← Chapters

အပိုင်း (၃၀၄) – ခွေးအား အနိုင်ရခြင်း

Vol. 004 Ch. 304

အပိုင်း (၃၀၄) – ခွေးအား အနိုင်ရခြင်း

Vol. 004 Ch. 304

လုမင်၏ စကားလုံးများသည် ရိုးရှင်းသော်လည်း ရှီမာယူယူနှင့် ဘေဂုံထန်တို့ နှစ်ယောက်သား သူ့စကားများတွင် နစ်မြောသွားကြလေသည်။

“လီမျိုးနွယ်ဆိုတော့ လီမူရဲ့ မျိုးနွယ်လား” ဘေဂုံထန် မေးလိုက်သည်။

“ဟုတ်ပါတယ်” လုမင် ပြောလိုက်သည် “လီမျိုးနွယ်က မြောက်ယန်တိုင်းပြည်မှာ အကြီးဆုံး မျိုးနွယ်ပဲ သူတို့ကလည်း အဂ္ဂိရတ်ပညာရှင် မျိုးနွယ်ပဲ၊ ကျွန်တော်တို့ အဘိုးဘေးတွေက လီမျိုးနွယ်နဲ့ အဆင်မပြေခဲ့ကြဘူး၊ သူတို့ဆုံးသွားတဲ့နောက်မှာ လီမျိုးနွယ်က ကျွန်တော်တို့ကို အမြဲတိုက်ခိုက်ခဲ့တယ်”

“ဒါဆိုရင် ဒီတစ်ခါ လီမူရဲ့ တိုက်ခိုက်မှုက မတော်တဆမဟုတ်ဘူးပဲ” ရှီမာယူယူ သူမ မေးစေ့အား ကိုင်လိုက်သည်။

“ဟုတ်တယ်၊ ကျွန်တော့်အရည်အချင်းက မဆိုးလို့ အဂ္ဂိရတ်ပညာရှင်အသင်းကို ဝင်ရတယ်၊ ဒါပေမဲ့ ကျွန်တော်ဝင်သွားတိုင်းမှာ လီမူက တိုက်ခိုက်ပြီး သူ့ကြောင့်ဒဏ်ရာရတာချည်းပဲ” လီမူအကြောင်းပြောသည်နှင့် လုမင်၏ မျက်နှာတွင် ဒေါသများပေါ်လွင်နေသည်။ “ဟုတ်သားပဲ ခင်ဗျားတို့ သူတော်စင်မြို့တော်ကို လာတာ ပထမဆုံးအကြိမ်မလား ဘယ်လိုလုပ် လီမူနဲ့ တွေ့ခဲ့တာလဲ”

“ကျွန်တော်တို့ နဂါးတန်ပြန်မြို့တော်ရောက်တော့ သူက လူတွေခေါ်လာပြီး ကျွန်တော်တို့ကို ပြဿနာရှာတယ်လေ ပြီးတော့ ကျွန်တော်ရိုက်တာခံလိုက်ရတယ်လေ” ရှီမာယူယူ ပြောလိုက်သည် “အဲ ကျွန်တော်ပြောတာက သူ့ဘက်ကလူ ဝူဖန်ကို သူ့အမေ မမှတ်မိလောက်တဲထိ ရိုက်လိုက်တာလေ၊ ပြီးတော့ ကျွန်တော်ရိုက်ပြီးတော့ ဆေးပေးလိုက်တယ်”

“ခင်ဗျားက လီမူကိုနိုင်တယ် ဟုတ်လား” လုမင် အံ့သြသွားသည်။

“ဟုတ်တယ် အလွယ်လေးပဲ” ရှီမာယူယူ ပြောလိုက်သည်။

လုမောင်နှမသည် သူတို့အား ဘီလူးတစ်ကောင်လို ကြည့်နေကြသည်။

သူတို့သည် သူတော်စင်မြို့တော်တွင် ကြီးပြင်းလာသည်ဖြစ်၍ လီမူ မည်မျှသန်မာသည်ကို သိသည်။ သူသည် အလွယ်တကူအနိုင်ရသည်ဟု ပြောသောကြောင့် သူဘယ်လောက်တောင် သန်မာတာလဲ။

“ဒီနေရာက ပစ္စည်းတွေ တော်တော်များများ ပြောင်းထားတာတွေ့တယ် ဘာတွေဖြစ်တာလဲ” ဘေဂုံထန် မေးလိုက်သည်။

“အဲဒါ အကုန်လုံး အဲလူမိုက်တွေ လက်ချက်ပေါ့၊ သူတို့က ကျွန်တော်တို့ အမွေဖြစ်တဲ့ ဆေးဖော်နည်းကို လိုချင်ကြတာ၊ ဒါပေမဲ့ ကျွန်တော်တို့က ငြင်းခဲ့တယ်၊ ပြီးတာနဲ့ ကျွန်တော်တို့က ဆေးနည်းတွေဖွက်ထားတယ် ဆိုပြီးပြောပြီးတော့ ကျွန်တော်တို့ ကျောက်တုံးဥယျာဉ်နဲ့ အဲမှာရှိတာတွေ အကုန်လုသွားတယ် သူတို့က ကျွန်တော်တို့ ပရိဘောဂတွေလည်း ယူသွားပြီး ရှိသမျှပစ္စည်းယူသွားတော့တာပဲ” လုယန် ပြောပြသည်။

“အဲလူတွေက ဘယ်သူတွေလဲ” ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် ဆွံ့အသွားကြတော့သည်။

“ဘယ်သူတွေဖြစ်ရမှာလဲ လီမူရဲ့ လက်ပါးစေတွေပဲပေါ့” လုမင် လက်သီးဆုပ်လိုက်သည် “တစ်နေ့ကို သူတို့ ငါ့ခြေဖျားအောက်ရောက်စရမယ်၊ လူမပီသတာကို ပြန်ပြပေးရမယ်”

“ဟင် သူတို့က အစ်ကိုကြီးကို ကြောက်ကြတာမလား၊ အစ်ကိုကြီးက  အစ်ကို၂အတွက် ဆေးထွက်ရှာတဲ့အခါမှပဲ ရောက်လာပြီး ပစ္စည်းတွေခိုးတယ် ညီမတို့ကို သူတော်စင်မြို့တော်က နှင်ထုတ်ချင်ကြတယ်လေ” လုယန် ပြောလိုက်သည် “ဒါနဲ့ သူတို့ပြန်မလာသေးပါလား၊ သူတို့ တစ်ခုခု ဖြစ်နေတာတော့မဟုတ်ပါဘူးနော်”

“စိတ်အေးအေးထားပါ သူတို့ဘာမှဖြစ်မှာ မဟုတ်ပါဘူး” ရှီမာယူယူသည် သေချာပေါက် ပြောလေသည်။

ရှီမာယူလီနှင့် တခြားသူများသည် သူတို့၏ စာချုပ်သားရဲများနှင့် အလျင်အမြန်လိုက်သွားရာ အချိန်မှီ တားလိုက်နိုင်သည်။

“ဘုန်း”

လုအိမ်တော်၏ တံခါးမကြီးသည် ဖျပ်ကနဲပွင့်သွားကာ လူမိုက်ကဲ့သို့ လူများ ဝင်လာကာ ပြောလိုက်သည် “လုမျိုးနွယ် ပြီးသွားပြီလိုထင်နေတာလား၊ မင်းတို့ရဲ့ လျှို့ဝှက်နည်းလမ်း ပေးမှာလား မပေးဘူးလား”

“အဲလူတွေ ထပ်လာပြီလား” လုယန်သည် ပြေးထွက်သွားလိုက်သည်။ ထိုလူများ ဝင်လာသည်ကို သူမ မြင်သောအခါ ငေါက်လိုက်သည် “ရှင်တို့ ထပ်လာကြပြီလား ရှင်တို့ ကျွန်မတို့ ပစ္စည်းတွေ အကုန်ယူသွားပြီးပြီပဲ ဒီကို ဘာလာလုပ်ပြန်တာလဲ”

“ငါတို့ မင်းတို့ရဲ့ ပစ္စည်းမယူရသေးလို့ အဲဒါယူဖို့ လာတာပဲ”

“ရှင်တို့ လွန်လွန်းတယ်”

“ပြော အဲဒါ ပေးမှာလား မပေးဘူးလား” အဖွဲ့ခေါင်းဆောင် ယောကျ်ားက ပြောလိုက်သည်။

“ရှင်တို့ကို အခါ တစ်ရာ တစ်ထောင် ပြောပြီးပြီလေ ကျွန်မတို့ဆီမှာမရှိဘူး၊ ကျွန်မတို့နဲ့ တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ပြန်တိုက်ခိုက်ပေးမယ်” လုယန် ဒေါသထွက်လေသည်။

“ဟင် မင်းက ငါတို့ကို စမ်းသပ်နေတာလား၊ မပေးချင်ဘူးဆိုတော့လည်း သူတို့စစ်ဆေးလို့ရအောင် မင်းတို့ရဲ့ ပစ္စည်းတွေယူသွားပေးရမှာပဲ”

“ရှင်တို့ လုယူသွားဖို့ ကျွန်မတို့မှာ ဘာမှမရှိတော့ဘူး”

“သြော် တကယ်လား” ထိုလူသည် လှည့်ပတ်ကြည့်ရာ အိမ်တွင် ဘာမှမရှိတော့သည်ကို သတိထားမိ သွားလေသည်။ နောက်ဆုံးတွင် သူ့အကြည့်မျာသည် အခန်းတွင် အဆုံးသတ်သွားကာ ပြောလိုက်သည် “လာခဲ့ အဲအိမ်ကို ဖြိုချပြီး ငါ့ဆီယူလာခဲ့”

“မင်းလုပ်ရဲလား” လုမင်သည် အိမ်ထဲမှထွက်လာကာ သူတို့အား စိုက်ကြည့်လိုက်သည်။

လုမင်၏ လက်မောင်းမှ ဒဏ်ရာမှာ သက်သာလာသည်ကို သူတို့တွေ တွေ့လိုက်သောအခါ အလွန် အံ့သြသွားကြလေသည်။ သို့သော် သူတို့ ချက်ချင်းပင် ပြုံးကာ “မင်းလက်မောင်းက ဒဏ်ရာ သက်သာ သွားမယ်လို့ ထင်မထားဘူး ကြည့်ရတာ မင်း နှစ်၂၀၀ ကြံ့မြက်ပင် ရှာတွေ့သွားတယ်ထင်တယ်၊ ဒါပေမယ့် လုမင် မင်းရဲ့ ဒဏ်ရာတွေပျောက်သွားပေမယ့် မင်းက ငါတို့ပြိုင်ဘက်ဖြစ်နေတုန်းပဲ၊ မင်းတို့ လျှို့ဝှက်နည်းကို မြန်မြန်ပေးပြီး သူတော်စင်မြို့တော်ကနေ ထွက်သွားတာကောင်းမယ်၊ မင်းတို့အသက် ချမ်းသာပေးမယ်”

“မပေးရင် ဘာလုပ်ချင်လဲ” လုမင်သည် အေးစက်စွာ ပြောလေသည်။

“မင်း မပေးရင် မင်းအခန်းကို ဒီနေ့ ငါတို့ဖြိုပစ်မယ် ပြီးရင် မင်းတို့ကို မသန်စွမ်းဖြစ်အောင် အထိ ရိုက်ပစ်မယ်”

“စကားကြီး စကားကျယ်နဲ့” ရှီမာယူယူ ပြောလိုက်သည်။

သူမ ဘေဂုံထန်နှင့်လျှောက်သွားကာ ခေါင်းဆောင်သည် သူတို့အားမြင်သောအခါ သူ့မျက်လုံးသည် ချက်ချင်းပင် တည်သွားကာ သားရည်များသည် ထွက်ကျတော့မလိုပင်။

“မင်းတို့ ဒီနေ့မပေးလည်း ကိစ္စမရှိဘူး၊ အဲမိန်းမလှလေးကို ငါတို့ကိုပေးရင် ပြန်သွားလိုက်မယ်၊ မင်းတို့ စဉ်းစားဖို့ ရက်နည်းနည်းပေးမယ်”

“အိမ်မက် မက်နေလိုက်” လုမင်သည် ပြန်ပြောလိုက်သည်။

“ဟင် ဒီအန်တီကြီးရဲ့ အကြောင်းကို ရှင်တို့ မသိသေးလို့ထင်တယ်” ဘေဂုံထန် ပြောလိုက်သည်။

“မိန်းမလှလေး မင်း ငါတို့နဲ့လိုက်ပြီး လုမျိုးနွယ်နဲ့ အဆက်အသွယ်ဖြတ်လိုက်တာ ကောင်းမယ်၊ မင်း ငါတို့နဲ့လိုက်မှ သူတော်စင်မြို့တော်မှာ အသက်ရှင်နိုင်မယ်” ထိုလူသည် ဘေဂုံထန်အားကြည့်ကာ အားရပါးရ ပြုံးလေသည်။

“ကျွန်မကို ရှင်တို့နဲ့လိုက်စေချင်လား” ဘေဂုံထန်၏ အကြည့်များသည် လူသေကောင်အား ကြည့်သည့်အတိုင်း အေးစက်သွားကာ ပြောလိုက်သည် “ကျွန်မက ရှင်တို့နဲ့လိုက်ရင် ရှင်တို့ အသက်ပျောက် သွားမှာပဲ စိုးရိမ်တာပါ”

ရှီမာယူယူသည် လျှောက်သွားကာ ဘေဂုံထန်၏ ခါးကို ဖက်လိုက်ပြီး ပြောလိုက်သည် “ဒီသခင်ကြီးက ကိုယ့်မိန်းကလေးကို လာထိရင် မကြိုက်ဘူး၊ မင်း မျက်လုံးတွေ ထွက်ကျအောင် ငါ ရိုက်ပေးရမလား”

“ဟား ဟား လေလုံးကြီးလိုက်တာ၊ သူတော်စင်မြို့တော်မှာ ဒီလိုစကားပြောရဲ့တာ ဘယ်သူပါလိမ့်” ထိုယောက်ျားသည် ဟားတိုက်ရယ်လေသည်။ သူ့နောက်မှ လူများလည်း ရယ်မောလိုက်ကြသည်။

“သြော် တကယ်လား ဒါဆို ဒီနေ့ကြားတယ်လို့ မှတ်လိုက်တော့” ရှီမာယူယူပြောလိုက်သည် “မင်းတို့ လုမျိုးနွယ်ကို လာပြီး ပြဿနာရှာတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါ့ မိန်းကလေးကို ခေါ်သွားတာပဲဖြစ်ဖြစ် ငရဲရောက်သွားမယ်”

ထိုယောက်ျားသည် ရှီမာယူယူ၏ မထင်မဲ့မြင် အကျင့်စရိုက်အား မှင်တက်သွားလေသည်။ သို့သော် သူသည် ထိုနေရာ၏ ဆရာတစ်ဆူဖြစ်နေသေးသည်။ သူ၏ နောက်ခံကို စဉ်းစားမိပြီး အနည်းငယ် ယုံကြည်ချက် ရှိကာ ပြောလိုက်သည် “ကလေး ငါက ဆရာလီမူရဲ့ ညာလက်ရုံးပဲ၊ ငါ့ကို ဆန့်ကျင်တာက လီမူကို ဆန့်ကျင်တာပဲ ဆိုတာ သိလား”

ရှီမာယူယူ ကောင်းကင်အားကြည့်ပြီး ပြောလိုက်သည် “မင်းတို့က ငါပေးတဲ့ အခွင့်အရေးကို မယူချင်မှတော့ မင်းတို့နဲ့ ကစားပေးရမှာပေါ့”

စကားပြောပြီးနောက်တွင် အားလုံး တုန့်ပြန်သည်နှင့်အတူ သူမ လှုပ်ရှားလိုက်သည်။ သူမသည် တစ်စုံတစ်ယောက်၏ ရှေ့တွင်ရောက်ပြီးဖြစ်ကာ အချက်အနည်းငယ် ကန်လိုက်သည်။

“ဘုန်း ဘုန်း ဘုန်း”

အကန်ခံရသော လူများသည် မြေပေါ်တွင် လဲသွားကာ သူတို့ဗိုက်အား ဖိပြီး နာကျင်သောကြောင့် အော်နေလေသည်။

ရှီမာယူယူလျှောက်သွားကာ ခေါင်းဆောင်ဖြစ်သူ၏ ဗိုက်အား ခြေထောက်ဖြင့် နင်းပြီး ပြောလိုက်သည် “ဒီသခင်ကြီး မုန်းတာ ၂ခုရှိတယ်၊ တစ်ခုက င့ါလူတွေကို ကြံစည်တာ နောက်တစ်ခုက လီမူရဲ့ လူတွေက ငါ့ရှေ့မှာ စိန်ခေါ်တာပဲ နားလည်လား”

“ကောင်စုတ် မင်းနာမည်ပြောခဲ့၊ မင်း ဆရာလီမူကို မလေးစားရင် ဒီသူတော်စင်မြို့တော်မှာ နေဖို့ နည်းလမ်းမရှိဘူး” ထိုလူသည် အံကြိတ်ကာ ပြောလေသည်။

“ဒါလား အဲဒါဆိုရင် ငါ ရှီမာယူယူ ရောက်နေတယ်လို့ လီမူကို သွားပြန်ပြောလိုက်၊ မြန်မြန်လာပြီး သူ့ရဲ့ ဆရာကို လာနှုတ်ဆက်လို့”

သူမ ပြောပြီးနောက်တွင် ထိုလူများကို ကန်လိုက်လေသည်။

“ကောင်စုတ် မင်းစောင့်ကြဦး” ထိုလူများသည် ပြေးရင်း အော်ကြလေသည်။

“ညီလေး မင်း တကယ်ရက်စက်တာပဲ” နူးညံ့သော အသံသည် ခေါင်မိုးမှ လွင့်ပျံလာသည်။

All Chapters