← Chapters

အပိုင်း (၃၀၁) – အကဲခတ် ကျွမ်းကျင်သူ

Vol. 004 Ch. 301

အပိုင်း (၃၀၁) – အကဲခတ် ကျွမ်းကျင်သူ

Vol. 004 Ch. 301

ရှီမာယူယူ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ကြက်သွေးရောင် ကြံ့မြက်ပင်အား ယူကာ ဈေးသည်အား ကြည့်ပြီးပြောလိုက်သည် “ဒီကြံ့မြက်ပင်က ဘယ်လောက်လဲ”

ဈေးသည်သည် ရှီမာယူယူ၏ ဝတ်ပုံစားပုံနှင့် အပြုအမူအား တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ချမ်းသာသူ ဖြစ်ကြောင်းကို သိလေသည်။

“ရွှေပြား ၃၅၀၀” ဈေးသည်သည် တောက်ပသော အပြုံးဖြင့် ပြောလေသည်။

ရပ်နေသော လူငယ်သည် စိုးရိမ်သွားကာ ပြေလာိုက်သည် “ကျွန်တော့်ကို ရွှေပြား ၃၀၀၀ နဲ့ရောင်းမယ်ဆိုတာ ပြောပြီးသားမလား”

“ဒါပေမဲ့ မင်းမှာ ပိုက်ဆံမှမရှိတာ၊ မင်းအတွက် ရွှေပြား၃၀၀၀နဲ့ ချန်ထားမယ်လို့ပဲ ပြောရသေးတာလေ အခု ဒီသခင်ကြီးကလိုချင်တော့ သူ့ကို ၃၅၀၀နဲ့ ရောင်းလို့ရတယ်လေ” ဈေးသည် သည်ဖြောင့်မတ်သလိုမျိုး ပြောလေသည်။

ရှီမာယူယူပြုံးပြီး ပြောလိုက်သည် “ဒီ ကြံ့မြက်ပင်က အများဆုံး ရွှေပြား ၈၀၀လောက်ပဲတန်တယ်”

“သခင်ကြီး ရယ်စရာမပြောပါနဲ့ ရွှေပြား ၈၀၀ ကသာမာန် ကြံ့မြက်ပင်ကိုပဲ ဝယ်လို့ရမှာပါ ကျွန်တော့်ဟာက ကြက်သွေးရောင်ဖြစ်ပြီး နှစ်၂၀၀ သက်တမ်းရှိပါပြီ” ဈေးသည် သည်လျင်မြန်စွာ ရှင်းပြလေသည်။

“ဟုတ်ပါတယ် ခင်ဗျားဆီမှာရှိတာက သာမာန် ကြံ့မြက်ပင်ပဲ ပြီးတော့ ရွှေပြား ၈၀၀လောက်ပဲ တန်တယ်” ရှီမာယူယူ အသေအချာပြောလေသည်။

“အဓိပ္ပာယ်မရှိတာ အရောင်ကို မမြင်ဘူးလား” ဈေးသည် သည် ပြန်ချေပရာ သူ့အသံသည် စိုးရိမ်မှုကို ပေါ်လွင်သွားစေကာ အသံကျယ်သွားလေသည်။

“အရောင်က ဆိုးထားတာလေ” ရှီမာယူယူ ပြောလိုက်သည်။

“ငါ့ကို အပုပ်မချပါနဲ့ ဒီကြံ့မြက်ပင်က အရောင်ဆိုးထားတာနဲ့ တူနေလို့လား၊ အထဲကိုကြည့်လိုက်ပါ အရွက်တွေလည်း အနီရောင်ပဲ ဘယ်လိုလုပ် အရောင်ဆိုးတယ်လို့မြင်လိုက်တာလဲ” ဈေးသည်သည် သစ်ရွက်ကို ဆိတ်လိုက်ရာ အထဲတွင် အမှန်အကန် အနီရောင်ဖြစ်လေသည်။

“ဘယ်နည်းလမ်းကို သုံးပြီး ဆေးဆိုးထားတာလည်းတော့ ကျွန်တော်လည်းမသိဘူး၊ အရွက်တွေတောင် နီနေတယ်ဆိုတော့ ခင်ဗျားမသိတာရှိမယ်လို့ ကျွန်တော်မှန်းမိတယ်၊ နှစ် ၂၀၀အထက်ရှိတဲ့ ကြံ့မြက်ပင်တွေက အရွက်ပေါ်မှာ အနီမျှင်လေးတွေရှိသေးတယ် ဒါပေမယ့် ခင်ဗျားဟာက မရှိဘူးပဲ” ရှီမာယူယူသည် အရွက်များကို ညွှန်ပြရင်း ပြောလေသည်။

“အမျှင်တွေ ဘာတွေ ဘာတွေလာပြောနေတာလဲ မင်း မြင်တောင် မမြင်ဖူးဘဲနဲ့ ဘယ်လိုသိလဲ” ဈေးသည်က ပြောလိုက်သည်။

“ကျွန်တော် မမြင်ဖူးဘူးဆိုတာ ခင်ဗျားဘယ်လိုသိလဲ” ရှီမာယူယူ ပြုံးကာ မေးလိုက်သည်။

သူမ မျက်နှာမှ အပြုံးကို မြင်သောအခါ ဈေးသည်သည် တုန်ယင်လာသည်။ ဒီလူက အရင်က ကြက်သွေးရောင်ကြံ့မြက်ပင်ကို မမြင်ဖူးတာ သေချာပါ့မလား။

“ကြက်သွေးရောင်ကြံ့မြက်ပင်က တကယ်ပဲ အနီရောင်အမျှင်တွေရှိတာလား” လူငယ်သည် မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ ထို့နောက်တွင် တစ်ဖက်လူသည် ဝန်မခံသေးသည်ကို တွေ့သည်နှင့် ပြောလိုက်သည် “ကြည့်ရတာ ခင်ဗျားက အခေါင်းတွေ့တော့မှ ဝန်ခံတော့မှာလား”

သူမသည် တိုက်ရိုက်ပင် ကြံ့မြက်ပင်၏ အမြစ်ကို ချိုးဖဲ့လိုက်ရာ အမှန်တကယ်ပင် အစိမ်းရောင် အမြစ်များ ပေါ်လာလေသည်။

“င့ါ ကြံ့မြက်ပင်လေး” ရှီမာယူယူထိုကဲ့သို့လုပ်လိမ့်မည်ဟု ဈေးသည် ထင်မထားသဖြင့် တားရန် အချိန်မရလိုက်ပေ။

ရှီမာယူယူသည် လက်ထဲမှကြံ့မြက်ပင်အစည်းကို မြေပေါ်ကိုပစ်လိုက်ပြီး မတ်တတ်ရပ်ကာ သူမ လက်မှ ဖုန်ခါကာ ပြောလိုက်သည် “ခင်ဗျားဘယ်လို နည်းလမ်းပဲသုံးပါစေ တစ်ခုလုံးကို နီအောင်လုပ်ဖို့ နည်းလမ်းမရှိဘူး”

“ဒါက…” ဈေးသည်၏ အမူအရာသည် ချက်ချင်းပင် ပျက်သွားသည်။

“ကောင်းတယ် ခင်ဗျား ကျွန်တော့်ကို လူလည်ကျရဲတယ်” လူငယ်သည် ပြင်းထန်စွာ အပြစ်ရှာလေသည် “ခင်ဗျားရဲ့ ကြံ့မြက်ပင်မဝယ်ရသေးတာ ကံကောင်းတယ် မဟုတ်ရင် ခင်ဗျားကို ကျွန်တော် လုပ်မိတော့မယ်”

“ရှင်းပြတာ နားထောင်ပါဦး….” ဈေးသည်သည် ရှင်းပြရန် ကြိုးစားလေသည်။

“ဟင် လူလိမ်၊ အားလုံး ဒီလူဆီက ပစ္စည်းတွေ မဝယ်ပါနဲ့” လူငယ်သည် ကျယ်လောင်စွာအော်ပြီး ရှီမာယူယူတို့ဘက်လှည့် ကြည့်လိုက်သည်။ သို့သော် သူမ ထွက်သွားပြီဖြစ်သည်။

ရှီမာယူယူသည် အမှန်တရားပေါ်ချိန်တွင် အားလုံးနှင့်အတူ ထွက်သွားပြီဖြစ်သည်။ သူမသည် အပြင် ရောက်ခါစတွင်ပင် တစ်စုံတစ်ယောက်သည် ရပ်တန့်ရန် ခေါ်လိုက်သည်။

“ညီအစ်ကိုတို့ ခဏလောက်ပါ”

ရှီမာယူယူသည် ထိုလူငယ်၏ အသံကို မှတ်မိလိုက်သည်။ ထို့ကြောင့် သူမ ရပ်ကာ မေးလိုက်သည် “ဘာကိစ္စလဲ”

ထိုလူငယ်သည် ရှီမာယူယူရှေ့လာကာ အရိုအသေပေးပြီး နှုတ်ဆက်ကာ ပြောလေသည် “ညီငယ်ကို ကျေးဇူးတင်ပါတယ် မဟုတ်ရင် ငါ အဲဒီ ကြက်သွေးရောင်ကြံ့မြက်ပင်အတုကို ဝယ်မိတော့မှာ”

“ရပါတယ် အဲလိုမျိုးအဖြစ်အပျက်ကို မကြည့်နိုင်ရုံပါ” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်” ထိုယောက်ျားလေးက ပြောလိုက်သည် “သခင်လေးက ကြက်သွေးရောင်ကြံ့မြက်ပင်ကို အရင်က မြင်ဖူးလားဆိုတာ မေးပါရစေ”

“မြင်ဖူးပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

ဝိညာဉ်စေတီတွင် ပေါများသည်။

“သခင်လေးဆီမှာ ရှိမလား သိချင်ပါတယ်”

“ရှိပါတယ်”

ရှီမာယူယူ ပြောသည်ကို ကြားသည်နှင့် ထိုယောက်ျားလေး၏ မျက်လုံးသည် အရောင်တောက်လာကာ စိတ်လှုပ်ရှားစွာပြောလေသည် “ကျွန်တော် အခု ကြက်သွေးရောင် ကြံ့မြက်ပင် အရေးတကြီးလိုနေပါတယ်၊ ညီငယ် ကျွန်တော့်ကို နည်းနည်းပေးလို့ရမလား၊ ကျွန်တော် ဈေးကြီးပေးဝယ်ပါမယ်”

“ခင်ဗျားရဲ့ မိသားစုဝင် တစ်ယောက်ယောက် ထိခိုက်မိလို့လား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်ပါတယ် ပြီးခဲ့တဲ့လက ကျွန်တော့်အစ်ကိုရဲ့ လက်မောင်းက လီမူကြောင့် ထိခိုက်သွားပါတယ်၊ အဲဒါကို ကုဖို့ ကြံ့မြက်ပင်လိုနေပါတယ်” ထိုယောက်ျားလေးက ပြန်ပြောလေသည်။

“လီမူဟုတ်လား အဂ္ဂိရတ်ပညာရှင်အသင်းက တစ်ယောက်လား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်ပါတယ် သူပါပဲ” ယောကျ်ားလေးက ပြောလိုက်သည် “ကျွန်တော်က လုယွမ်ပါ ကျွန်တော့် အစ်ကိုက လုမင်ပါ ကျွန်တော့်အစ်ကိုက အဂ္ဂိရတ်ပညာရှင်အသင်းကပါ၊ သူ လီမူနဲ့ စကားများတော့ ထိခိုက်သွားတာပါ၊ ကျွန်တော်တို့ သူ့ဒဏ်ရာကို ကုဖို့ တစ်ချိန်လုံး ကြက်သွေးရောင် ကြံ့မြက်ပင်ကို ရှာနေခဲ့တာပါ”

“လိမ်ဆေးသုံးပြီးတာတောင် အနာကမပျောက်ဘူးလား၊ ဘာလို့ အဲလောက်ကြာတာတောင် မပျောက်တာလဲ” ရှီမာယူယူသည် ထိုကဲ့သို့ အခြေအနေမျိုးကို မကြုံဖူးပေ။

“ဘာလို့လဲဆိုတော့ လီမူရဲ့ မီးတောက်က သာမာန်မီးတောက် မဟုတ်ဘူး၊ သာမာန် ဆေးနဲ့ အသုံးမဝင်ဘူး” လုယွမ်၏ မျက်နှာသည် ဖုံးဖိမရအောင် ဒေါသထွက်နေသည်။

ရှီမာယူယူ ထိုအကြာင်းအား ကြားဖူးသည်ကို တွေးမိသည်။ တခြားမီးတောက် အမျိုးအစားကြောင့် ဖြစ်သော ဒဏ်ရာများသည် ကုသရန် မလွယ်ကူပေ။ သူမ သည် ခေတ္တမျှ အကြံထုတ်နေလေသည်။

“နှစ်၂၀၀ ကြံ့မြက်ပင်က ရှားပေမယ့် ရှာလို့မခက်ပါဘူး၊ ဘာလို့ခင်ဗျား အဲလောက်တောင် ကြာအောင် ရှာမရရတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် အကြီးဆုံးဆေးဆိုင်တွေက သူတို့ပိုင်တာလေ ဒါပေမယ့် လီမူရဲ့ ရာထူးက ဒီမြို့မှာ မြင့်တယ်လို့ပြောလို့ရတယ်၊ သူက ဘယ်သူ့ကိုမှ ကြံ့မြက်ပင် မရောင်းရဘူးလို့ အမိန့်ထုတ်ထားတယ်၊ ရောင်းလိုက်ရင် သူ့ကို ပုန်ကန်သလိုဖြစ်မှာလေ၊ အဲဒါကြောင့် ကျွန်တော်တို့ အဲဒီဆေးဆိုင်တွေကနေ ကြံ့မြက်ပင် ဝယ်လို့မိရပဲ ဒီအခွန်လွတ်ဈေးမှာ ကံကောင်းလို ကံကောင်းငြား လာကြည့်တာ၊ ရှာရတာခက်လိုက်တာ ဒါပေမဲ့ အတုနဲ့တွေ့ရမယ်လို့ ထင်မထားဘူး”

“ကုန်သွယ်ရေး ဧရိယာကိုဘာလို့မသွားတာလဲ” ရှီမာယူလီ မေးလိုက်သည်။

“အဲဒီ ကုန်သွယ်ရေးဧရိယာအကြီးတွေက အကုန်လုံး အသင်းတွေကပိုင်တာလေ” လုယွမ်၏ စကားလုံးများသည် ခါးသီးမှုများပြည့်နှက်နေသည်။

ထိုဆိုင်များသည် အသင်းများမှဖွင့်ထားသဖြင့် သူတို့သည် လီမူကို လေးစားကြသဖြင့် သူ့ကို ရောင်းမည်မဟုတ်ပေ။

“လီမူက အဆင့် ၄အဂ္ဂိရတ်ပညာရှင်ပဲရှိသေးတယ် သူက ဘာလို့ရာထူးကြီးပြီး တခြားအသင်းတွေကပါ သူ့ကို ကူညီရတာလဲ” ဖက်တီးကျူ မေးလိုက်သည်။

“သူက အဂ္ဂိရတ်ပညာမှာ အဆင့် ၄ပဲရှိသေးပေမယ့် သူက ကုန်သွယ်ရေးအသင်းနဲ့ အရမ်းရင်းနှီးတယ်၊ သူက သက်ကြီးပုဂ္ဂိုလ်ရဲ့ အမျိုးလည်းဖြစ်တယ်၊ ပြီးတော့ သူ့အရည်အချင်းက ကောင်းတယ် အဲဒီအသင်းတွေနဲ့ လည်း ရင်းနှီးတယ်၊ သူ့လို လွှမ်းမိုးနိုင်တဲ့ အဂ္ဂိရတ်ပညာရှင်ကို ဘယ်သူမှ အပြစ်မလုပ်ချင်ကြဘူး” လုယွမ်သည် အကူအညီမဲ့စွာ ပြောလေသည်။

“ကျွန်တော် ခင်ဗျားအစ်ကိုရဲ့ ဒဏ်ရာကို စိတ်ဝင်စားတယ် ကျွန်တော် လိုက်ကြည့်လို့ရမလား” ရှီမာယူယူ မေးလိုက်သည်။

“ဒါက… ကျွန်တော့်မိသားစုရဲ့ အခြေအနေက သိပ်မကောင်းဘူး၊ ဒီအချိန်မှာ ကျွန်တော်တို့ မိသားစုနဲ့ မပတ်သတ်တာ ကောင်းမယ်၊ တခြားသူတွေက ကျွန်တော်နဲ့ရှိနေတာမြင်ရင် ခင်ဗျားတို့ အန္တရာယ်ရှိလိမ့်မယ်” လုယွမ်သည် ကောင်းမွန်စွာ ငြင်းဆိုလေသည်။

“ကိစ္စမရှိဘူး မဟုတ်တောင် ကျွန်တော်တို့က လီမူရဲ့ ရန်သူတွေဖြစ်နေပြီ၊ ရန်သူရဲ့ ရန်သူက သူငယ်ချင်းလို့ ပြောကြတာပဲမလား၊ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်းကို သွားလည်တာပဲ သွားရအောင် လမ်းပြပေးပါ” ရှီမာယူယူသည် လီမူအား လုံးဝဂရုမစိုက်ပါ။

လုယွမ်သည် ရှီမာယူယူ အပူတပြင်းဖြစ်နေသည်ကို တွေ့သည်နှင့် သူ့အိမ်သို့ ခေါ်သွားရန် သဘောတူလိုက်သည်။

လုအိမ်တော်သည် အချက်အချာကျသော နေရာတွင် ရှိလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ထိုနေရာတွင် နေနိုင်သော မိသားစုများသည် အလားအလာရှိသည်ဟု ဆိုလိုသည်။ သူတို့သည် အရင်က ပထမအဆင့်ရှိ အင်အားကောင်းခဲ့သော အိမ်ဖြစ်ရမည်။

All Chapters