အပိုင်း (၃၀၃) – ထူးဆန်းသော မီးတောက်အမျိုးအစား
Vol. 004 Ch. 303
လုမင်းသည် ၂စက္ကန့်မျှ စဉ်းစားကာ ပြောလိုက်သည် “ဒီလက်က အခုပိုဆိုးလာတယ်၊ မလုပ်တာကောင်း မယ်”
“ကျွန်တော်က ဆရာဝန်ပါ၊ ခင်ဗျားရဲ့ ဒဏ်ရာကို ကုလို့ရရင်လည်း ရနိုင်မှာပဲလေ” ရှီမာယူယူ ပြောလိုက်သည်။
လုမင် ခေါင်းရမ်းက ပြောလိုက်သည် “ကုလို့ရနိုင်မှာမဟုတ်ဘူး၊ လီမူရဲ့ မီးတောက်က လောင်ပြီး ရင်တောင် ခြေရာလက်ရာကျန်ခဲ့တယ်၊ အဲကျန်ခဲ့တဲ့အရာကို ဖယ်ပစ်လို့ရော ကုလို့ရောမရဘူး၊ ဒီလိုမျိုးမီးတောက်က ပိုင်ရှင်ကိုယ်တိုင်ဖယ်ထုတ်မှ ရမှာ၊ နှစ်၂၀၀ သက်တမ်းရှိတဲ့ ကြံ့မြက်ပင်နဲ့ အဲအဆင့် အထက်ရှိတာမျိုးမှ ကုလို့ရမှာ”
“သူ့မီးတောက်က ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တာလား” ထိုကဲ့သို့ ကိစ္စမျိုးကို ရှီမာယူယူ ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
“ဟုတ်တယ် ငါ ဒီတစ်လလုံး စားခဲ့တဲ့ ဆေးအရေအတွက်က သာမာန်ဒဏ်ရာမျိုးအတွက်ဆို ကုလို့ရနိုင်တဲ့ပမာဏပဲ၊ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဆေးစားပြီးတာတောင် အသားပြည့်တာ တစ်နာရီမခံပဲ မီးတောက်က ငါ့ခန္ဓာကိုယ်ကို ထပ်လောင်သွားလိုက်တယ်” လုမင် ရှင်းပြသည်။
ထိုအခိုက်တွင် လုယွန်သည် ရေနှစ်ခွက်ထည့်ကာ ဝင်လာပြီး ပြောလိုက်သည် “နှစ်၂၀၀နဲ့အထက် ကြံ့မြက်ပင်က ရှားတယ်ဆိုပေမယ့် ရှာလို့ရပါတယ်၊ ဒါပေမယ့် လီလူက သူတော်စင်မြို့တော်မှာ ဘယ်သူ့ကိုမှ မရောင်းရဘူးဆိုပြီး ပိတ်ထားတော့ အစ်ကိုကြီးကလည်း ရှာဖို့တောင်ပေါ်သွားရတော့တာပဲ၊ သူက တကယ် ကြောက်စရာပဲ”
“ကိစ္စတွေဒီလိုဖြစ်လာမှာတော့ ငါ အချိန်မရွေးငါ့လက်ကို ငါဖြတ်ပစ်နိုင်တယ်၊ သူတို့ ဘေးကင်းကင်းနဲ့ ပြန်လာဖို့ပဲလိုတယ်” လုမင် ပြောလိုက်သည်။
“ဘာလို့အဲလိုလုပ်ရမှာလဲ” လုယန်ပြောလိုက်သည် “အစ်ကိုက အဂ္ဂိရတ်ပညာလည်း တော်တယ်၊ အစ်ကို့လက်ကိုဖြတ်လိုကရင် နောက်ကို ဘယ်လို ဆက်ရပ်တည်မလဲ”
“ညီမလေးတို့ သုံးယောက်ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတာကို အစ်ကိုက အားနာနေတာ၊ ဒီနေ့ပဲ အစ်ကိုကြီးက အန္တရာယ်များတဲ့ နေရာကိုသွားရပြီ၊ ငါတို့် မိသားစုသာ ဘေးကင်းမယ်ဆိုရင် အစ်ကို မသန်မစွမ်း ဖြစ်မည်း အရေးမကြီးဘူး”
“မရဘူး ဘယ်လိုပဲဖြစ်ဖြစ် ကုသရမယ်၊ အစ်ကို့မှာ လုမျိုးနွယ်ရဲ့ တာဝန်တွေ ယူရဦးမယ်ဆိုတာ မမေ့ပါနဲ့”
“အဟမ်း အဟမ်း” မောင်နှမနှစ်ယောက်၏ ခံစားချက်များ ဖလှယ်ခြင်းကြောင့် ရှီမာယူယူ စိတ်လှုပ်ရှားမိသော်လည်း သူတို့သည် သူမတို့အား မရှိသလို ဆက်ဆံနေသလိုပင်။
လုမင်နှင့် လုယန်တို့သည် ထိုအချိန်မှပင် သူတို့ရှိနေသည်ကို သတိရကာ အားနာစွာ ပြုံးပြလိုက်သည်။
“အဲဒီကိစ္စအတွက် ယုယန်ကို ကတိပေးပါတယ်၊ တကယ်လို့ သူ ကျွန်တော့်ကို သူ့ဒဏ်ရာကို ကြည့်ခိုင်းမယ်ဆိုရင် သူ့ကို နှစ်၂၀၀ ကြံ့မြက်ပင် ပေးပါမယ်” ရှီမာယူယူသည် ပြောရင်းနှင့် ကြံ့မြက်ပင် တစ်ပင်ကို ထုတ်လိုက်သည်။
“ကြံ့မြက်ပင်” လုမောင်နှမသည် သူမ လက်ထဲမှ ဆေးပစ္စည်းအားမြင်သည်နှင့် တပြိုင်နက် အော်လိုက်ကြသည်။
“အခု ကျွန်တော် ခင်ဗျား ဒဏ်ရာကိုကြည့်လို့ရပြီလား” ရှီမာယူယူသည် လုမင်အား ကြည့်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ” သူ သဘောတူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမကို မကြည့်ခိုင်းလည်း သူ့ဒဏ်ရာအား ကုသရန် ပြရမည်ဖြစ်သည်။
လုယန်သည် ထိုင်ကာ သူ့လက်ကို ဆွဲတင်လိုက်သည်။ အနက်ရောင်တူးခြစ်နေသော လက်သည် အားလုံးရှေ့တွင် ပေါ်လာသည်။
ရှီမာယူယူနှင့် ဘေဂုံထန်တို့ စိတ်ခိုင်၍သာတော်သေးသည်။ ထို့ကြောင့်ပင် သူတို့သည် ထိုကဲ့သို့ ဒဏ်ရာမျိုးကို ရင်ဆိုင်တွေ့ရချိန်တွင် ကြောက်ရွံ့မှုမရှိခြင်းဖြစ်သည်။
ရှီမာယူယူ လျှောက်သွားပြီး စေ့စပ်စွာစစ်ဆေးပြီးနောက် ပြောလိုက်သည် “မီးတောက် ကျန်ခဲ့လို့ဖြစ်နေတာ၊ ဒါပေမယ့် ကျွန်တော် ထင်ထားတာထက် အခြေအနေကောင်းပါတယ်”
“လီမူရဲ့မီးတောက်က အဆင့်အရမ်းမမြင့်ပဲနဲ့ တခြားသာမာန်မီးတောက်တွေနဲ့ မတူလို့ပဲ၊ သူက မီးတော် ကျွမ်းကျင်စွာထိန်းချုပ်နိုင်တဲ့သူ ထဲက တစ်ယောက်တော့မဟုတ်ဘူး” လုမင်ပြောလိုက်သည်။
ရှီမာယူယူ သေချာစွာစစ်ဆေးနေသည်ကို လုယန်ကြည့်ပြီးနောက် မေးလိုက်သည် “ရှီမာသခင်ကြီး အစ်ကို၂ကို ကယ်ဖို့နည်းလမ်းရှိလား”
“အင်း ဒီမီးတောက် လက်ကျန်ကတော့ အဲလောက် မပြင်းပါဘူး၊ မဟုတ်ရင် ဒီကြံ့မြက်ပင်ကလည်း အသုံးမဝင်ဖြစ်သွားမှာပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “မင်းရဲ့ ဒဏ်ရာက အဲလောက်ပြဿနာမကြီးပါဘူး၊ ခဏကုလိုက်ရင် ပျောက်သွားမှာပါ”
“ခဏပဲ ကုရမယ် ဟုတ်လား” လုယန်သည် ရှီမာယူယူ၏ အင်္ကျိကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည် “တကယ်လား”
ရှီမာယူယူခေါင်းညိတ်ပြီး ကြံ့မြက်ပင်ကို နှစ်ပိုင်းပိုင်းလိုက်သည်။ သူမ အမြစ်များကို ဘေဂုံထန်အားပေးပြီး ဆေးဖော်ခိုင်းကာ သူမသည် လုယန်အား ရေဇလုံရှိရာသို့ ခေါ်သွားခိုင်းလိုက်သည်။
ထို့နောက်တွင် သူမ မီးတောက်လုံး ထုတ်လွှတ်ကာ ကြံ့မြက်ပင်မှ ကျန်ရှိသည့် အဆီအနှစ်များကို ထုတ်ယူလိုက်သည်။ သန့်စင်ခြင်း ပြီးဆုံးခါနီးတွင် သူမ မီးတောက်ပြန်သိမ်းကာ အဆီအနှစ်များကို ဇလုံထဲသို့ လောင်းချလိုက်သည်။
သူမ ဇလုံအတွင်းလက်ထည့်ကာ မွှေပြီးနောက် ပြောလိုက်သည် “ဒဏ်ရာရထားတဲ့ အပိုင်းကို ရေထဲထည့်လိုက်ပါ”
လုမင် ခေါင်းညိတ်ပြီးနောက် လျှောက်လာကာ သူ့လက်ကို ထည့်လိုက်သည်။ မီးတောက်ကဲ့သို့ ပူနေသော သူ့လက်သည် အေးမြခြင်းကိုခံစားမိပြီး သက်တောင့်သက်သာဖြစ်သွားသည်။
“ခင်ဗျားရဲ့ အတွင်းပိုင်းဝိညာဉ်စွမ်းအင်တွေကို လည်ပတ်စေပြီး ရေထဲက အဆီအနှစ်တွေကို စုပ်ယူပါစေ” ရှီမာယူယူ ဘေးမှပြောလိုက်သည်။
အမှန်တကယ်တော့ သူမ သတိမပေးလည်း လုပ်ရမည့်နည်းကို လုမင်သိသည်။ ထို့နောက်တွင် ဇလုံထဲမှ ရေသည် လျင်မြန်စွာပင် ကြည်လင်လာသည်။
“အစ်ကို ၂ ဘယ်လိုလဲ” လုယန်သည် သူ့အားကြည့်ပြီး ပြောလိုက်သည်။
လုမင် သူ့လက်အာထုတ်ပြီး ပြောလိုက်သည် “လောင်နေတယ်လို့ မခံစားရတော့ဘူး”
သူ့လက်အား အနည်းငယ်ခံစားကြည့်ကာ ပျော်ရွှင်စွာပြောလိုက်သည် “မီးတောက်က အများစု ပျောက်သွားပြီ၊ ငါ့ အရိုးနဲ့ ခြင်ဆီတွေမှာ နည်းနည်းပဲကျန်တော့တယ်”
ထိုအချိန်တွင် ဘေဂုံထန်သည် ဆေးဖော်၍ ပြီးစီးကာ လုမင်အား တိုက်လိုက်သည်။
အချိန်တစ်ခုကြာသောအခါ လုမင်ပြောလိုက်သည် “မီးတောက်က မကျန်တော့ဘူး”
“တကယ်လား အံ့သြဖို့ကောင်းလို်က်တာ” လုယန်သည် အလွန်ဝမ်းမြောက်ကာ ပျော်ရွှင်သောကြောင့် ထခုန်လုနီးပါးပင်ဖြစ်သည်။
ရှီမာယူယူ သူ့အား နောက်ဆေးတစ်မျိုးပေးပြီးနောက် စားစေသည်။
လျင်မြန်စွာပင် လုမင်၏ လက်မောင်းမှ တူးခြစ်နေသော နေရာသည် ကွာကျပြီး အသားများ ပြန်တက်လာသည်။
“ဒီဆေးက အရင် အစ်ကို၂စားဖူးတဲ့ ဆေးတွေထက်ကောင်းတယ်” လုယန်သည် အားရပါးရ ပြုံးကာ ပြောလိုက်သည်။
ရှီမာယူယူ ထိုစကားကြားသောအခါ သူမ၏ ဒဏ်ရာအား လျင်မြန်စွာ ပျောက်သွားစေသော အဆင့် ၃ ဆေးအား သတိရမိသည်။ အခု ထိုဆေးမှာ အဆင့်ပိုမြင့်သောကြောင့် ရလဒ်မှာ ပိုကောင်း၍ လျင်မြန်စွာ ပျောက်ကင်းခြင်းဖြစ်သည်။
“ငါ့လက်မှာ ကျန်နေတဲ့ မီးတောက်ပျောက်သွားပြီ ဆေးသက်ရောက်မှုကလည်း ပိုကောင်းလာပြီ” လုမင်ပြောလိုက်သည်။
လုယန်သည် လုမင်၏ လက်မောင်းကို စိုက်ကြည့်လိုက်သည်။ အရင်ကဆိုလျှင် အသားတက်ပြီးလျှင် မကြာမီတွင် အနက်ရောင်ပြန်ပြောင်းသွားသည်။
သို့သော် လုမင် အတင်းအကြပ် မလုပ်ခဲ့ပေ။ မဟုတ်လျှင် မီးတောက်သည် သူ့အရိုးများနှင့် ခြင်ဆီများကို လောင်ကျွမ်းသွားမည်ဖြစ်သည်။
သူတို့ ညီအစ်ကိုသည် ထိုကဲ့သို့ ဝေဒနာခံစားနေရသဖြင့် လုမျိုးနွယ်မောင်နှမများသည် ရင်နာခဲ့ရသည်။
သူ၏ ညီမလေး စဉ်းစားနေသည်ကို လုမင်သိသဖြင့် သူ၏ နောက်လက်တစ်ဖက်ဖြင့် သူမ ခေါင်းအား ပုတ်ပြီး အပြုံးဖြင့် ပြောလိုက်သည် “စိတ်ချပါ ဒီတစ်ခါ ဘာမှမဖြစ်တော့ပါဘူး”
“အင်း” လုယန်သည် မျက်ရည်များ စီးကျကာ ခေါင်းညိတ်လိုက်သည်။
လုမင်၏ အသွင်အပြင်မှာ သူတို့တွေ့စကထက် ကွာခြားလာသည်။ သူ့ဆီသို့ လူတစ်ယောက်လုံး ရောက်လာခဲ့သည်။ သူ ရှီမာယူယူနှင့် ဘေဂုံထန်တို့အား အရိုအသေပေးကာ ပြောလိုက်သည် “ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့ကို ကျေးဇူးဆပ်ဖို့ ဘာမှမရှိဘူးဖြစ်နေတယ်”
“ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ ကျွန်တော်တို့က လီမူကို သဘောမကျဘူး အဲတော့ ခင်ဗျားကို ကူညီရတာ ဘာမှမဟုတ်ပါဘူး”
ရှီမာယူယူ စိတ်ထဲမထားပဲ လက်ရမ်းကာ “ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ဒဏ်ရာကို ကြည့်ခွင့်ပေးရင် ကြံ့မြက်ပင်ပေးမယ်လို့ ပြောထားတာပဲ၊ အဲတော့ ဟိုလိုဒီလို အားနာမရာမလိုပါဘူး”
“ဒါဆို ခင်ဗျားကို ကျေးဇူးတင်ပါတယ်”
….
“ခင်ဗျားတို့ဘယ်လိုလုပ် ခရိုင်အချက်အချာမှာ နေဖြစ်သွားတာလဲ” ရှီမာယူယူသည် အောင်မြင်စွာပင် စကားစမြည်ပြောနိုင်တော့သည်။
လုမင် သက်ပြင်းချကာ ညည်းညူလိုက်သည် “ကျွန်တော်တို့ ရှီမာမျိုးနွယ်က လူသာနည်းနေတာ ကျွန်တော်တို့က အဂ္ဂိရတ်ပညာရှင်မျိုးဆက်ရဲ့ မဟာဆန်တဲ့ မိသားစုကပါ၊ ကျွန်တော်တို့ ဘိုးဘေးတွေက အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ပထမဆုံး အုပ်ချုပ်သူတွေပဲ၊ ကျွန်တော်တို့ရဲ့ အဂ္ဂိရတ်ပညာတွေက အောင်မြင်မှုတွေရခဲ့လို့ ခရိုင်ရဲ့ အချက်အချာမှာနေဖို့ ခွင့်ပြုချက်ရခဲ့တယ် ဒါပေမဲ့ နောက်ပိုင်းကျ ကျွန်တော်တို့မျိုးနွယ်က လီမျိုးနွယ်ရဲ့ ပစ်မှတ်ဖြစ်သွားတာပဲ ပြီးတော့ ကျွန်တော်တို့ဘိုးဘေးကလည်း ဆေးဖော်ရင်း မမျှော်လင့်ပဲ ဆုံးသွားခဲ့တယ်၊ ကျွန်တော်တို့ ဦးလေးတွေလည်း မမျှော်လင့်ပဲ သေဆုံသွားတဲ့အချိန်မှာ ကျွန်တော်တို့ မောင်နှမလေးယောက်ပဲ ကျန်ခဲ့တာ”