စာဖိုမှုးနတ်ဘုရား အန်လင်း
Vol. 29 Ch. 403
စိတ်ဝိညာဉ် သားရဲ သုံးကောင်မှာ ထမင်းကြော်ပန်းကန်အတွက် သူတို့၏ ကိုယ်ပိုင် ကန့်သတ်မဲ့တိုက်ပွဲတစ်ခု စတင်လိုက်လေ၏။
သူက သူ့၏ ဟင်းချက်စွမ်းရည်မှာ ဤကဲ့သို့ အရသာရှိသည့် ထမင်းကြော်မျိုး ထုတ်လုပ်ရန် ကောင်းသည်ဟူသည့်နားပင် မနီးစပ်သည်ကို သိပေ၏။ အရာအားလုံးမှာ ဤအကြော်ဒယ်အိုး၏ အရည်အချင်းများဖြစ်ပေ၏။
ထိုသည်မှာ အမှန်တကယ်ပင် ကမ္ဘာပေါ်မှ အကောင်းဆုံး အကြော်ဒယ်အိုး ဖြစ်ပေ၏။
အန်လင်းက သူ့ရှေ့တွင် တောက်ပသော အနာဂတ်ကို မြင်နေရပြီး ဖြစ်ကာ ထိုအနာဂတ်ထဲတွင် သူက ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးသော စာဖိုမှုးဖြစ်လာပေ၏။
သူက ကိုယ်ပိုင်စားသောက်ဆိုင်ကို ဖွင့်နိုင်ပြီး အလွန်စျေးကြီးကြီး တောင်းနိုင်ပေ၏။ ကြက်ဥထမင်းကြော် တစ်ပန်းကန်လုံးတွင် စိတ်ဝိညာဉ် ကျောက်တုံး ၉၉၈ တုံး ကျသင့်ပြီး သူက မည်သည့် သီးသန့်ဝန်ဆောင်မှုမှ ပေးမည်မဟုတ်ပါ။ ထိုသည်က ပထမလာသူကို ပထမ ဧည့်ခံမည့် စနစ်ဖြစ်ပြီး စားသုံးသူများက သူတို့ကိုယ်တိုင်သာ သန့်ရှင်းရေးလုပ်ရမည်ဖြစ်၏...။
သူက တောက်ပသောအနာဂတ်ကို ပုံဖော် မြင်ယောင်နေရာ ရူးမိုက်သော အပြုံးတစ်ခုက ပေါ်လာလေ၏။
သူက ထိုက်ချူကုန်းမြေကြီး၏ ပထမဆုံးအဆင့် စားဖိုမှုးဖြစ်လာကာ မရေမတွက်နိုင်သော စိတ်ဝိညာဉ် ကျောက်တုံးများ စုဆောင်းမိပေလိမ့်မည်။ သူက ကုန်းမြေကြီးပေါ်တွင် အချမ်းသာဆုံး အမျိုးသားဖြစ်လာကာ ကမ္ဘာပေါ်တွင် အလှပဆုံး အမျိုးသမီးကို လက်ထပ်ပြီး သူ့၏ စိတ်ကူးယဉ် ဘဝကို လမ်းဖောက်နိုင်သူ ဖြစ်လာပေမည်။
"အစ်ကိုကြီး အန်၊ ကျွန်တော်တို့အတွက် ကြက်ဥ ထမင်းကြော် နောက်တစ်ပန်းကန် ချက်ပေးပါ။" တပိုင်က အန်လင်းဆီသို့ အညိုအမဲဆွဲနေသော မျက်နှာဖြင့် ပြေးလာပြီး သူ့အား ကြီးမားသော ခွေးပေါက်မျက်လုံးများဖြင့် တောင်းဆိုလာ၏။
"မှန်တယ်။ တစ်ပန်းကန်တည်းက ငါတို့သုံးယောက်မလောက်ဘူး။ နောက်ထပ် နှစ်ပန်းကန်ချက်ပေးပါ။ အစ်ကိုကြီး အန်။" ရှောင်ချိုးက တပိုင်၏ လက်သည်းရာများ သူ့မျက်နှာပေါ်တွင် ရှိနေပြီး အန်လင်းဆီသို့လှည့်ကာ တောင်းတောင်းပန်ပန် ကြည့်လိုက်၏။
"သခင် ငါတို့အတွက် သုံးပန်းကန်ထပ်လုပ်ပေးပါ။ အဲ့တာဆို ငါတို့ ရန်မဖြစ်တော့ဘူး။" ရှောင်ဟုန်က အန်လင်း၏ လက်မောင်းကို ဆွဲလိုက်ကာ မျက်နှာလိုမျက်နှာရ အပြုံး၊ သူမ၏ အသံချိုချိုလေးဖြင့် အသနားခံလိုက်၏။
အန်လင်းက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေဆဲဖြစ်ကာ ချက်ချင်းပင် ထမင်းကြော် လေးပန်းကန်ပြုလုပ်ရန် သဘောတူလိုက်၏။
ဒေါင်... ဒေါင်...
ရွှတ်... ရွှတ်...
ပြီးပြီ။
စိတ်ဝိညာဉ် သားရဲများက ချက်ချင်းပင် ကြက်ဥထမင်းကြော် ပန်းကန်အသစ် လေးခုပေါ်သို့ ခုန်အုပ်လာ၏။
စက္ကန့်များစွာ အကြာတွင်...
"ဖွီး၊ ဖွီး၊ ဖွီး... ဒါက စောက်ကျိုးနည်း ဘာကြီးလဲ။ ငါ ခွေးစာ စားလိုက်ရတာလား။ မဟုတ်ဘူး... ဒါက ချီးတွေပဲ။ ဝုတ်..." တပိုင်က မယုံသင်္ကာဖြင့် အော်ဟစ်လိုက်၏။
"ဒီဟာက ကြက်ဥထမင်းကြော်လို့ ဝန်ခံဖို့ ငြင်းဆိုပါတယ်။" ရှောင်ချိုးက ထမင်းကြော်အသစ်ကို တစ်ဇွန်းအပြည့်စားပြီးနောက် အန်လင်းကို စူးစူးရှရှကြည့်လိုက်လေ၏။
"ဘာလို့ ဒီလို လုပ်ရတာလဲ သခင်။ ငါတို့အတွက် မချက်ပေးချင်ဘူးဆိုလဲ ဒီအတိုင်း ပြောလို့ရပါတယ်။" ရှောင်ဟုန်က အန်လင်းကို မျက်ရည်များဖြင့် ကြည့်လာလေ၏။
အန်လင်းက သူတို့၏ တုံ့ပြန်မှုများကို မြင်ပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ့နှလုံးသားထဲတွင် နိမိတ်ပြခြင်းကို ခံစားလိုက်ရ၏။
သူက ကြက်ဥထမင်းကြော်တစ်ဇွန်းကော်ပြီး မြည်းကြည့်လိုက်၏။
"အိုး... ရွံစရာကောင်းလိုက်တာ။"
သူက ကြက်ဥထမင်းကြော်ကို ချက်ချင်းပင် ထွေးထုတ်လိုက်၏။
ဤသည်မှာ သူ့၏ ပထမဆုံး ကြက်ဥထမင်းကြော် ပန်းကန်နှင့်ယှဉ်ကြည့်ပါက အမှန်တကယ်ပင် မစင်ဖြစ်လေ၏။
ထိုသည်က အမှန်တကယ်တော့ သာမန်သတ်မှတ်ချက်များအရဆို ထိုမျှ မဆိုးပါပေ။ သို့သော် ထိုသည်က သူပထမဆုံး လုပ်ထားသော ထမင်းကြော် ပန်းကန်နှင့် ယှဉ်လိုက်ပါက လုံးဝ အမှိုက်ဖြစ်သွားလေ၏။
အန်လင်းက ရုတ်တရက် သဘောပေါက်သွားလေ၏။ ဤသည်မှာ သာမန် ထမင်းကြော်သာဖြစ်၏။ ပထမဆုံးအကြိမ်က မတော်တဆသာဖြစ်ပြီး အကြော်ဒယ်အိုးမှာ မည်သည့် အထူး စွမ်းအင်မှ မရှိပါပေ။
ဘုန်း...
သူ့ထဲတွင် မိုးကြိုးတစ်ခု ပစ်ချသွားသလိုခံစားလိုက်ရပြီး သူက နေရာ၌ပင် ကြောင်ရပ်နေကာ သူ့၏ အနာဂတ် အမြင်များမှာ သူ့ပတ်လည်တွင် အပိုင်းပိုင်း ကွဲကြေသွားလေ၏။
"နတ်ဘုရား စာဖိုမှုးတစ်ယောက် ဖြစ်လာချင်တဲ့ ငါ့အိပ်မက်တွေကတော့သွားပြီ..."
"ငါက ငါ့ရဲ့ လုပ်နိုင်စွမ်းရည်ကို ဆုံးရှုံးသွားပြီ။ ငါက အရာအားလုံး ဆုံးရှုံးသွားပြီ..."
အန်လင်းက အကြော်ဒယ်အိုးကို ငေးကြည့်ရင်း စိတ်ရူးဖောက်သွားသကဲ့သို့ စတင်ရယ်မောလာပေ၏။
မည်သူကို မဆို သင်လုပ်နိုင်သော အဆိုးဝါးဆုံး အရာမှာ သူတို့ကို ကောင်းကင်ဘုံသို့ပို့ပြီးကာ ငရဲသို့ တိုက်ရိုက် ဆင်းသက်စေခြင်းပင်ဖြစ်၏။
"ဒီ စောက်ကျိုးနည်း ဒယ်အိုး။ ငါမင်းကို ဖျက်စီးပစ်မယ်။"
ဘန် ဘန်...။ ဒေါင် ဒေါင်...။ ဘုန်း ဘုန်း...။
အန်လင်းက အကြော်ဒယ်အိုးသို့ တိုက်ခိုက်မှုများ ထပ်မံ ကျရောက်စေလိုက်၏။
"အဲ့တော့ ဒါတွေအားလုံးက ဒီအကြော်ဒယ်အိုးကြောင့်ပေါ့ ဟုတ်လား အစ်ကိုကြီး အန်။ ငါမင်းကို ကူညီပါရစေ။ ဝုတ်..." တပိုင်က အကြော်ဒယ်အိုးပေါ်သို့ ဒေါသတကြီး ခုန်တက်လာ၏။
"ငါလည်း ကူညီပါရစေ။" ရှောင်ချိုးက သူ့၏ ငွေရောင် ပစ္စည်းကို အကြော်ဒယ်အိုးပေါ်သို့ အားကုန်လွှဲရိုက်ပစ်လိုက်၏။
"နေမင်းက ဒီမကောင်းဆိုးဝါးကို သန့်စင်ပါစေ။ ဒီကောက်ကျစ်တဲ့ အကြော်ဒယ်အိုး။ ငါ့ကို ငါ့ရဲ့ ကြက်ဥ ထမင်းကြော် ပြန်ပေးစမ်း။" ရှောင်ဟုန်က သူမ၏ လက်ကို လေထဲသို့ မြှောက်လိုက်သောအခါ ရွှေရောင် အလန်းတန်းများက ပြစ်တင်ထိုက်သော အကြော်ဒယ်အိုးပေါ်သို့ အညှာအတာမဲ့ ကျရောက်လာပေ၏။
ဘန် ဘန်...။ ဒေါင် ဒေါင်...။ ထန် ထန်...။ ဘုန်း ဘုန်း...။
အကြော်ဒယ်အိုးကို စေ့စေ့စပ်စပ် ရိုက်နှက်ပြီးသောအခါ သူတို့လေးယောက်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မောဟိုက်စွာ အသက်ရှုနေရပေ၏။
ကမ္ဘာပေါ်တွင် အကောင်းဆုံး အကြော်ဒယ်အိုး ဆိုသည့်အတိုင်း ဤကဲ့သို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ကြုံတွေ့ရသော်လည်း လုံးဝပင် ခြစ်ရာမထင်ပါပေ။
"အစ်ကိုကြီး အန်၊ ငါတို့က အခု အကြော်ဒယ်အိုးကို နာခံတတ်အောင် ရိုက်ပြီးပြီး ထင်တယ်။ နောက်ထပ် ကြက်ဥထမင်းကြော် ထပ်ပြီး စမ်းကြော်ကြည့်ရင်ရော ဘယ်လိုလဲ။ ဝုတ်..." တပိုင်က အကြော်ဒယ်အိုးကို မျှော်လင့်တကြီး ကြည့်လိုက်၏။
အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်ပြီ။ ငါစမ်းကြည့်မယ်။"
သူသည် ဤအကြော်ဒယ်အိုးက တစ်နည်းနည်းဖြင့် ပါးနပ်သည်ဟု ခံစားရ၏။ ယခုတွင် သူတို့က ထိုသည်ကို ရိုက်နှက်ပြီးပြီ ဖြစ်သည်မို့ ပထမဆုံးတစ်ကြိမ်ကအတိုင်း လုပ်ဆောင်ပေးသင့်၏။
ဒေါင် ဒေါင်...
ရွှတ် ရွှတ် ရွှတ်...
ကြက်ဥထမင်းကြော်တစ်ပန်းကန်က မကြာမီပင် အသင့်ဖြစ်သွား၏။
"မြည့်ကြည့်ကြ။" အန်လင်းက ကြက်ဥထမင်းကြော်ကို ဘေးသို့ ကမ်းပေးလိုက်၏။
တပိုင်၊ ရှောင်ဟုန်နှင့် ရှောင်ချိုးတို့မှာ စိတ်မရှည်စွာ တိုးဝှေ့စားလိုက်ကြ၏။
ထို့နောက်တွင်မူ...
ဘန် ဘန်...။ ဒေါင် ဒေါင်...။ ထန် ထန်...။ ဘုန်း ဘုန်း...။
ဘန် ဘန်...။ ဒေါင် ဒေါင်...။ ထန် ထန်...။ ဘုန်း ဘုန်း...။
တပိုင်၊ ရှောင်ချိုးနှင့် ရှောင်ဟုန်တို့မှာ ကြက်ဥထမင်းကြော်အပေါ်တွင် ယုံကြည်မှု လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်ကာ အကြော်ဒယ်အိုးအပေါ်သို့ ဒေါသများ ထပ်မံပုံချနေပေ၏။
အန်လင်းက သူ့အိပ်ယာပေါ်တွင် လှဲချကာ အားငယ်သောအမူအရာဖြင့် မျက်လုံးမှိတ်ထားလိုက်၏။
သူက ကန့်သတ်မဲ့တိုက်ပွဲအတွင်း၌ ပင်ပန်းနေပြီး ဖြစ်ကာ ယခုတွင်တော့ သူ့၏ ရည်မှန်းချက်များ အိပ်မက်များအားလုံးမှာ ပျက်စီးသွားလေပြီ။ သူရရှိခဲ့သော ဒဏ်ရာများ အပြင် သူက စုရှောင်လန်ကို မည်သို့ ပျော်အောင်လုပ်ပေးရမည်ကို မသိသေးပါပေ...
ဤသည်မှာ စနစ်၏ သောက်ကျိုးနည်း အမှားဖြစ်ပေ၏။
နောက်တစ်ရက်တွင်...
အန်လင်းက အိပ်ယာ ထလိုက်ပြီး အကြောဆန့်လိုက်ကာ အမဲသားနှင့် ခရမ်းသီး မွှေကြော်တစ်ခွက်ကို ချက်လိုက်၏။
အမဲသားနှင့် ခရမ်းသီး မွှေကြော်မှာ မကြာမီပင် အသင့်ဖြစ်သွားပြီး ထူးခြားကောင်းမွန်ကာ ငြင်းရက်စရာမရှိသော ရနံ့က မီးဖိုချောင်တစ်ခုလုံး ပျံ့နှံ့နေပေ၏။
အန်လင်းတစ်ကိုယ်လုံးက တုန်ယင်လာကာ လေထဲမှ အရသာရှိသောအနံကို ခံရင်း အတွေးတစ်ခု ဖြစ်ပေါ်လာလေ၏။
သူက အမဲသားတစ်တုံးကို သူ့၏ တူဖြင့် ကောက်ယူလိုက်ကာ ထိုအပေါ်ကို ကိုက်ချလိုက်၏...။
"အား... ငါ ကောင်းကင်မှာ နတ်သမီးတွေ မြင်နိုင်တယ်။ ငါ နှင်းထူထူတောင်ပေါ်က ကြယ်တွေ စုံတဲ့ညကို မြင်နိုင်တယ်...။ ပြီးတော့ မီးဖိုတစ်ခုပေါ်က ထူခြားကောင်းမွန်တဲ့ အမဲသားကင်ရဲ့ အနံ့ကို ရတယ်။"
အန်လင်းက အံ့ဩတကြီး ရေရွတ်လိုက်ပြီး သူ့၏ တူများက လေထဲတွင် လျှပ်စီးကဲ့သို့ တဖြတ်ဖြတ်လက်နေကာ အကြော်ကို ခဏလေးအတွင်းမှာပင် အငမ်းမရစားသောက်လိုက်၏။
သူက ရုတ်တရက် တစ်ခုခုကို သဘောပေါက်လာပုံရ၏။ သူက နောက်ထပ် အမဲသားနှင့် ခရမ်းသီး မွှေကြော်ကို ပထမတစ်ပန်းကန်ကို ချက်သည့်အတိုင်း တစ်ပုံစံတည်း ချက်ပြုတ်ကာ စမ်းသပ်မှုကိုပြုလုပ်လိုက်ရာ ထိုသည်က မစင်ကဲ့သို့ အရသာဖြစ်နေသည်ကို တွေ့ရ၏။ သူက ကြက်ဥထမင်းကြော် နောက်တစ်ပွဲကိုလဲ စမ်းချက်ကြ၏။ ထိုသည်က မစင်အရသာပင်။ ထို့နောက် သူက ဝက်သားတစ်ချို့ စမ်းချက်ရန် ကြိုးစားလိုက်၏။ ထိုသည်မှာလည်း မစင်မရသာပင်။
သူ့ရှေ့တွင် တံခါးအသစ်စက်စက်တစ်ခုက ပွင့်သွားပုံပေါ်၏။
"ငါ အခု သိသွားပြီ။ နားလည်သွားပြီ...။ ဒီအကြော်ဒယ်အိုးက ဟင်းလျာများကို ပိုကောင်းအောင်မလုပ်နိုင်ဘူး။ သူ့ရဲ့အကျိုးသက်ရောက်မှုက နေ့တစ်နေ့စီတိုင်းရဲ့ ပထမဆုံး ဟင်းလျာကို သတ်မှတ်ထားတာပဲ။"
အန်လင်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။
သူက သူစိတ်ကူးယဉ်ထားကဲ့သို့ စားဖိုမှုး နတ်ဘုရား ဖြစ်မလာနိုင်ပါပေ။ သို့သော်လည်း ထိုသည်က အရေးမပါပါ။ ဤသည်က အနည်းဆုံးတော့ အကြော်ဒယ်အိုးမှာ အသုံးကျပြီး သူ ကန့်သတ်မဲ့တိုက်ပွဲတွင် ဘာမှမရရန်အတွက် သုံးလိုက်သော အကျယ်ချဲ့မှုမှား အကြိုးရှိသွားကြောင်းပြသပေ၏။
အမဲသားနှင့် ခရမ်းသီးမွှေကြော် ဒုတိယတစ်ခွက်၊ ကြက်ဥ ထမင်းကြော်နှင့် ဝက်သားတို့အတွက်မူ အားလုံးကို တပိုင်ကိုပေးလိုက်၏။
တပိုင်က အရင်နေ့မှ ကောင်းကင်ဘုံ ကြက်ဥထမင်းကြော် အကြောင်းကို တွေးတောနေဆဲဖြစ်ကာ အန်လင်း၏ အစားအသောက်ပုံကြီးကို နှမြောဝမ်းနည်းသော အမူအရာဖြင့် စိတ်မပါလက်မပါ စားနေပေ၏။
အန်လင်း၏ မျက်လုံးများက အလွန်အမင်း တောက်ပနေပေ၏။ သူက နောက်ဆုံးတွင်တော့ စုရှောင်လန်ကို ပျော်ရွှင်စေသည့်နည်းတစ်ခုကို ရှာဖွေတွေ့သွားလေပြီ။
အန်လင်းက အကြော်ဒယ်အိုးကို သုံးကာ ထိုသို့ပြုလုပ်ရန် ရည်ရွယ်လိုက်ပေ၏။
သူက စုရှောင်လန်၏ နှလုံးသား အရည်ပျော်သွားရန် အချက်အပြုတ်စွမ်းရည် ကောင်းမွန်မှုကို အသုံးပြုပေတော့မည်။
"စုရှောင်လန်၊ ငါ့ကို စောင့်နေပါ။ စားဖိုမှုးနတ်ဘုရား အန်လင်းက မနက်ဖြန်ကစပြီး မင်းရဲ့အစာအိမ်ကို လွှမ်းမိုးပစ်မယ်။"
***