← Chapters

အပိုင်း (၃၀၂) – လုမျိုးနွယ်မှ မောင်နှမများ

Vol. 004 Ch. 302

အပိုင်း (၃၀၂) – လုမျိုးနွယ်မှ မောင်နှမများ

Vol. 004 Ch. 302

သို့သော် သူတို့သည် ဆင်းရဲကာပျက်စီးနေသော အိမ်ရှေ့တွင်ရပ်ပြီး ကျက်သရေရှိသော အင်အားကြီး မိသားစုကို မမြင်ရပေ။

ထိုအိမ်သည် ရှီမာအိမ်တော်ပိုင်ဆိုင်သော အိမ်တစ်အိမ်ကဲ့သို့ သေးငယ်သောအိမ်ဖြစ်သည်။ တံခါးရွက် ပင် မရှိပေ။

လုယွမ်သည် အံ့သြနေသော သူတို့မျက်လုံးများကို မြင်သည်နှင့် အနည်းငယ် ခိုကိုးရာမဲ့သွားသည်။ သို့သော် သူသည် ယဉ်ကျေးစွာပြောလေသည် “အားလုံးပဲ ဒါ ကျွန်တော့်အိမ်ပါ၊ ကျွန်တော်တို့ အားလုံးဝင်လို့ရပါတယ်”

သူတို့အထဲဝင်သည်နှင့် အသက် ၁၆၊၁၇ အရွယ် လုယွမ်နှင့် ဆင်သော မိန်းကလေးတစ်ယောက်သည် အိမ်ထဲမှ ထွက်လာလေသည်။ သူမသည် လုယွမ်မှ သူစိမ်း ၈ယောက်ခေါ်လာသည်ကို မြင်သည်နှင့် အံ့သြစွာ ပြောလိုက်သည် “အစ်ကိုကြီး သူတို့က ဘယ်သူတွေလဲ”

“ဒါက ကျွန်တော့် အမွှာညီမပါ လုယန်ပါ” လုယွမ်သည် မိတ်ဆက်ပေးပြီးနောက် တိတ်ဆိတ်နေသော အိမ်ကိုလှည့်ပတ်ကြည့်ကာ မေးလိုက်သည် “ညီမလေး ဒါက ငါ အပြင်မှာတွေ့ခဲ့တဲ့ သူငယ်ချင်းတွေပဲ သူတို့ အစ်ကို ၂ကို လာတွေ့ကြတာ၊ အစ်ကိုကြီးက ဘယ်သွားလဲ”

လုယန် မျက်နှာပျက်သွားကာ ပြန်ဖြေသည် “ညီမတို့ နှစ် ၂၀၀ ကြံ့မြက်ပင် ရှာလို့တွေ့မယ့်ပုံ မပေါ်ဘူးဆိုပြီး အစ်ကိုကြီးက မြို့အပြင်ကိုသွားရှာမယ်ဆိုပြီး ဒီမနက်စောစောကို ထွက်သွားတယ်”

လုယွမ်သည် ထိုစကားကြားလိုက်သောအခါ ခဏမျှ ပျာယာခတ်သွားသည်။ သူ ပြောလိုက်သည် “အစ်ကိုကြီးက အဲနေရာကို တကယ်သွားတာလား၊ ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဘာဖြစ်လို့လဲ” ဖက်တီးကျူသည် လုယွမ် စိုးရိမ်နေသည်ကို မြင်သည်နှင့် မေးလိုက်သည်။

“ကျွန်တော်နဲ့ အစ်ကိုကြီးနဲ့ အရင်တစ်ခေါက် တောင်ကိုသွားတော့ နှစ် ၂၀၀ ကြံ့မြက်ပင်ကို တွေ့ခဲ့တယ်၊ ဒါပေမယ့် အဲဘေးမှာ အဆင့်၅ အံ့ဖွယ်သားရဲ အသိုက်ရှိနေတယ်၊ တစ်ခါလောက် ဂရုမစိုက်မိလိုက်ရင် အံ့ဖွယ်သားရဲတွေလက်ထဲမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားမယ်၊ အဲတုန်းက ကျွန်တော်တို့ ကြံ့မြက်ပင်ယူစရာ မလိုဘူးလေ၊ အစ်ကိုကြီးရဲ့ အသက်ပါ အန္တရာယ်ရှိနေပြီ” လုယွမ် ရှင်းပြသည်။

သူမ ထိုစကားကြားသောအခါ လုယန်သည် ချက်ချင်းမှင်တက်သွားလေသည်။ သူမ လက်များသည် ပါးစပ်အားပိတ်ထားကာ မျက်လုံးများသည် မျက်ရည်များ စီးကျလာသည်။ သူမသည် လုယွမ်ဘက်လှည့်ကာ မေးလိုက်သည် “အစ်ကိုကြီး အဲလိုမဖြစ်နိုင်ဘူး၊ အစ်ကိုကြီးမှာ ဘာမှမဖြစ်လောပါဘူးနော်”

“ခင်ဗျားတို့ထွက်လာတာ မကြာသေးဘူးဆိုတော့ သူလည်း အဝေးကြီးမရောက်လောက်သေးဘူး၊ ခင်ဗျားတို့ သွားတားရင် မှီလောက်သေးတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့အချိန်မရှိတော့ဘူး အစ်ကိုကြီးမှာ စာချုပ်ချုပ်ထားတဲ့ အမြန်ဆုံး ဝိညာဉ်သားရဲနှစ်ကောင်ရှိတယ် ကျွန်တော်သွားတာ နေ့လည်ခင်းတစ်ခင်းလုံးရှိနေပြီဆိုတော့ သူ သူတော်စင်မြို့တော်ရောက်မှာ စိုးတယ်၊ သူအပြင်မှာဆိုရင် သူ့မှာ သားရဲပျံရှိတော့ ကျွန်တော်တို့ မှီရင် တောင်ထိပ်ရောက်နေလောက်ပြီ” လုယွမ်သည် စိုးရိမ်စွာပြောလေသည် “ထားလိုက်တော့ ဖြစ်နိုင်နိုင် မဖြစ်နိုင်နိုင် ငါ အစ်ကိုကြီးကိုရှာရမယ်၊ အစ်ကို ၂က ဒဏ်ရာရထားတာကို အစ်ကိုကြီးပါ ဒဏ်ရာရတာမျိုးအဖြစ်မခံနိုင်ဘူး”

“အဟွတ် အဟွတ်”

ထိုအချိန်တွင် တံခါးအကွယ်မှ ဖြူဖျော့နေသော ယောက်ျားလေးတစ်ယောက်သည် ထွက်လာသည်။ သူသည် လုမျိုးနွယ်၏ ဒုတိယအကြီးဆုံး လုမင်ဖြစ်လေသည်။

“ညီလေး ၃ အစ်ကိုကြီးကို မြန်မြန်သွားတား ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို လုံလုံခြုံခြုံပြန်ခေါ်ခဲ့” လုမင်သည် နံရံတွင် သူ့ညာဘက်လက်နှင့်ထောက်ထားပြီး လုယွမ်အား ကြည့်လေသည်။

“အစ်ကို ၂ အစ်ကို့ရဲ့ ခန္ဓာကိုယ်က အားနည်းနေသေးတယ်၊ ဘာလို့ထွက်လာတာလဲ” ယုယွမ်သည် လုမင်အား သွားတွဲပေးလေသည်။

“ငါအဆင်ပြေတယ် ညီလေး ၃ မြန်မြန်သွားတော့” လုမင်သည် စိုးရိမ်စွာ အော်လိုက်သည်။

“ကျွန်တော်သွားပြီ” ယုယွမ်သည် ပြန်ဖြေကာ ရှီမာယူယူနှင့် တခြားသူများဆီသို့လှည့်ကာ ပြောလိုက်သည် “ကျွန်တော် တကယ်တောင်းပန်ပါတယ် ကျွန်တော်…”

“အဲမှာ စံတင်ဝိညာဉ်ထက် ပိုအားကောင်းတဲ့ အံ့ဖွယ်သားရဲတွေ အများကြီးရှိတယ်၊ မင်း အစ်ကိုကြီးရှိတဲ့ နေရာကို တစ်ယောက်တည်းသွားမယ်ဆိုရင် မင်းလည်း အန္တရာယ်နဲ့တွေ့ရနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒီလိုလုပ်ရအောင် အစ်ကိုကြီး သူတို့နဲ့သွားရအောင်” ရှီမာယူယူသည် ရှီမာယူမင်နှင့် တခြားသူများဘက် လှည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ” ရှီမာယူမင်နှင့် တခြားသောညီအစ်ကိုများသည်လည်း သဘောတူကြသည်။ သူတို့ တစ်ယောက်တည်းသွားပါက တောင်ပေါ်တွင် ညီအစ်ကိုနှစ်ယောက်လုံး ဆုံးရှုံးနိုင်သည်။

“မလိုပါဘူး အဲမှာအရမ်းအန္တရာယ်များ…” လုယွမ်သည် စကားဆုံးအောင် မပြောရသေးခင်ပင် စကား ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။

ရှီမာယူလီသည် ချက်ချင်းပင် သူ့အားဆွဲကာ ပြောလိုက်သည် “မင်းအခု မသွားရင် တကယ်နောက်ကျ သွားလိမ့်မယ်”

ဖက်တီးကျူနှင့် ဝေကျိရွှီတို့လိုက်သွားကာ ရှီမာယူယူ၊ ဘေဂုံထန်တို့နှစ်ယောက် ကျန်ခဲ့လေသည်။

“ခင်ဗျားတို့နှစ်ယောက်ကို ကျွန်တော်ဘယ်လိုခေါ်ရမလဲ” လုမင်သည် လုယွန်အကူအညီဖြင့် လျှောက်လာလေသည်။

“ရှီမာယူယူ”

“ဘေဂုံထန်ပါ”

လုမင်သည် ရှီမာယူယူအားကြည့်ပြီး မေးလိုက်သည် “ခင်ဗျားက ရှီမာမျိုးနွယ်ကလား”

“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒီနေ့ ခင်ဗျားတို့ ဘာလိုချင်လို့လာတာလဲ” လုမင်၏ မျက်နှာမှာ ပျက်သွားကာ ပြောလိုက်သည် “ငါတို့ အမွေတွေ ပျက်စီးသွားတာကြာပြီလို့ ပြောပြီးပြီလေ၊ မင်းတို့လာတောင် ဘာမှရှာလို့ရမှာ မဟုတ်ဘူး၊ မင်းတို့ အားလုံးက အဲလူတွေလုပ်သလိုမျိုး ငါတို့ ပစ္စည်းတွေကို ယူသွားဖို့ စီစဉ်နေတာလား”

“ဟင်” ရှီမာယူယူနှင့် ဘေဂုံထန်တို့်သည် တူညီစွာ မှင်တက်သွားကြသည်။ သူတို့မေးလိုက်သည် “ပစ္စည်းတွေယူတယ်ဆိုတာ ဘာကိုပြောတာလဲ”

“မင်းတို့က ငါတို့ပစ္စည်းတွေ ယူဖို့လာတာမဟုတ်ဘူးလား” လုယန်သည် သူတို့နှစ်ယောက်အား ကြည့်ပြီး မေးလိုက်သည်။

“မဟုတ်ပါဘူး ကျွန်တော်တို့က အခွန်လွတ်ဈေးမှာ လုယွမ်နဲ့ မတော်တဆတွေ့ခဲ့တာပါ သူက မရင့်သေးတဲ့ ကြံ့မြက်ပင်ဝယ်နေတာတွေ့ခဲ့တယ်၊ အဲဒါကြောင့် သူ့ကို နည်းနည်း သတိပေးခဲ့တာပါ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတာနဲ့ သူက ကျွန်တော့်ကို ကြက်သွေးရောင်ကြံ့မြက်ပင်ကို မေးတာနဲ့ ခင်ဗျားရဲ့ ဒဏ်ရာကို စိတ်ဝင်စားသွားပြီး လာကြည့်တာပါ”

လုမင်သည် ထိုအချိန်မှ ရှီမာယူယူအား သတိထားမိသွားပြီး ပြောလိုက်သည် “ဟုတ်သားပဲ မင်းက ရှီမာမျိုးနွယ်ဆက်တွေမှာ မင်းမှ မရှိတာ မင်းက သူတော်စင်မြို့တော်ကို အခုမှရောက်တာလား”

လုမင် ထိုမျှလောက် မှန်းနိုင်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားသောကြောင့် လျင်မြန်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပါတယ် ကျွန်တော်တို့ မနေ့ကမှရောက်တာပါ၊ ကျွန်တော်တို့ ဒီမှာမနေဖူးပါဘူး”

“ဒါဆို မင်းတို့ မြန်မြန်သွားတာကောင်းလိမ့်မယ်၊ ရှီမာမျိုးနွယ် အမြဲတမ်း အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ပနံသင့်တယ်၊ မင်းတို့ ငါတို့နဲ့ဆက်နေမယ်ဆိုရင် မင်းတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်” လုမင် ပြောလိုက်သည်။

“လီမူနဲ့ အခြေအနေကို ပြောတာလား”

ရှီမာယူယူသည် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပေ။ သူမသည် ထိုယိုင်နဲ့နေသော အဆောက်အဦးအား အကဲခတ်ပြီးဖြစ်ရာ ရိုးရှင်းပြီး အရိုင်းသက်သက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ပစ္စည်းများ ရွေ့ပြောင်းခံရသည့် အရိပ်အယောင်များ ရှိနေလေသည်။ ပစ္စည်းများသည် သိပ်မကြာခင်ကပင် ယူသွားခံရသည့် ပုံပင်။

“ခင်ဗျား လီမူကို သိတာလား” လုမင်သည် အနည်းငယ် အံ့သြသွားပြီးမှ သဘောပေါက်ကာ ပြောလိုက်သည် “ဟုတ်သားပဲ ညီလေး ၃က မင်းကို ငါ့အကြောင်း ပြောပြီးပြီမလား”

“မဟုတ်ဘူး၊ ကျွန်တော်တို့က နဂါးတန်ပြန်တောင်မှာကတည်းက တွေ့ဖူးပြီးသား၊ ကျွန်တော်တို့လည်း အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ အရည်အချင်းကို နိုင်ထားတော့ ကျွန်တော်တို့ ဆက်ဆံရေးလည်း အဲလောက် မကောင်းဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ကို မထိုင်ခိုင်းတော့ဘူးလား”

လုမင်သည် ရှီမာယူယူအား အံ့သြစွာကြည့်ကာ ချက်ချင်းပင် ပြောလိုက်သည် “နှစ်ယောက်လုံး ကျေးဇူးပြုပြီးတော့….”

သူတို့သည် ဧည့်ဆောင်သို့လာရာ အထဲတွင် အသုံးအဆောင်ပစ္စည်းအနည်းငယ်သာ ကျန်လေသည်။

“ကျွန်တော်တို့ ပစ္စည်းတွေကို တခြားသူတွေ လုသွားတော့ ဒါပဲရှိတော့တယ်၊ ညီမလေး ၄ ဧည့်သည်တွေ အတွက် လက်ဖက်ရည်လုပ်ပေးပါဦး” ရှီမာယူယူတို့သည် မောက်မာသည့်ပုံမပေါ်သဖြင့် သူတို့သည် သည်လိုမျိုးကို စိတ်ထဲမရှိဟု ထင်သည်။

လုယန်သည် သူမ ရှိနေရာမှ မျက်နှာနီရဲလာလေသည်။ သူမ အသံတိုးတိုးဖြင့် ပြောလေသည် “အစ်ကို ၂ အိမ်မှာ လက်ဖက်ရည်မရှိတော့ဘူး”

လုမင်သည် အနည်းငယ်မျက်နှာပူသွားသော်လည်း အပြုံးဖြင့် ပြောလေသည် “တောင်းပန်ပါတယ် အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေက ကျွန်တော့် ဒဏ်ရာပျောက်အောင်ကုဖို့ ပစ္စည်းတွေ ရောင်းလိုက်ရတယ်”

“ကိစ္စမရှိပါဘူး ကျွန်တော်တို့ လက်ဖက်ရည်သောက်ဖို့လာတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ကို ရေပဲပေးပါ”

အမှန်တကယ်တော့ သူမသည် ရေမသောက်ချင်ပေ။ မျက်နှာပူသည့်အဖြစ်ကို ရှောင်ရှားရန် ပြောလိုက်ခြင်းဖြစ်သည်။

“ကောင်းပါပြီ ခဏလောက်စောင့်ပေးပါ” လုယန် ပြောရင်းပြောလိုက်သည်။

ရှီမာယူယူသည် လုမင်၏ ညာဖက်လက်ကိုကြည့်ပြီး ပြောလိုက်သည် “လီမူရဲ့ မီးတောက်က တခြားမီးတောက်တွေနဲ့ မတူဘူးလို့ကြားတယ်၊ အဲဒီဒဏ်ရာက တစ်လကြာတာတောင် မပျောက်ဘူးပေါ့”

“ဟုတ်ပါတယ်” လုယန် ခေါင်းညိတ်သည် “ဆေးစားလိုက်တိုင်းမှာ ခဏတော့ သက်သာသွားတယ်၊ ဒါပေမဲ့ ဒီအခြေအနေပဲ ပြန်ပြန်ဖြစ်သွားတယ်”

“ဒါဆို ခင်ဗျားရဲ့ လက်မောင်းကို ကြည့်လို့ရမလား” ရှီမာယူယူ မေးလိုက်သည်။

All Chapters