စပါးအုံးမြွေကို တစ်ချက်တည်းနှင့် သုတ်သင်ခြင်း
Vol. 30 Ch. 411
နေရာလပ်မှာ သူ့ပတ်လည်တွင် ပုံစံပျက်လာပြီးနောက် အန်လင်းက သူ့ကိုယ်သူ ကြက်သွေးရောင် ကုန်မြေကြီးတစ်ခုပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရ၏။
အဖြူရောင် အကွာအဝေး ဂိတ်တံခါးက သူ့နောက်တွင် တဖြည်းဖြည်း ရှုံ့တွလာပြီး လုံးဝပျောက်သွားလေတော့၏။
ကောင်းကင်ထက်တွင် ကြက်သွေးရောင် တိမ်တိုက်များက တစ်ခါတစ်ရံတွင် တိမ်တိုက်များကို ဖြတ်သန်း သွားသော သို့မဟုတ် လေထဲတွင် ပေါက်ကွဲနေသော သို့မဟုတ် ကမ္ဘာပေါ်သို့ မိုးရွာချကဲ့သို့ ကျနေသော ဉက္ကာပျံများ သကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းနေသော မီးတောက်များနှင့်အတူ မျက်စိတစ်ဆုံးရှိနေလေ၏်။
ဤနေရာ၌ အပူချိန်မှာ အလွန်အမင်း မြင့်မားနေပြီး အပူလှိုင်းများက ကြက်သွေးရောင် ကုန်းမြေကြီးတစ်လျှောက်တွင် လှိုင်းငယ်များထနေ ကာလေထုကိုပင် တောက်ပပြီး ပုံပျက်နေစေတော့သည်။ အကယ်၍ တာအိုခန္ဓာအဆင့် ကျင့်ကြံသူတစ်ဦး ဤနေရာတွင် ပေါ်လာပါက ၁၅မိနစ်ပင် ကြံ့ကြံ့ခံနိုင်ပေမည်မဟုတ်ပါ။
"ကြည့်ရတာ ကျိယုံဖန်၊ ရှန်းကွမ်ယီနဲ့ ယန်ယွမ်တို့က ဗာမီလီယမ်ငှက်မီးတောက်တောင်ပံကို ရှာဖို့ ထွက်သွားကြပြီ ထင်တယ်။" မိုဟိုင်က အန်လင်းဘေးတွင် ရပ်ကာ အပြုံတစ်ခုနှင့် ပြောလာ၏။
"ဗာမီလီယမ်ငှက်မီးတောက်တောင်ပံရဲ့ အလင်းတန်းအသစ်က နှစ်အတော်ကြာမှ တစ်ကြိမ်ဖြစ်ပြီးတော့ အတော်လေးကို ရှားပါးတာ။ အဲဒါမို့ ပြောရရင်တော့ ငါတို့အားလုံးက အချင်းချင်း ပြိုင်ဆိုင်နေရတာပဲ။ အဲ့တော့ သူတို့က အချိန်မဖြုန်းပဲ တန်ပြီး ထွက်သွားတာ အံဩစရာမရှိပါဘူးလေ။" လုကျီဇီက ဖြည်းညင်းစွာ ပြန်ဖြေလာ၏။
အန်လင်းက အဆုံးမရှိ ကျယ်ပြောလှသော တောင်တန်းကြီးများနှင့် ရဲရဲနီနေသော မြေကြီးကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားလာ၏။ "ငါကြားတာတော့ အစွမ်းထက် သန္ဓေပြောင်းသားရဲတွေက သူတို့ကိုယ်ထဲမှာ ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်း ရှိနေပြီး အလင်းတန်ရဲ့ ကျန်တဲ့အပိုင်းတွေက တိမ်တွေအထက်မှာလိုမျိုး အန္တရာယ်များပြီး ဆန်းကြယ်တဲ့ နယ်မြေတွေမှာ ပေါ်လာနိုင်တဲ့ အခွင့်အရေးလဲရှိတယ်ဆို။"
"ဒါပေမဲ့ တိမ်တွေထဲက အလင်းတန်းက ရှာရအခက်ဆုံးပဲ။ ပြီးတော့ မင်းရှာနေတဲ့အတောအတွင်းမှာ မီးတောက်တွေရဲ့ လောင်ကျွမ်းနေတဲ့ စွမ်းအင်က အဆက်မပြတ်တိုက်ခိုက်ခြင်းခံရလိမ့်မယ်။ အဲဒါမို့ အလင်းတန်းကိုရှာဖို့အတွက် အခက်ဆုံးနည်းလမ်းဖြစ်စေတာလေ။ အဲ့တော့ မင်းတို့တွေက ဘယ်နည်းလမ်းနဲ့ ဆွဲဆောင်ဖို့ ရည်ရွယ်ထားလဲ။"
မိုဟိုင်က လေထဲကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်၏။ "ငါက ညီမစုရှောင်လန်လိုမျိုး အလင်းတန်းကို ဆွဲခေါ်လို့ မရဘူး။ အဲ့တော့ ကောင်းကင်ပေါ်က အလင်းတန်းကို ကျော်လိုက်မယ်။ ငါ သန္ဓေပြောင်းသားရဲတစ်ချို့နဲ့ တိုက်ကြည့်မယ်။ အဲဒါက အတော်လေး ရိုးရှင်းပြီးတော့ တိုက်ရိုက်ကျတဲ့နည်း ဖြစ်ပုံရတယ်။"
"ငါကတော့ အနောက်ဘက်မှာရှိတဲ့ ဆန်းကြယ်တဲ့ နယ်မြေတွေကိုသွားပြီး ရှာဖွေမယ်။ ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ခြင်းက ငါ့ရဲ့စွမ်းရည်မဟုတ်ဘူးလေ ဒါပေမဲ့ ငါ့ရဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းကတော့ လုံလောက်ပါတယ်။" လုကျီဇီက ပြောလိုက်၏။
ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများ၏ အနောက်ဘက် ဒေသတွင် မတည်ငြိမ်သော ဆန်းကြယ် နယ်ပယ်များရှိပြီး အစွမ်းထက် ရှေးဟောင်းသားရဲများက မြောက်ပိုင်းဒေသကို အပိုင်စီးထားကြ၏။ အရှေ့ပိုင်းဒေသမှာ အဆုံးမရှိ မီးတောက်ပင်လယ်ဟု ဆိုနိုင်ပြီး လက်ရှိတွင်မူ တောင်ပိုင်းဒေသထဲတွင် အဖိုးတန် ရတနာ အမြောက်အများရှိနေသော်လည်း ထိုနေရာသို့ စွန့်စားရန် သွားကြသော ဂိုဏ်းတပည့် အများစုမှာ ထိုစမ်းသပ်မှုများတွင် သေဆုံးနိုင်ခြေမှာ ၉၀ရာခိုင်နှုန်းအထက်တွင် ရှိလေ၏။
"ငါလဲ တချို့ သန္ဓေပြောင်းသားရဲတွေကို ရှာရမယ်ထင်တယ်။ ငါ့မှာ တခြား သန်မာတဲ့ ဘယ်သရုပ်မှမရှိပေမဲ့ သေချာပေါက်တော့ တိုက်ခိုက်နိုင်တယ်။" အန်လင်းက ခေတ္တမျှ တွေးတောပြီး ဆုံးဖြတ်လိုက်၏။
"ဟားဟားဟား... အဲဒါကောင်းတယ်။ သခင်လေး အန်လင်းက ငါ့လို ပါရမီရှင်တစ်ယောက်နဲ့ အဖော််ဖြစ်ချင်မယ်ဆိုတာ ငါသိသားပဲ။" မိုဟိုင်က အန်လင်း၏ ပခုံးကို ပုတ်ကာ ဟက်ဟက်ပက်ပက်ရယ်မောလာ၏။ "ငါက အကြီးအကဲ ကျူနဲ့ ကတိတစ်ခုလုပ်ခဲ့တယ်။ အဲ့တော့ မင်းကို သေချာပေါက်ကို ကာကွယ်ရမှာ။ အတူတူသွားကြစို့။ ပြီးတော့ မင်းက ငါတို့ ပထမဆုံး ရှာတွေ့တဲ့ ဗာမီလီယမ်ငှက် မီးတောက်တောင်ပံကို ယူပေါ့။"
အန်လင်းက မိုဟိုင်၏ အပြုအမူကို အတော်လေး ရင်ထဲထိသွားပြီး မျက်နှာတည်ဖြင့် ခေါင်းငြိမ့်လိုက်၏။ "ဟုတ်ပြီ။ တူတူသွားကြတာပေါ့။ ပြီးတော့ ငါတို့က အဆင့်မြင့် ဗာမီလီယမ် ငှက်မီးတောက်တောင်ပံကို ရှာဖို့အတွက် အပြင်းအထန် ကြိုးစားကြမယ်။"
"ဒါပေါ့။ ငါက ဂိုဏ်းရဲ့ နံပါတ်တစ် လူငယ်ပဲကို။ ငါက အဆင့်မြင့် ဗာမီလီယမ်မီးတောက်တောင်ပံ အလင်းတန်းတစ်ခုကို ရှာမတွေ့မချင်း မပြန်ဘူး။"
ဗာမီလီယမ်ငှက်မီးတောက် တောင်ပံအလင်းတန်းများမှာ အရည်အသွေးညံ့၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ အမျိုးအစား သုံးမျိုး ခွဲထား၏။ အကယ်၍ တစ်စုံတစ်ယောက်က ပို၍အဆင့်မြင့်သော ဗာမီလီယမ် ငှက်မီးတောက်တောင်ပံ အလင်းတန်းကို ရယူနိုင်ပါက မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ စွမ်းအင်ကို လက်ခံရရှိချိန်၌ ပို၍ သန့်စင်ပြီး ကျယ်ပြန့်သော မီးတောက်ကို ရရှိနိုင်ပေ၏။
"အဲဒါဆို ငါလဲ သွားတော့မယ်။ မင်းတို့ နှစ်ယောက်လုံး ကံကောင်းပါစေ။"
လုကျီဇီက သူတို့နှစ်ဦးစလုံးကို ပြုံးပြပြီး သူ့၏ ဓားပေါ်မှ အနောက်ဘက်သို့ ပျံသန်းသွားလေ၏။
မိုဟိုင်က အန်လင်းဆီသို့ လှည့်လိုက်ပြီး "ငါတို့လဲ သွားကြရအောင်။"
"ဒါပေါ့။" အန်လင်းက သူ့၏ အုတ်ခဲနက်ကြီးပေါ်မှ လေထဲသို့ ပျံသန်းသွားကြ၏။
မိုဟိုင်က ကြက်သွေးရောင် ရှေးဟောင်း ဓားမော့တစ်ချောင်းကို သယ်ယူပို့ဆောင်ရေး ကိရိယာအဖြစ်သုံးကာ အန်လင်းနောက်မှ လိုက်လာခဲ့၏။
သူတို့နှစ်ဦးမှာ မြောက်ဘက်ဆီသို့ တစ်ဟုန်ထိုးသွားနေသော အလင်းတန်းနှစ်ခုအဖြစ် ပြောင်းသွားကြ၏။
အန်လင်းက အောက်ဘက်မှ မြေကြီးကို ငုံ့ကြည့်လိုက်ပြီး သန္ဓေပြောင်းသားရဲများ၏ အရိပ်အယောင်များကို ရှာဖွေနေ၏။
ဤနေရာ၌ အမှန်တကယ်တော့ သန္ဓေပြောင်း သားရဲများအတွက် ကျင့်ကြံခြင်း အခြေခံ စနစ်တစ်ခု မရှိပါပေ။ သူတို့၏ ခွန်အားကို အကြမ်းဖျဉ်း မှန်ဆနိုင်သည့် နည်းလမ်းမှာ သူ့တို့ မီးတောက်များ၏ သန့်စင်မှုကို လေ့လာရန်သာဖြစ်၏။
သန္ဓေပြောင်းသားရဲများ အားလုံးမှာ မီးအမျိုးအစား သားရဲများဖြစ်ပြီး အမျိုးအစားလေးခု ခွဲခြားထား၏။ ထိုအမျိုးအစားများမှာ သာမန်မီး သန္ဓေပြောင်း သားရဲများ၊ စိတ်ဝိညာဉ်မီး သန္ဓေပြောင်းသားရဲများ၊ မြေကမ္ဘာမီး သန္ဓေပြောင်းသားရဲများနှင့် ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲများပင် ဖြစ်၏။
သာမန်မီး သန္ဓေပြောင်းသားရဲများမှာ အားအနည်းဆုံးဖြစ်ပြီး တွေ့ရအများဆုံး သားရဲများဖြစ်၏။ သူတို့ထဲတွင် မည်သည်ကမှ ဗာမီလီယမ်ငှက်မီးတောက် အလင်းတန်းမပိုင်ဆိုင်ပါ။ စိတ်ဝိညာဉ်မီး သန္ဓေပြောင်းသားရဲများသည်တော့ အရည်အသွေးညံ့ ဗာမီလီယမ်ငှက်မီးတောက် အလင်းတန်းများ ရှိကောင်းရှိနိုင်ပြီး မြေကမ္ဘာမီး သန္ဓေပြောင်းသားရဲများမှာ အလယ်အလတ်အဆင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံအလင်းတန်း ပိုင်ဆိုင်နိုင်ကာ ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲများမှာတော့ အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံရှိနေနိုင်၏။
မိုဟိုင်၏ ပစ်မှတ်မှာ ကောင်းကင်ဘုံမီး သန္ဓေပြောင်း သားရဲများမှလွဲ၍ တခြား မဟုတ်ပါပေ။ သူတို့မှာ ဝိညာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်၌သာ ရှိသေးသော်လည်း သူ့တို့အထဲ၌ ဂိုဏ်း၏ ဆန်းကြယ်သော ရတနာရှိပြီး ထိုအရာက သူတို့အား ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲတစ်ကောင်ကို အမဲလိုက်နိုင်သည့် အခွင့်အရေးကြီးတစ်ခု ပေးထား၏။
အန်လင်းသည်လည်း သူရရှိနိုင်သော မြင့်မြတ်မီးတောက်၏ စွမ်းအားကို သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် အန်ကီရင်အတွက် အစာအလုံအလောက် ထောက်ပံ့ပေးနိုင်ရန်အတွက် အများဆုံး ဖြစ်လို၏။ သို့ဖြစ်၍ သူသည်လည်း အဆင့်မြင့် ဗာမီလီယမ်ငှက် အလင်းတန်းရရန် ကြိုးစားနေလေ၏။
ဘုန်း...
သိပ်မကြာခင်မှာပင် သူတို့နှစ်ယောက်၏ အောက်မှ မြေပြင်မှာ ရုတ်တရက် တုန်ခါလာပြီး အောက်ဘက်မှ မီးလှိုင်းကြီး တစ်ခုဟု ထင်ရသော အရာက သူတို့ဆီသို့ ထိုးထွက်လာ၏။
အန်လင်းက မြေပြင်ပေါ်သို့ ငုံကြည့်လိုက်သောအခါတွင် အဝါရောင် မီးတောက်ပြင်ကြီးက သူတို့ဆီသို့ ကြောက်မက်ဖွယ် အားအင်ကြီးနှင့် တစ်ဟုန်ထိုး တိုးဝင်လာတော့၏။
"အဲဒါက ပေါက်ကွဲစေနိုင်တဲ့ မီးကြွက်တွေပဲ။ သူတို့က မြေကမ္ဘာမီးကို စားသုံးပြီး သာမန်မီး သန္ဓေပြောင်းသားရဲတွေ။ ဒီအတိုင်း လျစ်လျူရှုလိုက်ရအောင်။"
မိုဟိုင်က အောက်ဘက်မှ ပေါက်ကွဲစေနိုင်သော မီးကြွက်များကိုကြည့်ပြီးနောက် အကြည့်လွှဲလိုက်တော့၏။
သို့သော်လည်း အန်လင်းကမူ အောက်မှ အပူလှိုင်းများကို စိတ်ဝင်တစားကြည့်နေလေ၏။
ခရမ်းရောင် မီးတောက်ကြွက် ရာချီရှိနေပြီး တစ်ကောင်စီတိုင်းက နွားတစ်ကောင်ထက်ပင် ပိုကြီးလေ၏။ သူတို့အားလုံးမှာ မြေပြင်ပေါ်တွင် အရှိန်ပြင်းပြင်း ပြေးနေကြသည်မှာ ရွေ့လျားနေသော မီးတောက် ကော်ဇောကြီး ကဲ့သို့ပင်။ သို့ဖြစ်ပါ၍ ကြည့်ရူသူများ အတွက် အလွန်ပင်စိတ်ဝင်စားဖွယ် မြင်ကွင်းတစ်ခုကို ဖြစ်နေစေ၏။
အန်လင်းနှင့် မိုဟိုင်မှာ ခပ်ဝေးဝေးဆီသို့ ပျံသန်းလာပြီး အနက်ရောင်မီးတောက်လေပြင်းများနှင့် ကောင်းကငိဘုံ ဉက္ကာပျံမီးတောက်များအပြင် ပျံသန်းနေသော မီးတောက်များ၏ တိုက်ခိုက်မှုကိုရင်ဆိုင်ရခြင်းတို့ ကဲ့သို့သော အန္တရာယ်များသော သဘာဝဖြစ်စဉ်များကို ဖြတ်ကျော်လာကြ၏။ သို့သော် ထိုအရာများ အားလုံးမှာ အလွယ်တကူကျော်ဖြတ်နိုင်သော အသေးစားခြိမ်းခြောက်မှုများပင် ဖြစ်၏။
နှစ်နာရီကြာပြီးနောက် သူတို့က တောင်တန်းများဆီသို့ ရောက်လာကြ၏။
တောင်တစ်ခုစီမှာ ကီလိုမီတာ များစွာ ရှည်လျားပြီး တစ်ချို့မှာ အထက်မှ မီးတောက်တိမ်တိုက်များထိပါ ထိုးထွက်နေသည်မှာ မည်မျှ ရှည်လျားသည်ကို ပြောရန်ပင် မဖြစ်နိုင်ပါပေ။
ဘုန်း...
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးက ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြားတွင် ထွက်ပေါ်လာ၏။
အဝေးမှ တောင်တစ်လုံဆီမှ ကြက်သေွးရောင် ချော်ရည်ပူများက ရုတ်တရက်ပန်းထွက်လာပြီး မရေမတွက်နိုင်သော ချော်ခဲတုံးကြီးများက မြေပြင်ပေါ်သို့ပြုတ်ကျလာကာ သေစေနိုင်သော မီးတောက်များကို ဖြစ်ပေါ်စေပြီး ကီလိုမီများစွာ အချင်းဝက်ရှိသည့် ဧရိယာအား လူသားမရှိသည့် ကုန်းမြေအဖြစ် ပြောင်းပစ်လိုက်၏။
"မီးတောင်တွေ ပေါက်ကွဲတဲ့ ဧရိယာတွေမှာ အစွမ်းထက် သန္ဓေပြောင်းသားရဲတွေရှိတတ်တယ်။ သွားကြည့်ကြရအောင်။" မိုဟိုင်၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာပြီး သူ့၏ ကြက်သွေးရောင် ဓားမော့ပေါ်မှ မီးတောင်ဆီသို့ ဦးဆောင်သွားလိုက်၏။
အန်လင်းက မိုဟိုင်၏ နောက်မှ လိုက်လာပြီး လမ်းတစ်လျှောက်တွင်တွေ့ရသော နောက်ဆုံးမြင်ကွင်းကို ခံစားနေ၏။
သူတို့နှစ်ဦးမှာ မီးတောင်ပေါက်ဝနှင့် ပိုပိုနီးကပ်လာသည်မှာ ပေတစ်သောင်းပင် မကွာဝေးတော့ပါပေ။
"ဖြည်းဖြည်း။ ငါ အနက်ရောက် သလင်းကျောက် မီးတောက် စပါးအုံးမြွေတစ်ကောင် တွေ့တယ်။"
မိုဟိုင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အန်လင်းကိုလည်း သူနှင့်ထပ်တူ ပြုလုပ်ရန် တိုက်တွန်းလိုက်၏။
မီးတောက်မှာ ကြောက်မက်ဖွယ် မြင်ကွင်းဖြင့် ပေါက်ကွဲနေဆဲဖြစ်ကာ သူတို့နှစ်ဦးက ကောင်းကင်ထက်မှ တိတ်တဆိတ် ဆင်းသက်လာလေ၏။
"တွေ့လား။ တောင်ရဲ့ ဘေးဘက်မှာ စပါးအုံးမြွေပုံစံနဲ့တူတဲ့ ကျောက်တုံး အကြီးကြီးတစ်ခုရှိတယ်။" မိုဟိုင်က စိတ်လှုပ်ရှားစွာဖြင့် မြောက်ဘက်ရှိ တစ်စုံတစ်ခုကို ညွှန်ပြလိုက်၏။
အန်လင်းမှာ အတော်လေး စိတ်ရှုပ်ထွေးနေပေ၏။ သို့သော် မိုဟိုင်ညွှန်ပြသော ဦးတည်ချက်ဆီသို့ ကြည့်လိုက်သောအခါတွင် ပေတစ်ထောင်ကျော် အလျားရှိသည့် အနက်ရောင် စပါးအုံးတစ်ကောင်ကိုတွေ့လိုက်ရ၏။ ထိုသည်က မီးတောင်ထဲမှ ထွက်လာပုံရပြီး သူ့၏ တည်ရှိမှုကို ဖုံးကွယ်ရန် ကြိုးပမ်းနေလေ၏။
မိုဟိုင်၏ မီးတောက်စွမ်းအား စီးဆင်းမှုအပေါ်တွင် သိရှိခံစားနိုင်မှုသည်သာ သူ့အား စပါးအုံးဟု သိစေနိုင်ခြင်းပင်။ သို့မဟုတ်ပါက စပါးအုံး၏ ရုပ်ဖျက်နိုင်စွမ်းမှာ ပြီးပြည့်စုံလုနီးပါးဖြစ်ကာ သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင် တောင်နှင့် အလွန်အမင်း ကောင်းမွန်စွာ ရောယှက်နေပေ၏။
သူတို့နှစ်ဦးသည်လည်း သူတို့၏ တည်ရှိမှုကို ဖျောက်ဖျက်ကာ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်၏။
"အဲ့သလင်းကျောက်နက် မီးတောက်စပါးအုံးက တိုက်ခိုက်နိုင်စွမ်းက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ မြေကမ္ဘာမီး သန္ဓေပြောင်းသားရဲတစ်ကောင်ပဲ။ အဲ့တော့ သတိမလွတ်စေနဲ့။ ငါတို့ ဝင်မတိုက်ခင် အကောင်းဆုံး အခွင့်အရေးကို ရှာဖို့လိုတယ်။" မိုဟိုင်က အသံတိုးတိုးဖြင့် ညွှန်ကြားလိုက်၏။
အန်လင်းက တည်တည်ကြည်ကြည်နှင့် ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်ပြီ။"
မိုဟိုင်က အစီအစဉ်တစ်ခုကို အကြံပြုမည့် ဆဲဆဲတွင် အန်လင်းက ရုတ်တရက် လေအဟုန်ဖြင့် ပျောက်ကွယ်သွားလေ၏။
ဘန်း...
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။
အဖြူရောင် လေတောင်ပံများ ကျောဘက်တွင်ရှိနေသော ပုံရိပ်တစ်ခုက စိတ်ကူး၍ပင်မရသော အရှိန်ဖြင့် လေထုကိုတိုးထွက်လာပြီး သူ့ဓား၏ ပတ်လည်တွင် အဖြူရောင်လေအလင်းတန်းများက ထွက်ပေါ်နေလေ၏။
ပေပေါင်း ထောင်ချီအကွာအဝေးက တစ်ခဏအတွင်းမှာပင် ဖုံးလွှမ်းခြင်းခံလိုက်ရလေ၏။
သလင်းကျောက်နက် မီးတောက် စပါးအုံးက မျက်လုံးများဖွင့်လာပြီး တစ်နေရာဆီသို့ ကြောက်လန့်တကြားကြည့်လာ၏။ အနက်ရောင် သလင်းကျောက်သဖွယ် မီးတောက်များက သူ့ခန္ဓာကိုယ်တွင် စတင်ဖြစ်ပေါ်လာပြီး အဖြူရောင်အလင်းတန်းတစ်ခုက သေစေနိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ဖြတ်သွားလေ၏။
ဘုန်း...
စပါးအုံး၏ ဧရာမဦးခေါင်းကြီးမှာ သူ့ခန္ဓာကိုယ်မှ ပြတ်ထွက်သွားပြီး ထို့အရာ၏ ကျန်ရစ်သော ခန္ဓာကိုယ်ကြီးက မီးတောက်သွေးစက်များ၏ အလယ်တွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
မိုဟိုင်က ပါးစပ်အဟောင်းသားနှင့် အဝေးမှ ပုံရိပ်ကို ငေးကြည့်ကာ ပြောစရာစကား လုံးဝ ပျောက်ရှနေပေတော့သည်။
သူတို့က မတိုက်ခိုက်ခင်မှာ အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်ရမှာ မဟုတ်ဘူးလား။
အန်လင်းက အပြုံးတစ်ခုနှင့် သူ့ဘက်သို့ လှည့်လာပြီး "ငါ့ရဲ့ ထိုးစစ်ဆင်တဲ့ နည်းဗျူဟာက ဘယ်လိုနေလဲ။"
မိုဟိုင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး လေးစားမှုဖြင့် ခေါင်းညိမ့်ပြလိုက်၏။ "သခင်လေး အန်လင်း၊ မင်းရဲ့ ကြွားဝါးမှု အရည်အချင်းတွေက သေချာပေါက်ကို တစ်မိုးအောက်တစ်ယောက် အကောင်းဆုံးပါပဲ။"
***