← Chapters

ဒါက နတ်ဘုရားရဲ့ ဆန္ဒဖြစ်မယ်ထင်တယ်

Vol. 29 Ch. 396

ဒါက နတ်ဘုရားရဲ့ ဆန္ဒဖြစ်မယ်ထင်တယ်

Vol. 29 Ch. 396

မြေကမ္ဘာ အင်မော်တယ် ဝူတုန်မှာ လေထဲတွင် ဖောင်တိန်တစ်ချောင်းနှင့် မတ်တပ်ရပ်နေပြီး သက်ပျင်းချလိုက်၏။ "ကြည့်ရတာ တိုက်ပွဲက ပြီးတော့မယ်ထင်တယ်။ လျှပ်စီး ကီရင်အတွင်းရှိ စွမ်းအားက ဓားအလင်းတန်းထက်ကြီးမားနေတယ်။ စုရှောင်လန်က သူမရဲ့ ဝှက်ဖဲကို စုချန်းရန်အပေါ်သုံးလိုက်တာ သနားစရာပဲ။ အဲ့ဝှက်ဖဲက အချိန်တိုအတွင်းမှာဆို တစ်ခါပဲ သုံးလို့ရပြီးတော့ ဇူချူးပင်ကို သုံးလို့မရတော့ပုံပဲ။ အဲ့လိုမှမဟုတ်ရင် သူမက အနိုင်ရဖို့အခွင့်အရေးကောင်းတစ်ခု ရှိနိုင်တယ်။"

ပေတစ်ထောင် အလျားရှိသည့် ဓားအလင်းတန်းကြီးက မြေပြင်ကို ဆုတ်ဖြဲပစ်ကာ လျှပ်စီးကီရင်ပေါ်သို့ မရပ်တန့်နိုင်သော အားအင်ဖြင့် ကျဆင်းလာပေ၏။

အပြုံးခပ်ဖွဖွက ဇူချူးပင်၏ မျက်နှာထက်တွင် ပေါ်လာပြီးဖြစ်၏။ သူ၏ အောင်နိုင်ခြင်းက သေချာနေသည်ကို သူသိလေ၏။

စုရှောင်လန်၏ မျက်နှာထက်တွင်သွေးများ ခမ်းခြောက်သွားသော်လည်း သူမ၏ အမူအရာမှာ ကျက်သရေအပြည့်နှင့် ဝင့်ကြွားနေဆဲဖြစ်၏။ သူမက ထုတ်ပယ်မခံရမီ နောက်ဆုံးအခိုက်အတန့်မှာပင် ခေါင်းငုံရန်ငြင်းဆန်နေ၏။

ဓားအလင်းတန်းက ကီရင်နှင့် ထိခတ်သွားသည့် အချိန်တွင် လျှပ်စီးကီရင်က ရုတ်တရက် အလွန်အမင်းကြောက်မက်ဖွယ် တစ်စုံတစ်ခုကို ရင်ဆိုင်လိုက်ရသကဲ့သို့ ရုတ်တရက် ထွက်ပြေးသွားလေ၏။

စုရှောင်လန်က အံ့ဩတကြီးနှင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဇူချူးပင်၏ အမူအရာမှာလဲ သူမနှင့် ထပ်တူပင်ဖြစ်၏။

လျှပ်စီး ကီရင်က ဓားအလင်းတန်းနှင့် သီသီလေးလွတ်ရုံ ထွက်ပြေးသွားပြီး ဇူချူးပင်ဆီသို့ ဦးတည်သွား၏။

"ရပ်စမ်း။ မင်း သွားတဲ့ဘက်မှားနေတယ်။" ဇူချူးပင်က ကြောက်လန့်တကြား အော်ဟစ်လိုက်ကာ သူ့၏ လျှပ်စီးပိုင်နက်နယ်ကို ထုတ်လွှတ်လိုက်ကာ လျှပ်စီးကီရင်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။

လျှပ်စီးကီရင်ကမူ မရပ်တန့်ပါပေ။ ထိုအရာက ဇူချူးပင်၏ ပိုင်နက်နယ်မြေကို ဖြတ်သန်းကာ သူ့၏ လျှပ်စီး သံချက်ကာကို အစိတ်စိတ်ပိုင်းပစ်လိုက်၏။

ထို့နောက်ချက်ချင်းပင် နဂါးနှင့် ဖီးနစ်တို့၏ စွမ်းအားများ ပြည့်နှက်နေသည့် ဓားအလင်းတန်းကြီးက ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် ဇူးချူးပင်ပေါ်သို့ ဆင်းသက်လာလေ၏...။

ဘုန်း...

မီးတောက်များက ကောင်းကင်သို့ မြင့်တက်လာကာ လျှပ်စီးက ညအမှောင်ကို ထွန်းလင်းရန် တောက်ပလာ၏။

ဇူချူးပင်က ရွှေရောင်အလင်းဖြင့် လွှမ်းခြုံသွားပြီး သူက ကောင်းကင်မှ ထိုးကျလာကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။

သူ့၏ ရှုံးနိမ့်ခြင်း အဆုံးအဖြတ် ချိတ်စည်းမှာ ပေါက်ပျက်သွားပြီးဖြစ်ကာ သူက ပတ်ဝန်းကျင်ကို ငေးငိုင်သောအမူအရာဖြင့်ကြည့်လိုက်၏။

"ဘာလို့လဲ... ဘာလို့ ငါ့ရဲ့လျှပ်စီးကီရင်က နင့်ရဲ့ ဓားအလင်းတန်းကို ကြောက်ရတာလဲ။"

စုရှောင်လန်က ဇူချူးပင်ဆီသို့ ဖြေးညင်းစွာ လျှောက်လာလိုက်၏။ သူမက သူမ၏ပတ်ပတ်လည်ကိုကြည့်ကာ မျက်တောင်ခပ်ဖွဖွ ခတ်လိုက်သော်လည်း ပတ်ဝန်းကျင်တွင် မည်သူ့ကိုမှ မတွေ့ပါပေ။

သို့သော်လည်း ထိုစွမ်းအားမှာ သူမအလွန်ရင်းနှီးနေသော တစ်စုံတစ်ခုဖြစ်၏...။

"ဘာလို့လဲဆိုတော့ စစ်မှန်နဂါးနဲ့ အံ့ချီးဖီးနစ်က ကီရင်ထက် အဆင့်မြင့်လို့ ဖြစ်မှာပေါ့။" သူမက အပြုံးလေးနှင့် အကြံပြုလိုက်၏။

"စောက်ရေးမပါတာ။ နင်ငါ့ရဲ့ ရွှေရောင်ဟာလာပြင် လျှပ်စီး ကီရင်ကိုတွေ့တယ်မလား။ အဲ့တာက ကောင်းကင်တာအိုရဲ့ အစွမ်းရှိတာလေ။ အဲ့တာက ဘယ်လိုလုပ်ပြီးတော့ နဂါးတွေ ဖီးနစ်ငှက်တွေကို ကြောက်ရမှာလဲ။" ဇူချောင်ပင်က ဒေါသတကြီး အံ့ကြိတ်လိုက်၏။

"ဒါပေမဲ့ နင့်ရဲ့ ကီရင်က ရွှေရောင်ဟာလာပြင် လျှပ်စီးကီရင်မှ မဟုတ်တာကို။ ဟုတ်ခဲ့ရင်တောင်မှ အဲ့တာက အန်လင်းရှေ့မှာဆို ခွေးပေါက်လေးတစ်ကောင်လိုပဲလေ။" စုရှောင်လန်က အပြုံးလေးနှင့် ခေါင်းခါပြ၏။

ဇူချူးပင်၏ ရင်ဘတ်က သူမ၏ စကားလုံးများကြောင့် တင်းကြပ်သွားကာ သူက နောက်ထပ် ပါးစပ်အပြည့် သွေးများထွေးထုတ်လိုက်ပြီး ရွှေရောင်အလင်းတန်းများအဖြစ် ပြိုကွဲသွားပြီး တောအုပ်ထဲမှ ပျောက်ကွယ်သွားလေ၏။

စုရှောင်လန်က သက်ပြင်း ခပ်ဖွဖွချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်က မောပန်းမှုကြောင့် ပုံလဲတော့မလိုပင် အနည်းငယ် လှုပ်ယမ်းသွားလေ၏။ သူမနှင့် အရမ်းမဝေးသော လေထုထဲတွင် ခပ်ဖျောဖျော့လှိုင်းငယ်လေးများရှိသော်လည်း ထိုလှိုင်းငယ်များက မကြာမီပင် လျော့ပါးသွားလေ၏။

သူမက ပတ်ဝန်းကျင်ကို တစ်ခါထပ်ကြည့်လိုက်သော်လည်း ဤတစ်ကြိမ်၌မူ တစ်စုံတစ်ယောက်ကိုမှ ရှာမတွေ့ပါပေ။

"ထားလိုက်ပါလေ။ အဲ့တာက နတ်ဘုရားရဲ့ ဆန္ဒဖြစ်မှာပါ... ဇူချူးပင်က အန်လင်းရဲ့ အတိဒုက္ခကျော်လွှားခြင်းကို လေ့လာပြီးတော့ သူ့ရဲ့ပိုင်နက်နယ်မြေကိုရလာတာပေမဲ့ သူက အဲ့စွမ်းအင်ကိုပဲ အန်လင်းရဲ့ သူငယ်ချင်းကို တိုက်ဖို့ အသုံးပြုခဲ့တာ။ အဲ့တာကြောင့် မန္တန်နည်းလမ်း အသုံးပြုချင်းက တုံ့ပြန်တာနေမှာပေါ့။" စုရှောင်လန်က အပြုံးတစ်ခုနှင့် ခေါင်းခါလိုက်ပြီး သူမ၏ ဒဏ်ရာမှာ ပြန်လည်ကောင်းမွန်စေရန် တရားထိုင်လိုက်၏။

အန်လင်းက အနီးနားမှ သဘောတူညီမှုဖြင့် ခေါင်းငြိမ့်ပြ၏။

လျှပ်စီးကို အသုံးပြုပြီး စုရှောင်လန်ကို အနိုင်ကျင့်ချင်တာလား။ ဇူချူးပင်က တကယ်ပဲ့ အဲ့လောက်ကို သေချင်နေတာလား။

အန်လင်းက ရွှေရောင်ဟာလာပြင် လျှပ်စီးကီရင်ကိုပင် ကြိုးကိုင်နိုင်သည်ဖြစ်ရာ ဇူချူးပင်၏ ကီရင်မှာ ကြိုးကိုင်ရန် လွယ်လွန်းလှပေ၏။

အန်လင်းက ကျေကျေနပ်နပ် ခေါင်းငြိမ့်ပြနေစဉ်မှာပင် မြေကမ္ဘာ အင်မော်တယ် ဝူတုန်က စုရှောင်လန်ကို တအံ့တဩ စိုက်ကြည့်နေလေ၏။

ဘာဖြစ်သွားတာလဲ။ သူတစ်ခုခုကို လွဲသွားတာလား။

မြေကမ္ဘာ အင်မော်တယ် ဝူတုန်က တိုက်ပွဲကို သူ့ခေါင်းထဲတွင် တစ်ဖန်ပြန်တွေးလိုက်သော်လည်း လျှပ်စီးကီရင်က အဘယ့်ကြောင့် ထွက်ပြေးသည်ကို နားမလည်နိုင်ပဲ ရှိနေလေ၏။ အဲ့တာက တကယ်ပဲ စုရှောင်လန်၏ စွမ်းအားကို ကြောက်သွားတာလား။

သူတို့ ထို့နောက် ရုတ်တရက် တစ်ယောက်သော ကျောင်းသားတစ်ဦးက ဒီထက်ပို၍ပင် ကို့ယို့ကားယားနိုင်သော မြင်ကွင်းကို ဖြစ်စေခဲ့သည့် နေ့ကို သတိရသွား၏။

"အဲ့တာက ကျောင်းသား အန်လင်းလား။ မဖြစ်နိုင်ပါဘူး။ ငါအန်လင်းကို လုံးဝ မတွေ့ပါဘူး။"

သူက မြေပြင်ကို ဂရုတစိုက်ဖြင့် ပိုက်စိတ်တိုက်ရှာဖွေလိုက်သော်လည်း တစ်ကီလိုမီတာ အဝေးဝေးတွင် ဖုန်းဆော့နေသော အမျိုးသမီးတစ်ဦးကိုသာ တွေ့ရ၏။ ထိုသူမှာ လျှိုချင်ဟွမ်မှလွဲ၍ တခြားသာမဟုတ်ပါပေ။

"အဲ့တာက လျှိုချင်ဟွမ်လဲ မဖြစ်နိုင်ပါဘူး။ အန်လင်းက သူ့ရဲ့ လျှပ်စီးကြိုးကိုင်ခြင်းနည်းလမ်းကို စုရှောင်လန်ကို ခွဲပြီး သင်ပေးထားတာများလား...။ ဟင်း၊ ဒီကျောင်းသားတွေကတော့ ပိုပိုပြီးကို ရယ်စရာကောင်းအောင် အစွမ်းထက်လာကြတာပဲ။" မြေကမ္ဘာ အင်မော်တယ် ဝူတုန်က ခပ်ဖွဖွ သက်ပြင်းချပြီး ဂဏန်းတစ်ချို့ကို ချရေးလိုက်၏။

စုရှောင်လန်- တိုက်ခိုက်နိုင် စွမ်းရည် : ၁၀၅၀၊ အောင်မြင်မှု : ၉၂၀။

သူက ထို့နောက် ကန့်သတ်မဲ့တိုက်ပွဲတွင် ဒုတိယအရေးကြီးသော လျှိုချင်ဟွမ်၏ အမှတ်များကို ကြည့်လိုက်၏။ လက်ရှိတွင် သူမက ပွဲစဉ်အစမှ အခုအချိန်အထိ တိုက်ပွဲတစ်ခုတည်းသာ ရင်ဆိုင်ရသေး၏။

လျှိုချင်ဟွမ်- တိုက်ခိုက်နိုင်စွမ်းရည် : ၈၆၀၊ အောင်မြင်မှု : ၃၈၀။

"ကျောင်းသူ လျှိုချင်ဟွမ်က ဒီအခြေအနေရဲ့ အကျိုးအမြတ်ကို သဲ့ယူပြီးတော့ ကျောင်းသူစုရှောင်လန်ဒဏ်ရာရနေတုန်းကို တိုက်ဖို့မလုပ်ဘူးပဲ။ အဲ့အစား သူမက ဘေးမှာ ဂိမ်းကစားနေပြီးတော့ စုရှောင်လန်ကို ပြန်ကောင်းဖို့အတွက် အချိန်ပေးပြီးတော့မှ မျှတတဲ့တိုက်ပွဲကို စိန်ခေါ်ဖို့ ရွေးချယ်လိုက်တယ်...။ အဲ့လို ကိုယ်ကျင့်တရားမျိုးက ကျောင်းသားတိုင်းအတွက် စံပြဖြစ်သင့်တယ်။" မြေကမ္ဘာအင်မော်တယ် ဝူတုန်က သဘောတူလက်ခံမှုဖြင့် ခေါင်းငြိမ့်လိုက်၏။

အန်လင်းက လရောင်အောင်တွင် တိတ်တဆိတ် တရားထိုင်နေသော အမျိုးသမီးကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီး လျှိုချင်ဟွမ်ဆီသို့ ဦးတည်လာလိုက်၏။

ဤအရိပ်အခြေအနေမှာ ထိန်းထားရန် သက်ရှိစွမ်းအင် အများအပြား ကုန်သည်ဖြစ်၏။ သူ့၏ သက်ရှိစွမ်းအင်အင် ပင်လယ်ကြီးမှာ သာမန် ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထက် နှစ်ဆနီးပါး ကျယ်ပြန့်သော်လည်း သူက ထိုသည်ကို ပို၍အချိန်ကြာကြာ မထိန်းထားနိုင်တော့ပါပေ။

လျှိုချင်ဟွမ်မှာ လက်ရှိတွင် သူမ၏ ဂိမ်းဆော့ခြင်းတွင် နစ်ဝင်နေတာဖြစ်ပြီး သဘာဝမဟုတ်သော လေပြည်တစ်ခုက တိုက်ခတ်သွားသောအခါ သူမ၏ ခန္ဓာကိုယ်မှာ သတိဖြင့် တုန်ယင်သွား၏။

"ဘယ်သူလဲ။"

သူမက သူမ၏ညာဘက်သို့ကြည့်ကာ မျက်လုံးများ ပြူးကျယ်လာသော်လည်း တစ်စုံတစ်ယောက်မှ မတွေ့ပါပေ။

ထို့နောက် သူမက ညာဘက်ပခုံးပေါ်သို့ ခပ်ဖွဖွ ပုတ်လိုက်သည်ကို ခံလိုက်ရ၏။

သူမက ညာဖက်ကို လှည့်ကြည့်လိုက်သော်လည်း သူမ၏ ဘယ်ဘက်တွင် လူတစ်ဦးက ရုတ်တရက်ပေါ်လာလေ၏။

"အား..." လျှိုချင်ဟွမ်က သူမ၏ ဘယ်ဘက်မှ လူကို မရိုက်လိုက်ခင်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ဖြန်း...

ထိုလူမှာ သူမ၏ ရိုက်ချက်ကြောင့် ပျံထွက်သွား၏။

ဘုန်း...

ထိုသူက တောင်တစ်ခုကို ဝင်တိုက်မိကာ သူ့၏ ခန္ဓာကိုယ်က ကြီးမားသော အချိုင့်ကြီးတစ်ခု ဖြစ်လာစေ၏။

စုရှောင်လန်က တစ်ကီလိုမီတာ အဝေးမှ သူမ၏ မျက်လုံးကိုဖွင့်လိုက်ပြီး ပွက်လောရိုက်နေသော နေရာကို ကြည့်လိုက်၏။ သူမ၏ မျက်ခုံးများက ကြုံဝင်သွားပြီး အဝေးမှ ရင်းနှီးသော အသံတစ်ခုထွက်လာသည်ကို ကြားလိုက်ရ၏။

"သေစမ်း...။ ငါက ဒီအတိုင်း စနောက်လိုက်တာကို။ နင်က ငါ့ကို သတ်ဖို့ကြံနေတာလား။" အန်လင်းက သူ့၏ နီရဲယောင်ကိုင်းနေသော ပါးကိုပွတ်ကာ လျှိုချင်ဟွမ်ကို စိုက်ကြည့်နေလိုက်၏။ အကယ်၍ သူက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သာ ရှိသေးပါက သူ့၏ မျက်နှာက ထိုရိုက်ချက်ကြောင့် ပုံပျက်သွားနိုင်ပေ၏။

လျှိုချင်ဟွမ်က အန်လင်းကို တွေ့သောအခါ အေးစက်စွာ အသံပြုလာ၏။ "အဲ့တာ ငါ့ကို ခြောက်ဖို့ကြိုးစားလို့ ခံရတာပဲ။"

အန်လင်းက ခိုကိုးရာမဲ့ သက်ပြင်းချလိုက်၏။ ကမ္ဘာပေါ်မှာ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို စနောက်ပါက ထို ကောင်မလေးက အော်ဟစ်ကာ အများဆုံး ညင်သာသော ရိုက်ချက်တစ်ခုသာ ထိုကောင်လေးအား ပေးပေလိမ့်မည်။

သို့သော် ထိုအစား ဤနေရာ၌ စနောက်ခြင်းက သူ့အား သေစေလုနီးနီး ရိုက်ချက်တစ်ခုကို မျက်နှာသို့ ကျရောက်စေ၏။

ဘယ်လိုတောင် ဆန့်ကျင် ခြားနားနေရတာလဲ...

မြေကမ္ဘာ အင်မော်တယ် ဝူတုန်သည်လည်း အသံလာရာအရပ်ကို ကြည့်လိုက်ပြီး သိပ်မဝေးသောနေရာတွင် လူနှစ်ယောက်ကို တွေ့လိုက်ရ၏။

"အဲ့တာ... အဲ့တာက ကျောင်းသားအန်လင်းလား။ အန်လင်းနဲ့ လျှိုချင်ဟွမ်တို့က ရန်ဖြစ်တော့မှာလား။"

"မဟုတ်လောက်ဘူး။ သူတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် တိုက်မဲ့ပုံမရဘူး။ အဲ့အစား သူတို့က စကားပြောနေကြပုံပဲ..."

"ထူးဆန်းတာပဲ။ ငါက သူ့ရဲ့ တည်ရှိမှုကို ငါ့ရဲ့ အံ့ချီးအာရုံထဲမှာ အာရုံခံမရတာလဲ။ သူက ဘယ်တုန်းက ဒီနေရာကို ရောက်လာတာပါလိမ့်။"

မြေကမ္ဘာ အင်မော်တယ် ဝူတုန်က စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်၏။

"ထားလိုက်ပါတော့။ အဲ့တာက ငါအခုတစ်လော ကောင်းကောင်းမအိပ်ရပဲနဲ့ ငါ့ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့လို့ ဖြစ်မယ်။ ဟုတ်တယ်။ အဲ့လိုပဲ နေမှာပါ..."

ထိုအချိန်၌ အန်လင်းနှင့် လျှိုချင်ဟွမ်တို့ နှစ်ဦးစလုံးမှာ စုရှောင်လန်ကို အဝေးကြည့် အင်မော်တယ်မန္တန်များဖြင့် တိတ်တခိုး စောင့်ကြည့်နေ၏။

လျှိုချင်ဟွမ်က အန်လင်းကို တီးတို့ပြောလိုက်၏။ "ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ။"

အန်လင်းက ပြန်မဖြေမီ ခေတ္တမျှ ရပ်လိုက်ပြီး "ငါတို့ အခု အစ်ကိုကြီးချန်ကို ထုတ်ပစ်ရမယ်။ ငါတို့ ဒီအတိုင်း စုရှောင်လန်နောက်ကိုပဲ လိုက်ပြီးတော့ သူမက အစ်ကိုကြီးချန်နဲ့ ဆုံတဲ့အချိန်မှ နင်က စုရှောင်လန်သူ့ကို စိန်မခေါ်ခင်မှာ သူ့ကို ထုတ်လိုက်ရင်ရော။"

လျှိုချင်ဟွမ်က ခေါင်းငြိမ့်ပြလိုက်၏။ "ပြဿနာမရှိဘူး။ ငါတို့ နင်ပြေ​ာတဲ့အတိုင်း လုပ်ကြတာပေါ့။ အဲ့တာက အတော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်... စုရှောင်လန်က အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားမှာ ပထမနေရာ ရလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားလောက်ဘူးဆိုတာ ငါလောင်းရဲတယ်။ ငါဒီလိုဖြစ်မယ်မှန်းသာသိရင် ကျောင်းမှာတုန်းက လောင်းခဲ့ပါတယ်။"

သူမက နောင်တအပြည့်နှင့် သူမကိုယ်သူမ တွေးတော ပြောဆိုနေသော်လည်း မကြာခင်မှာပင် လက်ရှိလုပ်ငန်းကို ပြန်လည် အာရုံစိုက်လိုက်ပြီး စုရှောင်လန်ကို ဆက်လက် စောင့်ကြည့်နေပေ၏။

***

All Chapters