← Chapters

ရှေးဟောင်း လူသားဘာသာစကား သင်ယူခြင်း

Vol. 30 Ch. 416

ရှေးဟောင်း လူသားဘာသာစကား သင်ယူခြင်း

Vol. 30 Ch. 416

"ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ သုံးကောင်ဆိုတော့ တစ်ယောက်တစ်ကောင်ပေါ့။"

ရှန်းကွမ်ယီက သူမ၏ ဓားကိုဆွဲထုတ်ကာ ခံစားချက်မဲ့စွာ ရှေ့တစ်လှမ်းတိုးသွားလေ၏။

အန်လင်းက ခေါင်းငြိမ့်ပြလိုက်ပြီး "မိုဟိုင်နဲ့ ငါက အခုထိ အဆင့်မြင့် ဗာမီလီယမ်ငှက် မီးတောက်တောင်ပံ ဖွဲ့စည်းခြင်းမရသေးဘူး။ အဲ့တော့ ဒီဟာက တကယ့်ကို ကံကောင်းတဲ့ ကံကြမ္မာရဲ့ ထိုးနှက်ချက်ပေါ့..."

ကံကောင်းတဲ့ ကံကြမ္မာထိုးနှက်ချက်တစ်ခု ဟုတ်လား...။ မိုဟိုင်၏ မျက်နှာက ပြင်းထန်စွာ တုန်လှုပ်သွားလေ၏။

ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ သုံးကောင်စလုံးတွင် တစ်ကောင်ကမှ အထူးကြီးမားနေခြင်းမရှိပါ။ သူတို့မှာ ၁၀ပေ ဝန်းကျင်သာ ရှိပေ၏။ သို့သော်လည်း သူတို့၏ အော်ရာများကမူ အသက်ရှုကြပ်စဖွယ်ပင် အစွမ်းထက်နေပေ၏။

အနက်ရောင် တင်းပုတ်တစ်ခုကိုင်ထားပြီး နောက်ကျောမှ မီးတောက်တောင်ပံတစ်စုံ ထွက်နေသော ကျားလူသားတစ်ကောင်၊ တစ်ကိုယ်လုံးတွင် အပြာရောင်မီးတောက်များနှင့် တောင်ပံ၆ခုပါငှက်တစ်ကောင်နှင့် တစ်ကိုယ်လုံးတွင် အဖြူရောင် ကြေးခွံများနှင့် ဝံပုလွေလူသားတစ်ကောင်တို့ ဖြစ်ကြ၏။

ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲများမှာ တိုက်ပွဲအတွင်းသို့ ချက်ချင်းမဝင်ရောက်လာပါ။ ထိုအစား သူတို့က ဘေးတွင် ရပ်ပြီး မထီမဲ့မြင်ဖြင့် အချင်းချင်း စကားပြောနေ၏။

ကျားလူသား၏ မျက်နှာထက်တွင် သရော်ပြုံးတစ်ခုပေါ်လာ၏။ "ဂျီဂျီဂူဂူဟူးဝါးဝါးလိုင်..."

မီးတောင်ငှက်က ခေါင်းခါလိုက်၏။ "ယင်လီလီဂုလူဂုယင်..."

ဝံပုလွေလူသားမှာတော့ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေပုံရ၏။ "ဝေါင်း..."

"မြေနိုး... သူတို့က ဘယ်လိုလုပ်ပြီး လုပ်ရဲတာလဲ။" မိုဟိုင်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ရှန်းကွမ်ယီနှင့် အန်လင်းက သူ့အား အံ့ဩတကြီး လှည့်ကြည့်လိုက်ကြ၏။ "သူတို့ဘာတွေပြောနေတာလဲဆိုတာ မင်းနားလည်တယ်ပေါ့။"

မိုဟိုင်က ဒေါသတကြီး အံကြိတ်လိုက်၏။ "နားလည်စရာမလိုပါဘူး။ သူတို့ရဲ့ အမူအရာကိုကြည့်ပြီးတော့ကို သူတို့က ငါတို့ကို အထင်သေးနေတယ်ဆိုတာ ငါပြောလို့ရတယ်။"

ရှန်းကွမ်ယီနှင့် အန်လင်း : "..."

"တင်းတောင်"

ထိုအချိန်၌ စနစ်က ရုတ်တရက် အသံထွက်လာလေ၏။

အန်လင်း၏ နှလုံသားမှာ အလွန်လျင်မြန်စွာ ခုန်လာပြီး သူ့စိတ်ထဲမှ စနစ်ကို အမြန်ဖွင့်လိုက်ကာ မစ်ရှင်အသစ်တစ်ခုကို တွေ့လိုက်ရလေ၏။

"လက်ခံသူက ရှေးဟောင်းလူသား ဘာသာစကားနှင့် ထိတွေ့မှုရှိသည်ကို ထောက်လှမ်းရမိပါသည်။ ရှေးဟောင်းလူသား ဘာသာစကား၏ အမွေအနှစ်ကို လက်ခံရန် ၇၀ဒက်ဆီဘယ်ထက် မနိမ့်သော ဝက်အော်သံ နှစ်ခုပြုလုပ်ပါ။"

"မိုးမေလင်းလိုက်..." အန်လင်းက မနေနိုင်တော့ပဲ ဒေါသတကြီး ဆဲရေလိုက်လေ၏။

ရှန်းကွမ်ယီနှင့် မိုဟိုင်တို့နှစ်ဦးက အန်လင်း၏ ဒေါသတကြီးအော်သံကို ကြားကာ လှည့်ကြည့်လာ၏။

အန်လင်းက ဒေါသကို လျော့ပြီး အသည်းအသန်းဆွေးနွေးနေကြဆဲဖြစ်သော ကောင်းကင်ဘုံမီး သန္ဓေပြောင်း သားရဲသုံးကောင်ကို လှမ်းကြည့်လိုက်၏။

ဝက်လို အော်ရမလား မအော်ရဘူးလား။

အသိပညာက ပိုအရေးကြီးလား သူ့ရဲ့ ဂုဏ်သိက္ခာတရားက ပိုအရေးကြီးလား။

ဒီဟာက သူ့လို အသိပညာကို အဆက်မပြတ် အလိုရှိနေတဲ့ လူတစ်ယောက်အတွက်တော့ ဘာမှ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူးလေ။

"အွန့် အွန့်..."

သူက ဝက်တွေ မည်သို့အော်သလဲ ဆိုသည်ကို အခြေခံကာ တုပမှုတစ်ခုပြုလိုက်၏။

မိုဟိုင်က နားကြားမှားသည်ဟု ထင်ကာ သူ့နားများကိုပင် နှိုက်ကြည့်လိုက်ပေ၏။

ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ သုံးကောင်မှာပင် တိတ်ဆိတ်သွားကာ အန်လင်းဆီသို့ တပြိုင်နက်တည်း လှည့်လာပေတော့၏။

အန်လင်းက ရှက်ရွံ့မှုကြောင့် မျက်နှာများ နီရဲနေပြီဖြစ်သော်လည်း မစ်ရှင်​အောင်မြင်ကြောင်း သတိပေးချက်မှာ သူ့စိတ်ထဲတွင် ပေါ်မလာသေးပါချေ...။

သူ့ရဲ့ အသံထွက်က မမှန်လို့လား။

"အွန့် အွန့်..."

သူက ကျယ်လောင်စွာ ထပ်မံအော်လိုက်သော်လည်း စနစ်မှ တုံ့ပြန်ချက် မရှိသေးပါပေ။

"ဝေါင်း ဝေါင်း..."

"ကတော် ကတော်..."

"ပဲ ပဲ..."

...

"မင်းအဆင်ပြေရဲ့လာ သခင်လေး အန်လင်း။" မိုဟိုင်၏ အမူအရာမှာ စိုးရိမ်ပူပန်ခြင်းနှင့် ရယ်မောခြင်း၏ ကြားတွင် ဖြစ်​နေပေ၏။

"ပင့်ကူတွေရဲ့ အဆိပ်က သူ့ရဲ့ အသိစိတ်တွေကို ယိုယွင်းသွားစေတာ ဖြစ်နိုင်လား။" ရှန်းကွမ်ယီက စိုးရိမ်မှုဖြင့် မျက်မှောင် ကြုတ်လိုက်၏။

အန်လင်းက မေ့မြောလုနီးနီး ဖြစ်နေလေ၏။ သူက သူ့ဘေးမှ လူနှစ်ယောက်ဘက်သို့လှည့်ကာ  အကူအညီတောင်းလိုက်၏။ "မင်းတို့ထဲက တစ်ယောက်ယောက်များ ဝက်တွေ ဘယ်လိုအော်လဲ သိလား။ ငါ့ကို သင်ပေးစမ်းပါ။"

မိုဟိုင် : "..."

ရှန်းကွမ်ယီ : "..."

မိုဟိုင်က အန်လင်းအား စာနာသနားသော အကြည့်တစ်ခုပေးလာ၏။ "သခင်လေး အန်လင်း...၊ မင်းက လူလေ။ ဝက်မဟုတ်ဘူး။ မရောစေနဲ့။"

ရှန်းကွမ်ယီက သူမ၏ သိုလှောင် လက်စွပ်ထဲမှ အစိမ်းရောင် ဆေးတောင့်တစ်ခုကို ထုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အန်လင်းအား ကမ်းပေးလိုက်၏။ "သခင်လေး အန်လင်း၊ ဒီဟာက ဘုံဖြေဆေးပါ။ သောက်လိုက်နော်။"

"ငါက အဆိပ်မိနေတာ မဟုတ်ဘူး။" အန်လင်း၏ ရင်ဘတ်က တင်းကြပ်လာပြီး အလျင်အမြန် ရှင်းပြလိုက်၏။ "ငါက ရှေးဟောင်းလူသား ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲတွေ ပြောနေတဲ့ ဘာသာစကားကို သင်ယူနေတာ။ ဒါပေမဲ့ ငါက ဘာသာစကားကို ကျွမ်းကျင်ဖို့ဆို ဝက်အော်သံ အတုလုပ်ပြရမှာ။ သူတို့ ဘယ်လိုအော်ကြလဲ။ ကျေးဇူးပြုပြီး ငါ့ကို သင်ပေးစမ်းပါ။"

မိုဟိုင်၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။ "သခင်လေး အန်လင်း၊ မင်းက ငတုံးဖြစ်နေတာနဲ့ပဲ သူများတွေလဲ ငတံုးတေွလို့ ထင်မနေနဲ့နော်။"

"အွန့် အွန့် ..." ဝက်အော်သံ နမူနာ နှစ်ခုက ရုတ်တရက်ထွက်ပေါ်လာ၏။

အန်လင်းနှင့် မိုဟိုင်တို့နှစ်ယောက်က ရှန်းကွမ်ယီအား လှည့်ကြည့်လိုက်ကြ၏။

သူမ၏ နူးညံ့သော သွင်ပြင်များတွင် ရှက်သွေးဖြာသွားပြီး သူမက ရှက်ရွံ့မှုဖြင့် ခေါင်းငုံ့လိုက်လေ၏။

"အဲဒါက... ဝက်တွေက အဲ့လိုအော်ကြတာ။"

သူမက ကနဦး၌ အန်လင်း၏ တောင်းဆိုချက်ကို ငြင်းပယ်ရန် စီစဉ်နေသည်ဖြစ်သော်လည်း သူက စနောက်နေသည်ဟု မခံစားရသည်မို့ သူမ၏ နှုတ်ခမ်းများက အလိုလို ပြုလုပ်မိခြင်းပင်။

"ကျေးဇူးပဲ။" အန်လင်းက ရှန်းကွမ်ယီအား ကျေးဇူးတင်စွာ ကြည့်လိုက်၏။

"အွန့် အွန့်..."

အန်လင်းက တောဝက်ထီး တစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

မိုဟိုင်က သူ့အား စိတ်ဖောက်ပြန်သွားသူကဲ့သို့ ကြည့်နေသည်မက သူ့၏ အမူအရာမှာ ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ သုံးကောင်နှင့် တစ်ပုံစံတည်း ဖြစ်နေလေ၏။

လူပုံစံ ကျားက အလန့်တကြား ဆိုလိုက်၏။ "အဲ့လူသားက စောက်တုံးကောင်လား။"

အန်လင်းက ချက်ချင်းပင် အလွန် ဒေါသထွက်သွား၏။ "မင်းကမှ စောက်တုံးကောင်။ မင်းတို့ တစ်မိသားစုလုံးကလဲ စောက်တုံးကောင်ပဲကွာ။"

ရှန်းကွမ်ယီက သူမ၏ မျက်လုံးတောက်တောက်များကို တဖြတ်ဖြတ် ခတ်လိုက်၏။ "နင်က သန္ဓေပြောင်းသားရဲတွေကို ဆဲနေတာလား။"

အန်လင်းသည် ထိုအခါမှသာ သူက လူပုံစံကျား မည်သည်ကို ပြောလိုက်သည်အား နားလည်သွားသည်ကို သဘောပေါက်သွားလေ၏။

သို့သော်လည်း သူက ရှေးဟောင်းလူသား ဘာသာစကားကို တုံ့ပြန်ရန် တိုက်ချူးဘာသာစကားကိုသာ အသုံးပြုလိုက်သည်မို့ သန္ဓေပြောင်းသားရဲ သုံးကောင်ထဲမှ မည်သည့်အကောင်ကမှ သူ့အား နားမလည်ပါပေ။

ကြက်သီးထဖွယ် အော်ရာတစ်ခုက လူပုံစံ ဝံပုလွေဆီမှ ထွက်လာလေ၏။ "အဲ့ လူသားက ငါတို့ကို စော်ကား​လိုက်တာ ထင်တယ် သူတို့အကုန်လုံးကို သတ်ပစ်ရအောင်။"

မီးတောက်ငှက်က ခေါင်းခါပြလိုက်၏။ "သတ်လို့မရဘူး။ အံ့ဖွယ်ခေါင်းဆောင်က နောက်ဆုံးကျမှ နတ်ဆိုးလမင်းကို ယစ်ပူဇော်ဖို့အတွက် အစွမ်းထက် လူသား ကျင့်ကြံသူတစ်ယောက်ကို ဖမ်းမိတာ။ ယစ်ပူဇော်တာက မအောင်မြင်ခဲ့ရင် အနည်းဆုံးတော့ သူတို့က အရန်အနေနဲ့ ရှိနေရမှာ။"

ကျားလူသားက လက်နက်ချဟန်ဖြင့် သက်ပျင်းချလိုက်၏။ "အဲဒါဆိုလဲ မဲပေးဆုံးဖြတ်ကြရအောင်။"

ဝံပုလွေလူသားက ချက်ချင်းပင် သူ့မဲကို ဖော်ပြလိုက်၏။ "ငါကတော့ သူတို့ကို သတ်ပြီး စားဖို့မဲပေးတယ်။ ငါတို့အားလုံးက ငါတို့ရဲ့ ကျင့်ကြံခြင်းမှာ အထွန်အထိပ်ရောက်ခါနီးပြီလေ။ သူတို့ကို စားလိုက်ရင် အောင်မြင်သွားတာလဲ ဖြစ်နိုင်တာပဲ။ အံ့ချီးခေါင်းဆောင်ကို အသာထားလိုက်စမ်းပါကွာ။"

မီးတောက်ငှက်မှာ ဝံပုလွေလူသားအား စိုက်ကြည့် လိုက်၏။ "မင်း ပါးစပ်ပိတ်ထားစမ်းပါ။ ငါလုပ်သမျှ အကုန်လုံးက အံ့ချီးခေါင်းဆောင်အတွက်ပဲ။ ငါကတော့ သူတို့ကို အရှင်ဖမ်းပြီးတော့ အံ့ချီးခေါင်းဆောင်ဆီ ဆက်သရမည်လို့ မဲပေးမယ်။"

ကျားလူသားမှာ မဆုံးဖြတ်ပါပေ။ "ငါက ငါရဲ့မဲကို အရှုံးခံလိုက်မယ်။"

သူတို့ သုံးကောင်စလုံးမှာ တပြိုင်နက်တည်း သက်ပြင်းချလိုက်တော့သည်။ "ဟင်း... ငါတို့က တစ်ခါထပ်ပြီး ပတ်လည်ရိုက်နေပြန်ပြီ..."

အန်လင်း : "..."

သို့ဖြစ်ပါ၍ ထိုကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲများက ကိစ္စတစ်ခုတည်းကိုပဲ တောက်လျောက်ပြောနေကြတာပေါ့။ ပြီးတော့ သူတို့က ဒီနားမှာတင် ပတ်လည်ရိုက်နေတာပေါ့။

ဘုရားရေ သူတို့ကမှ တကယ့် စောက်တုံးကောင်တွေပဲ။

အန်လင်းက မိုဟိုင်နှင့် ရှန်းကွမ်ယီအား အသံကူပြောင်းလိုက်၏။ "သူတို့ရဲ့ စကားဝိုင်းကနေပြီး ဘာတွေပြောနေလဲဆိုတာ ငါသိပြီ။ သူတို့ အံ့ဖွယ်ခေါင်းဆောင်လို့ ပြောနေတဲ့ အစွမ်းထက် သန္ဓေပြောင်း သားရဲတစ်ကောင်က ယွမ်ယန်ကို ဖမ်းသွားတယ်လို့ ငါထင်တာပဲ။ သူတို့ ၃ယောက်လုံးက အဲ့အံ့ဖွယ်ခေါင်းဆောင်ရဲ့ နောက်လိုက်တွေ။ ဒီမှာ ရှိတဲ့ အကောင်တွေ အကုန်လုံးကို သတ်ပစ်ရအောင်။ ဒါပေမဲ့ ဝံပုလွေလူသားကိုတော့ ချန်ထားကြမယ်။ သူက အံ့ဖွယ်ခေါင်းဆောင်ကို အရမ်း သစ္စာမရှိဘူး။ အဲ့တော့ သူ့ကို သတင်းနည်းနည်းရဖို့ မေးမြန်နိုင်လောက်မှာ။"

ရှန်းကွမ်ယီ၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောင်လာပြီး အန်လင်းအား လေးစားအားကျစွာ ကြည့်လိုက်၏။

မိုဟိုင်က လုံးဝပင် ပြောစရာစကားပျောက်ရှနေကာ အန်လင်းအား အမူအရာမဲ့ စိုက်ကြည့်နေလိုက်၏။

ဝက်အော်သံလိုမျိုး ပြုလုပ်ခြင်းက ရှေးဟောင်လူသား သာသာစကားကို သင်ယူခြင်းရဲ့ အဓိကသော့ချက်ဖြစိသည်လား။ ဒီကမ္ဘာကြီးက ဘာတွေဖြစ်ကုန်ပြီလဲ။

"ငါ့ရဲ့ ဂမ်ဒမ်၂ကောင်က ယင်ကောင်ငယ်လေးကို ဂရုစိုက်ပေးလိမ့်မယ်။ ငါကတော့ ဝံပုလွေလူသားကို ဖမ်းလိုက်မယ်။ ပြီးတော့ မင်းတို့၂ယောက်က တခြားကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ ၂ကောင်ကို ကိုင်တွယ်လိုက်။ ကန့်ကွက်ချင်တာရှိလား။" အန်လင်းက ဆက်ပြောလာ၏။

ရှန်းကွမ်ယီက အန်လင်းအား စိုးရိမ်မှုဖြင့် ကြည့်လိုက်၏။ "အဲဒါကြီးကို အရှင်ဖမ်းနိုင်တာ သေချာရဲ့လား။"

သန္ဓေပြောင်းသားရဲ တစ်ကောင်အား အရှင်ဖမ်းခြင်းမှာ အသေသတ်ရခြင်းထက် ပိုမိုခက်ခဲပြီး မုဆိုး၏ ခွန်အားက သန္ဓေပြောင်းသားရဲထက် ကျော်လွန်နေမှသာ အောင်မြင်နိုင်ပေ၏။

မိုဟိုင်ကမူ အန်လင်း၏ စွမ်းဆောင်ရည်အား အများအပြား ပိုမို ယုံကြည်ပေ၏။ "ညီမလေး  အန်လင်းက ဝိညာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်ပဲ ရှိသေးပေမဲ့ သူက ငါ့ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်။"

အန်လင်းက သူ့၏ မေ့စေ့ကို အနည်းငယ်မော့ကာ ယုံကြည်ချက်အပြည့်နှင့် ပြုံးလိုက်ပြီး သူ့၏ အဖြူရောင် ဝတ်ရုံမှာ လေပြည်နှင့်အတူ တဖျတ်ဖျတ်ခတ်နေပေတော့သည်။

"ငါ့ကို ယုံစမ်းပါ။ အဲဒါက ရုပ်သေးရုပ်လေးကို ဖမ်းသလောက်ပဲ ရှိတာ။"

***

All Chapters