အပိုင်း (၃၀၀) – အခွန်လွတ်ဈေး
Vol. 003 Ch. 300
ရှီမာယူယူသည် အမြဲတမ်း စပ်စုချင်တတ်သောကြောင့် ရှီမာယူရန်အားကြည့်ပြီး သူတို့ကို ရှင်းပြသည်ကို စောင့်နေလေသည်။
ရှီမာယူရန် ရယ်မောကာ ပြောလိုက်သည် “ဒီနေရာက အင်အားကြီးတွေရဲ့ ဌာနချုပ်ပဲ၊ လူအများစုက လူသတ်တာတို့ လူသတ်သမားငှားတာတို့ မလုပ်ရဲကြဘူး၊ ပြီးတော့ ပစ္စည်းတွေရောင်းဖို့ ဝင်လာတဲ့ လူအများစုက ဒီနေရာရဲ့ အကာအကွယ်ရကြတယ်၊ အဲလူတွေကို တစ်ခုခုလုပ်ချင်ရင်တောင် လုပ်လို့မရဘူး”
“အဲဒါဆို သဘောက အပြင်ကလူတွေက အထဲကလူတွေကို ငြိုးလို့မရဘူးပေါ့၊ တစ်ယောက်ယောက်ဆီ က ခိုးခဲ့ရင်တောင် ဒီနေရာကိုဝင်ခဲ့ရင် အသတ်မခံရနိုင်ဘူးပေါ့၊ သခိုးက ပစ္စည်းတွေရောင်းပစ်ရင် အဲလူတွေက သခိုးကို တိုက်ခိုက်လို့မရဘူးပေါ့” ဖက်တီးကျူ ပြောလိုက်သည်။
“အဲလိုပြောလို့ရတယ်” ရှီမာယူရန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ဒီနေရာက ရတနာတွေပြည့်နေမှာပဲ” ဖက်တီးကျူ၏ မျက်လုံးများ အရောင်တောက်လာသည်။
လူတချို့သည် ရတနာများပိုင်ဆိုင်ပြီး သူတို့အပြင်ထွက်ပါက သူတို့ကို ရန်ရှာလာနိုင်ပြီး ပစ္စည်းဆုံးရှုံးရုံသာမက အသက်ပါ ဆုံးရှုံးနိုင်သည်။
သို့သော် ဒီနေရာတွင် မတူပေ။ သူတို့ကိုယ် သူတို့ပြောင်းလဲပါက ကုန်ပစ္စည်းများကို ကုန်သွယ်နိုင်သေးသည်။
“အဲမှာ ရတနာတွေအများကြီးရှိတယ်၊ လူတွေထင်တဲ့ ခိုးရပါပစ္စည်းလို့ထင်ပေမယ့် တချို့က အတုတွေနဲ့ အရည်အသွေးမမှီတာတွေကို အစစ်လိုလိုရောင်းတာတွေလည်းရှိတယ်” ရှီမာယူရန် ပြောလိုက်သည်။
“ဒါတွေကို ဘယ်သူမှ အရေးမယူဘူးလား” ဝေကျိရွှီ ပြောလိုက်သည်။
“မင်းဝင်သွားရင် စိတ်ကြိုက် ဝယ်လို့ ရောင်းလို့ရတယ်၊ မင်း အတုဝယ်မိရင် မင်း အမြင်မရှိတာကိုပဲ အပြစ်တင်ရမယ်၊ မင်းအတုဝယ်မိတာကို ပြောလို့မရဘူး”
ရှီမာယူရန် ထိုသို့ပြောလိုက်သောအခါ အားလုံး ဆွံ့အသွားကြသည်။ အဲဒါက မီးလောင်ရာ လေပင့်လုပ်နေတာမလား။
သူတို့သည် သားရဲရထားလုံး တစ်နာရီစီးပြီးနောက်တွင် အလယ်ပိုင်းခရိုင်သို့ရောက်လေသည်။ သူတို့ရောက်သောအခါတွင် လမ်းများသည် သားရဲရထားလုံးများပြည့် ပြည့်နှက်နေသည်။ ထိုလမ်းသည် တစ်ချိန်တည်းမှာပင် အနည်းဆုံး သားရဲရထားလုံး အစင်း ၂၀လောက်ရပ်နိုင်သည်အထိ ကျယ်သည်။ မဟုတ်လျှင် ခြေချရာ နေရာပင်ရှိတော့မည် မဟုတ်ပေ။
ရှီမာယူယူနှင့် တခြားသူများ၏ တောင်းဆိုမှုအရ ရထားလုံးမောင်းသူသည် အနီးဆုံး ဆိုင်သို့ ပို့ပေးလေသည်။ ထို့နောက်တွင် သူတို့သည် ဝင်ရန် တန်းစီရလေသည်။
သူတို့အဝင်ပေါက်တွင် ရပ်နေစဉ်တွင် ရှီမာယူယူနှင့် တခြားသူများသည် ဝင်ထွက်နေသော လူများအား အံ့သြစွာ စောင့်ကြည့်နေကြသည်။
“ဒီနေရာက အခွန်လွတ်ဈေးပေါ့ တခြားဆိုင်တွေနဲ့ ကွာတာမရှိပါဘူး” ရှီမာယူလီ ပြောလိုက်သည်။
တံခါးပေါက်မှ ရပ်ပြီး အထဲကိုချောင်းကြည့်ရာ တခြားသောဆိုင်များနှင့် ဆင်ထူသည်။ အပြင်ပိုင်းမှာ တခြားဆိုင်များနှင့် တူညီသည်။
ရှီမာယူယူနှင့် တခြားသူများ အဝင်ပေါက်တွင် ဝင်ရန် ရပ်နေသေည်ကို လူတချို့တွေ့လိုက်ရသည်။ သူတို့ ပြောလိုက်သည် “မင်းတို့အားလုံးက သူတော်စင်မြို့တော်ကို အခုမှလာဖူးတာလား”
ရှီမာယူယူနှင့် တခြားသူများသည် လှည့်ကြည့်ရာ သတ်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်သည် ဓားဖျားတွင် အသက်စွန့်နေခဲ့ရသည့် ရောင်ဝါထွက်နေသည်။
“ဒါ သူတော်စင်မြို့တော်ကို ရောက်ဖူးတာ ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ်ပါ၊ ဒီအခွန်လွတ်ဈေး အကြောင်းကြားလို့ လာကြည့်တာပါ” ရှီမာယူရန်သည် ပြုံးပြီးပြောလိုက်သည်။
“ဒါ ခင်ဗျားတို့ ပထမဆုံးအကြိမ်ဖြစ်နေတော့ ကျွန်တော်တို့နှစ်ယောက်လည်း ဝင်မှာဆိုတော့ ကျွန်တော်တို့နဲ့ အတူလိုက်ကြည့်ပါလား” အသားလတ်သည့် တစ်ယောက်က ပြောလိုက်သည်။
“ကျေးဇူးပါ ဦးလေး” ရှီမာယူယူနှင့် အဖွဲ့သည် သူတို့၂ယောက်နောက်လိုက်ကြသည်။ သူတို့ဝင်လိုက်သည့်အချိန်တွင် ထိုနေရာသည် တခြားသောဆိုင်များနှင့် ကွဲပြားသည်ကို သိလိုက်ရသည်။
ဆိုင်အများစုသည် ပစ္စည်းများကို စားပွဲပေါ်တွင် ပြည့်ညက်အောင် ထားသည်။ သို့သော် ထိုနေရာတွင် လူအတန်းလိုက်ကြီးသည် ကြမ်းပြင်တွင်ထိုင်ကာ မြေပေါ်တွင် အဝတ်ခင်းကာ ထိုအဝတ်ပေါ်တွင် ကျပန်း ကုန်ပစ္စည်းများကို ခပ်ကျဲကျဲခင်းထားလေသည်။ တချို့သည် သူတို့ရောင်းဝယ်ချင်သည့် ပစ္စည်းကို ရေးထားလေသည်။
“ဒီမှာ အပိုင်း ၄ခုရှိတယ်၊ ရောင်းဝယ်ချင်တိုင်းမှာ တစ်ထောင်အထိ ညှိလို့ရတယ်၊ အပေါ်ထပ်သွားလေ ပစ္စည်းများ ဈေးလိုက်ကြီးသွားတယ်” အသားလတ်သည့် သတ်လတ်ပိုင်းအရွယ်အမျိုးသားက ရှင်းပြသည် “ဒါ ပထမဆုံးရောက်ဖူးတာဆိုတော့ ပထမအထပ်ကိုပဲ ဖြေးဖြေးချင်းကြည့်ကြပေါ့၊ ငါတို့ အပေါ်ထပ်သွားတော့မယ် မင်းတို့နဲ့နေလို့မရတော့ဘူး”
“ဟုတ်ကဲ့ ကျေးဇူးပါ ဦးလေး”
ထိုသတ်လတ်ပိုင်းအမျိုးသား နှစ်သီးသည် ထိုနေရာ၏ ဖောက်သည်ဖြစ်ပုံရကာ သူတို့လိုအပ်သော ပစ္စည်းမှာလည်း အဆင့်မြင့်သောကြောင့် အပေါ်ထပ်ကိုသာ တိုက်ရိုက်တက်သွားခြင်းဖြစ်သည်။
“လျှောက်ကြည့်ရအောင်” ရှီမာယူမင် ပြောလိုက်သည်။
သူတို့အဖွဲ့သည် ပထမအဆင့် လျှောက်သွားရာ ရှီမာယူယူသည် ဆေးဖက်ဝင်ပစ္စည်းများကို သတိထားမိလေသည်။ သို့သော် ထိုအရာများသည် အလွန်တန်ဖိုးကြီးသည်တော့ မဟုတ်ပေ။ ဆေးပစ္စည်း များလည်း အနည်းငယ်ရှိသော်လည်း သူတို့အဆင့်မှာလည်း သာမာန်သာဖြစ်သဖြင့် သူတို့မျက်လုံးကို မဖမ်း စားနိုင်ပေ။
သူတို့သည် ပစ္စည်းကောင်းမတွေ့သဖြင့် ပထမအဆင့်အား လျင်မြန်စွာ လျှောက်ပတ် ကြည့်ပြီး လေသည်။
သူတို့သည် လျင်မြန်စွာ ဒုတိယအထပ်ကို တက်ကြရာ သတ်လတ်ပိုင်းအမျိုးသားနှစ်ယောက် ပြောသလိုပင် ထိုအထပ်မှပစ္စည်းများသည် ပထမအထပ်က ပစ္စည်းများထက် ပိုတန်ဖိုးရှိလေသည်။ သို့သော် သူတို့ မျက်စိအား မဖမ်းစားနိုင်သေးပေ။
သူတို့သည် ဒုတိယအထပ်ကို လျင်မြန်စွာ လှည့်ပတ်ကြည့်ပြီးရာ တတိယအထပ်သို့ သွားကြလေသည်။
ထိုပစ္စည်းများ၏ အဆင့်မှာ အနည်းငယ်မြင့်ကြသဖြင့် သူတို့သည် ခြေလှမ်းများ တစ်ခါတစ်ခါ ရပ်သွားလေသည်။ သို့သော် သူတို့သည် ဘာမှမဝယ်ကြပဲ ဖက်တီးကျူသာ သူ့ကိရိယာများ တီထွင်ရာတွင် သုံးရန် ပစ္စည်းများ ရွေးနေလေသည်။
သူတို့ ၄ထပ်သို့ရောက်သောအခါ ခုဏကတွေ့ခဲ့သော သတ်လတ်ပိုင်းအမျိုးသားနှစ်ဦးကို ပြန်တွေ့လေသည်။ သူတို့ လျင်မြန်စွာတက်လာသည်ကို မြင်သည်နှင့် သူတို့သည် နားမလည်စွာ မေးလိုက်သည် “မင်းတို့ အောက်က သုံးထပ်လုံးကို ဒီလောက်မြန်မြန် လှည့်ပြီးသွားတာလား”
“အောက်က ပစ္စည်းတွေက သာမာန်ပဲဆိုတော့ မြန်မြန်ပြီးသွားတာ” ရှီမာယူရန်သည် ပြုံးပြီး ပြောလိုက်သည်။
ထိုလူနှစ်ယောက်ကြားသောအခါ ထိုလူများသည် သာမာန်မဟုတ်သည်ကို ချက်ချင်းပင် နားလည်လိုက်သည်။ သူတို့သည် သာမာန်အရည်အသွေး မဟုတ်သော ပစ္စည်းများကိုတွေ့နေကျဖြစ်၍ အောက်ရှိပစ္စည်းများကို သိပ်မစဉ်းစားပေ။
“ဒီနေရာက ကုန်သွယ်ရေးဆိုင် အသေးစားလေးပဲ မင်းတို့ အရည်အသွေးကောင်းတာ စိတ်ဝင်စားတယ်ဆိုရင် ပိုကြီးတဲ့ဆိုင်ကို သွားလို့ရပါတယ်” အသားလတ်သော သတ်လတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။
“ဒီဆိုင်ထက်ကောင်းတဲ့ တခြားကုန်သွယ်ရေးဆိုင် ရှိသေးလား” ရှီမာယူလီ မေးလိုက်သည်။
“ရှိတာပေါ့ ကုန်သွယ်ရေးဆိုင်တွေကလည်း အဆင့်တွေအလိုက် ခွဲထားတယ်၊ အဆင့် ၁၊ ၂ နဲ့ ၃ ဆိုပြီး ခွဲထားတယ် ဒီဆိုင်က အနိမ့်ဆုံး အဆင့် ၃ပဲ၊ ဒီကပစ္စည်းတွေက တခြားဆိုင်က ပစ္စည်းတွေနဲ့ သေချာပေါက် ယှဉ်လို့မရဘူးပေါ့” သတ်လတ်ပိုင်း အမျိုးသားသည် စိတ်ရှည်စွာရှင်းပြလေသည်။
“ဒါဆို ဘယ်ဆိုင်က အဆင့်မြင့်တာလဲ” ရှီမာယူမင် မေးလိုက်သည်။
“အလယ်ပိုင်းနဲ့နီးတဲ့ ဆိုင်တွေက အဆင့်မြင့်တယ်၊ အဲမှာ အဆင့် ၁ ဆိုင် သုံးဆိုင်ရှိတယ်၊ တစ်ဆိုင်စီက အဂ္ဂိရတ်ပညာရှင်အသင်း၊ လက်နက်ပညာရှင်အသင်းနဲ့ သားရဲထိန်းကျောင်းသူအသင်းတို့ပိုင်တာ၊ မင်းတို့ စိတ်ဝင်စားရင် သွားကြည့်လို့ရတယ်”
“ကောင်းပါပြီ ညွှန်းပေးတဲ့အတွက် ဦးလေးကို ကျေးဇူးတင်ပါတယ်”
ထို့နောက်တွင် ရှီမာယူယူနှင့် တခြားသူများသည် ၄ထပ်ကို လျှောက်ကြည့်သော်လည်း အဆင့်မြင့်သော ဆေးဖက်ဝင်ပစ္စည်းများ ရှာမတွေ့ပေ။ သို့သော် ဝိညာဉ်စေတီအတွင်းတွင် ရှိပြီးသားဖြစ်၍ သူတို့ အနည်းငယ်သာ ဝယ်ခဲ့လေသည်။
သူတို့ထွက်သွားမည်အပြုတွင် ရှီမာယူယူ၏ မျက်လုံးကို ဖမ်းစားလိုက်သည်မှာ ကြက်သွေးရောင်ကြံ့မြက်ပင်ဖြစ်လေသည်။ ထိုကဲ့သို့ ဆေးဖက်ဝင်ပစ္စည်းသည် ပုံမှန်ဆိုလျှင် စိမ်းသော်လည်း နှစ်၂၀၀ကြာပြီးနောက်တွင် အနီရောင်ပြောင်းသွားသည်။ ထိုအချက်တွင် သူ၏ အာနိသင်မှာလည်း ၁၈၀ ဒီဂရီ ပြောင်းသွားလေသည်။
လူငယ်တစ်ယောက်သည် ထိုဈေးဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ထိုဆေးဖက်ဝင်ပစ္စည်းကို ဈေးသည်ဆီမှ ဈေးဆစ်နေလေသည်။
“ရွှေပြား ၃၀၀၀ပဲ မဟုတ်ရင် မရောင်းဘူး” ဈေးသည်သည် သူ့ဈေးနှုန်းကို အခိုင်အမာပြောလေသည်။
ထိုလူငယ်သည် ထိုဆေးဖက်ဝင်ပစ္စည်းအား အမှန်တကယ်လိုအပ်သော်လည်း သူ့တွင် ထိုမျှလောက် ပိုက်ဆံမရှိသည့်ပုံပင်။ သူသည် ဈေးဆစ်နေချိန်အတွင်းတွင် သူ့မျက်နှာမှာ နီရဲလာသည်။
“သူဌေး ဈေးနည်းနည်းလောက်လျော့ပါ ကျွန်တော် အဲဒါဝယ်ပါမယ်”
“ရွှေပြား ၃၀၀၀ ပဲ မလျော့နိုင်ဘူး” ဈေးသည်က ပြောလိုက်သည် “ကြည့် ဒါက ကြက်သွေးရောင် ကြံ့မြက်ပင်ပဲ၊ သူ့ရဲ့တန်ဖိုးကို ငါပြောဖို့လိုသေးလား၊ မင်းမဝယ်ချင်ဘူးဆိုရင် တခြားသူတွေ ဝယ်မှာပဲ”
“ကျွန်တော် ပိုက်ဆံယူလာတာမလောက်လို့ပါ၊ ဒါပေမယ့် ဒီ ကြက်သွေးရောင်ကြံ့မြက်ပင်ကို တကယ်လိုတယ်၊ ကျွန်တော်ကို အချိန်ခဏလောက်စောင့်ပေးပါ ကျွန်တော်ပိုက်ဆံသွားယူလိုက်မယ် ကျွန်တော်ပြန်လာမယ်”
“မရဘူး ငါ တခြားဈေးပိုပေးမယ့်သူရှိရင် ရောင်းလိုက်မှာပဲ” ဈေးသည် ပြောလိုက်သည်။
“ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမှာလဲ” လူငယ်သည် ငိုတော့မည့်ပုံပေါက်နေသည်။
“ဒီလိုလုပ်လေ မင်း င့ါကို ရွှေပြား ၁၅၀၀ပေးထားလေ အဲဒါကို ချန်ထားပေးမယ်”
လူငယ်သည် အံကြိတ်ကာ ပြောလိုက်သည် “ကောင်းပြီလေ”
ထိုအချိန်တွင် အသားလတ်ကာ ပိန်ပါးသောလက်သည် ရှေ့ထွက်လာကာ ကြက်သွေးရောင်ကြံ့မြက်ပင်ကို ယူလိုက်လေသည်။