လက်နက်ချရန် တွန်းအားပေးခြင်း
Vol. 30 Ch. 417
ကောင်းကင်ဘုံမီး သန္ဓေပြောင်း သားရဲသုံးကောင်မှာ အပြင်းအထန် ဆွေးနွေးနေကြစဉ်တွင် အန်လင်းနှင့် တခြားသူများက လက်ဦးမှုယူလိုက်ကြ၏။
ရှန်းကွမ်ယီက ရှေ့သို့ထွက်လာပြီး ကောင်းကင်နှင့် မြေကြီးမှာ ချက်ချင်းပင် တောင်ပံ၆ခုပါ ငှက်ဆီသို့ ဦးတည်နေသော ရေခဲနှင့် မြူနှင်း ပြင်ကျယ်ကြီးအဖြစ် ပြောင်းလဲသွားလေ၏။
မိုဟိုင်သည်လည်း ရှေ့သို့ တဟုန်ထိုး တက်လာပြီး သူ့၏ ကြက်သွေးရောင် ဓားမော့ဖြင့် ကျားလူသားအား ခုတ်ပိုင်းပစ်လိုက်၏။
ဂမ်ဒမ်၂ကောင်မှာ အလင်းတန်း ၂ခုအဖြစ်ပြောင်းသွားပြီး အန်လင်းနောက်မှ သန္ဓေပြောင်းသားရဲအုပ်ဆီသို့ တစ်ဟုန်ထိုး ဝင်တိုက်လေတော့သည်။
အန်လင်းကိုယ်တိုင်မှာမူ မိစ္ဆာရှင်းဓားကို လက်ထဲ၌ကိုင်ပြိး ဝံပုလွေလူသားအား စိန်ခေါ်လိုက်သော်လည်း တစ်စုံတစ်ခုကို အကွက်ချနေသကဲ့သို့ သူ့၏ အော်ရာအား အနည်းဆုံးသို့ လျော့ချထားလိုက်၏။
ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲ သုံးကောင်မှာ သူတို့ရှေ့မှ လူသားမှာ လှည့်ပြေးရမည့်အစား စတင်တိုက်ခိုက်လာသည်မို့ ရယ်မောဟိန်းဟောက်လိုက်ကြ၏။
ကျားလူသားမှာ သူ့၏ အနက်ရောင်တင်းပုတ်ကြီးကို လွှဲလိုက်ပြီး အစွမ်းထက်အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေတော့၏။ "စိတ်ကြီးဝင်နေတဲ့ မိုက်မိုက်မဲမဲ လူသားတစ်သိုက်ပါလား။ ငါ၊ ကြာပန်းနက် ကျားနတ်ဘုရားက စစ်မှန်တဲ့ ခွန်အားက ဘာလဲဆိုတာပြပေးမယ်။"
"ငါ မင်းတို့အားလုံးကို စားပစ်မယ်။" အညှာအတာမဲ့ အပြုံးတစ်ခုက ဝံပုလွေလူသား၏ မျက်နှာတွင် ပေါ်လာပြီး သူ့၏ လက်သည်းများက ရုတ်တရက် အလျား ၃မီတာ အထိ ရှည်လျားလာပြီး အဖြူရောင် မီးတောက်များက ထိုအရာများ၏ပတ်လည်တွင် ကခုန်နေသည်မှာ ချွန်ထက်သောမီးတောက်ဓားမော့များကဲ့သို့ ပုံပေါ်နေစေ၏။
အတောင်၆ခုပါငှက်မှာတော့ စကားတစ်ခွန်းမှ မဆိုပဲ ရှန်းကွမ်ယီဆီသို့ ခုန်အုပ်လိုက်၏။
ဘုန်း...
မီးတောက်များက အထူမြူနှင်း၏ စွမ်းအင်နှင့် တိုက်မိသွားပြီး သူတို့ပတ်လည်ရှိ ပေပေါင်းထောင်ချီအား မီးနှင့်ရေခဲ ကမ္ဘာတစ်ခုအဖြစ် ပြောင်းပစ်လိုက်၏။
မိုဟိုင်၏ ကြက်သွေးရောင် ဓားမော့မှာ ကမ္ဘာမြေအက်ကွဲစေနိုင်သော အားအင်ဖြင့် ကျားလူသားအနက်ကြီး၏ တင်းပုတ်ဖြင့်တိုက်ခတ်သွားပြီး သူတို့၏ ထိခတ်မှုမှထွက်လာသော အသံလှိုင်းများက သူတို့ပတ်ဝန်းကျင် ပေ၁ထောင် အချင်းဝက်အတွင်း အရာရာကို ပျက်စီးစေရန် လုံလောက်ပေ၏။
ဝံပုလွေလူသားက သူ့၏ အစွယ်များကို ပျော်ရွှင်စွာ လျက်ကာ အန်လင်းဆီသို့ တဟုတ်ထိုးတိုးဝင်လာ၏။ "မင်းရဲ့ အော်ရာက လူသားသုံးယောက်ထဲမှာ အားအနည်းဆုံး ပုံပေါက်တယ်။ ငါအသားမစားရတာကို အတော်ကြာပြီ။ ဒီအခွင့်အရေးကို ငါ့ဥပုသ်ထွက်ဖို့ အမိအရယူရမယ်။"
ထိုအရာက လေထုကို ဖြတ်ကာ သူ့လက်သည်းများဖြင့် ကုတ်လိုက်ရာ များပြားလှသော အဖြူရောင်လက်သည်းအလင်းတန်းများက အန်လင်းဆီ ပျံသန်းသွား၏။
လက်သည်း အလင်းတန်းများက အန်လင်းဆီသို့ နီးကပ်လာသည်နှင့် တဖြည်းဖြည်းအရွယ်အစားကြီးလာပြီး သူ့အပေါ်သို့ရောက်သည်အခါတွင် အလျား ပေ၁ထောင်ကျော်အထိ ကြီးမားလာပြီး အောက်ဘက်မြေကြီးပေါ်တွင် မရေမတွက်နိုင်သော နက်ရှိုင်းလှသည့် ကျင်းများကို ချန်ရစ်ထားခဲ့၏။
အန်လင်းက သူ့ရှေ့မှ လက်သည်းအလင်းတန်းများကို လျင်မြန်စွာ အကဲဖြတ်လိုက်ပြီး ထိုအရာတစ်ခုစီတိုင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ချက်နှင့် ညီမျှသည့် စွမ်းအားများ ပြည့်နေသည်ဟု သတ်မှတ်လိုက်၏။
သူသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး အဖြစ်ရှိစဉ်က ထိုတိုက်ခိုက်မှုကို ထိပ်တိုက် မရင်ဆိုင်နိုင်လောက်ပေ။ သို့သော် ယခုတွင် သူက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။
အန်လင်း၏ မိစ္ဆာရှင်းဓားမှာ လေထုကိုဖြတ်သန်း၍ ဝံပုလွေလူသားဆီသို့ ခုတ်ပိုင်းလိုက်၏။ အလွန်အမင်း သန့်စင်သော အနက်ရောင် ဓားအလင်းတန်းတစ်ခုက လေထုကို ဖြတ်ပိုင်းကာ အဖြူရောင် လက်သည်း အလင်းတန်းများနှင့် တိုက်ခတ်သွားလေ၏။
ဝံပုလွေလူသားမှာ အန်လင်းအား သူ့၏ လက်သည်းအလင်းတန်းများဖြင့် အပိုင်းပိုင်း ဖြတ်ပစ်ရန် စိတ်အားထက်သန်စွာ စောင့်နေလေ၏။ သို့သော်လည်း ထိုအစား သူက ထိန့်လန့်ဖွယ်မြင်ကွင်းနှင့် ကြုံလိုက်ရပေ၏။
အနက်ရောင် ဓားအလင်းတန်းမှာ သူ့၏ လက်သည်းအလင်းတန်းများကို ဖြတ်သန်းကာ သူ့အပေါ်သို့ မတားဆီးနိုင်သော အားအင်ဖြင့် ကျဆင်းလာသည်မှာ မူလအရှိန်ထက် အနည်းငယ်မျှပင် လျော့နည်းသွားဟန် မပေါ်ပါချေ။
"ဝေါင်း..."
ဝံပုလွေလူသား၏ စွမ်အားများက သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာပြီး အောင်ဘက်မှမြေကြီးတွင် ကြီးမားသော ကျင်းကြီးတစ်ခု ဖန်တီးလိုက်၏။ ထိုအရာက လေထဲသို့ အလွန်အမင်း လျင်မြန်စွာ ခုန်တက်လာပြီး ကြောက်မက်ဖွယ် ဓားအလင်းတန်းနှင့် တိုက်ခတ်လိုက်၏။
သို့သော်လည်း ထိုအချိန်၌ အံ့ဖွယ် လျှပ်စီးကြောင်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး သူ့တုံ့ပြန်ရန် အခွင့်အရေး မရခင်မှာပင် သူ့အားတိုက်ခတ်ပစ်လိုက်၏။
ဘုန်း...
ရွှေရောင်လျှပ်စီးက ဝံပုလွေလူသား၏ ဦးခေါင်းကို ထိခတ်ကာ ထိုအတွင်း၌ ပြည့်နှက်နေသော ကြောက်မက်ဖွယ် စွမ်းအင်က ချက်ချင်းပင် သူ့ခန္ဓာကိုယ်အား အနက်ရောင် မီးခိုးများက သူ့၏ ကြေးခွံများမှ ထွက်လာသည်အထိ မီးကျွမ်းစေ၏။
ရွှေရောင် ဟာလာပြင် လျှပ်စီး၏ အတိဒုက္ခကျော်လွှားခြင်း ပြီးနောက် အန်လင်းမှာ သူ့၏ လျှပ်စီးခြယ်လှယ် နည်းစနစ်နှင့် လျှပ်စီး ချဲ့ခြင်း နည်းစနစ်တို့ကို ဆက်တိုက် ထုတ်လွှတ်စဉ်တွင် ရွှေရောင်ဟာလာပြင် လျှပ်စီးအနည်းငယ်မျှကို သူ့၏ တိုက်ခိုက်မှုထဲတွင် ထည့်သွင်းနိုင်လေ၏။
"မင်း အရှံုးပေးပြီလား။" အန်လင်းက ရုတ်တရက် အေးစက်စက်အသံဖြင့် မေးလိုက်၏။
ဝံပုလွေလူသားမှာ အံ့ဖွယ် မိုးကြိုးပစ်ခြင်းကို ခံလိုက်ရခြင်းမှ ဒယီးဒယိုင်ဖြစ်နေဆဲ ဖြစ်ကာ အန်လင်း၏ မေးခွန်းကြားသောအခါ အထိတ်တလန့် အမူအရာဖြင့် ခန္ဓာကိုယ်ကတုန်ယင်သွားတော့၏။ "မင်း... မင်းက ရှေးဟောင်း လူသားဘာသာစကားကို ဘယ်လိုပြောရမလဲဆိုတာ သိနေတယ်။"
"ငါ အရမ်းကိုသိတာပေါ့။ အခုထပ်မေးမယ်။ မင်း အရှံုးပေးပြီလား။" အန်လင်းက အေးစက်စွာ ထပ်ပြောလိုက်၏။
"ဝေါင်း... ငါက အကျေးခွံဖြူ ဝံပုလွေ နတ်ဘုရားကွ။ မင်းက ငါ့ကို လက်နက်ချအောင် လုပ်နိုင်တယ် ထင်နေရင်တော့ မင်း အိပ်မက်မက်နေတာပဲ။"
ဝံပုလွေလူသားမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ့၏ အဖြူရောင် ကြေးခွံများက အနည်းငယ် တုန်ခါလာပြီး သူ့၏ အော်ရာက ပြင်းထန်စွာ ထိုးထွက်လာလေ၏။ အဖြူရောင်မီးတောက် သံချပ်ကာတစ်စုံက သူ့ကိုယ်ပတ်လည်တွင် ပေါ်လာပြီး သူ့၏ ၃ပေရှည်လျားသော လက်သည်းများက တောက်ပသော အလင်းတန်း ထွန်းလင်းလာပေ၏။
ဂျိန်း...
ဝံပုလွေ လူသားမှာ လေထဲသို့ ခြေလှမ်လိုက်ပြီး ပေါက်ကွဲမှုတစ်ခုက တစ်ကီလိုမီတာ ကျော်ချဲ့ထွင်သွားသော စွမ်းအင်အဟုန်တစ်ခုကို ဖန်တီးလိုက်၏။ သူက အသံထက်ငါးဆပင် လျင်မြန်လာကာ အန်လင်း၏ ရှေ့တွင် ချက်ချင်းပေါ်လာပြီး သူ့၏ အဖြူရောင် လက်သည်းများကို ကြီးမားလှသော ခွန်အားဖြင့် ခုတ်ပိုင်းပစ်လိုက်၏။
"ဟင်း..."
အန်လင်း၏ နှုတ်ခမ်းများမှ အသံခပ်တိုးတိုးထွက်လာပြီး သူ့ခန္ဓာကိုယ်က တစ်စစီ ဆုတ်ပြဲသွား၏။
ဘုန်း...
ဝံပုလွေလူသား၏ တိုက်ခိုက်မှုမှ စွမ်းအားမှာ မြေကြီးပေါ်တွင် မီတာတစ်ရာအနက်ရှိသော အက်ကွဲကြောင်း၅ခုကို ဖန်တီးလိုက်၏။
အန်လင်း၏ ခန္ဓာကိုယ်မှာ အဖြူရောင် မြူခိုအဖြစ် ရုတ်တရက် လျော့ကျသွားသောအခါ ဝံပုလွေလူသားက အောင်ပွဲခံတော့ မလို့ပင် ဖြစ်၏။
မြူခိုးအင်မော်တယ်သိုင်း...။
သေဆုံးလုနီးနီး ကြီးမားလှသော အာရုံတစ်ခုက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလာသောအခါ ဝံပုလွေလူသား၏ ဂုတ်နောက်မှ အမွေးများက ထောင်လာလေတော့၏။
ထိုအရာက လှည့်ကြည့်တော့မည့် အချိန်မှာပင် အနက်ရောင် ဓားအလင်းတန်းတစ်ခုက ထိုအပေါ်သို့ ဆက်သက်လာပြီး ဖြစ်လေ၏။
ဓားအလင်းတန်းနှင့် ရင်ဆိုင်ရသည့်အခါတွင် ကောင်းကင်နှင့် မြေကြီးက အနည်းငယ် မှိန်မိုင်းနေပုံရ၏။
အနက်ရောင် ဓားအလင်းတန်းက ဝံပုလွေလူသား၏ မီးတောက် သံချပ်ကာနှင် မဖျက်ဆီးနိုင်လုနီးပါးဖြစ်သော အဖြူရောင် ကြေးခွံများကို ဖြတ်သန်းကာ အလျား တစ်ကီလိုမီတာနီးပါးရှိသော အက်ကြောင်းတစ်ခုကို မြေပြင်ပေါ်တွင် ခုတ်ပိုင်းပစ်လိုက်၏။
"ဝေါင်း..." ဝံပုလွေလူသားက နာကျင်စွာ အော်ဟိန်းလိုက်ပြီး အံ့ဩတကြီး နောက်ဆုပ်သွားလေတော့၏။
သွေများက ပန်းထွက်လာပြီး သူ့၏ လက်တစ်ဖက်မှာ မြေပြင်ပေါ်တွင် ကျရောက်နေပေ၏။
"အရှံုးပေးပြီလား။" အန်လင်း၏ အသံမှာ မြူထူသည့် လေပြည်ကဲ့သို့ပင် ဝံပုလွေလူသားအား မထိန်းချုပ်နိုင်အောင်ပင် တုန်ယင်နေစေတော့၏။
ဝံပုလွေ လူသား၏ မျက်နှာထက်တွင် ပထမဆုံးအနေဖြင့် အကြောက်တရား ထင်ဟပ်လာခြင်းပင်။ ဤလူသားမှာ အလွန်ကို ကြောက်မက်ဖွယ် ကောင်းလှပေ၏။
ဝံပုလွေ လူသားမှာ မူလက သူ့၏ အော်ရာမှာ လူသားကျင့်ကြံသူသုံးဦးအထဲတွင် အားအနည်းဆုံးဟု ထင်နေခြင်းဖြစ်၏...။
ထိုသည်က မယုံနိုင်ဖွယ် မှားယွင်းနေသည်ကို ယခုတွင် မြင်နိုင်ပေ၏။ သူ့၏ လက်မောင်းက ခုတ်ပိုင်းမခံရခင်တွင် သူက ထိုလူအပေါ်တွင် ခြစ်ရာတစ်ခုပင် မပေးနိုင်ခဲ့ပေ...။ သူ့၏ ခွန်အားမှ ဆုံးဖြတ်ရပါက ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲသုံးကောင် ပေါင်းပြီးလျှင်တောင် သူ့အားအနိုင်မတိုက်နိုင်လောက်ပါပေ။
"မပြောဘူးပေါ့ ဟုတ်လား။ အဲဒါဆိုလဲ ဆက်လုပ်ရမှာပေါ့။" အန်လင်းက စကားများထပ်မံ မဖြုန်းတီးတော့ပဲ အဖြူရောင် အလင်းတစ်ခုက သူ့၏ မျက်လုံးများမှ ထွက်လာပေ၏။
"ဝေါင်း..." ဝံပုလွေလူသားမှာ သူ့၏ ခွန်အား ပြန်လည်ရရှိရန် ဟိန်းလိုက်ပြီး သူ့၏ အသိတရားကို စုစည်းကာ အဖြူရောင် လောင်ကျွမ်းမီးတိုင်တစ်ခုကို လေထဲသို့ ထုတ်လိုက်ပြီး သူ့ပတ်လည်မှ အချင်းဝက် တစ်ရာမီတာကျော် မြေကြီးအား အရည်ပျော်စေလိုက်၏။
"တစ္ဆေဝံပုလွေ တိုက်ချက်..." ဝံပုလွေ လူသားက ရှေ့သို့ တိုးလာပြီး အန်လင်းဆီသို့ တစ်ဟုန်ထိုး ပြောလာစဉ်တွင် သူက အဖြူရောင် ဉက္ကာခဲတစ်ခဲအသွင် ပြောင်းသွားပြီး အရာအားလုံးကို ဖုန်မှုန့်နှင့် ပြာအဖြစ် ပြောင်းပစ်မည့်ကဲ့သို့ပင်။
အန်လင်းက မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်၏။ ဤတိုက်ခိုက်မှုမှာ ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနှင့် ညီတူ ပိုင်ဆိုင်ထားပြီး သူက ထိခိုက်ဒဏ်ရာမရပဲ ဤသည်ကို ထိပ်တိုက် ရင်မဆိုင်နိုင် လောက်ပါပေ။
လေတောင်ပံက ရုတ်တရက် သူ့နောက်ကျောတွင် ဖြစ်ပေါ်လာပြီး လေထဲသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းသွားလိုက်၏။
သူအံ့အားသင့်ရသည်က ဝံပုလွေ လူသား၏ မျက်နှာထက်တွင် အညှာအတာမဲ့ အပြုံးတစ်ခုက ရုတ်တရက် ပေါ်လာလေ၏။ ဤတိုက်ခိုက်မှုက သူ့၏ ဝှက်ဖဲဖြစ်ပြီး ထိုအရာ၏ အရှိန်မှာ အန်လင်းက လေတောင်ပံ အသုံးပြုပြီးသည်ထက်ပင် မြန်ဆန်နေပေ၏။
ထိုအရာက အန်လင်းနောက်လိုက်ကာ လေထဲသို့ပျံသန်းသွားပြီး သူ့တို့ကြားမှာ အကွာအဝေးမှာ တဖြည်းဖြည်း လျော့ပါးလာပြီး မရေမတွက်နိုင်သော အဖြူရောင်မီးတောက်များက ဝံပုလွေ လူသား၏ အဖြူရောငိလက်သည်းများမှဟထွက်လာပြီး အန်လင်းအပေါ်သို့ နောက်ဆုံး တိုက်ချက်တစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်၏။
"သေစမ်း..." ထိုအရာက အော်ဟစ်ကာ လက်သည်းများကို ထုတ်လိုက်ပြီး သူတိုကြားမှ အကွာအဝေးမှာ တုန်ယင်သွားပြီး ကောင်းကင်နှင့် မြေကြီးက ရောင်ဝါကို ဆုံးရှုံးရတော့မလိုပင် ဖြစ်သွားလေ၏။
အန်လင်းက အမူအရာ သိသိသာသာပြောင်းလဲခြင်းမရှိပဲ ဝံပုလွေ လူသားကို ကြည့်လိုက်သော်လည်း ကောင်းကင်နှင့် မြေကြီးက ရုတ်တရက် မဲမှောင်လာလေ၏။
အမှောင်ထုထဲတွင် ဝံပုလေွလူသားက သူ့ခန္ဓာကိုယ်မှာ အပိုင်းပိုင်းဖြဲခံလိုက်ရသည်ကို ခံစားလိုက်မိ၏။
"ဝေါင်း..." ဝံပုလွေ လူသားက နာကျင်စွာ အော်လိုက်၏။
ကောင်းကင်နှင့် မြေကြီးသို့ အလင်းပြန်လည် ရောက်ရှိလာသောအခါ သူ့၏ လက်သည်းများက ကောင်းကင်မှ တိမ်တိုက်များကိုဖြတ်ကာ ထိုတိမ်များထဲတွင် အလျား တစ်ကီလိုမီတာကျော်သည့် ကြီးမားသော အက်ကွဲကြောင်းငါးခုကို ဖန်တီးလိုက်သော်လည်း အန်လင်းကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပါပေ။
ဝံပုလွေလူသားက ခက်ခက်ခဲခဲနှင့် ခေါင်းလှည့်လိုက်ရာ အန်လင်းကသူ့ဘေးတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။
ချွင်...
ဓားဒဏ်ရာ တစ်ရာကျော်က ရုတ်တရက် ဝံပုလွေလူသား၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး သူ့ကိုယ်မှ သွေးများ ပန်းထွက်လာတော့၏။
ထိုအရာကြီးက မြေပြင်သို့ ခြေပစ်လက်ပစ်ကျသွားပြီး သူ့ကျသည်နေရာတွင် ဧရာမကျင်းကြီးတစ်ခု ဖန်တီးလိုက်ပေ၏။
အန်လင်းက ဝံပုလွေလူသား၏ ရှေ့တွင် ကျက်သရေရှိ ငှက်တစ်ကောင် ကဲ့သို့ ဆင်းသက်လာပြီး ထိုအရာအား အေးစက်စက်ဖြင့် ငုံကြည့်လိုက်၏။
"အရှံုးပေးပြီလား။" အန်လင်းက ထပ်မံမေးလိုက်ပြန်ပါ၏။
သူ့အသံမှာ ရေခဲလေထု၏ ပေါက်ကွဲသံကဲ့သို့ ဆင်တူနေပြီး ဝံပုလွေလူသားအား ထိန်းမနိုင် သိမ်းမရ တုန်ယင်နေပေ၏။
ဝံပုလေွလူသားမှာ ဤတစ်ကြိမ်တွင်တော့ အမှန်ပင် ကြောက်နေလေပြီ။ ဤလူသားက သူ မကိုင်တွယ်နိုင်လောက်သည်အထိ အစွမ်းထက်လွန်းလှပေ၏။
ဤအချိန်အထိ အမျိုးသားက နည်းစနစ်တစ်ခုကို တစ်ကြိမ်ထက်ပိုပြီး မသုံးခဲ့ပါပေ။ သူက ခွေးတစ်ကောင်ကို အနိုင်ကျင့်နေသကဲ့သို့ပင် တိုက်ခိုက်နေခဲ့၏။
"ငါ... ငါ..." ဝံပုလွေလူသားက အန်လင်းအား ကြောက်လန့်တကြား စိုက်ကြည့်လိုက်၏။
သူက လက်နက်ချရန် ငြင်းဆန်နေပါက သေဆုံးတော့မည်ဟု ခံစားလိုက်ရ၏။
ရွှေရောင်အလင်းတန်က အန်လင်း၏ မျက်လုံးများထဲတွင် ပေါ်လာကာ ဝံပုလွေလူသားကို ကြည့်လိုက်ပြီး အဆုံးမရှိ ခွန်အားကို ယူဆောင်လာ၏။
ဝံပုလွေလူသားက အန်လင်းကို ငေးကြည့်ပြီး ရုတ်တရက် သူ့ခြေရင်း၌ ကမ္ဘာကြီးရှိနေသော မကျော်လွှားနိုင်သည့် ခွန်အားကြီးပုဂ္ဂိုလ်တစ်ဦးကို ကြည့်နေရသည်ဟု ခံစားလိုက်ရ၏။
အရှုံးပေးရန်မှလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ပါပေ။
အံ့ဖွယ်ခွန်အား နည်းစနစ်...။
ထိုသည်က ဝံပုလွေလူသား၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရိုက်ချိုးပစ်နိုင်သော နောက်ဆုံးတိုက်ချက်ဖြစ်လာ၏။
"ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့... ငါအရှုံးပေးပါတယ်။" ဝံပုလွေ လူသားက မြေပြင်သို့ ခေါင်းငုံကာ တုန်ယင်နေပေ၏။ ထိုအရာ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုစိတ်များလဲ မရှိတော့ပဲ ကြောက်ရွံခြင်းနှင့် ရိုသေလေးစားခြင်းကို မငြင်းဆိုနိုင်ပါပေ။
အန်လင်းက ကျေကျေနပ်နပ်ပြုံးလိုက်၏။ သူက ဝံပုလွေ လူသားမှာ အလွန်ပင် တစ်ကိုယ်ကောင်းဆန်ပြီး သေဆုံးခြင်းကို ကြောက်ရွံ့သည်ဟု သူ့ခွန်အားတိုးလာစေရန်နှင့် သူတို့၏ အံ့ဖွယ် ခေါင်းဆောင်ကို အာခံနိုင်ရန်အတွက် လူသားကျင့်ကြံသူများကို စားပစ်ရန် စီစဉ်ခြင်းမှ တိတိကျကျ ပြောနိုင်ပေ၏။ ဤကဲ့သို့သော သတ္တဝါများက သူတို့ထက်ပို အစွမ်းထက်သူများကို သေချာပေါက် နာခံလိမ့်မည်မို့ ဖမ်းဆီး ချုပ်ကိုင်ရန် အလွယ်ဆုံးဖြစ်လေ၏။
အန်လင်းက ဆက်ပြောလိုက်၏။ "အဲဒါဆို အစေခံ စာချုပ် လက်မှတ်ထိုးကြမယ်။"
***