အပိုင်း (၂၉၅) – သူတော်စင်မြို့တော်မှ အစည်းအဝေး
Vol. 003 Ch. 295
နောက်နှစ်ရက်အကြာတွင် သားရဲတစ်သောင်းတောင်တွင် ထူးခြားမှုတစ်စုံတစ်ရာ မရှိပေ။ နေ့ဖြစ် ညဖြစ်စေ ဝိညာဉ်သားရဲ တစ်ဝက်မပြောနှင့် သာမန်သတ္တဝါတစ်ကောင်မှပင် မတွေ့ရပေ။ ကောင်းကင်တွင် သားရဲတစ်ကောင် တမြီးမှ ရှိမနေပေ။
သူတော်စင်မြို့တော်တွင် အဆင့်မြင့်သောသူများစုဝေးကာ ပြီးခဲ့သည့် နှစ်ရက်က ဖြစ်ပျက်ခဲ့သည်များကို ဆွေးနွေးနေကြသည်။ အားလုံးသည် ယိလင်းတိုင်းပြည်မှထွက်လျှင် ထိုကဲ့သို့ တုန်ခါမှုဖြစ်ပေါ်မည်ကို ကြောက်ရွံ့နေကြသည်။
ဝူလင်းယူသည် သူတို့နှင့်အတူရှိနေကာ သက်ကြီးပုဂ္ဂိုလ်များအကြားတွင် ထင်ပေါ်နေသည်။
သူသည် ငယ်ရွယ်သော်လည်း သူ့အား အထင်သေးမည့်သူ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မြင့်မြတ်သည့်လောကမှဖြစ်ကာ ပညာရှိစံအိမ်တော်၏ သန့်စင်မြင့်မြတ်သော သားတော်ဖြစ်ကြောင်း အားလုံး သိသောကြောင့်ဖြစ်သည်။ သူသည် အလားအလာရှိကြောင်းကိုလည်း သူကိုယ်တိုင် သက်သေပြပြီးဖြစ်သည်။
“ဒီနှစ်ရက်အတွင်းကို ဘယ်သားရဲမှပေါ်မလာတော့ အားလုံး သေသွားတာများလား” သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ကမေးလိုက်သည်။
သူ့ဝတ်ပုံစားပုံကို ကြည့်လျှင် သူသည် အဂ္ဂိရတ်ပညာရှင်အသင်း၏ အကြီးဆုံး သက်ကြီးပုဂ္ဂိုလ်ဖြစ်ကြောင်း သိနိုင်သည်။
အဂ္ဂိရတ်ပညာရှင်အသင်းမှ သက်ကြီးပုဂ္ဂိုလ်တစ်ဦးသည် မသေချာသော အသံဖြင့် “ပြီးခဲ့တဲ့ ၂ရက်က နဂါးတန်ပြန်မြို့ကနေ ကြောက်စရာကောင်းတဲ့ ရောင်ဝါထွက်ခဲ့တယ်၊ ချုပ်ခံထားရတဲ့သတ္တဝါက ထွက်လာတာ ဖြစ်နိုင်တယ်၊ သားရဲတွေဆုတ်ခွာတာလည်း အဲဒါနဲ့ဆိုင်မလား…. ဥက္ကဌဝူ ခင်ဗျားက ကျွန်တော်တို့်ထက် သားရဲတွေအကြောင်းပိုသိတယ်၊ ဒီကိစ္စပြီးရင် ဘာဖြစ်လာမယ်ထင်လဲ”
သားရဲထိန်းကျောင်းသူအသင်း၏ အကြီးဆုံးသက်ကြီးပုဂ္ဂိုလ် လူကြီးမင်းဝူသည် မသေချာစွာ ပြန်ဖြေလေသည် “ပြီးသွားပြီလို့ထင်တာပဲ ပြီးခဲ့တဲ့ ၂ရက်ကဘာဖြစ်ခဲ့လိဲဆိုတာ ငါလည်းမသိဘေူး၊ ဒါပေမယ့် အဲဒီ မတော်တဆမှုက သက်ရောက်မှုဖြစ်လာမယ်ဆိုရင် သူတော်စင်မြို့တော့ ပျက်ဆီးခြင်းငါးပါးနဲ့ ရင်ဆိုင်ရလိမ့်မယ်”
“အနှေးနဲ့အမြန်ဖြစ်လာဖို့ကို နှစ်တစ်ရာလောက်တော့ အချိန်ရလောက်ပါတယ်၊ သူတော်စင်မြို့တော်က တောင့်ခံနိုင်ဖို့မျှော်လင့်ပါတယ် ဟူး”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီနေရာကို ကာကွယ်ရမယ်၊ ဒါ လူ ဆယ်သိန်းကျော်ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်နေတယ်” ပညာရှိစံအိမ်တော်၏ သခင်သည် ဖြောင့်မတ်စွာပြောလေသည်။
ဝူလင်းယူသည် သူ့ခုံတွင်ထိုင်ကာ ဝင်မပြောပေ။ သူသည် ထိုကဲ့သို့ အစည်းအဝေးမျိုးကို မတက်ရောက် ချင်သော်လည်း ရှီမာယူယူ ထိုအစည်းအဝေးအကြောင်းသိပါက သူ့အား သတင်းမေးမြန်းမည်ဖြစ်သည်။
“သားရဲစီးကြောင်းပြီးသွားတဲ့အချိန်ကစပြီး အားလုံးအေးဆေးနေတာ ငါတို့နောက်ဆုံးတော့ တည်ဆောက်မှုကို ဖွင့်လိုက်ရတော့မှာလား”
“ဖွင့်ဖို့အချိန်ရောက်နေပြီ နောက်ရက်နည်းနည်းကြာရင် နောက်ဆုံးအစည်းဝေးစတော့မယ် မျိုးနွယ်တွေကလည်း ဒီကနေပြောင်းချင်ကြမှာပဲ”
“မျိုးနွယ်နှစ်ခုရဲ့ မျိုးဆက်သစ်တွေ နဂါးတန်ပြန်မြို့ကို သွားကြပြီလို့ကြားတယ်”
“နာလန်မျိုးနွယ်နဲ့ ရှီမာမျိုးနွယ်”
“ဟူမျိုးနွယ်လည်း လာမယ်လို့ကြားတယ် ဒါပေမယ့် သူတို့က သူတို့လူကြီးတွေနဲ့လာကြမှာ”
“အဲလိုဆိုရင်တော့ ငါတို့ တည်ဆောက်မှုပိတ်ရမယ်”
“ငါ ခွင့်ပြုတယ်”
“ငါ သားရဲထိန်းကျောင်းသူအသင်းရဲ့ ခေါင်းဆောင်ကလည်း ခွင့်ပြုတယ်”
“အဂ္ဂိရတ်ပညာရှင်အသင်းကလည်း သဘောတူပါတယ်”
“ကျွန်တော်လည်း ပြောစရာမရှိပါဘူး”
တစ်သားတည်းဖြစ်သော မဲပေးပြီးနောက်တွင် အားလုံးသည် အစည်းအဝေးပြီးနောက်တွင် တည်ဆောက်မှုကို ပိတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
“ဒီအစည်းအဝေးအတွင်းမှာ ငါတို့ စွမ်းအားတွေတည်ထောင်လို့ရမယ်၊ ဒီတစ်ခါ အရည်အချင်းရှိတဲ့ လူငယ်တွေ လာမယ်လို့ကြားတယ်၊ သူတို့လာရင် ငါတို့ မျက်စိအစာကျွေးရတာပေါ့” တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“အဲမှာ အလားအလာကောင်းတဲ့ အဂ္ဂိရတ်ပညာရှင်ရှိတယ်လို့ကြားတယ်၊ အသက်က ၂၂နှစ် အဆင့် ၄၊ သူက အဂ္ဂိရတ်ပညာရှင်က ကလေးတွေထက် တော်နေတာ မဟုတ်ဘူးလား”
“ငါလည်း အဲအကြောင်းကြာတယ် ဒါပေမယ့် အဲကလေးက အဆင့် ၄လို့မထင်ရဘူး၊ သူက လီမူနဲ့ ပြိုင်တော့ နိုင်သွားတယ်၊ လီမူက အဆင့် ၄မလား၊ သူ အဆင့် ၅မဟုတ်ရင် အဲထက်မြင့်မယ်လို့ထင်တယ်”
“၂၂နှစ်နဲ့ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဟုတ်လား အဲကလေးက ပိုတော်တာပဲ”
“အဲဒါတင်မဟုတ်ဘူး လီမူက နာလန်ကလူတွေခေါ်ပြီး အဲသတင်းမှန်လားဆိုတာ သွားစစ်တယ်လို့ကြားတယ် နောက်ဆုံးတော့ လုံးဝ အတီးခံလိုက်ရတယ်ဆိုပဲ၊ လူကြီးမင်း ရှန် အဲဒါ ဘယ်လိုဖြစ်တာလဲ”
လူကြီးမင်းရှန်သည် ပထမတွင် ထိုကိစ္စအား မှတ်ချက်ပေးရန်ပြင်ထားသော်လည်း သူ့မျက်နှာမှာ အရောင်ပြောင်းသွားပြီး ထိုကိစ္စမှာ အဂ္ဂိရတ်ပညာရှင်အသင်းအတွက် အရှက်ရစရာဖြစ်သည်ဟု ထင်သည်။ အားလုံးရှေ့တွင် ထိုအကြောင်းအရာအား စပြောသောသူအား သူဒေါသထွက်နေလေသည်။
“ဒီအကြောင်းဆိုရင်တော့ သူတို့ လာတာစောင့်ပြီးမှာ မေးတာကောင်းမယ်” သူ အလျင်စလိုပြောလိုက်သည်။
ဝူလင်းယူသည် လူကြီးမင်းအားကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည် “အဲရက်မတိုင်ခင် ကျွန်တော် ဆရာ့ဆီသွားတဲ့လမ်းမှာ နဂါးတန်ပြန်မြို့ကို ဖြတ်သွားတော့ အဲနေ့က လီမူက ရှီမာမျိုးနွယ်ကို ပြဿနာ အရင်ရှာတယ်လို့ ကြားတယ်”
သူ ဆက်ပြောသည် “ရှီမာမျိုးနွယ်တကယ် အင်အားကောင်းလားဆိုတာ စမ်းချင်လို့ လီမူက နာလန်မျိုးနွယ်ကို အကူအညီတောင်းခဲ့တာ သူတို့က သုံးပွဲနိုင်ရင် အသိအမှတ်ပြုပြီး ထွက်သွားပေးမယ်လို့ပြောခဲ့တယ် ဒါပေမယ့် ရှီမာမျိုးနွယ်က သူတို့ကို တစ်ယောက်တည်းကပဲ အနိုင်ယူခဲ့တော့ အဂ္ဂိရတ်ပညာရှင်အသင်းက စကား တစ်မျိုးပြန်ပြောင်းပြီး အဂ္ဂိရတ်ပညာမှာ တစ်ယောက်ချင်းစီပြိုင်မယ်ဖြစ်သွားတာ”
သူ့စကားများကြားသည့် အခိုက်တွင် အားလုံးသည် လူကြီးမင်း၏ အမူအရာကို ခိုးကြည့်ကြလေသည်။ လူအုပ်ထဲမှ လူတစ်ယောက်မေးလိုက်သည် “အဲဒါ အမှန်ပဲလား၊ လီမူက အဲလို အသုံးမကျတဲ့သူလား….”
ထိုလူသည် အရှက်မရှိဟု အစပိုင်းတွင် ပြောရန်ဟန်ပြင်သော်လည်း လူကြီးမင်း၏ မျက်နှာကို မြင်လိုက်သောအခါ စကားပြောင်းသွားသည်။
“အဲဒါတွေက ကောလဟလနေမှာပါ၊ ကျွန်တော်တို့ သူတို့ပြန်လာတာ စောင့်ပြီး မေးကြည့်မှရမယ်၊ လူကြီးမင်းရှန်သည် သူ့ဂုဏ်သိက္ခာထိခိုက်သည်ဟု ခံစားရကာ သူကိုယ်တိုင်သည်လည်း ရှီမာမျိုးနွယ်အား အထင်မကြီးသော်လည်း လီမူအား ဒေါသထွက်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ သူတို့အားလုံးကို နှစ်သက်လာမည်မဟုတ်ပေ။
ထို့အတူပင် သူ့အား စကားပြောနေကြသောသူများကိုလည်း သူ မနှစ်သက်ပေ။ အသင်းခေါင်းဆောင်သည် ဒီနေ့မရှိသဖြင့် သူလာရောက်ကာ ဟာသအနေနှင့်သာ မှတ်ယူလိုက်တော့သည်။ သူ တိတ်တဆိတ်သာ ကြေကွဲနေရတော့သည်။
သူ လက်သီးကျစ်ကျစ်ဆုပ်ကာ သူ့ရင်တစ်ခုလုံး ဒေါသများဖြင့် လောင်မြိုက်နေသည်။
အစည်းအဝေးပြီးသည့်အခါတွင် သူတော်စင်မြို့တော် ဂိတ်ပေါက်များ ပိတ်လိုက်ကြသည်။ ရှီမာယူယူနှင့် တခြားသူများ သတင်းကြားသောအခါ သူတို့သည် သူတော်စင်မြို့တော်သို့ မနက်ကိုသွားရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအဖြစ်အပျက်ဖြစ်ပြီးသော နှစ်ရက်အတွင်းတွင် လူများသည် ကြောက်လန့်ကာ နဂါးတန်ပြန်မြို့တော်မှ ထွက်ခွာကြသည်။ ထို့ကြောင့် ဟူမျိုးနွယ်ရောက်လာသောအခါ အခန်းများ ငှား၍ရနေသည်။
“အစ်ကို ယူလင်းနဲ့ ကျန်တဲ့သူတွေ ဒီရောက်နေတယ်လို့ မင်းပြောတယ်လား” ဟူကျိကျောင်သည် ခံစားချက်များ မျိုသိပ်ကာ သူမ အစေခံအားမေးလိုက်သည်။
“သခင်မလေး ရှီမာမျိုးနွယ်က ကျွန်မတို့ထက် ရက်နည်းနည်းစောရောက်တယ်လို့ ပြောကြတယ်၊ သခင်လေးယူလင်းလည်း သူတို့နဲ့အတူတူပါပဲ” မက်မွန်သီးက ပြောလိုက်သည်။
“တကယ်လား ငါ သူ့ကို သွားရှာမယ်” ဟူကျိကျောင် လှုပ်ရှားတော့သည်။
“သခင်မလေး စောင့်ပါဦး သူတို့မြိုု့ထဲမှာ မရှိတော့ဘူးလို့ ကြားတယ်” မက်မွန်သီး ပြောလိုက်သည်။
“သူတို့ မြို့ထဲမှာ မရှိရင် သူတို့ဘယ်မှာလဲ” ဟူကျိကျောင်သည် သူမ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
“သူတို့က နယ်နမိတ်မရှိတဲ့ စခန်းချလို့နေရာကို သွားတယ်လို့ပြောတာ ကြားတယ်”
“ငါ သူ့ကိုသွားရှာမယ်” ဟူကျိကျောင်သည် သူမ စကတ်ကို မကာ ထပ်ပြေးသွားလေသည်။ သူမ တံခါးဖွင့် လိုက်ရာ တစ်စုံတစ်ယောက်နှင့် တိုက်မိလေသည်။
“ဘာတွေ အလျင်လိုနေတာလဲ” ဟူကျိယန်သည် တည်ငြိမ်စွာ သူ့ညီမကို ကြည့်လိုက်သည်။
“အစ်ကို အစ်ကိုယူလင်းနဲ့ ကျန်တဲ့သူတွေဒီမှာရှိတယ်တဲ့ သူတို့ကို သွားရှာမလို့” ဟူကျိကောင် တက်ကြွစွာ ပြောလေသည်။
“နေပါဦး” ဟူကျိယန်သည် ဟူကျိကျောင်အား တားလိုက်သည် “ငါလည်း သူ့ကိုတွေ့ချင်တယ် ငါမင်း နဲ့လိုက်ခဲ့မယ်”
“ကောင်းပြီ ကောင်းပြီ မြန်မြန်လာ”
သူတို့နှစ်ယောက် ကန်သို့ရောက်သောအခါ ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် ကန်ဘေးတွင် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ ရှီမာယူလင်းသည် တအံ့တသြ ဖြစ်နေသည်။
ဖက်တီးကျူ၊ ဝေကျိရွှီနှင့် ရှီမာမျိုးနွယ်မှ တခြားသူများသည် အနည်းငယ် ကွာဝေးသည့်နေရာတွင် ခေါင်းပေါ်တွင် ငှက်ရောင်စုံများ ဖြတ်ပြေးသည့်အောက်တွင် ငါးမျှားနေကြသည်။
ရှီမာယူယူအား မြင်သောအခါ ဟူကျိကျောင် စိတ်မချမ်းမြေ့တော့ပေ။ သူမသည် အန်ယန်းမြို့တော်တွင် ရှီမာယူယူ ရိုက်ခြင်းကိုခံဖူးကာ သူမ ဘက်မှ အံ့ဖွယ်အဆင့်သားရဲသည်လည်း သူမအား ခြောက်လန့်ဖူးသည်။ ရှီမာယူယူ ရှေ့တွင် သူမသည် လူရွှင်တော်တစ်ယောက်ကဲ့သို့ တန်ဖိုးမရှိသလို ခံစားရသည်။
ထိုကဲ့သို့ လူမျိုးအားမြင်သောအခါ သူမ သတ္တိများစုစည်းကာ လျှောက်သွားလိုက်သည်။