေရာ သွားပြောရအောင်”

အဘိုးနတ်ဆိုးသည် ဆက်မစားတော့ပဲ ရှီမာယူယူနှင့် ဝူလင်းယူတို့ကို ခေါ်ကာ ကန်မှ ခေါ်သွားလေသည်။ သူတို့သည် အဝေးရှိတောင်ထိပ်သို့သွားပြီး ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင်လုပ်ကာ အတားအဆီးလုပိုက်သည်။ သူ သူမအားကြည့်ကာ မေးလိုက်သည် “ဒီအကြောင်းတွေ ဘယ်လိုသိလဲ”

ရှီမာယူယူ သက်ပြင်းချကာ ပြောလိုက်သည် “ဘာလို့လဲဆိုတော့ သူ့ရဲ့လိပ်ပြာနောက်တစ်ခြမ်းက ကျွန်တော်နဲ့ ရှိနေလို့ပဲ”

All Chapters