← Chapters

ကြောက်မက်ဖွယ်ရာ ကံဆိုးမိုးမှောင်ကျခြင်း

Vol. 30 Ch. 415

ကြောက်မက်ဖွယ်ရာ ကံဆိုးမိုးမှောင်ကျခြင်း

Vol. 30 Ch. 415

သူတို့သုံးဦးမှာ အံ့ဖွယ်အစီအရင်က ညွှန်ပြသော နေရာဆီသို့ အရှိန်ပြင်းပြင်းပျံသန်းလာကြ၏။ အံ့ဖွယ်အစီအရင်များက တောက်ပနေဆဲဖြစ်သည်မှာ ယွမ်ယန်က အသက်ရှင်နေဆဲဖြစ်သော်လည်း ဒုက္ခရောက်နေသည်ဟု ဆိုလိုခြင်းပင်။

ကြက်သွေးရောင်တိမ်တိုက်များက ဦးခေါင်းထက်တွင် တိုးဝှေ့နေကာ လောင်ကျွမ်းနေသော မီးတောက်တိုင်ကြီးတစ်ခုက အန်လင်းနှင့် တခြားသူများဆီသို့ ပျံသန်းမလာခင်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့သုံးယောက်စလုံးအား အလန့်တကြားဖြစ်စေကာ ခပ်နိမ့်နိမ့်ပျံသန်းအောင် ပြုလုပ်လိုက်၏။

သိပ်မကြာခင်မှာပင် ပျံသန်းမီးတောက်ငှက် အမြောက်အများက အန်လင်းနှင့် တခြားသူများ ပတ်လည်တွင် စုဝေးလာကြ၏။

သူတို့သုံးဦးမှာ မူလက အများကြီး မတွေးမိပါပေ။ သို့သော် သူတို့ပတ်ဝန်းကျင်မှ ငှက်အရေအတွက်မှာ သုံးဆအထိ တိုးလာသည်မို့ ဆက်လက်ပြီး လျစ်လျူရှုမရတော့ပါပေ။

"သူတို့ကို ဆက်စုဖို့ ခွင့်ပြုလို့မဖြစ်တော့ဘူး။ မဟုတ်ရင် ငါတို့မြေမြှုပ်ခံရလိမ့်မယ်။" ရှန်းကွမ်ယီက လှည့်လာပြီး ပျံသန်းမီးတောက်ငှက်များဆီသို့ သူမ၏ ဓားရှည်ကို ကိုင်ကာ တိုးဝင်သွား၏။

အန်လင်းနှင့် မိုဟိုင်သည်လည်း သူတို့ပတ်ဝန်းကျင်မှ ပျံသန်းမီးတောက်ငှက်များကို ​ခြေရာဖြတ်ကာ နောက်မှလိုက်လာကြ၏။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦး၏ ပေါင်းစပ်ခွန်အားမှာ ထိုအားနည်းနေသော ပျံသန်းမီးတောက်ငှက်များအား သိပ်မကြာခင်မှာပင် ဂရုစိုက်လိုက်နိုင်၏။

"ဟင်... မာနကြီးတဲ့ ငပျော့ ကြက်တစ်သိုက်ကတော့ ငါ့လို ခွန်အားကြီးတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး စိန်ခေါ်ရဲတာလဲ။" မိုဟိုင်က သူ့၏ ကြက်သွေးရောင်ဓားမော့ကို လှောင်ပြောင်သရော်သည့် အမူအရာဖြင့် လွှဲယမ်းလိုက်၏။

"သူတို့က အားနည်းလွန်းလို့ ငါတို့ ဘယ်လောက်ထိ အစွမ်းကြီးလဲဆိုတာကို နားမလည်နိုင်တော့တာ​နေမှာ။ အဲဒါမို့ သူတို့က ငါတို့ကို စိန်ခေါ်ဖို့ သတ္တိရှိနေတာပေါ့..." အန်လင်းက ခေါင်းမော့ကာ ကောင်းကင်ကိုကြည့်လိုက်ပြီး အထီးကျန်သည့် အမူအရာဖြင့် ပြောလာ၏။

သူက ထိုအကြမ်းစား စာကြောင်းကို သူ့ကိုယ်တိုင်အတွက် အသုံးပြုလိုက်ရာ မိုဟိုင်၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်လာတော့၏။

ရှန်းယွမ်ယီမှာ သူတို့နှစ်ဦးအား စိတ်ပျက်လက်ပျက်ကြည့်လိုက်ကာ သူတို့နှစ်ယောက် ဘာတွေလုပ်နေသလဲဆိုသည်ကို သူမကိုယ်သူမ တွေးတောနေပေ၏။

သူတို့မှာ ပျံသန်းမီတောက်ငှက်များကြောင့် အနည်းငယ် နှောက်နှေးသွားရသော်လည်း ထိုသည်က သိသိသာသာမဟုတ်လှသည်မို့ သူတို့၏ ပန်းတိုင်ဆီသို့ ဆက်လက် ခရီးဆက်လာကြ၏။

သိပ်မကြာခင်မှာပင် သူတို့အထက်မှ ကြက်သွေးရောင် တိမ်တိုက်များမှာ တိုးဝှေ့လာပြီး နောက်ထပ် မြောက်များစွားသော ပျံသန်းမီးတောက်ငှက်များ ပျံသန်းလာပေ၏။

သူတို့က ထိုငှကျမြား သုံးဆအထိမတိုးလာခငျတှငျ ခကြျခငြျး သတျပစျခဲ့ပြနျ၏။

မကြာမီပင် ပျံသန်းမီးတောက်ငှက်များ တတိယလှိုင်းက ထပ်မံကြိုဆိုနေပြန်၏...။

အန်လင်းနှင့် တခြားသူများမှာ သူတို့၏ သတ်ဖြတ်ခြင်းကို စိတ်လွတ်လက်လွတ် ဆက်လက်ပြုလုပ်နေပေ၏။

ထို့နောက် သူတို့မှာ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမလှိုင်းများနှင့် ထပ်မံ မိတ်ဆက်ခံနေရ၏...။

"ငလူး၊ ဗာမီလီယမ်ငှက်မီးတောက် စမ်းသပ်ကွင်းတွေမှာ ဘယ်တုန်းကများ အဲ့လောက်တောင် ပျံသန်းမီးတောက်ငှက်တွေများသွားရတာလဲ...။" အန်လင်းက အထိတ်တလန့် ဆိုလိုက်၏။

ရှန်းကွမ်ယီက စိတ်ရှုပ်ထွေးစွာ မျက်တောင် တစ်ဖျတ်ဖျတ်ခတ်လိုက်ပြီး "သူတို့က အရင်ကတည်းက အဲ့လိုအများကြီး ရှိနေတာလေ။ ငါဘယ်နားသွားသွား သူတို့ကို တွေ့ရတယ်။ သူတို့က ခြင်တွေလိုပဲ။ ငါ့နောက်ကို အမြဲလိုက်နေကြတာ တော်တော်ကို စိတ်ညစ်စရာကောင်းတာ။"

အန်လင်း : "..."

ပြောကြည့်ပါအုံး။ ငါတို့က စမ်းသပ်ကွင်းတစ်ခုတည်းမှာရော ရှိနေရဲ့လား။

သူနှင့် မိုဟိုင်တို့မှာ ဤနေရာတွင် ရှိနေစဉ်အတွင်း တစ်ကြိမ်သာတွေ့ရသည်ဖြစ်၏။ ထိုသို့ဆိုပါက သူမက အဘယ့်ကြောင့် သူတို့၏ အဆက်မပြတ်လိုက်ခြင်းကို ခံနေရပါသနည်း။

အန်လင်း၏ စိတ်ထဲ၌ အတွေးတစ်ခုက တစ်ဖြည်းဖြည်း ပုံပေါ်စပြုလာလေ၏။ ထိုသည်မှာ မကြာခင်ပင် သူလျစ်လျူရှု၍မရနိုင်သော တစ်စုံတစ်ခုဖြစ်လာလေ၏။

"ငါပြောတာ အခုသိပြီလား။" မိုဟိုင်၏ အသံကူးပြောင်းခြင်းက သူ့ဘေးမှ ထွက်ပေါ်လာ၏။

အန်လင်းမှာ လုံးဝပင် ပြောစရာစကားမဲ့နေလေပြီ။ သူက နောက်ဆုံးတွင် ရှန်းယွမ်ယီက ပျံသန်းမီးတောက်ငှက် ထောင်ချီ၏ အမဲလိုက်ခြင်းကို ခံရသလဲဆိုသည်ကို နားလည်သွားလေ၏။

ဤနှုန်ဖြင့် ဆိုပါက သူတို့မှာ နှစ်နာရီအတွင်း၌ပင် ပျံသန်းမီးတောက်ငှက် အသေတစ်ထောင်ကို စုဆောင်းမိနိုင်၏...။

သို့ဖြစ်၍ သူတို့သုံးဦးမှာ နောက်ဆုံးတွင် ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းများ၏ တောင်ဘက်နယ်မြေသို့ မရေမတွက်နိုင်သော ပျံသန်းမီးတောက်ငှက် အသေကောင်များနှင့် ရောက်ရှိလာလေ၏။

ပေ၃၀ကျော် မြင့်မားသော တောင်တန်းများမှာ သူတို့မျက်စိတစ်ဆုံး ဆန့်တန်းနေပြီး လူတိုင်းကို ဗာမီလီယမ်ငှက် စမ်းသပ်ကွင်း တောင်ပိုင်နယ်မြေ၏ တစ်ခြားတစ်ဖက်တွင် မည်သည့်အရာတည်ရှိနေသည်ဆိုသည်အား မြင်နိုင်ခြင်းမှ တားဆီးထားပေ၏။

အန်လင်းနှင့် တခြားသူများမှာ တောင်တန်းတစ်လျှောက်ပျံသန်းသွားပြီး ကြီးမားလှသော အက်ကွဲကြောင်းကြီးတစ်ခုက အထက်မှ ကြက်သွေးရောင် တိမ်တိုက်များထဲတွင် ရုတ်တရက်ထွက်ပေါ်လာပေ၏။

မီးတောက်ပြင်ကျယ်ကြီးက ရေတံခွန်တစ်ခုသဖွယ် ကျဆင်းလာပြီး ချက်ချင်းပင် အချင်းဝင် တစ်ကီလိုမီတာကျော်ကျော် ဧရိယာတစ်ခုကို လွှမ်းခြုံသွား၏။

သူတို့အားလုံးမှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ပေ။ အဲဒါကြီးက စောက်ကျိုးနည်း ဘာကြီးလဲ။

မီးတောက် ရေတံခွန်ကြီးမှာ သူတို့အပေါ်သို့ ကြောက်မက်ဖွယ် အရှိန်ဖြင့် ထိုးဆင်းလာပြီး သူတို့မှာ မရှောင်တိမ်းနိုင်တော့ပါပေ။

အန်လင်းမှာ ပထမဆုံးအသိစိတ်ပြန်ဝင်လာသူဖြစ်ပြီး သူ၏ အုတ်ခဲကို ချဲ့ကားလိုက်ပြီး ခေါင်းပေါ်သို့ ရွှေ့လိုက်ပေ၏။

"ဒီလာကြ။ ငါ့ရဲ့ အုတ်ခဲက ငါတို့ကို ကာကွယ်ပေးလိမ့်မယ်။"

မိုဟိုင်နှင့် ရှန်းကွမ်ယီတို့မှာ ချက်ချင်းပင် သူ့၏ ညွှန်ကြားချက်ကို လိုက်နာလိုက်ပြီး သူတို့သုံးဦးက အုတ်ခဲ၏ အောက်တွင် စုစည်းလိုက်၏။

ဘုန်း...

မီးတောက်ရေတံခွန်၏ နောက်မှ ကြောက်မက်ဖွယ် အားအင်ကြီးမှာ အုတ်ခဲနက်အား တဖြည်းဖြည်း အောက်ဘက်သို့ ကျလာစေပြီး မီးတောက်များက အုတ်ခဲနက်ဘေးမှ ကျဆင်းနေလေ၏။ လောင်ကျွမ်းနေသော အပူချိန်မှာ သူတို့သုံးဦးအား အသက်ရှုကြပ်ရန် ခြိမ်းခြောက်နေပြီး ရှန်းကွမ်ယီနှင့် မိုဟိုင်တို့ နှစ်ဦးမှာ ကြောက်မက်ဖွယ် မီးတောက်များကို ကာကွယ်ရန် အကာအကွယ်များ ပြုလုပ်လိုက်ကြ၏။

ကြောင်မက်ဖွယ် မီးတောက် ရေတံခွန်ကြီးမှာ မိနစ်အနည်းငယ်ကြာအောင် ဆက်လက် တည်ရှိနေပြီး နောက်ဆုံးတွင် လျော့ပါးသွားပေ၏။ ကံကောင်းထောက်မစွာဖြင့် အန်လင်း၏ အုတ်ခဲနက်မှာ အလွန်အမင်း အပူချိန်ကို ခုခံနိုင်၍ သူတို့သုံးဦးမှာ ချော်ရည်များအဖြစ် ပြောင်းမသွားပါပေ။

"သခင်လေး အန်လင်း၊ မင်းရဲ့ အုတ်ခဲက မမျှော်လင့်ထားလောက်အောင်ကို အတော်လေး အသုံးဝင်တာပဲ။" ရှန်းကွမ်ယီက အုတ်ခဲနက်ကို စိုက်ကြည့်ပြီး အကြောက်တရားက သူမ၏ နှလုံးသားထဲတွင် ဝဲခိုနေရင်းဖြင့် အသိအမှတ်ပြု ခေါင်းငြိမ့်ပြလိုက်၏။

"အမှန်ပဲ။ အဲဒါက အတော်လေး ရုပ်ဆိုးပေမဲ့လည်း အတော်အသုံးဝင်သား။" အန်လင်းက ပြန်ဖြေလိုက်၏။

မိုဟိုင်က ကောင်းကင်အား မော့ကြည့်လိုက်သောအခါ တိမ်တိုက်များထဲမှ အက်ကွဲကြောင်းကြီးက ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။

ကြက်သွေးရောင် တိမ်တိုက်များကလည်း အနက်ရောင်အဖြစ် ပြောင်းသွားသည်မှာ ထိုတိမ်စုအတွင်းရှိ မီးတောက်စွမ်းအားမှာ ကုန်ခမ်းသွားသကဲ့သို့ပင်။

သူက အန်လင်းနှင့် ရှန်းကွမ်ယီဘက်သို့ လှည့်လိုက်၏။ "အချိန်က အရေးကြီးတယ်။ မြန်မြန် လှုပ်ရှားကြစို့။"

သူတို့နှစ်ဦးစလုံးက သဘောတူညီမှုနှင့် ခေါင်းငြိမ့်လိုက်ပြီး တောင်တန်များ၏ ဘေးမှနေ၍ ဆက်လက် ရှာဖွေလိုက်ကြ၏။

သူတို့က ထိုနေရာမှ မည်သည့် ကံခေမှုကိုမှ ထပ်မကြုံရတော့ပဲ တောင်၏ တစ်ခြားတစ်ဘက်သို့ အောင်မြင်စွာ ရောက်လာကြ၏။

အန်လင်းက ကောင်းကင်ကို မော့ကြည့်လိုက်ရာ တိမ်တိုက်များက ကြက်သွေးရောင် မဟုတ်တော့ပဲ ထိုအစား မီးခိုးရောင် ဖျော့ဖျော့ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက ထိုတိမ်တိုက်များက မည်မျှ အမြင့်တွင်တွင်တည်ရှိနေသလဲဆိုသည်ကို မပြောနိုင်ပါ။ သို့မဟုတ် သူတို့အထက်၌ မည်သည်က တည်ရှိနေသလဲ ဆိုသည်ကို မပြောနိုင်ပါချေ။

သူတို့၏ အောက်ခြေ၌ အဖြူရောင် တောင်တန်းများက မျက်စိတစ်ဆုံးတည်ရှိနေလေ၏။ ထိုသည်က အပင်တစ်ပင်မှ မရှိပဲ အလွန်အမင်း ညှိမှိုင်းပြီး သီးခြားဖြစ်သော အဖြူရောင်ပင် ဖြစ်၏။ သို့သော်လည်း ထိုနေရာ၌ ချော်ရည်မီးတောက်မြစ်များက တောင်တန်းများကို သွေးကြောများသဖွယ် ဖြတ်စီးနေပြီး အဖြူမှိန်မှိန်နှင့် တောင်တန်းများကြားတွင် အလွန်ထင်ရှားနေပေ၏။

အန်လင်းနှင့် တခြားသူများက ရှေ့ဆက်လာခဲ့ကြ၏။

သို့သော်လည်း သူတို့က မကြာခင်မှာပင် ကြက်သွေးရောင် လင်းနို့များ ထောင်ချီက သူတို့ဆီသို့ အဆိပ်ပြင်း၍ ချွန်ထက်သော သွားများကို ပြသရန် ပါးစပ်များ ခပ်ကျယ်ကျယ်ဖွင့်ကာ ပျံသန်းလာကြ၏။ မြေကမ္ဘာမီး သန္ဓေပြောင်းသားရဲ ၇နှစ်ကောင်သာရှိပြီး စိတ်ဝိညာဉ်မီး သန္ဓေသားရဲက တစ်ဒါဇင်ခန့်ရှိလေ၏။

"များလွန်းတယ်ဟ။ ပြေးရအောင်။" မိုဟိုင်က ထိုကြက်သွေးရောင် လင်းနို့များမှာ အတောိလေးနှေးကွေးသည်ကို သိရှိပြီး သူတို့မှာ ဤသန္ဓေပြောင်းသားရဲများနှင့် တိုက်ခိုက်ပြီး ဖြုန်းတီးရန် အချိန်မရှိသည်ကို သိသည်မို့ ချက်ချင်းပင် လွတ်မြောက်ရေး အစီအစဉ်တစ်ခုကို ပြောပြလိုက်၏။

အန်လင်းနှင့် ရှန်းကွမ်ယီမှာ ချက်ချင်းပင် လိုက်ပါဆောင်ရွက်ကြ၏။

သို့သော်လည်း သူတို့မှာ သေစေနိုင်လောက်သော ဆန်းကြယ်လေနယ်မြေတစ်ခုထဲသို့ ပြန်လည်ရောက်ရှိသွားချိန်၌ ကီလိုမီတာ အနည်းငယ်သာ ခရီးသွားရသေးပေသည်။

သေစေနိုင်သောလေများမှာ ဤနယ်မြေ၌ အမြဲတမ်းရှိနေပြီး သူတို့အား ကာကွယ်နိုင်ရန် စွမ်းအင်အသုံးပြုမှုဆက်တိုက်လိုအပ်ပေ၏။ ဤနှုန်းဖြင့်ဆိုပါက သူတို့မှာ သက်ရှိစွမ်းအင် ကုန်ခမ်းပြီး မိနစ်၅၀အတွင်းမှာပင် သေဆုံးသွားပေလိမ့်မည်။

ကံကောင်းထောက်မစွာနှင့် ရှန်းကွမ်ယီမှာ သေစေနိုင်သောလေများ၏ ဗဟိုချက်ကို ရှာတွေ့သွားပြီးနောက် ဖျက်ဆီးပစ်လိုက်ရာ သေစေနိုင်သောလေများက ချက်ချင်း လျော့ပါးသွားလေ၏။

နောက်ထပ် ၁၅မိနစ်ကြာအောင် ပျံသန်းပြီးနောက် သူတို့မှာ သေစေနိုင်သော အဆိပ်နယ်မြေသို့ ထူးဆန်းစွာ ရောက်ရှိသွားပေ၏...။

အဆိပ်သင့် မြူနှင်းများက သူတို့၏ အမြင်အားရုံများကို အပြည့်အဝ တားဆီးထားပြီး အန်လင်းက သူ့၏ အမြဲစိမ်းနည်းစနစ်ကို အသုံးပြုပြီးသည်တောင်မှ ကာကွယ်ရန် ခက်ခဲလှပေ၏။ မိုဟိုင်မှာမူ အများကြီး ပို၍ ကံမကောင်းပါချေ။ သူ့၏ ပိုင်နက်နယ်မြေကို အကာအကွယ်အဖြစ် ထုတ်လွှတ်ပြီးသည့်တိုင် အဆိပ်မျက သူ့၏ အရေပြားသို့ ဝင်ရောက်ရန် နည်းတစ်ခု ရှာတွေ့နိုင်ဆဲဖြစ်ကာ သူ့၏ အရေပြားမှာ မထိန်းချုပ်နိုင်စွာ တဖြည်းဖြည်း အစိမ်းရောင်ပြောင်းသွားပေ၏...။

ကံကောင်းထောက်မစွာဖြင့် ရှန်းကွမ်ယီမှာ အဆိပ်သင့် မြူနှင်းများစီးဆင်းနေသည့် ဦးတည်ချက်ကို ခြေရာခံနိုင်ပြီး အဆိပ်၏ ရင်းမြစ်ဖြစ်သော အဆပ်ရှိ ပင့်ကူတစ်ဒါဇင်ခန့်ကိုရှာတွေ့နိုင်လေ၏။ သူမက ချက်ချင်းပင် သူတို့အား သတ်ဖြတ်ကာ သူတို့သုံးဦးစလုံးအား သေဆုံးခြင်းမှ ကယ်တင်လိုက်၏။

အဆုံးတွင်တော့ သူတို့သုံးဦးမှာ အဆင့်၈ ရွှေရောင် အင်မော်တယ်အသီးများကို ပင်ကူသိုက်ထဲတွင် ရှာတွေ့ပြီး ရှန်းကွမ်ယီက ၄လုံးယူကာ အန်လင်းနှင့် မိုဟိုင်က ၃လုံးစီ သိမ်းထားလိုက်၏။

အန်လင်းနှင့် မိုဟိုင်တို့မှာ ရှန်းကွမ်ယီ ပြန်လည်ဖြေကြားခဲ့သည့် ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ရန်အတွက် သူမအသုံးပြုသည့် ကြံဆနိုင်စွမ်းနှင့် တွေးခေါ်နိုင်စွမ်းတို့ကို အလွန်အမင်းလေးစားသွားလေ၏။ သူမ၏ စကားလုံးများက အန်လင်းနှင့် မိုဟိုင်တို့အား မျက်ရည်ပင် ဝဲလာစေပေသည်။

အတော်လေး သန်မာတဲ့ အမျိုးသမီးပဲ။

သူတို့သုံးဦးမှာ နောက်ဆုံးတွင် သေစေနိုင်သော ဆန်းကြယ်အဆိပ် နယ်မြေမှ အခက်အခဲကြီးစွာနှင့် ထွက်လာနိုင်ပေ၏။ သို့သော်လည်း သူတို့မှာ သက်ပျင်းချရန် အခွင့်အရေး မရသေးခင်မှာပင် သူတို့ဆီသို့ ဦးတည်လာနေသော အစွမ်းထက် သန္ဓေပြောင်းသားရဲ တစ်ထောင်ကျော်သော ကမူးရှုးထိုး တိရစ္ဆာန်အုပ်နှင့် ရင်ဆိုင်လိုက်ရ၏။

သူတို့မှာ တိရစ္ဆာန်အုပ်ကို "မတော်တဆ တိုက်တိုက်ဆိုင်ဆိုင်" အခြေအနေများအောက်တွင် ရင်ဆိုင်လိုက်ရ၏။

အလွန်အမင်း အစွမ်းထက်လှသည့် ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ သုံး​ကောင်မှာ လေထဲတွင် ပျံသန်းလာပြီး မြေကမ္ဘာမီး သန္ဓေပြောင်း သားရဲများလည်း တစ်ဒါဇင်ခန့်ရှိကာ စိတ်ဝိညာဉ်မီး သန္ဓေပြောင်းသားရဲ တစ်ရာကျော်နှင့် သာမန်မီး သန္ဓေပြောင်းသားရဲ တစ်ထောင်ကျော်တို့က သူတို့နောက်မှ အသဲအသန်လိုက်လာကြလေ၏။

သူတို့အားလုံးမှာ သေစေနိုင်သော အဆိပ်နယ်မြေမှ ပြန်ထွက်ထွက်လာခြင်း အန်လင်းနှင့်တခြားသူများကို စိတ်ရှုပ်ထွေးကြည်နူးစွာ စိုက်ကြည့်နေကြ၏။

မိုဟိုင်က သူ့နဖူးသူရိုက်ကာ အန်လင်းဆီသို့ လက်နက်ချသည့် အမူအရာဖြင့် လှည့်ကြည့်လိုက်ပေ၏။

အန်လင်းက ကျယ်လောင်စွာ တံတွေးမျိုချလိုက်၏။ ဝှက်သားဖက်...။

ဒါတွေအားလုံးက တကယ်ပဲ တိုက်ဆိုင်မှုတွေလား။

***

All Chapters