အပိုင်း (၂၉၁) – အကြီးမြင့်ဆုံးနတ်ဆိုးအရှင်သခင်
Vol. 003 Ch. 291
ဘာ
အဘိုးနတ်ဆိုးနှင့် ဝူလင်းယူတို့သည် သူမအား ကြောင်အမ်းအမ်းဖြင့် ကြည့်နေလေသည်။ သူမတွင် သူ၏ လိပ်ပြာနောက်တစ်ခြမ်းရှိနေသည်၊ ဘယ်လိုတွေ ဖြစ်သွားတာလဲ။
ရှီမာယူယူသည် အဘိုးနတ်ဆိုးအားကြည့်ပြီး ပြောလိုက်သည် “ဆရာ ကျွန်တော်တို့ကို မမြင်ရတဲ့ အတားအဆီးလုပ်တာ ပိုကောင်းမယ်ထင်တယ်”
သူမ ဘာလုပ်မည်ဆိုသည်ကို အဘိုးနတ်ဆိုးမှန်းမိသဖြင့် လက်ရမ်းလိုက်ရာ ရှီမာယူယူ၏မျက်လုံးရှေ့မှ မြင်ကွင်းသည် လုံးဝပြောင်းလဲသွားလေသည်။ သူတို့သည် အဖြူရောင်နယ်ပယ်တွင်ရပ်နေကာ အပြင်က အရာများကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။
“ကောင်းပြီ အပြင်လောကက ငါတို့ကို မမြင်ရတော့ဘူး” အဘိုးနတ်ဆိုးပြောလိုက်သည် “မင်းအခု သူ့ကို ခေါ်လိုက်တော့”
ရှီမာယူယူ ခေါင်းညိတ်ကာ နတ်ဆိုးညွှတ်လက်ကောက်အား ထိပြီး ပြောလိုက်သည် “အခုထိ ထွက်မလာသေးဘူးလား”
သူမသည် လက်မှ လက်ကောက်အား စကားပြောနေသည်ကို အဘိုးနတ်ဆိုး မြင်သည်နှင့် အံ့သြသွားလေသည်။ သူ ထင်ထားတဲ့အတိုင်းတော့မဟုတ်လောက်ပါဘူးနော်။
အနက်ရောင်မီးခိုးငွေ့များသည် လက်ကောက်မှထွက်လာသောကြောင့် အဘိုးနတ်ဆိုးနှင့် ဝူလင်းယူတို့ ရင်ခုန်သံများ မြန်ကာ ပြောလာသည် “အနက်ရောင်မီးခိုး အမှောင်မျိုးနွယ်”
ရှီမာယူယူသည် သူတို့တုန့်ပြန်မှုကို ကြည့်ကာ သူတို့အံ့သြသွားသည်ကို သိသည်။
မိုရှား၏ ခန္ဓာကိုယ်သည် ရုပ်လုံးပေါ်လာသည်။ သူ၏ အနီရောင်အဝတ်အစား၊ အနီရောင် ဆံပင်နှင့် အနီရောင် မျက်လုံးအိမ်များသည် ဝူလင်းယူအား စိုက်ကြည့်နေသည်။
ဝူလင်းယူသည် မိုရှားအားကြည့်လိုက်သည်။ တစ်ဖက်လိပ်ပြာပေါ်တွင် သူ၏ တုန့်ပြန်မှုမှာ ဓာတ်လိုက်သလိုပင်။ သူသည် မိုရှားအား တည့်တည့်ပင် စိုက်ကြည့်နေသည်။
အဘိုးနတ်ဆိုးသည် သူ၏ တုန့်ပြန်ချက်ကိုကြည့်ကာ သေချာနေပြီကို သိသွားသည်။ သူ သက်ပြင်းချလိုက်သည် “ဒါဆို သူက နတ်ဆိုးမျိုးနွယ်ကပေါ့”
ထိုအချိန်တွင် ရှီမာယူယူသည် သူတို့သုံးယောက်အား အကျဉ်းချုံးကြည့်လိုက်သည်။ သို့သော် သူတို့ အာရုံရချင်သည့် အကြောင်းမရှိပေ။
“ငါတို့က တကယ်ပဲ တစ်ယောက်တည်းလား” ဝူလင်းယူသည် ဖြစ်နေသောအခြေအနေကို ထူးဆန်းသည်ဟု ခံစားမိသဖြင့် မိုရှားအားကြည့်လိုက်သည်။
သို့သော် ဘယ်သူမှ သူတို့၏ လိပ်ပြာနောက်တစ်ခြမ်းကို တွေ့လျှင် သဘာဝအတိုင်းခံစားရမည်တော့ မဟုတ်ပေ။
“မင်းရဲ့ နောက်တစ်ခြမ်းက နောက်ဘဝဖြစ်နေပြီလို့ ထင်နေတာ၊ ဝိညာဉ်ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး” အဘိုးနတ်ဆိုး ပြောလိုက်သည်။ ထို့နောက် သူလှည့်ကာ မိုရှားအားကြည့်ကာ တက်ခေါက်ပြီး ပြောလေသည် “ကျွတ် ကျွတ် မင်းရဲ့ လိပ်ပြာက ဒီလိုပံဖြစ်နေတာ မင်းလိပ်ပြာရဲ့ အရင်ဘဝက တကယ်ကို အားကောင်းလို့ ဖြစ်မယ်”
“သူက ထူးဆန်းတဲ့ သတ္တဝါပဲ” ရှီမာယူယူ ဘေးမှ ပြောလေသည် “သူရှိနေတာ နှစ် တစ်ရာတောင် မဟုတ်ဘူး နှစ် တစ်ထောင်ဖြစ်နေပြီ”
အဘိုးနတ်ဆိုးသည် မိုရှားအားကြည့်ရင်း ရင်းနှီးသလို ခံစားမိကာ ပြောလိုက်သည် “သူ့ကို ဘာလို့ ရင်းနှီးနေသလို ခံစားရတာပါလိမ့် မင်းနာမည် ဘယ်သူလဲ”
“မိုရှား”
“မိုရှား…နာမည်ကောင်းပဲ” အဘိုးနတ်ဆိုးသည် ပြောရင်း ခေါင်းညိတ်လေသည်။ ထို့နောက်တွင် သူသည် မိုရှားအား မျက်လုံးပြူးဖြင့် ကြည့်ပြီး အော်လိုက်သည် “မင်းနာမည်က မိုရှားဟုတ်လား”
မိုရှား ခေါင်းညိတ်သည်။ ဘယ်လို တုန့်ပြန်မှုပါလိမ့်။
“ဟား ဟား မဖြစ်နိုင်ပါဘူး” အဘိုးနတ်ဆိုးသည် ရုတ်တရက် ရယ်ကွဲကာ ပြောလိုက်သည် “မင်းက အဲဒီ အကြီးမြင့်ဆုံးနတ်ဆိုးအရှင်သခင်လား၊ မင်းကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ရလိမ့်မယ်လို့ ထင်မထားဘူး”
ရှီမာယူယူ မျက်စိလည်သွားသည်။ မိုရှားက အကြီးမြင့်ဆုံးနတ်ဆိုးအရှင်သခင်တဲ့လား အဘိုးနတ်ဆိုး ဘာတွေပြောနေတာလဲ၊ ဒီလူက ဘယ်လောက် အားကောင်းတာလဲ။
“ဆရာ၊ အကြီးမြင့်ဆုံးနတ်ဆိုးအရှင်သခင်က ဘယ်သူကြီးလဲ” သူမ မေးလိုက်သည်။
“မင်းတကယ်ပဲ မသိဘူးလား” မိုရှားသည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူတို့က အတူတူမဟုတ်ဘူးလား။
“သူ ငါ့ကိုမပြောဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟား ဟား ငါတို့ပြန်ရောက်ရင် ငါပြောပြမယ်” အဘိုးနတ်ဆိုး ပြောလိုက်သည်။ ထို့နောက်တွင် သူသည် သူတို့နှစ်ယောက်အားကြည့်ကာ ပြောလိုက်သည် “မင်းရဲ့ လိပ်ပြာကို ရှာတွေ့ပြီဆိုတော့ ဒီသုံးယွမ်ဆေးကို စားဖို့မလိုတော့ဘူး”
“မရဘူး မဖြစ်နိုင်ဘူး” မိုရှားပြောလိုက်သည်။
“ဘာလို့လဲ” အဘိုးနတ်ဆိုးနှင့် ဝူလင်းယူတို့ နားမလည်ကြပေ။ သူက သူ့ခန္ဓာကိုယ်နဲ့ မပေါင်းစပ်ချင်လို့များလား။
“မင်းပြောလိုက်” မိုရှားသည် ပြောပြီးသည်နှင့် သူ၏ နတ်ဆိုးညွှတ်လက်ကောက်ထဲသို့ ပြန်သွားလေသည်။
“ခင်ဗျားရဲ့ လိပ်ပြာက အခုချိန်မှာ အားနည်းနေသေးတယ်၊ အဲဒါကြောင့် ပေါင်းစပ်လို့မရသေးဘူး” ထိုကဲ့သို့ ကိစ္စမျိုးကို ရှင်းပြရသည်ကို မိုရှားမကြိုက်မှန်း ရှီမာယူယူသိသည်။ သူမ ပြောလိုက်သည် “ပြီးတော့ အခု သူက ကျွန်တော့်ဆီက ထွက်သွားလို့မရဘူး”
“မင်းဆီက ထွက်သွားလို့မရဘူး ဟုတ်လား” ဝူလင်းယူသည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုစကားကို မကြိုက်ပေ။ ရှီမာယူယူ ခေါင်းညိတ်လိုက်ကာ ပြောသည် “မိုရှားနဲ့ ကျွန်တော်က အခုစာချုပ်ရှိတယ်၊ ကျွန်တော်က အားကောင်းဖို့လိုသေးတယ် ကျွန်တော်က စာချုပ်ကို အတင်းဖျက်မယ်ဆိုရင် ကျွန်တော်မသေရင်တောင် မသန်မစွမ်းဖြစ်သွားမှာ၊ သူလည်းပဲ အသက်ရှင်တော့မှာမဟုတ်ဘူး ပြီးတော့ ခင်ဗျားလည်း ခင်ဗျားလိပ်ပြာကို ကုသဖို့ အချိန်လိုတယ်”
“မင်းက သူနဲ့ စာချုပ်ချုပ်ထားတာလား” အဘိုးနတိုးသည် ရှီမာယူယူအား ပဟေဠိဆန်စွာ ကြည့်လိုက်သည်။ အကြီးမြင့်ဆုံးနတ်ဆိုးအရှင်သခင်က လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ကမဟုတ်လား။ သူက တကယ်ပဲ အဲဒီကောင်လေးနဲ့ စာချုပ်ချုပ်လိုက်တာလား။
ရှီမာယူယူ သူမ နှာခေါင်းအား ထိကာ ပြောလိုက်သည် “မတော်တဆဖြစ်သွားတာပါ”
ထို့နောက်တွင် သူမသည် မိုရှားနှင့် စာချုပ်ချုပ်ဖြစ်ခဲ့ပုံကို ပြန်ပြောပြရာ အဘိုးနတ်ဆိုးသည် ကြားသောအခါ ဝမ်းနည်းခြင်းများ ပြည့်နှက်သွားလေသည်။
“အဲဒါကြောင့် ငါတို့ ပူလွောင်တောင်တန်းသွားတော့ သူ့ကို ရှာလို့မရတာပေါ့” ဝူလင်းယူ ပြောလိုက်သည် “အဲလိုတွေ ရှုပ်ယှက်ခတ်သွားလို့ သူ့ကို နှစ်တွေအများကြီး လွတ်သွားတာ အဲဒါကြောင့်ပဲ မင်းကိုတွေ့ခဲ့တာ”
“ဟင် ကျွန်တော် ခင်ဗျားကို မတွေ့ဖူးပါဘူး” ရှီမာယူယူ အေးစက်စွာ တုန့်ပြန်လေသည်။
“ဟားဟားဟား” ဝူလင်းယူသည် သူမအား ထိုကဲ့သို့တွေ့လိုက်သောအခါ တကယ်ပျော်ရွှင်လေသည်။
“ဒါနဲ့ မင်းတို့်အားလုံးတွေ့ခဲ့ကြတာပေါ့” အဘိုးနတ်ဆိုး ပြောလေသည် “ဟင် မဟုတ်သေးပါဘူး ပြီးခဲ့တဲ့ တစ်ခေါက်က မင်းကို ကယ်ခဲ့တာ မိန်းကလေးလို့ပြောတယ်မလား”
“အဘိုးကြီး ကန်းနေတာများလား၊ သူမလက်မှာ ဦးလေးငယ်ရဲ့ လက်စွပ်ကို မတွေ့ဘူးလား” ဝူလင်းယူသည် အထင်သေးစွာပြောလေသည်။ အဘိုးနတ်ဆိုး သတိထားမိသည်မှာ ကြာပြီဟု သူ ထင်ထားသည်။
အဘိုးနတ်ဆိုးသည် ရှီမာယူယူ၏ လက်ကိုဆွဲကြည့်ရာ ထိုလက်စွပ်သည် ထင်ယောင်ထင်မှားလက်စွပ် ဖြစ်သည်ကို တွေ့လိုက်သည်။
“ဒါက အငယ်ဆုံးက လုပ်ထားတာလား၊ သူဘယ်တုန်းက ထင်ယောင်ထင်မှားလက်စွပ်ကို လုပ်လိုက်တာလဲ” သူ ရေရွတ်လိုက်သည်။
“ဆရာနဲ့ လောင်းတာရှုံးတော့ သူလုပ်ထားတာလေ” ဝူလင်းယူပြောလိုက်သည် “သူ ဆရာ့ကိုပေးပြီး ကြည့်ပြီးတာနဲ့ ခေါင်းပန်းလှန်လိုက်တာမလား”
“ငါ့မှာ ဘာလို့အဲဒီဟာမျိုး စုဆောင်းထားတာမရှိရတာလဲ” အဘိုးနတ်ဆိုး ပြောလိုက်သည် “ဒါဆို ယူယူက မိန်းကလေးလို့ ပြောနေတာလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူ့ပုံစံကြည့်ရသည်မှာ သူမသည် မိန်းကလေးဖြစ်သည့်အတွက် သူ့တပည့်အဖြစ်မှ ရပ်စဲခြင်းတော့ မလုပ်လောက်ပါဘူး။
“ဆရာ နောင်တရသွားတာတော့ မဟုတ်ပါဘူးနော်” သူမ သတိထားစွာ မေးလိုက်သည်။
“ဘာကို နောင်တရရမှာလဲ” အဘိုးနတ်ဆိုး ပြောလိုက်သည် “ငါ ထင်ထားတာနဲ့လွဲနေပေမယ့် မင်းကို ငါ့တပည့်အဖြစ်သတ်မှတ်ပြီးပြီဆိုတော့ အဲလိုပဲ ခေါ်ရမှာပဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အနာဂတ်ရဲ့ ငါ့ဆက်ခံသူပဲ၊ အဲဒီ မိန်းမကြီးက အရည်အချင်းရှိတဲ့ မိန်းကလေးတွေခေါ်သွားပြီး မြင်ရတာ ငါ့ မျက်နှာရှေ့မှာ ကန့်လန့်ဖြစ်နေတယ်၊ သွားတဲ့အချိန်ကျရင် အဲမိန်းမကြီးရှေ့မှာ မင်းရဲ့ အရည်အချင်းတွေနဲ့ သူ့ကို ကန်းသွားအောင် လုပ်လိုက် နားလည်လား”
ရှီမာယူယူ မဲ့ပြုံးပြုံးကာ ပြောလိုက်သည် “ဟုတ်ကဲ့ပါ ဆရာ”
“စကားပြန်ဆက်ရအောင် သူက ဒီကောင်စုတ်လေးရဲ့ လိပ်ပြာကို အဟာရပြည့်အောင်လုပ်ရမယ်လို့ ပြောတယ်မလား၊ ဒါပေမယ့် ငါတို့အဲဒီနည်းလမ်းကို စဉ်းစားနေတာကြာပြီ ဒါပေမယ့် သူ့လိပ်ပြာက အားနည်းပြီးရင်း နည်းလာတယ်၊ ငါတို့် တခြားနည်းလမ်းရှာရမယ်ထင်တယ်” အဘိုးနတ်ဆိုးသည် စိုးရိမ်စွာ ပြောလိုက်သည်။
ထိုအကြောင်းပြောလိုက်သည်နှင့် သူမသည် အနည်းငယ် မှိုင်တွေသွားသည်။
“ဆရာ မစိုးရိမ်ပါနဲ့ ကျွန်တော် မိုရှားကို ပထမဆုံးတွေ့တုန်းက သူက အခုထက်တောင် အားနည်းသေးတယ်၊ သူ့ကို အဟာရပြည့်အောင်လုပ်ပေးတော့ အခုအဆင့်ရောက်သွားတာ၊ စီနီယာအစ်ကိုလိပ်ပြာ ဂရုစိုက်ဖို့ကို ကျွန်တော့်ကိုသာ အပ်ထားလိုက်တော့” ရှီမာယူယူသည် ရင်ဘတ်အား ပုတ်ရင်း ပြောလေသည်။
“မင်းမှာ နည်းလမ်းရှိတယ်ပေါ့”
“ဒါပေါ့” ရှီမာယူူယူ ပြောလိုက်သည်။
“ဘာနည်းလမ်းလဲ”
“ထူးခြားတဲ့လူမှာ တောက်ပတဲ့အစီအစဉ်ရှိစမြဲပဲ” ရှီမာယူယူသည် သူတို့အား မသေချာစွာ ပြောလေသည်။
အဘိုးနတ်ဆိုးသည် သူမ ခေါင်းအာရိုက်ပြီး ပြောလေသည် “မင်းက ငါတို့ကို တန်းလန်းထားချင်တာလား ဆရာအာဏာပြစေချင်တာလား”
ရှီမာယူယူ သူခေါင်းအားပွတ်ကာ အော်လိုက်သည် “သေလောက်အောင် နာတာပဲ”
ဝူလင်းယူသည် ပြုံးပြီး ပြောလိုက်သည် “အဘိုးကြီးက အမြဲတမ်း စိုးရိမ်တတ်တယ်၊ အချိန်ကျရင် သိလာလိမ့်မယ်”
“ဟင်” ရှီမာယူယူ သူ့အား ကြည့်လိုက်သည်။ သူ့အပြုံးက ဘာလို့ ပီတိတွေဖြာနေတာလဲ။
“မြန်မြန်ပြော မင်းမှာ ဘာနည်းလမ်းရှိတာလဲ” အဘိုးနတ်ဆိုးသည် သူ့လက်ကို ထပ်မြှောက်လိုက်သည်။
ရှီမာယူယူသည် သူမ ခေါင်းအား ဖက်ကာ နောက်ဆုတ်ပြီး ပြောလိုက်သည် “မရိုက်ပါနဲ့ ပြောပြပါမယ်”
သူမသည် ကျောက်စိမ်းပုလင်းထုတ်ကာ အဘိုးနတ်ဆိုးဆီသို့ ပေးပြီး ပြောလိုက်သည် “ဒါသုံးလိုက်ရင် အဆင်ပြေသွားမှာပါ”
“ဒါဘာလဲ” အဘိုးနတ်ဆိုးသည် ပုလင်းဖွင့်ကာ အနံ့ရှုကြည့်လိုက်သည်။ သူသည် လိပ်ပြာကိုခံစား မိလေသည်။
ဝူလင်းယူသည်လည်း အနံ့ခံကြည့်ရာ သူ၏ အားနည်းနေသော လိပ်ပြာသည် ရုတ်တရက် ပြန်ကောင်းသွားသလို ခံစားရသည်။