အပိုင်း (၃၀၇) – ကယ်ဆယ်ခြင်း
Vol. 004 Ch. 307
“မမ ဘာလုပ်ကြမလဲ ရွှတ် ရွှတ်…” သက်တန့်လေးသည် ဟာစွန်အား မှီကာ ငိုလေသည်။
ရှီမာယူယူသည်လည်း တော်တော်စိတ်ထိခိုက်မိသည်။ သူမသည် ဖြစ်ပျက်သမျှကို မြင်တွေ့ခဲ့ရသည်။ ၂နှစ်အတွင်း ခင်မင်ပြီးနောက် သူဒဏ်ရာရသည်ကို မြင်ရသည်မှာ သူမ မျက်လုံးကိုပင် မယုံကြည်နိုင်ပေ။ သူမသည် အဘိုးနတ်ဆိုးအား ကြည့်ကာ မေးလိုက်သည် “ဆရာ တကယ်ပဲ ဟာစွန်ကိုကယ်ဖို့ နည်းမရှိဘူးလား”
အဘိုးနတ်ဆိုးသည် သူမအားကြည့်ပြီး ညင်သာစွာပြောလိုက်သည် “နည်းမရှိဘူးဆိုတာထက် အန္တရာယ်များတာ၊ သူ့ကို ကယ်လိုက်တဲ့ သူက အန္တရာယ်ကျသွားနိုင်တယ်”
“ဘာလုပ်ရမလဲ” ရှီမာယူယူ မေးလိုက်သည်။
“စာချုပ်ချုပ်ရမယ်” အဘိုးနတ်ဆိုးပြောလိုက်သည် “သူ့ခန္ဓာကိုယ်မှာ အသက်မရှိတော့ဘူး၊ အဲတော့ အဲဒါ တစ်ခုတည်းသော နည်းလမ်းပဲ၊ ဒါပေမယ့် ဆိုးကျိုးလည်းရှိတယ်။ အောင်မြင်တယ်ဆိုရင် သူ့ကိုယ်သူ ပြန်ကုသနိုင်မယ်၊ ဒါပေမယ့် မအောင်မြင်ရင်တော့ စာချုပ်စချုပ်တဲ့သူက စာချုပ်ပျက်သွားတာကို ခံစားမိလိမ့်မယ်”
“သူ့အသက်ကို သက်ရောက်စေတဲ့ အသက်စာချုပ်တော့မဟုတ်ပါဘူးနော်” ရှီမာယူယူ မေးလိုက်သည်။
“မဟုတ်ဘူး၊ ဒါပေမဲ့ သူ့အားနဲ့ နိုးထလာတဲ့စွမ်းအင်တွေကို အခြေအနေဆိုးသွားစေတယ်၊ အဲလိုဆိုရင် သေချာအောင် လုပ်မယ့်နည်းလမ်းမရှိဘူး” အဘိုးနတ်ဆိုး ပြောလေသည် “အဲလိုဆို ငါတို့ သေချာ စဉ်းစားရမယ်”
“မမ…” သက်တန့်လေးသည် ရှီမာယူယူအားကြည့်ကာ သူ့မျက်လုံးများဖြင့် တောင်းပန်နေလေသည်။
ရှီမာယူယူသည် အိပ်ရာပေါ်တွင် လဲနေသော ဟာစွန်အားကြည့်လိုက်သည်။ သူမ ပြောလိုက်သည် “နည်းလမ်းရှိရင်တော့ ကြိုးစားကြည့်ရမှာပဲ ဆရာ ကျွန်တော့်ကို ကာကွယ်ရေးအတားအဆီးကူပြီး လုပ်ပေးပါ”
ထိုကာကွယ်ရေးအတားအဆီးသည် သူမ ဘဝတွင် ရှုံးနိမ့်မှုကို ကာကွယ်ပေးသည်။
“အဲဒါဆို ငါ သားရဲထိန်းကျောင်းသူသခင်ကို သွားခေါ်မယ်” အဘိုးနတ်ဆိုး ပြောလိုက်သည်။
“ရတယ် ဆရာ” ရှီမာယူယူ လျှောက်လာပြီးနောက် ဟာစွန်၏ ခေါင်းကိုကိုင်ကာ သူ့အား စတင် ထိန်းချုပ်တော့သည်။
ဟာစွန်နှင့် ရင်းနှီးခဲ့သည်မှာ ၂နှစ်ရှိပြီဖြစ်သည်။ ဟာစွန်သည် သူ့ကိုယ်သူ စာချုပ်ချုပ်တာပဲ ဖြစ်ဖြစ်၊ သူမ သူငယ်ချင်းတစ်ယောက်အနေနှင့် ယိလင်းတိုင်းပြည်မှ ထွက်ခွာသွားသည်ပဲဖြစ်ဖြစ် သူမ တွေးနေကျဖြစ်သည်။ သူတို့၏ ဖြစ်နိုင်ချေကို အမျိုးမျိုးတွေးဖူးသည်။ သို့သော် ဒီလိုမျိုးအခြေအနေကို မတွေးဖူးပေ။ ဟာစွန်သည် သတိမေ့နေသည်မှာ ကြာပြီဖြစ်ကာ သူ ခုခံနိုင်သော်လည်း အားနည်းသောကြောင့် ရှီမာယူယူ အလွယ်တကူ ချိုးနှိမ်နိုင်သည်။ ထိုအဆင့်တွင် ဟာစွန်သည် အသက်ကို ညင်းညင်းရှုနေလေသည်။ ထိုအဆင့်တွင် သူ့ကို ကယ်နိုင်သည်ဖြစ်စေ မကယ်နိုင်သည်ဖြစ်စေ သူမ စိုးရိမ်မိသည်။
“မမ….” သက်တန့်လေးသည် ရှီမာယူယူအား စိုးရိမ်စွာကြည့်လေသည်။ သူမသည် ဟာစွန်အား မဆုံးရှုံးချင်သော်လည်း ရှီမာယူယူ ထိခိုက်မည်ကိုလည်း မလိုလားပေ။
ရှီမာယူယူ အသက်ပြင်းပြင်းရှုကာ သက်တန့်လေးအားကြည့်ပြီး အာမခံကာ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့” ထို့နောက်တွင် သူမ စာချုပ် စတင်ချုပ်တော့သည်။
စာချုပ်ချုပ်သည့် အလင်းတန်းသူတို့ဆီ ကျရောက်ချိန်တွင် ရှီမာယူယူသည် နှစ်ယောက်ကြားတွင် စာချုပ်ချုပ်လိုက်သည်။ သို့သော် တစ်ဖက်လူ၏ သဘောတူညီချက်မပါက စာချုပ်ချုပ်ခြင်းမှာ မအောင်မြင်နိုင်သည်ကို သူမ သတိရလိုက်သည်။
“ဟာစွန် ပြောဦး” သူမသည် ဟာစွန်၏ ကျန်ရှိနေသော အသက်အပေါ်တွင် အာရုံစိုက်လိုက်သည်။
“ဟာစွန် မင်းရှိနေတာ ငါသိတယ် ငါ့ကို ပြန်ဖြေ”
“ဟာစွန် မင်းမလုပ်ရသေးတာတွေ ရှိတယ်၊ မင်း အဲဒီမှာ မရှင်းရသေးတာတွေရှိလို့ သွားချင်တာကို ငါသိတယ်၊ ဒီမှာ ဒီလိုဖြစ်နေတာကို ကျေနပ်နေတာလား”
“ဟာစွန် သက်တန့်လေးက ငယ်သေးတယ်၊ ကာကွယ်ဖို့လိုသေးတယ်၊ သူမအဖေကို သူမကို စောင့်ရှောကက်မယ်လို့ ကတိပေးထားတာမလား မင်းအခုသေသွားရင် သူမ ဘယ်လိုဖြစ်သွားမလဲ”
“နားထောင် သက်တန့်လေး အသေအလဲငိုနေတယ်၊ သူမက မင်းကိုခေါ်နေတယ်”
“ဟာစွန် ဒီ ၂နှစ်အတွင်းကို မင်းရှိတော ကျင့်သားရနေပြီ၊ မင်း ငါ့ကိုခေါ်ပြီး အဲအမှိုက်တွေကို သွားရှင်းဖို့ကို ငါစောင့်နေတယ်”
“ဟာစွန် ပြန်လာခဲ့ ငါတို့အားလုံး မင်ကို လိုတယ်…”
ရှီမာယူယူသည် သူမ မှတ်တမ်းစာအုပ်ကို ဘေးထားပြီး ဟာစွန်၏ လွင့်နေသော စိတ်အတွင်းဝင်ကာ သူ၏ အသိစိတ်နှင့် စာချုပ်ချုပ်ရန် ကြိုးစားလိုက်သည်။
“ဝူ…..”
စာချုပ်ချုပ်သည့်အချိန်မှာ ကြာကာ စာချုပ်တွင်အသုံးပြုသော စွမ်းအင်များ စတင်၍ ပြန်လည် တုန့်ပြန်လာသည်။ သူမ ခန္ဓာကိုယ်အား နာကျင်စေကာ သွေးများသည် သူမ နှုတ်ခမ်းထောင့်မှ ထွက်လာသ်ည။ သို့သော် သူမ ဆက်လက်၍ တောင့်ခံထားသည်။ ရှီမာယူယူ ထိန်းကျောင်းသူဖြစ်သည်ကို အဘိုးနတ်ဆိုးတွေ့ သည်နှင့် စိတ်မသက်သာခြင်းနှင့်အတူ အံ့သြမှုပါ ဖြစ်ပေါ်သွားသည်။ သို့သော် မကြာခင်တွင် စိုးရိမ်မှုက ကြီးစိုးသွားသည်။ သူမအား ကြည့်ရင်းနှင့် ရပ်ရန် ပြောချင်သည်။ သို့သော် သူမ မျက်နှာမှ စိတ်အားထက်သန်မှု ကိုတွေ့သောအခါ ပါးစပ်မှ စကားလုံးများ ထွက်မလာပေ။
သက်တန့်လေးသည် ဘေးမှ ကြည့်နေသည်။ သူမသည် ရှီမာယူယူ ပါးစပ်မှ သွေးများ ထွက်လာသည်ကို တွေ့သည်နှင့် တုန်လှုပ်ကာ စတင်ငိုတော့သည်။
“ဟာစွန် ငါတို့နဲ့ ခရီးဆက်သွားချင်လား၊ ငါတို့အားလုံး မင်းကို စောင့်နေကြတယ် ငါ့ကို ပြန်ဖြေ”
“ဟာစွန် ငါ အကြာကြီး တောင့်မခံနိုင်တော့ဘူး”
“ဟာစွန် မင်း ငါနဲ့ စာချုပ်ချုပ်ချင်လား”
ရှီမာယူယူသည် သတိလွတ်သွားခြင်းကို ခံစားမိကာ သူမကိုယ်သူမ ဘာပြောလိုက်သည်ကို မသိပေ။ သို့သော် အသံတစ်သံသည် နာကျင်ရာမှ ထိုးထွက်ကာသောကြောင့် သူမ အသိစိတ်ပြန်ဝင်သွားသည်။
“ငါ လုပ်ချင်…..”
ထိုအသံမှာ အားနည်းသော်လည်း ကောင်းကင်နှင့် မြေကြီး၏ ဥပဒေအရ စာချုပ်ချုပ်ခြင်း လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားသည်ကို သိနိုင်သည်။ သူတို့နှစ်ယောက်သည် တစ်သားတည်းဖြစ်သွားသည်။
“အောင်မြင်သွားပြီ အောင်သွားပြီ” သက်တန့်လေးသည် စိတ်လှုပ်ရှားစွာ ငိုလေသည်။
အဘိုးနတ်ဆိုး ထိုအရာအားမြင်သောအခါ ရင်ထဲမှ စိုးရိမ်မှု အလုံးကြီးကျသွားလေသည်။
ဟာစွန်သာ ဒဏ်ရာမရခဲ့လျှင်၊ သူမသာ စာချုပ်ချုပ်ရာတွင် တန်ပြန်ခြင်းမရှိခဲ့လျှင် သူမသည် အဆင့်တောင် တက်နိုင်သည်။
သက်တန့်လေးသည် ဟာစွန်၏ ပခုံးပေါ်သို့ ဆင်းသက်ကာ ဖြူဖျော့သော အမူအရာဖြင့် ရှီမာယူယူအား ကြည့်ပြီး မေးလိုက်သည် “သမီးယောက်ျား၊ မြန်မြန်ကောင်းလာမှာလား မမရော အဆင်ပြေရဲ့လား”
“အခြေအနေကတော့ ပြင်းထန်တယ်” ဟာစွန်သည် သူမ မည်မျှ အန္တရာယ်ကြီးသည်ကို သိသဖြင့် ရှီမာယူယူအား ရင်နာစွာကြည့်လိုက်သည်။
သူသည် ရှီမာယူယူအား အိပ်ရာပေးတင်ကာ အဘိုးနတ်ဆိုးဘက်လှည့်ကြည့်လိုက်သည်။
“ဘာလို့ သမီးယောက်ျားက အဆင်ပြေပြီး မမကကျ ပြန်မကောင်းသေးတာလဲ” သက်တန့်လေး နားမလည်ပေ။
အဘိုးနတ်ဆိုးသည် လျှောက်လာကာ ရှီမာယူယူ၏ အခြေအနေကို စစ်ဆေးပြီး ပြောလိုက်သည် “ဟာစွန်ရဲ့ ဒဏ်ရာက အပြင်ပိုင်းပဲ ပြီးတော့ သူတို့စာချုပ်ချုပ်ပြီးတာနဲ့ သက်သာသွားတယ်၊ ဒါပေမဲ့ ယူယူရဲ့ ဒဏ်ရာကကျ စာချုပ်တန်ပြန်မှုကြောင့်ဖြစ်လာတာ၊ အဲတော့ စာချုပ်အောင်သွားတာ သူမဒဏ်ရာကို မကုနိုင်ဘူး”
“ဒါဆို ဘာလုပ်ကြမလဲ”
“စာချုပ်အောင်တာရဲ့ တန်ပြန်တာကို အချိန်ကပဲ ကုစားပေးနိုင်မယ်၊ သူမ ခန္ဓာကိုယ်ရဲ့ ပြန်ကောင်းနိုင်မှု စွမ်းရည်ကို ကြည့်ရမှာပဲ၊ သာမာန်လူသာဆိုရင် လုံးဝပြန်ကောင်းဖို့ ၁နှစ်လိုမယ်” အဘိုးနတ်ဆိုး မှတ်ချက်ပေးသည် “ဒီ၁နှစ်တော့ သူမ ထိန်းကျောင်းဖို့ မဖြစ်နိုင်ဘူး၊ သူမရဲ့ ဒဏ်ရာအတွက် ဆေးအရင် ကျွေးရအောင်”
ရှီမာယူယူ၏ ထိခိုက်မှုသတင်းမှာ ရှီမာမိသားစုတွင် ပျံ့နှံ့သွားကာ အားလုံးသည် သူမအတွက် စိတ်ထိခိုက်ကြသည်။ သို့သော် အံ့ဖွယ်သားရဲနှင့် စာချုပ်ချုပ်လိုက်နိုင်သည့်အတွက်လည်း ဝမ်းသာကြသည်။
သူမသည် ၁ နှစ်လောက် မထိန်းကျောင်းနိုင်သည်ကို သိကြသည်နှင့် နှမြောကြသည်။ ထိုအချိန်များသည် သူမအတွက် လေ့ကျင့်ရန်အကောင်းဆုံး အချိန်များဖြစ်ကာ ၁နှစ်အတွင်း များစွာ တိုးတက်လာနိုင်ချေရှိသည်။
သို့သော် ရှီမာယူယူသည် အားလုံးအား အံ့သြသွားစေသည်။ အားလုံးက သူမကို အိပ်ရာထဲမှာ အနည်းဆုံး ၁လရှိမယ်လို့ ပြောကြတယ်မလား။ ဒီကောင်လေးက ဘယ်လိုလုပ် ၃ရက်ထဲနဲ့ ပြေးလွှားနေရတာလဲ။ ဒါက သူကမ အံ့ဖွယ်စွမ်းအင် ၁နှစ်ခွဲစာကို သုံးလိုက်တာမဟုတ်ဘူးလား။ လတစ်ဝက်ထဲနဲ့ ဘယ်လိုလုပ် စွမ်းအင် လေ့ကျင့်တာကို ပြန်စနိုင်ရတာလဲ။
အားလုံးသည် သူမ အင်အားကို အံ့သြကြကာ အဘိုးနတ်ဆိုးသည်ပင်လျှင် နားမလည်တော့ပေ။ မေးခွန်းများ ထုတ်သော်လည်း ရှီမာယူယူသည် ကောင်းကင်၏ စွမ်းရည်ကြောင့်သာ သူမ ခန္ဓာကိုယ် ပြန်ကောင်းလာသည်ဟုသာ ပြန်ဖြေခဲ့သည်။
ရှီမာယူယူ သတိပြန်ရလာသည်ကို ကြားသည့်အခါတွင် အဘိုးနတ်ဆိုးသည် လေးနက်သွားသည်။ သူ ပျော်ရမှာလား စိုးရိမ်ရမှာလားကို မသိတော့ပေ။ သူ့တပည့်တွေက ဘာလို့ သာမာန်ခန္ဓာကိုယ် မရှိကြတာလဲ။ တစ်ယောက်က လိပ်ပြာမပြည့်စုံဘူး၊ တစ်ယောက်မှာ အလင်းနတ်ဆိုး ခန္ဓာကိုယ်ရှိနေတယ်။ နှစ်ယောက်လုံးသည် အချိန်မရွေးသေသွားနိုင်သည်။ ကံကောင်းလွန်းတာလား၊ ကံဆိုးလွန်းတာလား။