← Chapters

အပိုင်း (၂၉၆) – ပြဿနာစလာပြန်ပြီ

Vol. 003 Ch. 296

အပိုင်း (၂၉၆) – ပြဿနာစလာပြန်ပြီ

Vol. 003 Ch. 296

ဟူကျိယန်သည် သူ့ညီမထိုကဲ့သို့ ပြုမူနေသည်ကို မြင်သောအခါ တိတ်တဆိတ် သက်ပြင်းချမိသည်။ သူ ရှီမာယူလင်းရှိရာ လျှောက်လာပြီး လက်အုပ်ချီကာ ပြောလိုက်သည် “ညီအစ်ကို ယူလင်း”

“ညီအစ်ကိုကျိယန်လား မင်းတို့လည်း နဂါးတန်ပြန်မြို့ကိုလာတာလား” ရှီမာယူလင်းသည် မတ်တတ် ရပ်ကာ ပြန်နှုတ်ဆက်လေသည်။

ရှီမာယူယူသည် ဟူကျိယန်နှင့် သူ့ညီမတို့ ရောက်နေသည်မှာ ကြာပြီကို မြင်ပြီးသားဖြစ်သည်။ သို့သော် သူမသည် ဟူကျိကျောင်အား သဘောမတွေ့သဖြင့် အသိအမှတ်ပြု နှုတ်ဆက်ခြင်း မပြုပေ။

သူ့ညီမသည် အရင်က သူတို့အား အပြစ်လုပ်ဖူးကာ သူတို့စိတ်ထဲတွင် သူမအား ဘယ်လို သဘောထားသည်ကို ဟူကျိယန်သိသဖြင့် ဘာမှမပြောပေ။

“ငါ ကျိရွှီတို့နဲ့ ငါးသွားမျှားလိုက်ဦးမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ဝေကျိရွှီနျင့် တခြားသူများဆီသို့ လျှောက်သွားကာ ငါးမျှားတံကိုင်ပြီး ငါးမျှားတော့သည်။

ဟူကျိကျောင်သည် ရှီမာယူယူ၏ လုပ်ရပ်ကြောင့် စိတ်မသက်သာသော်လည်း ရှီမာယူလင်း ရှိနေသောကြောင့် ဘာမှမပြောပေ။ သူမသည် ရှီမာယူယူအား ပညာပေးနိုင်သည့် လူအားရှာရန် တိတ်တိတ်လေး တွေးနေမိသည်။

“အစ်ကိုယူလင်း ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ၊ ပြီးခဲ့တဲ့ရက်တွေက ဘာလုပ်နေတာလဲ၊ ကျွန်မတို့နဲ့ နဂါးတန်ပြန်မြို့ကို ပြန်လိုက်ချင်လား”

“မလိုဘူး ငါတို့ မနက်ဖြန်ကို သူတော်စင်မြို့တော်ကို သွားကြမှာ မင်းကို ဒုက္ခမပေးချင်ဘူး” ရှီမာယူလင်း ငြင်းလိုက်သည်။

“အစ်ကို မနက်ဖြန်သွားတော့မလို့လား သူတော်စင်မြို့တော်က တည်ဆောက်မှုကြီးကို အသက်သွင်းလိုက်ပြီလို့ ပြောနေကြတာ၊ သွားမယ်ဆိုရင်တောင် ဝင်လို့ရမှာမဟုတ်ဘူး” ဟူကျိကျောင်ပြောလိုက်သည်။

“မြို့တော်ရဲ့ ကာကွယ်ရေးတည်ဆောက်မှုက မကြာခင်ပိတ်တော့မှာ၊ ဒါပေမယ့် ဒီနေ့သွားဖို့ဆိုနောက်ကျနေလို့ မနက်ဖြန်စောစောသွားကြမှာ” ရှီမာယူလင်း ပြောလိုက်သည်။

“မြို့တော်ရဲ့ တည်ဆောက်မှုကြီးကပိတ်တော့မယ်ဆိုတာ ဘယ်လိုသိလဲ” ဟူကျိကျောင်သည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ယူယူ ပြောတာပဲ”

ဟူကျိကျောင်သည် နှုတ်ခမ်းဆူကာ “သူပြောတိုင်း ယုံတာပဲလား သူမြင်တောင် မမြင်ရပဲနဲ့”

ရှီမာယူလင်း ပေါ့ပါးစွာပြုံးကာ “ယူယူပြောတာတွေအကုန်လုံးက ဖြစ်လာတာပဲ”

ရှီမာယူယူသည် သူမ နာမည်ပြောနေသည်ကို ကြားသော်လည်း လှည့်မကြည့်ပေ။ သူမသည် ဝေကျိရွှီနှင့် တခြားသူများကို စကားဆက်ပြောနေသည်။

“အဲမုန်းစရာကောင်းတဲ့ မိန်းမလာပြန်ပြီ” ဖက်တီးကျူ ပြောလိုက်သည် “ငါတို့ကို ဆင်းရဲ့တယ်ဆိုပြီး ထပ်ပြောဦး မလားမသိဘူး”

“ပြောတော့မပြောလောက်ပါဘူး” ဝေကျိရွှီပြောလိုက်သည်။

“မဟုတ်ဖို့မျှော်လင့်ပါတယ် မဟုတ်ရင် ငါတို့မှာရှိသမျှကို ပူဇော်ပသရဦးမယ်” ဖက်တီးကျူပြောလိုက် သည်။

ရှီမာယူယူသည် ဖက်တီးကျူပြောလိုက်သည်ကို သဘောကျကာ ချက်ချင်းပင် ရယ်လိုက်သည်။

“ဟေး မင်းက ဆေးတွေ ဝိညာဉ်လက်နက်တွေ ရောင်းတာတောင် မင်းကို ဆင်းရဲတယ်ဆို ပြီးလုပ်သေးတယ် အာ.. ငါတစ်ကောင်မိပြီ အကောင်ကြီးတယ်၊ ဖက်တီးကျူ ငါးဖမ်းပိုက် ပြင်ထားပေး”

သူတို့သည် အလွန်သတ္တိကောင်းသည်ဟု ပြောလို့ရသည်။ အထဲတွင် အင်အားကြီးသည့်အကောင်ရှိသည်ကို သိသော်လည်း ငါးမျှားရဲသေးသည်။ သူတို့သည် ငါးမျှားခြင်း၏ အကျိုးဆက်ကို မကြောက်ပေ။ တခြားသူသာဆိုလျှင် နောက်ပြန်လှည့်မကြည့်ပဲ ပြေးကြမည်ဖြစ်သည်။

ညရောက်သောအခါ သူတော်စင်မြို့တော်သည် မြို့တော်၏ ကာကွယ်ရေးတည်ဆောက်မှုကို ပိတ်လိုက်ရာ အားလုံးသည် သူတော်စင်မြို့တော်အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာလို့ရသည်။

ထိုသတင်းသည် နဂါးတောင်တွင် နေ့လည်အရောက်တွင် ပျံ့သွားရာ ယူကျိယန်သည် သတင်းကြားလိုက်သောအခါ ရှီမာယူယူအား အံ့အားသင့်စွာ ကြည့်လိုက်သည်။

ရှီမာယူယူသည် နားမလည်နိုင်သော ခံစားမှုကို ပေးစွမ်းနိုင်သည်။

သူတော်စင်မြို့တော် ပြန်ဖွင့်သည်ဟု သိမှပင် နဂါးတောင်မှလူများသည် အသက်ရှုချောင်တော့သည်။ သူတို့သည် သူတော်စင်မြို့တော်ကို မနက်ဖြန်သွားလို့ရမည်ဆိုသောကြောင့် ပျော်ရွှင်ကြသည်။

ညရောက်သောအခါ လီမူသည် အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများခေါ်ကာ ကန်သို့ ရောက်လာသည်။ ကျောက်စိမ်းနှင့် ရှီမာယူယူနှင့် တခြားသူများအတူရှိနေသည်ကို မြင်သောအခါ လျှောက်သွားကာ ပြောလိုက်သည် “မိန်းကလေး သူတော်စင်မြို့တော်က ဖွင့်နေပြီ မနက်ဖြန်မနက်ကို သွားတော့မယ် ဒီမှာ ဒီလူတွေနဲ့ ဘာလုပ်နေတာလဲ”

ကျောက်စိမ်းသည် အေးစက်စွာ ကြည့်လိုက်သည်။ သူမ ပြောလိုက်သည် “စောသေးတယ်မလား ရှင်တို့အားလုံးနဲ့ ကျွန်မက ဘာလုပ်ရမှာလဲ”

“ဂိုဏ်းတူအစ်မ အားလုံးက အစ်မရဲ့ လုံခြုံရေးကို စိတ်ပူနေကြတယ်၊ အားလုံးကို ဘာလို့ အဲလို ဆက်ဆံရတာလဲ” အနီရောင်တိမ်တိုက်သည် စိတ်မချမ်းသာစွာ ပြောလေသည်။ သူမသည် ကျောက်စိမ်းနှင့် အားလုံး၏ ဆက်ဆံရေးကို ဖြန်ဖြေပေးနေသည်မှာ ထင်ရှားသည်။

“ငါက သူတို့ကို ဘာလုပ်နေလို့လဲ၊ ငါလုပ်နေတာကို မင်းတို့်ဘယ်တုန်းက ကောင်းကောင်းပြောလို့လဲ” ကျောက်စိမ်းသည် အနီရောင်တိမ်တိုက်အား ကြည့်လိုက်သည် “အရင်က မင်းတို့ကို ငါကောင်းကောင်း ဆက်ဆံခဲ့လို့ ကိုယ့်နေရာကိုယ် မသိတော့တာလား”

“အစ်မ ဘာလို့ စကားကို အဲလိုပြောရတာလဲ၊ အဲလိုမျိုးမလုပ်သင့်ဘူး” အနီရောင်တိမ်တိုက်သည် ပို့ချခြင်း ခံလိုက်ရသဖြင့် ကျောက်စိမ်းအား အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ရှင်တို့လည်း အဲလိုမလုပ်သင့်ဘူးလေ” ကျောက်စိမ်းသည် လီမူနှင့် ဝူဖန်အား ညွှန်ပြကာ ပြိုင်ဖက်များနှင့် ဖြစ်ခဲ့သည့် မတော်တဆအကြောင်းကို ပြောလိုက်သည်။

ရှီမာယူယူသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ငါးကိုင်နေရာမှ သူတို့အားမော့ကြည့်ကာ ပြောလိုက်သည် “ဘာလို့ ကျွန်တော်က ခင်ဗျားတို့ကို ရိုက်တယ်ဆိုပြီး လှည့်ပတ်ပြောနေတာလဲ ကိုယ့်အမေက မမှတ်မိတော့လောက်အောင် ရိုက်မယ်လို့ပြောတာဘယ်သူလဲ”

သူမ အသံသည် မကျယ်သော်လည်း အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများသည် မသိမသာ နောက်ဆုတ်သွားကြသည်။

“ရှီမာယူယူ မင်း ကြာကြာမာန် မတက်နိုင်ပါဘူး ငါတို့ သူတော်စင်မြို့တော်ရောက်တာနဲ့ မင်းကို ရှင်းမယ့်သူ ရှာမယ်” ဝူဖန်သည် ရှီမာယူယူအား လူသတ်မည့် အကြည့်ကြည့်လိုက်သည်။

“မသွားသေးဘူးလား” ရှီမာယူယူသည် ပျင်းရိစွာရပ်ကာ တစ်ဖွဲ့လုံးကို ကြည့်လိုက်သည်။

“ညီမ ပြန်လိုက်တာ ကောင်းမယ်၊ သူတို့နောက်လိုက်ရင် မင်း သူတော်စင်မြို့တော်ကို လုံလုံခြုံခြုံရောက်မှာ မဟုတ်ဘူး” လီမူပြောလိုက်သည်။

“အဲဒါကို စိတ်ပူဖို့မလိုပါဘူး” ကျောက်စိမ်းသည် စိမ်းကားစွာ ပြောလိုက်သည်။

လီမူသည် သူမအား တစ်ချက်ကြည့်ပြီး လက်ရမ်းကာ ပြောလိုက်သည် “သွားရအောင်”

“ငါ ပါးစပ်ပျက်အောင်လာလုပ်နေတယ်” ရှီမာယူယူသည် ဆောင့်ကြောင့်ပြန်ထိုင်ကာ ငါးပြန်ကိုင်နေသည်။ ရုတ်တရက်ပင် သူမ နှာခေါင်းဆိတ်ကာ မျက်လုံးမှာ တောက်ပလာသည်။

“ဘာဖြစ်လို့လဲ” ဘေဂုံထန်သည် တစ်ခုခုဖြစ်နေသည်ကို ချက်ချင်းသတိထားမိကာ မေးလိုက်သည်။

ရှီမာယူယူ အေးစက်စွာ အသက်ရှုထုတ်ကာ “တစ်ယောက်က လက်ဆောင်ကြီးပေးမှတာ့ ငါတို့ကလည်း ပြန်ပေးရမယ်မဟုတ်ဘူးလား”

“ဘာဖြစ်တာလဲ” ရှီမာယူယူ ပြောသည်ကို တခြားသူများကြားသည်နှင့် ပြေးလာကြသည်။

ရှီမာယူယူ ဘာမှမပြောပဲ ကျောက်စိမ်းဘက် လှည့်ကြည့်ပြီး ပြောလေသည် “မိန်းကလေး ကျောက်စိမ်း မှောင်တော့မယ် မကောင်းတာတွေ ဖြစ်မလာခင် ထွက်သွားတာကောင်းမယ်”

“ကျွန်မ……”

ကျောက်စိမ်းသည် နေချင်သည်ဟု ပြောချင်သော်လည်း လီမူနှင့် တခြားသူများ သူတို့အား တစ်ခုခု လုပ်မည်ကို ကြောက်သည်။ သို့သော် ရှီမာယူယူအပြုအမူအား နားလည်သောကြောင့် မလိုအပ်ပဲ စိုးရိမ်နေသည်ဟု ခံစားမိသည်။

“ကောင်းပြီ ကျွန်မ အရင်ဆုံးသွားနှင့်တယ်၊ ရှင်တို့အားလုံး သူတော်စင်မြို့တော်သွားရင် ဘေ၊ယန်နဲ့ လီမျိုးနွယ် တို့ကိုရှောင်တာ ကောင်းမယ်” သူမ အကြံပေးသည်။

ရှီမာယူယူလှည့်ကာ ရှီမာယူလင်းအား ကြည့်လိုက်သည်။

ရှီမာယူလင်းသည် သူမ ဆိုလိုသည်ကို နားလည်သောကြောင့် ဟူမျိုးနွယ်မောင်နှမကို ပြောလိုက်သည် “ညီအစ်ကို ကျိယန် နောက်ကျနေပြီ၊ အရင်သွားနှင့်ပါလား၊ ကျွန်တော်တို့ သူတော်စင်မြို့တော်ကို အတူတူသွားမယ်ဆိုတော့ မနက်ဖြန်မနက်မှ တွေ့ကြမယ်လေ”

ဘာဖြစ်မှန်းကို ဟူကျိယန်မသိသော်လည်း တစ်ဖက်လူမှ ထိုကဲ့သို့ပြောလာသဖြင့် ဟူကျိကျောင်အားခေါ်ပြီး နဂါးတန်ပြန်မြို့တော်သို့ ပြန်သွားသည်မှအပ ရွေးချယ်ရန်မရှိပေ။

အားလုံး ပြန်သွားချိန်တွင် ဖက်တီးကျူ မေးလိုက်သည် “ယူယူ ဘာလဲ”

“ကိုယ့်လူတို့ အနံ့ခံကြည့် အနံ့မွှေးမွှေးလေးမရဘူးလား” ရှီမာယူယူ ပြောလိုက်သည်။

ဖက်တီးကျူနှင့် ရှီမာမျိုးနွယ်တို့အားလုံးသည် အနံ့ခံကြည့်သော်လည်း ခေါင်းခါကာ ပြောလိုက်သည် “ဘာအနံ့မှ မရဘူး”

“လီလီအနံ့ပဲ အဲအနံ့ကမသိသာတော့ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ မရင်းနှီးရင်တော့ အနံ့မရမှာ ပုံမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည်။

“လီလီအနံ့က ဘာလဲ”

“ဝိညာဉ်သားရဲတွေကို အထူးဆွဲဆောင်နိုင်တယ် ပြီးတော့ အံ့ဖွယ်သားရဲတွေအတွက် အထူးသက် ရောက်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီနေ့ညတော့ ဝိညာဉ်သားရဲတွေ အများကြီးလာလည်တော့မယ်”

“ဒါဆို ဘာလုပ်ကြမလဲ” ရှီမာယူရှင်း ကြောက်သွားသည်။

သူတို့တွင် အံ့ဖွယ်သားရဲများရှိသော်လည်း ဝိညာဉ်သားရဲများလာမည်ဆိုသောကြောင့် သူတို့သည် မနိုင်နိုင်ပေ။

“ဘာလုပ်ရမှာလဲ ခါတိုင်းလိုပဲပေါ့” ရှီမာယူယူသည် မစိုးရိမ်ပေ။

“ဒါပေမယ့် လီမူနဲ့ တခြားသူတွေလာကတည်းက စောင့်ကြည့်နေတာ သူတို့ ဘာမှမလုပ်ပါဘူး ဘယ်လိုလုပ် လီလီပန်းအနံ့ ဖြန့်သွားလိုက်တာလဲ”

All Chapters