← Chapters

ငါက တခြားသူတွေကိုပဲ အနိုင်ကျင့်မှာ မင်းတော့ မပါဘူး

Vol. 29 Ch. 400

ငါက တခြားသူတွေကိုပဲ အနိုင်ကျင့်မှာ မင်းတော့ မပါဘူး

Vol. 29 Ch. 400

စုရှောင်လန်က သူမ၏ မျက်လုံးများကို ခက်ခက်ခဲခဲဖွင့်လိုက်ပြီး အခုလေးတွင် ဖြစ်ပွားသွားသည့် ဤကပ်ဆိုး ပေါက်ကွဲခြင်းကြီး၏ နောက်ဆက်တွဲအကျိုးဆက်များကို  စိတ်ရှုပ်ထွေးမှုနှင့် အမူအရာမဲ့စွာ ငေးကြည့်လိုက်၏။

အန်လင်းက ဘာတွေ လုပ်နေတာလဲ။ သူမက အလွန်အမင်း စိတ်ရှုပ်နေပြီဖြစ်၏။

စုရှောင်လန်က အံတင်းတင်းကြိတ်ကာ မတ်တပ်ရပ်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းယိုင်သွားပြီး သွေးအပြည့် အန်ထုတ်လိုက်မိ၏။

သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ပေါက်ကွဲခြင်းကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသော်လည်း ပေါက်ကွဲမှု၏ အလယ်ဗဟိုသို့ အားတင်း လျှောက်လာလိုက်၏။

ထိုနေရာ၌ သူမက အသားအရည်မှာ မီးကျွမ်းနေပြီး အဝတ်များက အပိုင်းပိုင်းပြဲနေသောအန်လင်းကို တွေ့လိုက်ရ၏။

အန်လင်း၏ ဒဏ်ရာများက သူမထက် ပို၍ များပြား၏။ သူက အစွမ်းထက် ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကဲ့သို့ အစွမ်းထက် သွင်ပြင်မရှိပါက သူ့၏ ရှုံးနိမ့်ခြင်း အဆုံးအဖြတ် ချိတ်စည်းမှာ ဟိုးအရင်ကတည်းက ပျက်စီးသွားပေလိမ့်မည်။

"အန်လင်း နင်အဆင်ပြေရဲ့လား။"

စုရှောင်လန်က အစပိုင်းတွင် သူအဘယ်ကြောင့် ဤသို့ပြုလုပ်သည်ကို မေးရန် ရည်ရွယ်ထားသော်လည်း အကြောင်းကြောင်းကြောင့် သူ့ကို နောက်ဆုံးမြင်သောအခါ သူမ၏ ပါးစပ်ထဲမှ ထွက်လာသည်မှာ သူ့ကျန်းမာရေးနှင့် ပတ်သတ်သည့် စိုးရိမ်ပူပန်သည့် မေးမြန်းချက်ပင် ဖြစ်၏။

အန်လင်းက အပြုံးတစ်ခုနှင့် ခေါင်းခါလိုက်ပြီး မိစ္ဆာရှင်းဓားကို တုတ်ကောက်အဖြစ်ကိုင်ကာ ရပ်လိုက်လေ၏။

သူက သူ့ဆီ ဖြည်းညင်းစွာ လျှောက်လာသော အမျိုးသမီးကို ကြည့်လိုက်ကာ သူတို့နှစ်ဦးကြားတွင် အကွာအဝေးမှာ မီတာတစ်ရာထက်နည်းနေသည်ကို တွေ့လိုက်ရ၏။

အန်လင်းက အံကြိတ်ကာ မတ်တပ်ရပ်လိုက်ပြီး သူမကို ဓားဖြင့် ညွှန့်ပြလိုက်၏။ သူက ခါးသီးသော နေ့ရက်များကို ကြုံတွေ့ခဲ့ပြီးပုံရသော်လည်း သူ့အသံမှာ ကြည်လင်ပြီး စိတ်ဆုံးဖြတ်ထားသည့်ပုံ ကျန်ရစ်နေသေးပေ၏။

"တတိယနှစ် တန်းခွဲ ၁က အန်လင်းပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး။"

စုရှောင်လန်၏ ခြေလှမ်းများက တုံ့ဆိုင်းသွားပြီး  သူမက အန်လင်းကို မယုံသင်္ကာ ကြည့်လိုက်၏။ သူမက သူမ၏ အောက်နှုတ်ခမ်းကိုကိုက်လိုက်ကာ မာနကြီးသောဟန်ဖြင့် ခေါင်းမော့လိုက်၏။ "ငါ နင်နဲ့ တိုက်ဖို့ ငြင်းပယ်တယ်။"

အန်လင်းက သူမ၏ စကားလုံးများကြောင့် ကြောင်အသွားပြီး ဆက်ပြောလာ၏။ "ကန့်သတ်မဲ့ တိုက်ပွဲအတွင်း ကျောင်းသားတစ်ယောက်က သူတို့ကိုယ် သူတို့ မိတ်ဆက်ပြီးပြီဆိုရင် သူတို့က တိုက်ပွဲကို တွန်းအားပေးဖို့  စွမ်းအားရှိတယ်။"

"နင် အဲ့လိုလုပ်လို့ရပါတယ်။ ဒါပေမဲ့ ငါကလဲ ထွက်ပြေးလို့ရတာပဲ။ နင့်ရဲ့ လက်ရှိအခြေအနေနဲ့ ငါ့ကို လိုက်ဖမ်းနိုင်လို့လား။" စုရှောင်လန်က တည်ကြည်သောမျက်နှာထားဖြင့် ပြန်ဖြေလာ၏။

အန်လင်း : "..."

"နင်ဘယ်သွားသွား ငါကတော့ လိုက်ဖမ်းမှာပဲ။ ငါနင့်ကို လိုက်ရှာမှာ။" အန်လင်းက စုရှောင်လန်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်မှာ ကျောက်စာထွင်းထားသည့် တစ်စုံတစ်ခုကို ကြေညာသကဲ့သို့ပင်။

စုရှောင်လန်၏ နှလုံးသားက တုန်ယင်သွားရ၏။ သူ့စကားလုံးများမှာ ရှင်းလင်းစွာပင် အလွန်အမင်း ငြီးငွေ့ဖွယ်နှင့် နားလည်ရခက်သော်လည်း သူမက ရုတ်တရက် သူမကိုယ်သူမ ထွက်သွားနိုင်ကြောင်းကို သိသွား၏။

"နင်က ဘာလို့ ဒီလိုမျိုးတွေ လုပ်တာလဲ။" စုရှောင်လန်က မေးလိုက်၏။

"ငါ့ကို ထုတ်လိုက်။ ငါ့ရဲ့ လက်ရှိအနေအထားနဲ့ ဘယ်သူ့ကိုမှ အနိုင်မယူနိုင်ဘူး။ နင့်ရဲ့လက်နဲ့ အထုတ်ခံရတာက အကောင်းဆုံး ရလာဒ​်ပဲ။" အန်လင်းက စုရှောင်လန်ဆီသို့ နှေကွေးသော်လည်း ပုံမှန် ခြေလှမ်းများနှင့် လျှောက်လာလေ၏။

စုရှောင်လန်က ရုတ်တရက် ဇူချူးပင်နှင့် သူမ၏ တိုက်ပွဲကို အမှတ်ရသွားပြီး အန်လင်းကို စိတ်ပိုင်းဖြတ်သော အမူအရာဖြင့် ကြည့်လိုက်၏။ "မနေ့က တိုက်ပွဲက ..."

"အဲ့တာ ငါပဲ။" စုရှောင်လန်က သူမ၏ စကားကို ဆုံးအောင် ပြောခွင့် မရခင်မှာပင် အန်လင်းက ဝန်ခံမှုဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

စုရှောင်လန်၏ မျက်တောင်များက တုန်ယင်သွားပြီး သူမက တဖြည်းဖြည်း မျက်လုံးပိတ်ကာ အသက်ပြင်းပြင်းရှုလိုက်လေ၏။ "အဲ့အစား နင်ငါ့ကို ထုတ်လိုက်။ နင့်ရဲ့ ထုတ်ပယ်ခြင်းခံရတာက ငါဘာနောင်တမှ ခံစားရမှာမဟုတ်ဘူး။"

အန်လင်းက အပြုံးတစ်ခုနှင့် ပြန်ဖြေလာ၏။ "ငါနင့်ကို ဟိုတစ်နေ့က ပြောတာရော။ ငါတခြားသူတွေကိုသာ အနိုင်ကျင့်မယ် နင်တော့မပါဘူးလို့။"

စုရှောင်လန်က သူ့၏ စကားများကြောင့် နေရာတွင် ကြောင်ရပ်နေလေ၏။ ထိုနေ့က ကန်တင်းတွင် အန်လင်း သူမကို ပြောခဲ့သော စကားလုံးများက သူမစိတ်ထဲတွင် တဖြည်းဖြည်း ပြန်ပေါ်လာ၏။

"ငါတို့သိရမှာပါ။ ငါတို့က နင့်လို အဆင့်၁ကို ဦးထားလို့မှမရတာ။ အဲ့အချိန်ရောက်လာရင် ကျွန်တော်မျိုးမကို သက်ညှာပေးပါနော် မြေကမ္ဘာ အင်မော်တယ် အန်လင်းရှင့်"

"ပြဿနာမရှိပါဘူး။ ငါက တခြားသူတွေကိုပဲ အနိုင်ကျင့်မှာ နင်တော့မပါပါဘူး။"

သူမက ထိုနေ့က အန်လင်းကို စနောက်နေခြင်းသာဖြစ်၏။

အန်လင်း၏ တုံ့ပြန်မှုက အလွန်ပင် တည်ငြိမ်နေကာ အန်လင်းက သူမအား ထိုကဲ့သို့ တစ်စုံတစ်ခု ပြောလာသည်မို့ အနည်းငယ် ပီတိဖြစ်မိသော်လည်း အန်လင်း၏ အပြန်စကားမှာ သူမ၏ ဟာသကို တုံ့ပြန်သော ဟာသတစ်ခုထက် မပိုဟု တွေးထားခြင်းပေ။ သူမ မတွေးခဲ့မိသည်က အန်လင်းက အမှန်တကယ်ပင် သူ့ဆုံးဖြတ်ချက်ကို ခိုင်မာစေရန် စိတ်ပိုင်းဖြတ်ထားသည်ကိုပင်။

အန်လင်းကို ကြည့်ရင်း စုရှောင်လန်၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလာပေ၏။ လျှပ်စီးနှင့် မီးတောက်များက သူမ၏ နဂါးစာကလေးဓားမှ ထွက်လာပြီး သူမက အန်လင်းဆီသို့ တဖြည်းဖြည်း လျှောက်လာလိုက်၏။

အန်လင်းသည်လည်း စုရှောင်လန်ဆီသို့ သူလိုချင်သောအရှိန်ဖြင့် လျှောက်လာနေ၏။

"တတိယနှစ် တန်းခွဲ ၁က အန်လင်းပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး။"

"တတိယနှစ် တန်းခွဲ ၁က စုရှောင်လန်ပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး။"

ရွှေရောင်မီးတောက်များနှင့် လျှပ်စီးက ထွက်ပေါ်လာပြီး ကြက်သွေးရောင် အလင်းတန်းတစ်ခုက ထွက်ပေါ်လာလေ၏။

"ကျေးဇူးပဲ။" အန်လင်းက သူ့ရင်ဘတ်မှ သွေးထွက်နေသော ဒဏ်ရာကို ဆုတ်ကိုင်ကာ ပြောလိုက်၏။

သူ့၏ ရှုံးနိမ်းခြင်း အဆုံးအဖြတ် ချိတ်စည်းမှာ ပျက်စီးသွားပြီး ရွှေရောင် အလင်းမှုန်များအဖြစ် ပျောက်ကွယ်စ ပြုလာလေပြီ။

"ဘာလို့ အဲ့လိုလုပ်တာလဲ။ နင်ငါ့ကို ပြုလုပ်စေခဲ့တဲ့ အရာက ငါ့ကို အနိုင်ကျင့်တာနဲ့ အတူတူပဲ..." စုရှောင်လန်က ခေါင်းငုံလိုက်ပြီး နဂါးစာကလေးဓားမှာ သူမလက်ထဲတွင် တုန်ယင်လာပြီး ရွှေရောင် မျက်ရည်တစ်စက်က သူမ၏ မျက်နှာထက်မှ စီးကျနေသည်ကို သူမ၏ ဓားမှာ ပုံဖော်​ေပးလိုက်လေ၏။

အန်လင်းက စုရှောင်လန်ကို ကြည့်လိုက်ရာ သူမ၏ လှပသော သွင်ပြင်များက သွေးများစွန်းထင်းနေသည်ကို မြင်လိုက်ရ၏။

သူက သူမ၏ မျက်နှာပေါ်မှ သွေးများကို သူ့လက်ဖြင့် သုတ်ပေးချင်သော်လည်း သူ့လက်မှာ ရွှေရောင်အလင်းမှုန်မျအဖြစ် ပြိုကွဲသွားပြီးကို တွေ့လိုက်ရပြီး သူက မကြာမီတွင် အမှောင်ထု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။

သွားပြီး ငလူးလိုက် သောက်ချီး စနစ်...

သူက သူ့နှလုံးသားထဲတွင် စနစ်ကို အကြိမ်တစ်သောင်း ဆဲရေနေပေ၏။

ကျောင်းသားများအားလုံးက သလင်းကျောင် မျက်နှာပြင်ပေါ်မှ ပုံရိပ်ကို ငေးကြည့်နေပြီး သူတို့၏ ဉီးနှောဏ်များက မွစာကြဲသွားသည်ဟု ခံစားလိုက်ရ၏။

"အဲ့တာက ဒဏ္ဍာရီလာ အချစ် အမုန်း ဆက်ဆံရေးလား။"

"စီနီယာ အန်လင်းက ဒီလိုပဲ ရှုံးသွားတယ်ပေါ့။ အဲ့တာကို လက်မခံနိုင်ဘူး။ အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

"ဟင်း... ငါက ဒီကန့်သတ်မဲ့ တိုက်ပွဲမှာ စီနီယာအန်လင်းရဲ့ တိုက်ခိုက်မှုတွေကို မျှော်နေတာလေ။ ကိစ္စတွေက ဒီလိုမျိုး အဆုံးသတ်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ...။"

"စုရှောင်လန်ရဲ့ အမူအရာကို မြင်ပြီးတော့ ငါက ရုတ်တရက် သဘောပေါက်သွားသလိုပဲ။"

ကျောင်းသားများက တက်တက်ကြွကြွ ဆွေးနွေးနေကြစဉ်မှာပင် ရွှေရောင်အလင်းတစ်ခု တောက်ပလာကာ အန်လင်းက ကျောက်စိမ်းဖြူရင်ပြင်ပေါ်တွင် ပေါ်လာလေ၏။

ကျောင်းသားအားလုံးက သူ့အား အမျိုးမျိုးသော မျက်နှာထားများဖြင့် လှည့်ကြည့်လိုက်၏။ တစ်ချို့က သူ့အား မီးတောက်နေသော အကြည့်များဖြင့်ကြည့်၏။ တစ်ချို့ကမူ စိတ်ရှုပ်ထွေးမှုက သူတို့ မျက်နှာထက်တွင် ချိတ်ဆွဲထားတာ သူ့အားသနားနေသော သူတစ်ချို့လဲရှိလေ၏။

အန်လင်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။ သူက မျက်လုံးများကို ပိတ်ကာ လူတိုင်းကို လျစ်လျူရှုလိုက်ပြီး ကုသရေးမန္တန်ဖွဲ့စည်းခြင်းကို သူ့ကိုယ်ပေါ်သို့ အကျိုးသက်ရောက်စေ၏...။

တောင်ထိပ်တစ်ထောင် တောအုပ်ကို လွှမ်းခြုံထားသော မန္တန် အတားအဆီး၏ အပါ်တွင်...

တိုက်ခိုက်နိုင်စွမ်းအားကို တွက်ချက်ရန် တာဝန်ကျသော ဆရာ ကန်ချင်မှာ စိတ်ရှုပ်ထွေးစွာ သူ့ခေါင်းသူကုတ်လိုက်ပေ၏။

ဒုကျောင်းအုပ်ကြီး ယွီဟွားသည်လည်း ပြောစကား ရှာမတွေ့ပါပေ။ သူက ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် အန်လင်း၏ ခွန်အားအသစ်ကို ကြည့်ရန်လာခြင်းဖြစ်၏။

သို့သော် ထိုအစား သူက မည်သည်ကို မြင်တွေ့လိုက်ရသနည်း။

"ကန်ချင် ဒါတွေ အကုန်လုံးကို မင်းဘယ်လိုထင်လဲ။" ဒုကျောင်းအုပ်ကြီး ယွီဟွားက မေးလိုက်၏။

"ကျွန်တော် ထင်တာတော့ ဒီမှာ မသင်္ကာစရာတစ်ခုခုဖြစ်သွားတယ်လို့ထင်တယ်။" မြေကမ္ဘာအင်မော်တယ် ကန်ချင်က မျက်နှာတည်ကြီးဖြင့် ပြန်ပြောလာလေ၏။

ဒု​ကျောင်းအုက် ယွီဟွားက သူ့ကို ခပ်စိန်းစိန်းစိုက် ကြည့်လိုက်၏။ "လိုရင်းကို ပြောစမ်းပါ။ ဒီတိုက်ပွဲက အသင်္ကာစရာကောင်းတာတော့ လူတိုင်းသိတယ်လေ။

မြေကမ္ဘာ အင်မော်တယ် ကန်ချင်က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အသံတိုးတိုးနှင့် ခွဲခြမ်းပြလာ၏။ "ကျွန်တော်ထင်တာကတော့ ကျောင်းသား အန်လင်းက သူ့ကိုယ်သူ အရှုံးပေးလိုက်တယ်ထင်တယ်။ ဒါမှမဟုတ်လည်း သူက သူ့ရဲ့ ခွန်အား အစစ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားပြီးတော့ ကန့်သတ်မဲ့တိုက်ပွဲကနေ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ပြီး အထုတ်ခံရချင်နေတာ။"

ဒုကျောင်းအုပ် ယွီဟွားက မျက်လံုး လှန်လိုက်၏။ "အဲ့တာဆို သူက ဒီဖြစ်စဉ်အစကတည်းက သူ့ကိုယ်သူဖောက်ခွဲပစ်လိုက်မှာပေါ့။ သူက တခြားသူတွေကို ပေါက်ကွဲခြင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဆွဲထည့်တာ ဘာလို့လဲ။"

မြေကမ္ဘာ အင်မော်တယ် ကန်ချင်က ​ေခတ္တမျှ တုံ့ဆိုင်းနေပြီး ပြန်ဖြေလာ၏။ "အဲ့တာက ... သူ ဒါတွေ အကုန်လုံးကို စုရှောင်လန်အတွက် လုပ်ခဲ့တာ ဖြစ်နိုင်လား။"

"အန်လင်းတင် မဟုတ်ဘူး။ လျှိုချင်ဟွမ်ရောပဲ ကြည့်ရတာ သူတို့ နှစ်ယောက်လုံးက စုရှောင်လန်ကို ကူညီဖို့ ကြိုးစားနေသလိုပဲ။ ဟင်း... ဒီနေ့ခေတ်လူငယ်တွေကို နားကို မလည်တော့ပါဘူးဗျာ..." ဒုကျောင်းအုပ် ယွီဟွားက မောပန်းခြင်းနှင့် လက်နက်ချခြင်းတို့ဖြင့် သက်ပြင်းချလိုက်၏။

မြေကမ္ဘာ အင်မော်တယ် ကန်ချင်က သူ့၏ လီ ဘုတ်ပြားပေါ်တွင် အမည်တစ်ချို့ကို စိတ်ဝင်စားစွာ ကြည့်လိုက်၏။

စုရှောင်လန် - တိုက်ခိုက်နိုင်စွမ်းရည် : ၁၁၈၀၊ အောင်မြင်မှု : ၁၃၂၀

လျှိုချင်ဟွမ် - တိုက်ခိုက်နိုင်စွမ်းရည် : ၁၃၁၀၊ အောင်မြင်မှု : ၆၈၀

ရွှမ်ယွမ်ချန် - တိုက်ခိုက်နိုင်စွမ်းရည် : ၁၀၃၀၊ အောင်မြင်မှု : ၈၉၀

အန်လင်း - တိုက်ခိုက်နိုင်စွမ်းရည် : ၁၂၀၊ အောင်မြင်မှု : ၀

အန်လင်း၏ တိုက်ခိုက်နိုင် စွမ်းရည်မှာ သူ့၏ အပြေးနှုန်းနှင့် သူ့ဓားခုတ်ချက်များ၏ အရှိန်တို့ကို အခြေခံ ပေးထားခြင်းဖြစ်၏။ ထိုသည်က မြေကမ္ဘာ အင်မော်တယ် ကန်ချင်၏ စေ့စေ့စပ်စပ် လေ့လာခြင်းကြောင့် မဟုတ်ပါက သူက တိုက်ခိုက်နိုင်စွမ်းရည် အမှတ် သုညဖြင့် အဆုံးသတ်ပေလိမ့်မည်။

"အန်လင်းက အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ် ပါဖို့အတွက်တောင် စွမ်းအားမရှိတော့တာများလား။ ငါတို့က သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းရည်ကို နည်းနည်းလေး အသေးစိတ်ညှိပြီး အနည်းဆုံးတော့ ထိပ်ဆုံး အယောက်တစ်ရာထဲမှာ ပါအောင် လုပ်ပေးသင့်လား။ ဒါမှမဟုတ်ရင် အပြတ်အသတ် ကွာခြားသွားတာက သူ့ကို စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်စေလောက်မလား။" မြေကမ္ဘာအင်မော်တယ် ကန်ချင်က သူ့ကိုယ်သူ ရေရွတ်လိုက်၏။

ဒုကျောင်းအုပ် ယွီဟွားက သူ့ကို ချက်ချင်းပင် စိုက်ကြည့်လာ၏။ "ဆရာတစ်ယောက်အနေနဲ့ မင်းရဲ့ အဆင့်သတ်မှတ်ခြင်းက မင်းရဲ့စိတ်ခံစားချက်နဲ့ ဆက်နွယ်နေလို့မရဘူး။ နားလည်လား။"

မြေကမ္ဘာအင်မော်တယ် ကန်ချင်က သက်ပြင်းမောတစ်ခုကို ချလိုက်ကာ "သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျောင်းသားအန်လင်းအတွက် စိတ်မကောင်းလွန်းလို့ပါဗျာ။"

***

All Chapters