ငါ စားဖိုမှုးလုပ်ပါရစေ
Vol. 29 Ch. 402
အန်လင်းက စုရှောင်လန်အား လမုန့်ကို အလွန်ရိုးသားသော အမူအရာဖြင့် ပေးလိုက်၏။
စုရှောင်လန်၏ အမူအရာက အနည်းငယ် ပျော့ပြောင်းလာသော်လည်း လမုန့်ကို အဝေးသို့ တွန်းပို့လိုက်၏။ "နင်ငါ့ကို လမုန့်တစ်ခု ပေးပြီးသားလေ။ ငါနောက်တစ်ခု မလိုချင်တော့ပါဘူး။ ငါလုပ်စရာတွေရှိသေးတယ် သွားတော့မယ်။ ငါမရှိပဲ အေးဆေး ဆက်လုပ်ကြပါ။"
စုရှောင်လန်က ပြောရင်းဆိုရင်းနှင့် လှည့်ထွက်သွားလေ၏။
အန်လင်းက လမုန့်ကို လက်ထဲတွင် ကိုင်ထားသော်လည်း သူ့နှလုံးသားလေးမှာ အလွန်ပင် ဗလာကျင်းနေပေ၏။
ထန်ရှီမန်က အန်လင်းလက်ထဲမှ လမုန့်ကို ကြည့်ကာ တိတ်တဆိတ် တံတွေးမျိုချနေလေ၏။ သူက အန်လင်း၏ စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံမိ၍ သူ့ကိုယ်သူ ရိုက်နှက်နေလေ၏။ သို့မဟုတ်ပဲ သူက ဆက်တိုက် ငြင်းဆန်နေပါက ချန်အယ်၏ လမုန့်ကို ရနိုင်ပေ၏။
အန်လင်းက အတော်လေး စိတ်အားငယ်သွားကာ သူ့သူငယ်ချင်းများကို နှုတ်ဆက်ပြီး သူ့၏ အဆောင်သို့ အုတ်ခဲပေါ်မှ ပြန်လာပေ၏။
သူက အပြန်လမ်းတွင် ကျိန်စာသင့်စနစ်ကို ကြည့်ရှုလိုက်သောအခါ သူ့၏ "အထူးမစ်ရှင်" ဘားတွင် မစ်ရှင်ပြီးမြောက်ကြောင်း သတိပေးချက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
" "နှိမ့်ချတတ်သော သူတစ်ယောက်ဖြစ်ပြီး တခြားသူများ အနိုင်ရရန် ကူညီပါ"မစ်ရှင်ကို ပြီးမြောက်သွားတာ ဂုဏ်ယူပါတယ်။ သင်က ယခုတွင် အောက်ပါ မှော်ဝင်ရတနာထီမှ ပစ္စည်းများထဲမှ တစ်ခုကို လက်ခံရရှိရန် အခွင့်အရေးတစ်ခုရှိပါသည်။"
"စိတ်ဝိညာဉ် ကိရိယာ (အခု၅၀ ရရှိနိုင်သည်)၊ အင်မော်တယ် ကိရိယာ (၁၀ခု ရရှိနိုင်သည်)၊ ပြိုင်စံရှား ကိရိယာ (၁ခု ရရှိနိုင်သည်)၊ အံချီး ကိရိယာ (၃ခု ရရှိနိုင်သည်)"
စနစ်၏ သတိပေးချက်ကို ကြည့်ရှုပြီးသောအခါမှသာ အန်လင်း၏ ဒေါသများက နောက်ဆုံးတွင် လျော့ပါးသွားလေတော့၏။
ထိုနေရာ၌ နောက်ဆုံးတစ်ခေါက် သူမှော်ဝင် ရတနာထီကို ရရှိသောအခါက မှော်ဝင် ကိရိယာ ၁၀၀ရှိသော်လည်း ယခုတွင်တော့ ထိုအစား အံ့ချီးကိရိယာ ၃ခုရှိနေလေ၏။
ထိုသည်က ဆုလာဒ်များ၏ အရည်အသွေးမှာ သူ့၏ ကျင့်ကြံခြင်း အခြေခံနှင့် တစ်နည်းနည်းနှင့် သက်ဆိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။ ယခုတွင် သူက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်တွင် ဖြစ်ကာ မှော်ဝင် ကိရိယာများ အားလုံးက ထီထဲမှ ပျောက်သွားပြီဖြစ်၏။ ထို့ပြင် ပြိုင်စံရှား ကိရိယာများ၏ ရရှိနိုင်သော ပစ္စည်းအရေအတွက်တစ်စုံမှာ အန်လင်းက အုတ်ခဲနက်ကို လက်ခံရရှိပြီး နောက်တွင် မူရင်း ၂ခုမှ ၁ခုသို့ ကျဆင်းသွားလေ၏။
ထိုသည်က မည်သို့ဆိုဆို ထိုမျှအထိ အရေးမပါလှပါပေ။ သူက အံ့ချီး ကိရိယာများအပေါ်တွင် မျက်စိကျနေသည်မို့ ပြိုင်စံရှား ကိရိယာ ကျန်ရှိခြင်းကို ဂရုမစိုက်ပါပေ။
အန်လင်း၏ မျက်လုံးထဲတွင် မီးတောက်များ တောက်လောင်လာ၏။ သူကြားသည်မှာ အံ့ချီးဖွယ်အဖြစ်ဆုံး ကိရိများသည် ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲပေးရန် ခွန်အားများရှိပြီး အားလုံးမှာ ဒဏ္ဍာရီလာ လက်နက်များ ဖြစ်ကြသည် ဟုပင်။
စနစ်က သူ့အား ဤကဲ့သို့ ကြမ်းတမ်းလှသည့် လက်နက်များ ပေးလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
သူက စိတ်လှုပ်ရှားစွာ တံတွေး မျိုချလိုက်ပြီး ဆုလာဒ် ဘီးကို စတင်လှည့်လိုက်၏။
စနစ်သည်လည်း အလွန်အမင်းတောက်ပသော အလင်းတန်းတစ်ခု ထွန်းလင်းလာ၏။
"တင်းတောင်..."
"ဂုဏ်ယူပါတယ်။ သင်က ဆုကြီးတစ်ခုကို ရရှိပါသည်~"
အန်လင်း၏ ခန္ဓာကိုယ်က တုန်ယင်လာက သူက စိတ်လှုပ်ရှားမှုဖြင့် သတိမေ့မောသွားမလိုပင် ဖြစ်သွား၏။
ငါ ဆုကြီးတစ်ဆု ရတယ်....
ငါပြောတာ ကြားလား...။ ငါ ဆုကြီးတစ်ခု ရတယ်တဲ့...။
အဲ့တာက အံ့ချီး ကိရိယာပဲ ဖြစ်ရမယ်။ ငါကတော့ မကျော်လွှားနိုင်တော့ဘူး။ ဟားဟားဟားဟား...
သူက စနစ်ကို ကြည့်လိုက်ရာ ရွှေရောင်စာသားများက သူ့ရှေ့တွင် ပေါ်ထွက်နေသည်ကို တွေ့လိုက်ရ၏။
"ပြိုင်စံရှား ကိရိယာ: ဖရိုဖရဲ အကြော်ဒယ်အိုးကို အနိုင်ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။"
"ဤအကြော်ဒယ်အိုးမှာ မုန့်ဖုတ်ခြင်း၊ ပေါင်းခြင်း၊ ကင်ခြင်းနှင့် ကြော်ခြင်းများအတွက် သင့်တော်ပါ၏။ ထို့အပြင် ထိုအရာက ဟင်းမီးခိုးများ လျော့ချခြင်းနှင့် အထူးအိုးမကပ်သည့် ဂုဏ်သတ္တိများ ပေါင်းထည့်ထားကာ ထိုသည်က အမှန်တကယ်ပင် ကမ္ဘာပေါ်တွင် အကောင်းဆုံး အကြော်ဒယ်အိုးဖြစ်ပါ၏။"
"ဤအကြော်ဒယ်အိုးမှာ ပြီးပြည့်စုံစွာ လုံးဝန်းသည့် အနားသတ်နှင့် ကြည့်ရှုရအလွန် စိတ်ကျေနပ်ဖွယ်ကောင်းသော အရောင်စပ်ဖြင့် ဂရုတစိုက် သွန်းလုပ်ထားခြင်းဖြစ်၏။ ဤသည်က အမှန်တကယ်ပင် ကမ္ဘာပေါ်တွင် အကောင်းဆုံး ပြုလုပ်ထားသော အကြော်ဒယ်အိုးဖြစ်ပေ၏။"
ဂလောင်...
အနက်ရောင် အတွင်းဘက်နှင့် ရွှေရောင် အပြင်ဘက်ရှိသော အကြော်ဒယ်အိုးတစ်ခုက အန်လင်း၏ လက်ထဲ၌ ပေါ်လာလေ၏။
ဟင်... လက်ကိုင်က အလွန်အမင်း ချောမွတ်လှပြီး ကိုင်ရန် သက်တောင့်သက်သာရှိကာ အမှန်တကယ်ပင် အလွန်အမင်း ကြော့ရှင်းပြီး သန့်ရှင်းသော သွင်ပြင်ရှိကာ အနည်းဆုံးတော့ အုတ်ခဲနက်ထက်တော့ အများကြီး ပိုသာလေ၏...။
အန်လင်း၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေပြီး သွေးများ အန်ထွက်လာသည်ဟုပင် ခံစားလိုက်ရ၏။
ပြိုင်စံရှား ကိရိယာ ဟုတ်လား...။
ဆိုလိုတာက ဒီအကြော်ဒယ်အိုးကြီးက ပြိုင်စံရှား ကိရိယာလို့ ပြောနေတာပေါ့...။
ငလူး...။
အန်လင်းက ဒေါသဖြင့် မေ့လဲတော့မလို ဖြစ်သွားပြီး အကြော်ဒယ်အိုးကြီးကို ဝေးနိုင်သမျှ ဝေးဝေးကို လွင့်ပစ်ချင်စိတ်ကို မနည်းထိန်းထားရ၏။ ဒီစနစ်က ဒါကို တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်မယ်။
အမှိုက် စနစ်၊ ငါ့ကို အင်မော်တယ် ကိရိယာပေးစမ်း။ ငါ့ရဲ့ အံ့ချီး ကိရိယာလဲ ပေး။
အန်လင်းက သူ့၏ အဆောင်သို့ ဒေါသအပြည့်နှင့် ပြန်လာခဲ့၏။
ဒီစနစ်က ပိုပိုပြီးတော့ နားလည်ရခက်လာတယ်။ ထီကတော့ သေချာပေါက်ကို ကြိုတင်ကြံစည်ထားတာနေမယ်။
သူက အကြော်ဒယ်အိုး တစ်ခုအတွက်နဲ့ မိန်းမစိုးတစ်ယောက်ဖြစ်လာရန် စွန့်စားခဲ့ရပြီး ဤမစ်ရှင်ကို ပြီးမြောက်ရန် အပြင်းအထန်ကြိုးစားခဲ့ရတာလား။
စနစ်က ဘယ်လိုများ ဒီလောက်သိသာတဲ့ နည်းလမ်းနဲ့ ထီကို ကြိုတင်ကြံစည်ထားရတာလဲ။
"ဒီအကြော်ဒယ်အိုးကြီး သွားစမ်းပါ။ ငါက ဘာအတွက် အရမ်းကြိုးစားလိုက်ရတာလဲ။ နတ်မိမယ် ရှောင်လန်တောင် သူ့ကို မုန်းနေတာက ဒီစောက် အကြော်ဒယ်အိုး အတွက်တဲ့လား။" အန်လင်း၏ ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ မီးဖိုးချောင်ထဲမှ အသံကျယ်ကြီးတစ်ခုက ထွက်ပေါ်လာ၏။
ရှောင်ချိုးမှာ လုံးဝပင် စိတ်ရှုပ်ထွေးနေ၏။ "အစ်ကိုကြီးအန်က အကြော်ဒယ်အိုးတစ်ခုကို ဘာလို့ ဒေါသထွက်နေတာလဲ။"
တပိုင်က မြက်ခင်းတစ်ခုပေါ်တွင် ပျင်းရိစွာ ခြေကားယားလက်ကားယားလဲနေပြီး ရှောင်ချိုး၏ မေးခွန်းကို ကြားသောအခါ မျက်လုံးများကို တစ်ဝက်ဖွင့်လာ၏။ "သူ့က စုရှောင်လန်ဆီက အပစ်ခံရပြီးတော့ ဒေါသပုံချစရာမရှိတော့ အဲ့ အကြော်ဒယ်အိုးကိုပဲ အပြစ်တင်လို့ရလို့နေမှာပေါ့..."
ေရှာင်ချိုးက အမှန်တကယ်ပင် နားမလည်နိုင်သော်လည်း တပိုင်၏ ရှင်းပြချက်ကို ခေါင်းငြိမ့်ပြလိုက်သေးပေ၏။
"အရသာရှိတဲ့ အစားအသောက် တစ်ပွဲ၊ ကလေးများ အားလုံးကြိုက်ကြသည်။ သူတို့က မဖြုန်းတီးပဲ အကုန်လုံး စားပစ်ကြ၏။ အာ ဝူး အာ ဝူး အရသာရှိတဲ့ အစားအသောက်..." ရှောင်ဟုန်က ကလေးသီချင်းကို စတင်ဆိုညီးလာပြီး သူမ၏ ခေါင်းကိုဘယ်ညာယိမ်းကာ အလင်းဖြင့် အစာချက်လုပ်နေပေ၏။
"အစ်ကိုကြီးအန်ကြည့်ရတာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ရှိခဲ့ပုံရပြီး သူ့အဝတ်အစားပေါ်မှာလဲ သွေးတွေချည်းပဲကို။ သူက အနားမယူဘူးလား။" ရှောင်ချိုးက အနည်းငယ် စိတ်ပူလာ၏။
တပိုင်က ဂရုမစိုက်စွာ သန်းဝေလိုက်ပြီး "စိတ်မပူပါနဲ့ အစ်ကိုကြီးအန်ရဲ့ အသက်စွမ်းအားက ပိုးဟပ်တစ်ကောင် ထက်တောင် အစွမ်းထက်သေးတယ်။ အဲ့ ဒဏ်ရာတွေက သူ့အတွက် ဘာမှကို မဟုတ်ဘူး..."
စကားပြောနေရင်း တပိုင်က မျက်လုံးလှန်ကာ ဆက်အိပ်နေပေ၏။
မီးဖိုချောင်ထဲမှ ဟင်းချက်သံက ထွက်ပေါ်လာလေ၏။
"ငလူး။ ငါက ဒီအတွက် အရမ်း ကြိုးစားခဲ့ရတာ။ တစ်ခါလောက်တောင် မသုံးရဘူးဆို ရှက်စရာပဲ။ ဒီစောက်တုံး အကြော်ဒယ်အိုးက ငါ့ရဲ့ အံ့ချီးမီးတောက်တွေကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။" အန်လင်း၏ ဒေါသတကြီး ဟစ်ကြွေးသံက မီးဖိုချောင်ထဲမှ ထွက်ပေါ်လာ၏။
"ဒီတစ်ကြိမ်တော့ အစ်ကိုကြီး အန်က တကယ့်ကို ရူးသွားပြီပဲ။ သူက အကြော်ဒယ်အိုးတစ်ခုနဲ့ ရန်ဖြစ်နေတယ်။" ရှောင်ချိုး၏ မျက်လုံးတောက်တောက်များက စာနာသနားမှုဖြင့် ပြည့်နှက်နေသော်လည်း အစ်ကိုကြီး အန်ကို မည်သို့ နှစ်သိမ့်ရမည်ကို မသိပါပေ။
အလွန်အမင်း အရသာရှိသော ကြက်ဥနံ့က မီးဖိုထဲမှ ရုတ်တရက် ပျံ့လွင့်လာ၏။
ရှောင်ချိုးမှာ ချက်ချင်းပင် နေရာ၌ ကြောင်အသွားပြီး တပိုင်က ရုတ်တရက် နိုးလာကာ ရှောင်ဟုန်က သီချင်းဆိုခြင်းကို ရပ်တန့်လိုက်၏။
ဤရနံ့...
ဤရနံ့က အလွန်အမင်း အရသာရှိလှ၏။
"ဘုရားရေ။ အစ်ကိုကြီးအန်က အသားကောင်းကောင်းကင်တတ်တာ ငါသိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဟင်းချက်စွမ်းရည်က ဘာလို့ ရုတ်တရက် အရမ်းကောင်းလာရတာလဲ။ ဝုတ်..." တပိုင်က အံ့ဩတကြီး ဆိုလာ၏။
"ငါ့ အလင်းနဲ့ အစာချက်တာကို နှောက်ယှက်နိုင်တဲ့ အစားအသောက် ကမ္ဘာပေါ်မှာ ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။" ရှောင်ဟုန်၏ အသံချိုချိုလေးက ထွက်ပေါ်လာ၏။
ရှောင်ချိုးက စကားတစ်ခွန်းမှ မပြောပဲ ရုတ်တရက် မီးဖိုချောင်ထဲသို့ ပြေးဝင်သွား၏။
တပိုင်က ချက်ချင်းပင် သူ့နောက်ကို လိုက်လာ၏။ "မင်း ဒီကို ပြန်လာစမ်း။ ငါက မင်းရဲ့ အစ်ကိုကြီး၊ အဲ့တော့ ငါက ပထမဆုံး စားရသင့်တယ်။"
"အဲ့ဒီ့ ဥပဒေအတိုင်းဆို ပထမဆုံး စားရသင့်တာ ငါလေ။" ရှောင်ဟုန်က ဝတ်စုံအနီဖြင့် မိန်းမလှလေး အသွင်ပြောင်းလိုက်ကာ မီးဖိုထဲသို့ ပြေးဝင်လာလိုက်၏။
စိတ်ဝိညာဉ် သားရဲများက မီးဖိုချောင်ထဲသို့ ပြေးဝင်လာရာ ရွှေရောင် အရည်ရွှမ်းသော ဟင်းပွဲဖြင့် မိတ်ဆက်ခံလိုက်ရ၏။
အန်လင်းက အစားအသောက်ပန်းကန်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ အကြော်ဒယ်အိုးကို တစ်ခြားတစ်ဖက်ဖြင့် ကိုင်ထားပြီး တိတ်ဆိတ်နေလေ၏။
တပိုင်က အသက်ဝဝရှုလိုက်ကာ ဟင်းပွဲကို ညွှန်ပြလိုက်၏။ "အစ်ကိုကြီး အန်၊ အဲ့တာ ဘာဟင်းလဲ။"
အန်လင်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလာ၏။ "ကြက်ဥ ထမင်းကြော်။"
"မဖြစ်နိုင်တာ..."
တပိုင်၊ ရှောင်ချိုးနှင့် ရှောင်ဟုန်တို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
ကြက်ဥ ထမင်းကြော်က ဘယ်လိုလုပ်ပြီး ဤကဲ့သိုဘ တောင်ပပြီး ရွေရောင်အဆင်း ရှိနေပါသနည်း။
ကြက်ဥထမင်းကြော်က ဘယ်လိုလုပ်ပြီး ဤကဲ့သို့ အရသာရှိလှသော အနံ့ရှိနေရသနည်း။
"မင်းတို့ ယုံယုံ မယုံယုံ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒါက ကြက်ဥထမင်းကြော်ပဲ။ ပြီးတော့ ဒီဟာက ကျောင်းကန်တင်းက သာမန်ကြက်ဥနဲ့ ထမင်းကို သုံးပြီး လုပ်ထားတာ။" အန်လင်းက ဆက်ပြောလာ၏။
ရှောင်ဟုန်က ဇွန်းတစ်ချောင်း ဆွဲထုတ်လိုက်ကာ ကြက်ဥထမင်းကြော်တစ်ဇွန်းကို ဝါးစားလိုက်၏။
"အို... ဒီအရသာက... ဘုရားရေ။"
ရှောင်ဟုန်၏ မျက်နှာထက်တွင် ရှက်သွေးဖြာလာကာ သူမ၏ ခန္ဓာကိုယ်က ယိမ်းခါနေပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပေ၏။
"ငါ့အလှည့်၊ ငါ့အလှည့်၊ ဝုတ်..."
တပိုင်သည်လည်း ဇွန်းတစ်ချောင်းကို ကောက်ကိုင်ကာ အရသာခံလိုက်ပြီး နေရာတွင် ကြောင်အသွားတော့၏။
သူ့၏ မျက်လုံးများက စတင် တောက်ပလာကာ ပါးစပ်အဟောင်းသားဖြင့် ထမင်းကြော်များအားလုံးနှင့် အောက်ခံပန်းကန်ပြားကိုပါ စားပစ်ရန် ကြံစည်လိုက်၏။
ဖြန်း...
ရှောင်ချိုးက တပိုင်ကို အဝေးသို့ ပျံသွားအောင် ရိုက်ချလိုက်၏။
သူသည်လည်း ဇွန်းတစ်ချောင်း ဆွဲထုတ်ကာ နေရာ၌ ကြောင်အသွားပြန်လေ၏။
"ဒီအရသာ... ဒီဟာက ငါ့အမေလုပ်တဲ့ အစားအသောက်ထက်ကို ပိုကောင်းတာပဲ...။"
ရှောင်ချိုး၏ မီးလုံးကဲ့သို့ မျက်လုံးများထဲမှ မျက်ရည်များ ကျဆင်းလာတော့၏။
အန်လင်းက ကြက်ဥထမင်းကြော် တစ်ဇွန်းအပြည့်စားပြီးသည်မို့ စိတ်ဝိညာဉ် သားရဲများက အဘယ့်ကြောင့် ဤသို့ဆက်ဆံနေသည်ကို သိပြီးဖြစ်၏။
ထိုသည်မှာ ကြက်ဥထမင်းကြော်က အလွန်အရသာရှိနေပြီး သဘာဝ အစီအစဉ်ကို ဖော်ကြူးနေခြင်းကြောင့်ပင်။
သူက အကြော်ဒယ်အိုးကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး လုံးဝ တိတ်ဆိတ်သွားရ၏။
သူက အတန်ကြာမှသာ တိတ်ဆိတ်ခြင်းကို ဖြိုခွဲနိုင်ပေ၏။ "ကျင့်ကြံခြင်းရဲ့ အဓိက အကြောင်းအရင်းကဘာလဲ..."
"ငါက စာဖိုမှုးတစ်ယောက် ဖြစ်လာသင့်တာ။"
***