← Chapters

အစာသွပ် ပေါက်စီများ ပေးရခြင်း၏ ကြည်နူးမှု

Vol. 29 Ch. 405

အစာသွပ် ပေါက်စီများ ပေးရခြင်း၏ ကြည်နူးမှု

Vol. 29 Ch. 405

စုရှောင်လန်နှင့် သူ့၏ ခြားနားမှုကို ကျေအေးပြီးနောက် အန်လင်းက သူ့အိပ်ဆောင်ဆီသို့ ပျော်စရာ သံစဉ်လေးညည်းရင်း တက်ကြွစွာ ပြန်လာခဲ့လေ၏။

ရှောင်ဟုန်၊ တပိုင်နှင့် ရှောင်ချိုးတို့အားလုံးမှာ အန်လင်းဆီသို့ စိတ်လှုပ်ရှားစွာ စုပြုံလာကြ၏။

"အစ်ကိုကြီးအန်၊ သူမနဲ့ ပြန်ပြေလည်ခဲ့လား။" တပိုင်သည် အန်လင်းက တံခါးမှ လျှောက်လာရာ လမ်းတွင် သီချင်းညည်းနေသည်ဖြစ်ရာ အတော်လေးစိတ်ခံစားချက်ကောင်းနေပုံ ပေါ်သည်ကို တွေ့ရသော်လည်း သူက အငြင်းခံရရ၍ ရူးသွားသလားဆိုသည်ကို နတ်ဘုရားများသာ သိပေလိမ့်မည်။ သို့ဖြစ်၍ တပိုင်က အန်လင်း၏ စိတ်အခြေအနေကို အတည်ပြုရန် ​မေးလိုက်ခြင်းပင်။

အန်လင်းက သူ့၏ လက်သီးကို အပြုံးတစ်ခုဖြင့် မြှောက်လိုက်၏။ "ဒါပေါ့။ သူမဆီကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ကတည်းက အောင်မြင်မှုပဲ ဖြစ်လာနိုင်တော့တာလေ။"

သူ့၏ စကားလုံးများက စိတ်လှုပ်ရှား ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေပေ၏။

စိတ်ဝိညာဉ် သားရဲသုံးကောင်မှာ အလွန်အမင်းပျော်ရွှင်သွားကာ မျက်ရည်များပင် ကျလာကြ၏။ သူတို့က ဤသည်မှာ သူတို့အား နောက်ရက်အတွက် အကြော်ဒယ်အိုးထဲမှ ပထမဆုံးသော ဟင်းလျာကို စားခွင့်ပြုမည်ကို သိထား၏။

နောက်ရက်တွင် အန်လင်းက အကြော်ဒယ်အိုးဖြင့် ကြက်ဥထမင်းကြော်ကို ပြုလုပ်လိုက်ပြန်၏။ သို့သော်လည်း သူက ဤတစ်ကြိမ်တွင် ပို၍ဗျူဟာကြွယ်ကာ တစ်ကြိမ်ထဲတွင် ပြုလုပ်နိုင်သော ပမာဏကို အများဆုံးထိတိုးစေရန် ကြက်ဥနှင့် ထမင်းများ အပြည့်ဖြင့် အကြော်ဒယ်အိုးကို တည်လိုက်၏။

ရှောင်ချိုး၊ တပိုင်နှင့် ရှောင်ဟုန်တို့အားလုံးမှာ ကြက်ဥထမင်းကြော်စားပြီးနောက် မျက်ရည်များပင် ကျလာတော့သည်။

ဒီဟာက စောက်ရမ်းအရသာရှိတာပဲ...။

အန်လင်းက ထမင်းကြော်ကို ဂရုတစိုက် မြည်းကြည့်လိုက်သော်အခါ ထိုသည်က အမှန်တကယ်ပင် ပထမတစ်ကြိမ်လောက် အရသာမကောင်းသည်ကို တွေ့ရ၏။ သို့သော်လည်း အလွန်အမင်း အရသာရှိနေဆဲပင်။

နောက်ထပ်တစ်ရက်တွင် အန်လင်းက အကြော်ဒယ်အိုးကို အစာသွပ်ပေါက်စီ အနည်းငယ် ပြုလုပ်ရန် အသုံးပြုလိုက်၏။

သူက တစ်ခါတည်းနှင့် ဝါးပေါင်းအိုးတစ်ရာကို အကြော်ဒယ်အိုးထဲတွင် ထည့်လိုက်၏။

သူက ပေါက်စီပေါင်းရန် အကြော်ဒယ်အိုးကို အပြင်သို့ထားသောအခါ ပေါင်းအိုးများက အဆောင်အဆောက်အဦးများထက်ပင် မြင့်မားနေသည်မို့ ဖြတ်သွားသော ​ကျောင်းသားများက အထူးတဆန်းကြည့်သွားကြပေ၏။

စုရှောင်လန်ကတော့ ဗိုက်နှိပ်ကာရယ်နေပေတော့သည်။ သူမက ပေါက်စီကို ဤသို့ ထူးဆန်းလှသည့် နည်းဖြင့်ပေါင်းသောသူ တစ်ယောက်မှ မတွေ့ဖူးပါချေ။

ရွှမ်ယွမ်ချန်သည်လည်း စိတ်ရှုပ်ထွေးမှုကို ချိုးနှိမ်ထားကာ ထိုသည်ကို အန်လင်း၏ လွန်ကဲသော စားလိုစိတ်ဟု မှတ်ယူရန်သာ တတ်နိုင်ပေ၏။

စုချန်းရန်ကမူ မြင့်မားလှသော ပေါင်းအိုအဆင့်ဆင့်ကိုကြည့်ကာ နှုတ်ခမ်းသပ်လိုက်ပြီး အရေအတွက်ထက် အရည်အသွေးက အရေးကြီးကြောင်း ရှင်းပြလိုက်၏။

လူတိုင်း၏ ကျီစယ်သောအမူအရာများနှင့် ရင်ဆိုင်ရသော်လည်း အန်လင်းက ရှင်းပြချက် တစ်ခွန်းမှ မဆိုပါပေ။ ထိုအစား သူက သူတို့အားလုံးကို ဆန်းကြယ်ပြီး အဓိပ္ပာယ်အပြည့်တစ်ခုကိုသာ ပေးလိုက်၏။

အစာသွပ်ပေါက်စီများ ကျက်သွားသောအခါ သူ့၏ ဟင်းချက်စွမ်းရည်များက ကျောင်းတော်ကြီးတစ်ခုလုံးတွင် ကျော်ကြားသွားပေလိမ့်မည်။

အစာသွပ်ပေါက်စီများက နှစ်နာရီအကြာတွင် အသင့်ဖြစ်သွားလေပြီ။

အန်လင်းက စိတ်အားထက်သန်စွာ တစ်ကိုက်ကိုက်ချလိုက်သောအခါ အရသာမှာ ကြက်ဥထမင်းကြော်ထက် သိသိသာသာ နိမ့်ကျနေသော်လည်း သူတို့က အလွန်အမင်း အရသာရှိသော အစာသွပ်ပေါက်စီများ ဖြစ်နေဆဲပင်။ သူက စပြီးစားပြီးသည်နှင့် စားသောက်ခြင်းကို မရပ်နိုင်ပါတော့ပေ။

အန်လင်းက ဤအကြော်ဒယ်အိုးက မည်သို့ အလုပ်လုပ်သည်ကို နားလည်စပြုလာလေ၏။ ပထမဆုံး အကြော်ဒယ်အိုးမှာ တစ်နေ့စီတွင် ပထမဆုံး ချက်ပြုတ်သော ဟင်းလျာ၏ အရသာကို တိုးပွားနိုင်စေပြီး ထိုတိုက်တက်မှုနှုန်းထားမှာလဲ တန်ဖိုးတစ်ခု ထားထားပုံရ၏။ ဆိုလိုသည်မှာ ဥပမာအားဖြင့် အကယ်၍သူက ပေါက်စီပေါင်းအိုး ဆယ်အိုးပေါင်းပါက တိုးတက်မှု အကျိုးကျေးဇူးမှာ သူဒီနေ့ပြုလုပ်သော ပေါင်းအိုးတစ်ရာ ပေါင်းသည်ထက် ဆယ်ဆပို၍ သက်ရောက်ပေလိမ့်မည်။

သို့သော်လည်း ဤသည်က ပေါင်းအိုးဆယ်ခုထဲမှ အစာသွပ်ပေါက်စီများက ပေါင်းအိုးတစ်ရာထဲမှ ပေါက်စီများထက် ဆယ်ဆပိုပြီး အရသာရှိလိမ့်မည်ဟုတော့ မဆိုလိုပါပေ။ အကြောင်းအရင်းမှာ ထည့်သွင်းစဉ်းစားရမည့် မူရင်းအရသာတန်ဖိုးက ရှိနေသေးသောကြောင့်ပင်။ ၁၀+၁၀ နှင့် ၁၀+၁၀၀အတွက် ဥပမာဆိုရသော် အရသာကွာခြားချက်မှာ အကြမ်းအားဖြင့် ငါးဆသာ ရှိပေ၏။

သို့မဟုတ်ပါက ဥပမာဆိုရသော် တစ်စုံတစ်ယောက်က မစင်ကို ချက်ပြုတ်ဖို့ ရွေးချယ်လိုက်ပါက မူရင်းအရသာမှာ အလွန်နိမ့်ကျနေမည်ဖြစ်ကာ အကြော်ဒယ်အိုးက အရသာမည်မျှ တိုးပေးပါသော်လည်း အရသာရှိလာမည်မဟုတ်ပါ။ သို့ဖြစ်၍ အရသာရှိသော မစင်ကို ချက်ပြုတ်ခြင်း ဖြစ်နိုင်​ခြေကို ထုတ်ပယ်ရပေမည်။ သို့သော်လည်း သူက သူ့၏ အကြော်ဒယ်အိုးနှင့် ကုန်းမြေကြီးပေါ်တွင် အရသာအရှိဆုံး ပါဝင်ပစ္စည်းများကို အသုံးပြုပါက သူက ကမ္ဘာပေါ်တွင် အရသာအရှိဆုံး ဟင်းပွဲကို ချက်ပြုတ်နိုင်ပေလိမ့်မည်။

အန်လင်းက အကြော်ဒယ်အိုးကို ကြည့်လိုက်ကာ သူမည်မျှ ချိုးနှိမ်ပါသော်လည်း သူ့မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားမည်မဟုတ်ပါပေ။ တောက်ပသောအနာဂတ် မြင်ကွင်းက သူ့မျက်စိရှေ့တွင် ထပ်မံပေါ်ပေါက်လာပေ၏။

ငါက သေချာပေါက်ကို အချက်အပြုတ် ဘုရင် ဖြစ်လာမှာပဲ။

အစာသွပ်ပေါက်ဆီများ အသင့်ဖြစ်သောအခါ အန်လင်းက စုရှောင်လန်ကို ပထမဆုံး ပေါင်းအိုးတစ်ခုပို့ပေးလိုက်၏။

စုရှောင်လန်က အစာသွပ် ပေါက်စီများကို တိတ်ဆိတ်စွာစားလိုက်ပြီး သူမ၏မျက်လုံးထဲတွင် တောက်ပမှုများနှင့် တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်၏။ "နင်က ပေါင်းအိုး တစ်ရာတောင် ပေါင်းတာမလား။ ငါ့ကို နောက်ထပ် လေးခု ထပ်ပေးအုံး။"

အန်လင်းက သဘာဝအလျောက်ပင် ထိုသို့ ပြုလုပ်ရန် ပျော်ရွှင်ပေရာ စုရောင်လန်ကို နောက်ထပ် ​ပေါက်စီလေးခုပေးလိုက်ပြီး ပျော်ရွှင်စွာ ရယ်မောလိုက်၏။ "ခုဏတုန်းက ငါ့ရဲ့ ပေါက်စီပေါင်းနည်းကို ရယ်နေတာ ဘယ်သူများလဲနော်။ အခု ငါဘယ်လောက်တောင် လန်းလဲဆိုတာ သိပြီမလား။"

စုရှောင်လန်က အန်လင်းကို လျစ်လျူရှုကာ အစာသွပ်ပေါက်စီများကို ဆက်လက်ကာ တမြုံ့မြုံ့ဝါးနေပေ၏...။

သူက ထို့နောက် တခြားသော အစာသွပ်ပေါက်စီ ပေါင်းအိုးတစ်ခုကို ရွှမ်ယွမ်ချန်ကို ပေးလိုက်၏။

ရွှမ်ယွမ်ချန်က သူ့၏ ပထမဆုံး ပေါက်စီကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် နောက်ဆုံးတွင် ပေါင်းအိုးတစ်ရာ ပေါင်းသော အန်လင်း၏ ဆုံးဖြတ်ချက်ကို နားလည်သွားလေသည်။ ဤသည်က အစားစားလိုစိတ်၏ အကြောင်းအရာ မဟုတ်တော့ပါချေ။ ပေါက်စီများက အလွန်ပင် အရသာရှိလှသဖြင့် သူက ထိုအစာသွပ်ပေါက်စီ ပေါင်းအိုးတစ်ရာလုံးကို အောင်မြင်စွာ စားပစ်နိုင်မည်ဟု ခံစားလို့်ရ၏။

ထို့နောက်တော့ သူက အစာသွပ်ပေါက်စီ ပေါင်းအိုးနောက်တစ်ခုကို စုချန်ရန်သို့ ပေးလိုက်လေ၏။

စုချန်းရန်က ဤကဲ့သို့ အရသာရှိလှသော အစာသွပ်ပေါက်စီကို တစ်ခါမှ မစားဖူးသည်မို့ အငမမရစားသောက်လိုက်ရာ သီးမလိုပင် ဖြစ်သွားရ၏။ ထို့နောက် သူမက ရှက်ရွံ့စွာဖြင့် အစာသွပ်ပေါက်စီနှစ်ခုကို ထပ်တောင်းပြီး အန်လင်း အချက်အပြုတ် ဆရာကြီးဖြစ်သည်ကို ချီးကျူးကာ ထိုအရာများ မည်သို့ ပြုလုပ်သည်ကို သူမအား သင်ပေးရန် တောင်းဆိုလိုက်၏။

အန်လင်းက ထိုသည်မှာ လက်ဆင့်ကမ်းပေး၍ မရသော လျှို့ဝှက် နည်းလမ်းတစ်ခု ပါဝင်နေသကဲ့သို့ သူမ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်၏။

သို့သော်လည်း သူက စုချန်းရန်ကို ပေါက်စီနောက်ထပ်နှစ်လုံး ပျော်ပျော်ကြီးပေးလိုက်ကာ သူမကို ပြန်ပို့ပေးလိုက်၏။

သူက လူတိုင်းက ဤအစာသွပ်ပေါက်စီများကို နှစ်ခြိုက်သည်ကို ကြည့်ရသည်အား အလွန်သဘောကျ၏။ ထိုသည်က ကြီးမြတ်သော ခံစားချက်တစ်ခုပင်။

အန်လင်းက ထိုခံစားချက်ကို အပြည့်အဝမခံစားရသေးပေ။ သူက လူများကို အစာသွပ်ပေါက်စီဆက်လက်ဝေပေးလိုက်၏။

"ကျုံးရုံရန် ငါက ဒီကို အစာသွပ်ပေါက်စီနည်းနည်း လာပို့တာ။"

"အစ်ကိုကြီး အန်၊ အစာသွပ်ပေါက်စီပို့ဖို့ သပ်သပ်နဲ့ ကျွန်တော့်အဆောင်အထိပါ ရောက်လာတာလား။"

"ဟီးဟီး...။ မင်းက ငါ့ရဲ့ ပေါက်စီကို အထင်သေးရဲတယ်ပေါ့။ အရင်ဆုံး တစ်ကိုက်စားကြည့်စမ်းပါအုံး။"

"ဟင်... ဒီအရသာ သူ့အနံ့က သာယာတဲ့ ရေပူစမ်းလို ထွက်လာပဲ။ အဲ့တာက ဆီများပေမဲ့ ဆီတွေပုံနေတာမဟုတ်ဘူး။ အဲ့တာက ကြွပ်ရွပြီးသော အရသာရှိလို့်တာ။ အဲ့တာက... ငလူး။ ကျွန်တော့်ရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်တဲ့ စကားလုံးကို မရှိတော့ဘူး။ ဒီဟာတွေက စောက်ရမ်း အရသာရှိတယ်ဗျာ။"

"အခု ငါ့ရဲ့ ပေါက်စီတွေကို အထင်သေးရဲသေးလားဟင်။"

"မဟုတ်တာ အစ်ကိုကြီး အန်ရာ။ ကျွန်တော်မှားသွားပါတယ်။ အစ်ကိုက စားဖိုမှုးနတ်ဘုရားပါ။ ရှိသေးလားဟင်။ ကျွန်တော် ထပ်လိုချင်သေးတယ်။"

"နိုးပါ။ တာ့တာ့။"

အန်လင်းက သူ့လက်များကို ဝေ့ယမ်းလိုက်ပြီး ကျုံးရုံရန်ဆီမှ နာနာကျင်ကျင် ငိုကြွေးသံများကို ချန်ရစ်ထားပေတော့၏။

သူက မုန့်ထျန်း၏ အဆောင်သို့သွားလိုက်၏။ မုန့်ထျန်းက သူမ၏ ရင်သားများက အလွန်သေးနေသည်မို့ အာဟာရဓာတ်လိုအပ်နေသည်ဟုပြောကာ သူ့မအား အောက်ထပ် ပေါက်စီနှစ်ခုထပ်ပေးရန် တွန်းအားပေးလာ၏။

ထို့နောက် သူက စွန်းရှန့်လျန်၏ အဆောင်သို့ သွားလိုက်၏။ စွန်းရှန့်လန်က သူမ၏ ရင်ဘတ်များက အလွန်ကြီးနေသဖြင့် သူတို့ကို ထိန်းသိမ်းရန် စွမ်းအင် အများအပြားလိုအပ်သည်ဟု ပြောလာကာ သူမကို နောက်ထပ် ပေါင်းအိုးတစ်ခုပေးရန် ဖိအားပေးလာပြန်၏။

သူက နောက်ထပ် လောင်ကျိပင်၏ အဆောင်သို့ သွားလိုက်၏။ လောင်ကျိပင်က မည်သည့် အကြောင်းပြချက်ကောင်းမှ မရှိသည်မို့ အန်လင်း၏ ခြေထောက်ကို ဖက်ကာ နောက်ထပ်အစာသွပ်ပေါက်စီ ပေါင်းအိုးတစ်ခုကို တောင်းလိုက်လေ၏။ အန်လင်းက သေချာပေါက် ဤကဲ့သို့ ဗြောင်ကျကျတောင်းဆိုမှုကို ငြင်းမည်မဟုတ်ပါပေ။ သို့ဖြစ်၍ သူက သူ့အားနောက်ထပ် ပေါင်းအိုးတစ်ခု ပေးလိုက်ပေ၏။

အန်လင်းက အစာသွပ်ပေါက်စီများ ပို့ပေးခြင်းကို စွဲလမ်းလာပြီဟု ခံစားရ၍ လျှိုတပေါင်ဆီသို့ သွားလည်လိုက်၏။

လျှိုတပေါင်က ပေါက်စီတစ်ချို့ကို စားပြီးနောက် အံ့အားသင့်သွားပြီး နောက်ထပ်ပေါင်းအိုး၁၀ခုအတွက် ပေါင်းအိုးတစ်ခုလျှင် စိတ်ဝိညာဉ် ကျောက်တုံး အခု ၁၀၀ ကမ်းလှမ်းလာ၏။

လျှိုတပေါင်၏ စကားများက အန်လင်းအတွက် ကမ္ဘာကြီးတစ်ခုကို ဖွင့်ပေးလိုက်၏။ ထို့နောက် သူက ရုတ်တရက် သူကတစ်ဖန် ပြန်လည် ချမ်းသာလာတော့မည်ကို သဘောပေါက်သွား၏။

ကျေးဇူးတင်သည့်အနေဖြင့် သူက ပေါင်းအိုးတစ်ခုလျှင် စိတ်ဝိညာဉ် ကျောက်တုံး အခု၅၀၀နှုန်းဖြင့် လျှိုတပေါင်အား ပေါင်းအိုး ၁၀ခုရောင်းလိုက်ပေ၏။

ထိုသည်က အဘယ့်ကြောင့်ဆိုသော်... အန်လင်းက မူလတွင် သူ့၏ အစာသွပ်ပေါက်စီများကို တစ်အိုးလျှင်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀နှင့် ရောင်းမည်ဟု စီစဉ်ထားသည်ဖြစ်ကာ ထိုသည်က တစ်ဝက်စျေးလျော့ပေးခြင်းပင်ဖြစ်လေ၏။

အန်လင်းက ထို့နောက် ကျောက်ဟွိုင်ရင်ဆီသို့ သွားလည်လိုက်၏။ ကျောက်ဟွိုင်ရင်က စားနေရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလာပြီး နောက်ဆုံးတွင်တော့ တပိုင်က အဘယ်ကြောင့် အန်လင်း၏ စိတ်ဝိညာဉ်သားရဲ ဖြစ်လာချင်သလဲဆိုသည်ကို နားလည်လာပေ၏။ အကယ်၍ ဤသည်က အန်လင်းသူ့အား နေ့တိုင်းကျွေးသော အားအသောက်ဆိုပါကမူ သူကိုယ်တိုင်လည်း တပိုင်နှင့် နေရာလဲကာ အန်လင်း၏ စိတ်ဝိညာဉ်သားရဲ ဖြစ်လာလိုပါ၏။

ထို့နောက်တွင်တော့ နတ်ဝိဇ္ဇာမငယ်လေးက သူမ၏ ဂိမ်းများကို ပစ်ချကာ အစာသွပ်ပေါက်စီများကို စားသောက်ခြင်းအပေါ်၌ အပြည့်အဝ စိတ်နှစ်ထားပေတော့သည်။

ထန်ရှီမန်က အစာသွပ်ပေါက်စီများက မြည်းကြည့်ပြီးနောက် သူ့ဘဝတွင် မျှော်လင့်ချက်ကို ထပ်မံတွေ့ရှိသွားပြန်ပေ၏။

ယီရှီသည်လည်း အစာသွပ်ပေါက်စီများကို အတုယူလိုက်၏။ သူက အင်မော်တယ်ဆေးတောင့်များက အစာသွပ်ပေါက်စီများလို ဖြစ်သင့်သည်ကို ရှာဖွေတွေ့ရှိသွား၏။ သူတို့က လက်တွေ့အသုံးပြုခြင်း လိုအပ်သည်သာမက အရသာလည်း ရှိသည့်ပေ၏။ သို့မှသာ အင်မော်တယ်ဆေးတောင့်များက လူထုကို ဆွဲဆောင်ရန်အတွက် အဓိက ရည်ရွယ်ချက် ဖြစ်လာပေလိမ့်မည်...။

အန်လင်းက ထို့နောက် ပေါက်စီ၁၀လုံးပါသော ပေါင်းအိုးတစ်ခုစီနှင့် သူ့အတန်းဖော်တစ်ယောက်စီတိုင်းကို ပေါက်စီတစ်လုံးစီပေးလိုက်၏။

ကျောင်းသားများက နောက်ထပ်တောင်းသောအခါ နောက်ရက်တွင် ရောင်းရန်အတွက် ထပ်ယူလာမည်ဟု ပြောလိုက်ကာ စိတ်ဝင်စားသော ကျောင်းသားများက နောက်နေ့မနက်တွင် ဝယ်ယူနိုင်သည်ဟု ပြောလိုက်၏။

သို့ဖြစ်၍ ထိုသတင်းက ကျောင်းတော်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားပေတော့သည်...။

"ဟေး၊ နင်ကြားပြီးပြီလား။ နတ်ဘုရား အန်က ကျောင်းတော်မှာ အစာသွပ်ပေါက်စီရောင်းတော့မှာတဲ့။"

"ဘာကြီး။ အစာသွပ် ပေါက်စီရောင်းမယ်။ သေချာရဲ့လား။ သူက ဘာလုပ်ဖို့ ကြံနေပြန်တာလဲ။"

"သူက တစ်ယောက်တည်း အစာသွပ်ပေါက်စီရောင်းနေတာ။ ငါအထက်အတန်းက ကျောင်းသူတစ်ယောက်ဆီက ကြားတာတော့ အဲ့အစာသွပ်ပေါက်စီတွေက တအားကို အရသာရှိတာတဲ့။"

"တကယ်ကြီး။ ငါလဲ အခုတစ်လော လုပ်စရာမရှိနေတာ။ ဘာပဲဖြစ်ဖြစ် စမ်းတော့ စမ်းကြည့်ရမယ်။ သူက အစာသွပ်ပေါက်စီတွေ ဘယ်မှာရောင်းမှာလဲ နင်သိလား။"

"ငါကြားတာတော့ တတိယနှစ် အဆောင်ကိုသွားတဲ့ အဓိက ဂိတ်ပေါက်မှာ ရောင်းနေတာတဲ့။"

...

"နင်တို့တွေ ကြားပြီးကြပြီလား။ အန်လင်းက အစာသွပ်ပေါက်စီတွေ ရောင်းဖို့ ကြံနေတယ်တဲ့။"

"ဘုရားရေ။ သူက ကန့်သတ်မဲ့ တိုက်ပွဲမှာကတည်းက အတော်လေးထူးဆန်းနေတာ။ အခုလဲ အစာသွပ်ပေါက်စီတွေ ရောင်းနေပြန်ပြီ။ အံ့ချီးလျှပ်စီးက သူ့ရဲ့ ဦးနှောက်ဆဲလ်တွေကို သတ်ပစ်တာများလား။"

"ဘာပဲဖြစ်ဖြစ် သွားကြည့်ပြီး သူ့လုပ်ငန်းကို ထောက်ပံ့ပေးကြရအောင်။ သူက အခုနောက်ပိုင်း ကြမ်းတမ်းတဲ့ အချိန်တွေ ကြုံနေရတာ။"

...

"အားးးး... စီနီယာ အန်လင်းက သူကိုယ်တိုင်လုပ်တဲ့ အစာသွပ်ပေါက်စီတွေရောင်းနေတယ်။ ငါသွားပြီး ဝယ်စားရမယ်။"

"ငါရောပဲ။ ငါရောပဲ။ သူက ငါ့ရဲ့ အိုင်ဒဲလ်လေ။ ငါသူ့ကို အားပေးရမယ်။"

...

သို့ဖြစ်၍ အန်လင်း၏ အစာသွပ် ပေါက်စီများက မကြာမီပင် ကျောင်းတစ်ခုလုံးကို ပွက်လောရိုက်သွားစေ၏။ ကျောင်းရှိ ကျောင်းသားများ အားလုံးနီးပါက သူ့၏ အစာသွပ်ပေါက်စီအကြောင်းကို ပြောဆိုနေကြ၏။

အန်လင်းက နောက်ဆုံးတွင်တော့ အိမ်သို့ပြန်လာကာ အစာသွပ်ပေါက်စီများ ပို့ဆောင်ခြင်း၏ ခက်ခဲသောနေ့တစ်နေ့အပြီးတွင် အမောတစ်ကော အသက်ရှုလိုက်ပေ၏။

တပိုင်၊ ရှောင်ချိုးနှင့် ရှောင်ဟုန်တို့အားလုံးက သူ့အား စိတ်မရှည်စွာ စောင့်နေကြပြီး သူက တံခါးမှ ဝင်လာသည်နှင့် ချက်ချင်းပင် အန်လင်းကို ကျေနပ်စေရန် သူတို့၏ လှည့်ကွက်များကို ကြိုးစားကြလေ၏။

အန်လင်းက ဤကဲ့သို့ နွေးထွေးပြီး စိတ်အားထက်သန်သော ရှောင်ဟုန်၊ လိမ္မာပြီး နာခံတတ်သော တပိုင်နှင့် ချစ်စရာကောင်းအောင် ရုပ်ဆိုးနေသော ရှောင်ချိုးတို့ကို တစ်ခါမှ မမြင်ဖူးပါပေ...။ သူက ဤအရာများအားလုံးကို သူ့၏ လက်နက်အသစ် အကြော်ဒယ်အိုးကြောင့် မြင်တွေ့ရခြင်းဖြစ်၏။

မပို့ဆောင်ရသေးသော ပေါက်စီ အလုံး၃၀ကျော် ရှိနေသေးသည်ဖြစ်ရာ ထိုသည်များက သူ့၏ သိုလှောင်လက်စွပ်ထဲမှ အခန်းထဲတွင် ​ပေါ်လာပေ၏။

စိတ်ဝိညာဉ် သားရဲသုံးကောင်မှာ အငမ်းမရစားသောက်နေသည်မှာ သူတို့၏ ပျော်ရွှမ်မြူးထူးနေသော အသံများက အဆောင်တစ်ခုလုံးကို တုန်ခါနေစေတော့၏။

နေ့သစ်တစ်ခု အစပြုလာလေပြီ။ အန်လင်း၏ အစာသွပ်ပေါက်စီဆိုင်မှာ စီးပွားဖြစ် တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

***

All Chapters