← Chapters

သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်း

Vol. 29 Ch. 409

သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်း

Vol. 29 Ch. 409

ထို့နောက်သိပ်မကြာမီမှာပင် အန်လင်းက အကြီးအကဲကျူ၏ နောက်မှ လိုက်လာကာ ကြိမ်ဆိုခြင်း စားပွဲသို့လိုက်လာပြီး တရားဝင် အမည်ခံတပည့်တစ်ဦးဖြစ်လာရန် ကြိမ်ဆိုခြင်းတစ်ခုကို ပြုလုပ်လိုက်၏။

အန်လင်းက အမည်ခံတပည့်တစ်ယောက်ဖြစ်လာရန် ရွေးချယ်လိုက်ခြင်းမှာ ထိုသည်က သူ့အား လွတ်လပ်မှု အများအပြားပေးပြီး သူက မည်သည့် တာဝန်ကိုမှ မယူချင်သောကြောင့်ပင်။

တည့်တိုးပြောရပါက အမည်ခံတပည့်များမှာ မည်သည့်ဆရာကမှ မသင်ပေးချင်သော တပည့်များဖြစ်ကြ၏။

သာမန်အခြေအနေများ အောက်တွင် အမည်ခံတပည့်များက ဂိုဏ်း၏ အဓိကအကိုင်းများကို ဝင်ခွင့်မရှိပါပေ။ သူတို့အား အမြဲလိုလိုပင် ဘေးဘက်အကိုင်းများဆီသို့သာ တပ်ဖြန့်ထားပြီး အခြေခံ ကျင့်ကြံခြင်း နည်းလမ်းများကို သူတို့ဘာသာသူတို့ လေ့လာရမည် ဖြစ်သည်။

သို့သော်လည်း ထိုအရာများအားလုံးကို ဘေးဖယ်ထားပါက အန်လင်းက ယခုတွင် ဗာမီလီယမ်ငှက်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဗာမီလီယမ်ငှက်ဂိုဏ်း၏ အစွမ်းအထက်ဆုံး အမည်ခံတပည့်ဖြစ်လေ၏။

လက်ရှိတွင် ဒုတိယအစွမ်းအထက်ဆုံး တပည့်မှာ တာအိုခန္ဓာ အဆင့်၉ကို ရောက်ရှိပြီးခါစဖြစ်ကာ ဂိုဏ်း၏ တရားဝင်တပည့်ဖြစ်လာရန် အဆင့်တက်တော့မည်ဖြစ်သည်။

ဘုန်း...

အန်လင်း၏ ခန္ဓာကိုယ်ပေါ်တွင် နီရဲရဲချိတ်စည်းတစ်ခုက အလိုလိုပေါ်လာ​လေ၏။

အန်လင်းက ယခုတွင် ​နေရာအနှံ့မှ စွမ်းအား၏ အကာအကွယ်အောက်တွင် ရှိနေသည်ကိုခံစားမိ၏။ ထိုသည်မှာ မြင့်မြတ်မီးတောက်၏ အစွမ်းဖြစ်ပြီး သူက ယခုတွင် မြင့်မြတ်မီးတောက်၏ ကောင်းချီးပေးခံရသည်ဖြစ်ရာ ထိုသည်က ဗာမီလီယမ်ဂိုဏ်း၏ အဖွဲ့အဝင်တစ်ဦးအဖြစ် သူ့အားအတည်ပြုပေးနေ၏။

"နောက်ထပ် မင်းက ဗာမီလီယမ်ငှက်ရဲ့ စမ်းသပ်ပွဲကို ဝင်ပြီးတော့ ဗာမီလီယမ်ငှက် မီးတောက်တောင်ပံရဲ့ အလင်းတန်းကို ရယူဖို့ ကြိုးစားရမယ်။ အဲဒါမှ မင်းက မြင့်မြတ်ဗာမီလီယမ် မီးတောက်နဲ့ ထိတွေ့ခွင့်ရမှာ။" အကြီးအကဲကျူက အစားသွပ်ပေါက်စီကိုဝါးနေရင်းမှ ​ဖြေးဖြေးချင်းပြောလာ၏။

အန်လင်းက ခါးကိုင်းကာ အရိုအသေးပေးလိုက်၏။ "ကူညီပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲကျူ ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။"

"အန်လင်း၊ ဗာမီလီယမ်ငှက်ရဲ့ စမ်းသပ်မှုတွေက သီးခြားနေရပ်လပ်တစ်ခုပဲ။ အဲ့ထဲမှာ အသွင်ပြောင်းသားရဲတွေရော အန္တရာယ်များတဲ့ တားမြစ်နယ်ပယ်တွေရော အများကြီးပဲ။ အဲ့တော့ အရာအားလုံးထက် အန္တရာယ်ကင်းဖို့ကို အဓိကထားပြီး နင်မကိုင်တွယ်နိုင်တော့ရင် ဆက်ပြီး အတင်းလုပ်မနေနဲ့။" စုရှောင်လန်က သတိပေးလိုက်၏။

"စိတ်ပူမနေပါနဲ့ဟာ။ ဒီမှာနေပြီး ငါအောင်အောင်မြင်မြင်နဲ့ ပြန်လာတာသာ စောင့်နေစမ်းပါ။ ငါပြန်ရောက်လာတဲ့အချိန်ကျရင် နင်လည်း ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ဝက်အဆင့်ကိုရောက်နေမယ်လို့ မျှော်လင့်ပါတယ်။" အန်လင်းက စုရှောင်လန်၏ ပခုံးလေးအား ယုံကြည်ချက်အပြည့်ဖြစ်သော အပြုံးလေးဖြင့် ပုတ်လိုက်၏။

စုရှောင်လန်က ခေါင်းငြိမ့်ပြပြီး အန်လင်း၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်ကာ ညင်သာသော အသံလေးဖြင့် နှုတ်ဆက်စကား ဆိုလိုက်၏။ "ဟုတ်ပြီ။ အဲဒါဆိုလဲ တခြားတစ်ဖက်မှာ တွေ့ကြမယ်။"

သူ့မျက်စိရှေ့တွင် ဖြစ်နေသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံရသောအခါ အကြီးအကဲ ကျူ၏ မျက်လုံးများက သူ့ဦးခေါင်းအပြင်သို့ ထွက်ကျတော့မလိုပင် ဖြစ်သွား၏။ သူ့တူမက ဒီလောက်ထိ ညင်သာနေ လုံးဝ မဖြစ်နိုင်ဘူး။

စုရှောင်လန်က ထွက်ခွာသွားပြီး အန်လင်းက အကြီးအကဲ ကျူနောက်မှ အကွာအဝေးဂိတ်တံခါး၏ ဝင်ပေါက်ဆီသို့ လိုက်လာလေ၏။

သူက ဗာမီလီယမ်ငှက်ဂိုဏ်း၏ စမ်းသပ်မှုများကို လက်ခံရရှိလိုပါက သူက ဤအကွာအဝေး ဂိတ်တံခါးကို ဖြတ်သွားရပေမည်။

ထိုနေရာ၌ စုစည်းနေကြသော ​ဂိုဏ်းတပည့် ငါးဦး ရှိပြီး သူတို့အားလုံးမှာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည်မှာ သိသာလှပေ၏။

သူတို့ငါးယောက်စလုံးက အကြီးအကဲ ကျူကို မြင်သည်နှင့် ချက်ချင်းပင် လေးစားစွာဖြင့် အရိုအ​သေပေးလိုက်၏။

အကြီးအကဲ ကျူက တည်ကြည်လှသော မျက်နှာထားဖြင့် ပြောလိုက်၏။ "အန်လင်းက ဒီငါးနှစ်တစ်ကြိမ် ပြုလုပ်တဲ့ ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ စမ်းသပ်မှုတွေမှာ ပါဝင်ဖို့လာခဲ့တာပဲ။ ဗာမီလီယမ် စမ်းသပ်ခန်းထဲရောက်တဲ့အခါ သူ့ကို ဂရုစိုက်ပေးဖို့ မမေ့ကြနဲ့။ နားလည်လား။"

တပည့် ငါးယောက်မှာ အနည်းငယ်တုန့်ဆိုင်းသွားပြီး လေးစားစွာ​ခေါင်းငြိမ့်ပြကြ၏။ သူတို့က တစ်ခွန်းမှ မပြောသော်လည်း မနှစ်မြို့သည့် အံ့အားသင့်မူများက သူတို့မျက်နှာထက်တွင် အတိုင်းသားပေါ်နေလေ၏။

အန်လင်းသည်ကို ထိုသည်ကိုကြားသောအခါ အတော်လေးပင် အံ့ဩသွားရ၏။ ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ စမ်းသပ်မှုတွေက ငါးနှစ်တစ်ကြိမ်လား။

သူ့ရှေ့မှ ဂိုဏ်းတပည့်ငါးယောက်မှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အော်ရာများပိုင်ဆိုင်ထားသည်မှာ ထိုစမ်းသပ်ချက်များက မည်မျှထူးခြားသည်ဆိုသည်အား မီးမောင်းထိုးပြနေ၏။ ထို့အပြင် ဤငါးနှစ်တစ်ကြိမ် စမ်းသပ်မှုထဲတွင် ပါဝင်သူအနည်းငယ်သာရှိသည်မို့ ဤအနည်းငယ်သောနေရာများအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ချေရှိပေ၏။ အန်လင်းက မြင့်မြတ်မီးတောက်ကို ရလိုသည်ဟု ပြောစဉ်က စုရှောင်လန်က ဂိုဏ်းဆီသို့ တစ်လအတွင်းပြန်ကြမည်ဟု သူ့အား ပြောခဲ့၏။ သူမက ထိုအချိန်သည်က ဗာမီလီယမ်ငှက်ဂိုဏ်း၏ စမ်းသပ်မှုများ ပြန်ဖွင့်မည့် အချိန် ဖြစ်သည်ကို သိထားပြီး ဖြစ်သည်မှာ ရှင်းလင်းလှ၏။

စုရှောင်လန်က သူ့အား ဤအရာများအားလုံးကို မပြောပြခဲ့သည်မှာ သူ့စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဖြစ်နိုင်ပေ၏။

အန်လင်းက သူမ၏ အပြုအမူကြောင့် အလွန်ပင် ရင်ထဲထိသွားရ၏။

"ဒီဟာက မင်းကို ဒီနေရာအတိအကျဆီကို ပြန်ခေါ်လာမဲ့ နေရာကူးပြောင်းတံဆိပ်ပဲ။ မင်းက ဗာမီလီယမ်ငှက် မီးတောက်တောင်ပံရဲ့ အလင်းတန်းကို ရပြီးရင် ဒါမှမဟုတ်လဲ မင်းမကျော်လွှားနိုင်တဲ့ အန္တရာယ်တွေကြုံလာခဲ့ရင် အဲ့ထဲကို မင်းရဲ့သက်ရှိစွမ်းအင်ထိုးသွင်းပြီးတော့ အသက်သွင်းလိုက်။ ဂိတ်တံခါးဖွင့်ဖို့ တစ်နာရီလိုသေးတယ်။ အဲ့အချိန်ကို ယူပြီးတော့ မင်းကိုမင်း အကောင်းဆုံးအခြေအနေဖြစ်အောင်ပြင်ဆင်ထား။" အကြီးအကဲကျူက အန်လင်းအား အနီရောင် တံဆိပ်တစ်ခုကို ကမ်းပေးရင်း ညွှန်ကြားလာ၏။

အန်လင်းက တံဆိပ်ကို လက်ခံလိုက်ပြီး သူ့၏ ကျေးဇူးတရားကိုဖော်ပြရန် ထပ်မံ အရိုအသေပေးလိုက်၏။

အကြီးအကဲကျူက ထွက်ခွာသွားပြီး အန်လင်းကို ဗာမီလီယမ်ဂိုဏ်းတပည့် ငါးဦးနှင့် ချန်ရစ်ထားခဲ့တော့သည်။

"ငလူး... အန်လင်း၊ မင်းက တကယ်ကြီး ငါတို့ဂိုဏ်းထဲဝင်လာတာလား။ မင်းက ဗာမီလီယမ်ငှက်ရဲ့ စမ်းသပ်မှုတွေမှာတောင် ပါဝင်ခွင့်ရတယ်။"

ပတ္တမြားနီရောင် မျက်ဝန်းများနှင့် အမျိုးသားတစ်ဦးက အန်လင်းဆီသို့ တအံ့တဩနှင့် လျှောက်လာလေ၏။

အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွား၏။ "သခင်လေး မိုဟိုင်၊ အဲ့လို မပြောပါနဲ့ဗျ။ အဲ့လိုမှမဟုတ်ရင် ဒီဟာက မနက်ဖြန်အတွက် မင်းတို့ဂိုဏ်းရဲ့ ထိပ်ဆုံးသတင်းထပ်ဖြစ်သွားမယ်နော်။"

ထိုအမျိုးသားမှာ တခြားသူမဟုတ်ပါပေ။ ဗာမီလီယမ်ငှက်ဂိုဏ်း၏ လူငယ်မျိုးဆက်သစ်ထဲတွင် အသန်မာဆုံးသောသူ မိုဟိုင်ပင်ဖြစ်၏။

အန်လင်းက သူ့အား သေသေချာချာကို မှတ်မိနေပါသည်။

နောက်ဆုံးတော့ မိုဟိုင်မှာ ရှောင်ချိုး၏ မီးတောက်များထဲတွင် ရေပူချိုးရသကဲ့သို့ ပိတ်မိနေခဲ့ဘူးသော ထိုငကြောင်ကောင်ဖြစ်လေ၏။

"ခေါင်းစည်းက သိပ်ဆိုးတဲ့ပုံ မရပါဘူး။ အဲဒါက ဘာပဲဖြစ်ဖြစ် အရင်က ကိစ္စပဲလေ။ ဒါနဲ့ အစ်ကို​မျောက်ရော ဘယ်မှာလဲ။ ငါဘာလို့ မတွေ့တာလဲ။" မိုဟိုင်က မျှော်လင့်တကြီးနှင့် ပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်၏။

အန်လင်းက ပြန်ဖြေလိုက်၏။ "ရှောင်ချိုးနဲ့ တပိုင်က အပြင်က ခြံဝန်းထဲမှာ အနားယူနေကြတယ်။ သူတို့က ဗာမီလီယမ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေမဟုတ်ဘူး အဲ့တော့ သူတို့က ဗာမီလီယမ် ငှက်ဂိုဏ်းရဲ့ စမ်းသပ်မှု အခန်းတွေထဲကို ဝင်လို့မရဘူး။"

"ဟင်... အဲဒါဆို မင်းပြောချင်တာက မင်းကတော့ ဗာမီလီယမ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ပေါ့ ဟုတ်လား။ မင်းက မြင့်မြတ်မီးတောက်ရဲ့ စွမ်းအင်ကို ရမယ်လို့ စိတ်ကူးယဉ်နေတဲ့ ခွေးတိုးပေါက်က တိုးလာတဲ့သူသာသာပါ။ မင်လိုမျိုး အမှိုက်တွေက ဗာမီလီယမ်ငှက်ရဲ့ လက်ခံမှုကိုရပြီး ဗာမီလီယမ်ငှက် မီးတောက်တောင်ပံရဲ့ အလင်းတန်းကို ထိခွင့်ရမှာ မဟုတ်ဘူး။" အေးစက်ပြီး သရော်လှောင်ပြောင်သည့်အသံက ရုတ်တရက် ထွက်လာပေ၏။

အန်လင်းက အသံလာရာကို ကြည့်လိုက်သောအခါ မလိုမုန်းထားအပြည့်မျက်နှာဖြင့် သူ့အားစိုက်ကြည့်နေသည့် ချောမောလှသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရ၏။

သူက ဘာဆက်လုပ်မလဲ လမ်းပျောက်နေပေ၏။ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ရုတ်တရက်ကြီး သူကဘာလို့ တိုက်ခိုက်ခံနေရတာလဲ။

သူက အလွန်စိတ်လှုပ်ရှားနေပြီ ဖြစ်၏...။ သူက ပြန်လည်တိုက်ခိုက်သင့်သည်လား။

သူက စိတ်ဆုံးဖြတ်ရန် အခွင့်အရေး မရလိုက်ခင်မှာပင် မိုဟိုင်က သူ့အစား ပြန်တုံ့ပြန်လိုက်၏။ "သူ့ကို စိတ်ထဲမထားနဲ့ အန်လင်း။ သူက လူတိုင်းကို လိုက်ပြီးမနာလိုဖြစ်နေတဲ့ ကောင်ချောလေးတစ်ယောက်ပဲ။ ငါမင်းကို ရိုးရိုးသားသားပြောပြတာ ဒါပေမဲ့ စုရှောင်လန်ကတော့ သူ့နာမည်ကို မသိလောက်ဘူး။ မင်းက စုရှောင်လန်နဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေတော့ သူက မနာလိုဖြစ်ပြီး မင်းကို ခွေးရူးလို ကိုက်ချင်နေတာ။"

"မိုဟိုင် မင်း စကားကိုကြည့်ပြောစမ်း။" အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ညီအစ်ကို ကျိယုံဖန်၊ စကားကို ကြည့်ပြောသင့်တာ မင်းကွ။ ဗာမီလီယမ်ဂိုဏ်းကို ဂုဏ်သရေကို မညိုးနွမ်းစေနဲ။" မိုဟိုင်က ပြန်ပြောလိုက်၏။

ထိုအချိန်များတွင် အန်လင်းက စိတ်ရှုပ်ထွေးကာ အပြစ်ကင်းစင်သည့် အမူအရာဖြင့် ဘေးထွက်ရပ်နေပေ၏။ ဒီဟာက ဘာလဲဟ။

ဘာလို့များ စုရှောင်လန်ကို စည်းရုံးလို့မရတာနဲ့ပဲ ကျိယုံဖန်က သူ့ကိုလာပြီး အပစ်တင်ချင်နေရတာလဲ။

ဒီစောက်ရူးရဲ့တိုက်ခိုက်ခြင်းကို သူက ဘာလို့ခံနေရတာလဲ။ သူက ဒီအတိုင်း စုရှောင်လန်ရဲ့ သူငယ်ချင်းလေးပဲကို...။

ယနေ့ခေတ်တွင် လူတိုင်းက သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် အားပေးနေသည်မို့ သူက ကျိယုံဖန်နှင့် ​ဆက်ဆံ​ရေး ပြေပြစ်စေရန် ရင်းနှီးသောအကြည့်တစ်ခု ပို့လွှတ်လိုက်၏။


"စုရှောင်လန်က ဘာလို့ မင်းကိုမလိုချင်ပဲ ငါ့ကို လိုချင်တာလဲ သိလား..."

"ဘာလို့လဲဆိုတော့... မင်းလိုချီးပုံကြီးကို ဘယ်သူမှ စကားမပြောချင်လို့ပဲ။ သူကငါလိုပဲ လှပတဲ့အံ့ဖွယ်ကျောက်စိမ်းလေးလေ။ မင်းလို ချီးတုံးကြီး မဟုတ်ဘူးကွ။"

အန်လင်းက လုံးဝပင် ကြမ်းကြုတ်သော ရှုံ့ချမှုတစ်ခုကိုပြောလိုက်ပြီး သူ့စကားလုံးများမှာ သူစကားပြော၍ ပြီးပြီးချင်းမှာပင် လေထဲတွင် ထပ်တလဲလဲ ပျံ့နေပုံရ၏။

မိုဟိုင်က တအံ့တဩနှင့် ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။

ကျိယုံဖန်က အန်လင်း၏ ပစ်ပစ်နှစ်နှစ် ဝေဖန်ခြင်းကြောင့် ကြောင်အသွားလေ၏။ သူက ဘာတွေဖြစ်နေလဲဆိုသည်ကို မသိတော့ပါပေ။

တခြားသော ဂိုဏ်းတပည့်၃ယောက်မှာ အန်လင်းကိုကြောင်ငေးကြည့်နေပြီးနောက် ကျိယုံဖန်ကိုကြည့်လိုက်ပြီး သူတို့ထဲမှ တစ်ယောက်က မအောင့်နိုင်တော့ပဲ အကျယ်ကြီးရယ်မောလာလေတော့၏။

"မင်း... မင်းကများ သတ္တိရှိလို့။"

ကျိယုံဖန်၏ အသံမှာ ဒေါသဖြင့် တုန်ယင်နေကာ သူ့သွေးများ ဆူပွက်လာတော့၏။

သူက ဘဝတစ်လျှောက်လုံး ဤကဲ့သို့ ဆူငေါက်ခြင်း မခံခဲ့ရပါပေ။

"သတ္တိရှိတဲ့ယောက်ျားတွေက ချီးပုံနင်းမိတတ်တယ်။" အန်လင်းက သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်၏။

လူတိုင်းက ထပ်မံ တိတ်ဆိတ်သွားပြန်တော့၏။

"ဖွီး... ဟားဟားဟား..." မိုဟိုင်သည်လည် ဟက်ဟက်ပက်ပက် ရယ်မောကာ အန်လင်း၏ ပခုံးကို လေးစားသမှုဖြင့် ပုတ်လိုက်၏။ "လန်းတယ် ညီလေး အန်လင်း၊ လူတွေကို ဆဲရေတဲ့အတတ်မှာတော့ မင်းတစ်ယောက်တည်းကိုပဲ အလေးပြုပါတယ်။"

တုခြားသော တပည့်နှစ်ဦးကလည်း အသိစိတ်ပြန်ဝင်လာပြီး သူတို့၏ ရယ်သံများကို ဖုံးကွယ်ရန် ပါးစပ်များကို ကာထားလိုက်ကြ၏။

ကျိယုံဖန်က ဒေါတသကြီး အံကြိတ်ထားသော်လည်း မည်သို့ ခွန်းတုံ့ပြန်ရမည်ကို မသိပါပေ။

အန်လင်း၏ ပါးစပ်မှာ ညစ်ညမ်း​သော အမြှောက်တစ်ခုဖြစ်ပြီး စကားစစ်ထိုးရာတွင် ပြိုင်ဘက်ကင်းဖြစ်ပေ၏။ သို့​သော်လည်း သူက အန်လင်းကို တိုက်ခိုက်ပါလျှင်လဲ ဂိုဏ်း၏ အပြစ်ပေးခြင်း ခံရပေလိမ့်မည်...။ အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ကျိယုံဖန်က ကြောက်မက်ဖွယ် အမူအရာကိုသာ ချန်ရစ်ထားနိုင်၏။

သူ့၏ ဆဲရေခြင်းလေးတစ်ခုက မည်သို့မည်ပုံ ဤကဲ့သို့ ပစ်ပစ်နှစ်နှစ် ရှည်လျားသည့် ရှုံ့ချမှုတစ်ခုကို ဆွဲထုတ်လာနိုင်သည်ကို နားမလည်နိုင်ပဲရှိနေ၏။

အန်လင်းက ကျိယုံဖန်၏ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း သူ့နောက်ကျောဘက်တွင် လက်သီးတင်းတင်းဆုပ်ထားလိုက်၏။ "ဟင်း... ဂိုဏ်းထဲမှာ သူ့လိုအမှိုက်ကို တွေ့နေရတာ ရင်နာစရာပဲ...။"

***

All Chapters