← Chapters

အပိုင်း (၂၉၂) – ထူးဆန်းသော သွေးလက်စွပ်

Vol. 003 Ch. 292

အပိုင်း (၂၉၂) – ထူးဆန်းသော သွေးလက်စွပ်

Vol. 003 Ch. 292

“လိပ်ပြာအတွက် အကျိုးရှိတာ ဒါဘာပစ္စည်းလဲ” ဝူလင်းယူ မေးလိုက်သည်။

“လိပ်ပြာအရည် လိပ်ပြာနဲ့ စိတ်စွမ်းအားအတွက် အရမ်း အကျိုးရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “မိုရှား အရမ်းအားနည်းတုန်းက ဒီအရည်သုံးပြီး နည်းနည်းစီ အားပြန်ပြည့်အောင် လုပ်ပေးခဲ့တာ”

“တကယ်ကောင်းတာပဲ” ဝူလင်းယူသည် ထိုလိပ်ပြာအရည်ကို အလွန်သိချင်သွားသည်။ သူ မိုရှားအားတွေ့ချိန်တွင် သူ၏ လိပ်ပြာမှာ အလွန်သန်မာနေသည်ကို ခံစားမိသော်လည်း ထိုပစ္စည်းသုံး၍ ပြန်ကောင်းလာသည်ဟု မထင်မိပေ။

“ဟုတ်တယ် သူက နှစ်ရာချီပြီကြိုးစားနေတာ၊ သူ့လိပ်ပြာက အသေကြိုးစားရင်တောင် သန်မာဖို့ မဖြစ်နိုင်ဘူး” အဘိုးနတ်ဆိုး ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ရှီမာယူယူဘက်လှည့်ကာ သူမအား အားရပါးရပြုံးပြပြီး ပြောလိုက်သည် “ကျိုးနွံတတ်တဲ့ တပည့်လေး မင်းမှာရှိသေးရင် ငါ့ကို နည်းနည်းပေးဦး”

“ကျွန်တော့် ပါးစပ်ပိတ်ဖို့ကို မသတ်ဘူးမလား” ရှီမာယူယူ ပြောလိုက်သည်။

အဘိုးနတ်ဆိုးသည် အရည်ထူကာ ပြောလိုက်သည် “မင်းရဲ့ စီနီယာအစ်ကို သူ့လိပ်ပြာတစ်ဝက်ကို ရှာနေတာ လျှို့ဝှက်ချက်ပဲ ဒါပေမယ့် မင်းရုတ်တရက် ထုတ်ပြောလိုက်တယ်၊ မင်းက ငါတို့ကို ရန်ပြုမယ့် ပန်းတစ်သောင်းတောင်ကြားကလူလို့ ထင်သွားတာ၊ မခုမဟုတ်ဘူးဆိုတော့ ငါ့ရဲ့ ကျိုးနွံတဲ့တပည့်ပဲလေ”

“ဟင်” ရှီမာယူယူသည် ပင့်သက်ရှိုက်လိုက်သည်။

“ငါ့ရဲ့ ကျိုးနွံတတ်တဲ့တပည့်လေးရေ ကိုယ့်ဆရာကို အဲလောက် မတွက်ကပ်ပါနဲ့” အဘိုးနတ်ဆိုးသည် ချော့မော့ကာ ရှီမာယူယူ၏ အင်္ကျိလက်ကို ဆွဲလိုက်ရာ သူ့တပည့်နှစ်ယောက်မှာ ကြက်သီးထသွားတော့သည်။

“ဟင် အဲဒါဆိုရင် ဆရာ ကျွန်တော် ပင်ပန်းတာတွေကို အလျော်ပေးဦး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေါ့ မင်း အံ့ဖွယ်နတ်ဆိုးတောင်ကြားရောက်ရင် မင်းလိုချင်တာယူ” အဘိုးနတ်ဆိုးသည် ချက်ချင်းပင် ပြန်ဖြေလေသည်။

“ဆရာ အဲနေ့က ပြောပြီးပြီလေ၊ အဲဒါ တွေ့ဆုံခြင်းလက်ဆောင်လေ၊ လျော်ကြေးမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို လျော်ကြေးဘာလုပ်ချင်တာလဲ” အဘိုးနတ်ဆိုးသည် သူ၏ အဖြူရောင်ဆံပင်ကို ဖွပြီး ပြောလိုက်သည် “မင်း လိုချင်တာသာ ပြောလိုက်ပါ”

“ဆရာ့ဆီမှာ ဘာရှိမှန်းကျွန်တော်မှ မသိတာ” ရှီမာယူယူ ဆူပုတ်သွားလေသည်။

“အဘိုးကြီး သူမကို ဆရာ့ရဲကလက်စွပ်ပေးလိုက်ရင်ရော” ဝူလင်းယူသည် ဘေးမှ ပြောပေးလေသည်။

“ပေးတာပေါ့ အဲလိုဆိုရင် သူမအတွက် အချိန်ကအရေးကြီးသွားမှာ” အဘိုးနတ်ဆိုးသည် ခေါင်းညိတ်ပြီး ပြောလေသည်။

“ဒီလက်စွပ်က ဘာအသုံးဝင်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဒါက အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ အုပ်စုကြီးတွေကို ချုပ်ကိုင်နိုင်တယ်” အဘိုးနတ်ဆိုး ပြောလိုက်သည် “ဒါက အာဏာနဲ့ပတ်သတ်တဲ့ သင်္ကေတပဲ မြို့တော်တော်များများမှာလည်း ထိန်းချုပ်လို့ရတယ်”

“အဲလောက် အားကောင်းတာလား” ရှီမာယူယူသည် အဘိုးနတ်ဆိုးအားကြည့်ပြီး ပြောလိုက်သည် “ဒါက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ပိုင်ရှင်ဖြစ်တဲ့ သင်္ကေတတော့ မဟုတ်ပါဘူးနော်”

“မဟုတ်ဘူး၊ ဒါကို မင်းကို ငါပေးချင်ရင်တောင် မင်းဝတ်လို့မရသေးဘူး” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“ဘာလို့လဲ လက်စွပ်ဝတ်ဖို့တောင် လိုအပ်ချက်တွေရှိတာလား”

“အန္တရာယ်ရှိလို့လေ” ဝူလင်းယူပြောလိုက်သည်။

“ဒါဆို ခင်ဗျားပြောတဲ့ လက်စွပ်က ဘယ်မှာလဲ” သူမ မေးလိုက်သည်။

အဘိုးနတ်ဆိုးသည် လက်မဝတ်လက်စွပ်အားထုတ်ပြီး ရှီမာယူယူအား ပေးကာ ပြောလိုက်သည် “ဒီမှာ ဝတ်ဖို့ မဝတ်ဖို့ကို မင်းကြည့်”

ရှီမာယူယူ လက်စွပ်ကိုယူကာ စစ်ဆေးကြည့်လေသည်။ ထိုလက်စွပ်သည် မဟူရာကျောက်အပေါ်တွင် အရိုးခေါင်းပုံထွင်းထားကာ ထိုအရိုးခေါင်းတွင် သွေးအစက်ပုံစံ မျက်လုံးနှစ်လုံးရှိလေသည်။

“ဒီဟာက ဘာလို့နတ်ဆိုးနဲ့တူနေတာလဲ၊ နတ်ဆိုးမျိုးနွယ်ကတော့ မဟုတ်လောက်ပါဘူးနော်” သူမ လက်စွပ်အား မြင်သောအခါ ခေါင်းမော့ပြီး မေးလိုက်သည်။

“လှည့်ကြည့်လိုက်” ဝူလင်းယူပြောလိုက်သည်။

သူပြောသလို ရှီမာယူယူ သံသယဝင်စွာလှည့်ကြည့်လိုက်ရာ သူမ မျက်လုံးများပြူးသွားပြီး ပြောလိုက်သည် “နတ်သားပုံဖြစ်သွားပြီ ထူးဆန်းလိုက်တာ ဘယ်လိုလုပ်လိုက်တာလဲ”

“အဲအကြောင်းကို အရမ်းသိချင်ဖို့မလိုဘူး” အဘိုးနတ်ဆိုးပြောလိုက်သည် “ဒီလက်စွပ်က သူ့သခင်ကို သူ့ဘာသာရွေးတာ၊ လူအများစုက မဝတ်နိုင်ကြဘူး မင်းစမ်းကြည့်ပါလား”

“သြော်” ရှီမာယူယူ လက်စွပ်ယူကာ သူမ ညာဘက်လက်၏ လက်မတွင် ဝတ်ဆင်လိုက်သည်။ ချက်ချင်းပင် သူမ လက်မမှ ခေါင်းအထိ လတ်ဆတ်သော ရောင်ဝါလှိုင်း စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သို့သော် သူမ လန်းဆန်းသွားသည်ဟု ပြောချိန်မရလိုက်မှီမှာပင် ပူလောင်သော ရောင်ဝါ တက်လာသည်။

အပူနှင့် အအေး ရောယှက်မှုလှိုင်းသည် ခန္ဓာကိုယ်တွင် တစ်ခုနှင့် တစ်ခု ခုခံနေလေသည်။

ရုတ်တရက်ပင် သူမ လိပ်ပြာသည် ပျံသန်းရာမှ ဆင်းသက်လိုက်သည်ဟု ခံစားမိလိုက်သည်။ ပတ်ဝန်းကျင်မှာ စတင်နောက်ဆုတ်သွားပြီး သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်တွင် သူမသည် တောင်ပေါ်တွင် ရှိမနေတော့ပေ။

“ဒါဘယ်နေရာလဲ ဟင် လှုပ်ရှားမှုရှိတယ်” အဝေးတစ်နေရာမှ ဝိညာဉ်စွမ်းအင်ရွေ့လျားမှုရှိသည်ကို သူမ ခံစားမိပြီး ထိုနေရာနှင့် သွားရမည့်လမ်းကို မေးရန် ထိုလှုပ်ရှားမှုရှိရာသို့ သွားကြည့်လိုက်သည်။

ရှီမာယူယူ ရှေ့သို့ဆက်လျှောက်လိုက်ရာ ထိုတောင်အကြီးရှေ့သို့ရောက်သောအခါ သူမ ခြေထောက်များ နာကျင်သည်ကို ခံစားလိုက်ရသည်။

“ဘယ်သူမှလည်း မရှိဘူး” သူမ ရေရွတ်လိုက်သည် “အဲဒါဆို ခုဏက လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတာ ဘယ်ကလဲ”

သူမ ဆက်လျှောက်ရာ ဖြည်းဖြည်းချင်း သတိလွတ်လွတ်သွားသည်ကို ခံစားမိသည်။

“ဘာဖြစ်နေတာလဲ ငါဒီမှာအိပ်လို့မရဘူး” သူမသည် ချက်ချင်းပင် သူမကိုယ် သူမ မေ့လဲမသွားရန် သတိပေးပြီး အတင်းထကာ သူမ စိတ်ကိုယ် လှုံ့ဆော်လိုက်သည်။

“ခုဏက လင်းနေပါသေးတယ် ဘာလို့ရုတ်တရက် မှောင်သွားတာလဲ” လူတစ်ယောက်၏ စူးရှသောအသံသည် သူမအကြည့်အား ဖြတ်တောက်လိုက်သလိုပင်။

သူမ ခေါင်းကြည်လာသလို ခံစားလာရသည်။

“ဘယ်ဟာ မှန်ပြီး ဘယ်ဟာ မှားနေတာလဲ” သူမ နားဘေးတွင် လှပသော အသံတစ်သံသည်ထွက်လာကာ ထိုအသံသည် ငိုသံပေါက်နေသည်။

ရှီမာယူယူ ရုတ်တရက်ခေါင်းကြည်သွားကာ ပတ်ဝန်းကျင်သည် ရွေ့လျားသွားကာ သူမသည် နှင်းတောထဲတွင် ရပ်နေလေသည်။ အရိုးခေါင်းနှင့် နှင်းတောထဲတွင် သူမနှင့် မျက်နှာချင်းဆိုင်ရပ်နေသော မိန်းမလှလေး တစ်ယောက်ကို သူမတွေ့လိုက်ရသည်။

“အဲဒီဟာက မှန်တယ်လို့ထင်တာပဲ” အရိုးခေါင်းသည် ခုဏက မိန်းကလေး၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

“အဲအသံက အလင်းနဲ့ အမှောင်မရှိတဲ့ဟာကိုပဲ တုန့်ပြန်တာလေ” မိန်းကလေး ပြောလိုက်သည်။

ရုတ်တရက်ပင် သူတို့နှစ်ယောက်သည် ရှီမာယူယူဘက်လှည့်ကာ မေးလိုက်သည် “ဘယ်ဟာ မှန်ပြီး ဘယ်ဟာ မှားတယ်လို့ထင်လဲ ဘယ်ဟာ အလင်းနဲ့ ဘယ်ဟာ အမှောင်လဲ”

ရှီမာယူယူ သူတို့နှစ်ယောက်အားကြည့်လိုက်သည်။ သူတို့သည် သူမ လက်စွပ်ထဲမှ နှစ်ယောက်နှင့်တူသည်။ သူမအား သူတို့ကြည့်သောအခါ သူမ လိပ်ပြာသည် တိုက်ခိုက်ခံရသလို ခံစားလိုက်ရသည်။

“မြန်မြန်ဖြေ” အရိုးခေါင်းသည် အော်လိုက်သည်။

“သူငယ်ချင်း ဖြည်းဖြည်း စဉ်းစားပါ” မိန်းကလေးသည် နူးညံ့စွာ ပြုံးလေသည်။

ရှီမာယူယူ ပင့်သက်ရှိုက်ပြီး ပြောလိုက်သည်။ “ဒီကမ္ဘာမှာ ဘယ်ဟာမှားပြီး ဘယ်ဟာ မှားတယ်ဆိုတာမရှိပါဘူး အခြေအနေတိုင်းမှာ ကြည့်တဲ့ရှုထောင့်တွေ အများကြီးပါ ရိုးရိုးရှင်းရှင်းပြောရရင် တစ်ယောက်ယောက်က မင်းရဲ့ မိသားစုကို သတ်လို့ လက်စားချေဖို့အတွက် မင်းက အဲလူကို သတ်မယ် မင်းအတွက်ကတော့ အဲဒါမှန်နေတာပဲ ဒါပေမယ့် မင်းသတ်လိုက်တဲ့သူရဲ့ မျိုးဆက်အတွက်ကတော့ မင်းက မှားနေမှာပဲ”

“အလင်းနဲ့အမှောင် ဘယ်ဟာက ရှိသင့်လဲ” သူတို့နှစ်ဦးသည် သူမအား နှစ်ခုထဲမှ တစ်ခုသာ ရွေးစေလိုသည့် သဘောနှင့် ပြိုင်တူမေးလေသည်။

“အလင်းနဲပအမှောင်က တကယ်တော့ တစ်ခုနဲ့တစ်ခုမှီခိုနေကြတာပဲ၊ ဘယ်ဟာမှ မရှိလို့မဖြစ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အလင်းရှိရင် အမှောင်ရှိမှာပဲ စိတ်မကောင်းစွာနဲ့ပဲ တခြားမျှော်လင့်ချက်တော့ မရှိပါဘူး”

“အရူး အလင်းနဲ့အမှောင်က ဘယ်လိုလုပ် အတူရှိနိုင်မလဲ” ထိုအချက်ကို မိန်းကလေးသည်ပင်လျှင် ဒေါသထွက်သွားသည်။

ရှီမာယူယူသည် သူမအား စိတ်မဆိုးပဲ အဆုံးမရှိသော နှင်းကို ညွှန်ပြကာ “ဒါက လုံးဝဖြူစင်တယ်လို့ထင်ရပေမယ့် သန့်ရှင်းမယ်လို့ထင်လား၊ ဒါဆို အောက်မှာကရော”

သူမ ဆောင့်ကြောင့်ထိုင်ချကာ နှင်းအောက်ကို တူးလိုက်ရာ ရွံ့နွံ့များပေါ်လာလေသည်။

“ပြီးတော့” သူမသည် မီးလုံးထုတ်လွှတ်ကာ ထင်းချောင်းယူပြီး ပြောလိုက်သည် “ဒီထင်းချောင်း ရဲ့အရှေ့က အလင်းလေ ဒါပေမယ့် အနောက်မှာရော….. အရိပ်ရှိတယ်မလား”

အရိုးခေါင်းနှင့် မိန်းကလေးတို့သည် စကားမပြောတော့ပဲ အတွေးများနှစ်မြောနေလေသည်။

ရှီမာယူယူသည် မီးတောက်အားပြန်သိမ်းကာ ပြောလိုက်သည် “အထင်ရှားဆုံးတစ်ခုကတော့ နေ့နဲ့ညပဲ ကမ္ဘာကြီးက နေ့ပဲလိုတယ် ညပဲလိုတယ်လို့ ပြောလို့ရလား”

အစပိုင်းတွင် သူတို့နှစ်ယောက်သည် သူမအားငြင်းဆန်မည်ဟု ထင်ထားသော်လည်း မိန်းကလေးသည် မထင်မှတ်ပဲ ပြုံးပြီး ပြောလိုက်သည် “အရမ်းကောင်းတယ် မင်းစဉ်းစားတာမှန်ပါတယ် မင်းအားလုံးကို ယေဘုယျ ကျကျပြောနိုင်တယ်၊ ဘယ်ဟာ မှန်မှန်မှားမှား အလင်းပဲဖြစ်ဖြစ် အမှောင်ပဲဖြစ်ဖြစ် အကြွင်းမဲ့ဆိုတာ မရှိဘူး မင်း စမ်းသပ်မှုအောင်မြင်တယ် သွားလို့ရပြီ”

ရှီမာယူယူသည် တုန့်ပြန်မှုမရှိပေ။ သူမ အနည်းငယ်မူးဝေကာ မျက်လုံးဖွင့်ချိန်တွင် အဘိုးနတ်ဆိုးနှင့် ဝူလင်းယူ တို့သည် သူမအား တုန်လှုပ်စွာကြည့်နေသည်ကို မြင်လိုက်ရသည်။

All Chapters