ငွေရှာရတာ အရမ်းလွယ်တာပဲ
Vol. 29 Ch. 406
ဤသည်က စုစည်းညီညွတ် ကျောင်းတော်ကြီးတွင် အထူးနေ့ရက်တစ်ခုဖြစ်၏။
ကျောင်းတော်ကြီးအတွင်း၌ ပျံ့နှံ့နေသော သတင်းတစ်စုံတစ်ခုရှိလေ၏။ ထိုသတင်းမှာ ကျောင်း၏ နံပါတ်တစ်အကျော်အမော် ဓားအင်မော်တယ် အန်လင်း၏ အစာသွပ်ပေါက်စီဆိုင်က စီးပွားဖြစ် တရားဝင် ဖွင့်လှစ်ပြီ ဟူ၍ပင်။
တတိယနှစ် အဆောင်များ၏ ရှေ့တွင် ကြီးမားလှသော ပေါင်းအိုးတစ်ရာကျော်ကို ထောင်ထားကာ မီတာအမြောက်အများအဝေးဆီမှပင် မြင်နိုင်သောမြင်ကွင်းကို ဖန်တီးနေပေ၏။
နေမင်းက ထွန်းလင်းနေပြီးဖြစ်သော်လည်း လူပေါင်းရာချီက ထိုနေရာ၌ စုစည်းနေကာ သူတို့အားလုံးမှာ ကြည့်ရှုရန်ရောက်လာခဲ့ကြခြင်းပင်။
အန်လင်း မနေ့က ပေးပို့ခဲ့သော အစာသွပ်ပေါက်စီများက အမှန်တကယ်ပင် အကျိုးရှိလှသော လူထုဆွဲဆောင်မှုတစ်ခုဖြစ်သွာသည်ဟုပြောလို့ရပြီး ကျောင်းသားများ အားလုံးက အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
အကြော်ဒယ်အိုး၏ အောက်တွင်မူ ကြီးမြတ် သန့်စင်မီးတောက်က လောင်ကျွမ်းနေကာ ရေနွေးငွေ့ ဖြူဖြူများက မရေမတွက်နိုင်သော နဂါးငယ်များကဲ့သို့ ပေါင်းအိုးများဆီသို့ စီးဆင်းနေပေ၏။ အစာသွပ်ပေါက်စီများက ကောင်းကောင်းမကျက်သေးသော်လည်း လူတိုင်းကတော့ အသည်းအသန် ဆွေးနွေးပြောဆိုနေကြ၏။
အထူးသဖြင့် အစာသွပ်ပေါက်စီများ၏ စျေးနှုန်း ဖော်ပြထားသော သစ်သားဘုတ်ပြားကို မြင်သောအခါ လူတိုင်းက အသက်ရှုပင်အောင့်ထားမိကြလေ၏။
အန်လင်း၏ အစာသွပ်ပေါက်စီများ : ပေါင်းအိုးတစ်အိုးလျှငိ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀။
"စောက်ကျိုးနည်းဟ။ ကျောင်းသားအန်လင်းက ငွေကိုဘယ်လောက်တောင် အသည်းအသန်လိုနေတာလဲ။ အစာသွပ်ပေါက်စီ တစ်အိုးကို စိတ်ဝိညာဉ် ကျောက်တုံးတစ်ထောင် ဟုတ်လား။"
"စိတ်ဝိညာဉ် ကျောက်တုံး၁၀၀၀နဲ့ဆိုရင် အတော်လေးကောင်းတဲ့ စိတ်ဝိညာဉ် ဆေးတောင့်တစ်ခု ဝယ်လို့ရနေပြီကို။ ဒီအစာသွပ်ပေါက်စီတွေက ဘယ်လိုတောင် အဲ့လောက် စျေးကြီးရတာလဲ။ သူက သူဌေးတွေအကုန်လုံးက အရူးတွေလို့ထင်နေတာလား။"
"အတန်းဖော်အန်လင်းရဲ့ အသိအာရုံက အံ့ချီးလျှပ်စီးနဲ့ ထိမိတုန်းက ပျက်ဆီးသွားတယ်လို့ ငါပြောသားပဲ။ ဒါပေမဲ့ မင်းငါ့ကို မယုံခဲ့ဘူးမလား။ အခု ယုံပြီလား။"
"ဟားဟား... ဒီမှာရပ်ပြီးတော့ လူတွေက အဲ့အစာသွပ်ပေါက်စီတွေကို ဝယ်ရလောက်အောင်ထိ တုံးအသလားဆိုတာ ကြည့်ကြတာပေါ့။"
"အတန်းဖော် အန်လင်းက ငွေကြေးအခက်အခဲ ဖြစ်နေတာဖြစ်ရမယ်။ အဲ့တော့လဲ ငါတို့က သူ့ကို တစ်နည်းနည်းနဲ့ အလှူပေးတာပေါ့ကွာ ဟုတ်တယ်မလား။"
...
မြင်ကွင်းတစ်ခုလုံးက ဆွေးနွေးမှုများဖြင့် ပြာပန်းခတ်နေသော်လည်း လူတိုင်းနီးပါးက သူ့၏ အဓိပ္ပာယ်မရှိလှသော ဈေးနှုန်းကြောင့် အလွန် မယုံကြည်နိုင်ခြင်းသို့မဟုတ်ပါက အန်လင်းအား လှောင်ပြောင်သရော်နေကြလေ၏။
အန်လင်းက သူ့၏ စိတ်အာရုံများအားလုံးကို ချက်ပြုတ်ခြင်း၌သာ နစ်မြုပ်ထားကာ သူ့ရှေ့မှ လူအုပ်ကြီးကို လုံးဝပင် လျစ်လျူရှုထားပေ၏။
နောက်ဆုံးတွင်တော့ ထိုသူများကို ပါးစပ်ပိတ်ရန် အကောင်းဆုံး နည်းလမ်းမှာ... သူ့၏ အစာသွပ် ပေါက်စီများနှင့်သာ ဖြစ်ပေ၏။
သူက သံသယရှိသူများအားလုံးကို နှစ်နာရီအတွင်း ပါးစပ်ပိတ်နိုင်မည်ဟု ယုံကြည်ချက်အပြည့်အဝရှိ၏။
လူတိုင်းမသိလိုက်ခင်မှာပင် လူများ ပိုပို စုဝေးလာကာ တတိယနှစ် အဆောင်များ၏ ဂိတ်ပေါက်တွင် လူပေါင်းတစ်ထောင်ကျော် စုစည်းမိလာလေပြီ။ တစ်ချိ့မှာ မြင့်မားလှသော ပေါင်းအိုးများကြောင့် ဆွဲဆောင်ခံလိုက်ရပြီး တခြားသူများကတော့ အစားသွပ်ပေါက်စီများက အမှန်တကယ်ပင် အဓိပ္ပာယ်သောဈေးနှုန်းဖြစ်သော ပေါင်းအိုးတစ်ခုလျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖြင့် ရောင်းရသည်လားဆိုသည်ကို လာရောက်ကြည့်ရှုခြင်းပင်။
"စီနီယာ အန်လင်း၊ အစ်ကို့ရဲ့ အစာသွပ်ပေါက်စီက ဘာအရသာလဲဆိုတာ ဂရုမစိုက်ဘူး ငါကတော့ သေချာပေါက်ကို ဝယ်မှာ။"
"နတ်ဘုရား အန်၊ ကျွန်တော်တို့က အရှင့်ကို ကိုးကွယ်ပါတယ်။ အစ်ကို့ရဲ့ အစာသွပ်ပေါက်စီကို ဘာဖြစ်ဖြစ်ကို ဝယ်မှာပါ။"
"စိတ်ဝိညာဉ် ကျောက်တုံး ၁၀၀၀ဆိုတာ ဘာမှကိုမဟုတ်တာ။ ငါ စိတ်ဝိညာဉ် ဆေးတောင့်တစ်ခုလျော့စားလိုက်မယ်။"
အရူးအမူး ပရိသတ်များအားလုံးသည်လည်း စုစည်းနေကြပြီး သူတို့အားလုံးမှာ သူတို့၏ ထောက်ခံမှုကိုပြသရန် အဆုတ်ကွဲအောင်ပင် အော်ဟစ်နေကြလေ၏။
သမာသမတ်ကျသောလူတစ်စုမှာတော့ ဘေးထွက်ရပ်ကာ ခေါင်းများခါနေကြလေ၏။ အန်လင်း၏ အစာသွပ်ပေါက်စီများက အတောိလေး အရသာရှိသည်ဆိုသည်ကိုတော့ သူတို့က ကြားမိပါ၏။ သို့သော် ထိုအရာများက သေချာပေါက်တော့ တစ်အိုးလျှင် စိတ်ဝိညာဉ် ကျောက်တုံး ၁၀၀၀ မတန်ပါပေ။ ထိုသည်က သူတို့ပေးလိုသော စျေးနှုန်းထက် များစွာ ကွာခြားနေပေ၏။
ရုတ်ရုတ်သဲသဲဖြစ်ခြင်းများ အားလုံးကြားတွင် အန်လင်းက သူ့ရှေ့တွင် စုဝေးနေကြသော ကျောင်းသားများကို ကြည့်ကာ ညွှန်ကြားချက်ကို အော်ဟစ်လိုက်၏။ "အစာသွပ်ပေါက်စီတွေ ကျက်တော့မယ်နော်။ လိုချင်ရင် ဒီမှာ တန်းစီထားကြ။"
ကျောင်းသားအများစုက ထိုသည်ကို ကြားသောအခါ မရယ်ပဲမနေနိုင် တော့ပါချေ။ သူက တကယ်ပဲ ငတုံး သူဌေးကျောင်းသားတွေ အများကြီး ရှိမယ်လို့ ထင်နေတာလား။ အဲ့ ရူးလောက်အောင် စျေးကြီးတဲ့ ပေါက်စီတွေကို ဝယ်ဖို့ ဘယ်သူကများ တန်းစီမှာလဲ။
သူက တကယ်ပဲ ရူးများ သွားပြီလား။
သို့သော်လည်း ထိုအခိုက်အတန့်၌ပင် မျက်တောင်တစ်ခတ်အတွင်းတွင် အန်လင်းညွှန်ပြလိုက်သောနေရာသို့ အရှိန်အပြည့်နှင့် တိုးသွားနေသော လူတစ်စုက ရုတ်တရတ် လူတန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ သူတို့၏ အရှိန်မြင့် ချဉ်းကပ်မှုမှာ သူတို့ပတ်လည်တွင် လေပွေလေးတစ်ခုပင် ဖြစ်ပေါ်စေကာ ကြည့်ရှုသူများကို ေခြလှမ်းအနည်းငယ် ပြန်ဆုပ်သွားစေတော့၏။
"ငါအရင်ရောက်တာနော်။ ကျော်တက်ဖို့ ကြိုးစားမနေနဲ။"
"သွားစမ်း အရှက်မရှိတဲ့ ကောင်စုတ်။ ငါက အရင်ရောက်တာ အသိသာကြီးကို။"
"တိုးမနေစမ်းနဲ့။ ငါ့ကို တက်နင်းမိတော့မယ်ဟ။"
...
ထိုနေရာ၌ စုဝေးနေကြသော လူတစ်ထောင် နီးနီးထဲမှ ကျောင်းသားတစ်ရာကျော်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတန်းတစ်ခု ဖြစ်ပေါ်လာစေ၏။
ကျန်ရစ်သော ကျောင်းသားများအားလုံးက ပါးစပ်အဟောင်းသားဖြစ်နေကြတော့သည်။ ဘာတွေ ဖြစ်နေတာလဲ။ ဒီလူတွေက ဘာအတွက်များ ရန်ဖြစ်နေကြတာလဲ။
တစ်ချို့သော အရူးအမူ ပရိသတ်များပင်လျှင် ဤအခြေအနေကြောင့် လုံးဝ စိတ်ရှုပ်ထွေးနေကြလေ၏။ သူတို့က သူ့တို့၏ အိုင်ဒဲလ်ကို ထောက်ပံ့မှုအားပြသရန် ပေါင်းအိုးတစ်ခုစီသာဝယ်ရန်စီစဉ်ထားသော်လည်း သူတို့ ရှေ့တိုးခွင့်မရလိုက်ခင်မှာပင် လူတန်းတစ်ခုက ဖြစ်ပေါ်နေလေပြီ။ ဘာတွေဖြစ်နေကြတာလဲ။
"အန်လင်း၊ ငါ့ကို ပေါင်းအိုးတစ်ရာပေး။"
လူတန်းကြီး၏ ရှေ့ဆုံးမှ လူမှာ ပန်းရောင်ဆံပင်တိုနှင့် အလွန်လှပသောမိန်းမပျိုလေးတစ်ယောက်ဖြစ်၏။ သူက လက်ရှိတွင် သူမ၏လက်ကို ခပ်မြင့်မြင့်မြှောက်ကာ သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့်တောက်ပနေပေ၏။
သောက်ကျိုးနည်း။ ပေါင်းအိုးတစ်ရာ ဟုတ်လား။
တန်းစီနေကြသော ကျန်ကျောင်းသားများက သတိလက်လွတ် ဖြစ်သွားတော့မတက်ပင်။ သူက လူတိုင်းအတွက် ဘာမှမကျန်အောင် လုပ်နေတာလား။
"ဘုရားရေ၊ နတ်ဘုရားမ လျှိုက ရူးသွားပြီနေမယ်။ အဲဒါက စိတ်ဝိညာဉ် ကျောက်တုံး ၁သန်းတောင်လေ။ ဒုက္ခပဲနော်။"
"အဲဒါက အဓိပ္ပာယ်မရှိဘူးနော်။ နတ်ဘုရာမ လျှိုက စီနီယာ အန်လင်းရဲ့ အစာသွပ်ပေါက်စီတွေကို ကြော်ငြာပေးတဲ့ သရုပ်ဆောင်ပဲ ဖြစ်ရမယ်။"
"အဲဒါက ဘယ်လို ကြော်ငြာမျိုးကြီးလဲ။ အကုန်လုံးကို တစ်ယောက်တည်းကို ရောင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ စီနီယာအန်လင်းက စိတ်ဝင်စားမှုကို ပိုဆွဲဆောင်ပြီးတော့ ဖောက်သည်အခြေခံကို တည်ဆောက်ဖို့ မလိုဘူးလား။"
"..."
အန်လင်းက လျှိုချင်ဟွမ်ကို ကြည့်ကာ မျက်လုံးလှန်လိုက်၏။ "တစ်ယောက်ကို အများဆုံး ပေါင်းအိုး ၂ခုပဲ ဝယ်လို့ရမယ်။"
အန်လင်း၏ စကားများက လူတန်းထဲတွင် စောင့်နေကြသော လူများအကြားတွင် ထပ်မံကာ ဂယက်တစ်ခုဖြစ်သွားစေ၏။
လျှိုချင်ဟွမ်က အန်လင်းကို ခါးခါးသီးသီးစိုက်ကြည့်လိုက်ကာ "အဲဒါဆိုလဲ ငါ ပေါင်းအိုး ၂ခုယူမယ်။"
"ငါလဲ ၂ခုယူမယ်။" သူမ၏ နောက်မှ ကျောင်းသားတစ်ဦးကလဲ ဝင်ရောက်ပြောဆိုလာ၏။
"ငါရောပဲ။" လူအုပ်ထဲမှ တစ်ခြားတစ်ယောက်သည်လည်း အော်ဟစ်လိုက်၏။
"အန်လင်း၊ ငါက ပေါင်းအိုး၃ခုကို စိတ်ဝိညာဉ် ကျောက်တံး ၄၀၀၀ပေးမယ်လေ။" ကျောင်းသူတစ်ဦက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။
အန်လင်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်ကာ "ငါက ရိုးသားပြီး သဘောကောင်းတဲ့ ကုန်သည်တစ်ယောက်ပဲ။ နင်က ပေါင်းအိုးတစ်ခု စိတ်ဝိညာဉ်ကျောက်တုံး ၁သောင်း ကမ်းလှမ်းလာရင်တောင်မှ အများဆုံး ပေါင်းအိုး ၂ခုပဲ ရောင်းနိုင်မယ်။"
လူတိုင်း : "..."
သို့ဖြစ်၍ လူတိုင်း၏ ရှေ့တွင် အလွန်ပင် ကို့ရို့ကားယားနိုင်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေ၏။
စောင့်ဆိုင်းနေကြသော ကျောင်းသားများထဲတွင် ၈၀ရာခိုင်နှုန်းကျော်က ပေါင်းအိုး ၂အိုး ဝယ်ယူကြ၏။
အဆုံးတွင်မူ အန်လင်းက နောက်ဆုံးပေါင်အိုး ၂ခုကို ရောင်းရန်ငြင်းဆိုကာ သူ့အတွက် ချန်ထားလိုက်လေ၏။
အန်လင်း၏ အစာသွပ်ပေါက်စီများက ၁၀မိနစ်အတွင်းမှာပင် ရောင်းကုန်သွားပေ၏။ စောင့်ဆိုင်းနေကြသော ကျောင်းသားအနည်းငယ်မှာ အစာသွပ်ပေါက်စီများ ဝယ်ရန် အခွင့်အရေးမရလိုက်ပဲ သူတို့က တန်းစီနေကြသော လူများထဲကို ဝင်ရောက်ရန် နှေးကွေးလွန်သည်ကို ဖော်ပြနေပေ၏။
စောင့်ကြည့်နေကြသော ကျောင်းသားများအားလုံးက ကြောင်ငေးနေကြလေ၏။
"သူတို့အကုန်လုံးက ပိုက်ဆံပေးခေါ်ထားတဲ့ သရုပ်ဆောင်တွေလား။"
"မင်းက လူတန်းထဲဝင်ဖို့ နောက်ကျသွားလို့ အစာသွပ်ပေါက်စီ ဝယ်မရလိုက်တဲ့ ကြေးစားသရုပ်ဆောင်တွေကို မြင်ဖူးလို့လား။ ပြီးတော့ တခြားသူစီကနေ သူတို့ကိုရောင်းဖို့ ဆွဲဆောင်ဖို့အတွက် အစာသွပ်ပေါက်စီတစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ကမ်းလှမ်းတာကိုရော မြင်ဖူးလား။"
"..."
သံသယ ဖြစ်ဖွယ်ကျောင်းသားတစ်ဦးက ပေါက်စီတစ်အိုး ဝယ်လိုက်နိုင်သော ကျောင်းသားတစ်ဦးဆီသို့လျှောက်လာကာ တောင်းဆိုချက်တစ်ခုပြုလိုက်၏။ "ဟေး... မင်းရဲ့ပေါက်စီတွေထဲက တစ်ခုအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀နဲ့ ကမ်းလှမ်းချင်လို့။"
ထိုကျောင်းသားက အေးစက်စွာ ရယ်မောလိုက်ပြီး "အိပ်မက်ဆက်မက်နေလိုက်။"
အမျိုးသားက အံတင်းတင်းကြိတ်ကာ အနည်းငယ်ဒေါပွသွားသော်လည်း တခြားအပေးအယူတစ်ခုလုပ်လိုက်လေ၏။ "စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀။"
"ဟုတ်ပြီ။ မင်းကြည့်ရတာ အရင်က တစ်ခုမှ မစားဖူးတဲ့ပုံပဲ။ မင်းဘာကို လွဲသွားလဲဆိုတာ ပြဖို့အတွက် ၁ခုတော့ ရောင်းပေးလိုက်မယ်။" ပေါင်းအိုးနှင့်ကျောင်းသားက နောက်ဆုံးတွင် သူ့အားသနားသွားပြီး သူ့၏တောင်းဆိုချက်ကို သဘောတူလိုက်၏။
သို့ဖြစ်၍ ထိုအမျိုးသားက အစာသွပ်ပေါက်စီတစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးဝယ်လိုက်ရလေသည်။
သူ့၏ အဖော်များက ချက်ချင်းပင် သူ့အား လှောင်ရယ်လေတော့၏။ "မင်းက ဒီလို မိုက်မဲတာကို လုပ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တုံးအမှုက ကူးစပ်တတ်လား။ ဟားဟားဟား..."
အမျိုးသားက အစာသွပ်ပေါက်စီကို လက်ထဲတွင်ကိုင်ကာ ခေါင်းမာစွာနှင့် တုံ့ပြန်လာ၏။ "ငါက ဒီအစာသွပ်ပေါက်စီတွေနောက်ကွယ်က ပရိယာယ်ကို ဖော်ထုတ်ဖို့ ကြိုးစားနေတာ။ ငါက အမှန်တရားကို ဝယ်ဖို့အတွက် ငွေသုံးလိုက်တာပဲ။ ငါ့ရဲ့ ပါးနပ်မှုကို မင်းတို့နားမလည်ပါဘူး။"
အမျိုးသားက စကားပြောနေရင်း အစာသွပ်ပေါက်စီကို ကိုက်ချလိုက်၏။
မျက်ရည်များက သူ့မျက်နှာပေါ်တွင် ချက်ချင်းပင် စီးကျလာတော့သည်။ "ဝါး... ဒီကမ္ဘာပေါ်မှာ ဒီလောက် အရသာရှိတဲ့ အစာသွပ်ပေါက်စီက ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရတာလဲ...။ ငါက ဘာလို့ တန်းမစီခဲ့မိတာလဲ။ ငါ့ကိုငါသာ ပိတ်ကန်လိုက်ချင်တယ်..."
အမျိုးသားက စားရင်နှင့် ငိုကြွေးနေလေ၏။ သူ့အဖော်များကတော့ သူ့အား အံ့ဩတကြီး ငေးကြည့်နေပေတော့သည်။
ဆင်တူသော မြင်ကွင်းများက ထိုနေရာ၌ စုစည်းနေကြသော လူများအကြားတွင် ဖြစ်ပွားနေကာ အန်လင်း၏ အစာသွပ်ပေါက်စီများ၏ သတင်းက ပို၍ပင် ပျံ့နှံ့သွားလေတော့သည်။ အန်လင်းကို လှောင်ပြောင်ခဲ့ကြသော သံသယအပြည့်နှင့် ကျောင်းသားများက အစာသွပ်ပေါက်စီကို မြည်းကြည့်ပြီးနောက်တွင်တော့ ခက်ခဲသော ဘေးကျပ်နံကျပ်အခြေအနေနှင့် ကြုံကြရလေတော့၏။ တခြားတစ်ဖက်တွင်တော့ သူတို့က သူတို့၏ စကားများကို ပြန်မြိုသိပ်ကာ သူတို့ကိုယ်တိုင် ပေါက်စီဝယ်ရန် အလွန်ရှက်နေပြီး နောက်ထပ်တစ်ဖက်တွင်တော့ အစာသွပ်ပေါက်စီများက အလွန်ဆန်နိုင်သည်မှာ ရိုးရှင်းလှပေ၏။
အန်လင်းက သူ့၏ အကြော်ဒယ်အိုးကို တိတ်တဆိတ်သိမ်းကာ တစ်ခွန်မှ မပြောပဲ ထွက်လာလိုက်တော့သည်။
သူက တစ်ရက်တွင် ရောင်သည့် အစာသွပ်ပေါက်စီ အရေအတွက်ကို ကန့်သတ်ထားရခြင်းမှာ ပိုများသော ဝယ်လိုအားကို ထိန်းသိမ်းထားရန်ဖြစ်သည်။ သို့မှသာ သူ့၏ စီးပွားရေးက ပထမဆုံးနေ့ကလိုပင် ကျော်ကြားမှုကို ထိန်းထားနိုင်မည်ဖြစ်၏။
နောက်တစ်ရက်တွင်တော့ မနက်ပိုင်း၌ အန်လင်းက သူ့၏ ဆိုင်ခန်းလေးကို ခါတိုင်းနေရာတွင်ပဲ တပ်ဆင်လိုက်၏။
ဤတစ်ကြိမ်တွင်တော့ လူပေါင်းတစ်ထောင်ကျော် စုဝေးရောက်ရှိလာပေ၏။
အန်လင်းက စကားလုံးများနှင့် အချိန်မဖြုန်းတော့ပဲ သူ့၏ ပေါက်စီစျေးနှုန်းကို ဖော်ပြသော သစ်သားဘုတ်ပြားကို တပ်ဆင်လိုက်၏။
အန်လင်း၏ အစာသွပ်ပေါက်စီများ : ပေါင်းအိုးတစ်ခုလျှင် စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀။ တစ်ဦးလျှင် အများဆုံး ပေါင်းအိုး၂ခုသာ ကန့်သတ်ထား၏။
ဤသည်က လူတိုင်းအကြားတွင် ကြီးမားသော လှုပ်ခတ်မှုကြီး ဖန်တီးလိုက်၏။
"ဘယ်လိုတောင် မရိုးမသား ကုန်သည်လဲ။ သူက မနေ့ကတောင် တစ်အိုးကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀နဲ့ရောင်းနေတာလေ။ ဒါပေမဲ့ ဒီနေ့ကျတော့ စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀နဲ့ရောင်းနေပြီ။ ဒီလိုသာဆက်သွားနေရင် တဖြည်းဖြည်းနဲ့ သူက ပေါင်းအိုးတစ်အိုးကို စိတ်ဝိညာဉ်ကျောက်တုံး ၁သောင်းနဲ့ ရောင်းတော့မှာလား။"
"သပိတ်မှောက်မယ်။ ငါတို့ သူ့ဆိုင်ကို သပိတ်မှောက်ရမယ်။"
"ဟုတ်တယ်။ သူက အရမ်းလွန်နေပြီ။ ဒီနေ့ သူ့ရဲ့ အသားပေါက်စီတွေ အကုန်လုံးကို သပိတ်မှောက်ကြရအောင်။"
"ဟီးဟီး... လူတိုင်းက သူ့ရဲ့ အစာသွပ်ပေါက်စီတွေကို ဝယ်ဖို့ ငြင်းလာရင် အန်လင်းဘာလုပ်မလဲ ကြည့်ကြတာပေါ့။"
...
ထိုကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကို ရင်ဆိုင်ရသော်လည်း အန်လင်းက သူ့၏ အစာသွပ်ပေါက်စီများကို တည်တည်ငြိမ်ငြိမ်ပင် ဆက်ပေါင်းနေလေ၏။
"အစာသွပ်ပေါက်စီတွေက အဆင်သင့်ဖြစ်ပါပြီ။ လိုချင်ရင် ဒီမှာလာပြီး တန်းစီကြပါ။" အန်လင်းက အော်ဟစ်လိုက်၏။
ဘုန်း...
ပုံရိပ်အမြောက်အများက ဖြတ်ကျော်သွားကာ သူတို့လမ်းကြောင်းတွင် လေပြင်းများချန်ရစ်ခဲ့၏။
လူနှစ်ရာကျော်သော အတန်းကြီးက မျက်တောင်တစ်ခတ်အတွင်းမှာ ဖြစ်ပေါ်သွား၏။
ကြည့်ရှုနေသော ကျောင်းသားများ အားလုံး : "..."
သို့ဖြစ်၍ အန်လင်းက ထိုနေ့တွင် ၈မိနစ်တည်းနှင့် အစာသွပ်ပေါက်စီပေါင်းအိုး ၉၅ခုကို ရောင်းလိုက်ပြီး မှတ်တမ်းအသစ်တစ်ခုကို တရားဝင် ပြုလုပ်လိုက်၏၏
ကျန်ရစ်သော ပေါင်းအိုး ၅ခုကမူ သူ့အတွက် အိမ်ပြန်သယ်သွားလိုက်၏။
နှစ်ရက်အတွင်း စုစုပေါင်း ရရှိငွေက စိတ်ဝိညာဉ်ကျောက်တုံး ၂သိန်းကျော်သွားပေ၏။
ငွေရှာရသည်မှာ အလွန်ပင် ရိုးရှင်းလွန်းလှပေသည်။
***