← Chapters

အပိုင်း (၂၉၈) – အားလုံးအား အံ့အားသင့်စေခြင်း

Vol. 003 Ch. 298

အပိုင်း (၂၉၈) – အားလုံးအား အံ့အားသင့်စေခြင်း

Vol. 003 Ch. 298

အံ့ဖွယ်သားရဲအုပ်သည် တောင်နှင့်နီးလာကာ သူတို့သည် ကန်ကိုဖြတ်ပြီး နဂါးတန်ပြန်မြို့အား ဦးတည်လာသည်ကို တွေ့လိုက်ကြသည်။ အားလုံးသည် ရှီမာမျိုးနွယ်ဝင်များ သေဆုံးမည်ဟု တထစ်ချ တွေးထားကြသည်။ ထိုအချိန်တွင် အဖြူရောင်အလင်းတန်းသည် ကန်ဘက်မှ ထိုးထွက်လာကာ ညအမှောင်အား ထိုးဖောက်လေသည်။

“အဲဒါ ဘာလဲ” တစ်စုံတစ်ယောက်က အော်လိုက်သည်။

“ဒါက…ကာကွယ်ရေးတည်ဆောက်မှုပဲ”

“အဲဒီ တည်ဆောက်မှုက အားလုံးကို ဖုံးအုပ်ထားတာပဲ”

“ကန်မှာ ဘာလို့ ကာကွယ်ရေးတည်ဆောက်မှုဖြစ်နေတာလဲ”

“အရူး ဘယ်တုန်းက ကန်မှာ ကာကွယ်ရေးတည်ဆောက်မှုရှိဖူးလို့လဲ၊ ရှီမာမျိုးနွယ်က တစ်ယောက် ယောက်က လုပ်လိုက်လို့နေမှာပေါ့”

“သူတို့က လူငယ်အုပ်စုပဲမလား၊ ဘယ်လိုလုပ် ကာကွယ်ရေးတည်ဆောက်မှုကို လုပ်နိုင်ရတာလဲ”

“အာ… သူတို့ဆီမှာ တည်ဆောက်မှုသခင်ရှိလို့နေမှာပေါ့၊ မဟုတ်ရင် ကာကွယ်ရေးတည်ဆောက်မှုကို လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ဟင် အစ်ကိုယူလင်းက တည်ဆောက်ရေးသခင်ဆိုတာ အခုမှသိကြတာလား” ဟူကျိကျောင်သည် အထင်ကြီးစွာပြောလေသည်။

သူမ မျက်နှာတွင် စိုးရိမ်မှုများ မရှိတော့ပေ။ ကာကွယ်ရေးတည်ဆောက်မှုနှင့်ဆိုလျှင် သူ့သည် ညကို အေးအေးချမ်းချမ်းပင် ဖြတ်ကျော်နိုင်မည်။

“မဟုတ်သေးဘူး၊ ငါ ယူလင်းရဲ့ တည်ဆောက်ပုံကိုသိတယ်၊ ဒီလိုအားကောင်းတဲ့ ကာကွယ်ရေးတည်ဆောက်မှုကို သူ မလုပ်နိုင်ဘူး” ဟူကျိယန်သည် အလင်းတန်းများ တောက်ပနေသော တည်ဆောက်မှုအား သတိပြုမိသောကြောင့် ပြောလိုက်သည်။

“အဲဒါကို တည်ဆောက်တာ အစ်ကိုယူလင်းမဟုတ်ဘူးလို့ ပြောနေတာလား၊ သူကလွဲရင် တည်ဆောက်မှုသခင် ဘယ်သူရှိသေးလို့လဲ” ဟူကျိကျောင်သည် မယုံကြည်ပေ။

“သူ တည်ဆောက်တာကို လွန်ခဲ့တဲ့ ၂နှစ်က ငါမြင်ဖူးတယ်၊ အခုနဲ့ အရမ်းကွာနေတယ်” ဟူကျိယန် ပြောလိုက်သည်။

“သူက ဒီ၂နှစ်အတွင်းကို တိုးတက်လာတာလည်း ဖြစ်နိုင်တာပဲ၊ မဟုတ်ရင် ရှီမာမျိုးနွယ်က မျိုးဆက်တွေမှာ သူ့ကို ကံကောင်းမယ့်သူ ဘယ်သူရှိသေးလို့လဲ”

“ဟုတ်ရင်လည်း ဟုတ်မှာပေါ့” ဟူကျိယန်သည် ဘာမှ ထပ်မဆွေးနွေးတော့ပဲ အောက်မှ တည်ဆောက်မှုကိုသာ ဆက်ကြည့်နေလေသည်။

“ဝိညာဉ်သားရဲတွေ တိုက်ခိုက်တာက ပုံမှန်ဆိုရင် တစ်ညလုံးကြာတတ်တယ်၊ အခု ဘယ်လောက် အကျိုးသက်ရောက်မလဲ ကြည့်ရမယ် ဒါပေမယ့် ကြာကြာတော့ မခံနိုင်လောက်ဘူး၊ တစ်ညလုံး တောင်မခံနိုင်ရင် သူတို့ အသက်ဆုံးရှုံးရလိမ့်မယ်” ဝူဖန်သည် အေးစက်စွာ အသက်ရှုထုတ်လိုက်သည်။

“ဟုတ်တယ် တည်ဆောက်မှုက နောက် မိနစ်နည်းနည်းလောက်ပဲ ခံနိုင်တာလည်း ဖြစ်နိုင်တာပဲ”

“လူငယ်တစ်ယောက်က လုပ်လိုက်တဲ့ တည်ဆောက်မှုက အဲလောက်အသုံးဝင်မယ်လို့ ငါတော့မထင်ဘူး” စီနီယာတစ်ယောက်က အခိုင်အမာပြောလေသည်။

ကန်ဘေးမှ တည်ဆောက်မှုသည် လျင်မြန်စွာ ပျက်သွားမည်ဟု အားလုံးက ထင်ထားကြသည်။ သို့သော် တစ်ညလုံး ကုန်ဆုံးသွားသော်လည်း အလင်းတန်းမှာ ပျောက်ကွယ်မသွားပေ။ ဝိညာဉ်သားရဲများ ထွက်သွာသည်အထိ ခံနိုင်ရည်ရှိခဲ့သည်။

ကန်တွင်…… ရှီမာယူယန်နှင့် တခြားသူများသည် အစပိုင်းတွင် စိတ်လှုပ်ရှားကြကာ သူတို့၏ အံ့ဖွယ်သားရဲများကို ခေါ်ထုတ်ပြီး အချိန်မရွေးတိုက်နိုင်ရန် ပြင်ထားကြသည်။ ရှီမာယူယူတို့သာ အကင်ဖိုအား ဆက်လက်တီထွင်နေကြသည်။ သူတို့သည် သူတို့၏ တည်ဆောက်မှုပြိုကွဲသွားမည်ကို စိုးရိမ်ခြင်းမရှိခဲ့ပေ။

ညတစ်ဝက်ကျော်သောအခါ ဝိညာဉ်သားရဲများ အုံနေသည့်ကြားမှ တည်ဆောက်မှုသည် ယိမ်းယိုင်မှုမရှိသောကြောင့် အားလုံးစိတ်အေးသွားရသည်။ လုံးဝပင် ရိုက်ခတ်မှုမဖြစ်ပေ။

“ယူယူ မင်းရဲ့ တည်ဆောက်မှုက ခိုင်လှချည်လား” ရှီမာယူယန် ပြေးကာမေးလေသည်။

ဖက်တီးကျူ၏ အကင်ဖိုလုပ်ဆောင်ခြင်းမှာ ပြီးဆုံးသည့်အဆင့်ရောက်နေပြီဖြစ်၍ ရှီမာယူယူ သူ့ဘေးတွင် ရပ်နေပြီး ဟိုလိုလုပ် ဒီလိုလုပ်ပြောရန် မလိုတော့ပေ။

“ဒီတည်ဆောက်မှုက အခုချိန်မှာ ငါလုပ်နိုင်တဲ့ အခိုင်ဆုံး တည်ဆောက်မှုပဲ၊ ဝိညာဉ်စွမ်းအင် နည်းနည်းထည့်မယ် ပြီးရင် အဲဒီဝိညာဉ်သားရဲတွေရဲ့ တိုက်ခိုက်မှုက မပြင်းထန်ပဲ စွမ်းအားမလုံလောက်ဘူးဆိုရင် သူတို့က တည်ဆောက်မှုရဲ့ ဆွဲချခြင်းကိုခံရမှာပဲ၊ အံ့ဖွယသားရဲတွေက အဆင့် ၅မရှိဘူးဆိုရင် တည်ဆောက်မှုကို သိပ်မတိုက်ခိုက်နိုင်ဘူး” သူမ ရှင်းပြသည်။

“ဒီတည်ဆောက်မှုကို ဘာလို့ရင်းနှီးနေသလို ခံစားရတာပါလိမ့်” ရှီမာယူယန် ပြောလိုက်သည်။

“ဒါက မိသားစုရဲ့ ကာကွယ်ရေးတည်ဆောက်မှုပဲ၊ ရှီမာအိမ်တော်က အခုလက်ရှိ ဒါသုံးနေတာလေ” ရှီမာယူလင်းသည် ဘေးမှဝင်ပြောလေသည်။

“ဘာ” ရှီမာယူယန် မျက်လုံးပြူးသွားကာ “ဒါက မျိုးနွယ်ရဲ့ ကာကွယ်ရေးတည်ဆောက်မှုလား”

“အဘိုးလင်းက ငါ့ကိုသင်ပေးထားတာ” ရှီမာယူယူသည်လည်း အနည်းငယ်အံ့သြသွားသည်။ ရှီမာလင်းသည် သူမအား ထိုတည်ဆောက်မှုအား သင်ကြားပေးစဉ်က မျိုးနွယ်၏ ကာကွယ်ရေး တည်ဆောက်မှုဖြစ်သည်ကို မပြောခဲ့ပေ။ ခိုင်ခဲ့သော တည်ဆောက်မှုဟုသာ သူပြောခဲ့သည် “ဒါပေမယ့် ငါ ဒါကို ဘယ်လို တည်ဆောက်ရမလဲဆိုတာပဲသိတာ၊ နေရာကျယ်လာမယ်ဆိုရင် သိပ်ပြီးတော့ အကျိုးရှိမှာမဟုတ်ဘူး”

“အခုကို အရမ်းခိုင်နေပါပြီ” ရှီမာယူယန်သည် ရှီမာယူယူအား ချစ်ခင်စွာကြည့်ကာ “ယူယူ အခုကစပြီး မင်းက ငါ့စံပြပုဂ္ဂိုလ်ပဲ”

“စံပြပုဂ္ဂိုလ် ဟုတ်လား ငါ့ကို မနောက်ပါနဲ့ ငါ့ကို အဲဒါမျိုးထပ်ပြီး ပြောရဲပြောကြည့်” ရှီမာယူယူသည် ဖက်တီးကျူ အကင်ဖိုလုပ်နေသည်ကို ဆက်ကြည့်နေသည်။

ဖက်တီးကျူ ချွေးများရွဲနေသည်ကို ကြည့်ကာ ထိုအရာများသည် အဂ္ဂိရတ်ပညာရှင်နှင့် လက်နက်ပညာရှင်များအတွက် ကြုံနေကျများဖြစ်သောကြောင့် ဝမ်းနည်းရုံအပြင်မရှိပေ။ သူတို့သာ အင်အားမရှိပါက ဒီအလုပ်ကို လုပ်နိုင်မည်မဟုတ်ပေ။

တည်ဆောက်မှုအပြင်ဘက်တွင် ဝိညာဉ်သားရဲများသည် ကြင်နာမှုကင်းမဲ့စွာ တည်ဆောက်မှုအား တိုက်ခိုက်နေကြသည်။ သို့သော် ရှီမာယူယူနှင့် တခြားသူများသည် အထဲတွင် တုန်လှုပ်ခြင်းမရှိပဲနေလေသည်။ နောက်နေ့မနက်နွင် သူတို့သည် ကန်ဘေးတွင် ရှိဆဲဖြစ်ကာ ဝိညာဉ်သားရဲများ ထွက်ခွာသွားကြလေသည်။

“ကောင်းပြီ ဝိညာဉ်သားရဲတွေ အကုန်သွားကြပြီ” ရှီမာယူလီ ပြောလိုက်သည်။

သူတို့သည် ရှီမာယူယူ၏ အရည်အချင်းကိုယုံသော်လည်း တည်ဆောက်မှု ဖျက်ချချိန်တွင် စောင့်ကြပ်ကြတုန်းပင်။ သူတို့သည် နောက်တစ်ကြိမ်တွင်လည်း သတိရှိချင်ကြသည်။

ရှီမာယူယူသည် တည်ဆောက်မှုအား ဖျက်ချလိုက်ရာ နဂါးတန်ပြန်တောင်ပေါ်တွင် ရပ်နေကြသော သူမအားသည် သူတို့အထဲတွင် ဘာလုပ်နေကြသည်ကို မြင်ရလေသည်။

“သူတို့က ကိရိယာ တီထွင်နေကြတာလား”

ဖက်တီးကျူသည် တည်ငြိမ်စွာ အလုပ်လုပ်နေသည်ကို တောင်ထိပ်မှလူများ မြင်သောအခါ မျက်လုံးပြူးသွားကြလေသည်။

“စားနေတဲ့သူတွေလည်းရှိတယ်”

ဝေကျိရွှီ၊ ရှီမာယူမင်နှင့် တခြားသူများသည် အနားရှိစားပွဲတွင် မနက်စာစားနေကြလေသည်။ ဒီလို ငြိမ်းချမ်းနေတဲ့အခြေအနေက သူတို့က တစ်ညလုံး အံ့ဖွယ်သားရဲတွေရဲ့ တိုက်ခိုက်တာကို မခံရဘူးလား။

“ရှီမာမျိုးနွယ်ကလူတွေကတော့ အေးအေးဆေးဆေးပါလား” တစ်စုံတစ်ယောက်သည် သက်ပြင်းချလိုက်သည်။

“ဟူး ငါပြောတယ်မလား အစ်ကိုယူလင်းရဲ့တည်ဆောက်မှုက ဘာပြဿနာမှမဖြစ်ပါဘူးလို့” ဟူကျိကျောင်သည် လီမူနှင့် တခြားသူများ ဘက်သို့လှည့်ပြီး ပြောလိုက်သည်။

“ယူလင်းရဲ့ တည်ဆောက်မှုက အရင်ကထက် အများကြီး အားကောင်းလာတာပဲ” ဟူကျိယန်၏ ဖခင်က ပြောလိုက်သည်။

“ဟုတ်တယ် အဲကလေး ယူလင်းကတော့ သူ့တည်ဆောက်မှုတွေကြောင့် အနာဂတ်ကတော့ လှပနေပြီ”

“ဟုတ်တယ် ရှီမာမျိုးနွယ်ကတော့ တော်တဲ့ တည်ဆောက်မှုသခင်ကို မွေးထုတ်နိုင်ပြီ”

“အဲလို မြေးရှိတာ ရှီမာလင်းက တော့အရမ်းကံကောင်းတာပဲ”

ဟူမျိုးနွယ်မှ လူများသည် ယူလင်းအား ချီးကျူးမဆုံးဖြစ်နေလေသည်။ သူ့အား မျိုးဆက်သစ်များ လေးစားသည်သာမက နဂါးတန်ပြန်တောင်မှ လူများသည်လည်း ချီးကျူးကြသည်။

ထိုတည်ဆောက်မှုအား ရှီမာယူလင်း တည်ဆောက်ခြင်းမဟုတ်သည်ကို ကျောက်စိမ်းတစ်ယောက်သာ သိသည်။ တည်ဆောက်သူမှာ ရှီမာယူယူဖြစ်သည်။ သူသည် အဂ္ဂိရတ်ပညာတွင်လည်း အရည်အချင်းရှိသည်။

အစပိုင်းတွင် သူမသည် ရှီမာယူယူ၏ တည်ဆောက်မှုကို အများကြီးတွေးမထားပေ။ သို့သော် ရှီမာယူယူသည် သူမနှင့် သက်တူရွယ်တူဖြစ်ကာ အဂ္ဂိရတ်ပညာတွင်လည်း ပြည့်စုံသည်။ သူမ အချိန်နှင့် စွမ်းအားများကို အဂ္ဂိရတ်အတွက် အားထုတ်ရန် တွေးထားလိုက်သည်။

ရှီမာယူယူ၏ ကာကွယ်ရေးတည်ဆောက်မှုသည် နဂါးတန်ပြန်တောင်၏ တည်ဆောက်မှုနှင့် ယှဉ်နိုင်မည်ဟု သူမ ထင်မထားပေ။

သူမသည် ပြီးခဲ့သည့် ညကတစ်ညလုံးကို သေချာ အာရုံစိုက်ခဲ့သည်။ နဂါးတန်ပြန်တောင်၏ ကာကွယ်ရေးတည်ဆောက်မှုသည် အကြိမ်အနည်းငယ် လှုပ်ခတ်မှုရှိကာ ရှီမာယူယူ၏ တည်ဆောက်မှုသည် အနည်းငယ်သာမှိန်သွားသည်ကို သတိထားမိသည်။

ထိုအချက်သည် သူမအား အလွန်အံ့အားသင့်စေသည်။

“သူ့ကို ဂြိုဟ်သားလို့ခေါ်ရမလား… သူကနတ်ဆိုးပဲ”

ကန်ဘေးတွင် ဖက်တီးကျူသည် အကင်ဖိုလုပ်ခြင်းပြီးသွားကာ ရှီမာယူယူအား ပေးပြီး ပြောလိုက်သည် “အလုပ်ဖြစ်လားစမ်းကြည့်”

ရှီမာယူယူသည် တစ်ညလုံးအလုပ်များထားသော ဖက်တီးကျူအားကြည့်ကာ သူ့အား ဝိညာဉ်သစ်သီး ပေးကာ ပြောလိုက်သည် “ပင်ပန်းသွားပြီ ငါအရင်က မသိခဲ့ဘူး ကိရိယာတွေ လုပ်ရတာလည်း ခက်တာပဲ”

“အလုပ်ဖြစ်လား ကြည့်ဦး” ထိုပစ္စည်းအား ပြုလုပ်သည်မှာ ဖက်တီးကျူအတွက် ပထမဆုံးဖြစ်ကာ အသုံးဝင် မဝင်ကို သူမသိပေ။

ရှီမာယူယူသည် ဖိုကို သူမ မှော်ဝင်လက်စွပ်အတွင်းသိမ်းကာ ပြောလိုက်သည် “ပြန်ရောက်မှကြည့်မယ် ငါအခု တည်ဆောက်မှုသိမ်းလိုက်ဦးမယ် ပြီးရင် သူတော်စင်မြို့တော်ကို သွားကြမယ်”

သူမသည် တည်ဆောက်မှုကျောက်တုံးများကို ပြန်သိမ်းလိုက်ရာ အနည်းငယ် အက်ရာများ ရှိသည်ကို တွေ့လိုက်ရသည်။ သူမ သက်ပြင်းချကာ ခေါင်းရမ်းလိုက်သည် “ဝိညာဉ်သားရဲတွေ စောစောနောက်ဆုတ်သွားလို့ တော်သေးတယ် မဟုတ်ရင် ဒီတည်ဆောက်မှုက နောက်ထပ်ကြာကြာ ခံနိုင်မှာမဟုတ်ဘူး”

သူမသည် တည်ဆောက်မှုကျောက်တုံးများ သိမ်းနေချိန်တွင် ရှီမာမျိုးနွယ်များသည် သူတို့၏ တဲများကို သိမ်းနေလေသည်။

ထိုအချိန်တွင် နဂါးတန်ပြန်မြို့တော်မှ လူများရောက်လာကာ ကန်သို့လျှောက်လာလေသည်။

All Chapters