← Chapters

ဟင်းချက်ခြင်းကိုသာ အာရုံစိုက်ထားပြီး ကျန်တဲ့ အရာအားလုံးကို လျစ်လျူရှုထားခြင်း

Vol. 30 Ch. 413

ဟင်းချက်ခြင်းကိုသာ အာရုံစိုက်ထားပြီး ကျန်တဲ့ အရာအားလုံးကို လျစ်လျူရှုထားခြင်း

Vol. 30 Ch. 413

ရှန်းကွမ်ယီက အန်လင်းကို အလန့်တကြား ငုံ့ကြည့်လိုက်၏။ "သခင်လေး အန်လင်း၊ ရှင်က မကူညီတော့ဘူးလား။"

အန်လင်းက ရှန်းကွမ်ယီအား မျက်လုံးလှန်လိုက်ပြီး "ငါအလုပ်ရှုပ်နေတာ နင်မမြင်ဘူးလား။"

ရှန်ကွမ်ယီ : "..."

သူမက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အန်လင်းနှင့် ပေ၁ထောင် အကွာနီးပါးရောက်သောအခါ အလွန်ပင် စွဲမက်ဖွယ် ရနံ့တစ်ခုကို ရှုလိုက်မိ၏။ ထိုရနံ့မှာ ကောင်းကင်ဘုံ၏ ရနံ့ဖြစ်ပြီး သူမ၏ ဗိုက်မှာ လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်ကပင် ဆာမနေသော်လည်း ယခုတွင်မူ တဂွီဂွီမြည်လာပေတော့၏။

သူမက အကြော်ဒယ်အိုးထဲမှ အသားကို တအံ့တဩ ကြည့်လိုက်ပြီး ချက်ချင်းပင် သူမဆက်ပြောမည့် စကားများကို မျိုချလိုက်တော့သည်။

ရှန်းကွမ်ယီမှာ အန်လင်း၏ ဘေးသို့ ခပ်ဖွဖွဆင်းသက်လာလေ၏။ "သခင်လေး မိုဟိုင်၊ ငါ့အတွက် ငှက်တွေကို ၁၀စက္ကန့်လောက်အချိန်ဆွဲထားပေးဖို့ ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်။"

မိုဟိုင်က အားတင်းပြီးပြုံးပြကာ အန်လင်းနှင့် ရှန်းကွမ်ယီရှေ့တွင် ရွှေရောင် စက်ဝိုင်းသဏ္ဍာန် အဝိုင်းတစ်ခုကို ကိုင်ကာ မတ်တပ်ရပ်လိုက်၏။

စက်ဝိုင်းသဏ္ဍာန် အဝိုင်းမှာ ဂိုဏ်း၏ ဆန်းကြယ်ရတနာ၊ အံ့ဖွယ် ဇာမဏီဝိုင်းပင် ဖြစ်၏။ ထိုအဝိုင်းမှာ အံ့ဖွယ်ဇာမဏီ၏ စွမ်းအင်ကို ဆွဲယူနိုင်ပြီး အလွန်အမင်း အစွမ်းထက် တိုက်ခိုက်ခုခံနိုင်သည့် ဖွဲ့စည်းခြင်းတစ်ခုကို ထုတ်ပေးနိုင်ပြီး ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲကို တားဆီးပေးနိုင်၏။

ဆန်းကြယ် ရတနာမှာ အလွန်အမင်း အစွမ်းထက်လှသော်လည်း တစ်ကြိမ်သာ အသုံးပြုနိုင်၍ မိုဟိုင်က ထိုအရာကို ထုတ်သုံးရန် တွန့်ဆုတ်နေခြင်းပင်။

အန်လင်းက သူ့၏ သိုလှောင်လက်စွပ်ထဲမှ ဂမ်ဒမ်၂ကောင်ကို ထုတ်လိုက်၏။ "သခင်လေး မိုဟိုင်၊ ငါမင်းကို အကူအညီ ၂ယောက်ပေးမယ်။ သူတို့က အနည်းဆုံးတော့ ကျိယုံဖန် ၄ယောက်နီးနီး အသုံးဝင်ပါတယ်။"

ရှန်းကွမ်ယီမှာ မန္တန်တည်ဆောက်ခြင်း လုပ်ငန်းစဉ် တွင်ဖြစ်ပြီး အန်လင်း၏ အော်သံကို ကြားသောအခါ စကားလုံးများပင် မေ့တော့မလို ဖြစ်သွားရ၏။

မိုဟိုင်၏ ရင်ဘတ်မှာ စိတ်ဆိုးစွာဖြင့် တင်းကြပ်သွား၏။ "ညီအစ်ကို မင်းက ကျိယုံဖန်ကို ဘယ်လောက်တောင် မုန်းတီးနေတာလဲ။ သူက ဒီမှာတောင်မရှိတာကို မင်းက သူ့ကို တိုက်ခိုက်နေတုန်းပဲနော်..."

"ငါက သူ့ကို တိုက်ခိုက်တာ မဟုတ်ပါဘူး။ ဒီအတိုင်း အမှန်ကို ပြောပြယုံတင်ပါ။" အန်လင်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်၏။

မိုဟိုင် : "..."

ထိုအခိုက်အတန့်၌ပင် ပျံသန်းမီးတောက်ငှက် ထောင်ချီက သူ့အပေါ်တွင် ရောက်နေပြီး ဖြစ်ကာ သူ့အပေါ်သို့ ကြောက်မက်ဖွယ် စွမ်းအင်ဖြင့် ထိုးဆင်းလာကြ၏။

"အံ့ဖွယ် ဇာမဏီဝိုင်း...။ စစ်မှန် စိတ်ဝိညာဉ် အကာအကွယ် ဖွဲ့စည်းခြင်း...။"

ရွှေရောင်အလင်းတန်းက မိုဟိုင်၏ ကြက်သွေးရောင် မျက်လုံးများက ထိုးထွက်လာကာ အံ့ဖွယ်ဇာမဏီဝိုင်းကို အသက်သွင်းလိုက်၏။

အကာအကွယ်ဖွဲ့စည်း​ခြင်းက တိုက်ခိုက်မှု ဖွဲ့စည်းခြင်းထက် ထိန်းသိမ်းရန် သိသိသာသာပင် စွမ်းအင် အနည်းငယ်သာလိုအပ်၏။ မည်သို့ဆိုဆို ဤအရာများအားလုံးမှာ ရှန်းကွမ်ယီ၏ သားကောင်များဖြစ်သည်မို့ သူက တိုက်ခိုက်မှုဖွဲ့စည်းခြင်းကို အသုံးပြုရန် မရည်ရွယ်ထားပါပေ။

ကောင်းကင်နှင့် မြေကြီးကြားတွင် ဇာမဏီငှက် ငိုကြွေးသံတစ်ခုက ထွက်ပေါ်လာပြီး ရွှေရောင်း အလင်း အကာအကွယ်တစ်ခုက မြေကြီးမှ မြင့်တက်လာကာ မိုဟိုင်၏ ပတ်လည်ရှိ ပေတစ်ထောင် အချင်းဝက်ရှိ ဧရိယာကို လွှမ်းခြုံပစ်လိုက်၏။

ဘုန်း...

ပျံသန်းမီးတောက်ငှက် စစ်တပ်ကြီးက ကျယ်လောင်သော အသံများဖြင့် အတားအဆီးကို ဝင်တိုက်မိသွား၏။

မီးတောက်များ၏ လှိုင်းတစ်ခုက အတားအဆီး၏ ပတ်လည်တွင် မီတာတစ်ထောင်အထိ ကျယ်ပြန့်လာပြီး အောက်ခြေရှိ မြေကြီးကို ချော်ရည်များအဖြစ် အရည်ပျော်သွားစေကာ သက်ရှိသတ္တဝါများအားလုံးကို သူ့၏ ကြောက်မက်ဖွယ် အပူရှိန်ဖြင့် ပြာအဖြစ်ပြောင်းသွားစေ၏။

မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများက ရွှေရောင် အကာအကွယ်ဖွဲ့စည်းခြင်း ပေါ်တွင် ပေါ်လာပြီး ရူးသွပ်ဖွယ် စွမ်းအင်ပမာဏက ထိုထဲမှ ထိုးထွက်နေပြီး ပျံသန်းမီးတောက်ငှက်အုပ်ကြီးကို တားဆီးထားပေ၏။

တစ်ချိန်တည်းမှာပင် ရှန်းကွမ်ယီ၏ ဓားရှည်မှာ သူမရှေ့တွင် ပေါလောပေါ်နေပြီး သူမက မန္တန်များကို ရေရွတ်နေကာ သူမ၏ ပတ်ဝန်းကျင်မှ အပူချိန်ကို သိသိသာသာလျော့ကျစေပြီး လေထုထဲတွင် ရေခဲနှင့် မြူနှင်းများ ဖြစ်လာစေ၏။

အန်လင်းက မျက်ရည်များပင် ဝိုင်းလာလေ၏။ သူက ကျားသားကို ချက်ပြီးသွားလေပြီ။ သို့သော် အသားမှာ ယခုတွင် အစိုင်အခဲအဖြစ် ခဲသွားလေပြီ။ သူမရဲ့ ပြသနာက ဘာလဲဟ။

ရှန်းကွမ်းယီက မြေပြင်ပေါ်သို့ ခပ်ဖွဖွ နင်းလျှောက်လိုက်ပြီး အပြာရောင် ခပ်တောက်တောက်ထွက်နေသော ဆီးနှင်းပွင့်တစ်ခု၏ ပုံရိပ်မှာ အပြင်ဘက်သို့ ကျယ်ပြန့်လာပြီး အချင်းဝက် ကီလိုမီတာ အနည်းငယ်ရှိသော ကြီးမားသည့် ဖွဲ့စည်းခြင်းတစ်ခု ဖြစ်ပေါ်လာစေပြီး ချက်ချင်းပင် ပျံသန်းမီးတောက်ငှက်များကိုထောင်​ချောက်ဖြင့် ဖမ်းလိုက်၏။

"မြူထူ ကောင်းကင် ဓားဖွဲ့စည်းခြင်း...။ နှိမ်နင်းစေ...။"

ရှန်းကွမ်ယီ၏ အေးစက်စက်အသံက ထွက်ပေါ်လာပြီး သူမ၏ ဓားရှည်မှာ လေထုထဲသို့ ပျံသန်းသွားသော အပြာရောင် အလင်းတန်းအဖြစ် ​ပြောင်းလဲသွား၏။

ဘုန်း...

အထူးမြူနှင်း၏ စွမ်းအင်မှာ ကြီးမားလှသော ဆီးနှင်းပွင့်ကြီးမှ ထိုးထွက်လာပြီး ပျံသန်းမီးတောက်ငှက်များအားလုံးကို အစိုင်အခဲအဖြစ် အေးခဲသွားစေတော့သည်။

တောင်ပံ၆ခုပါ ကောင်းကင်ဘုံမီး သန္ဓေပြောင်းငှက်က ကောင်းကင်မှ အပြာရောင်ဓားကို သတိတကြီး စိုက်ကြည့်လိုက်၏။

ကျယ်လောင်သည့် အသံကြီးတစ်ခုက အပြာရောင်ဓားမှ ထိုးထွက်လာကာ ထိုအရာက ၁ မှ ၁၀၊ ၁၀ မှ ၁၀၀၊ ၁၀၀ မှ ၁၀၀၀ အထိဆတိုးပွားလာလေ၏...။

အထူးမြူနှင်း၏ စွမ်းအားများ ပြည့်နှက်နေသော ရေခဲဓားများ ထောင်ချီမှာ ကြီးမားသော ဆီးနှင်းပွင့် ဖွဲ့စည်းခြင်း၏ အပေါ်တွင် ရစ်ဝဲနေလေ၏။ ဓားများအားလုံးမှာ ကောင်းကင်မှ လွှမ်းမိုးဖွယ် သတ်ဖြတ်ခြင်း စိတ်ဆန္ဒဖြင့် ဆင်းသက်လာပြီး ပျံသန်းမီးတောက်ငှက်အုပ်ကြီးကို နှိမ်နင်းပစ်လိုက်၏။

ဆီးနှင်းနှင့် ရေခဲများကြား ထိခတ်မှုက ထိုအချိန်၌ ထွက်ပေါ်လာလေ၏။

ပျံသန်းမီးတောက်ငှက်များ၏ လောင်းကျွမ်းမီးတောက်များက ရေခဲဓားများနှင့် တိုက်ခိုက်ခံလိုက်ရပြီး ပေါက်ကွဲသံများ အမြောက်အများ ထွက်ပေါ်လာစေ၏။

ပျံသန်းမီးတောက်ငှက်တစ်ချို့မှာ အစိုင်အခဲအဖြစ် အေးခဲသွားပြီး အပိုင်းပိုင်း ဖြတ်ခံလိုက်ရကာ တစ်ချို့သော ရေခဲဓားများက ပျံသန်းမီးတောက်ငှက်များ၏ လောင်ကျွမ်းမီးတောက်များနှင့် ထိတွေ့မိဿာအခါတွင် အရည်ပျော်ကျသွား၏။

အစွမ်းအထက်ဆုံး တောင်ပံ၆ခုပါ ပျံသန်းမီးတောက်ငှက်မှာ တောင်ပံတစ်ချက်ခတ်တိုင်း အစွမ်းထက် မီးတောက် တောင်ပံအလင်းတန်းများ ရာချီ ထုတ်လွှတ်နေပြီး ရေခဲဓားများဆီသို့ ပျံသန်းသွားကာ ရေငွေ့တိမ်တိုက်များအဖြစ်သို့ လျှော့ချပစ်လိုက်၏။

ရေခဲဓားများ၏ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာသော်လည်း ထိုအခိုက်အတန့်၌ မြေပြင်ပေါ်မှ ကြီးမားသော ဆီးနှင်းပွင့် ဖွဲ့စည်းခြင်းက တောက်ပသောအလင်းတန်းဖြင့် လင်းလက်လာပြီး နောက်ထပ်သော ရေခဲဓားများ ထောင်ချီ ဖြစ်ပေါ်လာစေ၏...။

ဆီးနှင်းခဲ ဖွဲ့စည်းခြင်း၏ စွမ်းအင်မှာ လက်တွေမှာပင် အကန့်အသတ်မဲ့ ရေခဲဓားများကို အဆက်မပြတ် ထောက်ပံ့ပေးရန် အသင့်ဖြစ်နေသည်အထိ လုံလောက်ပေ၏။

ပျံသန်းမီးတောင်ငှက် အကောင်သေများက ကြက်သွေးရောင် မိုးစက်များသဖွယ် ​မြေပြင်သို့ ကျဆင်းနေပြီး သူတို့ထဲမှ တစ်ဝက်ကျော်ကျော်မှာ စက္ကန့်ပိုင်း အတွင်းမှာပင် သုတ်သင်ခြင်း ခံလိုက်ရ၏။

တောင်ပံ ၆ခု ပျံသန်းမီးတောက်ငှက်မှာ ချက်ချင်းပင် သူ့၏ တောင်ပံများကို ဖြန့်ကာ မီးတောက် ဆိုင်ကလုန်းတစ်ခုကို ဖန်တီးလိုက်ပြီး လွတ်မြောက်ရန် ကြိုးစားလိုက်၏။

ရှန်းကွမ်ယီက တောင်ပံ၆ခု ပျံသန်းမီးတောက်ငှက်ကို အာရုံစိုက်ထားပြီး ဆီးနှင်းပွင့် ဖွဲ့စည်းခြင်းမှာ ရုတ်တရက် စတင်တင်းကြပ်လာပြီး အထူးမြူနှင်း၏ အဆုံးမဲ့ စွမ်းအားက ပေတစ်ထောင်ကျော်သော ကြီးမားသည့် ရေခဲဓားတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဧရာမ ရေခဲဓားကြီးမှာ သူမ၏ အဆုံးသတ် နည်းစနစ်ပင် ဖြစ်၏။

ထိုသည်က လေထုကို ထိုးဖောက်သွားပြီး တောင်ပံ၆ခု ငှက်ဆီသို့ လျှပ်စီးအရှိန်ဖြင့် ပျံသန်းသွားလေ၏။ ဓား၏ အလင်းပေါက် မျက်နှာပြင်က တောင်ပံ၆ခု ပျံသန်းမီးတောင်ငှက် မီးတောက်များ၏ ရဲရဲနီသော တောက်ပမှုကို အလင်းပြန်နေစေပြီး ဓားအတွင်းမှ အထူးမြူနှင်း၏ ကြောက်မက်ဖွယ်စွမ်းအင်မှာ တောင်ပံ၆ခု ပျံသန်းမီးတောက်ငှက်ကို ကြောက်လန့်မှုဖြင့် တုန်ယင်နေစေ၏။

ထိုအရာက ချက်ချင်းပင် ကောင်းကင်ဘုံမီးတောက် နံရံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပြေးဖို့ အချိန်အလုံးအလောက်ရစေရန် ကြံစည်လိုက်၏။

သို့သော်လည်း ကောင်းကင်ဘုံမီးတောက်နံရံမှာ ချက်ချင်းပင် အပြာရောင်အလင်းတန်း၏ နှစ်ပိုင်းခွဲခြင်းခံလိုက်ရ၏။

နှစ်စက္ကန့်ကြာပြီးနောက် ဧရာမ ရေခဲဓားကြီးက တောက်ပစွာ လင်းလက်လာပြီး တောင်ပံ၆ခု ပျံသန်းမီးတောင်ငှင်အပေါ်သို့ မရပ်တန့်နိုင်သော အားအင်နှင့် သက်ဆင်းသွားလေ၏။

RIP...

တောင်ပံ၆ခု ပျံသန်း မီးတောက်ငှက်မှာ နှစ်ပိုင်းပိုင်းခံလိုက်ရပြီး သွေးများက ကောင်းကင်ပေါ်မှ မီးတောက်ရေပန်းသဖွယ် ကျဆင်းလာပြီး လေထဲမှ အေးခဲနေသော အစိုင်အခဲများကို ​မြေပြင်ပေါ်သို့ ကျရောက်စေလိုက်၏။

သို့ဖြစ်၍ ပျံသန်းမီးတောက်ငှက်အုပ်ကြီးတစ်ခုလုံးမှာ သူမ၏ ဓားအလင်းတန်းဖြင့် အပြည့်အဝ သုတ်သင်ခြင်း ခံလိုက်ရ၏။

မိုဟိုင်က သူ့ပတ်လည်တွင် ဖြစ်ပွားသွားသည့် မြင်ကွင်းကို တလေးတစား မော့ကြည့်လိုက်၏။ "အတော်ကို အစွမ်းထက်တဲ့ ဓားသိုင်းပဲ။ တိုက်ခိုက်နိုင်တဲ့ မီးစွမ်းအင် တစ်ခုတည်းပဲ ကြည့်မယ်ဆိုရင်တောင် ရှန်းကွမ်ယီက တကယ့်ကို လူငယ်မျိုးဆက်ရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူပါပဲ။"

သူက သူ့၏ အံ့ဖွယ်ဇာမဏီဝိုင်းကို သိမ်းဆည်းလိုက်ပြီး အန်လင်းဘက်သို့ လှည့်လိုက်ရာ သူတို့ပတ်ဝန်ကျင်ကို လျှောက်ကြည့်ကာ ဘာလုပ်ရမည်မသိ ဖြစ်နေပုံရသော ငွေရောင် စက်ပစ္စည်း ရုပ်သေးရုပ်နှစ်ခုကို တွေ့လိုက်ရ၏။

စက်ပစ္စည်း ရုပ်သေးများကို မြင်သောအခါ မိုဟိုင်၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။ "မင်းငါ့ကို ပြောချင်တာက... ဒီနှစ်ကောင်က ကျိယုံဖန် လေးယောက်နဲ့ တိုက်ခိုက်နိုင်တယ်ပေါ့။"

အန်လင်းက မိုဟိုင်ကို အမူအရာမဲ့ စိုက်ကြည့်လိုက်၏။ "မင်းက ဘာတွေ မျှော်လင့်နေတာလဲ။ မင်းက မင်းရဲ့ အဆုံးသတ် နည်းစနစ်ကို အစောကြီး ထုတ်သုံးလိုက်ပြီး ငါ့ရဲ့ ဂမ်ဒမ်တွေကို သူတို့ရဲ့ အရည်အချင်းတွေကို ပြသဖို့ အခွင့်အရေးတောင်မပေးပဲနဲ့။"

မိုဟိုင်က အံ့ဩတကြီး မျက်လုံးပြူးသွားရ၏။ အန်လင်းက သူ့ကို အပြစ်တင်မည်ဟု အမျှော်လင့်ထားမိပါပေ။ "ငါတော့ အဲ့လို အရှက်မဲ့တဲ့ လူမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။"

ဓားရှည်မှာ ရွှေရောင် မီးတောက်တောင်ပံ အလင်းတန်းတစ်ခုကို သယ်ဆောင်ကာ လေထဲတွင် ပျံသန်းနေလေ၏။

ရှန်းယွမ်ယီ၏ ခန္ဓာကိုယ်မှာ မောပန်းမှုကြောင့် အနည်းငယ် တုန်ယင်နေပြီး သူမ၏ နူးညံ့သော သွင်ပြင်များမှ သွေးများခမ်းခြောက်နေသော်လည်း သူမက မီးတောင်တောင်ပံ အလင်းတန်းကို တွေ့သောအခါ ရှားရှားပါးပါး အပြုံးတစ်ခုက ပေါ်လာလေ၏။

ဤမီးတောက်တောင်ပံ အလင်းတန်းမှာ ရွှေရောင်ဖြစ်ပြီး ဆိုလိုသည်မှာ ထိုသည်က အဆင့်မြင့် ဗာမီလီယမ်မီးတောက်တောင်ပံ အလင်းတန်းတစ်ခု ဖြစ်သည်ဟုပင်။

မိုဟိုင်မှာ ရှန်းကွမ်ယီ၏ လက်ထဲရှိ မီးတောက်တောင်ပံကို မနာလိုစွာ ငေးကြည့်နေ၏။ ထိုသည်က သူလိုက်ရှာနေသော အရာလဲ ဖြစ်ပေ၏။

မီးတောက်တောင်ပံမှာ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်း၍ မရနိုင်ပါ။ သို့ဖြစ်၍ ရှန်းကွမ်ယီက ထိုအရာကို ရင်ဘတ်တွင်ပိုက်ကာ ကျေဇူးတင်ကြောင်း ဖော်ပြရန် ခါးကိုင်းပြလိုက်၏။ "အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိုဟိုင်၊ အန်လင်း။ ကျေးဇူးပြုပြီး လေထဲမှာ ရှိနေတဲ့ ဗာမီလီယမ်ငှက်မီးတောက် အလင်းတန်းတွေအကုန်လုံးကို ငါ့ရဲ့ ကျေးဇူးတရားကို ဖော်ပြတဲ့အနေနဲ့ လက်ခံပေးပါ။"

မိုဟိုင်နှင့် အန်လင်းက ကောင်းကင်ကို ကြည့်လိုက်ရာ အရည်အသွေးနိမ့် ဗာမီလီယမ် ငှက်မီးတောက်တောင်ပံ အလင်းတန်း ၁၀၀ကျော်ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုအရာများက ပျံသန်းမီးတောက်ငှက်အုပ်ကြီးအတွင်းမှ စိတ်ဝိညာဉ်မီး သန္ဓေပြောင်းသားရဲများက ချန်ထားခဲ့ခြင်းဖြစ်ပြီး အရည်အသွေးနိမ့်သော်လည်း အရည်အတွက်များလွန်းလှပေ၏။

"သခင်လေး မိုဟိုင်၊ မင်းက ငါ့ထက်အများကြီး ပိုအလုပ်လုပ်ထားတာဆိုတော့ ငါ့ဟာတွေပါယူလို့ရတယ်။" အန်လင်းက အရေးမစိုက်စွာ ပြောလိုက်၏။

မိုဟိုင်က မျက်လုံးလှန်လိုက်၏။ "ငါက မင်းကို ကျေးဇူးတင်ဖို့ မျှော်လင့်နေတာလား။"

"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျေးဇူးတင်ဖို့ မလိုပါဘူး။ သူတို့ ​မျောမသွားခြင် မြန်မြန်သာ စုပ်လိုက်စမ်းပါ။" အန်လင်းက  သူ့၏ အံ့ဖွယ်မီးတောက်ကို ငြိမ်းသက်ရင်း ပြုံးလိုက်၏။ သူ့၏ ကျားသားဟင်းမှာ တရားဝင် ပြီးမြောက်သွားလေပြီ။

အန်လင်းက ခေါင်းမော့ကြည့်လိုက်ရာ ရှန်းယွမ်ယီမှာ သူ့၏ အကြော်ဒယ်အိုးထဲမှ အသားကို စူးစူးစိုက်စိုက် ငေးကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမကို ကြိုဆိုသော အမူအရာပြုလိုက်၏။ "သခင်မလေး ရှန်းကွမ်ယီ၊ မင်းရဲ့ စွမ်းအင်တွေ ပြန်ဖြည့်ဖို့အတွက် အသားနည်းနည်း စားချင်လား။"

ရှန်းကွမ်ယီ၏ ပထမဆုံး တုန့်ပြန်မှုမှာ ကန့်လှမ်းချက်ကို ငြင်းဆိုရန်ဖြစ်သော်လည်း သူမ၏ ခြေထောက်များက သူ့အလိုလို ရှေ့သို့လျှောက်သွားလေ၏။

အကြော်ဒယ်အိုးမှ လေထုထဲတွင် ပျံ့နှံ့နေသော ရနံ့မှာ ငြင်းဆန်ရန်အတွက် အလွန်အရသာရှိလှပေ၏။

"အဲဒါက ဘာသားလဲဟင်။ အတော်လေး ထူးခြားတဲ့ အနံ့ရှိတယ်။"

ရှန်းကွမ်ယီမှာ အ​ကြော်ဒယ်အိုးထဲမှ အသားကို ကြည့်လိုက်ပြီး သိလိုစိတ်က သူမ၏ မျက်နှာပေါ်တွင် အနှံ့ရေးခြယ်ထားလေ၏။

"အဲဒါက မီးတောက်ဖြူကျား အသားလေ။ ငါ့ရဲ့ နတ်ဘုရားလို ဟင်းချက်စွမ်းရည်ကြောင့် အနံ့က မွှေးနေတာ။" အန်လင်းက တက်တက်ကြွကြွအပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်၏။ "သခင်မလေး ရှန်းကွမ်ယီ၊ နည်းနည်းစားချင်လား။"

ရှန်းကွမ်ယီက သူ့၏ ကမ်းလှမ်းချက်ကို ထပ်မံငြင်းပယ်ရန် ကြံစည်လိုက်သော်လည်း သူမ၏ ဦးခေါင်မှာ သူမကို နားမထောင်ပဲ အလိုလို ခေါင်းငြိမ့်ပြလိုက်ပြန်၏။ "ငါနည်းနည်း စားချင်တယ်။"

အန်လင်း၏ မျက်နှာထက်တွင် ကြည်ကြည်နူးနူးအပြုံးတစ်ခုပေါ်လာလေ၏။ "ဒီအကြော်ဒယ်အိုးထဲမှာ အသားတုံး ၃၀၀လောက်ရှိတယ်။ ငါက ပုံမှန်ဆို ဒီဟင်းကို စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းနဲ့ရောင်းတာ။ တစ်တုံးကို စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ကျတယ်လေ။ ဘယ်နှတုံးလောက်စားချင်လဲ သခင်မလေး ရှန်းကွမ်ယီ။"

ရှန်းကွမ်ယီ၏ မျက်လုံးများက အလန့်တကြား ပြူးကျယ်သွား၏။

မိုဟိုင်က လေထဲမှ မီးတောက်တောင်ပံများကို စုပ်ပြီး ပြန်ရောက်လာပြီဖြစ်ကာ အန်လင်း၏ စကားများကို ကြားလိုက်သောအခါ မေ့လဲတော့မလိုပင်ဖြစ်တော့၏။ "စောက်ကျိုးနည်း...။ သခင်လေး အန်လင်း၊ တစ်တုံးကို စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ဟုတ်လား။ ငလူး အဲဒါက ဓားပြတိုက်နေတာလား။"

"မင်းငါ့ဆီကနေ အသားတုံး၁၀၀ စားချင်သေးတယ်ဆိုရင် ပါးစပ်ပိတ်ထားစမ်း။" အန်လင်းက မိုဟိုင်ကို စူးစိုက်ကြည့်လိုက်၏။

မိုဟိုင်က ချက်ချင်းပင် နာခံတတ်သော ခွေးတစ်ကောင်ကဲ့သို့ သူ့ပါးစပ်ကို ပိတ်ထားလိုက်၏။

ရှန်းကွမ်ယီ၏ မျက်နှာ ထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။ "ဟုတ်ပြီ။ ငါ အတုံး၂၀၀ လိုချင်တယ်။"

အန်လင်း : "..."

မိုဟိုင် : "..."

***

All Chapters