အပိုင်း (၂၉၃) – အန္တရာယ်များသော ရောင်ဝါ
Vol. 003 Ch. 293
“ဆရာ စီနီယာအစ်ကို ဘာလို့ကျွန်တော့်ကို အဲလိုကြည့်နေရတာလဲ” သူမသည် သူတို့အား ကြည့်ကာ မူးဝေသောကြောင့် သူမ ခေါင်းအားပွတ်နေလေသည်။
“အခု မင်းဘာမြင်လိုက်တာလဲ” အဘိုးနတ်ဆိုး ပြောလိုက်သည်။
“အရိုးခေါင်းနဲ့ မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်တယ်” ရှီမာယူယူ ပြောလိုက်သည် “သြော် ဟုတ်သားပဲ အခု ကျွန်တော် အရမ်းထူးဆန်းတဲ့နေရာ ရောက်သွားတယ် ဆရာတို့နှစ်ယောက် မြင်လိုက်လား”
“မင်း အရိုးခေါင်းနဲ့ မိန်းမလှလေးကို မြင်လိုက်တယ်ဟုတ်လား” သူတို့နှစ်ယောက်သည် သူမမြင်လိုက်သည်ကို ကြားသောအခါ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားလေသည်။
“ဟုတ်တယ် ကြည့် မြင့်မြတ်တဲ့လောကက အရိုးခေါင်းနဲ့ မိန်းမလှလေး” သူမသည် သူမ လက်မအား ညွှန်ပြလိုက်သည်။ သို့သော် သူမ လက်မအတိုင်းပင် သူတို့သည် သေးသွားသည်ကို သတိထားမိလိုက်သည်။ “ဒါ ကျုံ့သွားတာပဲ”
“ဒါဆို မင်းကို အသိအမှတ်ပြုလိုက်တဲ့သဘောပဲ” အဘိုးနတ်ဆိုးရှင်းပြသည်။
“ဒါဆို အခုဘာဖြစ်သွားလဲ” သူဆိုလိုသည်ကို ရှီမာယူယူ သတိထားမိသည်၊ သူမသည် လက်ရှိလက်စွပ်အား ကြည့်ပြီး ပြောလိုက်သည် “ဒီလက်စွပ်က တခြားလက်စွပ်တွေနဲ့ မတူဘူးလို့ ဘာလို့ခံစားမိတာလဲ”
“အဲလိုပဲဖြစ်ရမှာပေါ့ အဲဒါ အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ဆက်ခံသူလက်စွပ်ပဲ” ဝူလင်းယူ ပြောလိုက်သည်။
အစပိုင်းတွင် ထိုလက်စွပ်သည် သူ့အားရွေးချယ်ခဲ့သော်လည်း သူသည် အဘိုးနတ်ဆိုး၏ အသိအမှတ်ပြုခြင်းကို ပယ်ဖျက်ကာ လက်စွပ်အား ချွတ်ရန် ရွေးချယ်ခဲ့သည်။
အရင်က သူ့ကို အသိအမှတ်ပြုခဲ့သောကြောင့် ရှီမာယူယူ အသိအမှတ်ပြုခံရသည်ကို အလွန်မအံ့သြတော့ပေ။
ခုဏကပင် ထိုနေရာသည် သွေးနံ့များ ပြည့်နှက်နေခဲ့သည်။ အဘိုးနတ်ဆိုးသည် ထိုအနံ့ပျောက်အောင် မပြုလုပ်ခဲ့ပါက သားရဲတစ်သောင်းတောင်တွင် ရုတ်ရုတ်သဲသဲဖြစ်နေမည်ဖြစ်သည်။
“ဆက်ခံသူ လက်စွပ်….” ရှီမာယူယူသည် အဘိုးနတ်ဆိုးအား တိတ်တဆိတ် စိုက်ကြည့်နေသည်။
“ဆရာ လက်စွပ်များ မှားထုတ်လိုက်တာလား”
“မင်းက ငါ့ကို ရှေးအဘိုးကြီးလို့ထင်နေတာလား” အဘိုးနတ်ဆိုးသည် သူမအားစိုက်ကြည့်လိုက်သည်။
“ဆရာက ကျွန်တော့်ကို အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ဆက်ခံသူဖြစ်စေချင်တာလား” ရှီမာယူယူသည် အဘိုးနတ်ဆိုးအား အံ့အားသင့်စွာကြည့်လေသည်။
“ဒါပေါ့” အဘိုးနတ်ဆိုးပြောလိုက်သည် “ဘာမကျေနပ်စရာရှိလဲ”
“အဲလိုတော့မဟုတ်ပါဘူး” ရှီမာယူယူ မပျော်ရွှင်စွာ ပြောသေလည် “ကျွန်တော် ပြန်ပေးလို့မရဘူးလား”
“မင်းက ငါ့ဆက်ခံသူမဖြစ်ချင်ဘူးလား”
“ဟုတ် မဖြစ်ချင်ဘူး” သူမသည် တည့်တိုးပင် ဖြေလိုက်သည်။
“ဘာလို့လဲ” အဘိုးနတ်ဆိုး မျက်နှာမည်းသွားသည်။ ဝူလင်းယူသည် သူ့ဆက်ခံသူမလုပ်ချင်ရင်တောင် ထားတော့ အခု သူမသည်လည်း ဆက်ခံသူမလုပ်ချင်ပေ။ သတင်းသာ ပျံ့သွားပါက သူတော့ လှောင်စရာဖြစ်တော့မည်။
“ကျွန်တော် ဒီအတိုင်းပဲ မကြိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။
“ဟားဟား” ဝူလင်းယူ ရယ်ကွဲတော့သည်။ သူ့အကြောင်းပြချက်မှာလည်း သူမအတိုင်းပင်…ဒါကြောင့်ပဲ သူကို ကြိုက်တာပဲမလား။
နှစ်ပေါင်းများစွာကြာမှပင် သူ သူမကို ကြိုက်သည်မှာ သေချာသွားသည်ကို သိလိုက်ရသည်။ သူ့ခံစားချက်အတိုင်း လိုက်သည်နှင့် သူတို့ဆီမှမရှောင်ရှားရန် ဆုံးဖြတ်ထားသည်။ သို့သော် သူမအား သူ့အပိုင်ဖြစ်ရန် ကြိုးစားရမည်။
“မင်းမကြိုက်ဘူးဆိုတော့ ရွေးစရာမရှိဘူးပေါ့” အဘိုးနတ်ဆိုးပြောလိုက်သည် “အခု သွေးလက်စွပ်က မင်းကို အသိအမှတ်ပြုတယ် ပြီးတော့ အဆင့်အမြင့်ဆုံးတွေတောင်မှ မင်းကိုအသိအမှတ်ပြုတယ်၊ မင်း ကြိုက်ကြိုက် မကြိုက်ကြိုက် ဆက်ခံသူဖြစ်မှာပဲ မင်းအစ်ကိုရဲ့ ခြေရာနင်းရဲတယ်ဆိုရင်တော့ မင်းခြေထောက်ကို ချိုးပစ်မယ်”
“အစ်ကိုလည်း အသိအမှတ်ပြုခံရတာလား၊ ဒါဆိုသူ့ကျ ငြင်းလို့ရပြီး ကျွန်တော်က ဘာလို့မရတာလဲ” ရှီမာယူူယူ စိတ်တိုစွာ ပြောလိုက်သည်။
“သူငြင်းလိုက်လို့ မင်းငြင်းလို့မရတာပေါ့” အဘိုးနတ်ဆိုးပြောလိုက်သည် “နောက်တစ်ခါ ထပ်ငြင်းရင် သွေးလက်စွပ်က ဒေါသထွက်တော့မယ် အရင်တုန်းက နောက်တစ်ခါ အငြင်းခံရတော့ နောက်လူ သေသွားတယ်”
“အဲလိုဖြစ်ခဲ့တာလား” ရှီမာယူယူ မျက်လုံးပြူးသွားသည်။
“ငါ စာအုပ်မှာ တစ်ခါဖတ်ဖူးတယ်” ဝူလင်းယူေုပြာလိုက်သည်။
ရှီမာယူယူသည် အရိုးခေါင်းနှင့် မိန်းမလှလေးဆီမှ အဆုံးမရှိသောစွမ်းအင်ခံစားရသည်ကို တွေးမိသည်။
“ကောင်းပြီ” သူမ ခေါင်းဆောင်နေရာအတွက် သွေးမထွက် သေဆုံးခြင်းရော မဖြစ်ချင်သောကြောင့် မငြင်းပဲ မဆိုင်းမတွပင် သဘောတူလိုက်သည်။
“လူအများကြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဝင်ချင်နေကြတာ ဒါပေမယ့် သူတို့မဝင်ရဘူး မင်းက ခေါင်းဆောင် ဆက်ခံသူနေရာကို ကမ်းလှမ်းခံရတာ ဒါပေမယ့် မင်းက ငြင်းပစ်တယ်ဟုတ်လား” အဘိုးနတ်ဆိုးသည် ဒေါသဖြင့် ပြောလေသည်။
ထိုအချက်တွင် ခေါင်းဆောင်ဆက်ခံသူနေရာအား လက်ခံခြင်းကို မပျော်ရွှင်ပဲ မေးလိုက်သည် “ဆရာ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ခေါင်းဆောင်ဆက်ခံသူ နှစ်ယောက်ရှိရမှာဆိုတော့ နောက်တစ်ယောက် လိုနေသေးတယ်ပေါ့”
“ဟုတ်တယ် နတ်ဆိုးစွမ်းအားရှင်ပဲ” အဘိုးနတ်ဆိုး ပြောလိုက်သည် “နောက်ကို မင်းသူ့ကို တွေ့ရင် အလိုလို သိမှာပါ”
သူမ ကြည့်လိုက်ရာ အဘိုးနတ်ဆိုးသည် ထိုလူနှင့် ပတ်သတ်၍ မပြောချင်သည့်ပုံဖြစ်နေ၍ ရှီမာယူယူသည် သိချင်စိတ်ကို မြိုသိပ်ထားရတော့သည်။
သူမသည် ကျောက်စိမ်းပုလင်းများထုတ်ကာ အဘိုးနတ်ဆိုးအား တစ်ခုပေးပြီး ကျန်တစ်ခုအား ဝူလင်းယူအား ပေးကာ ပြောလိုက်သည် “အခု ကျွန်တော့် စွမ်းအားနဲ့ဆိုရင် တစ်ယောက်ကို နှစ်စက်ပဲပေးနိုင်သေးတယ် ဆရာတို့ သုံးလို့ရပါတယ်”
“များတာပဲ” ရတနာကိုတွေ့သည်နှင့် အဘိုးနတ်ဆိုး၏ ဒေါသပြေသွားပြီး ပုလင်းဖွင့်ကာ အနံ့ရှုကြည့်လိုက်သည် “ဒါဘာလဲ”
“မြေနဂါးခြင်ဆီ အဆင့်၁ အထက်လို့ မှတ်ထားလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ရိုးရှင်းစွာပြောသော်လည်း သူတို့နှစ်ယောက်မှာ အံ့သြသွားလေသည်။ သူတို့သည် အသုံးပြုပုံကို နားလည်ပြီးဖြစ်လေသည်။
“ကျွန်တော် နေလို့မကောင်းဘူး ပြန်တော့မယ် ဆရာတို့နှစ်ယောက်ကို ကြည့်နေရင် ပိုအခြေအနေ ဆိုးလာလိမ့်မယ် ဟူး”
သူမ ပြောပြီးသည်နှင့် ငှက်လေးအားခေါ်ကာ တောင်မှ ထွက်ခဲ့လေသည်။
သူမသည် အလျော်မရသည့်အပြင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ ခေါင်းဆောင်ဖြစ်လာရမည်ကို သူမ မပျော်နိုင်ပေ။
သူမသည် မရူးမိုက်ပေ။ ထိုနေရာသည် သူမအား လူအများအားကျမည်၊ ထိုနေရာနှင့်ဆိုလျှင် သူမ မြင့်မြတ်သည့် လောကသွားမည်ဆိုလျှင်တောင် ကောင်းကောင်းနေရာရမည်။
သို့သော် သူမသည် တွေးခေါ်နိုင်သည်။ ထိုနေရာ ရလာပါက တာဝန်ယူမှုနှင့် အာဏာကိုပါ တစ်ချိန်တည်း ယူရမည်၊ သူမသည် အနာဂတ်တွင် အလုပ်များမည်ကို နားလည်လောက်အောင် ဉာဏ်ကောင်းသည်။ သူမသည် အရိုးထဲထိ ပျင်းရိကာ အနာဂတ်အကြောင်းစဉ်းစားမိလျှင် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ ကိစ္စအဝဝကို ဖြေရှင်းမည်ဟု တွေးလိုကသည်နှင့် မွမ်းကြပ်လာသည်။
“သူမ တကယ်မပျော်တာပဲ” ဝူလင်းယူသည် ရှီမာယူယူထွက်သွားသည်ကို ကြည့်ရင်း အဘိုးနတ်ဆိုးကို ပြောလိုက်သည်။
“သူမက နူးညံ့ပါတယ် နောက်ရက် နည်းနည်းလောက်ဆို အဆင်ပြေသွားမှာပါ” အဘိုးနတ်ဆိုးသည် လိပ်ပြာအရည်ပေါ်တွင် အာရုံရောက်ကာ ရှီမာယူယူအား အနည်းငယ်ပင် ဂရုမစိုက်ပေ။
ဝူလင်းယူသည် ကျောက်စိမ်းပုလင်းအားကြည့်ကာ ပြောလိုက်သည် “ကျွန်တော် ပညာရှိစံအိမ်တော်မှာ ရှိတုန်းက စာအုပ်ထဲမှာ လိပ်ပြာအရည်ကို မြင်ဖူးတယ်၊ ဒါနဲ့တော်တော်တူတယ် ကျွန်တော်မြင်တာသေချာတယ်”
“ဒါဆို ဒါဘယ်လို အရည်မျိုးလဲ”
“ရှားပါးတဲ့ ရတနာပဲ လိပ်ပြာအရည်” ဝူလင်းယူ ပြောလိုက်သည်။
အဘိုးနတ်ဆိုးသည် မှင်တက်စွာရပ်ကာ သူ့လက်ထဲမှ ပုလင်းအား မျက်လုံးပြူးဖြင့် ကြည့်လေသည်။ သူလည်း ထိုအကြောင်းအားကြားဖူးသည်။ ရုတ်တရက် သူ ရယ်မောတော့သည် “သူကတော့ တကယ့်ကို ပြောမပြနိုင်အောင် ကံကောင်းတဲ့သူပဲ”
ရှီမာယူယူသည် ကန်သို့ပြန်လာကာ ရေကို ဖြတ်ချထားသော ကျောက်တုံးများကို စိတ်တိုစွာ ဖြတ်လျှောက်လေသည်။ သူသည် ကိစ္စအားလုံးအတွက် မပျော်ပေ။
“ဘာဖြစ်လို့လဲ” သူမ တစ်ခုခုဖြစ်လာသည်ကို သိသောကြောင့် သူမဆီသို့လာကာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူသည် သူမကိုယ်သူမ စိတ်တိုကာ ကျယ်လောင်စွာပြောလည်း မတတ်နိုင်သည်ကို သိသည်။ သူမသည် သူမလက်တစ်ဖက်စာရှိသော အဝေးရှိကျောက်တုံးဆီသို့ လျှောက်သွားလေသည်။ သူမ ဝိညာဉ်စွမ်းအင်များစုစည်းကာ စိတ်တိုတိုဖြင့် ကန်ထဲသို့ ပစ်ထည့်လိုက်သည်။
“ဘုန်း ဘုန်း”
ကျောက်တုံးများကွဲကာ မျက်နှာပြင်တွင် ပူစီပေါင်းများ ထလာတော့သည်။
ရုတ်ရက်ပင် ကန်မှ အေးစိမ့်လာပြီး အားလုံး တုန်ယင်သွားလေသည်။
“အန္တရာယ်ပဲ ပြန်သွား တည်ဆောက်မှုအတွင်းကို တပ်ဆုတ်ကြ” ရှီမာယူယူသည် အလျင်စလိုအော်ကာ သူမကိုယ်တိုင်လည်း ပြန်ပြေးလေသည်။
ရှီမာယူယူမအော်ခင်ပင် အားလုံးသည် တည်ဆောက်မှုထဲသို့ ပြေးနှင့်ပြီးဖြစ်လေသည်။
ထိုအချိန်တွင် ရေကန်သည် နဂါးပွက်များကဲ့သို့ ဆက်ပွက်ကာ ရေပူပေါင်းများသည် မျက်နှာပြင်တွင် တက်လာကာ ကောင်းကင်သို့ စွမ်းအင်များ ပစ်လွှတ်လေသည်။ သို့သော် ကောင်းကင်သို့ တက်သော စွမ်းအင်များသည် မမြင်ရသော ပိတ်ထားမှုကြောင့် ကန်အတွင်းသို့ ပြန်ကျသွားလေသည်။
အဖြစ်အပျက်မှာ မြန်ဆန်လွန်းသဖြင့် နှစ်စက္ကန့်မျှကြာသော်လည်း ရှီမာယူယူနှင့် ကျန်သောသူများအတွက်တော့ ရာစုနှစ်တစ်ခု ကြာသွားသလိုပင်။ ထိုစွမ်းအင် ကန်သို့ပြန်ကျချိန်ကို စောင့်ရသည်မှာ အလွန်ကြာမြင့်၍ သူတို့ ကြမ်းပြင်သို့ကျသွားကာ အလွန်ကြောက်ရွံ့နေကြသည်။
အချိန်အတော်ကြာသောအခါ ရှီမာယူယူ သူမ အားအင်များ စုစည်းကာ အားစိုက်ထုတ်ပြီး မတ်တတ်ရပ်ကာ ကန်အား စူးစမ်းလိုက်သည်။