← Chapters

အပိုင်း (၂၉၇) – အံ့ဖွယ်သားရဲအုပ်ရောက်ရှိခြင်း

Vol. 003 Ch. 297

အပိုင်း (၂၉၇) – အံ့ဖွယ်သားရဲအုပ်ရောက်ရှိခြင်း

Vol. 003 Ch. 297

ထိုမေးခွန်းသည် အားလုံး၏စိတ်တွင်မေးချင်နေသော မေးခွန်းဖြစ်သည်။

သူတို့သည် အဂ္ဂိရတ်ပညာရှင်အသင်းနှင့် တင်းမာထားသဖြင့် လီမူနှင့် တခြားသူတို့ ရောက်လာသည်မှ စ၍ စောင့်ကြပ်နေခဲ့သည်။ သူတို့သည် မျက်ခြေမပြတ်စောင့်ကြည့်သော်လည်း ဘာမှကို မဖမ်းမိခဲ့ပေ။

“အဲ လီလီအနံ့က သူတို့ခန္ဓာကိုယ်ပေါ်ကို ပျံ့နေလောက်ပြီထင်တယ်” ရှီမာယူယူ ပြောလေသည်။

“ဒါပေမဲ့ အဲလိုဆိုရင် သူတို့ မတိုက်ခိုက်ခံရဘူးလား” ရှီမာယူလန် နားမလည်ပေ။

“ဒါပေမဲ့ သူတို့အခုဘယ်မှာလဲ” ရှီမာယူယူသည် သူမအား မေးခွန်းပြန်မေးလိုက်သည်။

“သူတို့ နဂါးတန်ပြန်မြို့ကို ပြန်သွားကြပြီ” ရှီမာယူလန် ပြောလိုက်သည်။ ထို့နောက် သူမ နားလည်ကာ “နဂါးတန်ပြန်မြို့တော်မှာ ကာကွယ်ရေးတည်ဆောက်မှုရှိတယ်၊ ဝိညာဉ်သားရဲအုပ်လာနေပြီဆိုတာ မြင်တာနဲ့ နဂါးမြို့တော်ကလူတွေက တည်ဆောက်မှုကို သေချာပေါက် အသက်သွင်းမှာပဲ၊ သူတို့အထဲမှာဆိုတော့ ဘာမှမဖြစ်လောက်ပါဘူး”

“မဆိုးပါဘူး” ရှီမာယူယူ ခေါင်းညိတ်သည်။ “မနက်ဖြန် မနက်ရောက်တာနဲ့ သူတို့ခန္ဓာကိုယ်ပေါ်က လီလီပန်းအနံ့ ပျောက်သွားလောက်ပြီ၊ သူတို့ထွက်လာလည်း ပြဿနာမဖြစ်လောက်ပါဘူး”

“အဲဒီ အဂ္ဂိရတ်ပညာရှင်တွေ….တစ်ယောက်ချင်းစီက  ချွတ်ယွင်းချက်ရှိနေတယ်” ရှီမာယူရှင်းသည် ဝေဖန်လေသည်။

“ကိစ္စမရှိဘူး၊ သူတို့ ဒီနေ့ဘာလုပ်လုပ် ငါတို့သေချာပေါက် ပြန်ပေးမှာပဲ” ရှီမာယူယူ အေးစက်စွာ ပြုံးလိုက်သည်။

ထိုဇာတ်ကွက်သည် သူမ ပြင်ဆင်ထားသော အကောင်းဆုံး လက်စားချေခြင်းပင်ဖြစ်သည်။

“ဒါဆို အခု ငါတို့ဘာလုပ်ကြမလဲ” ရှီမာယူလင်း မျက်မှောင်ကြုတ်လိုက်သည်။

“အဲတည်ဆောက်မှု နောက်ဆုံးပိတ်ချပြီးကတည်းက ငါတို့ မသုံးဖူးသေးဘူး၊ ဒီနေ့ညတော့ သူ့စွမ်းအားကို ကြည့်ရမှာပေါ့” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

ထိုကဲ့သို့ တည်ဆောက်မှုမျိုးကို သူမ ရှီမာလင်းဆီမှ သင်ထားခြင်းဖြစ်သည်။ ထိုတည်ဆောက်မှုသည် နဂါးတန်ပြန်မြို့တော်တွင် အသုံးပြုထားသည့် တည်ဆောက်မှုထက် အနည်းငယ်မျှ အားနည်းချက်မရှိပေ။

သူမ ပြောသည်ကို ကြားသည်နှင့် ရှီမာမျိုးနွယ်ဝင်တို့အားလုံး စိတ်အေးသွားရသည်။

ရှီမာယူလင်းသည် သူမအား ကြည့်လိုက်ရာ သူမ မျက်နှာမှ ယုံကြည်ချက်အပြည့်ရှိသည်ကို တွေ့လိုက်ရသည်။ သူမသည် ကြိုးစားမကြည့်တောင် တခြားသူများကို လုံခြုံသည့်ခံစားချက် ပေးနိုင်သည်ကို စဉ်းစားရင်း သက်ပြင်းချမိသည်။ သူမသည် တခြားသူများကို ယုံကြည်ချက်ဖြစ်စေသည်။

အားလုံးသည် ဘာမှမဖြစ်သလိုပင် လုပ်နေကျအလုပ်ကိုပင် ဆက်လုပ်နေကြသည်။

ပုံရိပ်တစ်ခုသည် တောင်မှ ဆုတ်ခွာကာ နဂါးတောင်ဆီသို့ ပြေးသွားလေသည်။ ရှီမာယူယူသည် ထိုနေရာသို့ကြည့်ပြီး သူမနှုတ်ခမ်း အနည်းငယ်ကွေးတက်သွားပြီး သူမ မျက်လုံးများသည် အေးစက်သော အကြည့်များဖြစ်သွားသည်။

နဂါးတန်ပြန်မြို့တော်တွင်….. လီမူသည် ရှီမာယူယူနှင့် တခြားသူများ လီလီအနံ့ ပြဿနာအား မဖော်ထုတ်နိုင်ပဲ ကန်မှ ထွက်ခွာခြင်းမရှိသည်ကို သတင်းပြန်ကြားသည်။

“ဟင်း ညရောက်ရင် သူတို့ကို ဘယ်သူကယ်နိုင်မလဲ ကြည့်ကြတာပေါ့” လီမူ ပြောရင်းနှင့် ရယ်လိုက်သည်။

အနီရောင်တိမ်တိုက်သည် သူတို့ဘေးတွင် ရပ်ကာ ပြောလိုက်သည် “အစ်ကိုလီမူ ရှီမာမျိုးနွယ်က မျိုးဆက်တွေ အဲမှာ အကုန်သေသွားရင် ရှီမာမျိုးနွယ်က လာပြီး ပြဿနာမရှာနိုင်ဘူးလား”

“ဘာတွေ ကြောက်နေတာလဲ” လီမူသည် လုံးဝ စိုးရိမ်ခြင်းမရှိကာ ပြောလိုက်သည် “ငါတို့ လုပ်တယ်ဆိုတာ ဘယ်သူသိမှာလဲ လီလီပန်းအနံ့က မနက်ဖြန်မနက်ဆိုရင် ပျောက်ပြီ၊ ပြီးတော့ ဘယ်သူမှ သဲလွန်စ မရှာနိုင်ဘူး၊ ပြီးတော့ သူတို့ ရှီမာမျိုးနွယ်မှာ မျိုးဆက်သစ်တွေမရှိတော့ဘူးဆိုရင် အဆင့်၁စွမ်းအားရှင် တွေ ကျန်သေးတယ်မလား၊ မမေ့နဲ့ ငါတို့ကလည်း အဂ္ဂိရတ်ပညာရှင်အသင်းပဲလေ ငါတို့ကို ဘယ်သူ ပြဿနာရှာရဲမှာလဲ”

“အစ်ကိုပြောတာမှန်တယ်” ဝူဖန်သည် စိတ်လှုပ်ရှားနေသည်။

“ဒါဆိုရင် ဒီနေ့ည ကစားပွဲကို စောင့်ကြည့်ရတော့မှာပေါ့” အနီရောင်တိမ်တိုက်သည် သူမ စိုးရိမ်မှုများကို ဘေးချိတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“အင်း တည်ဆောက်မှုကို အသက်သွင်းဖို့ ပြင်ဆင်ဖို့ကို မြို့ဦးစီးမှူးကို သွားသတိပေးရအောင်၊ မဟုတ်ရင် ငါတို့လည်း ဝင်ပါသွားမယ်” လီမူ ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ အစ်ကို”

တစ်စုံတစ်ယောက်သည် အပြင်သို့ပြေးထွက်သွားကာ မြို့ဦးစီးမှူးကို သွားသတိပေးလေသည်။ သို့သော် သူတို့ လီလီပန်းအနံ့ဖြန့်လိုက်ခြင်းအတွက် ဖြစ်လာမည့်ကိစ္စဖြစ်သည်ကိုတော့ မပြောပေ။ သူတို့သည် အံ့ဖွယ်သားရဲများ သူတော်စင်မြို့တော်ကို ဦးတည်၍ လာနေပြီဟူသော သတင်းကိုသာ ပေးခြင်းဖြစ်သည်။

မြို့ဦးစီးမှူးသည် အနည်းငယ် သံသယဝင်မိသည်။ ဝိညာဉ်သားရဲတွေရဲ့ လှုပ်ရှားမှုက ပြီးသွားပြီမလား။ သူတို့ဘာလို့ ဒီနေရာကို လာတိုက်ခိုက်ချင်တာလဲ။

ညရောက်သောအခါ ရှီမာယူယူနှင့် တခြားသူများသည် ကန်အနားတွင် ကစားနေကြသည်မှာ လီမူတို့ စောင့်ကြည့်ရန် လွှတ်ထားသော လူအား စိတ်သက်သာရာရစေသည်။

သူတို့သည် ရှီမာမျိုးနွယ်များ ကြားထဲတွင် မူမမှန်ဟု ခံစားမိကာ နဂါးတန်ပြန်မြို့တော်ကို ပြန်သွားမည်ကို စိုးရိမ်နေကြသည်။ ထိုကဲ့သို့ဖြစ်လာပါက ဒီနေ့အတွက် သူတို့အားစိုက်ထားသမျှမှာ အလဟသဖြစ်သွားမည်။

ရှီမာယူယူသည် ဖက်တီးကျူ လုပ်ထားသော ဝိညာဉ်ကိရိယာဖြင့် အသားများ ကင်နေလေသည်။ သူမသည် ကင်ရန် လျှပ်စစ်မလိုပဲ ဝိညာဉ်ချီသာ လိုအပ်သည်။ ဖက်တီးကျူသည် အနည်းငယ် တုံးအသလို ထင်ရသော်လည်း လက်နက်များကဲ့သို့ ပစ္စည်များ ဖန်တီးရာတွင် မျှော်လင့်ထားသည့်အတိုင်း အရည်အချင်းရှိသည်။ ရှီမာယူယူသည် မုန့်ဖိုအသုံးပြုနည်းအားရှင်းပြလိုက်သည်နှင့် သဘောပေါက်ကာ ဖန်တီးနိုင်လေသည်။

အကင်ဖိုဖန်တီးရန် စဉ်းစားရန် ရက်အနည်းငယ်တော့ သုံးလိုက်ရသည်။ သူသည် အားလုံး၏ တောင်းဆိုချက်အတိုင်း ဒီနေ့ကို အချိန်ဖြုန်းရန် အားလုံးရှေ့တွင် ကိရိယာကို တီထွင်လေသည်။

သူ့လက်မှုပညာအား မြင်ရမည်ဟုကြားသည်နှင့် ရှီမာမျိုးနွယ်ဝင်များ အလွန်စိတ်လှုပ်ရှားကြသည်။ သို့သော် သူသည် ရှီမာယူယူတွက် အကင်ဖိုဖန်တီးမည်ဟု ကြားလိုက်သည်နှင့် မှင်တက်သွားကြသည်။ ဒီကောင်က တကယ်ကို အရိုက်ချခံနေရတာပဲ။ သူ့အရည်အချင်းတွေကို ဒီလိုပဲ အသုံးချခံတော့မှာလား။ ထိုသို့ စဉ်းစားကြသော်လည်း သူတို့သည် ပြေးသွားကာ ကြည့်နေကြဆဲပင်။

ရှီမာယူယူသည် သူ ကိရိယာတီထွင်သည်ကို မမြင်ဖူးခဲ့ပေ။ သူမသည် သူ့ကို အမြဲတမ်း သူမလိုချင်သည့် ပစ္စည်းကို ပြောလိုက်သည်နှင့် သူသည် သူမအား ပြီးစီးပြီးပစ္စည်းကို ပေးပြီးသားပင်။ သူမ သူ့အား ဂရုတစိုက် စောင့်ကြည့်ရန် ပထမဆုံး အကြိမ်ဖြစ်သည်။

ရုတ်တရက်ပင် သူမသည်တောင်ထိပ်အား ကြည့်ကာ ပြောလိုက်သည် “သူတို့ရောက်လာပြီ”

အားလုံး သဘောပေါက်လိုက်ကြသည်။ အုပ်လိုက် လာကြနေပြီ။

“ဝေါင်း”

“ဘုန်း”

ဝိညာဉ်သားရဲအုပ်သည် နေဝင်ခြင်းကို ဖြတ်ကျော်ကာ တောင်မှ ဆင်းလာလေသည်။ သူတို့မျက်လုံးများသည် ရူးသွပ်နေကာ တက်ကြွခြင်းများ ဖြစ်ပေါ်နေကြသည်။

“များလိုက်တာ” အားလုံးသည် မရေမတွက်နိုင်သော အံ့ဖွယ်သားရဲများ မြင်လိုက်သောအခါ ဆွံ့အသွားလေသည်။

“မလာတော့လည်း မလာလို့ လာတော့လည်း အုပ်လိုက်ပါလား” အားလုံးသည် မှင်တက်နေကြသည်။

“ဘာတွေဖြစ်နေတာလဲ ဘာလို့ သူတို့အကုန် အတူလာကြတာလဲ”

“လီလီပန်းအနံ့က ညဆိုပိုကြီးတယ်၊ နေ့ကတည်းကအနံ့ရနေတဲ့ ဝိညာဉ်သားရဲတွေက သူတို့ကိုယ် သူတို့ ထိန်းချုပ်နိုင်သေးတယ်၊ ဒါပေမဲ့ ညရောက်တာနဲ့ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘူး” ရှီမာယူယူသည် မြေထဲသို့ ဝိညာဉ်စွမ်းအင်ထည့်ရင်း ရှင်းပြလေသည်။ တည်ဆောက်မှုသည် အသက်ဝင်လာကာ အားလုံးကို အထဲတွင် ခြုံငုံထားလိုက်သည်။

မြို့ဦးစီးမှူးလွှတ်လိုက်သော လူများသည်လည်း အံ့ဖွယ်ဝိညာဉ်သားရဲအုပ်ကို မြင်သည်နှင့် ထိုနေရာမှ ထွက်ကာ တောင်ဘက်သို့ အော်လိုက်ကြသည် “ဝိညာဉ်သားရဲတွေလာနေပြီ ကာကွယ်ရေးတည်ဆောက်မှုကို အသက်သွင်းတော့ အားအကောင်းဆုံးကို လုပ်”

မြို့ဦးစီးမှူးသည် ထိုညတွင် ကျင့်ကြံခြင်းမရှိပဲ အပြင်မှ အခြေအနေကို စောင့်ကြည့်နေသည်။ သူသည် တောင်ဘက်မှ အသံများကိုကြားသည်နှင့် တည်ဆောက်မှုသခင်များကို ချက်ချင်းအမိန့်ပေးလိုက်သည် “အကြီးဆုံး တည်ဆောက်မှုကို မြန်မြန်အသက်သွင်းကြ”

သူ့အသံသည် မြို့၏ ထောင့် ၈ထောင့်ကို ပြန့်သွားကာ ဝိညာဉ်နယ်ရှင် ၈ယောက်တို့သည် ချက်ချင်း လှုပ်ရှားကြသည်။ သူတို့သည် ချက်ချင်းပင် မြေကြီးထဲသို့ ဝိညာဉ်ချီများ သွင်းကာ တည်ဆောက်မှုအား အသက်သွင်းလိုက်ကြသည်။ တချို့သောနေရာများသည် အဖြူရောင်အလင်းတန်းများ ကောင်းကင်ပေါ်သို့ ထိုးထွက်ကြပြီး နဂါးတန်ပြန်မြို့တစ်ခုလုံးအား ခြုံငုံလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ”

“တစ်ခုခုဖြစ်နေတာလား”

“သူတို့ ဘာလို့တည်ဆောက်မှုကို အသက်သွင်းတာလဲ”

“အံ့ဖွယ်သားရဲစီးကြောင်းကြီးပဲ” တောင်ပေါ်မှ တစ်စုံတစ်ယောက်သည် အော်လိုက်ရာ အားလုံးသည် လက်ရှိအခြေအနေကို သဘောပေါက်သွားကြသည်။

လူအများသည် အပြင်ဘက်မှ အခြေအနေအားကြည့်ရန် တောင်ထိပ်သို့ ပျံတက်သွားကြသည်။ သူ့သည် ထိုနေရာသို့လာနေသော ဝိညာဉ်သားရဲအုပ်အား မြင်သည်နှင့် ချက်ချင်းပင် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ဘုရားရေ ဝိညာဉ်သားရဲစီးကြောင်းက ပြီးသွားပြီမလား၊ သားရဲတစ်သောင်းတောင်က ညမှာ မလုံခြုံရင်တောင် အဲလောက် အံ့ဖွယ်သားရဲအများကြီး မဖြစ်သင့်ဘူး”

“မဖြစ်ဘူး ရှီမာမျိုးနွယ်လူတွေက အပြင်မှာပဲရှိသေးတယ်”

“ရွေးချယ်စရာမရှိဘူး၊ တည်ဆောက်မှု အသက်ဝင်သွားရင် ဘယ်သူမှ ဝင်လို့ ထွက်လို့မရဘူး၊ သူတို့ ဝင်ဖို့ နည်းလမ်းမရှိတော့ဘူး”

“ဒါဆို သူတို့အန္တရာယ်မများဘူးလား”

“အစ်ကိုယူလင်းက အပြင်မှာပဲရှိသေးတယ် အဖေ သူတို့ကို ကယ်ပါဦး” ဟူကျိကျောင်သည် စိုးရိမ်စွာ အော်လိုက်သည်။

“နောက်ကျသွားပြီ တည်ဆောက်မှုက အသက်ဝင်နေပြီ၊ တည်ဆောက်မှုကို မဖျက်ချသ၍ အပြင်ထွက်ဖို့ နည်းလမ်းမရှိဘူး”

“ဒါဆို သမီးတို့ဘာလုပ်ကြမလဲ” ဟူကျိကျောင်သည် ငိုတော့မည့် ပုံပေါက်နေသည်။

“ဒါကတော့ ကောင်းကင်ရဲ့ သဘောအရပဲ”

“အပြင်မှာ အံ့ဖွယ်သားရဲတွေအများကြီးပဲ ပြီးတော့ အများစုက စံတင်ဝိညာဉ်တွေပဲ သူတို့လွတ်ဖို့ မလွယ်ဘူး” အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများသည် ကံစီမံရာအတိုင်း ပြောနေကြသည်။

ထိုပဲ့တင်သံများသည် နေရာရှိ လူအားလုံးမှ ဖြစ်ပေါ်နေကြသည်။

“မဟုတ်ဘူး သူတို့ အဆင်ပြေတယ် ကြည့်ကြ” တစ်စုံတစ်ယောက်သည် အော်ကာ အောက်သို့ ညွှန်ပြလိုက်သည်။

All Chapters