← Chapters

ဗာမီလီယမ်ငှက်ဂိုဏ်း၏ တပည့် အကျော်အမော်များ

Vol. 30 Ch. 410

ဗာမီလီယမ်ငှက်ဂိုဏ်း၏ တပည့် အကျော်အမော်များ

Vol. 30 Ch. 410

မိုဟိုင်က ပြုံးစစနှင့် အန်လင်း ပခုံးအား သိုင်းဖက်လိုက်ပြီး ကျိယုံဖန်ထွက်ခွာသွားသည်ကို ကြည့်လိုက်၏။ "သခင်လေး အန်လင်း၊ မင်းက တကယ့်ကို ကြမ်းတာပဲ။ တစ်ယောက်ယောက်က တခြားတစ်ယောက်ကို အဲ့လောက်ကြီး ဆဲဆိုတာကို မြင်ခဲ့တာ အတော်ကိုကြာနေပြီ။"

အန်လင်းက တည်တည်ကြည်ကြည် အမူအရာဖြင့် ခေါင်းခါလိုက်၏။ "သခင်လေး မိုဟိုင်၊ မင်းက ကြင်နာလွန်းနေပါပြီ။ ကျွန်တော်က ဒီအတိုင်း  ဂိုဏ်းအတွက် အမှိုက်ကောင်တွေကို ရှင်းပေးတဲ့ အစောင့်လေးပါဗျာ။"

မိုဟိုင်က စကားပြောလိုက်​သောအခါမှ အန်လင်းအား ပိုမို လေးစားသွား၏။

နွေးထွေးပြီး ချောမောသော သွင်ပြင်များနှင့် အမျိုးသားတပည့်တစ်ဦးက အန်လင်းဆီသို့သွားကာ လက်များဖြင့် အရိုအသေပေးလိုက်၏။ "ကျွန်တော်က ဗာမီလီယမ်ငှက်ဂိုဏ်းက လုကျီဇီပါ။ တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး အန်လင်း။"

"အာ... သခင်လေး လုကျီဇီ ကျွန်တော်လည်း ဝမ်းသာပါတယ်ဗျ။"

အန်လင်းသည်လည်း ဂုဏ်သရေရှိ မင်းသားတစ်ပါးကဲ့သို့ အရိုအသေပြန်ပေးလိုက်၏။

မိုဟိုင်က ထပ်မံ ရယ်မောချင်လာ၏။ အန်လင်း၏ ခြားနားသော အမူအကျင့်များကို ပြောင်းလဲနိုင်မှုမှာ အလွန်ပင်ကောင်းမွန်လွန်းလှ၏။


လုကျီဇီ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွား၏။ သူက မိုဟိုင်ကဲ့သို့ တခြားသူများကို ချီးကျူသည့်အခါ သူ့တို့ကိုယ်သူတို့ မသိမသာ အမွှန်းတင်တတ်သောသူများကို  သည်းမခံနိုင်ပါပေ။

အန်လင်းက စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်ပြလိုက်၏။ "အဲဒါက တကယ့်ကို ကြောက်မက်ဖွယ် ပါရမီပဲ။ ကျွန်တော်က ဝိညာဉ် ဖွဲ့စည်းအဆင့်ကို အသက်၂၀မှရောက်တာ။ အဲ့တော့ အခုကစပြီး ကျွန်တော့်ကို ဂရုစိုက်ပေးပါအုံးဗျ။"

မိုဟိုင် : "..."

လုကျီဇီ : "..."


မိုဟိုင်က မျက်လုံးလှန်လိုက်ပြီး "သခင်လေး အန်လင်း၊ မင်း ဒါကြီးက တမင်လုပ်နေတာ ဟုတ်တယ်မလား။"

"သူက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကိုရောက်တော့ ၂၃နှစ်ရှိနေပြီ။" လုကျီဇီက လည်ချောင်းရှင်းလိုက်ပြီး မုန်းတီးဖွယ်အပြုံးနှင့် မိုဟိုင်အစား ပြန်ဖြေလိုက်၏။

ဟီးဟီး... အဲဒါ ကြွားလို့ မင်းခံရတာလေ။ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်မြည်းကြည့်လိုက်စမ်း။

"ဟင်း... သခင်မလေး စုရှောင်လန်က တကယ့်ကို ဂိုဏ်းရဲ့ နံပါတ်တစ် ထူးချွန်သူပါ။ မင်းလိုမျိုးလူကပဲ ညီမ စုရှောင်လန်နဲ့ သင့်တော်ပါတယ်။" မိုဟိုင်က သက်ပြင်းချကာ ခေါင်းခါလိုက်၏။

"အို ဟုတ်သား။ စုရှောင်လန်က ငါ့ကိုပြောတာတော့ သူက မြင့်မြတ်မီးတောက်ရဲ့ စွမ်းအင်ကို သူ့ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ ဖြစ်ပေါ်စေပြီးပြီတဲ့။ ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ စမ်းသပ်မှုတွေက ငါးနှစ်တစ်ကြိမ်ဆိုရင် သူက ဗာမီလီယမ်ငှက် စမ်းသပ်မှုတွေကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဝင်ရောက်ပြီးသားလို့ ဆိုလိုတာမလား။ မင်တို့​တွေက ဘာလို့ နောက်ကျကျန်နေရတာလဲ။" အန်လင်းက သိလိုစိတ်အပြည့်နှင့် မေးလိုက်၏။

သခင်လေး မိုဟိုင်က အန်လင်းအား မျက်လုံးလှန်ပြလိုက်၏။ "သခင်လေး အန်လင်း၊ မင်းမှာ လူတွေကို ရိုက်ချချင်တဲ့ စွဲလမ်းမှုတစ်ခု များရှိနေတာလား။"

အန်လင်းက နားမလည်နိုင်စွာ မျက်တောင်ခတ်လိုက်၏။ ဤတစ်ကြိမ်တွင်တော့ သူက အမှန်တကယ်ကို တမင်လုပ်နေခြင်း မဟုတ်ပါပေ။

လုကျီဇီက အပြုံးတစ်ခုနှင့် ရှင်းပြလိုက်၏။ "ညီမ စုရှောင်လန်က အရမ်းကို သန့်စင်တဲ့ အံ့ဖွယ် ဇာမဏီသွေးမျိုးဆက်ရှိတာလေ။ သူမက ဗာမီလီယမ် စမ်းသပ်မှုတွေကိုတောင် ဝင်ပါစရာမလိုဘူး။ ဗာမီလီယမ်ငှက် မီးတောက်တောင်ပံက သူ့ဟာသူကို သူမကိုရှာခဲ့တာ။ စမ်းသပ်မှုက သူမအတွက် ဘာအန္တရာယ်မှမရှိပဲ သူမလုပ်ဖို့လိုတာဆိုလို့ ဗာမီလီယမ်ငှက် စမ်းသပ်မှုတွေထဲကိုဝင် တစ်နေရာတည်းမှာရပ်နေပြီး ဗာမီလီယမ်ငှက် မီးတောက်တောင်ပံက သူ့ဆီလာမှာကို စောင့်နေရုံပဲဟာ။"

"ငလူး... တကယ်ကြီး။ အဲဒါက ဖြတ်လမ်းနည်း သုံးတာနဲ့ တူတာပဲ။" အန်လင်းက မျက်လုံးပြူးကာ ဆိုလိုက်၏။

လုကျီဇီက မိုဟိုင်ကို ထူးဆန်းသောအပြုံးနှင့် ကြည့်လိုက်ပြီး ဆက်ပြောလာ၏။ "အစ်ကို မိုဟိုင်ရဲ့ သွေးမျိုးဆက်က တကယ်တော့ ညီမစုရှောင်လန်ရဲ့ အံ့ဖွယ်ဇာမဏီ သွေးမျိုးဆက်ထက် နိမ်တာမျိုးမဟုတ်ပါဘူး။ သူ့ရဲ့​သွေးမျိုးဆက် အုပ်စုကွဲက ဗာမီလီယမ်ငှက်မီးတောက်တောင်ပံနဲ့ မကိုက်တာပဲရှိတာ။"

"ဒါပေမဲ့ ညီမ စုရှောင်လန်က ရှန့်ယန်ရဲ့အမွေအနှစ်ကို လက်ခံပြီးကတည်းက သူ့ရဲ့ စစ်မှန်နဂါးသွေးမျိုးဆက်ကို နိုးထလာစေပြီးတော့ သွေးမျိုးဆက်နှစ်ခုကို တစ်ခုတည်းပေါင်းစည်းလိုက်တာ။ သူမရဲ့ သွေးမျိုးဆက်က အခုတော့ အစ်ကိုမိုဟိုင်ထက် နည်းနည်းသာနေပြီလေ။ ဖြစ်နိုင်တာတော့ နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာကို သူ့ရဲ့ ဂိုဏ်းနံပါတ်တစ် အထူးချွန်ဆုံးဆိုတဲ့နေရာကို သူမက ယူသွားလောက်မှာ..."

မိုဟိုင်မှာ လုကျီဇီ၏ စကားများကို ထိပ်တိုက်ကြုံရသောအခါ ပြန်ပြောစရာစကား လုံးဝ မရှိပါပေ။ အဆုံးတွင်တော့ သူက သက်ပြင်းချ၍သာ ပြောလာ၏။ "ညီလေး လုကျီဇီ ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့။ မင်းကို မိတ်ဆက်ပေးတဲ့အခါ မင်းက ငါပြီးရင် ဒုတိယ အတော်ဆုံးဆိုတဲ့ အကြောင်းကို ထည့်မပြောတော့ပါဘူး။ ဟုတ်ပြီလား။"

အန်လင်းက မေးခွန်းတစ်ခုနှင့် ဝင်ပြောလိုက်၏။ "မင်းတို့နှစ်ယောက်က အရမ်းသန်မာတာပဲ။ ယှဉ်ရမယ်ဆို ကျိယုံဖန်က အဆင့်ဘယ်လောက်လဲ။"

"ဟင်..." လှောင်ပြောသောအမူအရာတစ်ခုက လုကျီဇီ၏ မျက်နှာထက်တွင် ပေါ်လာပြီး ဆက်ပြောလိုက်၏။ "သူက လူငယ်မျိုးဆက်သစ်ရဲ့ ထိပ်ဆုံး ၁၀ယောက်ထဲတောင် ပါဖို့ အနိုင်နိုင်ပါ။ သူ့အဖေက အကြီးအကဲတစ်ယောက်ပေမဲ့ သူ့ရဲ့ ပါရမီကတော့ ထွေထွေထူးထူးမရှိဘူး။ သူက ဝိညာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်ကို အသက် ၃၂နှစ်မှရောက်ပြီးတော့ အခုဆို အသက်၄၀တောင်ရှိနေပြီကို ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်နဲ့ နည်းနည်းတောင် မနီးစပ်သေးဘူးလေ။"

အန်လင်းက ကျေနပ်အားရစွာ ခေါင်းငြိမ့်ပြလိုက်၏။ သူ့ကဲ့သို့ တစ်စုံတစ်ယောက်က သူ့အား လုံးဝပင် မခြိမ်းခြောက်နိုင်ပါပေ။

ထို့နောက် သူ့က အကွာအဝေး ဂိတ်ပေါက်၏ ဘေးတစ်ဘက်စီတွင် ရပ်စောင့်နေသော တပည့်နှစ်ဦးကို ကြည့်လိုက်ပြီး အရပ်ရှည်ရှည် ပိန်သွယ်သွယ်နှင့် ဆွဲဆောင်မှုရှိသော အေးစက်စက်အမူအရာနှင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ကို ညွှန်ပြလိုက်၏။ "အဲဒါက ဘယ်သူလဲ။"

မိုဟိုင်ကိုယ်တိုင်သည်လည်း သူမကို အတော်လေး စိတ်ဝင်စားနေပုံရပြီး သူမအား အသံတိုးတိုးဖြင့် မိတ်ဆက်လိုက်၏။ "သူမနာမည်က ရှန်းကွမ်ယီတဲ့။ သူမမှာ အတော်လေး ကြောက်စရာကောင်းတဲ့ ပါရမီလဲရှိတယ်။ သူမက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ၂၂မှာရောက်ပြီးတော့ ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကို ၃၅နှစ်မှာရောက်တာ။ သူမက လူငယ်မျိုးဆက်သစ်ထဲက အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ သူမက အတော်လေးကို ထူးဆန်းတယ်။"

သူ့စကားများကြောင့် အန်လင်း၏ စိတ်ဝင်စားမှုများ တိုးလာပေ၏။ "အို... ဘာလို့ အဲ့လိုပြောရတာလဲ။"

"ဂိုဏ်းထဲက လူတိုင်းက မီးအသုံးပြုပေမဲ့ သူမကတော့ အဲ့အစား ရေခဲအသုံးပြုတာ။" မိုဟိုင်က မနှစ်မြို့သော အမူအရာဖြင့် ပြန်ဖြေလာ၏။

အန်လင်း : "... ဟုတ်ပါပြီ။ အနည်းဆုံးတော့ သူမက လတ်ဆတ်တဲ့လေကို ရူလိုက်ရသလို အတော်လေးကို ထူးခြားတာပဲ။ ဒါပေမဲ့ ငါမေးချင်တာက... သူမကို ရေခဲအသုံးပြုနည်းကို ဘယ်သူသင်ပေးတာလဲ။"

လုကျီဇီက မိုဟိုင်ကို ဆန်းကြယ်သော အမူအရာနှင့် ပြန်ပြောလာ၏။ "ဘယ်သူမှမသင်ပေးဘူး။ သူမဘာသာ သင်တာ။ သူမပြောပုံအရဆို သူမက ငါတို့ မီးကို သုံးနေတာကိုကြည့်ပြီးတော့ ရုတ်တရက်ကြီး ရေခဲရဲ့ စစ်မှန်ဆန္ဒမှာ ဉာဏ်ပွင့်လင်းမှုရသွားတာတဲ့။"

အန်လင်းက အလန့်တကြား တံတွေးမျိုချလိုက်၏။ ထိုအရာက အမှန်ဖြစ်ပါက သူမက တကယ့်ကို မကောင်းဆိုးဝါးတစ်ကောင်ပင်။

"အဲဒါနဲ့ ပတ်သတ်ပြီး မကောင်းတာ တစ်ခုမှ မရှိပါဘူး။ တကယ်လို့ မင်းက မီးနဲ့ လေ့ကျင့်နေရင်းနဲ့ မတော်တဆ မီးလောင်သွားရင် သူမက မီးငြိမ်းတဲ့ ကြားခံအနေနဲ့ လုပ်ပေးလို့ရတာပေါ့။" အန်လင်းက စပ်ဖြီးဖြီးနှင့် အကြံပြုလာ၏။

လုကျီဇီ : "..."

မိုဟိုင်  : "..."

ထို့နောက်တော့ အန်လင်းက အခန်းထဲရှိ နောက်ဆုံးအမျိုးသားဆီသို့ အကြည့်ပို့လိုက်၏။

အမျိုးသားမှာ အသကက် ၁၅ သို့မဟုတ် ၁၆နှစ် ဝန်းကျင် ဖြစ်ပုံရ၏။ သူ့၏ မျက်လုံးများမှာ အသက်မဲ့နေပြီး သူ့ပတ်ဝန်းကျင်၌ မည်သည်ကမှ ကြည့်ရူရန် အဖိုးမတန်သည့်အလား  ကောင်းကင်ပေါ်သို့သာ အမူအရာမဲ့ငေးကြည့်နေလေ၏။

မိုဟိုင်က ဤတစ်ကြိမ်တွင် လက်ဦးမှုယူကာ အန်လင်းဆီမှ မေးခွန်ထုတ်ခြင်း မခံပဲ မိတ်ဆက်ပေးလိုက်၏။ "သူ့နာမည်က ယန်ယွမ်တဲ့။ သူက ငါတို့ဂိုဏ်းရဲ့ ရှေးဦးမျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ် ထူးချွန်သူလေ။ သူက အခုဆို အသက်၂၀၀ကျော်နေပြီ။"

အန်လင်းက ထိုသည်ကိုကြားသောအခါ အတော်လေးပင် အံ့ဩသွားရ၏။ "ရှေးဦးမျိုးဆက်ရဲ့ နံပါတ်တစ် ထူးချွန်သူ...။ သူက အသက်၂၀၀ကျော်တောင်ရှိပြီ။ သူက အခုထိ မြင့်မြတ်မီးတောက်ကို ရယူဖို့ မစဉ်းစားခဲ့တာလဲ။"

"အဲဒါက..." မိုဟိုင်၏ မျက်နှာထက်တွင် ရှုပ်ထွေးသော အမူအရာပေါ်လာပြီး ပြောလိုက်၏။ "သူက အစတုန်းက မြင့်မြတ်မီးတောက်ရဲ့ စွမ်းအားကို အထင်သေးပြီးတော့ သူ့ကိုယ်တိုင်အတွက် ပြိုင်ဘက်ကင်း စစ်မှန်မီးတောက်တစ်ခု ဖန်တီးချင်ခဲ့တာ။ သူက အခု ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်ကိုရောက်ပြီးတော့ ပျက်ပြယ်ခြင်းအဆင့်ကို ရောက်ဖို့အတွက် မီးတောက်တစ်ခုလိုနေတာကို ရုတ်တရက်ကြီး သဘောပေါက်သွားလို့ ဗာမီလီယမ်ငှက် စမ်းသပ်မှုတွေမှာ ပါဝင်ဖို့ ဒီကိုလာခဲ့တာပဲ...။ သူက လဝက်လောက်အတွင်းမှာကို ဂိုဏ်းရဲ့အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်တော့မှာလေ။"

အန်လင်းက အံ့ဩတကြီး မျက်လုံးပြူးသွားရ၏။ တကယ့်ကို ဒီကမ္ဘာပေါ်က နေရာတိုင်းမှာ ငကြောင်တွေ ရှိနေတာပဲ။

မြင့်မြတ် ဗာမီလီယမ်မီးတောက်၏ စွမ်းအင်ကို အထင်သေးသော အမျိုးသားတစ်ဦးတဲ့ မင်းတို့အဲဒါကို ယုံကြလား။ လူတိုင်းက မီးနှင့်လေ့ကျင့်နေကြစဥ်မှာ ရေခဲနှင့် လေ့ကျင့်ဖို့ စိတ်ပိုင်းဖြတ်ထားသော အမျိုးသမီး တစ်ဦး၊ အဲဒါကိုရော ယုံကြလား။ မနိုင်ဝန်ထမ်းပြီးတော့ စုရှောင်လန်ကို တက်မက်နေတဲ့ ချီးထုပ်တစ်​ကောင်၊ အဲဒါကိုရော ယုံကြလား။

အန်လင်းက မိမိကိုယ်ကိုမကျေမနပ် ခံစားလိုက်ရ၏။ ဤနေတွင် သူသင်ယူနိုင်သော ရူးသွပ်နေသည့် စီနီယာများ အလွန်အများအပြားရှိနေလေ၏။

ဘုန်း...

ထိုအချိန်၌ ကြက်သွေးရောင် အကွာအဝေး ဂိတ်တံခါးက  ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်လှုပ်လာလေ၏။

"ဗာမီလီယမ်ငှက် စမ်းသပ်ခန်းတွေက ပွင့်တော့မယ်။" မိုဟိုင်က စိတ်လှုပ်ရှားစွာ ပြောဆိုလာ၏။

တစ်ချိန်တည်းမှာပင် အန်လင်း၊ ကျိယုံဖန်၊ လုကျီဇီ၊ ရှန်းကွမ်ယီနှင့် ယန်ယွမ်တို့အားလုံးမှာ အကွာအဝေး ဂိတ်တံခါးဆီသို့ အကြည့်ပို့လိုက်လေ၏။

အနီရောင် လှိုင်းကြပ်ခွပ်လေးများက အကွာအဝေး ဂိတ်တံခါးဆီမှ ထွက်လာပြီး အလွန်အမင်း တောက်ပသော်လည်း ကြည်လင်နေလေ၏။

ကျိယုံဖန်က အန်လင်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး အကွာအဝေး လှိုင်ခေါင်းဆီသို့ လျှောက်သွားလိုက်၏။

ရှန်းကွမ်ယီနှင့် ယန်ယွမ်တို့က သူ့နောက်မှ လိုက်သွားလိုက်လေ၏။

"သွားစို့။" မိုဟိုင်က ပြုံလိုက်၏။

"သခင်လေး အန်လင်း၊ ဗာမီလီယမ်ငှက် စမ်းသပ်ခန်းတွေက အရမ်းကို အန္တရာယ်များတာ။ အဲ့တော့ အရာအားလုံးထက် မင်းရဲ့ အန္တရာယ်ကင်းမှုကို ဦးစားပေးဖို့ သတိရပါ။ မင်းမရင်းနှီးတဲ့ အန္တရာယ်များတဲ့ ဘယ်မြေပြင်ကိုမှ စွန့်စားမသွားတာ သေချာပါစေ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နေရာကူးပြောင်း တံဆိပ်ကတောင် မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူးနော်။" လုကျီဇီက သတိပေးလိုက်၏။

အန်လင်းက တည်ကြည်လှသာ မျက်နှာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

ဗာမီလီယမ်ငှက် စမ်းသပ်ခန်းများသည် ဗာမီလီယမ်ငှက် တစ်ကြိမ်တစ်ခါက ချိတ်ပိတ်ခံရသော တခြားနေရာလပ်တစ်ခုတွင် ရှိနေခြင်းဖြစ်သည်။ ချိတ်စည်းမှ လွတ်မြောက်ပြီးနောက် ဗာမီလီယမ်ငှက်မှာ ကမ္ဘာကြီးအား မီးတောက်ပြင်ကျယ်ကြီး အဖြစ်ပြောင်းပစ်ပြီး ရန်ဖန်ရန်ခါ ဗာမီလီယမ်ငှက် မီးတောက်တောင်ပံ အလင်းတန်းများက ချိတ်စည်းမှ ကင်းလွတ်သွားသော အချိန်တွင် နေရာလပ်ထဲတွင် ပေါ်လာတတ်လေ၏။

ပျက်ပြယ်ခြင်းအဆင့် သို့မဟုတ် ထိုအထက်မှ ခွန်အားကြီး ပုဂ္ဂိုလ်များကို တားဆီးထားသော အစွမ်းထက် အတားအဆီးတစ်ခု ရှိလေ၏။ သို့ဖြစ်၍ အကန့်အသတ်မဲ့ ပြင်းထန်လှသည့် မီးတောက်စွမ်းအင်နှင့် ရှေးဟောင်း သန္ဓေပြောင်းသားရဲများအပြင် လျှို့ဝှက်ဆန်းကြယ် ရတနာများနှင့် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် အကောင်းဆုံး စမ်းသပ်မှုများ ဖြစ်လာပေ၏...။

အန်လင်းက ကြက်သွေးရောင် အကွာအဝေး ဂိတ်တံခါးအား စိတ်ပိုင်းဖြတ်ကာ ကြည့်လိုက်ပြီး သူ့၏ ဗာမီလီယမ်ငှက်စမ်းသပ်ခန်း စွန့်စားမှုကို စတင်ရန် ခြေလှမ်းကို စတင်လိုက်ပေ၏။

***

All Chapters