အပိုင်း (၃၀၅) – သူတို့ကို လက်စဖျောက်မယ်
Vol. 004 Ch. 305
ရှီမာယူယူ သူမလက်အားအနည်းငယ် ဖုန်ခါပြီး အမိုးပေါ်ကိုကြည့်ပြီး ပြောလိုက်သည် “ခင်ဗျားက ဘာလို့ဒီရောက်နေတာလဲ”
“ငါဒီနားဖြတ်သွားတာ မင်းအသံကြားလို့ ဘာဖြစ်လဲလို့ လာကြည့်တာ၊ မင်း အနိုင်ကျင့်ခံရတယ်လို့ ဆရာပြောရင် မင်းရဲ့ စီနီယာအစ်ကိုက ဘာမှမကူညီဘူးလို့ ပြောမှာစိုးလို့” ဝူလင်းယူသည် အမိုးပေါ်မှ ဆင်းလာရင်းနှင့် ရယ်မောကာ မှတ်ချက်ပေးလေသည်။
ရှီမာယူယူ သူ့အား မယုံကြည်သလို မျက်ဖြူလှန်လိုက်သည်။
“ဒါက….” ဝူလင်းယူအား သာမာန်ပဲ ဂုဏ်သရေရှိသည့်ပုံစံရှိသည်ကို သတိထားမိသည်နှင့် လုမင် မေးလိုက်သည်။
“ကျွန်တော်က သူ့စီနီယာအစ်ကို ဝူလင်းယူပါ” သူ ပြုံးပြီး ပြန်ဖြေလိုက်သည်။
“ဝူလင်းယူ ဟုတ်လား ဒီနာမည်ကို သိသလိုပဲ” လုမင်သည် သူ့ဘာသာသူ စဉ်းစားနေလေသည်။
လုမင် ရုတ်တရက် သတိရကာ ဝူလင်းယူအား အရိုအသေပေးကာ ပြောလိုက်သည် “လေးစားစွာ အရိုအသေပေးပါတယ် မြင့်မြတ်သော သားတော်”
“ရပါတယ်” ဝူလင်းယူသည် လက်ကိုရမ်းလိုက်သည်။
“မြင့်မြတ်သော သားတော်ဟုတ်လား” “ဟုတ်သားပဲ တော်ဝင်မိသားစု ဝင်တစ်ယောက် ရောက်နေတယ်လို့ အစ်ကို ၃ပြောတယ်” လုယန်သည် အံ့သြစွာပြောလေသည်။ “မြင့်မြတ်သော သားတော်ကို လူကိုယ်တိုင်တွေ့ရမယ်လို့ ထင်မထားဘူး”
ဝူလင်းယူသည် ခေါင်းညိတ်ပြကာ ရှီမာယူယူဘက်လှည့်ပြီး မေးလေသည် “ငါ့ဂျူနီယာ ညီလေး ဒီကို ဘာလို့ရောက်နေတာလဲ”
ရှီမာယူယူသည် ဖြစ်ပျက်သမျှကို ပြောပြရာ ဝူလင်းယူ မျက်မှောင်ကြုတ်သွားလေသည်။
“မြင့်မြတ်သောသားတော်၊ သခင်လေးရှီမာ မိန်းကလေး ဘေဂုံ အထဲသွားရအောင်” ခြံထဲတွင် တစ်ချိန်လုံးရပ်နေသည်ကို အားနာသဖြင့် လုမင် ပြောလိုက်သည်။
ရှီမာယူယူသည် ဝူလင်းယူ၏ ဂျူနီယာညီဖြစ်လိမ့်မည်ဟု သူတို့ ထင်မထားပေ။ သို့သော် သူ့အတွင် ထိုကဲ့သို့ နောက်ခံတောင့်သောကြောင့် လီမူ၏ အနှောင့်အယှက်ကို ခံရလိမ့်မည် မဟုတ်ပေ။
“ခဏစောင့်ဦး တစ်ယောက်ယောက်လာနေတယ်၊ ရှင်းပြီးမှ ဝင်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။
“ဟင်”
မောင်နှမနှစ်ယောက် တုန့်ပြန်ပြီးချိန်တွင် လူတစ်စုဝင်လာသည်။
“ရှီမာယူယူက ဘယ်သူလဲ၊ လာတွေ့လိုက်” လူများသည် အော်လိုက်သည်။ သူတို့အား ကြည့်ပြီး မေးလေသည် “မင်းတို့ထဲက ရှီမာယူယူဆိုတာ ဘယ်သူလဲ”
“မင်းရဲ့ တပ်ဖွဲ့ကို ဒီလောက်မြန်မြန် လွှတ်လိုက်တာလား” ရှီမာယူယူသည် လူအုပ်စုကြီးကို ကြည့်လိုက်သည်။
“မင်းက ပြဿနာရှာဖို့ကို လူတွေခေါ်တာတာပဲ မင်းတို့ ဘယ်သူ့ကိုမှ နိုင်ဖူးတဲ့ပုံမပေါ်ဘူး”
အဖွဲ့ခေါင်းဆောင်သည် ရှီမာယူယူအားကြည့်ပြီး ပြောလိုက်သည် “ဂုဏ်မဆာပါနဲ့ အခု ငါတို့ အစ်ကိုကြီးလာနေပြီ၊ ပြီးတော့ မင်းကို ဖျက်ဆီးပစ်မယ်”
သူတို့သည် အရိုက်ခံရပြီး ထွက်ပြေးရာ နှစ်လမ်းအကျော်တွင် သူတို့ဆရာနှင့်တွေ့လေသည်။ ဆရာအား အခြေအနေကိုပြောပြရာ သူ လူများကို ဆင့်ခေါ်လိုက်လေသည်။
ရှီမာယူယူခေါင်းရမ်းကာ လှောင်လိုက်သည် “အဲခေါ်လာတဲ့ လူတွေအကုန်လုံးနဲ့ဆိုရင် ငါ့ကို ဖျက်ဆီးလို့ရမယ်လို့ ပြောနေတာလား”
“ဘဝင်မြင့်တဲ့ကောင်ပဲ မင်းကိုအရင် ဖြုတ်ပစ်မယ်” ဆရာသည် ကျွမ်းကျင်သူဖြစ်သည့်အလျောက် စွမ်းအားကို ရမ်းလိုက်သည်။
ရှီမာယူယူ လျင်မြန်စွာရှောင်တိမ်းလိုက်ပြီး မျက်စိတမှိတ်အတွင်း ထိုဆရာရှေ့တွင် ပေါ်လာကာ လုပ်နေကြအတိုင်း ကန်လိုက်လေသည်။
ခွပ်
ထိုဆရာသည် တံခါးဘောင်နှင့် ဆိုးဝါးစွာ တိုက်မိလေသည်။
အားလုံးသည် ထိုအရာအားမြင်သောအခါ အလွန်အံ့သြကြလေသည်။ သူတို့ ဆရာပင်လျှင် သူ၏ တိုက်ခိုက်မှုကို မခံနိုင်ပေ။
ရှီမာယူယူသည် ထိုဆရာအား လျစ်လျူရှုကာ ထိုဆရာခေါ်လာသော တစ်ဖွဲ့လုံးအား တစ်မိနစ်အတွင်း လုံးဝ ဖျက်ဆီးလိုက်သည်။
သူမ လက်အား ဖုတ်ခါကာ ရှုံးနိမ့်သွားသော တပ်ဖွဲ့အား ကြည့်လိုက်သည်။ “ငါ အရင်ကတည်းက ပြောပြီးသားမလား ငါ့ကို ဒီလောက်မြန်မြန် ဖျက်ဆီးလို့ရမယ် ထင်နေတာလား”
“ငါ့အိမ်မှာ ရုတ်ရုတ် ရုတ်ရုတ်လုပ်နေတာ ဘယ်သူလဲ” ဒေါသထွက်နေသော အသံတစ်သံသည် တံခါးအပြင်မှထွက်လာကာ လူအစုလိုက်သည် ခြံအတွင်းသို့ ပြေးသွားလေသည်။
“အစ်ကိုကြီး” လုယန်သည် ရောက်လာသော အဖွဲ့အားကြည့်ကာ ပျော်ရွှင်စွာ အော်လိုက်သည်။
“ညီ ၂ ညီမလေး ၄ အားလုံး အဆင်ပြေကြလား” လုဖေသည် ခြံထဲမှ လဲနေသော လူများကို မြင်သောအခါ သူတို့ပြဿနာလာရှာပြန်သည်ကို သိလိုက်သည်။
ထိုလူများသည် သူမရှိသည်နှင့် အခွင့်အရေးယူူကာ ပြဿနာရှာတတ်သည်။ သို့သော် သူပြန်ရောက် လာတိုင်းတွင် သူ့မောင်နှမများ အနိုင်ကျင့်ခံရသည်ကို အမြဲတမ်းတွေ့ခဲ့ရသည်။
“အစ်ကိုကြီး ကျွန်တော်တို့ အဆင်ပြေပါတယ်၊ ညီလေး ၃နဲ့ တခြားသူတွေကို တွေ့ခဲ့လား” လုမင် မေးလိုက်သည်။
“တွေ့ခဲ့တယ်” လုဖေ ပြောလိုက်သည်။
သူတို့နဲ့သာ မတွေ့ခဲ့ပါက သူသည် သားရဲတစ်သောင်းတောင်မှ ထွက်နိုင်မည်မဟုတ်ပေ။
သူ့အသံဆုံးသည်နှင့် လုယွမ်သည် ပြေးသွားကာ မြေပေါ်တွင် လဲနေသော လူများကို ကြည့်ကာ တအံ့တသြ မေးလိုက်သည် “အစ်ကို ၂ အဆင်ပြေကြရဲ့လား”
“အဆင်ပြေတယ်” လုမင် ပြောလိုက်သည်။
“အဲလူတွေ ထပ်လာပြန်ပြီလား” လုယွန်သည် မြေပေါ်မှ လူအား ကန်ကာ ပြောလိုက်သည်။
အဲနောက်တွင် ရှီမာယူလီနှင့် တခြားသူများ ဝင်လာကာ ခြံထဲရှိ လူများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“အစ်ကို ၂ လက်မောင်းက ကောင်းသွားပြီလား” လုယွမ်သည် လုမင်၏ လက်မှာ လောင်ကျွမ်းခြင်း မရှိတော့သည်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်သည်။
“ဟုတ်တယ် ကောင်းသွားပြီ” လုမင် ပြုံးလိုက်သည်။
မင်ပြုံးလိုက်ပြီ။ သူသည် လက်အား ဖြတ်ပစ်ရမည်ဟု ထင်ထားခဲ့သည်။ မမျှော်လင့်ပဲ ပြန်ကောင်း သွားသဖြင့် သူပျော်နေသည်မှာ သေချာသည်။
“အဲလူတွေကို ဘယ်လိုလုပ်ရမလဲ” လုဖေသည် မြေပေါ်ရှိလူတစ်ယောက်အားကန်ကာ မေးလိုက်သည်။
“သူတို့ကို လက်စဖျောက်ပစ်တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“မင်းလုပ်ရဲလား” ဆရာအော်လိုက်သည် “ငါတို့က သခင်လီမူရဲ့ လူတွေပဲ ငါတို့ကို မင်း ထိရဲလား မင်း ပြဿနာရှာချင်တာလား”
“တကယ်ကိုပဲ မင်းတို့က လီမူရဲ့ ခွေးတွေပဲ” ရှီမာယူယူသည် အေးစက်စွာ ရယ်မောလိုက်သည် “ငါ အရင်ကပြောပါတယ် ငါအမုန်းဆုံးလူတွေက လီမူရဲ့ ခွေးတွေပဲ၊ ငါက အဂ္ဂိရတ်ပညာရှင်အသင်းက လူတွေကိုတောင် လက်ပေါ်တင်ခဲ့တာပဲ မင်းတို့ကို ဘာလို့ မလုပ်ရမှာလဲ”
“သူတို့က သူတော်စင်မြို့တော်က အားနည်းတဲ့သူတွေနဲ့ အပြင်လူတွေကို အနိုင်ကျင့်နေကြပဲ တကယ်ကို မလုပ်ကောင်းတဲ့အလုပ်တွေပဲ သူတို့ကို ဖျက်ဆီးပစ်ပြီး ဒီလိုမျိုးမလုပ်နိုင်အောင် လုပ်ပစ်မယ်” လုမင် ကြေညာသည်။
သူသည် သူတို့အား တစ်စစီ ကျိုးပဲ့အောင်လုပ်လိုက်သည်။
“ညီလေး ၃ လာခဲ့ သူတို့ကို သွားပစ်ရအောင်”
“ဟုတ်ကဲ့ အစ်ကိုကြီး”
ညီအစ်ကိုနှစ်ယောက်သည် သူတို့အား သွားပစ်ပြီး တံခါးပိတ်ထားခဲ့လေသည်။
မြေပေါ်တွင် လဲနေသော လူများသည် သူတို့သည် မသန်မစွမ်းဖြစ်အောင် လက်စားအချေ ခံနေရသည်ကို မယုံကြည်နိုင်ကြပေ။
လူများသည် ကြည့်ရန် ရောက်လာကာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ မြေပေါ်တွင် လဲနေသော လူများအားတွေ့သောအခါ အားလုံးသည် အံ့သြသွားလေသည်။
“ဘယ်လိုတွေဖြစ်ကြတာလဲ သူတို့က လီမူရဲ့ နောက်လိုက်တွေမလား”
“သူတို့ကို လီမူရဲ့လူတွေတောင် မယှဉ်နိုင်ဘူးဆိုတော့ လုမိသားစုကတော့ သွားပြီ”
“ဟားဟား ငါသာ သူတို့ဆို အရင်ကတည်းက ကိစ္စချောနေလောက်ပြီ ဒီလောက်ကြာအောင် ခံလာရတာ….”
“ဟုတ်တယ် ဒီမိသားစုတစ်ခုလုံးက ဒီလူတွေရဲ့ လိုက်ဖမ်းတာကို ခံနေရတာ”
“သူတို့ဘာလုပ်နိုင်မှာလဲ သူတို့မိသားစုက လူကြီးတွေအကုန် ဆုံးသွားပြီ အခု ကလေး ၄ယောက်ပဲ ကျန်တော့တယ်၊ လီမိသားစုက ဘယ်လိုတွေဖြစ်သွားတာလဲ”
“ဟူး အရင်မျိုးဆက်က ပြဿနာတွေကို ကလေးတွေက ရင်ဆိုင်နေရတယ်”
“အခု သူတို့က လီမူရဲ့ လူတွေကို ချေမှုန်းနေတာဆိုတော့ လက်စားချေပြီး ရှုပ်ထွေးတာတွေ ဖြစ်လာမှာ စိုးတယ်”
“ဟူး သနားစရာကောင်းတဲ့ ကလေးတွေ”
“သွားရအောင် ငါတို့ကြာနေရင် ဝင်ပါသွားမယ်”
ကြည့်နေကြသော လူများသည် ပြန်သွားကြလေသည်။ မြေပေါ်တွင် လဲနေသာ လူများကို ကူညီရန် မကမ်းလှမ်းကြပဲ မမြင်ချင်ယောင်ဆောင်သွားကြလေသည်။
ဘာတတ်နိုင်မှာလဲ၊ လူများသည် ကိုယ့်ဒုက္ခကိုယ်ခံရကာ တစ်ယောက်နှင့်တစ်ယောက် မှီခိုနေရသည်သာ တတ်နိုင်တော့သည်။
လီမူသည် သူ့လူများ အဖြစ်အပျက်ကို ကြားသောအခါ တည်ငြိမ်သော ပုံစံပျောက်ကာ မျက်နှာပျက်ပြီး တည်တံ့သော မျက်နှာမရှိတော့ပေ။
သူတို့က သူ့လူတွေကို ထိရဲတာ ဘယ်လောက်တောင် အတင့်ရဲတာလဲ။
“သူတို့နဲ့ရှိနေတာ ဘယ်သူလို့ပြောလိုက်တာ” သူသည် ဒေါသထွက်ကာ သူ့အစေခံအား ကြည့်လိုက်သည်။
သတင်းပေးသူသည် ဒူးတုန်ကာ ပြောလိုက်သည် “အဲဒါက ရှီမာယူယူပါ၊ သခင့်ကို ဆရာလို့ လာခေါ်ဖို့ သတင်းပါးလိုက်ပါတယ်”