အစ်ကိုကြီးချန်က အနည်းငယ် နားလည်ရခက်နေသည်
Vol. 29 Ch. 397
ကန့်သတ်မဲ့တိုက်ပွဲ၏ တတိယမြောက်နှင့် နောက်ဆုံးနေ့က မကြာမီပင် ရောက်လာခဲ့၏။
တောင်ထိပ်တစ်ထောင် တောအုပ်ပတ်လည်မှ မန္တန်အတားအဆီးက အချင်းဝက် ကီလိုမီတာ အနည်းငယ်သာရှိသော ဧရိယာအဖြစ် သေးငယ်စပြုလာလေ၏။
ကျောင်းသား ၉၉ရာနှုန်းကျော်က ထုတ်ပယ်ခံရပြီးလေပြီ။
သူတို့အားလုံးမှာ ကျောက်စိမ်းဖြူ ရင်ပြင်တွင် ထိုင်နေပြီး သူတို့၏ ဒဏ်ရာများကို ကုသကာ သူတို့အထက်မှ သလင်းကျောက် ဖန်သားပြင်ကို ကြည့်နေကြ၏။
"ကျောင်းသား ၂၀၀ပဲ ကျန်တော့ရင် တိုက်ရိုက်ကြည့်ရှုစရာတွေကို ထုတ်လွှင့်တော့မယ်။ ငါက စီနီယာအန်လင်းကို တိုက်ပွဲထဲမှာတွေ့ရဖို့ အရမ်းကို စောင့်မျှော်နေပြီ။"
"ဒီနှစ် ကန့်သတ်မဲ့ တိုက်ပွဲက အတော်လေး ပြင်းထန်တယ်။ အင်မော်တယ်အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်က ထိပ်ဆုံးကျောင်းသား အတော်များများက ပထမဆုံး၂ရက်ထဲမှာတင် ထုတ်ပယ်ခံလိုက်ရတာ။ သူတို့လို အစွမ်းထက် ကျင့်ကြံသူတွေက နောက်ဆုံးရက်အထိ ကျန်နေသင့်တာလေ။ သူတို့က အဲ့လောက်အစောကြီး အထုတ်ခံရမယ်လို့ ဘယ်သူက ထင်မှာလဲ။"
"အမှန်ပဲ။ ယောင်မင်ရှီ၊ ယောင်ရှုနဲ့ လောင်ကျိပင်တို့လို လူတွေက အထုတ်ခံရတာ အံ့ဩစရာမဟုတ်ပေမဲ့ စုချန်းရန်၊ ထန်ရှီမန်နဲ့ ဇူချူးပင်တို့လို ထိပ်ဆုံးဆယ်ယောက်ထဲမှာ မြဲနေတဲ့လူတွေ ဒီလောက်စောစောအထုတ်ခံလိုက်ရတာကျတော့ အတော်လေး မယုံနိုင်စရာပဲ။"
"အဲ့တာက စီနီယာ အန်လင်းပဲ ဖြစ်ရမယ်။"
"နင်ပြောတာ မှန်တယ်။ သူတို့က အတန်းဖော် အန်လင်းရဲ့ အထုတ်ခံလိုက်ရတာ ဖြစ်နိုင်ချေရှိတယ်..."
ကျောင်းသားများ သူတို့ဟာသူတို့ ဆွေးနွေးနေကြစဉ်မှာပင် သလင်းကျောက် ဖန်သားပြင်က လင်းလက်လာခဲ့၏။
ကျယ်လောင်လှသည့် အားပေးသံများက ရင်ပြင်တစ်ခုလုံးကို ဖြတ်သန်းလာပြီး ကျောင်းသားများ အားလုံးက သလင်းကျောက် ဖန်သားပြင်သို့ ပြန်လည် အာရုံစိုက်သွားကြ၏။
နောက်ဆုံးတော့ သူတို့၏ ဒဏ္ဍာရီလာ အိုင်ဒယ်လ်ကို တိုက်ခိုက်မှုများတွင် မြင်ရရန် အချိန်ရောက်လာလေပြီ။
ကျောင်းသားများ အားလုံးနီးပါးက ပုံရိပ်များကို ပိုက်စိပ်တိုက်ကြည့်ရှုကာ အန်လင်းကို ရှာဖွေလိုက်၏။
"ကြည့်လိုက်။ စီနီယာ အန်လင်းက ဟိုမှာ။"
"ဘာကြီး။ သူကဘာလို့ လျှိုချင်ဟွမ်နဲ့ အတူရှိနေရလဲ။ ငါ့နှလုံးသားလေးက ရုတ်တရက် နာကျင်လာပြီ..."
"ငါရောပဲ။ စီနီယာအန်လင်းက ဘာလို့ ငါ့ကိုမရွေးတာလဲ။"
"သူတို့က ဘာလုပ်နေကြတာလဲ။ သူတို့ တစ်ခုခုလုပ်နေတယ်လို့ ငါခံစားရတယ်။"
"ကြည့်ရတာ သူတို့က တစ်ယောက်ယောက်နောက် လိုက်နေတဲ့ပုံပဲ။ ဒီရှုထောင့်ကနေက ပြောရခက်တယ်။"
"လူတိုင်း ကြည့်လိုက်စမ်း။ ရွှမ်ယွမ်ချန်ကလည်း တစ်ယောက်ယောက်နဲ့တိုက်နေတယ်။"
"ကြည့်ရတာ သူက ဟူကွမ်နဲ့ တိုက်နေတဲ့ပုံပဲ။ အဖြေကတော့ အတော်လေး ဆုံးဖြတ်ပြီးသားပဲ။"
တစ်ချို့သော ကျောင်းသူများက ချက်ချင်းပင် ဒေါသတကြီး ချေပလာ၏။ "ပါးစပ် ပိတ်ထားစမ်း။ ငါတို့က ဒီကို သူတို့တိုက်ပွဲက ဘယ်လောက်ပြင်းထန်လဲဆိုတာ ကြည့်ဖို့လာတာ မဟုတ်ဘူး။ သူတို့ရဲ့ ရုပ်ရည်ကို ကြည့်ဖို့လာတာ။"
ရွှမ်ယွမ်ချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းအားများအစား ကျောင်းသူများအားလုံးက သူ့၏ ချောမောသော မျက်နှာကို ကြည့်ရန် ပို၍ စိတ်လှုပ်ရှားနေကြ၏။
ဟူကွမ်၏ လက်သီးများက ရွှမ်ယွမ်ချန်အပါ်သို့ ကြီးမားသော အားအင်များဖြင့် အဆက်မပြတ်ကျရောက်လာသော်လည်း ရွှမ်ယွမ်ချန်၏ ဓားမှာ စီးဆင်းနေသည့်ရေကဲ့သို့ အလွန်အမင်း မြန်ဆန်ပြီး ကျက်သရေအပြည့်နှင့် သူ့အား ဟူကွမ်၏ တိုက်ခိုက်များကို အလွယ်တကူ ရှောင်နိုင်ရန် ခွင့်ပြုလိုက်ပြီး သူ့ကိုယ်ပေါ်တွင် ဒဏ်ရာအများအပြား ထိခိုက်စေတော့သည်။
ရွှမ်ယွမ်ချန်မှာ ရက်စက်ကြမ်းကြုတ်မှု၏ ပရိသတ်တစ်ဦးမဟုတ်သောကြောင့် သူအနိုင်ယူခဲ့သော ကျောင်းသားအများစုမှာ သက်ရှိစွမ်းအင် ကုန်ခန်းခြင်းကြောင့် လဲကျရခြင်းဖြစ်၏။ သူတို့ မြေပြင်သို့ ပြိုလဲသွားပြီး သူတို့၏ သက်ရှိစွမ်းအင်များအားလုံး ကုန်ခမ်းသွားသောအခါမှသာ ရွှမ်ယွမ်ချန်က သူတို့ကိုထုတ်ပယ်ရန်အတွက် သူ့၏ ဓားဖြင့် သူတို့၏ ရှုံးနိမ့်ခြင်း အဆုံးအဖြတ် ချိတ်စည်းကို အသာအယာထိလိုက်၏။
သလင်းကျောက်ဖန်သားပြင်သို့ ကြည့်နေကြသော ကျောင်းသားများ အများစုမှာ ရွှမ်ယွမ်ချန်၏ ဓားသိုင်းမှာ မည်မျှ ကျက်သရေရှိသလဲဆိုသည်ဖြင့် ကြောက်ရွံ့ရိုသေနေလေ၏။
ဟူကွမ်မှာ ပထမနှစ်ကျောင်းသားများအကြားတွင် စွမ်းအားအထက်ဆုံးဖြစ်သော်လည်း အဆုံးတွင်သော သက်ရှိစွမ်းအင် ကုန်ဆုံးလာခြင်း၏ ကံကြမ္မာကို မရှောင်နိုင်ပါပေ။
"အတန်းဖော် ဟူကွမ်။ မင်းရဲ့ လုပ်ဆောင်ချက်က အတော်လေး စံနမူနာ ယူသင့်ပါတယ်။ မင်းက ငါ့ကို ဒီလောက်အထိကြာအောင် တွန်းအားပေးတဲ့ ပထမဆုံး ကျောင်းသားပဲ။"
ရွှမ်ယွမ်ချန်က သာယာသောအပြုံးလေးတစ်ခုကို ဆင်မြန်းထားကာ သူ့၏ ဓားရှည်က ဟူကွမ်၏ နှလုံးဆီသို့ ထိလိုက်၏။
ထိုရင်းနှီးသော စာသားကို ကြားသောအခါ ဟူကွမ်၏ နှုတ်ခမ်းများ တွန့်ကွေ့သွားလေ၏။
ရွှမ်ယွမ်ချန်က သူနောက်ဆုံးထုတ်လိုက်သော ကျောင်းသားကိုလည်း တစ်ထပ်တည်းတူသောအရာကို ပြောခြင်းပင်...။
အနည်းဆုံး သူ့စာသားကို ပြောင်းလိုက်ရင် သေသွားမှာလား။ အဲ့စိတ်ကြီးက ဘာလဲ။
ခွပ်...
ဟူကွမ်၏ ရှုံးနိမ့်ခြင်း အဆုံးအဖြတ် ချိတ်စည်း ကွဲကြေသွားသည်မို့ ရှင်းလင်း ကြွတ်ဆပ်သော အက်ကွဲသံတစ်ခုက ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်၌ လျှိုချင်ဟွမ်နှင့် အန်လင်းတို့မှာ စုရှောင်လန် လေထုထဲတွင် ပျံသန်းနေသော တစ်ကီလိုမီတာ အဝေးမှ ပြေပြင်ပေါ်တွင် ပတ်ပြေးနေဆဲဖြစ်၏။
တစ်ညတာမျှ အနားယူပြီး ပြန်လည်ကောင်းမွန်လာသောအခါ စုရှောင်လန်၏ ဒဏ်ရာအများစုမှာ ကုသပြီးသွားပြီးဖြစ်ကာ သူမက တိုက်ပွဲအတွက် အသင့်ဖြစ်နေလေပြီ။
ကျန်ရစ်သောကျောင်းသားများမှာ သူမက အလွယ်တကူ ကိုင်တွယ်နိုင်သော တာအိုခန္ဓာအဆင့်ကျောင်းသားများဖြစ်၏။ အနည်းငယ်ပို၍ အားစိုက်ရန်လိုသော စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများလဲ အများအပြား ကျန်နေသေး၏။ သို့သော်လည်း သူမက ထိုသူများကို ဒုက္ခအများကြီးမခံပဲနှင့် အနိုင်တိုက်နိုင်ဆဲပင်။
အန်လင်းက စုရှောင်လန်က ပြိုင်ပွဲတိုင်းကို သဘာဝတရား၏ အားအင်ကဲ့သို့ လှည်းကျင်းသွားသည်ကို ကြည့်ကာ မစ်ရှင်အောင်မြင်ခြင်းက သူ့၏ အိတ်ထဲတွင်ရောက်နေပြီဖြစ်ကြောင်းတွေးမိ၏။
အဲ့တာက အိတ်ထဲမှာ ရှိမှဖြစ်မည်။ သို့မဟုတ်ပါက သူက သူ့အိတ်ထဲမှ ေ-ာများ ဆုံးရှုံးသွားနိုင် ပေသည်။
မန္တန်အတားအဆီးမှာ ကျုံ့ဝင်လာဆဲဖြစ်ကာ တိုက်ပွဲများက ပိုမို ပြင်းထန်လာလေပြီ။
အန်လင်း၏ လုပ်ဆောင်မှုကို လိုက်နေကြသော ကျောင်းသားများအားလုံးမှာ အလွန်အမင်း စိတ်ရှုပ်ထွေးနေကြ၏။
"စီနီယာအန်လင်းက ဘာတွေလုပ်နေတာလဲဟ။ တစ်နာရီတောင်ရှိနေပြီကို သူက ဘာလို့ မတိုက်သေးတာလဲ။ သူက ဒီအတိုင်းပြေးလိုက် ရပ်ပြီးတစ်နေရာကိုကြည့်လိုက်နဲ့ ဘာတွေဖြစ်နေတာလဲ။"
"ငါတို့လို မော်တယ်တွေက နတ်ဘုရားအန်က ဘာတွေတွေးနေလဲ ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဖြစ်နိုင်တာတော့ သူက လျှိုချင်ဟွမ်နဲ့ပေါင်းပြီးတော့ ကမ္ဘာမြေတုန်လှုပ်သွားအောင်ထိ တစ်ခုခုကို ကြံစည်နေတာ ဖြစ်မှာပေါ့။"
"ငါတော့ စီနီယာအန်လင်း တိုက်ခိုက်တာကို တအား မြင်ချင်နေပြီ။ သူ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်သွားပြီးကတည်း တိုက်တာခိုက်တာ တစ်ခါမှကို မမြင်ရသေးဘူး...။" ကျောင်းသူ အလှလေးတစ်ဦးက အိပ်မွေ့ချခံထားရ သကဲ့သို့ ဖန်သားပြင်ပေါ်မှ အန်လင်း၏ ပုံရိပ်ကို ငေးကြည့်နေ၏။
သူမက တခြားသော ကြမ်းတမ်းသည့်တိုက်ပွဲများကို ကြည့်ရန်ငြင်းဆန်နေပြီး အန်လင်း၏ ပုံရိပ်ကိုသာ သူမ၏နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် တဒုတ်ဒုတ်ခုန်နေရင်း ငေးကြည့်နေလေ၏။
လူတိုင်းက မသိလိုက်ခင်မှာပင် မန္တန်အတားအဆီးမှာ အချင်းဝက် ၅ကီလိုမီတာသာရှိသော ဧရိယာအဖြစ်သို့ ကျုံ့ဝင်သွားလေ၏။
တောင်ထိပ်တစ်ထောင် တောအုပ်အတွင်း၌ လူ၂၀ကျော် ကျန်နေပါသေး၏။ အန်လင်းနှင့် လျှိုချင်ဟွမ်တို့မှာမူ မည်သည့်တိုက်ပွဲမှ မစရသေးပါပေ။ ကျောင်းသားများမှာ သူတို့ဘာတွေကြံစည်နေသလဲဆိုသည်ကို ရှာတွေ့သွားပြီ ဖြစ်၏။
"ဘုရားရေ၊ သူတို့က စုရှောင်လန်နောက်ကို လိုက်နေတာပဲ။"
"သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ငါအရမ်း စိတ်လှုပ်ရှားနေပြီ။"
"ငါ နားမလည်ဘူး။ ငါ တကယ်ကို နားမလည်တော့ဘူး..."
"လူတိုင်း ကြည့်လိုက်အုံး။ စုရှောင်လန်နဲ့ ရွှမ်ယွမ်ချန်က တစ်ယောက်နဲ့တစ်ယောက် တိုက်မိသွားပြီ။"
ကျောင်းသား အများစုမှာ ချက်ချင်းပင် ဖန်သားပြင်ပေါ်မှ စုရှောင်လန်နှင့် ရွှမ်ယွမ်ချန် မျက်နှာချင်းဆိုင်နေသော နေရာသို့ ကြည့်လိုက်ကြ၏။
...
တောင်ထိပ်တစ်ထောင် တောအုပ်အတွင်း၌ စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့ နှစ်ဦးစလုံးမှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကာ အနည်းငယ် တုန်ယင်သွားလေ၏။
ရွှမ်ယွမ်ချန်က စုရှောင်လန်နှင့် တိုက်ခိုက်ရမည်ဟု မမျှော်လင့်ထားပါပေ။ သူ့၏ အမူအရာမှာ များစွာပို၍ တည်ငြိမ်လာလေ၏။ သူက စုရှောင်လန်မှာ သူ့ကို အနိုင်တိုက်နိုင်သော လူအနည်းစုထဲမှ တစ်ယောက် ဖြစ်သည်ကို သိထား၏။
"တတိယနှစ် တန်းခွဲ၁က ရွှမ်ယွမ်ချန်ပါ။ ကျေးဇူးပြု၍ သင်ပြပေးပါအုံး။"
သူက ရည်မွန်သော မင်းသားတစ်ပါးကဲ့သို့ ကျက်သရေအပြည့်နှင့် အရိုအသေပေးလိုက်၏ဉ
စုရှောင်လန်က ကြင်နာမှုနှင့် တုံ့ပြန့်တော့မည့်အချိန်မှာပင် အဝေးမှ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။
"ပဉ္စမနှစ် တန်းခွဲ၁က လျှိုချင်ဟွမ်ပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး။"
ပန်းရောင် အလင်းတန်းတစ်ခုက ရုတ်တရက် စုရှောင်လန်၏ ရှေ့တွင် ပေါ်လာ၏။
လျှိုချင်ဟွမ်က ရွှမ်ယွမ်ချန်ကို အရိုအသေးပေးလိုက်၏။
စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့ နှစ်ဦးစလုံးမှာ အံ့ဩသွားရ၏။
"လျှိုချင်ဟွမ်၊ နင်ကဘာလဲ..." စုရှောင်လန်က အနည်းငယ် ပြောစရာစကားမဲ့နေလေ၏။
လျှိုချင်ဟွမ်က စုရှောင်လန်ကို အပြုံးတစ်ခုနှင့် ကြည့်လိုက်ပြီး "ဟေး မင်္ဂလာပါ၊ စုရှောင်လန်။ ရွှမ်ယွမ်ချန်က ငါ့ရဲ့သားကောင်ပဲ။ ကျေးဇူးပြုပြီး သူ့ကို ငါ့ဆီ ေပးလိုက်နော်။"
ရွှမ်ယွမ်ချန်က သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးကို ခါးခါးသီးသီးကြည့်လိုက်၏။ "လျှိုချင်ဟွမ်၊ ငါက နင့်ကို အခုတစ်လော အမှားလုပ်ထားတာ မရှိပါဘူး..."
လျှိုချင်ဟွမ်က သူမ၏ ခရမ်းတောက်တောက်မျက်လုံးများကို တဖျတ်ဖျတ်ခတ်လိုက်ပြီး ပျော့ပျောင်းသောအသံဖြင့် ပြန်ပြောလာ၏။ "အဲ့တာက နင်က အရမ်းချောလို့လေ။ ငါက အရင်က နင့်လောက်ချောတဲ့သူ တစ်ယောက်နဲ့မှကို မတိုက်ခိုက်ဖူးသေးဘူး။ ကျေးဇူးပြုပြီး ငါဘွဲ့မရခင် ငါ့ရဲ့ဆန္ဒလေးကို ဖြည့်စည်းပေးပါအံုး။ ဘယ်လိုလဲ။"
ရွှမ်ယွမ်ချန် : "..."
စုရှောင်လန်က တိတ်တဆိတ် ဘေးထွက်နေလိုက်၏။
ကျောက်စိမ်း ရင်ပြင်ပေါ်ရှိ ကျောင်းသားများအားလုံးမှာ ဖန်သားပြင်ပေါ်မှ မြင်ကွင်းကို စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ငေးကြည့်နေကြ၏။
လျှိုချင်ဟွမ်က အချိန်အတော်ကြာအောင် ပုန်းကွယ်နေပြီးနောက် ရွှမ်ယွမ်ချန်ကို စိန်ခေါ်မည်ဟု မည်သူက တွေးမိပါမည်လဲ။ သူမ၏ ရည်ရွယ်ချက်က မည်သည်နည်း။
***