အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခု
Vol. 30 Ch. 414
အန်လင်းမှာ ရှန်းကွမ်ယီ၏ စကားကြောင့် အံ့ဩတကြီး ဖြစ်သွားရ၏။
သေစမ်း...။
အသားတုံးက ၃၀၀တည်းရှိတာကို မိုဟိုင်က ၁၀၀ပိုင်ထားပြီလေ သူမက ကျန်တဲ့ အတုံး၂၀၀လုံးကို ဝယ်ချင်နေတာ...။
သူတို့စားပြီးသွားသည့်နောက်တွင် အန်လင်းက စောက်ကျိုးနည်း အကြော်ဒယ်အိုးကို လျက်ရမည်လား။
"တောင်းပန်ပါတယ်။ ငါက အများဆုံး အတုံး၁၀၀ပဲရောင်းနိုင်မယ်။" အန်လင်းက မျက်နှာတည်ကြီးဖြင့် ပြောလိုက်၏။
ဘာပဲဖြစ်ဖြစ် သူက သူဌေးလေ။ အဲ့တော့ သူလုပ်ချင်တာလုပ်လို့ရတာပဲ။
"ဟုတ်ပြီ။ အဲ့တာဆိုလဲ ၁၀တုံးပေး။" ရှန်းယွမ်ယီက ပြင်ဆင်လိုက်၏။
အန်လင်း : "..."
မိုဟိုင် : "..."
အန်လင်းက စိတ်ဝိညာဥ် ကျောက်တုံး ၃၀၀၀ကို သူ့၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းလိုက်ပြီး သူတို့သုံးယောက်မှာ အကြော်ဒယ်အိုးကို ဝိုင်းထိုင်ကာ သူတို့၏ စားသောက်ပွဲကြီးကို စားသုံးလိုက်၏။
ရှန်းယွမ်ယီမှာ အပျော်ဝင်စားခြင်းဖြစ်သော်လည်း သူမက ပထမဆုံး အသားတုံးကို စားပြီးနောက် သူမ၏ ထိုင်ခုံပေါ်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွား၏။
ဘုရားရေ။ ဒီ ကမ္ဘာပေါ်မှာ ဒီလောက်ထိ အရသာရှိတဲ့ အသား ဘယ်လိုများ ရှိနေရတာလဲ။
မိုဟိုင်က အသားတုံးများကို မနက်ဖြန်မရှိတော့ သကဲ့သို့ အငမ်းမရစားနေ၏။ "ညီလေး အန်လင်း၊ မင်း တိုက်ပွဲမှာ ဝင်ကူဖို့ ဘာလို့ ငြင်းရသလဲဆိုတာကို ငါနောက်ဆုံးတော့ နားလည်သွားပြီ။ ဒီလိုအရာရှိတဲ့ အစားအသောက်က စားဖိုမှုးရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုကို တကယ်ကို လိုအပ်တယ်။"
"အခုပြောလိုက်တာအတွက် ငါမင်းကို နောက်ထပ် ၁၀တုံးထပ်ပေးမယ်။" အန်လင်းက ပြုံစိစိနှင့် ပြန်ဖြေလိုက်၏။
မိုဟိုင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ချက်ချင်းပင် အန်လင်းအား မျိုးစုံချီးမွန်းခန်း ဖွင့်လေတော့သည်။
"သခင်လေး အန်လင်း၊ လူတစ်ယောက်ရဲ့ ဟင်းချက်စွမ်းရည်က သူတို့ ဘယ်သူလဲဆိုတာကို ပြန်ထင်ဟပ်စေတာပဲ။ မင်းရဲ့ ဟင်းချက်စွမ်းရည်က မင်းရဲ့ခွန်အား၊ စိတ်နေသဘောထားနဲ့ မင်းက ဘယ်လောက်တောင် အမိုက်စားလူလဲဆိုတာနဲ့ ညီမျှတယ်...။" မိုဟိုင်မှ ချီးမွန်းခန်းဖွင့်သည့် စက်တစ်လုံးကဲ့သို့ အန်လင်းအား မနားတမ်း ချီးကျူးစကားများပြောကာ နောက်ထပ်အသာူအနည်းငယ်ထပ်ရရန် မျှော်လင့်နေပေတော့၏။
သူမ၏ အသားတုံး ၁၀တုံးကို စားပြီးသည့်နောက်တွင် ရှန်းကွမ်ယီ၏ မျက်နှာထက်၌ နောင်တကြီးစွာရသည့် အမူအရာများ ပေါ်လာလေ၏။
သူမက ဘာလို့ နည်းနည်းထပ်မပြီး မဝယ်လိုက်ရတာလဲ။
သူမက ဘာလို့ ဒီလောက်တောင် တုံးအရတာလဲ။
သူမက ဘာတွေများ လုပ်နေရတာလဲ။
ရှန်းကွမ်ယီက အသားကို အငမ်းမရစားသောက်နေသော သူမဘေးရှိ လူနှစ်ယောက်ကိုကြည့်ကာ နောက်ဆုံးတွင်တော့ ညှိနှိုင်းလိုစိတ်ကို တားဆီးမရတော့ပါပေ။ "သခင်လေး အန်လင်း၊ ငါအသားနည်းနည်း ထပ်ဝယ်ချင်တယ်။ ငါ ခုဏက ပြောခဲ့တာကို ပြန်ရုတ်သိမ်းလို့ရမလား။"
အန်လင်းက ရှမ်းကွမ်ယီကို ကြည့်လိုက်၏။ သူမက ဗာမီလီယမ်ငှက်ဂိုဏ်းတစ်လျှောက် အေးစက်လှသည့် အလှပဂေးအဖြစ် အထူးကျော်ကြားသော အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ယခုတွင်မူ သူမ၏ အမူအရာမှာ အနည်းငယ်မျှပင် အေးစက်မနေပါပေ။ ထိုအစား သူမ၏ သွင်ပြင်များက မရဲမဝံ့နှင့် တမ်းတမ်းတတဖြစ်နေလေ၏။
သူက စက္ကန့်အနည်းငယ်ကြာအောင် တွေးတောနေပြီး သူမနှင့် အချိန်ကြာကြာ ရင်းနှီးမှုတည်ဆောက်ရန်အတွက် ဆုံးဖြတ်ချက်တစ်ခုချကာ ခေါင်းငြိမ့်ပြလိုက်၏။ "အစ်မ ရှန်းကွမ်ယီ ငါတို့နှစ်ယောက်စလုံးက ဗာမီလီယမ်ငှက်ဂိုဏ်းသားတွေပဲ။ အဲ့တော့ ငါမင်းကို နောက်ထပ် အသားတုံး အတုံး၉၀ အလကားပေးလိုက်မယ်နော်။ အဲ့တာဆို လူတိုင်းက အတုံး၁၀၀ စီစားရပြီးတော့ ပျော်ရွှင်မှုကလဲ လူတိုင်နဲ့ ဝေမျှပြီးသားဖြစ်သွားတာပေါ့။"
ရှန်းကွမ်ယီမှာ ကြောင်အသွားပြီး သူမ၏ မျက်လုံးတောက်တောက်များက ကျေနပ်ပျော်ရွှင်ဖွယ် အံ့အားသင့်မှုတစ်ခုနှင့် ပိတ်မိနေသကဲ့သို့ လင်းလက်သွားတော့၏။ "သခင်လေး အန်လင်း၊ ကျေးဇူးအများကြီးတင်ပါတယ်။ မင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။"
အန်လင်း : "..."
မိုဟိုင်က စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီး "ခဏ၊ အကြော်ဒယ်အိုးထဲမှာက အသားတုံး ၃၀၀ပဲ ရှိတာမလား။ မင်းက ငါ့ကို ၁၀ခုပိုပေးတယ်ဆိုတော့ ငါက ၁၁၀ရရမှာနော်။ မင်းက အတုံး ၉၀ပဲရမှာလို့ ပြောချင်တာလား သခင်လေး အန်လင်း။"
အန်လင်းက ချက်ချင်းပင် သဘောပေါက်သွားပြီး ခေါင်းငြိမ့်ကာ အဖြေပေးလိုက်၏။ "မင်းပြောတာ ဟုတ်တယ် သခင်လေး မိုဟိုင်။ အဲ့တာမို့ မင်းကိုပေးတဲ့ ၁၀တုံးကို ပြန်လျော့လိုက်တော့မယ်။ အဲ့တာဆို လူတိုင်းအတွက် မျှမျှတတဖြစ်သွားပြီ။"
"ဖွီး..." မိုဟိုင်က သေွးအန်တော့မလိုပင်ဖြစ်သွားပြီး သူ့ကိုယ်သူ အသေရိုက်ပစ်ချင်လာတော့သည်။
ငလူး။ အဲ့တာဆို မြှောက်ပင့်ပြောဆိုမှုတွေ အကုန်လုံးက ဘာဖြစ်သွားပြီလဲ။
အဲ့တာတွေအားလုံးက အလဟဿဖြစ်သွားပြီပေါ့။
ရှန်းကွမ်ယီက သူမ၏လက်ဖြင့် ပါးစပ်ကို ကာလိုက်ပြီး မိုဟိုင်၏ သေချင်စိတ်ပေါက်သွားသော အမူအရာအား ခပ်ဖွဖွ ရယ်မောလိုက်၏။
သူတို့ သုံးယောက်မှာ အကြော်ဒယ်အိုးထဲမှ ကျားအသားများအားလုံးကို စားသောက်ကာ ကြက်သွေးရောင် မြင်ခင်းပြင်ပေါ်တွင်ထိုင်ပြီး ကျေနပ်ပျော်ရွှင်နေကြလေ၏။
"ညီမ ရှန်းကွမ်ယီ၊ မင်းက အဆင့်မြင့် ဗာမီလီယမ် ငှက်မီးတောက်တောင်ပံကို ရှာတွေ့ပြီးပြီဆိုတော့ ဗာမီလီယမ်ငှက်ဂိုဏ်းကို ပြန်ဖို့အတွက် မင်းရဲ့ နေရာကူးပြောင်းတံဆိပ်ကို အသက်သွင်းလို့ရပြီလေ။ ဒါကို ဘာလို့ ဒီမှာဆက်နေနေသေးတာလဲ။" မိုဟိုင်က မေးလိုက်၏။
"ငါက ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲကို သုတ်သင်ပစ်နိုင်တာက မင်းတို့နှစ်ယောက်ရဲ့ကျေးဇူးတွေကြောင့်ပဲလေ။ အဲ့တာမို့ ငါက မင်းတို့နဲ့ အဖော်လိုက်ပြီးတော့ အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်းကို ရှာပေးပြီးတော့ မင်းတို့ရဲ့ ကြင်နာမှုကို ပြန်တုံ့ပြန်ပေးသင့်တယ်လို့ ခံစားရလို့။" ရှန်းကွမ်ယီက စိတ်ပိုင်းဖြတ်ထားသောအမူအရာဖြင့် ပြန်ပြောလာ၏။
"ဒါပေမဲ့... ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းတွေက အရမ်းကို အန္တရာယ်များလွန်းတယ်လေ။ ငါတို့အတွက် စွန့်စားဖို့ မင်းကိုမတောင်းဆိုနိုင်ဘူး...။" မိုဟိုင်က အနည်းငယ် တွေဝေနေပုံရ၏။
"ထပ်မပြောနဲ့တော့ မိုဟိုင်။ ငါက စိတ်ပိုင်းဖြတ်ပြီးသွားပြီ။" ရှန်းကွမ်ယီက အလွန်အမင်းတည်ကြည်သော အမူအရာဖြင့် ဆိုလာ၏။
အန်လင်းမှာ မိုဟိုင်၏ အမူအရာကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားရ၏။
အစွမ်းထက်တဲ့ မဟာမိတ် အပိုတစ်ယောက်ရှိနေတာက မကောင်းဘူးလား။ ဘာလို့ မိုဟိုင်က သူမကို နှင်ထုတ်ဖို့ ကြိုးစားနေရတာလဲ။
ထိုအချိန်၌ပင် သူက ရုတ်တရက် အသံကူးပြောင်းခြင်း တစ်ခုကို လက်ခံရရှိလိုက်၏။
"သခင်လေး အန်လင်း၊ ညီမ ရှန်းကွမ်ယီကို ငါတို့နှစ်ယောက်တည်းထားခဲ့ဖို့ ကူစည်းရုံးပေးအုံး။"
အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီး သူ့၏ အသံကို ပြန်လည် ကူးပြောင်းပေးလိုက်၏။ "ဘာလို့လဲ။ ငါတို့ကို အကူအညီပေးမဲ့ အစွမ်းထက် မဟာမိတ်တစ်ယောက်ရှိတာ ပိုမကောင်းဘူးလား။ အဲ့တာထက် သူမက လှလဲလှတယ်။ အဲ့တော့ ငါတို့ လုပ်ငန်းစဉ် ဆောင်ရွက်နေတုန်း မျက်စိ အစာကြွေးလို့ရတာပေါ့။"
"သွားစမ်းပါ။ သူမကို ငါတို့နဲ့ အတူ အန္တရာယ်များတဲ့ စမ်းသပ်ကွင်းတွေမှာ လိုက်ခဲ့ဖို့ ခွင့်ပြုလိုက်ရင် ငါတို့က မကြာခင်မှာပဲ ဒုက္ခရောက်လိမ့်မယ်။" မိုဟိုင်က အလောတကြီး သူ့၏ အသံကူးပြောင်းပေးပို့လာ၏။ "သူမရဲ့ သမိုင်းကြောင်းကို မင်းမသိဘူးလား။ သူမက ဗာမီလီယမ်ငှက်ဂိုဏ်းထဲမှာ ကံဆိုးပြီးတော့ အလိုမရှိတဲ့ အခြေအနေတွေနဲ့ ထိပ်တိုက်တွေ့ရလို့ နာမည်ကြီးတယ်။ သူမရဲ့ကံတရားက ကူးစက်တတ်ပြီးတော့ သူမဘေးကလူတွေကိုပါ ဒုက္ခရောက်စေတယ်။ သူမက ပျံသန်းမီးတောက်ငှက်တပ်ကြီးရဲ့ အမဲလိုက်ခြင်း ခံရတာက တိုက်ဆိုင်မှုလို့ထင်လား။ အဲ့တာတွေအားလုံးက သူမရဲ့ ကံဆိုးမှုကြောင့်ပဲ။"
အန်လင်းက သူ့၏ စကားများကြောင့် အနည်းငယ် တုံ့ဆိုင်းသွားပြီး ရှန်းကွမ်ယီအား စာနာစိတ်များ နှလုံးသားထဲတွင် ဖြစ်ပေါ်လာလေ၏။ သူက အဓိပ္ပာယ်အပြည့် ရင်းတွင်းဖြစ် အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။ "သခင်လေး မိုဟိုင်၊ ငါတို့က ဗာမီလီယမ်ငှက်ဂိုဏ်းသားတွေအဖြစ်နဲ့ အတူစည်းလုံးသင့်တာလေ။ ဒါပေမဲ့ အဲ့အစား မင်းက ဘာလို့ သူမကို နာမည်ဖျက်ဖို့ ကြိုးစားနေရတာလဲ။ အစ်မ ရှန်းကွမ်ယီက ငါတို့ရဲ့ စာနာမှုနဲ့ ထိုက်တန်တဲ့ တစ်စုံတစ်ယောက်ပါ။ ပြီးတော့ သူမက ငါတို့ကို ကူညီဖို့ ကြိုးစားနေတာလေ။ ဘာလို့ မင်းက သူမကိုနှင်ထုတ်ဖို့အတွက် အပစ်ရှိတယ်လို့ မခံစားရတာလဲ။ ကံဆိုးတယ်ဟုတ်လား။ ငါ့အတွက်တော့ အတော်လေး အဓိပ္ပာယ်မရှိတာပဲ။ ဒီလောက်လှတဲ့ တစ်စုံတစ်ယောက်က ဘယ်လိုလုပ်ပြီး ကံကောင်းမှုကလွဲလို့ အရာရာရှိနေနိုင်မှာလဲ။"
မိုဟိုင် : "... မင်းက ဒီဟာအတွက် နောင်တရစေရမယ်။"
အန်လင်းက မျက်လုံးလှန်လိုက်ပြီး ပြန်မဖြေတော့ပါပေ။
ထိုအချိန်၌ပင် မိုဟိုင်နှင့် ရှန်းကွမ်ယီတို့က မျက်နှာတည်များဖြင့် တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြ၏။
သူတို့က အဝါရောင် အံ့ဖွယ် အစီအရင်တစ်ခုကိုထုတ်လိုက်ပြီး သူတို့၏ အမူအရာများက စိုးရိမ်မှုအပြည့်ဖြစ်သွားကြ၏။
"ဘာလို့လဲ။" အန်လင်းက စိုးရိမ်ပူပန်စွာ မတ်တပ်ရပ်လိုက်၏။
"ငါတို့ရဲ့ အံ့ဖွယ်အစီအရင်တွေက အနီးနားမှာ အတွင်းစည်းတပည့် တစ်ယောက်ယောက်က အသက်အန္တရာယ်ရှိနေပြီဆိုရင် မီးလင်းလာမှာ။ ကြည့်ရတာတော့ ဒီကနေ တောင်ဘက် ကီလိုမီတာ ၁၀၀၀လောက်မှာ တစ်ယောက်ယောက်က သေရေးရှင်ရေးတစ်ခုခု ကြုံနေရပြီထင်တယ်။" ရှန်းကွမ်ယီက ရှင်းပြလိုက်၏။
"ဒီကနေတောင်ဘက် ကီလိုမီတာ ၁၀၀၀က ဆန်းကြယ်ရတနာ တောင်တန်းတွေရှိတဲ့နေရာပဲ။ လုကျီဇီက အနောက်ဘက်ကို ဦးတည်သွားပြီးတော့ ကျိယုံဖန်ကလည်း တောင်ဘက်ကို မသွားရဲဘူး။ အဲ့တာဆို အဲ့မှာ ယွမ်ယန်ပဲ ဖြစ်ရမယ်။" မိုဟိုင်က စိုးရိမ်တကြီး တွက်ချက်လိုက်၏။
အန်လင်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ "ငါတို့မှာ မကျော်လွှားနိုင်တဲ့ အန္တရာယ်တွေနဲ့ ကြုံလာခဲ့ရင် ဂိုဏ်းကို ပြန်ပို့ပေးမဲ့ နေရာကူးပြောင်းတံဆိပ်တွေ ရှိတယ်မလား။ "
ရှန်းကွမ်ယီက သက်ပြင်းတစ်ခု ချလိုက်၏။ "အစ်ကို ယွမ်ယန်က အကွာအဝေး အတားအဆီးတွေနဲ့ ဆန်းကြယ်တဲ့ နယ်မြေထဲကို စွန့်စားဝင်သွားတာနေမယ်။ အဲ့လိုမှ မဟုတ်လဲ သူက အကွာအဝေး ထိန်းချုပ်နိုင်တဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတာနေမှာ...။"
အန်လင်းက ဒုတိယ ယူဆချက်ကို ကြားပြီးနောက် တိတ်ဆိတ်သွားလေ၏။
ဤကဲ့သို့ ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများတွင် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းမှာ ရန်ဖန်ရန်ခါတွင် ကံတရားမှ ဆုံးဖြတ်ခြင်းဖြစ်၏။ သို့သော် သူတို့မှာ သူတို့၏ တပည့်များကို လက်လျော့မပေးချင်ပါပေ။ သို့ဖြစ်၍ သူတို့က ကယ်ဆယ်ရေး မစ်ရှင်တစ်ခုပြုလုပ်ရန်အတွက် အသက်ကို စွန့်စားမည်လား ဆိုသည်က ခက်ခဲလှသောဆုံးဖြတ်ချက်တစ်ခုဖြစ်လာ၏။
ဗာမီလီယမ်ငှက်မီးတောက် စမ်းသပ်ကွင်းများ၏ တောင်ဘက်ပိုင်းမှာ သေဆုံးခြင်းကို ကြုံတွေနိုင်ခြေ ၉၀ရာခိုင်နှုန်းထက်ပိုများသော အန္တရာယ်များသည့် ဒေသဖြစ်၏။ ယွမ်ယန်မှာ ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်သော်လည်း သူက အသက်ကို ခြိမ်းခြောက်နေသော အန္တရာယ်တစ်ခုနှင့် ကြုံတွေ့နေရ၏။ ဤအရာများအားလုံးက တောင်ပိုင်းဒေသမှာ အမှန်တကယ်ပင် မည်မျှအထိ အန္တရာယ်များလှကြောင်းကို ဥပမာပြနေပေ၏။
မိုဟိုင်က စိတ်ပိုင်းဖြတ်ထားပုံရ၏။ "အစ်ကို ယွမ်ယန်က အန္တရာယ်ကြုံနေရချိန်မှာ ငါက ဒီအတိုင်းတော့ ထိုင်ကြည့်မနေနိုင်ဘူး။ ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းတွေရဲ့ ရာဇဝင်တွင် တောင်းပိုင်းဒေသက ဘယ်လောက်တောင် အန္တရာယ်များလဲ ငါသိချင်တယ်။"
"ငါနင်နဲ့ လိုက်ခဲ့မယ်။" ရှန်းကွမ်ယီက ခပ်ဖျော့ဖျော့ ဝင်ပြောလိုက်၏။
အန်လင်းသည်လည်း တွေဝေခြင်းမရှိ ခေါင်းငြိမ့်ပြလိုက်၏။ "ငါ့လဲ ထည့်တွက်လိုက်။ ငါက ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး အမည်ခံတပည့်ပဲ။ ငါ့ရဲ့ ဂုဏ်ပုဒ်ကို အရှက်မရစေရဘူး။"
သူတို့၃ယောက်မှာ အချင်းချင်းနားလည်သော အပြုံးများ ဖလှယ်ကာ လေထဲသို့ တက်လာပြီး ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများ၏ တောင်ပိုင်းဒေသသို့ ပျံသန်းလာခဲ့၏။
အန်လင်းက လေထုကိုဖြတ်ကျော်လာရင်း နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်လျံနေပေတော့သည်။
သူက ကိုယ့်သဘောနှင့်ကိုယ် ဤစမ်းသပ်မှုများထဲမှ အန္တရာယ်အများဆုံး အပိုင်းကို ရွေးချယ်လိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။ ဤအရာမှာအားလုံးမှာ ကြိုတင်စီမံထားသော ကံတရားကြောင့် ဖြစ်နိုင်သည်လား။
သူ့နှလုံးသားရ ရုတ်တရက် တုန်ယင်သွားပြီး ရှန်းကွမ်ယီကို လှည့်ကြည့်လိုက်မိ၏။
ဤသည်က သူမ၏ ကံဆိုးမှုကြောင့် ဖြစ်လာသည်လား။
မဖြစ်နိုင်ဘူး။ အဲ့တာက တိုက်ဆိုင်မှုပဲ နေမှာပါ။
***