လျှိုချင်ဟွမ်နှင့် ရွှမ်ယွမ်ချန်
Vol. 29 Ch. 398
ကျောက်စိမ်းရင်ပြင်ပေါ်မှ ကျောင်းသားများအားလုံး၏ စိတ်အားထက်သန်သော အကြည့်များ အောက်တွင် လျှိုချင်ဟွမ်က လက်ဦးမှုကိုယူကာ တိုက်ခိုက်လိုက်၏။
သူမ၏ ငှက်မွေး၆ခုပါတောင်ဝှေး ပစ္စည်းမှာ တောက်ပသောအလင်းတန်းဖြင့် ထွန်းတောက်လာပြီး ရွှမ်ယွမ်ချန်ဆီသို့ ပြင်းပြင်းထန်ထန် တိုးဝင်သွားသော သက်တန့်ကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။ အလင်းတန်း ၇ခု၏ တစ်ခုစီသော အလင်းတန်းများက စိတ်ဝိညာဥ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားအပြည့်တိုက်ချက်တစ်ခုနှင့် ညီမျှသော စွမ်းအားများဖြင့် ပြည့်နှက်နေလေ၏။
ရွှမ်ယွမ်ချန်က အေးဆေးတည်ငြိမ်စွာပင် ရှေ့သို့တိုးလိုက်၏။ သူ့၏ လှုပ်ရှားမှုများမှာ နှေးကွေးပြီး ချင့်ချိန်နေဟန်ရသော်လည်း သူက အလင်းတန်းများကို သူ့၏ နက်နဲလှသော လှုပ်ရှားမှု နည်းလမ်းများဖြင့် ရှောင်နိုင်ခဲ့၏။ ကြုံတောင့်ကြုံခဲ သူ မရှောင်လိုက်နိုင်သော အလင်းတန်း တစ်ခု သို့မဟုတ် နှစ်ခုရှိသော်လည်း ထိုအရာများကမူ တစ်နည်းနည်းဖြင့် အလင်းယိုင်ကာ တခြားသော ဦးတည်ချက်သို့ ထိမှန်ကာ ရွှမ်ယွမ်ချန်ကို ထိခိုက်ဒဏ်ရာမပေးနိုင်ပါပေ။
ဘုန်း...
စွမ်းအင်ပေါက်ကွဲမှုများက သူ့နောက်မှထွက်လာပြီး အဝေးမှ တောင်ကြီးကို ပျက်စီးစေကာ အောက်ဘက်မှ မြေကြီးကို တုန်ခါမှုများ ပို့လွှတ်နေပေ၏။
"ဂရုစိုက်..." ရွှမ်ယွမ်ချန်က ခပ်ဖျော့ဖျော့ သတိပေးကာ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သူ့၏ အရှိန်မှာ ချက်ချင်းပင် အသံ၏ အလျင်ထက်သာလွန်လာပြီး အမြှောက်ဆံတစ်ခုကဲ့သို့ လျှိုချင်ဟွမ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာပြီး ကျယ်လောင်လှသော အသံကြီးတစ်ခုချန်ရစ်ထားခဲ့၏။
လျှိုချင်ဟွမ်မှာ သူမ၏ နတ်ဝိဇ္ဇာမငယ်လေး စိတ်အနေအထားတွင်ဖြစ်ပြီး သူက ချက်ချင်းပင် ရွှမ်ယွမ်ချန်နင့် အနီးကပ်တိုက်ပွဲကို ရှောင်ရန်အတွက် တပ်ဆုတ်သည့်အနေဖြင့် နောက်သို့ ပျံသွားလိုက်၏။
"အင်မော်တယ် ချိတ်စည်း..." ရွှမ်ယွမ်ချန်က လျှိုချင်ဟွမ်၏ ဘက်မှ လေကို သူ့၏ လက်အိတ်ဝတ်ထားသော ဘယ်လက်ဖြင့် ဆုတ်ကိုင်လိုက်၏။
တစ်ဝက်ဖောက်မြင်နိုင်သော ရွှေရောင် ချိန်းကြိုးတန်းကြီးက ပေါ်လာပြီး လျှိုချင်ဟွမ်ဆီသို့ ပျံထွက်သွားကာ ဖမ်းချုပ်ရန်ကြိုးစားလိုက်၏။ ထိုသည်မှာ ရွှမ်ယွမ်ချန် ရှောင်ယန်သင်္ချိုင်းဂူတွင် ပေးချေခဲ့သော အထူး အင်မော်တယ် မန္တန်နည်းလမ်း၊ အင်မော်တယ် ချိတ်စည်း လက်အိတ် ဖြစ်လေ၏။
"ဟိုဟိုး... နင်ကတော့ နှာဘူးလေးပဲ။ ငါ့ကို ကြိုးချည်ဖို့ ကြိုးစားနေတယ်ပေါ့။" လျှိုချင်ဟွမ်က သူမ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူမ၏ ငှက်မွေး၆ခုပါ တောင်ဝှေးမှပန်းရောင် သုံးမြှောင့် အတားအဆီးတစ်ခုကို ထုတ်လွတ်လိုက်ကာ ရွှေရောင် ချိန်းကြိုးများအားလုံးကို လေထဲတွင် တစ်စစီကွဲကြေသွားစေ၏။
သို့သော်လည်း သူမ ရွှေရောင် ချိန်းကြိုးများကို ပျောက်ကွယ်ရန်အတွက် ယူလိုက်သော စက္ကန်အပိုင်းအခြားတွင် ရွှမ်ယွမ်ချန်က အကွားအဝေးကို နီးကပ်စေကာ လျှိုချင်ဟွမ်၏ ရှေ့တွင် ပေါ်လာလေ၏။ သူက သူ့၏ အနန္တ စိတ်ဝိညာဉ် ထိုက်ချိဓားသိုင်းကို အပြည့်အဝ အသက်သွင်းလိုက်ပြီး လျှိုချင်ဟွမ်က ရုတ်တရက် စေးကပ်သော ရွှံ့အိုင်ထဲတွင် ပိတ်မိနေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ နစ်မြုပ်နေသော ခံစားချက်မှာ ရွှမ်ယွမ်ချန်၏ နီးကပ်လာမှုနှင့်အတူ ပိုပြီး အားပြင်းလာပြီး သူမက နီးကပ်လာသော ရန်သူဆီမှ အကွားအဝေးကို ဆက်ထိန်းထား၏ မရတော့ပါပေ။
အဝေးမှ ပုန်းကွယ်နေရာမှ ကြည့်နေရင်း အန်လင်းက လက်တွင် ချွေးများပြန်လာတော့၏။ သူက လျှိုချင်ဟွမ်ကို ဓားအသုံးပြုရန် စိတ်ထဲမှ အော်ဟစ်နေ၏။ သို့မဟုတ်ပါက သူ့၏ ေ-ာများက ပျောက်ကွယ်သွားပေတော့မည်။
ထိုအချိန်၌ မြေကမ္ဘာ အင်မော်တယ် ကန်ချင်မှာ နောက်ဆုံး တိုက်ခိုက်မှု အဆုံးအဖြတ်အနေဖြင့် တောင်ထိပ်တစ်ထောင် တောအုပ်၏ အထက်လေထုထဲတွင် မတ်တပ်ရပ်နေလေ၏။
သူက ရွှမ်ယွမ်ချန်ကိုကြည့်ကာ ထောက်ခံချက်ပေးသောအမူအရာဖြင့် သူ့မုတ်ဆိတ်မွှေးကို သပ်လိုက်၏။ "ကျောင်းသား ရွှမ်ယွမ်ချန်ရဲ့ အနန္တ စိတ်ဝိညာဉ် ထိုက်ချိတာအိုက သူ့ရဲ့ စိတ်ဆန္ဒနယ်ပယ်နဲ့ ပေါင်းစပ်သွားပြီပဲ။ သူ့ဓားသိုင်းရဲ့ ပိုပြီးသိမ်မွေ့တဲ့ သွင်ပြင်ထဲမှာ စိတ်ပိုင်းဖြတ်မှုနဲ့ ရက်စက်ခြင်းတွေပါနေတယ်။ သူက တိုက်ပွဲတွေမှာ ဝါရင့်သဘာရင့်နဲ့တူပြီးတော့ သေချာပေါက် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရောက်ဖို့သိပ်မလိုတော့တာ အသေအချာပဲ။"
ထိုအခိုက်တွင် လေဟာနယ် လှိုင်းငယ်လေးများက သူ့နောက်တွင် ရုတ်တရက်ပေါ်လာလေ၏။
ရှုပ်ပွနေသော မျက်ခုံးမွေး ထူထူများနှင့် ကျက်သရေရှိသော နှုတ်ခမ်းမွှေးနှင့် အမျိုးသားကြီးတစ်ဦးက မြေကမ္ဘာအင်မော်တယ် ကန်ချင်၏ ဘေးတွင် ပေါ်လာလေ၏။ "ကျောင်းသား ရွှမ်ယွမ်ချန်က သူ့ကို ဉာဏ်ပွင့်လင်းစေဖို့ အကူအညီဖြစ်တဲ့ တစ်ခုခုကို မော်တယ်ကမ္ဘာက တွေ့ခဲ့တယ်လို့ ခံစားရတယ်။ သူ့ရဲ့ကျက်သရရှိတဲ့ ဓားသိုင်းရဲ့ သိမ်မွေ့တဲ့ တုပမှု နောက်ကွယ်က ဖုန်းကွယ်ထားတဲ့ ပေါက်ကွဲမှုတစ်ခုရှိတယ်။ အဲ့တာက ဘယ်အချိန်မှာ မဆို ထပေါက်နိုင်တဲ့ ဝှက်ထားတဲ့ ဗုံးတစ်လုံးလိုပဲ။"
မြေကမ္ဘာ အင်မော်တယ် ကန်ချင်က ချက်ချင်းပင် သူ့ဘေးတွင် ပေါ်လာသော အမျိုးသားကို ရိုသေစွာ ခေါင်းငုံပြလိုက်၏။ "ဒုကျောင်းအုပ်ကြီး ယွီဟွား၊ ခင်ဗျားလာပြီး တိုက်ပွဲကို ကြည့်လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး။"
ဒုကျောင်းအုပ် ယွီဟွားက ပြုံးကာ ပြန်ဖြေလာ၏။ "ငါက အဓိက ငါတို့ရဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ထူးချွန်သူက ဘယ်လိုတွေလုပ်ဆောင်နေလဲဆိုတာ ကြည့်ဖို့ ဒီမှာရှိနေတာပဲ။ သူက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။"
သူက စကားပြောရင်းနှင့် မြေကမ္ဘာအင်မော်တယ် ကန်ချင်၏ လက်ထဲမှ တာလီစာရွက်ကို ကြည့်လိုက်ကာ သူ့မျက်လုံးများက အမည်တစ်ခုကို ပိုက်စိပ်တိုက်ရှာဖွေနေ၏။
သို့သော်လည်း သူက အန်လင်း၏ အမည်ကို စာရင်းပေါ်မှာတွေ့သောအခါ သူ့မျက်နှာက အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားလေ၏။
အန်လင်း - တိုက်ခိုက်နိုင်မှု စွမ်းရည် : ...။ အောင်မြင်မှု : ...။
"ဘာ... ဒါက ဘာကို ဆိုလိုတာလဲ။" ဒုကျောင်းအုပ် ယွီဟွားမှာ အံ့ဩတကြီး တုန်လှုပ်သွား၏။
"ကျောင်းသား အန်လင်းက အခုထိ တစ်ပွဲမှ မတိုက်ရသေးပါဘူး။ ဟိုကိုကြည့်လိုက် သူက အခု အဲ့ကျောက်တုံးရဲ့ နောက်မှာ ပုန်းနေတာ။" မြေကမ္ဘာ အင်မော်တယ် ကန်ချင်က အဝေးမှ ကျောက်တုံးကြီး တစ်ခုကို ညွှန်ပြလာ၏။
ဒုကျောင်းအုပ်ကြီး ယွီဟွားက အန်လင်းကိုတွေ့သောအခါ ပို၍ပင် စိတ်ရှုပ်ထွေးသွားရ၏။ "သူက ဘာလုပ်နေတာလဲ။ သူ့ခွန်အားနဲ့ဆိုရင် ဝင်တိုက်ဖို့ကို အခွင့်အရေးစောင့်နေစရာမလိုပါဘူး။ သူက တကယ်ကြီး ကြွားဖို့ စိတ်မပါတာလား။ သူက သူ့ရဲ့ ခွန်အားကို ပြဖို့အတွက် ဘာလို့ မတိုက်ခိုက်တာလဲ။"
ကျောင်းသားများ အားလုံးကြားတွင် အန်လင်းသည်သာ တစ်ဦးတည်းသော ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူဖြစ်ပြီး လူတိုင်းက သူ့အတွက် အဆင့်၁နေရာမှာ သေချာသည်ဟု ထင်နေတာဖြစ်၏။ သို့သော် သူက အခုအချိန်အထိ တိုက်ပွဲတစ်ခုအတွင်းမှ မပါဝင်ရသေးဟု မည်သူက ထင်ပါမည်နည်း။ ထိုသည်က ကြည့်ရှုသူအားလုံးကို အလွန်အမင်း စိတ်ရှုပ်ထွေးသွားစေလေ၏။
မြေကမ္ဘာအင်မော်တယ် ကန်ချင်က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ "ဟင်း... ဖြစ်နိုင်တာတော့ ကျောင်းသားအန်လင်းက သူ့ရဲ့ အတိဒုက္ခကျော်လွှားခြင်းပြီးတော့ ပြဿနာတစ်ချို့ ရှိပုံပဲ။ သူ့ရဲ့ အတိဒုက္ခက ဘယ်လောက်ပြင်းထန်လဲဆိုတာ ငါတို့လဲ သိတာပဲ။ အဲ့လုပ်ငန်းစဉ် အတွင်း ဖြစ်သွားတဲ့ ကံခေမှုတစ်ခုခုကြောင့် သူက တိုက်ပွဲတိုက်လို့ မရတော့တာ ဖြစ်နိုင်မလား။"
ဒုကျောင်းအုပ်ကြီး ယွီဟွားက ထိုပြသနာအပေါ်တွင် ခဏကြာအောင် တွေးတောနေပြီး ထိုသည်က ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလိုက်ရ၏။ နောက်ဆုံးတွင်တော့ အန်လင်းပြုလုပ်သော မည်သည့်အရာကမှ သာမန်ဟု ယူဆ၍ မရနိုင်ပါပေ။ ဒုကျောင်းအုပ်ကြီး ယွီဟွားက ဤနေရာမှ မည်သည့်လုပ်ငန်းစဉ်များ ဖြစ်ပွားလိမ့်မည်ကို တွေ့ရန် အနည်းငယ် စိတ်လှုပ်ရှားစပြုလာလေ၏။
ထိုအခိုက်အတန့်တွင် ရွှမ်ယွမ်ချန်နှင့် လျှိုချင်ဟွမ်တို့၏ ကြားမှ တိုက်ပွဲသည်လည်း အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
လျှိုချင်ဟွမ်မှာ ဒဏ်ရာများစွာ ရရှိပြီးဖြစ်ကာ သက်ရှိစွမ်းအင် အများစုလည်း ဆုံးရှုံးနေပြီး ရွှမ်ယွမ်ချန်၏ အညှာအတာမဲ့ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသောအခါ နောက်ဆုတ်သွားလေ၏။
ရွှမ်ယွမ်ချန်၏ ဓားရှည်မှာ အဖြူရောင် တောက်ပသော အလင်းတန်း လင်းလက်နေပြီး လျှိုချင်ဟွမ်၏ ပတ်လည်တွင် ကျယ်ပြန့်သော ချိတ်စည်း ဖွဲ့စည်းခြင်းတစ်ခုကို ဖြစ်ပေါ်စေကာ သူမကို ထိုအထဲ၌ ပိတ်ထားပြီး လွတ်မြောက်ရန်တားဆီးထားရင်းနှင့် ပိုမိုပြီး တောက်ပလာဟန်ရှိလေ၏။
ကျောက်စိမ်းဖြူရင်ပြင်ပေါ်တွင် ကျောင်းသားအများစုမှာ လျှိူချင်ဟွမ်နှင့် ရွှမ်ယွမ်ချန်ကြားမှ တိုက်ပွဲကို အာရုံစိုက်နေကြပြီး သူတို့အားလုံးမှာ လှုပ်လှုပ်ရှားရှား ဆွေးနွေးနေကြ၏။
"ရွှမ်ယွမ်ချန်က လျှိုချင်ဟွမ်ကို အသားစီးရလိမ့်မည်လို့ ဘယ်သူက ထင်မှာလဲ။ သူ့ဓားသိုင်းက ပိုပြီးတော့ အစွမ်းထက်လာတာပဲ။"
"ဟင်း... ငါက အတန်းဖော် လျှိုချင်ဟွမ်က ငါတို့ပဉ္စမနှစ်အတွက် ကျော်ကြားမှုတစ်ချို့တော့ ယူလာလိမ့်မည်လို့ မျှော်လင့်ထားတာ။ အဆုံးမှာတော့ သူမက တတိယနှစ်က စူပါထူးချွန်ကျောင်းသားကို ရှုံးဖို့ ကံပါလာတာလား။"
"ရွှမ်ယွမ်ချန်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်မှာပဲရှိသေးတာလေ။ ဒါပေမဲ့ လျှိုချင်ဟွမ်က ဝိညာဉ် ဖွဲ့စည်းခြင်း တစ်ဝက်အဆင့်တောင် ရောက်နေပြီကို။ သူမက ဘယ်လိုလုပ်ပြီးများ သူ့ဆီက အရိုက်ခံနေရတာလဲ ငါတော့အဲ့တာကို လက်မခံနိုင်ဘူး..."
"အဲ့တာက အံ့ဩစရာတောင် မဟုတ်တော့ဘူး။ အတိတ်မှာတုန်းက နတ်ဘုရား အန် အနိုင်ယူခဲ့တဲ့ သာလွန်တဲ့ ကျင့်ကြံရေး အခြေခံနဲ့ လူတွေတွေဘယ်လောက်တောင် များသလဲပြန်တွေးကြည့်လေ။"
"ဟင်... မင်းပြောတာဟုတ်တယ်။ အဲ့လိုတွေးလိုက်တော့လဲ အများကြီး ပိုနေလို့ကောင်းသွားပြီ။"
"မင်းက ဘာတွေများ ပိုခံစားလို့ကောင်းနေတာလဲ။ အမှန်တရားက မပြောင်းလဲသေးဘူး။ ငါတို့ ပဉ္စမနှစ်တွေက အဲ့ဒီ့ တတိယနှစ်ငကြောင်ကောင်တွေရဲ့ လွှမ်းမိုးမှုခံနေရတုန်းပဲဟ...။"
...
အစွမ်းထက် အဖြူရောင် ဓားအလင်းတန်းတစ်သီကြီးက တောင်တန်းတစ်ထောင် တောအုပ်ကို ဖြတ်၍ ထွက်ပေါ်လာပြီး သူတို့၏ လမ်းကြောင်းတွင်ရှိသော အရာရာတိုင်းကို ခုတ်ပိုင်းသွားလေ၏။
လျှိုချင်ဟွမ်က လေထုကိုဖြတ်ကာ လျင်မြန်စွာ ဆက်လက်ရွှေ့လျားနေပြီး ရွှမ်ယွမ်ချန်၏ တိုက်ခိုက်မှုများကို အခက်အခဲကြီးစွာ ရှောင်နေရ၏။
"မင်း ဓားသုံးလေ လျှိုချင်ဟွမ်။ ငါ့ကို သက်ညှာပေးစရာမလိုပါဘူး။ ငါမင်းရဲ့ ခွန်အားအပြည့်ပံုစံကို တိုက်ခိုက်ချင်တယ်။" ရွှမ်ယွမ်ချန်က တည်ငြိမ်စွာပြောရင်း လျှိုချင်ဟွမ်အပေါ်သို့ ဓားအလင်းတန်းများကို အဆက်မပြတ်ကျရောက်စေလိုက်၏။
လျှိုချင်ဟွမ်က ရွှမ်ယွမ်ချန်၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာကို အားလျော့စွာ ကြည့်လိုက်၏။ ထို့နောက် သူမက အန်လင်းနှင့် သဘောတူမှုကို ပြန်တွေးမိပြီး နောက်ဆုံး၌ စိတ်ပိုင်းဖြတ်လိုက်၏။
သူမ၏ သိုလှောင်လက်စွပ်မှာ လင်းလက်လာပြီး အပြာရောင် ဓားရှည်က သူမ၏ လက်ထဲ၌ ပေါ်လာလေ၏။
တက်ကြွသော မြည်ဟီးသံတစ်ခုက သူမ၏ ကြီးမြတ်ရေခဲဓား ထွက်ပေါ်လာမှုတွင် လေထုကိုဖြတ်ကာ ပျံ့လွင့်လာလေ၏။
ထိုအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးက မြူနှင်းနှင့် ရေခဲအဖြစါ ပြောင်းလဲသွားသော အခိုပ်အတန့်ပင်။
သူမက ရှေ့သို့တိုးလာသည်နှင့် အပြာရောင် စီးကြောင်းများက လျှိုချင်ဟွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာလေ၏။
အလွန်အေးစက်သော အရှိန်အဝါက အပြင်သို့ ဖြာထွက်လာပြီး အေးမြကောင်းကင်ဘုံနယ်ပယ် တစ်ခုကို ဖန်တီးလိုက်၏။
အဖြူရောင်ကျောက်စိမ်းရင်ပြင်မှ ကျောင်းသားများအားလုံးမှာ သူတို့မျက်စိရှေ့တွင် ဖြစ်ပေါ်လာသော မြင်ကွင်းကိုကြည့်ကာ တိတ်ဆိတ်သွားလေ၏။
ဤသည်မှာ အင်အားကြီးလေးရပ် တာအို ဖလှယ်ခြင်းညီလာခံအတွင်းမှ တစ်ကြိမ်တည်းသော အခိုက်အတန့်မှလွဲ၍ လျှိုချင်ဟွမ်ဓားကိုင်သည်ကို သူတို့မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေ၏။
မြူနှင်း ကမ္ဘာကြီးထဲတွင် မိန်းမလေးတစ်ဦးက ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော ပုံရိပ်မှာ သူတို့၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ပုံဖော်နေလေ၏။
ဒုကျောင်းအုပ်ကြီး ယွီဟွားပင်လျှင် သူ့အောက်တွင် ဖြစ်ပွားနေသော တိုက်ပွဲကို အလန့်တကြားကြည့်ကာ ငုံ့ကြည့်နေလေ၏။ "ကျောင်းသူ လျှိုချင်ဟွမ်ရဲ့ ပိုင်နက်နယ်မြေက ရာသီဉတု ပိုင်နက်နယ်မြေ ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူမက သူ့မရဲ့ ပိုင်နက်နယ်မြေကို အပြည့်ဝဆုံး ပမာဏအထိ အသုံးပြုနိုင်ရင် သူမက ကောင်းကင်နဲ့မြေကြီးကို သူမရဲ့အစွမ်းနဲ့ ပြောင်းပစ်နိုင်တယ်။ ကောင်းကင်ဘုံ ဓားဂိုဏ်းရဲ့ နံပါတ်တစ် ထူးချွန်သူဆိုတဲ့အတိုင်းပဲ သူမရဲ့ ရှေးဟောင်းဓား တာအို သွင်ပြင်က အမှန်တကယ်ကို ကြောက်မက်ဖွယ်ပဲ။ ဟင်း... သူမက အတိတ်က ထိခိုက်မှုကြီးကြောင့် ဓားနည်းလမ်းကို မလွှမ်းမိုးနိုင်တာ နှမြောစရာပဲ...။"
"ဟုတ်ပြီ။ ငါ့ရဲ့ ခွန်အားအပြည့်အဝကို ပြမယ်လေ။" ရွှမ်ဟွမ်ချန်က တည်ကြည်သော မျက်နှာထားဖြင့် ကြေညာလိုက်၏။ တောက်ပသော အဖြူရောင် အလင်းတန်းက ရွှမ်ယွမ်ချန်၏ အဖြူရောင် လက်အိတ်ဆီမှ ထိုးထွက်လာပြီး ယင်-ယန် ပုံရိပ်အလင်းတန်းက သူ့ခြေထောက်အောက်တွင် ပေါ်လာပြီး အချင်းဝက် ပေတစ်ရာအထိ ကျယ်ပြန့်လာပြီး သူ့ပတ်လည်ရှိမြူနှင်း အရှိန်အဝါကို ထိန်းသိမ်းထားလိုက်၏။
"အနန္တ စိတ်ဝိညာဉ် ထိုက်ချိ...။ စစ်မှန်နေမင်း ဓားချက်..." အစွမ်းထက် ရွှေရောင် အလင်းတန်းတစ်ခုက ရွှမ်ယွမ်ချန်၏ ဓားရှည်မှ ထိုးထွက်လာပြီး ချက်ချင်းပင် တိမ်တိုက်များကို ထိုးဖောက်ကာ အထက်ကောင်းကင်ယံမှ မန္တန်အတားအဆီးကို အက်ကွဲစေ၏။
"ပြင်းထန် မြူနှင်း..." လျှိုချင်ဟွမ်က သူမ၏ ကြီးမြတ်ရေခဲဓားကို ကိုင်ဆောင်ကာ ထိုအရာကို လေထုကို ဖြတ်သန်းကာ ခုတ်ပိုင်းပစ်လိုက်ပြီး မြူနှင်းနှင့် ရေခဲက သူမ၏ နောက်တွင် ခမ်းနားကြီးကျယ်သော ပုံရိပ်ကို ထွက်ပေါ်လာစေ၏။
ရွှေရောင် အလင်းတန်းက လျှိုချင်ဟွမ်အပေါ်သို့ ကျဆင်းလာပြီး နေမင်း၏ စွမ်းအင်ကို သယ်ဆောင်လာကာ မြူနှင်းများကို ကျိုးပဲ့စေပြီး ရေခဲများကို အရည်ပျော်သွားစေ၏။
မြူနှင်းပြင် ကျယ်ကြီးတစ်ခုက ကောင်းကင်တစ်ခုလုံးကို မှေးမှိန်စေပြီး အလွန်အေးစက်ခြင်း၏ စွမ်းအားက ရွှေရောင်အလင်းတန်းနှင့် ရင်ဆိုင် တိုက်ခိုက်ကာ ကောင်းကင်နှင့် မြေကြကို အဖြူနှင့် ရွှေရောင် ကမ္ဘာကြီးသို့ ပြောင်းလဲပစ်လိုက်၏။
***