← Chapters

စမ်းသပ်မှု အောင်မြင်စွာ ပြီးမြောက်ခြင်း

Vol. 30 Ch. 418

စမ်းသပ်မှု အောင်မြင်စွာ ပြီးမြောက်ခြင်း

Vol. 30 Ch. 418

"အစေခံစာချုပ်...။ မင်းက အကျေးခွံဖြူ ဝံပုလွေ နတ်ဘုရား ငါ့ကို့ မင်းရဲ့ အစေခံဖြစ်စေချင်တယ်...။ ဟာသပဲကွ။" ဝံပုလွေလူသားမှာ ချက်ချင်းပင် ဒေါသတကြီး ပေါက်ကွဲလေတော့၏။ အစေခံစာချုပ်ဆိုသည်မှာ မည်သည့်ဖြစ်တည်မှုအတွက်မဆို ပြင်းထန်လွန်းလှသော နှိမ့်ချမှုဖြစ်ပေ၏။

စာချုပ်နှင့် ချည်နှောင်ထားသော အစေခံတစ်ဦးဖြစ်လာပါက သခင်၏ မည်သည့်အမိန့်ကိုမှ မလွန်ဆန်နိုင်ပါပေ။ ဆိုလိုသည်မှာ အန်လင်းက ထိုအရာအား ကိုယ့်ကိုကိုယ် သက်သေဖို့ ပြောလာခဲ့ပင်လျှင် မလွန်ဆန်နိုင်ပါပေ။ ထိုသည်က အလွန်အမင်း တရားနည်းလမ်းမကျသော စာချုပ်တစ်ခုပင်ဖြစ်၏။

အန်လင်းက တစ်ခွန်းမှမပြောပါပေ။ ထိုအစား သူက မိစ္ဆာရှင်းဓားကို မြှောက်လိုက်ပြီး သူ့၏ ဓားကိုသာ ပြောဆိုခြင်း ပြုလုပ်စေလိုက်၏။

ဝံပုလွေလူသားမှာ ကြောက်မက်ဖွယ် ဓားရှည်ကို စိုက်ကြည့်ကာ နောက်ဆုံးတွင် ခိုက်ခိုက်တုန်ပြီး ခေါင်းငုံ့သွားလေ၏။ "ဟုတ်ပါပြီ။ ငါလုပ်မယ်..."

အန်လင်းက ခေါင်းငြိမ့်ပြပြီး စကားလုံးများနှင့် အချိန်ဆက်မဖြုန်းတော့ပါပေ။ သူက ရွှေရောင် သွေးအဆီအနှစ်တစ်ခုကို ထုတ်လွှင့်လိုက်ပြီး မန္တန်ထိုးသွင်းလိုက်ကာ မနှစ်မြို့ဖွယ် စွမ်းအင်မတည်ငြိမ်မှုကို ထုတ်လိုက်၏။

သွေးအဆီအနှစ် အစက်လေးက ဝံပုလွေလူသား၏ ခေါင်းပေါင်သို့ ကျလာပြီး မမြင်နိုင်သော ဆက်သွယ်ချက်တစ်ခု ဖြစ်ပေါ်လာစေကာ အစေခံစာချုပ်အား ပြည့်စုံစေ၏။

ဝံပုလွေလူသား၏ မျက်နှာပေါ်တွင် စိတ်မချမ်းမြေ့သော အမူအရာပေါ်လာလေ၏။ "အစွမ်းထက် အကျေးခွံဖြူ ဝံပုလွေ နတ်ဘုရားက လူသားတစ်ယောက်ရဲ့ အစေခံဖြစ်လာမယ်လို့ ဘယ်သူက တွေးမိမှာလဲ။"

အန်လင်းက သူ့နောက်ဘက်တွင် လက်များကိုတင်းတင်းချိတ်ကာ ကောင်းကင်သို့မော့်ကြည့်လိုက်၏။ "ငါက ကောင်းကင်ဘုံခုံရုံမှာ နံပါတ်တစ် ထူးချွန်သူနဲ့ ကိုးပြည်ထောင်တိုင်းပြည်မှာ အကောင်းဆုံး အင်မော်တယ် စားဖိုမှုးပဲ။ မင်းက ငါ့လို ပြိုင်ဘက်ကင်း ဓားအင်မော်တယ်ရဲ့ အစေခံဖြစ်တာ ဂုဏ်ယူသင့်တယ်။"

ဝံပုလွေ လူသားက အနည်းငယ် တုန့်ဆိုင်းသွားကာ ခေါင်းမော့ပြီး အန်လင်းကို ကြည့်လိုက်၏။

အနက်ရောင် တိမ်တိုက်များ၏ အောက်တွင် အန်လင်း၏ ခန္ဓာကိုယ်မှာ ဆန်းပြားသော အလင်းရောင်ဖြင့် တောက်ပနေဟန်ရ၏။ သူ့ခန္ဓာကိုယ်မှ ယှဉ်ပြိုင်နိုင်ဖွယ်မရှိသည့် ဂုဏ်သရေနှင့် ဩဇာလွှမ်းမိုးမှု ခံစားချက်တစ်ခုက ထုတ်လွင့်နေပြီး ဝံပုလွေ လူသားထံမှ စစ်မှန်သည့် ရိုသေသမှုနှင့် လေစားထိုက်မှုတို့ကို ဆွဲခေါ်နေလေ၏။

အကျေးခွံဖြူ ဝံပုလွေနတ်ဘုရားမှာ ရုတ်တရက် အန်လင်းအဆက်မပြတ်ပြောဆိုလာသော ဂုဏ်ပုဒ်များကို ကြားပြီးနောက် အတော်လေး စိတ်လှုပ်ရှားလာပေ၏။ သူ့၏ ပိုင်ရှင်က မည်မျှအထိ အစွမ်းထက်သလဲဆိုသည်အား ယခုမှသာ သိရတော့၏။

အန်လင်းက အဆင့် ၁ စိတ်ဝိညာဉ် ဆေးတောင့် အရိုးပြုပြင်ခြင်း ဆေးတောင့်ကို ဝံပုလွေ လူသားအား ကမ်းပေးလိုက်၏။ "မင်းရဲ့ လက်ကိုရှာပြီးတော့ ပြန်တပ်ဖို့အတွက် ဒါကိုသောက်လိုက်။ မင်းပြီးသွားတာနဲ့ တခြားသူတွေ ဘယ်လိုဖြစ်နေလဲ သွားကြည့်ကြမယ်။"

ဝံပုလွေလူသားက အရိုးပြုပြင်ခြင်း ဆေးတောင့်ကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး အန်လင်းအား ရိုရိုသေသေ ခေါင်းငြိမ့်ပြကာ သူ့၏ လက်မောင်းကို ရှာရန် ထွက်သွားလေ၏။

ထိုအခိုက်တွင် ဂမ်ဒမ်၂ကောင်မှာ သန္ဓေပြောင်းသားရဲ တစ်ထောင်ကျော် အုပ်စုကြီးအား အရေးနိမ့်လုဆဲဆဲ ဖြစ်နေလေ၏။

သူတို့မှာ သန္ဓေပြောင်းသားရဲအုပ်၏ လုပ်ငန်းစဉ်အား နှောက်နှေးစေယုံသာ တတ်နိုင်ပြီး ထိုသည်ကပင် ခက်ခက်ခဲခဲ ရုန်းကန်နေရပါသည်။ သန္ဓေပြောင်းသားရဲအုပ်ထဲတွင် မြေကမ္ဘာမီးတောက် သန္ဓေပြောင်းသားရဲ တစ်ဒါဇင်ခန့်ရှိပြီး အတော်ပင် ကြီးမားသည့် စွမ်းအားကို ဖြစ်ပေါ်စေ၏။

အန်လင်းက တဖြည်းဖြည်း တပ်ဆုပ်လာရသော ဂမ်ဂမ်များကို ကြည့်လိုက်ပြီး သူ့ဘေးမှ ဝံပုလွေလူသားဆီသို့ လှည့်လိုက်၏။ "အကျေးခွံဖြူ ဝံပုလွေ နတ်ဘုရား အခု သရုပ်ပြဖို့အတွက်က မင်းရဲ့အလှည့်ပဲ။ အဲ့ဒီ့ သန္ဓေပြောင်းသားရဲတွေကို မင်းတာဝန်ထားလိုက်မယ်နော်။"

ဝံပုလွေလူသားက အံကြိတ်လိုက်သော်လည်း သခင်၏ အမိန့်ကို မနာခံ၍ မရမှန်းသိပေ၏။ ထိုအရာက ဒဏ်ရာများ ပြန်လည်ကောင်းမွန်စပင် ဖြစ်သော်လည်း အန်လင်း၏ အမိန့်၌ သန္ဓေပြောင်းသားရဲအုပ်ကြီးဆီသို့ တိုးဝင်သွားပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း လက်နက်တစ်ခုဖြစ်လာ၏။

ကျားလူသားနှင့် တောင်ပံ၆ခုပါမီးတောက်ငှက်တို့မှာ ထိုသည်ကိုတွေ့ပြီး အံ့အားသင့်နေကြ၏။

"ငလူး။ မင်း စောက်သစ္စာဖောက်။ မင်းက ဘယ်လိုလုပ်ပြီး အဲ့ဒီ့ ရန်သူတွေနဲ့ ပူပေါင်းရဲတာလဲ။ ဒီမှာ ကိစ္စပြတ်ရင် ငါမင်းကို သတ်မယ်။"

ကျားလူသား၏ ဟိန်းသံမှာ မိုးခြိမ်းသံတစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး မိုင်ပေါင်းများစွာ အဝေးမှပင် ကြားနိုင်ပေ၏။

ဝံပုလွေ လူသားမှာ ကျားလူသားကို လုံးဝလျစ်လျူရှုထားပြီး သူ့၏ စိတ်လွတ်လက်လွတ် သတ်ဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင်နေ၏။

သူအရှုံးမပေးခဲ့ပါက အစောကြီး ကတည်းက သေဆုံးနေပေလိမ့်မည်။

တက်ကြွသည့် ဓားမြည်သံတစ်ခုက ထွက်ပေါ်လာပြီး မြူထူလေပြည်တစ်ခုက ရုတ်တရက် သန္ဓေပြောင်းသားရဲများကို တိုက်ခတ်သွား၏။

အန်လင်းက တစ်နေရာသို့ ကြည့်လိုက်ရာ ရှန်းကွမ်ယီမှာ အတောင်၆ခုပါ မီးတောက်ငှက်ကို သူမ၏ ဓားရှည်နှင့် သုတ်သင်လိုက်ပြီး ဖြစ်ပေ၏။

သူတို့တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ရေခဲနှင့် မြူနှင်းပြင်ကျယ်ကြီးတစ်ခုက ကျန်ရစ်နေကာ အနက်တောက် တောင်တန်းများထဲတွင် ကြီးမားသည့် အဖြူရောင် ကြေးမုံကြီးတစ်ခု ရှိနေသကဲ့သို့ပင်။

အန်လင်းက လက်ခံသည့် အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ ရှန်းကွမ်ယီ၏ ရေခဲအမျိုးအစား နည်းစနစ်များမှာ အလွန်ပင် အစွမ်းထက်လှပေ၏။ သူမက ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်၌သာ ရှိသေးသော်လည်း ဝိညာဉ် ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်နိုင်စွမ်း ညီမျှသော ကောင်းကင်ဘုံမီး သန္ဓေပြောင်းသာရဲတစ်ကောင်အား အနိုင်တိုက်နိုင်ပေ၏။ အန်လင်းမှာ သူမက သူမ၏ နည်းစနစ်များကို မည်ကဲ့သို့ သင်ယူခဲ့သလဲဆိုသည်မှာ အမှန်တကယ်ပင် စတင် သိချင်လာပေသည်။

သူမက တကယ်ပဲ သူမရဲ့ ဂိုဏ်းထဲက ကျင့်ကြံသူတွေ မီးနဲ့ကျင့်နေတာကို ကြည့်ပြီးတော့ ရေခဲတာအိုမှာ ဉာဏ်ပွင့်လင်းမှုရသွားတာတာလား။

ထိုသည်က လုံးဝကို စောက်ရမ်း ဟာသဆန်နေပေ၏။

နောက်ဆုံးတွင်တော့ သူက မိုဟိုင်၏ တိုက်ပွဲဆီသို့ အကြည့်လွှဲလိုက်ပေ၏။

မိုဟိုင်၏ ပိုင်နက်နယ်မြေမှာ သွေးမီးတောက် ပိုင်နက်ဖြစ်ပြီး အမြင့်ဆုံး စိတ်ဆန္ဒအထိ အသက်သွင်းထားပေ၏။

ကျားလူသား၏ အော်ရာမှာမှာလည်း အစွန်းအစွန်ဆုံးအထိ ထုတ်လွှတ်ထားပြီး သူ့၏ မျက်လုံးများမှာ ရဲရဲနီနေပြီး သူ့၏ တင်းပုတ်နက်ကြီးကို ပြင်းထန်စွာ လှုပ်ရှားနေကာ သူ့၏ တိုက်ခိုက်မှုတစ်ခုစီနှင့် မြေကြီးဆီအား တုန်ခါမှုများပို့လွှတ်နေပေ၏။

ဤဧရိယာထဲတွင် ကျားလူသား၏ တိုက်ခိုက်မှုများမှ အသံလှိုင်းများကြောင့် အပိုင်းအစများအဖြစ် လျော့ချခံလိုက်ရသော တောင်များ အများအပြားရှိလေ၏။

မိုဟိုင်၏ ကြက်သွေးရောင် ဓားမော့နည်းစနစ်များမှာ ထိုအရာ၏စွမ်းအင်ကြောင့် ကျော်ကြားလှသော်လည်း မိုဟိုင်မှာ ကျားလူသား၏ တင်းပုတ်နက်မှ အညှာအတာမဲ့ အတးအဆီးများအောက်တွင် တုန်တုန်ယင်ယင်နှင့် တပ်ဆုပ်နေရပေ၏။

အန်လင်းက အဝေးမှ နေ၍ မ​မေးမြန်းပဲ မနေနိုင်တော့ပါပေ။ "သခင်လေး မိုဟိုင်၊ အဆင်ပြေရဲ့လား။ အကူအညီလိုသေးလား။"

မိုဟိုင်က ထိုသည်ကိုကြားပြီး သွေးအပြည့် အန်ထုတ်မိတော့မလိုဖြစ်သွား၏။

မင်းက စောက်ကျိုးနည်း ကန်းနေလား။ ငါအရေးနိမ့်နေတာ မမြင်ဘူးလား။ ဒီလောက်သိသာနေတဲ့ ဟာတွေကို မေးနေလို့ လိုသေးလို့လား။

သို့သော်လည်း အန်လင်းမှာ မိုဟိုင် အကူအညီလိုသည် မလိုသည်အား အမှန်ပင် အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။ သူက မိုဟိုင်၌ အံ့အားသင့်ဖွယ် ဝှက်ဖဲများ ရှိနိုင် မရှိနိုင်ကို မသိပါပေ။ သူက ဤတိုက်ပွဲအတွင်း၌ ကြားဝင် ဖြေရှင်းလိုက်ပြီး မိုဟိုင်က သူ့၏ သတ်ဖြတ်ခြင်းအား ခိုယူသည်ဟု ဝေဖန်ပြောဆိုပါက မည်သို့ဖြစ်မည်နည်း။

မည်သို့ဆိုဆို ယောက်ျားစစ်စစ်များက တစ်ယောက်ချင်း တိုက်ခိုက်ချင်ကြသည်မဟုတ်ပေလား။

မိုဟိုင်မှာ ကျားလူးသား၏ တိုက်ခိုက်မှုအတားအဆီးများအား ခုခံကာကွယ်ရန် အလွန် အာရုံစိုက်နေရသည်ဖြစ်ရာ အန်လင်းကို ပြန်ဖြေရန် သူ့၏ စိတ်ဝင်စားမှုအား ခွဲဝေမပေးနိုင်တော့ပါပေ။ သူက မူလတွင် အန်လင်းက သူ့အား ကူညီလိမ့်မည်ဟုထင်ထားသော်လည်း အန်လင်းမှာ ဘေးတွင်ရပ်ကာ သူ့၏တိုက်ပွဲအား ပျော်ရွှင်စွာ ကြည့်ရှုနေပေ၏။

ဂျိမ်း...

ကျားလူသား၏ ကြွက်သားများမှာ ရုတ်တရက် ပြင်းထန်စွာ ကျယ်ပြန့်လာပြီး သူက တင်းပုတ်နက်ကြီးအား ကြောက်မက်ဖွယ် ခွန်အားကြီးနှင့်  လေထဲသို့ ဝေ့ယမ်းလိုက်ကာ မိုဟိုင်အား ချက်ချင်းပင် လေထဲသို့ ပျံထွက်သွားစေ၏။

မိုဟိုင်က သွေးအပြည့်အန်ချလိုက်ပြီး တိုက်ခိုက်မှုကြောင့် သတိမေ့တော့မလိုပင် ဖြစ်သွားရ၏။ "သခင်းလေး အန်လင်း၊ ငါ့ကို ကူပါအုံး။"

အန်လင်းက ထိုသည်ကို ကြားပြီးမှ လှုပ်လှုပ်ရှားရှား ဖြစ်လာပေ၏။ သူက သူ့၏ လေတောင်ပံမျကို ဖြန့်လိုက်ပြီး မိုဟိုင်ရှိရာသို့ အရှိန်ပြင်းစွာ ပြေးဝင်လာပေ၏။

ကျားလူသားမှာ ချဉ်းကပ်လာသော အန်လင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် သေဆုံးနေပြီးသော နောင်ပံ၆ခုပါ မီးတောက်ငှက်နှင့် သစ္စာဖောက်နေသော ဝံပုလွေအားကြည့်လိုက်၏။ ထိုသည်က သူ့အား အရှိန်အပြည့်နှင့် လွတ်မြောက်ရန် ချက်ချင်းပင် ဆုံးဖြတ်ချက်ချနိုင်စေ၏။

အန်လင်းက သက်ပြင်းခပ်ဖွဖွချလိုက်၏။ "ဘယ်သူကမှ ဒဏ္ဍာရီလာ ဓားအင်မော်တယ် အန်လင်းဆီကနေ အောင်အောင်မြင်မြင် မလွတ်မြောက်ဖူးသေးဘူး..."

သူ့၏ လေတောင်ပံများက တောင်ပံအလျား ၁၀မီတာအထိရောက်လာပြီး အသံအတားအဆီးအား ချက်ချင်းပင် ဖြတ်သန်းကာ အသံ၏ အလျင်ထက် ငါးဆပိုမြန်လာကာ ကျားလူသားဆီသို့ တစ်ဟုန်ထိုးပြေးလာပေ၏။

"ဝေါင်း..." ကျားလူသား၏ အော်ရာမှာ ပြင်းထန်စွာ ထိုးထွက်လာပြီး အန်လင်းနှင့် သူ့ကြားမှ အကွာအဝေးကို ထိန်းသိမ်းရန် တိုးလာစေ၏။

အန်လင်း၏ အမူအရာမှာ မဲမှောင်သွားပြီး တိုက်ပွဲအား လျင်မြန်စွာ အဆုံးသတ်ရန်အတွက် စစ်နတ်ဘုရား၏ ဓားချက် ၆ချက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။

ပထမနည်းစနစ်၊ ဝါယောဓား...။

သူ့၏ အရှိန်မှာ ပြင်းပြင်းထန်ထန် တိုးလာပြီး အသံ၏ အရှိန်ထက် ၇ဆရောက်အောင် တိုးလာပြန်၏။

သူက ၂ကီလိုမီတာ အကွာအဝေးအား မျက်တောင် တစ်ခတ်အတွင်း၌ ရောက်ရှိသွားပြီး သူ့ဓားအား ကျားလူသား၏ အပေါ်သို့ ခုတ်ပိုင်းပစ်လိုက်၏။

မိစ္ဆာရှင်းဓားမှာ ပြိုင်ဘက်ကင်း ချွန်ထက်လှပြီး ကျားလူသားမှာ နှစ်ပိုင်းပိုင်းခံရပြီး မြေပြင်ပေါ်သို့ ပြုတ်မကျမီတွင် လုံးဝပင် အံ့အားသင့်နေပေတော့၏။

ကျားလူသားမှာ အထိတ်တလန့် အမူအရာတစ်ခုနှင့် အကြောက်တရားတို့ကို ဆင်မြန်းထားပြီး သူ့ခန္ဓာကိုယ်နှစ်ပိုင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။ တစ်ချိန်တည်းမှာပင် ရွှေရောင် မီးတောက်တောင်ပံက လေထဲတွင် ပေါ်လာပြီး ထိုသည်မှာ အဆင့်မြင့် ဗာမီလီယမ်ငှက် မီးတောက်အလင်းတန်းတစ်ခုမှလွဲ၌ တခြားမဟုတ်ပါပေ။

အန်လင်းက ချက်ချင်းပင် မီးတောက်တောင်ပံကို ဆွဲယူလိုက်ကာ မိုဟိုင်ဆီသို့ စပ်ဖြီးဖြီးနှင့် ပျံသန်းလာပေ၏။

မိုဟိုင်က ဆေးတောင့်တစ်ခုကို သောက်လိုက်ကာ ပြန်လည်ကုသရေးကို တိုးတက်စေပြီး ရှန်းကွမ်ယီသူ့အားပေးလာသော ဗာမီလီယမ် ငှက်မီးတောက်တောင်ပံ အလင်းတန်းတစ်ခုအား ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်၏။ သို့ဖြစ်၍ သူတို့သုံးဦးစလုံးတွင် အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်း တစ်ခုစီ ရှိနေပြီး မစ်ရှင်ပြီးမြောက်သွားပေ၏။

သူက ပြန်လာသောအန်လင်းအား အလွန်ပင် တုန်ယင်စွာ ကြည့်လိုက်ရလေ၏။

"သခင်လေး အန်လင်း၊ မင်းက ဘယ်လိုများ ကျင့်ကြံသလဲ။ မင်းက ဝိညာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်ပဲရှိသေးတာ အသိသာကြီးကို ဒါပေမဲ့ ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲတွေကို မင်းရဲ့ ကလေးတွေလို အနိုင်ပိုင်းပစ်နိုင်တယ်။"

မိုဟိုင်မှာ အန်လင်းက အလွန်အစွမ်းထက်သည်ကို သိထားပြီး ဖြစ်သော်လည်း တိုက်ပွဲကြီးတစ်ခု၌ သူ့၏ ကြောက်မက်ဖွယ်အရှိန်နှင့် ဓားသိုင်းစွမ်းအင်တို့၏ မြင်ကွင်းကို မရရှိသေးပါပေ။

ရှန်းကွမ်ယီသည်လည်း အန်လင်းကို ငေးကြည့်နေလေ၏။ သူမက အန်လင်း မည်မျှ အစွမ်ထက်သည် ဆိုသည့် အပေါ်တွင် အတော်လေး အံ့အားသိနေသည်မှာ ရှင်းလင်းလှပေ၏။

"သူတို့က တစ်ယောက်ချင်းစီရဲ့ ခွန်အားက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ခွန်အားနှင့် သန္ဓေပြောင်းသားရဲများသာဖြစ်၏။ ငါက စိတ်ဝိညာဉ်စပျိုးခြင်းအဆင့်တုန်းကဆို သူတို့ကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။"အန် လင်းက အမူအရာမဲ့ ပြန်ဖြေလိုက်၏။

လွှမ်းမိုးနိုင်သည့် ဧကရာဇ်တစ်ပါး၏ အော်ရာမှာ ရုတ်တရက် မိုဟိုင်ဆီသို့ တဖြည်းဖြည်း တိုးကပ်လာပီး သူ့အား ရိုသေလေစားမှုဖြင့် အံအားသင့်သွားစေ၏။

ရှန်းကွမ်ယီ : "..."

သန္ဓေပြောင်းသားရဲတပ်ကြီးမှာ မကြာမီပင် ဝံပုလွေလူသားနှင့် ဂမ်ဒမ်နှစ်ကောင်ဆီမှ အဆံုးသတ်ခြင်းကိုခံလိုက်ရ၏။

ဝံပုလွေလူသားမှာ ကျားလူသားနှင့် တောင်ပံ၆ခုပါ မီးတောက်ငှက်အား ကြည့်လိုက်ပြီး တောင့်တောင့်တတနှင့် သက်ပြင်းချလိုက်၏။

"ငတုံး ငှက်နဲ့ ငတုံးကျား၊ မင်းတို့က ငါ့လိုပဲ အရှုံးပေးလိုက်သင့်တာ။"

"ဒီလို ရက်စက်တဲ့ လောကကြီးထဲမှာ ဉာဏ်ကောင်းတဲ့ လူတွေကပဲ အသက်ရှည်ရှည်နေနိုင်မှာပဲ။"

ဝံပုလွေလူသားက ခေါင်းခါလိုက်ပြီး သူ့၏ သခင်ဆီသို့ လျှောက်သွားလိုက်ပေ၏။

***

All Chapters