← Chapters

ငါပေါက်ကွဲထွက်သွားတာကို ကြည့်နေ

Vol. 29 Ch. 399

ငါပေါက်ကွဲထွက်သွားတာကို ကြည့်နေ

Vol. 29 Ch. 399

မန္တန်နည်းလမ်း နှစ်ခုကြားမှ တိုက်ခိုက်မှုသည် ချက်ချင်းပင် သူတို့အောက်မှ တောအုပ်ကို မီတာရာချီ အချင်းဝက်အထိ အမှိုက်သရိုက်များ ဖြစ်ပေါ်ေစ၏။

အဆုံးတွင်တော့ မရေမတွက်နိုင်အောင် ကျယ်ပြန့်သော မြူနှင်းများက ရွှေရောင် ဓားအလင်းတန်းကို လွှမ်းခြုံသွားကာ ရွှမ်ယွမ်ချန်၏ ယင်-ယန် အလင်းတန်းကို အေးခဲသွားစေပြီး ရွှမ်ယွမ်ချန်၏ ခန္ဓာကိုယ်အား ဝါးမျိုပစ်လိုက်၏။

အန်လင်းက ပုန်းနေရာမှ နောက်ဆုံးတိုက်ချက်ကို မြင်တွေ့လိုက်ရသောကြောင့် အံဩမှုဖြင့် နှလုံးသားပင် တုန်ယင်သွားလေ၏။ လျှိုချင်ဟွမ် ထုတ်လွှတ်လိုက်သည့် အထူးမြူနှင်း မန္တန်နည်းလမ်းက ပိုင်းလင်း အထူးမြူနှင်းစမ်းသပ်မှုအတွင်း လူသားဝန်ဆောင်မှုအဖြစ် ထုတ်လွှတ်ခဲ့သော မန္တန်နည်းလမ်းကို ယှဉ်ပြိုင်နိုင်ပေသည်။ အန်လင်းက သရဲလောက၏ မူရင်းစွမ်းအားကို အသုံးပြုပင်လျှင်တောင် သူစိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်တုန်းက ထိုမန္တန်ဖွဲ့စည်းခြင်းကို ဖြတ်သန်းနိုင်သည်လားဆိုတာ မသိပါပေ။

ရွှမ်ယွမ်ချန်၏ ရှုံးနိမ့်ခြင်း အဆုံးအဖြတ် ချိတ်စည်းမှာ စတင်တုန်လှုပ်သွားပြီး ရွှေရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာလေ၏။

လျှိုချင်ဟွမ်က သူမ၏ ပိုင်နက်နယ်မြေကို ပြန်ရုပ်သိမ်းလိုက်ပြီး ရွှမ်ယွမ်ချန်အား အနည်းငယ် အားနာသောအမူအရာဖြင့် ကြည့်လိုက်၏။ "တောင်းပန်ပါတယ်..."

ရွှမ်ယွမ်ချန်က အပြုံးလေးတစ်ခုနှင့် ခေါင်းခါပြလိုက်၏။ "အဲ့တာက နင်နဲ့ မတူလိုက်တာ။ နင်က ငါ့ကို မျှမျှတတအနိုင်ယူသွားတာပဲ။ ငါ့ကို တောင်ပန်းစရာမလိုပါဘူး။"

လျှိုချင်ဟွမ်က အနည်းငယ် တုန်ယင်သွားပြီး အပြုံတစ်ခုက သူမ၏ မျက်နှာထက်တွင် ပေါ်လာပြီး ရွှမ်ယွမ်ချန်က ရွှေရောင် အလင်းမှုန်လေးများအဖြစ် ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်၏။

ကျောင်းသားများ အားလုံးမှာ ကျောက်စိမ်းဖြူ ရင်ပြင်ပေါ်တွင် အုတ်အုတ်ကျက်ကျက်ဖြစ်လာလေ၏။ ဤသည်မှာ ယခုတစ်ကြိမ် ကန့်သတ်မဲ့ တိုက်ပွဲ၌ သူတို့ ပထမဆုံး မြင်တွေ့ရသော ကမ္ဘာမြေအက်ကွဲစေလောက်သည့် တိုက်ပွဲကြီးပင်ဖြစ်၏။

"လျှိုချင်ဟွမ်က လှလိုက်တာ။ ငါတော့ သူမကို ကြိုက်မိတော့မယ်။"

"ဒါက သူမရဲ့ စိတ်ဝိညာဉ် ပိုင်နက်နယ်မြေကို ငါပထမဆုံးမြင်ဖူးတာပဲ။ အဲ့တာက ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။"

"အတန်းဖော် လျှိုချင်ဟွမ်က နောက်ဆုံးတော့ ငါတို့ပဉ္စမနှစ်တွေအတွက် ဂုဏ်သိက္ခာကို ပြန်ပြီး အဖတ်ဆယ်လိုက်နိုင်ပြီ။ ငါအရမ်းပျော်တာပဲ။"

"သူမ ဘွဲ့ရပြီးသွားရင် လျှိုချင်ဟွမ်ကို မတွေ့ရတော့ဘူးဆိုတဲ့အတွေးကြီးက ငါ့နှလုံးသားကို ဓားနဲ့ထိုးလိုက်သလိုပဲ။"

"စီနီယာအန်လင်းကို နောက်ထပ်နှစ်နှစ်ပြီးရင် ထပ်မတွေ့ရတော့ဘူးဆိုတဲ့အတွေးက ငါအသ​ြၽမရှုနိုင်လောက်တဲ့အထိကို နာကျင်စေတယ်..."

"အီး... နင်တွေးတာ အရမ်းရှေ့ရောက်မနေဘူးလား။"

"လျှိုချင်ဟွမ်က ရွှမ်ယွမ်ချန်ကို ရှုံးမယ်လို့ ဘယ်ခွေးကောင်ကပြောတာလဲ။ အခုပဲ မတ်တပ်ရပ်ပြီး ငါနဲ့လာတိုက်စမ်း။"

"ကိုယ့်စကားကို သေချာ သတိထားပါ ကျောင်းသား။ မင်းက ဒီလိုစိန်ခေါ်မယ်ဆိုရင် လူတစ်သောင်းလောက်ကို တစ်ကြိမ်တည်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။"

...


သူမက ထို့နောက် စိတ်ရှုပ်ထွေးသောအမူအရာဖြင့် သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်၏။

ကန့်သတ်မဲ့တိုက်ပွဲအတွင်း၌ သူတို့တိုက်ခိုက်ပြီးပြီးချင်း တစ်စုံတစ်ယောက်ကို စိန်ခေါ်သည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သော်လည်း စုရှောင်လန်က လျှိုချင်ဟွမ်အား ထိုသို့မလုပ်နိုင်ပါပေ။ မည်သို့ဆိုဆို သူတို့က သူငယ်ချင်းကောင်းများဖြစ်ကြ၏။

လျှိုချင်ဟွမ်က အလွန်ခက်ခဲသော တိုက်ပွဲတစ်ခုကို ကြံကြံခံပြီးစဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများပြည့်နေလေ၏။ ထို့အပြင် သူမ၏ သက်ရှိစွမ်းအင် ပင်လယ်အတွင်းရှိ သက်ရှိစွမ်းအင်မှာလဲ ကုန်ခမ်းလုနီးပါးဖြစ်နေပြီး သူမက အမှန်တကယ်ပင် အခြေအနေဆိုးဝါးနေအုံ ပေါ်၏။

သူမက စုရှောင်လန်ကို ကြည့်လိုက်ပြီး သူမလက်ထဲတွင် ဓားတစ်ချောင်းဖြင့် စိန်ခေါ်လိုက်တော့၏။ "အတန်းဖော် စုရှောင်လန်၊ အခု နင့်အလှည့်ပဲ။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး။"

စုရှောင်လန်က ခေတ္တမျှ တုံ့ဆိုင်းသွားကာ သူမ၏ သေချာသော အမူအရာဖြင့် ခေါင်းခါပြလိုက်၏။ "လျှိုချင်ဟွမ်၊ ငါက ဒီအခြေအနေကို အခွင့်ကောင်းမယူချင်ဘူး။ နင် အရင်အနားယူလိုက်ပါ။ ပြီးမှ နင်ပြန်ကောင်းပြီ ဆိုရင် ငါတို့ တိုက်ကြတာပေါ့။"

လျှိုချင်ဟွမ် : "..."

ဒီခေါင်းမာတဲ့ စိတ်သဘောထားက ဘာလဲ။ သူမက ရုတ်တရက်ဝင်တိုက်ပြီး သတ်ဖြတ်မဲ့ထိုးနှက်ချက် ပြုလုပ်ရမဲ့အစား ဘာလို့များ သူ့ပြိုင်ဘက်ကို ပြန်ကောင်းတဲ့အထိစောင့်မှာလဲ။

သူမက သူ့မအား စိတ်ပိုင်းဖြတ်ထားသောအမူအရာဖြင့် ပြန်ကြည့်နေသော စုရှောင်လန်ကို ကြည့်လိုက်ပြီး သူမ၏ဦးခေါင်းက သွေးဆောင့်တိုးစပြုလာလေ၏။


သို့သော် အကယ် သူမက တိုက်ပွဲမစပါက စုရှောင်လန်က သူမကို အနိုင်တိုက်နိုင်မည့် အာမခံချက်မရှိပါပေ...။

ထိုအချိန်၌ပင် ပုံရိပ်တစ်ခုက ရုတ်တရက် လေထဲသို့ ခုန်ထွက်လာပြီး လျှိုချင်ဟွမ်၏ မနီးမဝေးတွင် ပေါ်လာလေ၏။

အန်လင်းက ရုတ်တရက် ထွက်ပေါ်လာမှု ပြုလုပ်ပြီး အဆုံးမရှိသောစွမ်းအားများက သူ့ကိုယ်မှ ဖြာထွက်နေကာ သူ့ကိုယ်အား မကျော်လွှားနိုင်သော ခံစားချက်တစ်ခုပေးနေလေ၏။

ကျောက်စိမ်းဖြူရင်ပြင်ပေါ်မှ ကျောင်းသားများအားလုံးမှာ သူတို့၏ အိုင်ဒဲလ်ကိုမြင်သောအခါ ချက်ချင်း လှုပ်လှုပ်ရွရွဖြစ်လာပြီး တစ်ချို့ကျောင်းသားများမှာတော့ ပီတီဖြစ်ကာ အော်ဟစ်လာကြ၏။

ရွှေရောင်အလင်းတန်းများက အန်လင်း၏ ညာလက်မှ ထိုးထွက်နေကာ သူ့၏ဘယ်လက်မှာ လျှပ်စီးကို ကြိုးကိုင်နေလေ၏။

"ငါက ကောင်းကင်နဲ့ မြေကြီးကြားမှာ စွမ်းအားအထက်ဆုံး ဖြစ်တည်မှုပဲ။ ငါ့ရဲ့ ပြိုင်ဖက်က ဒီကမ္ဘာကြီးတစ်ခုလုံးကလွဲပြီး တခြားမဟုတ်ဘူးဟေ့..."

သူအော်ဟစ်နေစဉ်တွင် လျှပ်စီးက သူ့၏ရွှေရောင်လက်သီးနှင့် ပေါင်းဆုံးသွားလေ၏။

အမှောင်ထု ရင်းမြစ်...။ အရည်ပျော်စေ...။

လျှပ်စီး တိုးချဲ့ခြင်း နည်းလမ်း...။

သူ့၏ ရွှေ​ရောင် လျှပ်စီး အလင်းတန်းကြီးက ကမ္ဘာမြေ၏ အဆုံးမရှိသော စွမ်းအားနှင့် ပြည့်နှက်နေကာ သူကိုင်ဆောင်ထားသော အနက်ရောင် လျှပ်စီးက သေဆုံးခြင်းနှင့် ဖျက်စီးခြင်း၏ ပြိုင်ဖက်ကင်းစွမ်းအားနှင့် ပြည့်နှက်နေပေ။ ထိုနှစ်ခုပေါင်းစပ်ခြင်းမှာ တစ်ခုနှင့် တစ်ခု ဆတိုးစေကာ သူတို့ပတ်လည်ရှိ နေရာလပ်တစ်ခုလုံးမှာ ထိုပေါင်းစပ်စွမ်းအင်ကြောင့် တုန်ယင်လာလေ၏။

ကြီးမားလှသည့် စွမ်းအားက ထိုးထွက်လာပြီး လျှိုချင်ဟွမ်နှင့် စုရှောင်လန်တို့အား အသက်ရှုကျပ်စေ၏။

အန်လင်း၏ မျက်လုံးများမှာ ကြမ်းတမ်းသော မျှော်လင့်ချက်ဖြင့် တောက်ပနေလေ၏။ သူက သူ့၏ ကောင်းကင်ဘုံ ရေခဲပိုးထည်ကို သူ့၏ သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းထားလိုက်ပြီး ဤအခိုက်အတန့်အတွင် ခုခံကာကွယ်ရေး ပစ္စည်းများကို လက်လျော့ထားခဲ့ပေ၏။

သူက မြေပြင်ပေါ်သို့ လက်သီးများြပင်းထန်စွာ ဆင့်မထိုးမီတွင် လျှိုချင်ဟွမ်ကို လှည့်ကြည့်လိုက်၏။

"နျူလျှပ် လက်သီး..."

ရွှေရောင်လက်သီး အလင်းတန်းကြီးက မြေပြင်ပေါ်သို့ ကျရောက်လာကာ အနက်ရောင် လျှပ်စီးက ကြာပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းလာခဲ့၏။ ထို့နောက် ရွှေရောင်လက်သီး အလင်းတန်းကြီးက ကျုံ့လာပြီး ပေါက်ကွဲသွားပေ၏။

ဘုန်း...

ပေါက်ကွဲသံကျယ်ကြီးတစ်ခုက ထွက်ပေါ်လာပြီး လောင်ကျွမ်းနေသည့် အပူရှိန်ကြီးနှင့် လင်းလက်နေသော လျှပ်စီးကြီးများက အရာအားလုံးကို ဖျက်စီးပစ်လိုက်၏။

သူ့အောက်မှ မြေကြီးမှာ ပြင်းပြင်းထန်ထန် တုန်လှုပ်လာပြီး ဖျက်စီးနိုင်သောအားအင်ကြီးက   ကျောက်တုံးများနှင့် မြေကြီးများကို လေထဲသို့ ပျံတက်သွားစေကာ ထိုအရာများကို မှိုပုံစံ တိမ်တိုက်ကြီးတစိခု ဖြစ်လာစေ၏။

အန်လင်းက ကြောက်မက်ဖွယ် မှိုပုံသဏ္ဍန် တိမ်တိုက်ကြီးနှင့် လွှမ်းခြုံခံလိုက်ရသော်လည်း သူ့မျက်နှာထက်တွင် အပြုံးတစ်ခုက ရစ်ခိုနေလေ၏။

ကန့်သတ်မဲ့တိုက်ပွဲတွင် တစ်ဖက်က ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်း ပြုလုပ်သည့်အခါမှသာ စိန်ခေါ်မှုက တရားဝင်ဖြစ်သည်ဟု ဖော်ပြထားသော စည်းမျဉ်းတစ်ခုရှိလေ၏။ ဦးဆုံး မိတ်ဆက်ခြင်း မရှိသည့် မည့်သည့်အသင်းအဖွဲ့ဆီမှတိုက်ပွဲများသည် တရားမဝင်ဟုယူဆပြီး ရလာဒ်မှာ မည်သူ့၏ တိုက်ခိုက်နိုင်စွမ်းအင်အမှတ်နှင့် အောင်မြင်မှု အမှတ်ဆီသို့မှ မခွဲဝေပေးပါပေ။

အန်လင်း၊ လျှိူချင်ဟွမ်နှင့် စုရှောင်လန်တို့ ကြားတွင် မည်သူကမှ ကိုယ့်ကိုကိုယ် မိတ်ဆက်ခြင်းမပြုလုပ်ရသေးပေ။ ထို့ပြင် အန်လင်း၏ တိုက်ခိုက်မှုမှာ နည်းစနစ်အားပင် တစ်စုံတစ်ဦးအစား မြေပြင်ကိုသာ ရည်ရွယ်သည်ဖြစ်ပြီး သို့ဖြစ်၍ မည်သည့်တိုက်ချက်သည်မှ သူ့၏ ရမှတ်များဆီသို့ မရောက်ရှိပါပေ။

စုရှောင်လန်မှာ ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ဝက်အဆင့် ဇူချူးပင်နှင့် အစွမ်းထက် စုချန်းရန်ကို အနိုင်ရရှိပြီးဖြစ်၏။ သို့ဖြစ်၍ သူမ၏ တိုက်ခိုက်နိုင်စွမ်းအား အမှတ်မှာ သေချာပေါက်ပင် လျှိုချင်ဟွမ်နှင့် ယှဉ်နိုင်ပေမည်။ အောင်မြင်မှုရမှတ် ရှုထောင့်မှဆိုလျှင် စုရှောင်လန်၏ ရမှတ်မှာ လျှိုချင်ဟွမ်က ယခုအချိန်ထိ တိုက်ပွဲနှစ်ခုတည်းသာ ရင်ဆိုင်ရသေးသည်မို့ သေချာပေါက်ပင် လျှိုချင်ဟွမ်ထက်များနေမည်ဖြစ်၏။

သို့ဖြစ်၍ လျှိုချင်ဟွမ်က ထုတ်ပယ်ခံရပါက မည်သည့် ကြိုတင်မမြင်ရသော အခြေအနေများ တားဆီးနေပါစေ စုရှောင်လန်မှာ အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်တွင် အဆင့်တစ်နေရာကို အာမခံရန် အတော်လေးပင် သေချာနေပေပြီ။

ကမ္ဘာမြေ အက်ကွဲစေနိုင်သော ပေါက်ကွဲမှုကြီးက အန်လင်းနှင့် သူမ၏ နှုတ်ခမ်းများကို မကျေမနပ် စေ့ထားသော လျှိုချင်ဟွမ်ကို လွှမ်းမိုးသွားပြီး စုရှောင်လန်ပင်လျှင် အနည်းငယ် ခပ်ဝေးဝေးတွင် ကြောင်အနေသော အမူအရာဖြင့် ရပ်နေလေ၏...။

စုရှောင်လန်၏ အမူအရာမှာ သလင်းကျောက် ဖန်သားပြင်ကို ကြည့်ရှုနေသော ကျောင်းသားများ အားလုံးနှင့် တစ်ပုံတည်းပင် ဖြစ်နေပြီး ရင်ပြင်တစ်ခုလုံးက အလွန်အမင်း တိတ်ဆိတ်သွားလေ၏။

အတန်ကြာပြီးနောက် ကျောင်းသားတစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ "စီနီယာ အန်လင်းက ဘာလုပ်နေတာလဲ။ ငါ့ရဲ့ IQက မလိုက်နိုင်တော့ဘူး..."

"အဲ့လို ဖျက်ဆီးနိုင်တဲ့ နည်းလမ်းတစ်ခုက အမြဲတမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာပဲ အဲ့တာက အသုံးပြုသူကို နာကျင်စေပေမဲ့လည်း ပြိုင်ဘက်ကိုလည်း ထပ်တူနာကျင်စေတယ်..."

"အဲ့တော့ အခြေခံအားဖြင့် စီနီယာ အန်လင်းက ကိုယ့်ကိုကိုယ်ဖောက်ခွဲပြီးတော့ လျှိုချင်ဟွမ်နဲ့ စုရှောင်လန်ကို ခေါ်သွားတာပေါ့။"

"စုရှောင်လန်က နည်းနည်းဝေးတယ်။ အဲ့တော့ သူမက အသက်ရှင်လောက်တယ်။ ဒါပေမဲ့ လျှိုချင်ဟွမ်ကတော့ သေချာပေါက် သွားမှာပဲ..."

"တွေးလေလေလေ ထူးဆန်းလာလေပဲ။ အန်လင်းနဲ့ လျှိုချင်ဟွမ်က စုရှောင်လန်နောက်ကို နာရီအတော်ကြာ နှစ်ယောက်တွဲသူခိုးတွေလို လိုက်ပြီးတော့ အန်လင်းက ထွက်လာပြီး အစွမ်းထက် နည်းလမ်းကို ထုတ်လွှတ်ပြီးတော့ သူကိုယ်တိုင်နဲ့ လျှိုချင်ဟွမ်နှစ်ယောက်လုံးကို ထုတ်ပယ်ပစ်လိုက်တယ်ပေါ့။ သူတို့က တကယ်ပဲ စောက်ကျိုးနည်း ဘာတွေလုပ်နေတာလဲ။"

ရင်ပြင်တစ်ခုလုံးက တိတ်ဆိတ်သွားလေ၏။

"ဖြစ်နိုင်တာက နတ်ဘုရား အန်ရဲ့ ရည်ရွယ်ချက်က တကယ့်ကို ငါတို့လို မော်တယ်တွေ နားလည်ဖို့ အလွနါကို ခက်ခဲလွန်းတယ်..." ကျောင်းသားတစ်ဦးက ရေရွတ်လိုက်၏။

သူ့ဘေးမှ လူတိုင်းက သဘောတူညီစွာ ခေါင်းငြိမ့်လိုက်၏။ သူတို့မှာ လုံးဝပင် ကြောင်ငေးနေလေ၏။ ဤအခြေအနေကို ချဉ်းကပ်ရန် ပို​ကောင်းတဲ့ နည်းလမ်းတွေ အများကြီးရှိတာတောင်  သူက ဘာလို့ သူ့ကိုယ်သူ ဖောက်ခွဲပစ်တာလဲ။ ဒီစီနီယာ အန်လင်း၏ လုပ်ဆောင်ချက်တွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က မည်သည်နည်း။ ဤသည်မှာ သည်းထိပ်ရင်ဖို မျှော်တလင့်လင့် ရုပ်ရှင်တစ်ခုကို ကြည့်ရသလိုပင်။

ဒုကျောင်းအုပ်ကြီး ယွီဟွားနှင့် မြေကမ္ဘာ အင်မော်တယ် ကန်ချင်တို့နှစ်ဦးစလုံးမှာ မန္တန်အတားအဆီး အပေါ်မှ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်၏။ သူတို့က တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးနေသည်ကို တွေ့ရပြီး သို့ဖြစ်၍ သူတို့၏ အကြည့်များက ပေါက်ကွဲမှုဖြစ်ပွားသွားသော နေရာကို ပြန်ကြည့်လိုက်ပေ၏။

​ဖုန်မှုန့်များက တဖြည်းဖြည်း အနည်ထိုင်စပြုလာပြီး လျှိုချင်ဟွမ်၏ ကွဲကြေသွားပြီဖြစ်သော ရှုံးနိမ့်ခြင်း ချိတ်စည်းကို ဖော်ပြလာပြီး သူမက မကြာမီပင် ရွှေရောင်အလင်းမှုန်များအဖြစ် ပျောက်ကွယ်သွားလေ၏။

အန်လင်းက သူ့မျက်လုံးကို ဖွင့်ပြီး သူ့တစ်ကိုယ်လုံးနာကျင်မှုဖြင့် တုန်ယင်နေပေ၏။

သူက သူ့ရှေ့တွင် ကြီးမားသော တွင်းပေါက်ကြီး တစ်ခုကို တွေ့လိုက်ပြီး ဖုန်မှုန့်များနှင့် အကျိုးအပဲ့များက လေထတွင် ပျံသန်းနေသော်လည်း သူ့ကို ကျောက်စိမ်းဖြူ ရင်ပြင်ဆီသို့ ပြန်ခေါ်ဆောင်သွားမည့် ရွှေရောင်အလင်းကို မတွေ့ပါပေ။

ကြယ်မိစ္ဆာမီးတောက်၊ မြင့်မြတ် သန့်စင်မီးတောက်၊ လရောင်ရှုခင်းမီးတောက်နှင့် ကောင်းကင်ဘုံ ဟာလာပြင်မီးတောက်- အံ့ဖွယ်မီးတောက်လေးခုစလုံးမှာ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်ပြီး အကာအကွယ် ပိုးအိမ်တစ်ခု ဖြစ်လာစေ၏။

အန်လင်း : "..."

အံ့ချီးမီးတောက်များက လက်ခံသူကို အန္တရာယ်ကျရောက်မည့် အချိန်တွင် အလိုအလျောက်ကာကွယ်ပေးပြီး သူ့၏ ရှုံးနိမ့်ခြင်း အဆုံးအဖြတ် ချိတ်စည်းကို ကွဲအက်ခြင်းမှ တားဆီးပေး၏။

***

All Chapters