← Chapters

စစ်ပြေငြိမ်းရေး ကြက်သား

Vol. 29 Ch. 404

စစ်ပြေငြိမ်းရေး ကြက်သား

Vol. 29 Ch. 404

နောက်ရက်တွင် အန်လင်းက တစ်ချို့သော ပါဝင်ပစ္စည်းများကို စုစည်းရန် နိုးလာခဲ့၏။

သူက ကျောင်းတော်ကြီး၏ အရှေ့ဖက် စိတ်ဝိညာဉ် တောင်တန်းမှ မီးကြက်တစ်ကောင်နှင့် အကောင်းဆုံး စိတ်ဝိညာဉ် စိုက်ခင်းဆီမှ ကြက်သွန်မိတ်နှင့် ဂျင်းတို့ကို ရွေးချယ်ကာ ဟင်းခတ်အမွှေးအကြိုင်များကပင် ကောင်းကင်ဘုံ ခုံရုံး၏ အံ့ချီးစားဖိုမှုးက ပေးအပ်ထားခြင်းဖြစ်သည်။

ထို့အပြင် သူက ကိုလာ ၁၉၈၂ဘူးလဲ ရှာခဲ့ပေသည်။

သူက ကမ္ဘာပေါ်တွင် အကောင်းဆုံး ကိုလာ ကြက်သားကို ပြုလုပ်တော့မည်ဖြစ်သည်။

အန်လင်းက ကြက်သားချက်ရန် သူ့၏ ဖရိုဖရဲ အကြော်ဒယ်အိုးနှင့် မြင့်မြတ်သန့်စင်မီးတောက်ကို အသုံးပြုလိုက်၏။ လုပ်ငန်းစဉ်တစ်ခုလုံးတွင် သူက အလွန်အမင်း အာရုံစိုက်ထားသည်မှာ အလွန့်အလွန် အရေးကြီးသော တစ်ခုခုကို ပြုလုပ်နေသကဲ့သို့ပင်။

နောက်ဆုံးတွင်တော့ ကိုလာကြက်သား၏ ရနံ့မှာ စိတ်ဝိညာဉ် သားရဲသုံးကောင်ကို မီးဖိုချောင်ထဲသို့ ဆွဲဆောင်လိုက်ပြီး သူတို့က စိတ်ဆန္ဒများလောင်ကျွမ်းနေသော မျက်လုံးများဖြင့် အန်လင်းဆီသို့ လျှောက်သွားကြရာ အန်လင်း၏ ကန်ထုတ်ခြင်းခံလိုက်ရ၏။

"ထွက်သွားကြစမ်း။ ဒီဟာက ရှောင်လန် တစ်ယောက်တည်း အတွက်ကွ။" အန်လင်းက အော်ဟစ်လိုက်၏။

"ဝါးး... အစ်ကိုကြီး အန်၊ အစ်ကို့ နှလုံးသားထဲမှာ ရှောင်လန်က ကျွန်တော့်ထက် ပိုအရေးကြီးလား။ ဝုတ်..." တပိုင်က ငိုကြွေးလိုက်၏။

"မှန်တယ်။" အန်လင်းက တုံ့ဆိုင်းခြင်းမရှိပဲ ပြန်ဖြေလိုက်၏။

တပိုင် : "..."

"သခင်၊ နင်က ငါ့ကို ဥပုသ်စောင့်ဖို့ တွန်းအားပေးနေတာပဲ။" ရှောင်ဟုန်က ဝမ်းနည်းစွာပြောလိုက်ကာ သူမ၏ သွင်ပြင်ကို အလွန်အမင်း အားနွံ့ဟန်ပေါ်စေကာ မရည်ရွယ်ပါပဲ စွဲဆောင်မှုရှိဟန် ပေါက်သွားစေ၏။

အန်လင်းက သူမကိုပင် လှည့်မကြည့်ပဲ သူ့၏ စိတ်အာရုံတစ်ခုလုံးကို ဟင်းချက်ခြင်းလုပ်ငန်းစဉ်အတွင်း၌သာ အပြည့်အဝ အာရုံစိုက်ထားပေ၏။ "မင်း ဥပုသ်စောင့်ချင်ရင် စောင့်လို့ရတယ်။ ဘယ်လိုနေနေ အလင်းနဲ့ အစာချက်ခြင်းက  မင်းကို လုံလုံလောက်လောက်ထောက်ပံ့နေတာပဲ။"

"အစ်ကိုကြီး အန်၊ ကျွန်တော်က မနက်ဖြန်အတွက် ပထမဆုံးဟင်းကို ဦးထားချင်တယ်။" ရှောင်ချိုး၏ မျက်လုံးများက အလွန်တောက်ပလာပြီး လျင်မြန်စွာ သီးသန့်နေရာ ချန်ရန်တောင်းဆိုလိုက်၏။

"ငါမင်းရဲ့ တောင်းဆိုချက်ကို စဉ်းစားပေးမယ် တကယ်လို့ ရှောင်လန်က မနက်ဖြန် ငါချက်တာ မစားချင်ဘူးဆိုရင်ပေါ့။" အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။

တပိုင်က အထူကောင်းမွန်သော အခွင့်အရေး တစ်ခုကို ဆုံးရှုံးသွားသည်ဟု သဘောပေါက်သွားသော အခါ သူ့၏ ခန္ဓာကိုယ်က တုန်ခါသွားတော့၏။ သို့သော် အတွေးတစ်ခုက ရုတ်တရက် သူ့စိတ်ထဲတွင် ပေါ်လာကာ မျက်လုံးများက တောက်ပသွားလေ၏။ "အစ်ကိုကြီး အန်၊ စုရှောင်လန်က ကြက်သားစားပြီးရင် အရိုးတွေကို ဖယ်စားမှာမလား။ အရိုးတွေကို မလွင့်ပစ်ပါနဲ့။ ကျွန်တော့်ကို ပေးပါ။ ဝုတ်..."

အန်လင်း : "..."

မိနစ်သုံးဆယ် ကြာသောအခါ...။

အန်လင်းက ကြက်သားကို ဘူးကြီးတစ်ခုထဲတွင် ဂရုတစိုက်ထည့်ကာ တခါးအပြင်ဘက်သို့ ထွက်သွားလေ၏။

သူက စုရှောင်လန်ကို အံ့ဩအောင်ပြုလုပ်ကာ သူတို့၏ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ရမည်။

ဒေါက် ဒေါက် ဒေါက်...

အမျိုးသမီးတစ်ဦးက တံခါးဖွင့်လိုက်သောအခါ ထမင်းဘူး အကြီးကြီးတစ်ခုကို ကိုင်ထားသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ပြီး အနည်းငယ် အံ့ဩသော အမူအရာမှာ သူမ၏ မျက်နှာထက်တွင် ပေါ်လာ၏။

"မင်္ဂလာပါ ကောင်းကင်နတ်သမီး လန်လန်။ စားပြီးပြီလားဟင်။"

"စားပြီးပြီး။"

"..."

အန်လင်းက ချွေးများ ထွက်လာလေ၏။ သေစမ်း၊ သူက ဒီတုံ့ပြန်မှုမျိုးအတွက် မပြင်ဆင်ထားမိဘူး...။

နေ့လည်စာ စားချိန်တောင် မရောက်သေးဘူးကို။

သူ စီစဉ်ထားတဲ့ စပရိုက်ကို ဘယ်လိုလုပ်တော့မလဲ။ သူက သူ့ရဲ့ ကိုလာကြက်သားကို ဘယ်လိုလုပ်ရတော့မလဲ။

"အဲ့တာဆိုလဲ... နည်းနည်း ထပ်စားချင်သေးလား။" အန်လင်းက စုရှောင်လန်ကို သနားစဖွယ်ကြည့်လိုက်၏။

စုရှောင်လန်က အန်လင်း၏ လက်ထဲမှ ထမင်းဘူးကို ကြည့်ကာ မျက်တောင်ခတ်လိုက်၏။ "နင်ကိုယ်တိုင် လုပ်လာတာလား။"

"ဟုတ်တယ်။ စိတ်မပူပါနဲ့။ အဲ့တာက အရသာကောင်းတယ်။" အန်လင်းက ခေါင်းညိမ့်ပြလိုက်၏။

စုရှောင်လန်၏ အမူအရာက အနည်းငယ် ပျော့ပြောင်းသွားပြီး ဘေးသို့ကပ်ကာ အန်လင်းကို ဝင်ခွင့်ပြုလိုက်၏။ "အဲ့တာဆိုလဲ ဝင်ခဲ့လေ။"

"အိုခီ ဒိုခီ"

အန်လင်းက နောက်ဆုံးတွင် စုရှောင်လန်၏ အိမ်ထဲသို့ ထပ်မံဝင်ခွင့်ရပြီဖြစ်၏။ ဤသည်က သူ့အတွက် ခြေလှမ်းငယ်လေးဖြစ်သော်လည်း လူသားမျိုးနွယ်အတွက်တော့ ခြေလှမ်းကြီးတစ်ခု ဖြစ်၏။

"ကောင်းကင် နတ်သမီး လန်လန်၊ ငါက ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ ဟင်းချက်စွမ်းရည်တွေက မကြာသေးခင်က အလွန်အမင်း တိုးတက်လာတာ။ ဒီကိုးပြည်ထောင်စု တိုင်းပြည်ကြီးတစ်ခုလုံးထဲမှာ ငါ့ရဲ့ ဟင်းချက်လက်ရာနဲ့ ယှဉ်နိုင်တဲ့ သူတစ်ယောက်တောင် ရှိမယ်လို့မထင်ဘူး။ ငါ့ရဲ့ စိတ်ဝိညာဉ် သားရဲသုံးကောင်တောင်မှ ငါ့ဟင်းလျာကို စားခွင့်ရဖို့အတွက် နေ့တိုင်း တိုက်ပွဲဖြစ်နေရတာ။" အန်လင်းက ချက်ချင်းပင် သူ့ရဲ့ အရင်နည်းလမ်းများအတိုင်း ပြန်ဖြစ်ကာ တံခါးမှ လျှောက်ဝင်လာရင်း စတင်ပြီး ကြွားဝါပေတော့သည်။

စုရှောင်လန်၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။ "အဲ့တော့ နင့်ရဲ့ ဟင်းချက်စွမ်းရည်က ကိုးပြည်ထောင်စု တိုင်းပြည်ထဲမှာ အကောင်းဆုံးလို့ ပြောချင်တာပေါ့။ နင်က ချဲ့ကားပြောဆိုမနေဘူးလို့ပြောပြီး ဘယ်လိုတောင် ဒီလိုကြီး ကြွားရဲရတာလဲ။ နင်က အရမ်းတွေ အရှက်ကင်းမဲ့နေမှာဆိုရင် အခုချက်ချင်း ထွက်သွားဖို့ ပြောရလိမ့်မယ်။"

"အဲ့လို မလုပ်ပါနဲ့ဟာ။ နင်ဒါကို မြည်းကြည့်ပြီးရင် ငါ့စကားတွေက အမှန်တွေဆိုတာကို သိလိမ့်မယ်။ ငါ အာမခံတယ်။ နင်က ငါ့ရဲ့ လက်ရာကို စွဲသွားစေရမယ်။" အန်လင်းက ထိုင်ခုံပေါ်တွင် မြဲမြဲထိုင်ကာ ထွက်သွားရန် ဆန္ဒလုံးဝ မရှိပါပဲ အပြုံးကြီးပြုံးပြကာ ထမင်းဘူးကို စားပွဲပေါ်တွင် တင်လိုက်၏။

စုရှောင်လန်က အထင်အမြင်သေးစွာ ရယ်လိုက်၏။ "ဟီးဟီး..."

အန်လင်းက သူမ၏ အေးစက်စက် အမူအရာကို စိတ်မဆိုးမိပါပေ။ ထိုအစား သူက အတည်ပေါက်အမူအရာကြီးကို ဆင်မြန်းလိုက်၏။ "နင်ငါ့ကို မယုံဘူးလား။ ငါတို့ အလောင်းအစားတစ်ခု လုပ်ရင်ရော ဘယ်လိုလဲ။"

စုရှောင်လန်က သူမ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်၏။ "ဘယ်လို အလောင်းအစားလဲ။"

"ငါလောင်းမှာက နင်ငါ့ဟင်း တစ်ဇွန်းလောက်စားပြီးတာနဲ့ တစ်ခွက်လုံးကို အငမ်းမရကို စားချင်လာလိမ့်မယ်လို့ပဲ။ နင်က အဲ့လို လုပ်ချင်တဲ့ ဆန္ဒကို ချိုးနှိမ်ထားနိုင်ရင် ငါရှုံးပြီ။ နင်က အဲ့လို လုပ်ချင်စိတ်ကို မထိန်းချုပ်နိုင်ရင် ငါနိုင်ပြီ။" အန်လင်းက အတည်ပေါက်ကြီးနှင့် ပြောဆိုလာ၏။

စုရှောင်လန်က အနည်းငယ် စိတ်ဝင်စားသွား၏။ "အဲ့တာဆို နင်က ဘာနဲ့လောင်းမှာလဲ။"

"ငါရှုံးရင် နင်တောင်းဆိုတာ တစ်ခုကို လုပ်ပေးမယ်။ ငါနိုင်ရင် ငါ ကန့်သတ်မဲ့တိုက်ပွဲမှာ လုပ်ခဲ့မိတာကို ခွင့်လွတ်ပေးရမယ်။ အဲ့တာဆိုဘယ်လိုလဲ။" အန်လင်းက စုရှောင်လန်ကို ကြည့်ကာ အပေးအယူလုပ်လိုက်၏။

သူမက ဘယ်လိုလုပ်ပြီးတော့များ ရှုံးနိုင်မှာလဲ။ သူမက မျှော်လင့်ချက်မဲ့နေတဲ့ အစားအသောက်ခုံမင်သူ ဒါမှမဟုတ် တစ်ခြားတစ်ခုခုလဲ မဟုတ်ပဲနဲ့။ စုရှောင်လန်က အနည်းငယ် တွေးတောနေပြီး ခေါင်းငြိမ့်ပြကာ လက်ခံလိုက်၏။ "ဟုတ်ပြီ။ လုပ်ကြတာပေါ့။"

အန်လင်းက သူ့လက်ကို အဖုံးပေါ်တွင် တင်ထားလိုက်၏။ "အခုက အံ့ဖွယ်တစ်ခုကို မျက်မြင်တွေ့ဖို့ အချိန်ပဲ။"

သူက အဖုံးကို ဂရုတစိုက် မလိုက်ရာ တောက်ပနေသောအလင်းရောင်က အထဲမှ ရုတ်တရက်ထွက်လာလေ၏။

စူးစူးရှရှ ငိုကြွေးသံက အခန်းထဲတွင် လွင့်ပျံ့လာကာ အနီရောင် ဖီနစ်ငှက် အလင်းတန်းတစ်ခုက ဘူးထဲမှ လေထဲသို့ပြန်သန်းသွားလေ၏။

အန်လင်းနှင့် စုရှောင်လန်တို့က လုံးဝကို ကြောင်အကာ ပြောစရာစကား​ပျောက်ရှနေလေ၏။

သောက်ကျိုးနည်း၊ ဘာတွေဖြစ်နေတာလဲဟ။

မီးတောက်ကြက်က ပြာကနေပြီးတော့ ဖီးနစ်တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာတာလား။

သူက အထူးeffectတစ်ခုမှလဲ မထည့်ထားပါဘူး။ အဲ့တော့ ဒါကြီးက ဘာကြီးလဲဟ။

တစ်ချိန်တည်းမှာပင် အလွန်အမင်း စွဲမက်ဖွယ် ရနံ့တစ်ခုက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ တန်ဖိုးကြီးသော ကိုလာကြက်သားမှာ မလွန်ဆန်နိုင်သော ရောင်ဝါတလက်လက်တောက်ပကာ သူတို့မျက်စိရှေ့မှာပင် ပေါ်ထွက်လာလေ၏။

ပထမဆုံး အသိစိတ်ဝင်လာသည်မှာ အန်လင်းပင်။ သူက အထိတ်တလန့်ဖြစ်သွားခြင်းကို ချိုးနှိမ်ကာ သူမျက်နှာပေါ်တွင် အပြုံးတစ်ခုကို အားတင်းဖြစ်ပေါ်စေလိုက်၏။ "ဟီးဟီး... အရေးအကြီးဆုံးကတော့ အရသာပဲလေ။ အဲ့effectတွေက ဒီအတိုင်း ပြကွက်လေးနည်းနည်းပါ။"

စုရှောင်လန်က အသိစိတ်ပြန်ရလာပြီး သူမအား အေးဆေးတည်ငြိမ်စွာ ပြန်ကြည့်နေသော အန်လင်းကို မကြည့်မီတွင် ကိုလာကြက်သားကို ကြည့်လိုက်၏။ သူမက ရုတ်တရက် သူက အဘယ်ကြောင့် အလွန်အမင်း စိတ်အားထက်သန်လာသည်ကို သဘောပေါက်စပြုလာလေပြီ။ အဲ့တာက အပြောချည်းပဲ မဟုတ်လောက်ပေ။

"လာပါ။ မြည်းကြည့်အုံး။ နင်စားပြီးရင် မရပ်ချင်တော့မှာ ငါအာမခံတယ်။"

အန်လင်းက မျက်လုံးထဲတွင် မျှော်လင့်စောင့်စား မှုများဖြင့် သူ့လက်များကို စားပွဲပေါ်တင်လိုက်၏။

စုရှောင်လန်က ခေါင်းငြိမ့်ပြကာ သူမ၏ တူကို ဆွဲထုတ်လိုက်ပြီး တောက်ပ ထင်ရှားသော ကြက်သားတစ်တုံးကို ကောက်ကိုင်လိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။

သူမက စတင်ပြီး ဝါးလိုက်သည့် အခိုက်အတန့်တွင် အလွန်အမင်း ထူးခြားသော အရသာက သူမ၏ ပါးစပ်ထဲသို့ တိုးဝင်လာ၏။ သူမက နက္ခက်တာရာ အလင်းတန်းများကို ကြုံတွေ့နေသကဲ့သို့ပင် ခံစားလိုက်ရပြီး သူမ၏ ဝိညာဉ်က သူမခန္ဓာကိုယ်ကို စွန့်ခွာသွားဟန်ရကာ သူမအား အလွန်အမင်း အပန်းပြေစေပြီး ကောင်းချီးပေးမှုများ ချန်ရစ်ပေးခဲ့သည်ဟု ခံစားလိုက်ရ၏။

အရသာ ရှိလိုက်တာ...။

ထိုသည်က စုရှောင်လန်၏ ဟင်းပွဲအပေါ် ပထမဆုံးအမြင် ဖြစ်လေ၏။

သူမက သူမကိုယ်သူမ မထိန်းချုပ်နိုင်ပဲ နောက်ထပ်ကြက်သားတစ်တုံးကို ကောက်ယူလိုက်၏။

ဒီကြက်သားက အရသာရှိလိုက်တာ...။

ဤသည်က စုရှောင်လန်၏ ဟင်းပွဲအပေါ် ဒုတိယ အမြင်ပင်ဖြစ်၏။

စုရှောင်လန်က အံ့အားသင့်သွားရ၏။ သူမက စားနေရင်းဖြင့် အံ့အားသင့်စွာ နှလုံးတဒုတ်ဒုတ်ခုန်လာပေသည်။

ဘုရားရေ။ ဒီကမ္ဘာပေါ်မှာ ဒီလို အရသာရှိတဲ့ အစားအသောက်မျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။

အန်လင်းက စုရှောင်လန် ကြက်သားကို အငမ်းမရစားနေသည်ကို ကြည့်ကာ ​ကျေကျေနပ်နပ်ပြုံးနေတော့သည်။

အလွန်အမင်း စွဲမက်ဖွယ် ရနံ့တစ်ခုက အခန်းထဲတွင် ပျံ့နှံ့နေလေ၏။ ကိုလာကြက်သားမှာ အလွန်ပင် တားဆီးမရနိုင်ပါပေ။ ထိုသည်က သူ စုရှောင်လန်၏ ခွင့်လွှတ်မှုကိုတောင်းခံသည့် အချက်ကြောင့်သာမဟုတ်ပါက သူလည်း ဝင်ရောက်စားသောက်နေပေလိမ့်မည်။

စုရှောင်လန်၏ အစားအသောက်ယဉ်ကျေးမှုများက သာမန်နှင့် လုံးဝ မနီးစပ်နိုင်တော့ပါပေ။ ဤအခိုက်အတန့်တွင် သူမ၏ ပါးစပ်က ဆီများဝေ့နေပြီး သူမ၏ ကြွေထည်ကဲ့သို့ ပါးပြင်များက ဖောင်းကားနေကာ အန်လင်းအား မယုံနိုင်စွာဖြင့် သူမ၏ မျက်လုံးတောက်တောက်များဖြင့် လှည့်ကြည့်လာပေ၏။ "နင်က တကယ်ကြီး ဖီနစ်ကို ဖမ်းပြီး ချက်ထားတာလား။ ကိုလာကြက်သားက ဘယ်လိုလုပ်တောင် အရမ်းအရသာရှိနေရတာလဲ။"

အန်လင်းက မျက်လုံးလှန်လိုက်ပြီး "ဒီလောက်သေးတဲ့ ဖီးနစ် နင်မြင်ဖူးလို့လား။"

စုရှောင်လန်က ရှက်ကိုးရှက်ကန်းရယ်မော ဆက်လက်စားနေတော့သည်။

သူမက ထို့နောက် ရုတ်တရက် ခေါင်းမော့ကာ အန်လင်းကို ကြည့်လာပြီး ခတ္တမျှ တုံ့ဆိုင်းနေကာ ကြက်ကြော်ခွက်ကို သူ့ဘက်သို့တိုးလိုက်လေ၏။ "အတူတူစားရအောင်လေ။"

အန်လင်းက ထိုကမ်းလှမ်းမှုကိုကြားသောအခါ အပျော်လွန်သွားရ၏။ သူက တစ်ချိန်လုံး သွားရည်မကျရန် ထိန်းထားရတာဖြစ်ပြီး စုရှောင်လန်ကို ဤမျှထိ တွေးပေးတတ်မည်ဟု မမျှော်လင့်ထားပါပေ။ သူက ချက်ချင်းပင် သူ့၏ တူကိုကောက်ကိုင်လိုက်၏။

ထို့နောက်သူက ရုတ်တရက် ရပ်တန့်သွားလေ၏။ ဤသည်က နီးကပ်သွားသည်။

"ဟမ်... နင်က ငါ့ကို အရူးလုပ်နိုင်တော့မလို့ပဲ။" အန်လင်းက စုရှောင်လန်ကို တက်တက်ကြွကြွ ပျော်မြူးသည့်ဟန်ဖြင့် ကြည့်လိုက်၏။ "အလောင်းအစားက နင် တစ်ပန်းကန်လုံးကို စားရမယ်လို့ပြောတာလေ။ ငါက အခု နည်းနည်းစားလိုက်ရင် နင်က တစ်ပန်းကန်လုံးမစားဘူးလို့ အဓိပ္ပာယ် ဖြစ်သွားမှာပေါ့။ အဲ့တာဆို ငါက အလောင်းအစားရှုံးသွားမှာလေ။ ဟားဟားဟား... နင်က ငါ့ကို လိမ်ဖို့အတွက် နှစ်တစ်သောင်းလောက် စောလွန်နေသေးတယ်။"

စုရှောင်လန်က အန်လင်းကို မနှစ်မြို့ဖွယ် အမူအရာဖြင့် ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

"ကိစ္စတွေကို ရှုပ်ထွေးအောင် မလုပ်စမ်းပါနဲ့။ ငါစားလို့ပြောရင် စားလိုက်စမ်းပါ။" နွေးထွေးသော အပြုံးလေးတစ်ပွင့်က ရေခဲနှင့် မြူနှင်းများကို အရည်ပျော်စေသော နေရောင်ခြည်သေဖွယ် သူမမျက်နှာထက်တွင် ပေါ်လာကာ အန်လင်း၏ နှလုံးသားကို ချက်ချင်းပင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားစေ၏။

အန်လင်းက တုံ့ဆိုင်းစွာ မျက်တောင် ခတ်လိုက်၏။ "အဲ့တာဆို လောင်းကြေးကရော..."

"နင်က ငတုံးလား...။ ငါက သေချာပေါက် နင့်ကို ခွင့်လွှတ်လိုက်တာမို့ စားဖို့ပြောနေတာပေါ့။ အဲ့လိုမှ မဟုတ်ရင် ငါက ဒီလောက်အရသာရှိတဲ့ ဖီးနစ်ကြက်သားကို နင်နဲ့ မျှပြီးစားမှာလဲ။"

"အား... ကောင်းကင် နတ်သမီး လန်လန်က အကောင်းဆုံးပဲ။ ပြီးတော့ နင် ဒီဟင်းလျာကို အပေးတဲ့ နာမည်ကလဲ အရမ်းကောင်းပဲ။ ဖီးနစ်ကြက်သားဆိုတဲ့ နာမည်က ကိုလာကြက်​သားထက် အဆတစ်ရာပိုကောင်းတယ်။"

"ပါးစပ်ပိတ်ပြီး စားစမ်းပါ။ မဟုတ်ရင် ဘာမှ ကျန်တော့မှာ မဟုတ်ဘူးနော်။"

"ဟုတ်ပြီ။ အဲ့တာဆို ငါဆွဲပြီနော်။"

သို့ဖြစ်၍ သူတို့နှစ်ဦးမှာ ကြက်တစ်ကောင်နှင့် ပြန်ပြေလည်သွားကြပြီး သူတို့၏  မကျေနပ်ခြင်းများက အတိတ်က အကြောင်းအရာများသာ ဖြစ်သွားပါတော့သည်...။

***

All Chapters