အပိုင်း (၂၉၄) – အဘိုးနတ်ဆိုး ကန်အတွင်းဝင်သွားခြင်း
Vol. 003 Ch. 294
“ဘာ…အဲဒါ ဘာကြီးလဲ”
ရှီမာမျိုးနွယ်တစ်ခုလုံးသည် ကန်တွင် ငါးမျှားသကဲ့သို့ လုံးဝ ရွှဲရွှဲစိုသွားတော့သည်။
“ကြောက်ဖို့ကောင်းလိုက်တဲ့ရောင်ဝါ…..”
အားလုံးသည် ထရန် ရုန်းကန်သော်လည်း လူအနည်းငယ်သာ မတ်တတ်ရပ်နိုင်ကြလေသည်။
ရှီမာယူယူသည် ဘေးတွင်ရပ်နေသော်လည်း သူမ ခန္ဓာကိုယ်မှလာသော တုန်ယင်မှုနှင့် ထိုအရာသည် သူမ ဝမ်းဗိုက်အား လှုပ်ခါလိုက်သည်ကို ခံစားရဆဲဖြစ်သည်။
နဂါးတန်ပြန်မြို့တော်မှ အားလုံးသည်လည်း မြေပေါ်သို့ လဲကျသွားလေသည်။ သူတို့သည် ဘာဖြစ်မှန်း မသိလိုက်သောကြောင့် အလွန်ကြောက်ရွံ့နေကြသည်။
အဘိုးနတ်ဆိုးနှင့် ဝူလင်းယူတို့်သည်လည်း အနီးအနားတွင်ရှိနေသဖြင့် တုန်ခါမှုကို ခံစားမိသဖြင့် သူတို့သည် ပျံလာကာ ရှီမာယူယူ ကန်ဘေးတွင် အန္တရာယ်ကင်းသည်ကို မြင်မှပင် သက်ပြင်းချနိုင်တော့သည်။
သူမသည် ကန်အားညွှန်ပြကာ ပြောလိုက်သည် “အဲဒါက ဒီကထွက်လာတယ်”
“အားလုံး အဆင်ပြေတယ်မလား ဘယ်လိုဖြစ်သွားတာလဲ” ဝူလင်းယူ မေးလိုက်သည်။
ရှီမာယူယူသည် နှာခေါင်းပွတ်ကာ သူမ ဒေါသဖြင့် ပြန်လာစဉ်တွင် ဖြစ်ပျက်သမျှကို ပြောပြလေသည်။
“ငါသွားကြည့်မယ်” အဘိုးနတ်ဆိုးသည် စိတ်ဝင်စားသွားကာ ပြောလိုက်သည်။
“အဘိုးကြီး အောက်ဆင်းမယ်ဆို သတိထားဦး” ဝူလင်းယူသည် အင်မတန်အားကြီးမှုကို ခံစားမိသဖြင့် ပြောလိုက်သည်။
“ငါ လွယ်လွယ်သေမယ့်ပုံပေါ်နေလား၊ ကောင်စုတ်လေး ငါ့ကို မကျိန်နဲ့” အဘိုးနတ်ဆိုးသည် ငေါက်လိုက်သည်။
“ဆရာ ဂရုစိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဒီသတ္တဝါက သန်မာပေမယ့် ငါ့ကိုတော့ မသတ်နိုင်ဘူး” အဘိုးနတ်ဆိုးသည် ဒူးနှစ်ဖက်ကို လက်ဖြင့် ဖက်ကာ ကန်ထဲသို့ ခုန်ဆင်းသွားလေသည်။
“ငါ သန့်စင်ခြင်းမြို့တော်သွားမှာ မင်းလိုက်မလား” ဝူလင်းယူ မေးလိုက်သည်။
ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။
“ငါသန့်စင်ခြင်းမြို့တော်ရောက်ရင် အကျိုးအကြောင်း သတင်းပေးလိုက်မယ်” ဝူလင်းယူ ပြောလိုက် သည်။
သူသည် မိခင်ကျောက်တုံးထုတ်ကာ တစ်ဝက်ခွဲပြီး ရှီမာယူယူအား တစ်ဝက်ပေးလိုက်သည်။
“ကောင်းပြီ” ရှီမာယူယူသည် ကျောက်တုံးယူလိုက်သည်။
“ငါသွားပြီ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ” ဝူလင်းယူသည် ရှီမာယူယူအား နောက်ဆုံးအကြိမ်ကြည့်ကာ ပျံသွားလေသည်။
ရှီမာမျိုးနွယ်ဝင်များသည် မလှုပ်မယှက်ရှိရာမှ ပြန်သတိရလာကာ ငြိမ်သက်နေသော ကန်ကိုကြည့်ကာ မေးလိုက်သည် “ကန်ထဲမှာဘာကြီးလဲ”
ရှီမာယူယူသည် အဘိုးနတ်ဆိုးအကြောင်းနှင့် သူမ သံသယဝင်ထားသည့် သားရဲတစ်သောင်းတောင်မှ သားရဲများကြောင့် တုန်ယင်မှုအကြောင်းများကို ပြောပြလိုက်သည်။
အားလုံးသည် ထိုသတင်းအားကြားသောအခါ မှင်တက်သွားသော်လည်း သူတို့သည် ဝေဒနာမေ့ ပျောက်ခြင်းကျွန်းမှ အဖြစ်အပျက်ကို သိထားသဖြင့် လျင်မြန်စွာ သဘောပေါက်ကြသည်။
“မင်းပြောသလိုဆို ဒီနေရာက အရမ်းအန္တရာယ်များတာပဲ” ရှီမာယူယန် မျက်မှောင်ကြုတ်လိုက်သည် “ငါတို့ တခြားနေရပြောင်းမလား အခုလောလောဆယ်ပဲ တပ်ဆုတ်မလား”
“လိုမယ်မထင်ဘူး” ရှီမာယူရန် ပြောလိုက်သည် “အဲဒီဟာက သားရဲတွေကို ဖိနှိပ်ထားတယ်ဆိုတော့ ဒါက ထိန်းချုပ်မှု ဗဟိုချက်ပဲ ဒီမှာက အလုံခြုံဆုံးပဲ”
“ငါလဲ အဲလိုထင်တယ်” ရှီမာယူလင်း ပြောလိုက်သည် “အဲဒီဟာက နှစ်ပေါင်းများစွာ မပေါ်လာဘူးဆိုတော့ ငါတို့ ဒီမှာခဏနေရင်တောင် ပြဿနာမဖြစ်လောက်ပါဘူး”
“ငါရောပဲ ပြောင်းရမှာပျင်းတယ် ကျောက်စိမ်းပြောတာကို နားထောင်ကြည့်ရတာ ဒီဂယက်က နောက်ရက် နည်းနည်းလောက်ကြာဦးမယ်”
ဆွေးနွေးပြီးနောက်တွင် ရှီမာမျိုးနွယ်သည် နေရန် ဆုံးဖြတ်လိုက်ပြီး သူတို့သည် ပုံမှန်အတိုင်းပင် ကိုယ့်အလုပ်ကိုယ်လုပ်ရန် ထွက်သွားလေသည်။ ထိုအချိန်တွင် သူတို့သည် ပုံမှန်ထက်စာလျှင် ကြောက်စိတ်ဝင် ခဲ့ကြသည်။
နောက်တစ်နေ့တွင် နဂါးတန်ပြန်မြို့မှလူများသည် ရောက်လာကာ မနေ့ကဖြစ်ခဲ့သော ကြောက်စရာ ကောင်းမှု ဖြစ်စေသော အဖြစ်အပျက်ကို သိချင်နေကြသည်။
“အကုန်အဆင်ပြေလား” တစ်စုံတစ်ယောက်သည် သံသယဝင်သေးကာ မေးလိုက်သည်။
“အားလုံးအဆင်ပြေတယ် မဟုတ်ရင် သူတို့ဘယ်လိုလုပ် ဒီကိုတောင် ရောက်လာမှာလဲ”
“အဲဒီ မနေ့ကစွမ်းအင်ပေါက်ထွက်မှုကြီးက ကြောက်ဖို့ကောင်းလို့ ငါ့ ဝိညာဉ်တောင် ထိုးထွက်သွားမလိုပဲ”
“အရမ်းကြောက်ဖို့ကောင်းတယ် အခုစဉ်းစားရင်တောင် တုန်နေတုန်းပဲ”
“င့ါခြေထောက်တွေ ပျော့ခွေသွားတယ်”
“ဒါပေမယ့် သူတို့က ဘာမှမဖြစ်ဘူးလား”
“သူတို့က အဲဒီ တုန်ခါမှုကို မခံစားရဘူးလားမသိဘူး”
“သူတို့ကို သွားမေးပါလား”
“ဟုတ်တယ် သွားမေးရအောင်”
သူတို့သည်လည်း ရှီမာမျိုးနွယ်ကို သွားမေးချင်သော်လည်း ရှီမာမျိုးနွယ်မှာ မနေ့ညက ထိုနေရာတွင်မရှိပဲ မနက်မှ ရောက်လာသောကြောင့် သူတို့လည်း မသိဟု ပြောလေသည်။
“ကြည့် သူတို့ အဲဒီတုန်ခါမှုကို တွေ့ဖူးလို့ ဘာမှမဖြစ်ပဲ ပုံမှန်လို သွားလာနေတာပေါ့”
“ငါတို့လည်း မနေ့ကဘာဖြစ်ခဲ့လဲ မသိသေးဘူး”
“ဒါပေမယ့် ကောလဟလကြားရတာတော့ တောင်အောက်မှာ သားရဲတွေရှိပြီး အဲဒီ စွမ်းအင်ပေါက်ကွဲမှုက အဲဒီ အကောင်ကနေထွက်လာတယ်လို့ ကြားတယ်”
“တကယ်ကြီးလား”
“တကယ်သာဆိုရင် ငါတို့် အန္တရာယ်မများဘူးလား၊ မနေ့ကတိုက်ခိုက်မှုက မြင့်မြတ်တဲ့လောကက စံတင်ဝိညာဉ်တွေထက်တောင် သေချာပေါက် ပြင်းထန်တယ် အနည်းဆုံး အံ့ဖွယ်အဆင့်ရှိမှ အဲဒါကို တောင့်ခံနိုင်မယ်ထင်တယ်”
“ဒီမှာတင်ရပ်သွားမယ်လို့ မထင်ဘူး” တစ်စုံတစ်ယောက်က သဘောမတူပေ “ငါ လအနောက် တိုင်းပြည်မှာ ရှိတုန်းက အဲဒီက ရောင်ဝါက သုံးရေမြို့ော်က အံ့ဖွယ်အဆင့်တွေကို ဖိနှိပ်ထားတာကို ခံစားမိတယ်၊ အဲဒါက မနေ့ကထက် အားနည်းတာသေချာတယ်”
“အံ့ဖွယ်အဆင့်ကို ဖိနှိပ်ထားတာလို့ ပြောနေတာလား”
“ဒီတိုင်းပြည်မှာ ဘာလို့ အားကောင်းတဲ့သတ္တဝါတွေ များနေတာလဲ”
“ဘယ်သူသိမလဲ”
“ဟူး သွားရအောင် ဒီမှာ နေလည်း အသုံးမဝင်ဘူး”
ရှီမာယူယူနှင့် တခြားသူများသည် စားနေရင်းနှင့် ကြားသော်လည်း သူတို့သည် ကိစ္စတစ်ခုလုံးကို မှန်ကန်အောင် ပြောနိုင်မည့်သူရှိမည်ကို မမျှော်လင့်ထားပေ။ သူမသည် ဘာထင်မြင်ချက်မှမပေးချင်ပေ အဘယ့်ကြောင့်ဆိုသော် အမှန်တရားကို သိသွားလျှင် ကြောက်ရွံ့သွားမည်ဖြစ်သောကြောင့်ပင်။
သူတို့သွားသည်ကို ကြည့်ရင်းနှင့် ဘေဂုံထန်သည် အသားကင်တစ်တုံးအား တူဖြင့် ညှပ်ကာ စားပြီး “ယူယူ မနေ့က ဘာဖြစ်လာတာလဲ နင့်ကြည့်ရတာ ဒေါသထွက်နေသလိုပဲ”
ထိုအချိန်တွင် ရှီမာယူယူ စိတ်ငြိမ်သွားပြီဖြစ်၍ တူနှင့် အသားတစ်ကိုက်စားပြီးနောက် သူမ သွေးလက်စွပ်ရခဲ့သည့် အကြောင်းကို ဘေဂုံထန်အား ပြောလိုက်သည်။
နားထောင်နေသော လူများသည် အံ့အားသင့်လေသည်။ သာမာန်လူသာ ထိုကဲ့သို့ ကမ်းလှမ်းခံရပါက မအိပ်နိုင်မစားနိုင် ပြုံးနေမည်ဖြစ်သည်။
သူမ လာခဲ့သည့်နေရာ၊ သူမသည် ပျင်းသည်ကို ဝေကျိရွှီနှင့် တခြားသူများ သိသဖြင့် သူမကို စကြလေသည် “မင်း ဒေါသထွက်တာမြင်ရတာ မြင်ခဲတယ်၊ မင်း ဆရာ့ကိုတွေ့ပြီးနောက်ပိုင်း ဒေါသချည်းထွက်နေရတာပဲ”
သူသည် ရှီမာယူယူ ဝူလင်းယူအား မြင်သည့်အချိန်ကို ပြောနေရာ သူမ ရန်ဖြစ်သည်နှင့်သာ အဆုံးသတ်လေသည်။ ထိုအချိန်က သူမ သူ့အားဆက်ဆံပုံသည် အားလုံးမြင်ရသည်မှာ ရယ်စရာပင်ဖြစ်လေသည်။
ရှီမာယူယူ ရယ်မောကာ စကားလမ်းကြောင်းလွဲပြီး မေးလိုက်သည် “နာလန်မျိုးနွယ် ခုတလောဘာတွေ လုပ်နေလဲ သူတို့ကို တွေ့ကိုမတွေ့ရဘူး”
“သူတို့ဘာလုပ်ရမှာလဲ ငါတို့လိုပဲပေါ့ ပြိုင်တိုက်ဖို့ သားရဲတွေ အမဲလိုက်နေတယ်” ရှီမာယူယန် ပြောလိုက်သည် “ငါတို့တွေ့တိုင်း ကန့်လန့်တွေပဲဖြစ်နေတာပဲ”
“ဟူမျိုးနွယ်က နှစ်ရက်အတွင်းရောက်မယ်လို့ကြားတယ်” ရှီမာယူရှင်းပြောလေသည်။
ရှီမာယူရှင်းနှင့် ရှီမာယူယန်တို့သည် မိန်းကလေးကျောက်စိမ်းရှာရန် နဂါးတန်ပြန်မြို့တော်သွားရာ တစ်စုံတစ်ယောက် ပြောလိုက်သည်ကို ကြားခဲ့သည်။
“ဟူမျိုးနွယ်ဟုတ်လား” ထိုနာမည်အား ရှီမာယူယူကြားလိုက်သည်နှင့် သူမ ဟူမောင်နှမအိမ်တွင် ရှိစဉ်က တစ်ယောက်နှင့် တစ်ယောက်ရိုက်ခဲ့သည်ကို တွေးမိသည်။
“ဟူမျိုးနွယ်အပြင် တခြားမျိုးနွယ်တွေလည်း လာမှာ၊ သူတို့ သားရဲတစ်သောင်းတောင်က ဖြစ်သွားတဲ့ကိစ္စရဲ့ အဆုံးကို မှန်းပြီးလောက်ပြီ” ရှီမာယူလန် ပြောလိုက်သည်။
“ဒါဆို ငါတို့….” ရှီမာယူယူ စကားမဆုံးခင်ပင် မိခင်ကျောက်တုံးကြောင့် သူမ အတွေး များပျက်သွားလေသည်။ သူလက်ထဲတွင် ရုတ်တရက်ပေါ်လာကာ စတင် ပူလာသည်။
သူမ ဝိညာဉ်စွမ်းအင် စုစည်းလိုက်ရာ မြင့်မြတ်သည့် လောကမှ ဝူလင်းယူအသံထွက်ပေါ်လာသည် “ဝိညာဉ်သားရဲတွေ နောက်ဆုတ်သွားပြီ ဘာမှမဖြစ်ရင် နှစ်ရက်အတွင်းကို ငါတို့ဂိတ်တွေ ပိတ်တော့မယ်”