← Chapters

ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ

Vol. 30 Ch. 412

ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ

Vol. 30 Ch. 412

"မင်းက အရမ်းကြင်နာလွန်းနေပါပြီ သခင်လေး မိုဟိုင်။" အန်လင်းက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်၏။

မိုဟိုင်က သလင်းကျောက်နက် မီးတောက်စပါးအုံးဆီသို့ လျှောက်သွားပြီး သူ့၏ ဓားမော့ဖြင့် ထိုအရာ၏ ခန္ဓာကိုယ်အား လှီးဖွင့်လိုက်၏။

ကြက်သွေးရောင်မီးတောက်တောင်ပံပုံစံ မီးဘောလုံးတစ်ခုမှာ စပါးအုံးမြွေ၏ ခန္ဓာကိုယ်ထဲတွင် လောင်ကျွမ်းနေ၏။ ထိုအထဲမှ အလွန်အမင်း သန့်စင်သော မီးတောက်စွမ်းအင် စီးဆင်းမှုများကို ထုတ်လွှတ်နေပေ၏။

"ဒါက အခုထိတွေ့ရသမျှရဲ့ ရာနှုန်းပြည့်ပဲ။ အင်... မဆိုးပါဘူး။ ဒီမှာ ဒါကိုယူပြီး စုတ်ယူလိုက် အန်လင်း။" မိုဟိုင်က မီးတောက်တောင်ပံကို အန်လင်းအား အပြုံးလေးဖြင့် ကမ်းပေးလိုက်၏။

မီးတောက်တောင်ပံများက သိုလှောင်လက်စွပ်ထဲတွင် သိမ်းထားလို့မရပါပေ။ ထို့ပြင် လူတစ်ယောက်လျှင် မီးတောက်တောင်ပံတစ်ခုသာ ဗာမီလီယမ်ဂိုဏ်းသို့ သူတို့နှင့်အတူ ပြန်ယူသွားနိုင်၏။ သူတို့က အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောင် တောင်ပံကိုသာ ရည်မှန်းထားသည်မို့ အဆင့်နိမ့် မီးတောက်များကို ဂရုစိုက်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ သူတို့၏ စွမ်းအင်များကို စုပ်ယူပစ်ရန်ပင်ဖြစ်၏။

အန်လင်းက မီးတောက်တောင်ပံ အလင်းတန်းကို လက်ခံလိုက်ပြီး မီးတောက်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စတင် စုပ်ယူလိုက်၏။

မီးတောက်တောင်ပံထဲတွင် ပြည့်ဝနေသော မီးတောက်စွမ်းအင် ပမာဏမှာ အလွန်အမင်း များပြားလှပြီး အကောင်းဆုံး မီးအမျိုးအစား စိတ်ဝိညာဉ် ဆေးတောင့်များထက် မနိမ့်သော သက်ရောက်မှုကို ပေးနိုင်ပေ၏။

မီးတောက် တောင်ပံအတွင်းမှ မီးတောက်စွမ်းအင်ကို စုပ်ယူပြီးနောက် အန်လင်း၏ မျက်လုံးများက ပိုပြီး တောက်ပလာပုံရပြီး သူ့ခန္ဓာကိုယ်တွင်းရှိ အံ့ဖွယ်မီးတောက်လေးခုက ပမာဏအနည်းငယ် တိုးပွားသွားလေ၏။

"ဒီမီးတောက် တောင်ပံတွေက ကျင့်ကြံခြင်းအတွက် တကယ်ကို ကောင်းတာပဲ။ ငါဒီမှာ ဆက်နေပြီးတော့ သန္ဓေပြောင်းသားရဲတွေကို နှိမ်နင်းပြီး သူတို့ရဲ့ မီးတောက်တောင်ပံတွေကို စုပ်ယူမယ်ဆိုရင် ငါက မီးတောက်တာအိုကို ဖြတ်ကျော်နိုင်မယ်ဆိုတာ သေချာတယ်။" အန်လင်းက အံ့ဩတကြီး ပြောလိုက်၏။

မိုဟိုင်က ခပ်ဖွဖွပြုံးကာ ခေါင်းခါပြ၏။ "မင်းလိုမျိုး လူကပဲ ဒီလို အတွေးမျိုး တွေးမှာ သခင်လေး အန်လင်း။ ဂိုဏ်းကတပည့်တွေ အားလုံးက ဒီစမ်းသပ်ကွင်းတွေမှာ ပါဖို့ကို အသက်တွေ စွန့်စားထားပြီးတော့ အလယ်အလတ် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်းတစ်ခု ရရင်ကို အတော်လေး ကျေးဇူးတင်နေကြရတာ။ ဘယ်သူကမှ ဒီစမ်းသပ်ကွင်းတွေကို အမဲလိုက်တဲ့ နေရာအဖြစ်ပြောင်းရဲမှာမဟုတ်ဘူး။ သူတို့ ကိုယ်တိုင် သားကောင် ဖြစ်သွားမှာ ကြောက်ကြတယ်လေ..."

အန်လင်း၏ မျက်လုံးများက အနည်းငယ်တောက်ပသွား၏။ "အဲဒါဆို ဒီဗာမီလီယမ်ငှက် စမ်းသပ်ကွင်းထဲမှာ ငါတို့ ရှိနေနိုင်တဲ့ အချိန်အကန့်အသတ်မျိုးရော ရှိလား။"

မိုဟိုင်က သူ့မေးခွန်ကို ပြန်မဖြေမီတွင် အနည်းငယ် တုန့်ဆိုင်းသွား၏။ "အနီရောင် နေရာကူးပြောင်းရေး တံဆိပ်ထဲက စွမ်းအင်က အခြေခံအားဖြင့်တော့ ၇ရက်လောက် ခံတယ်။ အဲဒါပြီးရင်တော့ အချိန်ပြည့်သွားတာနဲ့ အဲဒါတွေက ငါတို့ကို ဗာမီလီယမ်ငှက်ဂိုဏ်းဆီကို အလိုအလျောက်ပြန်ပို့ပေးမှာ။ အဲ့ဒီ့မတိုင်ခင်ကို ဂိုဏ်းဆီကို စောစောပြန်ချင်ရင် သေချာပေါက် အဲဒါတွေကို အသက်သွင်းလိုက်လို့ရတာပေါ့။ သခင်လေး အန်လင်း၊ မင်း ဒီမှာနေပြီးတော့ မီးတောက်တွေကို လိုက်စုဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား။ ဒီစမ်းသပ်ကွင်းတွေက စိတ်ကူးကြည့်လို့ မရအောင်ကို အန္တရာယ်များတာနော်။ ဒီနေရာမှာ သေခြင်းတရားနဲ့ ရင်ဆိုင်သွားရတဲ့ ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတွေ အယောက်၂၀ကျော်တောင် ရှိတယ်။"

"စိတ်မပူပါနဲ့။ ငါဒီမှာ အဲ့လောက်အကြာကြီး မနေပါဘူး။ ဆက်ပြီး အမဲလိုက်ကြရအောင်။" အန်လင်းက အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။

အဲဒါဆိုလဲ ငါက ဒီမှာ ၇ရက်အစား ၆ရက်ပဲနေမှာပေါ့။

မိုဟိုင်က အန်လင်း၏ စကားများကို သက်ပြင်းချလိုက်လေ၏။

အန်လင်း၏ ရူးသွပ်ဖွယ်ရာ တိုက်ခိုက်နိုင် စွမ်းအားနှင့် ဆိုပါက သူတို့နှစ်ဦးမှာ ကောင်းကင်ဘုံမီး သန္ဓေပြောင်း သားရဲနှင့် ရင်ဆိုင်ရလျှင်တောင်မှ ဂိုဏ်း၏ ဆန်းကြယ် ရတနာကို အသုံးမပြုပဲ သူတို့နှစ်ဦး၏ ပေါင်းစပ်ခွန်အားဖြင့် ထိုအရာကို သုတ်သင်နိုင်သည့် အခွင့်အရေးရှိပေ၏။

ကြိုတင် မှန်း၍မရနိုင်သော မည်သည့်အခြေအနေများက တားဆီးနေပါစေ မိုဟိုင်က သူတို့နှစ်ဦးမှာ အဆင့်မြင့် မီးတောက် တောင်ပံနှစ်ခုကို ရရှိနိုင်မည်ဟု တွက်ချက်ထားလေ၏။

သူတို့နှစ်ဦးသားက အချိန်ထပ်မဖြုန်းတော့ပဲ လေပေါ်သို့ တက်ကာ တောင်များထဲသို့ ပျံသန်းသွားလိုက်တော့၏။

သူတို့မသိလိုက်ခင်မှာပင် နှစ်နာရီနီးပါး ကုန်ဆုံးသွားလေပြီ။

သူတို့နှစ်ဦးမှာ အကြမ်းဖျဉ်းအားဖြင့် စုစုပေါင်း စိတ်ဝိညာဉ်မီး သန္ဓေပြောင်းသားရဲ တစ်ဒါဇင်နှင့် အလွန်ကြီးမားသော မြေကမ္ဘာမီး သန္ဓေပြောင်းသားရဲ လေးကောင်ကို သုတ်သင်ပြီးဖြစ်သော်လည်း သူတို့က ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ တစ်ကောင်မှပင် မကြုံရသေးပါချေ။

ဂျိန်း...

အရွယ်အစားအားဖြင့် ပေတစ်ကျော်ရှိသော ကြက်သွေးရောင် ဓားမော့ အလင်းတန်းတစ်ခုက ကြောက်မက်ဖွယ် မီးတောက်စွမ်းအင်ဖြင့် မြေကမ္ဘာမီး သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်သည့် မီးတောက်ဖြူကျား၏ မီးတောက်ပိုင်နက်နယ်အား ခုတ်ပိုင်းပစ်လိုက်ပြီး ထိုအရာ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးအား နှစ်ပိုင်း ပိုင်းပစ်လိုက်၏။

မိုဟိုင်က သူ့၏ ဓားမော့အလင်းတန်းကို ခပ်လှောင်လှောင်အမူအရာဖြင့် ကျက်သရေရှိစွာ ရုတ်သိမ်းလိုက်၏။ "မာနကြီးတဲ့ ကြောင်ပေါက်လေးပါလား။ အခုတော့ သူ့ရဲ့ မာနကြီးမှုအတွက် တန်ဖိုးအလွန်အကြူး ပေးလိုက်ရပြီပေါ့။"

ဖြောင်း ​ဖြောင်း ဖြောင်း...

အန်လင်းက လက်ခုတ်တီးလိုက်၏။

"ကြွားဝါးခြင်းအတွက် အမှတ် ၇၀ပေးတယ်ကွာ။ အဲ့ကျား ပြုတ်ကျတဲ့အချိန်မှာ အောက်ငုံ့မကြည့်ပဲ ​ကောင်းကင်ကို မော့ကြည့်နေရင် ငါက ၁၀မှတ်ပိုပေးမိမှာ။"

မိုဟိုင်က ချက်ချင်းပင် အလေးအနက်တွေးတောပြီး ခေါင်းငြိမ့်ပြလိုက်၏။ "မင်ရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေး အန်လင်း။ နောက်တစ်ခါဆို အဲဒါကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားပါ့မယ်။"

အန်လင်းက ကျေနပ်အားရစွာ ခေါင်းငြိမ့်ပြလိုက်၏။ သူတို့၏ သန္ဓေပြောင်း သားရဲသတ်ဖြတ်ခြင်း လုပ်ငန်းစဉ်အတွင်း၌ သူက ရန်ဖန်ရန်ခါတွင် မိုဟိုင်အား ကြွားဝါခြင်း အနုပညာများကို ညွှန်ကြားပေးလိုက်၏။ မိုဟိုင်၏ ကြွားဝါးလိုစိတ်မှာ အတော်လေး ကောင်းမွန်ပြီး အန်လင်း၏ ဂရုတစိုက် သင်ပြမှုများအောက်တွင် တစ်ဟုန်ထိုး တိုးတက်လာပေ၏။

မိုဟိုင်က ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်းအတွင်းမှ မီးတောက်စွမ်းအင်ကို စုပ်ယူလိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိမ့်ပြလိုက်၏။ "ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲကို ဆက်ရှာ ကြရအောင်။"

သို့သော် အန်လင်းမှာ သူ့၏ အပြောကို ဂရုမစိုက်ပါပေ။ ထိုအစား သူက မီးတောက်ဖြူကျားအကောင်အသေအား စိုက်ကြည့်နေလေ၏။

သူက သူ့ခေါင်းထဲတွင် အကြမ်းဖျဉ်း တွက်ချက်မှုတစ်ခုကို ပြုလုပ်လိုက်ပြီး သူ့ အကြော်ဒယ်အိုး၏ တိုးပွားနိုင်စွမ်းရည်မှာ ယခုဆိုလျှင် အေးစက်နေလောက်ပြီ။ သူ့၏ ခြေရင်း၌ ပါဝင်ပစ္စည်းများ အသင့်ရှိနေပြီးဖြစ်၍ သူက ဤအခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပါပေ။

"သခင်လေး အန်လင်း၊ အဆင်ပြေရဲ့လား။" မိုဟိုင်က သိလိုစိတ်ပြင်းပြစွာ မေးလာ၏။

"ဟင်..." အန်လင်းက အသိစိတ်ပြန်ဝင်လာပြီး မျက်နှာတည်ကို ပြန်လည်ပြုလုပ်လိုက်၏။ "သခင်လေး မိုဟိုင်၊ မင်းဗိုက်ဆာလား။"

မိုဟိုင်က ခေါင်းခါပြလိုက်၏။ "ငါက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေ။ ငါက ရက်အတော်ကြာအောင် အစားမစားပဲ နေနိုင်တယ်။"

အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "ကောင်းတယ်။ ငါက အခုကျားသားနည်းနည်းချက်မလို့။ မင်းက ဗိုက်မဆာဘူးဆိုတော့ လာပြီးနှိုက်မစားတာပိုကောင်းလိမ့်မယ်။"

သူက စကားပြောရင်း မီးတောက်ဖြူ ကျားဆီသို့ လျှောက်သွားလိုက်ပြီး သူ့၏ မိစ္ဆာရှင်းဓားဖြင့် အသားများကို စတင်လှီးဖြတ်လိုက်၏။

မိုဟိုင်က အန်လင်းအား မယုံကြည်နိုင်စွာ ငေးကြည့်လိုက်၏။ "မင်းက ကျားသားနည်းနည်း ချက်မလို့...။ ပြီးတော့ ငါက မင်းဆီကလာပြီး ခိုးစားမှာကို ကြောက်နေတယ်...။ မင်း ရူးနေပြီလား။ ဘာလုပ်ဖို့ တွေးနေတာလဲ။"

အန်လင်းက မိုဟိုင်၏ မေးခွန်းများကို လုံးဝပင် လျစ်လျူရှုထားကာ သူ့၏ သိုလှောင်လက်စွပ်ထဲမှ အကြော်ဒယ်အိုးကို ထုတ်လိုက်ပြီး မီးပျိုးလိုက်ကာ ဟင်းခတ်အမွှေးအကြိုင်များကို အကြော်ဒယ်အိုးထဲသို့ ထည့်လိုက်၏။ ထို့နောက်သူက ကျားအသားတစ်တံုးကို လေထဲသို့ ပစ်လိုက်ပြီး သူ့၏ မိစ္ဆာရှင်းဓားမှ အနက်ရောင် ဓားအလင်းတန်းများနှင့် အရွယ်တူ အတုံးလေးများအဖြစ် ပိုင်းလိုက်၏။ အသားတုံးလေးများက အကြော်ဒယ်အိုးထဲသို့ ကျသွားကာ အန်လင်းက ချက်ချင်းပင် စတင်ချက်ပြုတ်လိုက်လေ၏။

မိုဟိုင်က အန်လင်း၏ အရည်အချင်းရှိ လေ့ကျင့်ထားသော လှုပ်ရှားမှုများအား ခေါင်းငြိမ့်ကာ အသိအမှတ်မပြုပဲ မနေနိုင်တော့ပါပေ။ "တကယ့်ကို ကျွမ်းကျင်အဆင့်ပဲ။"

စွဲမက်ဖွယ် ရနံ့တစ်ခုက တဖြည်းဖြည်း လေထုကို လွှမ်းခြုံလာပြီး အန်လင်းက ကျားအသားကို ဆက်လက်ချက်ပြုတ်နေတော့သည်။

စွဲမက်ဖွယ်ရနံ့ကို ရှုမိသည့်အခါ မိုဟိုင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး အလွန်အမင်း မယုံကြည်နိုင်သောအမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။ "သေစမ်း။ အဲဒါက အရမ်းမွှေးတာပဲ...။ မီးတောက်ဖြူကျားရဲ့အသားက ထိပ်တန့်အဆင့် အစားအသောက် ပစ္စည်းဖြစ်နိုင်လား။"

"ဟီးဟီး... မီးတောက်ဖြူကျားရဲ့ အသားက အထက်ပိုင်းအဆင့် အစားအသောက်ပစ္စည်းထဲမှာ ပါတယ်လေ။ အရေးအကြီးဆုံးကတော့ ငါ့ရဲ့ ဟင်းချက်စွမ်းရည်ပေါ့ကွာ။" အန်လင်းက ခပ်ဖွဖွ ပြုံးလိုက်၏။

မိုဟိုင်က ငေးငိုင်နေသောအမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

စွဲမက်ဖွယ်ရနံ့မှာ ပို၍ပင် ပြင်းထန်လာပြီး ဟင်းပွဲက ကျက်ခါနီးနေလေပြီ။ မိုဟိုင်မှာ အကြော်ဒယ်အိုးထဲမှ အသားကို မျှော်လင့်တကြီး ငေးကြည့်နေလေ၏။ "ငါခုဏက ပြောတာကို ပြန်ရုတ်သိမ်းလို့ ရမလား။"

အန်လင်းက မိုဟိုင်ကို ရယ်​မောကာ ကြည့်လိုက်ပြီး "မင်းက မဆာဘူး​ ပြီးတော့ ငါ့ကို  ရူးနေလားလို့ပြောတာမလား။"

မိုဟိုင်က ကို့ယို့ကားယားနှင့် တောင်းပန်လိုက်၏။ "ငါက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ။ ငါရက်တွေအများကြီး ဘာမှကို မစားရသေးဘူး။ ငါ့ကို နည်းနည်းလောက်လေးသနားပြီးတော့ အကြော်ဒယ်အိုးထဲက အသားနည်းနည်းလောက် ကျွေးလို့ရမလား။"

အန်လင်းက စိတ်ဆုံးဖြတ်ထားသော အသံဖြင့် ပြောလိုက်၏။ "မကျွေးဘူး..."

မိုဟိုင် : "..."

ထိုအချိန်၌ပင် ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် မီးတောက်များ လောင်ကျွမ်းနေသော ဧရာမ ဝံပုလွေတစ်အုပ်က အန်လင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကာ အကြော်ဒယ်အိုးထဲမှ အသားကို လောဘတကြီး ကြည့်နေတော့၏။

"ဟ... ငါ့ရဲ့ အချက်အပြုတ်စွမ်းရည်က သန္ဓေပြောင်း သားရဲတွေကိုတောင် ဆွဲဆောင်နိုင်တယ်ပေါ့။ အတော်လေး စိတ်ကျေနပ်စရာ စပရိုက်ပဲ..." အန်လင်းက နီးကပ်လာသော ဝံပုလွေများကို တက်ကြွစွာ ကြည့်လိုက်၏။

"သခင်လေး အန်လင်း၊ သူတို့ကို ငါ့တာဝန်သာထားလိုက်။ မင်းက ဟင်းချက်တာသာ အာရုံစိုက်ပြီးတော့ ငါဒီဝံပုလွေတွေကို သတ်ပြီးရင်သာ ငါ့အတွက် စွမ်းအင်ပြန်ဖြည့်ပေးဖို့ အသားနည်းနည်း ကျွေး။" မိုဟိုင်က ချက်ချင်းပင် စေတနာ့ ဝန်ထမ်းဝင်လုပ်ပေး၏။

ထိုအခိုက်အတန့်မှာပင် အထက်ကောင်းကင်မှ ကြက်သွေးရောင်တိမ်တိုက်များက ပြင်းထန်စွာ တိုးဝှေ့လာ၏။

အဖြူ​ရောင် ပုံရိပ်တစ်ခုက သူ့မ၏ ​နောက်တွင်ပျံသန်းမီးတောက်ငှက် ထောင်ချီဖြင့် သူတို့ဆီသို့ ဆင်းသက်လာလေ၏။

"ရှန်းကွမ်ယီ..." မိုဟိုင်က ကောင်းကင်မှ ပုံရိပ်ကို မြင်သောအခါ အနည်းငယ် တုံ့ဆိုင်းသွား၏။

မရေမတွက်နိုင်သော ပျံသန်းမီးတောက်ငှက်များက လေထုတွင် မီးတောက်ပင်လယ်တစ်ခုကဲ့သို့ ဖြစ်နေစေပြီး သူတို့၏ ပေါင်းစပ်လွှမ်းမိုးထားသော အော်ရာမှာ သူမအား အသက်ရှုကြပ်ဖွယ် ခံစားချက်တစ်ခုပေးနေ၏။

ငှက်အုပ်စုကို ဦးဆောင်နေသော အတောင်၆ခုပါ ရွှေရောင် မီးတောက်ငှက်တစ်ခုရှိပြီး ထိုသည်က ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားထဲတစ်ကောင်ဖြစ်၏။

"သခင်လေး မိုဟိုင်၊ သခင်လေး အန်လင်း၊ ကျေးဇူးပြုပြီး ငါမန္တန်နည်းစနစ်တစ်ခု ပြင်ဆင်နေတုန်းမှာ ဒီပျံသန်းမီးတောက်ငှက်တွေကို ၁၀စက္ကန့်လောက် တားထားပေးပါအုံး။" ရှန်းကွမ်ယီက အနည်းငယ် ဖရိုဖရဲ ဖြစ်နေပုံပေါ်ပြီး အဝေးမှ သူတို့ဆီအား အသံကူးပြောင်းလိုက်၏။

အန်လင်းက သူ့မျက်စိရှေ့တွင်ဖြစ်ပွားနေသော မြင်ကွင်းကြောင့် ခတ္တကြောင်သွားပြီး "သေစမ်းဟ... ရှန်းကွမ်ယီ၊ မင်းက ငါ့ထက်ပိုကြမ်းသွားပြီ။ မင်းက တစ်ကြိမ်တည်းနဲ့ သန္ဓေပြောင်းသားရဲ ထောင်ချီကို ဘယ်လိုများ ဆွဲဆောင်လိုက်တာလဲ။"

အန်လင်း၏ စကားများကို ကြားပြီးနောက် ရှန်းကွမ်ယီ၏ မျက်နှာထက်တွင် ကို့ယို့ကားယား အမူအရာတစ်ခုပေါ်လာပြီး အန်လင်းနှင့် မိုဟိုင်ဆီသို့ ပို၍ မြန်မြန်ပင် ပျံသန်းသွားလိုက်၏...။

အန်လင်းက အကြော်ဒယ်အိုးထဲမှ အသားကိုကြည့်ကာ နှလုံးသားများ နာကျင်လာရ၏။

အသားက ကောင်းကောင်းမကျက်သေးပါချေ။ သူက ယခုတွင် ချက်ပြုတ်ခြင်းကို ရပ်လိုက်ပါက အကြော်ဒယ်အိုး၏ အရသာတိုးပွားသည့် အကျိုးသက်ရောက်မှုမှာ ဒီတစ်ရက်အတွက် အလဟသဖြစ်သွားပေလိမ့်မည်။

"သခင်လေး မင်းပြောတာ ငါ့ကို ဘေးကင်းအောင်ထားမယ်ဆို။ ငါမင်းကို ယုံလိုက်မယ်နော်။ ငါအရင်ဆုံး ဟင်းပြီးအောင်ချက်လိုက်အုံးမယ်။ အဲ့တော့ ငါက ပျံသန်းမီးတောက်ငှက်တွေကို မင်းတာဝန်ထားလိုက်မယ်နော်။ ပြီးရင် ငါမင်းကို ဒီအသားရဲ့ ၃ပုံ၁ပုံ ခွဲပေးမယ်။" အန်လင်းက မိုဟိုင်ဆီသို့ အတည်ပေါက်ကြီး လှည့်ကြည့်လိုက်၏။

မိုဟိုင်က ထိုသည်က ကြားပြီးနောက် မေ့လဲတော့ မလိုပင် ဖြစ်သွားရ၏။ ငလူး...။

ကောင်းကင်ဘုံမီး သန္ဓေပြောင်းငှက်က စိတ်ဝိညာဉ် သန္ဓေပြောင်းငှက်တွေ ရာချီ၊ သာမန်မီး သန္ဓေပြောင်းငှက်တွေ ထောင်ချီနဲ့ သူ့ဆီကို ဆင်းလာတာလေ။ သူက အဲဒါကို ဘယ်လိုလုပ်ပြီး တောင့်ခံထားနိုင်မှာလဲ။

"သခင်လေး အန်လင်း၊ ငါက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမိတာပါ။ ငါအဲ့လိုမျိုး တစ်ခါမှ မပြောခဲ့ဘူးလို့ပဲ ထားလိုက်လို့ရမလား။" မိုဟိုင်က ကောင်းကင်မှ မရေမတွက်နိုင်သော ပျံသန်းမီးတောက်ငှက်များကို မော့ကြည့်ကာ မျက်ရည်ကျလုဆဲဆဲဟုပင် ခံစားလိုက်ရ၏။

***

All Chapters