← Chapters

အပိုင်း (၃၀၈) – လောကအသေးအကြောင်းများ

Vol. 004 Ch. 308

အပိုင်း (၃၀၈) – လောကအသေးအကြောင်းများ

Vol. 004 Ch. 308

“ငါ ပြဿနာဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်”

ရှီမာယူယူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကို အဘိုးနတ်ဆိုးသိပြီးနောက် စကားပြောရာမှ ခေတ္တမျှ တိတ်ဆိတ်သွားသည်။

သူ လုံ့လရှိသည်ကို မြင်သည်နှင့် ရှီမာယူယူ ခံစားသွားရသည်။

“ဆရာ မစိုးရိမ်ပါနဲ့ မိုရှားက သူ့ခန္ဓာကိုယ်ကလည်း ကျွန်တော့်လိုမျိုးအခြေအနေကို အရင် ဖြစ်ဖူးတယ်လို့ ပြောတယ်၊ သူအခုထိ အသက်ရှင်နေတာပဲ” ရှီမာယူယူသည် သူ့အား နှစ်သိမ့်ရန် ကြိုးစားလိုက်သည် “သူ့မှာအဖြေရှိမယ်လို့ထင်တယ်”

“သူကလည်း အလင်းနတ်ဆိုးခန္ဓာကိုယ်လား” အဘိုးနတ်ဆိုးသည် အံ့သြစွာ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “မိုရှားက အရင်က အလင်းနတ်ဆိုး ခန္ဓာကိုယ်ရှိတဲ့ လူသားပဲတဲ့၊ နောက်မှ နတ်ဆိုးမျိုးနွယ်ဝင်ဖြစ်သွားတာ”

“အပြင်ကလူတွေက နတ်ဆိုးဘုရင်အကြောင်း အများကြီးမသိကြပေမယ့် ဒီလို လျှို့ဝှက်ချက်ကြီးကို ဖုံးထားပေးမယ်မထင်ဘူး” အဘိုးနတ်ဆိုး သက်ပြင်းချလိုက်သည် “အခု မင်းတို့နှစ်ယောက်က စာချုပ်ချုပ်ပြီးသွားပြီဆိုတော့ မင်းကို သူထိခိုက်အောင် လုပ်မှာမဟုတ်ဘူး၊ မင်း ခုဏကပြောတဲ့ နည်းလမ်းက အလုပ်ဖြစ်နိုင်တယ်”

“ဟုတ် ဖြစ်နိုင်လောက်တယ်” ရှီမာယူယူသည် မသေချာစွာ ပြောလေသည် “အခုတော့ ကျွန်တော့်မှာ စွမ်းအင်အလုံအလောက်မရှိသေးလို့ နည်းလမ်းကို မပြောပြသေးဘူးတဲ့”

“…….” အဘိုးနတ်ဆိုးသည် ရှီမာယူယူအား ခေတ္တမျှ တိတ်တဆိတ်ကြည့်ကာ ပြောလိုက်သည် “အဲ နည်းလမ်းရှာဖို့ မင်းကို ကူညီပေးမယ်၊ ငါ ရှာတွေ့ရင် မင်းကို ပြောမယ်၊ တစ်ခုခုလိုတာရှိရင် ငါ့ကိုပြော၊ မင်းရဲ့ စီနီယာအစ်ကိုနဲ့ ငါက တွေ့ဆုံပွဲပြီးရင် ပြန်တော့မှာ၊ မင်း အချိန်ယူပြီး လေ့ကျင့်ပြီး ရနိုင်သလောက် မြန်မြန်အဆင့်တက်”

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းရဲ့ နှေးတဲ့ ကျင့်ကြံမှုအရှိန်နဲ့ဆိုရင် ဘယ်တော့မှ အဆင့်တက်နိုင်မှာလဲ” ဝူလင်းယူသည် ရုတ်တရက် တံခါးပေါက်မှ ထွက်လာကာ သူမ၏ လက်ရှိ စွမ်းအားအဆင့်ကို အားမရပေ။

ရှီမာယူယူသည် မျက်ဖြူလှန်ကာ သူ့အားကြည့်လိုက်သည်။ သို့သော် သူဆိုလိုရင်းကို သူမ နားလည်သည်။ သူမ မျက်စောင်းထိုးကာ မေးလိုက်သည် “ဒါဆိုရင် ကျွန်တော့်အဆင့်တက်ဖို့ အတွက် ခင်ဗျားမှာ နည်းလမ်းရှိတယ်လို့ ပြောနေတာလား”

“မင်းထပ်ပြီး မျက်စောင်းထိုးရင် အဲမျက်လုံးတွေကို ထိုးပစ်မယ်” ဝူလင်းယူ လျှောက်လာကာ သူမ ခေါင်းအား ပုတ်လိုက်သည်။

“ကျွန်တော် ဒဏ်ရာရထားတာ၊ နောက်တစ်ခေါက် ထပ်ပုတ်မယ်ဆိုရင် ကျွန်တော် သေသွားနိုင်တယ်” ရှီမာယူယူသည် သူ့လက်အား ပုတ်ထုတ်ကာ ပြောလိုက်သည် “ဒါဆိုရင် ကျွန်တော် အဆင့်တက်ဖို့ နည်းလမ်းရှိတယ်ပေါ့ ဟုတ်လား ဆရာ”

အဘိုးနတ်ဆိုးသည် ခေတ္တမျှစဉ်းစားပြီး ပြောလိုက်သည် “မရှိဘူး တစ်ညတည်းနဲ့ မင်းရဲ့ အဆင့်တက်အောင် လုပ်ဖို့ နည်းလမ်းမရှိဘူး၊ မင်းရဲ့ စွမ်းအင် တိုးတက်အောင် လေ့ကျင့်ပြီးမှ အခြေခိုင်အောင် လုပ်ရမယ်”

သူဆိုလိုသည်ကို ရှီမာယူယူနားလည်သည်။ ထို့ကြောင့်ပင် သူမ အားအင်များ မတည်ငြိမ်တိုင်းတွင် သူမ အားအင်များ လျင်မြန်စွာတိုးလာရန် အခြေခိုင်အောင် အရင်လုပ်ခဲ့သည်။

“ကျွန်တော်ပြောတာ အဲနည်းလမ်းတွေမဟုတ်ဘူး”

“တခြာနည်းလမ်းရှိသေးတာလား” ထိုခဏတွင် သူဆိုလိုသည်ကို အဘိုးနတ်ဆိုး နားမလည်ပေ။

ဝူလင်းယူသည် အဘိုးနတ်ဆိုးအား ညွှန်ပြကာ ပြောလိုက်သည် “ကျွန်တော် ဒီထိရောက်လာပြီးမှ ဘာလို့ ရှုပ်ထွေးသွားတယ်လို့ ခံစားနေရတာလဲ”

အဘိုးနတ်ဆိုးသည် သူ့မျက်နှာအား အသာလေး ဖြတ်ရိုက်ကာ ပြောလိုက်သည် “မင်းတို့ကောင်တွေ ငါ့ကို အထင်သေးနေတာလား”

ဝူလင်းယူသည် ရှောင်လိုက်သဖြင့် သူ၏ လက်သည်းများဖြင့် ဝမ်းသာစွာပင် မခြစ်မိပေ။

အဘိုးနတ်ဆိုးသည် တစ်စုံတစ်ခုကို ပြန်တွေးကာ ပြောလိုက်သည် “သူမကို အဲဒီကို ပို့ဖို့ မင်းပြောနေတာလား”

“ဟုတ်တယ်” ဝူလင်းယူ ခေါင်းညိတ်လိုက်သည်။

“အဲနေရာက ကောင်းပါတယ်၊ ဒါပေမယ့် ငါသိသလောက်ကတော့ ယိလင်းတိုင်းပြည်က အဲဒီကို ဝင်လို့မရဘူးလေ” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“အဲဒါ ဆရာ့အတွက် ပြဿနာမဟုတ်ဘူးလေ” ဝူလင်းယူသည် အဘိုးနတ်ဆိုးအား ဖြတ်ခနဲကြည့်ကာ သူ့အတွင် အဖြေရှိသည့်ပုံမျိုးဖြင့် ကြည့်လိုက်သည်။

“တွက်ချက်တာကလည်း စွမ်းအားလိုတယ်လေ” အဘိုးနတ်ဆိုး ပြောလိုက်သည် “ဒါပေမယ့်အဲနေရာကို ဖွင့်တာနဲပ သူမ အဆင့်လည်း တက်ဖို့ နည်းလမ်းကောင်းပဲ”

“ကျွန်တော်သိသလောက်ဆိုရင် အဲနေရာက ပြန်ပြင်ထားတာ သိပ်မကြာသေးဘူး၊ အဘိုးနတ်ဆိုး လောတာကောင်းမယ်” ဝူလင်းယူ ပြောလိုက်သည်။

သူတို့နှစ်ယောက်ပြောသောစကားများကို ရှီမာယူယူနားမလည်သောကြောင့် မေးလိုက်သည် “အဲတော့ အဲနေရာက ဘယ်နေရာလဲ”

“လောက သေးသေးလေးပဲ” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“လောက သေးသေးလေး ဟုတ်လား အဲဒါဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ရှင်းရှင်းပြောရရင် ကောင်းကင်ဘုံကြီးမှာ ရှိတဲ့ နေရာလေးပဲ” ဝူလင်းယူ ရှင်းပြသည် “အဲမှာ လောက အမျိုးမျိုးရှိတယ်၊ အချိန်တစ်ခုရောက်ရင် တိုင်းပြည်တစ်ခု ပေါ်လာတယ်”

“ကောင်းကင်ဘုံကြီးဟုတ်လား ဘယ်လောက်တောင်ကြီးလဲ” ရှီမာယူယူသည် သိချင်စိတ်ဖြင့် သူတို့နှစ်ယောက်အား ကြည့်လိုက်သည်။

“သူကြီးလာတဲ့အခါကျ တိုင်းပြည်တစ်ခုရဲ့ တစ်ဝက်နဲ့ယှဉ်လို့ရတယ်” အဘိုးနတ်ဆိုး ပြောလေသည် “သေးသွားတဲ့အခါကျရင် အိမ်တစ်အိမ်လောက်ပဲရှိတယ်”

“အဲတော့ အဲနေရာတွေနဲ့ ကောင်းကင်နဲ့က ဘာကွာခြားချက်ရှိလဲ” ရှီမာယူယူ မေးလိုက်သည်။

သူမသည် ရှီမာမျိုးနွယ်၏ နယ်နိမိတ်ကို ဖြတ်သွားချိန်တွင် ကောင်းကင်ဘုံရှိသည်ဟု ခံစားမိသော်လည်း အကြည့်တစ်ချက်နှင့်ပင် တစ်စုံတစ်ခု ပျောက်ဆုံးနေသလိုထင်ရသည်။

“ကောင်းကင်ဘုံက မပြီးပြတ်သေးတဲ့ နေရာတစ်ခုပဲ လောကအသေးနဲ့ တခြားတိုင်းပြည်တွေက တူညီပြီး ပြည့်စုံကြတယ်၊ အဲဒါက သီးခြားနေရာတစ်ခုပဲ အမြဲတမ်းတည်ရှိနေတာတော့ မဟုတ်ဘူး”

“ပြီးတော့ လောကအသေးတွေက ရှေးဟောင်း လက်ကျန်တွေပဲ၊ အထဲမှာ ရတနာအများကြီး ရှိတယ်၊ ပြီးတော့ သူတို့က အပြာရောင်လထွက်လာမှ ပေါ်လာတယ်၊ အဲဒီက ပစ္စည်းတွေကလည်း သက်တမ်းကြာတဲ့ပစ္စည်းတွေချည်းပဲ ဆေးဖက်ဝင်ပစ္စည်းအများစုထက် ပိုသက်တမ်းရင့်ကြတယ်”

အဘိုးနတ်ဆိုး ထပ်ပြောလိုက်သည်။

“ကျွန်တော် ဆေးဖက်ဝင်ပစ္စည်းမလိုဘူး” ရှီမာယူယူ စိတ်မဝင်စားသလိုပြောသည်။

“အဲဒါတွေက အရေးကြီးတာမဟုတ်ဘူး၊ အရေးကြီးတာက လောကအသေးမှာ ဝိညာဉ်စွမ်းအင်တွေ များတယ်၊ ပြီးတော့ ရတနာတွေလည်းရှိနေတယ်၊ မင်း တစ်ခုလောက်ကိုရှာတွေ့ရင် ချက်ချင်းပဲ စံတင်ဝိညာဉ် ဖြစ်သွားမှာ မအံ့သြလောက်ပါဘူး” အဘိုးနတ်ဆိုးပြောလိုက်သည်။

“အဲလောက် မိုက်တဲ့နေရာရှိနေတာလား” ရှီမာယူယူ တက်ကြွလာသည် “အဲနေရာတွေကို လူတကာ သွားလို့ရလား”

“သေချာပေါက် မရဘူးပေါ့” ဝူလင်းယူသည် စိတ်မရှည်စွာ ရှင်းပြလေသည် “လောက အသေးတိုင်းမှာ သူ့စည်းမျဉ်းတွေရှိတယ်၊ ဥပမာဆိုရင် အံ့ဖွယ်အဆင့် စံတင်ဝိညာဉ်တွေက ရှေးဦးလောက ကဆင်းလာချိန်မှာ သူတို့ စံတင်ဝိညာဉ်စွမ်းအားသုံးမယ်ဆိုရင် လောကအသေးမျာလည်းအတူတူပဲ”

“ဒါဆိုရင် အဲက စည်းမျဉ်းတွေက ဘာတွေလဲ” ရှီမာယူယူသည် သူမ မျက်နှာအား လက်ဖြင့် ထောက်ကာ အသေချာ စဉ်းစားနေသည်။

“တချို့က မင်းရဲ့ အင်အားကိုကန့်သတ်ထားတယ်၊ တချို့က အသက်၊ တချို့က အသက်ရော အင်အားကိုရော ကန့်သတ်ထားတာ”

“အသက်ကန့်သတ်ထားတာကိုတော့ ကျွန်တော်သိတယ်၊ ဒါပေမယ့် အင်အားကန့်သတ်ထားတာက စံတင်ဝိညာဉ်နဲ့ ညီတဲ့စွမ်းအားရှိမှာ အသုံးပြုလို့ရတာလား” ရှီမာယူယူ ကျယ်လောင်စွာ စဉ်းစားလိုက်သည်။

“ဟုတ်တယ်”

“သိပြီ ဒါဆိုရင် ခင်ဗျားတို့ ပြောနေတဲ့နေရာက လောကအသေးက ဘာကို ကန့်သတ်ထားတာလဲ”

“ဒီတစ်ခါက စွမ်းအားကို ကန့်သတ်ထားတာ” ဝူလင်းယူပြောလိုက်သည် “တိုင်းပြည်တိုင်းမှာ အဝင်ပေါက်ရှိတယ်၊ ဒါပေမယ့် လူဦးရေကန့်သတ်ချက်ကြောင့် လူတိုင်းသွားလို့မရဘူး၊ လောကအသေးက ပြန်ပေါ်လာတာ မကြာသေးဘူး”

“တိုင်းပြည်တိုင်းဟုတ်လား၊ အဲမှာ တိုင်းပြည်အကြီးတွေ အများကြီးရှိတာလား” ရှီမယူယူ မေးလိုက်သည်။

“ဟုတ်တယ် မင်းတို့ ကမ္ဘာလိုလဲ အဲမှာ တိုင်းပြည်အကြီးတွေရှိတယ်၊ မင်းတို့လောကက ဒီကမ္ဘာက အစိတ်အပိုင်း အသေးလေးတစ်ခုပဲ” အဘိုးနတ်ဆိုး ပြောလိုက်သည်။

ရှီမာယူူယူ အံ့သြသွားသည်။ ဒီတိုင်းပြည်ကြီးတစ်ခုလုံးက ကမ္ဘာက အစိတ်အပိုင်းတစ်ခုပဲလား။ ထိုကမ္ဘာသည် သူမ စဉ်းစားသည်ထက် ကြီးမားသည်။

သို့သော် သူမစဉ်းစားကြည့်ရာ ကမ္ဘာတွင် တိုက်ကြီး ၇တိုက်ရှိကာ သမုဒ္ဒရာ ၄စင်းရှိသည်။ တိုက်ကြီးများသည်လည်း ကြီးမားသင့်သလောက် ကြီးမားသည်။

“အဲအကြောင်းကို အဘိုးပြောတာ ဘာလို့မကြားဘူးတာလဲ” ရှီမာယူယူသည် နှုတ်ခမ်းဆူကာ ထိုလောကအသေးအကြောင်းကို ကြားဖူးသည့်သူ မရှိဟုထင်မိသည်။

“ဘာလို့လဲတော့ ငါလည်းမသိဘူး၊ ဒါပေမယ့် ဒီနေရာက ထောင် တိုက်ကနေ အဆင့်လျောသွားတာပဲ၊ တိုက်တစ်ခုလုံးက ထောင်လိုပဲ၊ သဘာဝမကျတာတွေလည်း အများကြီးရှိတယ်”

ထိုအကြောင်းပြောရင်းနှင့် ဝူလင်းယူနှင့် အဘိုးနတ်ဆိုးတို့သည် အနည်းငယ် နှမြောမိသည်။ ဒီလိုမျိုး တိုက်ကသာ သူမကဲ့သို့ အရည်အချင်းရှိသူကို မွေးထုတ်ပါက အလွန်တရာ ရှားပါးသည့်အဖြစ် ဖြစ်မည်။

ရှီမာယူယူ နှုတ်ခမ်းကွေးကာ၊ ဒါက ထောင်လိုမျိုး နယ်မြေပေါ့။ ဒီတစ်ခါတော့ တိုက် တစ်တိုက်လုံးက လှောင်အိမ်လိုပဲ ဘယ်လောက်တောင် ပျင်းစရာကောင်းတဲ့ ဟာသလဲ။

All Chapters