အနောက်တံခါးမှ ဝင်လာသူ
Vol. 29 Ch. 408
စုရှောင်လန်က မျက်နှာထက်တွင် ရှက်သွေးခပ်ဖျော့ဖျော့ဖြာလာပြီး အနည်းငယ် စကားဖြတ်ပြောလိုက်၏။ "အမ လန်ရန်၊ ဘာတွေပြောနေတာလဲ။ နင်က သင်ခန်းစာတစ်ခု သင်ပေးဖို့လိုနေတာလား။"
"ညီမ ရှောင်လန်က အမျိုးသားတစ်ယောက်အတွက် ငါ့ကို ပြန်ပြောတယ်ဆိုတာ မယုံနိုင်ဘူး... ဟင်း၊ ကြည့်ရတာ လူတွေက ပြောင်းလဲတတ်တယ်ထက်ပါတယ်..." လန်ရန်က စိတ်မချမ်းမြေ့စွာ ခေါင်းခါလိုက်၏။
အန်လင်းက ခွေးကြီး၏ ကျောပေါ်တွင် ကောင်းကင်မှ ဆင်းသက်လာပြီး အစာသွပ်ပေါက်စီအပြည့်ပါသော ပေါက်အိုးတစ်ခုကို လန်ရန်ဆီသို့ ပစ်ပေးလိုက်၏။
ပေါင်းအိုးက လေထဲတွင် ပျံသန်းသွားရာ လန်ရန်က လှမ်းဖမ်းလိုက်ပြီး အန်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ "ဒါက ဘာအတွက်လဲ။"
"ငါ စေ့စပ်လက်ဆောင်ယူမလာဘူးလို့ နင်ပြောလိုက်တာမလား။ အဲဒါငါ့ရဲ့ စေ့စပ်လက်ဆောင်ပဲ။" အန်လင်းက ပြန်ဖြေလိုက်၏။
လန်ရန်က အတန်ကြာ အမူအရာမဲ့ ငေးကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလာလေ၏။ "ဟားဟားဟား... စေ့စပ်လက်ဆောင်အဖြစ် အစာသွပ်ပေါက်စီလား။ နင်က အရင်အတိုင်း ရယ်ရတုန်းပဲ အန်လင်း ဟားဟားဟား..."
လန်ရန်က အမြဲတမ်းလိုလို ကိစ္စသေးသေးလေးများကို ရယ်ရန် အဆင်သင့်ဖြစ်နေပြီး အန်လင်း၏ ေစ့စပ်လက်ဆောင်ကို တွေ့သောအခါ နှစ်ဆတိုး ရယ်မောလာပေသည်။
"နင်မရယ်ခင် တစ်ခုလောက် စားကြည့်လို့ရမလား။" အန်လင်းက ဒေါသထွက်ဟန်ဖြင့် ပြောလိုက်၏။
"ဟုတ်ပြီ ဟုတ်ပြီ။ ဒီ အစာသွပ်ပေါက်စီတွေက ဘာတွေများ အဲ့လောက်ထူးခြားနေတာလဲ ကြည့်ရအောင်။" လန်ရန်က သူမ၏ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ပြီး ပေါင်းအိုးအဖုံးကို မလိုက်ကာ အစာသွပ်ပေါက်စီတစ်ခုကို ယူလိုက်၏။
လန်ရန်က ပေါက်စီကို ကိုက်ချလိုက်ပြီးနောက် သူမ၏ မျက်နှာက တောင့်တင်းလာ၏။ သူမက အံ့ဩတကြီး မျက်လုံးပြူးကာ ထပ်မံကိုက်ချလိုက်၏၏
"ဘုရားရေ... ငါက အစာသွပ်ပေါက်စီ စားနေတာလား။" သူမက မယုံနိုင်စွာ ရေရွတ်လိုက်၏။
"မှန်တယ်။ ပါဝင်ပစ္စည်းတွေ အကုန်လုံးက ကောင်းကင်ဘုံခုံရုံးက ဂျုံ၊ အမဲသား၊ ဝက်သားနဲ့ စိတ်ဝိညာဉ် သီးနှံတွေချည်းပဲ။" အန်လင်းက ခေါင်းငြိမ့်ကာ အတည်ပြုပေးလိုက်၏။
"နင်... ဒီဟာတွေက နင်လုပ်ထားတာလား။" လန်ရန်က အစာသွပ်ပေါက်စီတစ်ခုစားပြီးသည်နှင့် နောက်တစ်ခုကို ကောက်ကိုင်ကာ သူမ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။ သူမ၏ ပါးစပ်ထဲတွင် အစာများပြည့်နှက်နေကာ ဖောင်းကားနေသောကြောင့် စကားများမှာ မပြီမသဖြစ်လာလေတော့သည်။
အန်လင်းက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်၏။ "ဒါပေါ့ အဲ့အစာသွပ်ပေါက်စီတွေက ကောင်းကင်ဘုံခုံရုံးမှာ တအားနာမည်ကြီးတယ်လေ။ ငါက သူတို့ကို 'တပိုင်ရဲ့ လျစ်လျူရှုခြင်းခံရသော အစာသွပ်ပေါက်စီများ'လို့တောင် နာမည်ပေးဖို့စဉ်းစားနေတာ။" (တရုတ်မှာ goubuliပေါက်စီလို့ခေါ်တဲ့ နာမည်ကြီးပေါက်စီတွေရှိပါတယ်။ goubliကို ဘာသာပြန်လိုက်ရင် ခွေးတွေရဲ့လျစ်လျူရှုခြင်းခံရတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဆိုလိုတာက ပေါက်စီက ကောင်းလွန်းလို့ ခွေးတွေပဲ ဝယ်မစားပဲ လျစ်လျူရှုသွားမယ်လို့ပါ။ အဲဒါကြောင့် တပိုင်ရဲ့ လျစ်လျူရှုခြင်းခံရတယ်ဆိုပြီး ပြောလိုက်တာပါ။)
လန်ရန်က ထိုရည်ရွယ်ထားသော အမည်ကို ကြားပြီးနောက် တစ်ဖန်ပြန်လည် ရယ်မောလာပြန်လေ၏။ "ဟားဟားဟား... အိုး..."
စူးစူးရှရှ ရယ်သံက ရုတ်တရက် ပြတ်တောင်းသွားပြီး သူမ၏ မျက်နှာက ခရမ်းရောင်ပြောင်းသွားကာ သူမ၏ မျက်လုံးများက တအံ့တဩပြူးကျယ်လာလေ၏။
စုရှောင်လန်က မျက်လုံးလှန်လိုက်ပြီး လန်ရန်ဆီသို့သွားကာ သူမ၏ ကျောကို ပုတ်ပေးလိုက်၏။ "နင်မှာစိုးလို့ အစားစားနေတုန်း မရယ်ဖို့ ငါမပြောဘူးလား။ ငါ့စကားကို နားမထောင်ရင် ဘာဖြစ်မလဲ သိပြီလား။"
အန်လင်း " ..."
သူမ၏လည်ချောင်းထဲတွင် တစ်နေသော အစာများကို အန်ထုတ်ပြီးနောက် လန်ရန်က ဆက်လက်ရယ်မောလိုက်လေ၏။ "ဟားဟားဟား... ဒါပေမဲ့ အဲ့နာမည်က အရမ်း ရယ်ရတာပဲ။ တပိုင်ရဲ့ လစ်လျူရှုခြင်း ခံရသော ပေါက်စီများ ဟုတ်လား။ တပိုင်က ငတုံးမို့လား။ သူက ဒီလောက် အရသာရှိတဲ့ အစာသွပ်ပေါက်စီတွေကို ဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်မှာလဲ။ ဟားဟားဟား..."
"ဖူးးး..." လန်ရန်၏ ရယ်သံများက ကူးစက်တတ်ပုံ ပေါ်ပြီး အန်လင်းနှင့် စုရှောင်လန်တို့ နှစ်ဦးစလုံး သူမနှင့် လိုက်ပြီး စတင်ရယ်မောပြုလာလေ၏။
တပိုင်က သူမအား သူ့၏ မျက်လုံးကြီးကြီးများဖြင့် ခပ်စိမ်းစိမ်းကြည့်လိုက်၏။ "အစ်ကိုကြီး အန်၊ သူက ခွေးတွေကို မကောင်းပြောနေတယ်။ ဝုတ်..."
အန်လင်းက တပိုင်၏ ခေါင်းကို ပုတ်လိုက်ကာ သူ့၏ဒေါသ လျော့ပါးသွားစေရန် ပေါက်စီအပြည့်နှင့်ပေါင်းအိုးတစ်အိုးပေးလိုက်၏။
ပိုင်လေးနှင့် စုရှောင်လန်က စကားတပြောပြောနှင့် ရယ်မောကာ ဂိုဏ်းထဲသို့ဝင်သွားပြီးနောက် အန်လင်းက ခွေးကျောပေါ်မှ သူတို့နောက်လိုက်သွားလေတော့၏။
သူတို့၏ သွားလာမှုက ပတ်ဝန်းကျင်မှ တပည့်အများအပြား၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေလေ၏။
အများစုက ဦးဆောင်သွားနေသော အလှပဂေး နှစ်ဦးကို ကြည့်နေကြသော်လည်း အန်လင်းအား အနည်းငယ်ရင်းနှီးနေသော သူတစ်ချို့လဲ ရှိလေ၏။ သူစီးနေသော ခွေးကြီးကပင် ပို၍ရင်းနှီးနေပြီး ချစ်စဖွယ် မျောက်ရုပ်ဆိုးကို တွေ့သောအခါ နောက်ဆုံးတွင် သဘောပေါက်သွားလေတော့၏။
သေစမ်း။ အဲဒါ နတ်ဘုရားမ စုရှောင်လန်ကို ငါတို့ဆီက ယူသွားတဲ့ကောင် အန်လင်းပဲ။
အန်လင်းက သူ့အားဝိုင်းကြည့်နေကြသော အမျိုးသား တပည့်များ၏ မလိုမုန်းတီးသော အကြည့်များတွင် နစ်မြုပ်နေပေတော့၏။ အန်လင်းက သူတို့ထဲမှ တစ်ယောက်က ခုန်ထွက်လာကာ သူ့အား စိန်ခေါ်ရန် အလိုရှိနေပေတော့၏။
သူက ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ပြီးသည်မှစပြီး ကြွားဝါရန် အခွင့်အရေးမရသေးပါပေ။ တချို့သော ခပ်တုံးတုံး တပည့်များက ရှေ့တက်ကာ သူ့အတွက် အမြှောက်ဆံလုပ်ပေးမည်ဆိုလျှင် သူက အလွန်တက်ကြွနေပေလိမ့်မည်။
သို့သော်လည်း သူ့၏ ဆန္ဒက မပြည့်ဝလိုက်ပါ။ အမျိုးသားတပည့်များအားလုံးက သူ့ကို အဝေးမှသာ ငေးကြည့်ပြီး ရန်မူဟန် မပြလာပါချေ။
သို့ဖြစ်၍ အန်လင်းက စုရှောင်လန်အနောက်မှ လိုက်လာကာ ဂိုဏ်း၏ အတွင်းပိုင်းဒေသသို့ ခရီးဆက်လာခဲ့ကြ၏။
အလွန်အမင်း နွေးထွေးသော အပူလှိုင်းတစ်ခုက သူ့ထံသို့ ကျရောက်လာပြီး အလွန်သက်တောင့်သက်သာဖြစ်စေ၏။
လမ်းသွယ်လေး၏ ဘေးနှစ်ဘက်မှာ အနီတောက်တောက် မေပယ်ရွက်များနှင့် အနားသတ်ထားပြီး မြေပြင်ပေါ်မှ မီးတောက်တိမ်တိုက်တစ်ခုအသွင် ဖြစ်နေစေ၏။ လေပြည်ညင်းလေးက တိုက်ခတ်သွားပြီး မေပယ်ရွက်များကို လေထဲသို့ လွင့်ပျံသွားစေကာ မေပယ်ရွက်များက ေလအဝေ့တွင် မီးတောက်နတ်သမီးများကဲ့သို့ ကခုန်နေလေ၏။
မေပယ်ရွက်များ အနားသတ်ထားသော ထိုလမ်းသွယ်၏ အဆုံးတွင် ပေတစ်ရာနီးပါးမြင့်သော အဆောက်အဦးတစ်ခု ရှိလေ၏။ ထိုသည်က ရှေးဟောင်းအငွေ့အသက်များ ခံစားရသော ကြီးကျယ်ခမ်းနားသည့် အဆောက်အဦးတစ်ခုဖြစ်ကာ ထိုအရာမှ အစွမ်းထက် အော်ရာခပ်ဖျော့ဖျော့က ထွက်ပေါ်နေကာ ကြည့်ရှုသူတိုင်းကို ကြောက်ရွံ့ရိုသေစေသော ခံစားချက်ပေးနေ၏။
"ညီမ ငါတာအို စားပွဲက စောင့်မယ်နော်။" လန်ရန်က လက်ယမ်းနှုတ်ဆက်လိုက်၏။
အန်လင်းက ဗာမီလီယမ်ငှက်ဂိုဏ်းတွင် တာအို စားပွဲရှိပြီး ထိုအပေါ်တွင် ဉာဏ်ပွင့်လင်း မီးနတ်ဘုရားကျောက်တုံး ရှိသည်ကို သိထား၏။ စုရှောင်လန်က သူမ၏ ပိုင်နက်နယ်မြေကို နိုးထချင်ပါက ဉာဏ်ပွင့်လင်း မီးနတ်ဘုရားကျောက်တုံးက သူမအတွက် အထောက်အကူကြီးကြီးမားမားရစေမည်ဖြစ်၏။
"အကြီးအကဲ ကျူယွမ်ကျိုးက ဒီကနေစပြီး နင့်ကို ဂရုစိုက်ပေးလိမ့်မယ်။ သူက အတော်လေး စိတ်တိုတတ်တယ်နော်။ အဲ့တော့ သူ့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံဖို့ သတိရအုံး။" စုရှောင်လန်က အန်လင်းအား အသံတိုးတိုးဖြင့် သတိပေးလိုက်၏။
"ပြဿနာ မရှိပါဘူး။ အစာသွပ်ပေါက်စီအပြည့်ပါတဲ့ ပေါင်းအိုးတစ်အိုး ဂရုမစိုက်တာ ဘာမှမရှိဘူး။ ရှိနေရင်လဲ ပေါင်းအိုး၁၀အိုးက လှည့်ကွက်ကို လုပ်သွားလိမ့်မယ်။" အန်လင်းက ယုံကြည်ချက်အပြည့်နှင့် ပြန်ဖြေလာ၏။
စုရှောင်လန်က မျက်လုံးလှန်လိုက်၏။ "နင်က တကယ်ကြီး အကြီးအကဲကျူကို သွားပြီး စိတ်တိုအောင်လုပ်ရင် အစာသွပ်ပေါက်စီ ပေါင်းအိုး၁၀၀ရှိလဲ နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူးနော်။"
သူတို့နှစ်ဦးက မကြာမီပင် အဖြူရောင် အဆောက်အဦးထဲသို့ ဝင်လာပြီး အပေါ်ဆုံး အထပ်သို့တက်ကာ တံခါးအပြင်ဘက်မှ စောင့်နေလေတော့၏။
တံခါး၏ တစ်ဖက်တစ်ချက်စီတွင် မတ်တပ်ရပ်ကာစောင့်ကြပ်နေသော အနီရောင်ဝတ်ရုံနှင့် တပည့် နှစ်ယောက်ရှိ၏။ သူတို့က တည်ကြည်သော မျက်နှာကို ဆင်မြန်း၍ ရှေ့တည့်တည့်သို့သာ ကြည့်နေကာ အစွမ်းထက်အော်ရာများက သူတို့၏ကိုယ်မှ ထွက်နေလေ၏။ အန်လင်းနှင့်တခြားသူများက နီးကပ်လာသော်လည်း သူတို့က နည်းငယ်မျှပင် မလှုပ်ပါချေ။
စုရှောင်လန်က တံခါးအပြင်မှ ရိုရိုသေသေ ဦးညွတ်လိုက်၏။ "ဗာမီလီယမ်ငှက်ဂိုဏ်းမှ စုရှောင်လန် အကြီးအကဲကျူကို တွေ့ခွင့်တောင်းပါတယ်။"
"ဟားဟား... အဲ့တော့ရှောင်လန် ပြန်လာပြီပေါ့။ ငါမင်းတောင်းဆိုတာကြားတယ်။ ဝင်ခဲ့လေ။" ကြမ်းရှပြီး ဟက်ဟက်ပက်ပက်ရယ်သံတစ်ခုက အခန်းထဲမှ ထွက်ပေါ်လာ၏။
တံခါးက သူ့အလိုလို ပွင့်သွားပြီး အန်လင်းက ကြက်သွေးရောင် ဆံပင်၊ မုတ်ဆိတ်တို့ဖြင့် သူ့ကိုပြုံးကားကြည့်နေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး တွေ့လိုက်ရ၏။
"မင်းက ရှောင်လန်ရဲ့ သူငယ်ချင်းကောင်း အန်လင်း ဖြစ်ရမယ်။" အကြီးအကဲ ကျူက အပြုံးဖြင့်ပြောလာ၏။
အန်လင်းက ချက်ချင်းပင် တုံ့ပြန်အရိုအသေပေးလိုက်၏။ "ဂျူနီယာ အန်လင်း အကြီးအကဲကျူကို အရိုအသေးပေးပါတယ်။"
အကြီးအကဲကျူက နားလည်ရခက်သော အပြုံးတစ်ခုနှင့် သူ့၏ မုတ်ဆိတ်ရှည်ကို သပ်လိုက်၏။ "မင်းက ငါတို့ဂိုဏ်းရဲ့ မြင့်မြတ်မီးတောက် စွမ်းအားကို ရချင်တယ်လို့ ငါကြားတယ်။ မင်က ငါတို့ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်ဖြစ်လာရင်ရော ဘယ်လိုလဲ။ အဲဒါဆို မင်းအတွက် တစ်ယောက်ယောက်နဲ့ နီးစပ်ဖို့လဲ ပိုပြီး လွယ်သွားမှာ...။"
အန်လင်းက တုန့်ပြန်ရန် အခွင့်အရေးမရခင်မှာပင် စုရှောင်လန်က သူ့အစား ဒေါသတကြီး ပြန်ဖြေပေးလိုက်၏။ "အကြီးအကဲ ကျူ၊ ကျွန်မကို ပြောတုန်းက သူ့အတွက် အမည်ခံတပည့်နေရာကို စီစဉ်ပေးမှာဆို။ ပြောပြီးသားစကားတွေကို မေ့မပစ်လိုက်နဲ့နော်။"
စုရှောင်လန်၏ ဒေါသနှင့် ရင်ဆိုင်ရသော်လည်း အကြီးအကဲကျူက ဒေါသမထွက်ပဲ ထို့အစား အနည်းငယ်ေကျနပ်သွားပံုရကာ ပြောလာ၏။ "မင်းတို့ပဲကြည့်တော့ကွာ။ အန်လင်းကတောင် ဘာမှမပြောရသေးဘူး နင်ကသူ့ကို ကာပေးနေပြီ။"
သူ့စကားများကို ကြားသောအခါ ချက်ချင်းပင် စုရှောင်လန်၏ မျက်နှာထက်တွင် ရှက်သွေးဖြာလာလေ၏။ သူမက ပါးစပ်ဖွင့်ကာ ပြန်ခံပြောမည့်အချိန်တွင် ဤစကားစစ်ပွဲ၌ အနိုင်မရနိုင်ဟု ဆုံးဖြတ်လိုက်ပြီး ထိုအစား သူမ၏ သိုလှောင်လက်စွပ်ထဲမှ အစာသွပ်ပေါက်စီအပြည့်ပါသော ပေါင်းအိုး အခု၂၀ကို ထုတ်လိုက်၏။
ဘမ်း...
အစာသွပ်ပေါက်စီ ပေါင်းအိုးအခု၂၀က မျက်နှာကြက်အထိ မျှော်စင်ငယ်တစ်ခုဖြစ်ပေါ်လာစေ၏။
အကြီးအကဲကျူက ပေါင်းအိုးအပုံလိုက်ကြီးကို တွေ့သောအခါ အလွန်ကြောင်အသွား၏။ "ရှောင်လန် ဒါက ဘာဆိုလိုတာလဲ။"
"ဒီဟာတွေက အန်လင်းလက်ဆောင်အနေနဲ့ ယူလာတာတွေ။ ၁၀ခုက ဦးလေးအတွက် ကျန်တဲ့ ၁၀ခုက ဂိုဏ်းချုပ်အတွက်။" စုရှောင်လန်က ဖြေလိုက်၏။
သူက ခေါင်းခါကာ ဟာသတစ်ခုသဖွယ် ရယ်မောနေတော့၏။
အကြီးအကဲကျူက အစာသွပ်ပေါက်စီတစ်လုံးကို ယူကာ ကိုက်လိုက်ပြီး စိတ်မပါ့တပါ ချီးကျူးတော့မည့်အချိန်တွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားကာ အရူးတစ်ယောက်သဖွယ် ဝါးလိုက်တော့၏...။
သူက အန်လင်းကို အံ့ဩတကြီးကြည့်ကာ တည်တည်ငြိမ်ငြိမ်အမူအရာကို ဆက်လက်ဆင်မြန်းထားသော စုရှောင်လန်ဆီသို့ လှည့်လိုက်ကာ အစာသွပ်ပေါက်စီများကို သူ့ပါးစပ်ထဲသို့ ထိုးထည့်နေလေတော့သည်။
တစ်မိနစ်အကြာတွင် ပေါင်းအိုးတစ်ခုလုံး ကုန်သွားလေပြီ။
"ငါ့ တူမအလိမ္မာလေး၊ ငါ့ အစ်ကိုကြီးက လောလောဆယ် ဂိုဏ်းမှာမရှိဘူးဆိုတော့ သူ့အစား ဒီအစာသွပ်ပေါက်စီတွေအကုန် ငါပဲ လက်ခံထားလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် အကြာကြီးသိမ်းထားရင်လဲ မကောင်းဘူးလေ။" အကြီးအကဲကျူက ရယ်မောကာ သူ့မျက်လုံးများက တောက်ပနေပြီး ချက်ချင်းပင် ကျန်နေသော ပေါင်းအိုး၁၉ခုကို သူ့၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။
စုရှောင်လန်က အကြီးအကဲကျူကို စိုက်ကြည့်ပြီး မကျေမနပ်အသံတိုးတိုးပြုလိုက်၏။ "သိုလှောင်လက်စွပ်ထဲမှာ သိ်မ်းထားတဲ့ အစားအသောက်က မကောင်းတော့ဘူးဆိုတာ ပထမဆုံး ကြားဖူးတာပဲ...။"
"အာ..." အကြီးအကဲကျူက ရှက်သွားပြီး ခပ်ပေါ့ပေါ့အပြုံးဖြင့် လက်ယမ်းပြလိုက်၏။ "ငါအန်လင်းကို သေချာဂရုစိုက်ပေးပါမယ်ဟ။ ဂိုဏ်းချုပ်ကို ဒီအစာသွပ်ပေါက်စီတွေပေးဖို့မလိုပါဘူး။"
အန်လင်၏ စိတ်ထဲတွင်တော့ သတင်းအချက်အလက်များ အလွန်များခြင်းကြောင့် အလုပ်များနေလေ၏။
တူမ...။ အစ်ကိုကြီး...။
စုရှောင်လန်က အကြီးအကဲကျူနဲ့ ဒီလောက်ထိ ရင်းရင်းနှီးနှီးစကားပြောနေတာ အံ့ဩစရာ မရှိတော့ဘူး။ သူတို့က အမျိုးတွေဟ။ ဂိုဏ်းချုပ်ကတောင် သူမရဲ့ ဦးလေးပဲ။
အန်လင်းက ကောင်းကင်သို့မော့ကြည့်ကာ သက်ပြင်းချလိုက်၏။
လက်ရှိလူ့အဖွဲ့အစည်းရဲ့ နေရာတိုင်းမှာ အနောက်တံခါးက ဝင်လာတဲ့လူတွေ တကယ်ကို အများအပြားရှိနေတာကိုး။ သူ့လို စစ်မှန်ပြီး သန့်စင်တဲ့ ထူးချွန်သူတွေက မျိုးသုဉ်းလုနီးပါး မျိုးစိတ်တွေ ဖြစ်လာကြပြီပဲ။
***