← Chapters

အံ့ဖွယ် ခေါင်းဆောင်အား စုံစမ်းမေးမြန်းခြင်း

Vol. 30 Ch. 419

အံ့ဖွယ် ခေါင်းဆောင်အား စုံစမ်းမေးမြန်းခြင်း

Vol. 30 Ch. 419

ဂမ်ဒမ်၂ကောင်မှာလည်း အန်လင်း၏ ဘေးတွင်သက်ဆင်းလာပြီး အလွန်ရဲရင့်ဟန်ပေါက်နေပြီး အဖြူရောင်အလင်းများဖြင့် တောက်ပနေပေ၏။

မိုဟိုင်မှာ ဂမ်ဒမ်၂ကောင်ကိုကြည့်ကာ အလွန်ပင်ချီးကျူးနေတော့၏။ "သူတို့က တကယ့်ကို အနည်းဆုံး ကျိယုံဖန် လေးယောက်နဲ့ညီမျှတဲ့ ရုပ်သေးရုပ်တွေပဲ။"

"အို... မင်းက အရမ်းကို ကြင်နာလွန်းနေပါပြီ။ အဲဒါတွေက ငါတစ်ခါတစ်လေ ကစားတဲ့ အရုပ်ကလေး နည်းနည်းပါ။" အန်လင်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလာ၏။

မိုဟိုင်၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး ရုတ်တရက် ဤအခန်းဆက်နှင့် ကြွားဝါသူအား သေဆုံးသည်အထိ ရိုက်ပုတ်ချင်စိတ်ပေါက်လာတော့၏။

ဝံပုလွေလူသားမှာ တဖြည်းဖြည်း အန်လင်းဆီသို့ လှမ်းလာလေ၏။ သူက အန်လင်းနှင့် တိုက်ပွဲတွင် ဒဏ်ရာများစွာ ရရှိထားပြီးဖြစ်ကာ ဆက်တိုက်ထပ်မံတိုက်ခိုက်ရသော သန္ဓေပြောင်းသားရဲအုပ်နှင့် တိုက်ပွဲမှာ ဒဏ်ရာထပ်မံရရှိပြီး သူ့ခန္ဓာကိုယ်မှာ သွေးများနှင့်ဖုံးလွှမ်းနေကာ အော်ရာမှာလည်း အလွန်အမင်း မှေးမှိန်နေပေ၏။

"ဒီကိုလာ အကျေးခွံဖြူ ဝံပုလွေ နတ်ဘုရား။ ဒါစားလိုက်။"

အန်လင်းက အဆင့်၂ စိတ်ဝိညာဉ် ဆေးတောင့်၊ နဂါးသွေးဆေးတောင့်ကို ထုတ်လိုက်ပြီး ဝံပုလွေလူသားအား ကမ်းပေးလိုက်ပေ၏။

ဝံပုလွေလူသားမှာ စိတ်ဝိညာဉ်ဆေးတောင့်အား ကျေးဇူတင်စွာဖြင့် လက်ခံလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိပဲ မျိုချလိုက်၏။

"ဟုတ်ပြီ။ ငါတို့သွားရင်းနဲ့ စကားပြောကြတာပေါ့။" အန်လင်းက သူ့၏ အုတ်ခဲနက်ပေါ်မှ လေထဲသို့ ပျံသန်းလိုက်၏။

ဝံပုလွေလူသားမှာ သူ့အား ငေးငိုင်ကာ စိုက်ကြည့်လိုက်၏။ "မင်းက ဘယ်သွားမှာလဲ။"

"ငါတို့ဂိုဏ်းက ညီအစ်ကိုကို ဖမ်းသွားတဲ့ မင်းတို့ရဲ့ အံ့ဖွယ် ခေါင်းဆောင်ကို သတ်ဖို့လေ။"

အန်လင်းက မသိလိုက်မသိဘာသာနှင့် ပြောလိုက်သည်မှာ အရေးမပါလှသည့် အသေးစိတ်အကြောင်းအရာများကို ရှင်းပြနေသကဲ့သို့ပင်။

ဝံပုလွေလူသား၏ လည်ပင်းနောက်မှ အမွှေးများက ချက်ချင်းပင် ထောင်လာပြီး သူ့ခြေထောက်များက အလိုလိုပျော့ခွေသွားတော့မလိုပင် ဖြစ်သွား၏။ "မင်း၊ မင်းက ငါတို့ရဲ့ အံ့ဖွယ်ခေါင်းဆောင်ကို သတ်ချင်တယ်။ မင်းရူးနေလား။ အဲဒါဆို မင်းတို့တွေက အဲ့လူသားနဲ့ ဂိုဏ်းတစ်ခုတည်းက လာတာပေါ့...။ ဒါပေမဲ့ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲနော်။"

အန်လင်း၏ မျက်နှာမှာ မဲမှောင်သွား၏။ "မင်းက သခင့်ရဲ့ အမိန့်ကို လွန်ဆန်ဖို့ ကြိုးစားနေတာလား။"

အလွန်အမင်း အစွမ်းထက်လှသော ပျက်ဆီးခြင်းကြီးတစ်ခုက ဝံပုလွေလူသား၏ ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်သည်မှာ သခင့်၏ အမိန့်အား လွန်ဆန်ရန် တွေးမိရုံနှင့်ပင် သေဆုံးသွားနိုင်သကဲ့သို့ ဖြစ်၏။

အဆုံးတွင်တော့ ထိုသည်က အန်လင်းနောက်သို့ မျက်ရည်စက်လက်နှင့် လိုက်လာရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပါပေ။

သူတို့သုံးဦးမှာ လေပေါ်သို့ တက်ကာ အံ့ဖွယ် အစီအရင်အများ ညွှန်ပြသောနေရာသို့ ပျံသန်းလာကြလေ၏။

"သခင်၊ အံ့ဖွယ်ခေါင်းဆောင်က ဇာမဏီနက် သွေးမျိုးဆက်တစ်ခုရှိတယ်။ ပြီးတော့ ရှေးဟောင်းလူသားမျိုးနွယ်ထဲမှာ အစွမ်းအထက်ဆုံး ဖြစ်တည်မှုတွေထဲက တစ်ယောက်။ အဲဒါက ကောင်းကင်ဘုံချိန်းကြိုး ၈ကြိုးနဲ့ ချိတ်ပိတ်ခံထားရပေမဲ့လည်း အတော်လေးကို အစွမ်းထက်တာမို့ သခင်သွားပြီး​တော့ ဆန့်ကျင်လို့ရတဲ့တစ်စုံတစ်ယောက်မဟုတ်ဘူး။" ဝံပုလွေလူသားမှာ အလန့်တကြား ပြောလာ၏။

ထိုသည်က သူ့၏ ဂုဏ်သိက္ခာကို စတေးကာ အန်လင်း၏ အစေခံအ​ဖြစ်ခံပြီး ကိုယ့်ကိုကိုယ်ကယ်တင်ထားသော်လည်း ယခုတွင်တော့ အံ့ဖွယ်ခေါင်းဆောင်နှင့် ဆန်ကျင်ရန် သွားရောက်တွေ့ဆုံရတော့မည်ဖြစ်၏။ ထိုသည်က ကံဆိုးမိုးမှောင် ကျခြင်းဖြစ်သည်မှာ ရိုးရှင်းလှပေ၏။ ထိုသည်က အံ့ဖွယ်ခေါင်းဆောင် သစ္စာဖောက်များအပေါ်တွင် သုံးသော နှိပ်စက်သည့် နည်းလမ်းများကို ပြန်တွေးမိကာ ထိန်းချုပ်မရအောင်ပင် တုန်ယင်လာပေ၏။

အန်လင်း၏ စိတ်ဝင်စားမှုက တိုးလာပုံရ၏။ "လုပ်လေ။ မင်းရဲ့ အံ့ဖွယ်ခေါင်းဆောင်က ဘယ်လောက်တောင် စွမ်းအားကြီးသလဲဆိုတာ ပြောပါအုံး။ ပိုပြီးတိတိကျကျလေးပြော။"

ဝံပုလွေလူသားမှာ အန်လင်းအား စိတ်ပျက်အားငယ်စွာ ကြည့်လိုက်၏။ "အံ့ဖွယ် ခေါင်းဆောင်က မင်းထက်ပိုပြီး အစွမ်းထက်တာ အသေအချာပဲ သခင်။ မသွားနဲ့။ မင်းသေလိမ့်မယ်။"

"မင်းက ငါ့ရဲ့ စွမ်းအားအပြည့်အစုံကို မမြင်ရသေးပါဘူး။ အဲဒါက ငါ့ထက်ပိုပြီး အစွမ်းထက်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိတာလဲ။" အန်လင်းက စိတ်ဝင်စားစွာဖြင့် မျက်တောင်ခတ်လိုက်လေ၏။

ဝံပုလွေလူသားမှာ ထိုသည်အား တုံ့ပြန်ခြင်းမရှိပါပေ။ ထို့ပြင် အန်လင်း၏ စိတ်ပိုင်းဖြတ်ထားသောအမူအရာအရ နောက်ပြန်လှည့်ရန်မဖြစ်နိုင်သည်ကို သိလိုက်၏။ သို့ဖြစ်၍ လက်နက်ချသော သက်ပြင်းတစ်ခုသာ ချလိုက်ပြီး အတွင်းသတင်းများ ဆက်လက်ပေးလိုက်တော့၏။ "အံ့ဖွယ်ခေါင်းဆောင်က ရှေးဟောင်းလူသားမျိုးနွယ်စုရဲ့ အံ့ဖွယ်ဗိုလ်ချုပ်တွေထဲက တစ်ယောက်ပဲ။ သူ့ရဲ့စွမ်းအားက ပျက်ပြယ်ခြင်းအထွပ်အထိတ်အဆင့် ကျင့်ကြံခြင်းအခြေခံ လူသားကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်လို့ရတယ်။"

ထိုသည်ကိုကြားပြီးနောက် အန်လင်း၏ အသက်ရှုနှုန်းမှာ ပိုမိုခက်ခဲလာရ၏။

ပျက်ပြယ်ခြင်း အထွပ်အထိတ်အဆင့်...။ သူက အံ့ဖွယ် ခေါင်းဆောင်နဲ့တိုက်မယ်ဆို အသက်ရော ရှင်နိုင်ပါ့မလား။

"အံ့ဖွယ်ခေါင်းဆောင်က ဗာမီလီယမ်ငှက်မီးတောက် စမ်းသပ်ကွင်းတွေကို ဒီမှာ ချိတ်ပိတ်ခံနေရတဲ့ ဗာမီလီယမ်ငှက်ရဲ့ စွမ်းအားကို ရဖို့အတွက် ကြိုးစားဖို့အတွက် ဝင်လာခဲ့တာ။ ဒါပေမဲ့ အဲ့အစား သူက ဗာမီလီယမ်ငှက် တပ်ဆင်ထားတဲ့ ကောင်းကင်ဘုံ ချိန်းကြိုး ၉ကြိုးနဲ့ ပိတ်မိပြီးတော့ အဲ့ချိန်းကြိုးတွေက သူ့ရဲ့စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေတာမို့ သူက အခုဆို အရင်ကထက် ၁၀ဆလောက်တောင် အစွမ်းလျော့နေပြီ။ ဒါပေမဲ့ အဲဒါဆိုရင်တောင်မှ သူ့ရဲ့စွမ်းအားက မင်းစိတ်ကူးထားတာထက် အများကြီး သာမှာနော်။" ဝံပုလွေလူသားမှာ အံ့ဖွယ်ခေါင်းဆောင်၏ ကြောက်မက်ဖွယ် အပြုအမူများကို ပြန်လည်တွေးတောကာ ထိန်ချုပ်မရနိုင်စွာ တုန်ယင်နေတော့၏။

အန်လင်း၏ မျက်နှာထက်တွင် တည်ငြိမ်သော အမူအရာတစ်ခု ပေါ်လာပေ၏။ ပျက်ပြယ်ခြင်း အထွပ်အထိတ်အဆင့် ကျင့်ကြံသူများမှာ မည်မျှ အစွမ်ထက်သလဲဆိုသည်အား သူသိပေ၏။ သူ့၏ မူရင်းစွမ်းအား၏ ၁၀ရာခိုင်နှုန်းထက် နည်းနေလျှင်တောင်မှ ထိုသည်မှာ သူတို့ မဆန့်ကျင့်နိုင်လောက်သော အစွမ်းထက်ဖြစ်တည်မှုတစ်ခု ဖြစ်နေပေသေး၏။

"အဲဒါအပြင် အံ့ဖွယ်ခေါင်းဆောင်က အလွန်အမင်းကို ပိုပြီး အစွမ်းထက်တဲ့ ဇာမဏီဖြူတစ်ကောင်လဲ ပိုင်သေးတာ။ အနည်းဆုံးတော့ အဲဒါက ငါတို့မျိုးနွယ်စုက ကျန်ရစ်တဲ့ ဘယ်သူမဆိုထက်ကို ပိုပြီးအစွမ်းထက်တယ်။" ဝံပုလွေလူသားမှာ စကားပြောရင်းနှင့် ပိုပိုကာစိတ်ဓာတ်ကျနေပုံပေါ်၏။ ထိုသည်မှာ သူက သူ့၏ ဆန္ဒနှင့် ကင်းကွာနေသညိ့အတိုင်းပင်။

အန်လင်းက ဝံပုလွေလူသားအား ဆက်ပြောကာ သူသိသမျှပြောပြရန် လက်ဟန်​ပြလိုက်၏။

ဝံပုလွေလူသားမှာ ဆက်မပြောခင်တွင် သက်ပြင်းချလိုက်၏။ "လနတ်ဆိုးက မကြာခင်မှာ ပေါ်လာတော့မှာ။ လနတ်ဆိုးထွက်ပေါ်လာမှုက ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်တွေအားလုံးကို ဖြစ်ပေါ်လာစေပြီးတော့ အံ့ဖွယ်ခေါင်းဆောင်က အဲ့အခွင့်အရေးကို ယူပြီး လနတ်ဆိုးကို လူသားတစ်ယောက် ယစ်ပူဇော်ပေးပြီး ကောင်းကင်ဘုံချိန်းကြိုးတွေရဲ့ စွမ်းအင်ကို လျော့နည်းသွားအောင် ကြိုးစားမှာ။ အသေးစိတ်ပြောရရင်တော့  ရစ်ပူဇော်ခြင်းဓလေ့က အင်ပါယာနက် ပေါင်းပင်လို့ခေါ်တဲ့ အပင်တစ်ပင်လိုအပ်တယ်။ ငါတို့တစ်အုပ်ကြီးက အဲ့အင်ပါယာနက် ပေါင်းပင်ကိုလိုက်ရှားရင်း မင်းတို့နဲ့ တွေ့တာပဲ။"

အန်လင်းမှာ ဝံပုလွေလူသားထဲမှ ရရှိသော သတင်းအချက်အလက်များအားလုံးကို ရှန်းကွမ်ယီနှင့် မိုဟိုင်အားပြန်ပြောပြလိုက်၏။

သူတို့နှစ်ဦးစလုံးမှာ အန်လင်း၏ စကားလုံးများကြားသောအခါ အလွန်ပင် စိုးရိမိသွားကြတော့၏။

မိုဟိုင်က သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ကာ "ပျက်ပြယ်ခြင်း အထွပ်အထိတ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအား ၁၀ပုံတစ်ပုံ အဲဒါက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။"

အန်လင်းက သူ့၏ မျက်ခုံးမွှေးများကို နှိပ်လိုက်ကာ "ငါလဲမသိဘူး။ ကျိလုံဖန် ၁၀၀လောက်နဲ့ ညီနိုင်မလား။"

မိုဟိုင် : "..."

ရှန်းကွမ်ယီ : "..."

အန်လင်းက နှစ်သိမ့်စကားများ ဆိုလာလေ၏။ "​ကောင်းပြီ။ ဝံပုလွေလူသားက အံ့ဖွယ်ခေါင်းဆောင်က သူ့ရဲ့မူလ စွမ်းအင်ထက် ဘယ်လောက်ထိ ကျန်သလဲဆိုတာ အတိအကျမသိဘူး။ သူပြောနိုင်တာက သူမူရင်းစွမ်းအားရဲ့ ၁၀ရာခိုင်နှုန်းထက်နည်းတဲ့ အစွမ်းပဲ ပိုင်တော့တယ်ဆိုပဲ ပြောနိုင်တာ။ ၁ရာခိုင်နှုန်းကတော့ ၁၀ရာခိုင်နှုန်းထက် နည်းသေးတာပဲ။"

ရှန်းကွမ်ယီ၏ အမူအရာမှာ အလွန်စိုးရိမ်နေပုံပဲ ဆက်လက်ဖြစ်နေပြီး "အသက်တွေက ဟာသမဟုတ်ဘူး။ ငါတို့တွေ အဆိုးဆုံး အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။"

မိုဟိုင်နှင့် အန်လင်းမှာ ရှန်းကွမ်ယီ၏ ကံဆိုးမိုးမှောင်ကျမှုများကို ပြန်တွေးမိကာ သူမ၏ စကားလုံးများတွင် တုန်ယင်သွားတော့၏။

သူတို့မှာ အမှန်တကယ်ပင် အဆိုးဆုံး အ​ေြခအနေများအတွက် ကြိုတင်ပြင်ဆင်ထားရပေမည်။

အဲ့တော့ အခု ဘာဆက်လုပ်ကြမလဲ။ သူတို့က ယန်ယွမ်ကို ကယ်ဖို့ ဆက်ကြိုးစားသင့်သည်လား။

သူတိုးသုံးဦးသားမှာ အလွန်အမင်း တိတ်ဆိတ်သွား၏။ ရန်သူမှာ သူတို့မျှော်မှန်းထားသည်ထက်ပင် များစွာ အစွမ်းထက်နေပေ၏။

သုံးယောက်စလုံးမှာ အသက်ရှုကျပ်မတက်ပင်ဖြစ်လာသည်မှာ တောင်တန်းမြင့်ကြီးတစ်လုံးအောက်တွင် ဖိချေခံထားရသကဲ့သို့ပင်။

"ဝံပုလွေလေး ငါတို့ သတိထားရမဲ့အကာအကွယ်တစ်ချို့ရောရှိသေးလား။ မန္တန်ဖွဲ့စည်းခြင်း ဒါမှမဟုတ်လဲ ထောင်ခြောက်တို့ဘာတို့လိုမျိုး အစီအစဉ်တွေပေါ့။" အန်လင်းက ရုတ်တရက် ဝံပုလွေလူသားဆီသို့ အမေးတစ်ခွန်းနှင့် လှည့်ကြည့်လိုက်၏။

ဝံပုလွေလူသားမှာ သူ့၏ နာမည်ပြောင်အား စိတ်ဆိုးရန်ပင် ကယောင်ခြောက်ခြားဖြစ်နေကာ ခါးသက်သက်အပြုံးတစ်ခုနှင့် ပြန်​ဖြေလိုက်ပေ၏။ "အံ့ဖွယ်ခေါင်းဆောင်က အဲ့လို ထောင်ခြောက်တွေ မထောင်တတ်ဘူး။ သူက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားကို အရမ်းယုံကြည်ချက်ရှိတာ။"

အန်လင်းမှာ စကားထပ်မပြောမီ အတန်ကြာအောင် တိတ်ဆိတ်သွားပြန်၏။ "အဲဒါဆိုလဲ။ အံ့ဖွယ်ခေါင်းဆောင်မှာ အားနည်းချက်ရော ရှိလား။"

ဝံပုလွေလူသားမှာ သူ့ခေါင်းကို ကုတ်လိုက်ပြီး " အင်း... အံ့ဖွယ်ခေါင်းဆောင်က ကြွားရတာကို အတော်လေးကြိုက်တယ်။ အဲဒါက ထည့်တွက်လား။"

အန်လင်း : "..."

ဘုန်း...

အဝေးမှ တိမ်တိုက်များမှာ ရုတ်တရက်ကြီး လှိုင်းကြီးများသဖွယ် တိုးဝှေ့လာတော့၏။

သူတို့အောက်မှ မြေကြီးမှာ စတင်တုန်ခါလာပြီး မြေပြင်မှ မီးတောက်တိုင်များက လေထဲသို့ မြင့်တက်လာကာ ကောင်းကင်နှင့် မြေကြီးကို ကြက်သွေးရောင်း တောက်တောက်အလင်းတန်းဖြင့် ထွန်းလင်းသွားစေ၏။

"သဘာဝဖြစ်စဉ်တွေက စလာပြီ။ လနတ်ဆိုးက ထွက်လာတော့မယ်။" ဝံပုလွေလူသားမှာ ထိပ်ထိပ်ပြာပြာဆိုလာလေ၏။

အန်လင်း၏ အမူအရာမှာ အလျင်အမြန်ပင် ပြောင်းလဲသွားတော့၏။

မိုဟိုင်က အံတင်းတင်းကြိတ်လိုက်ပြီး အန်လင်းဘက်သို့လှည့်လိုက်၏။ "သခင်လေး အန်လင်း၊ ရန်သူက တကယ်ပဲ ပျက်ပြယ်​ခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားတယ်ဆိုရင် မင်း ဒီမစ်ရှင်ကို လက်လျော့လိုက်လို့ ရတယ်နော်။ အစ်ကို ယန်ယွန်အတွင် အဓိပ္ပာယ်မဲ့ စတေးခံဖို့ မလိုပါဘူး။"

အန်လင်းက မိုဟိုင်ကို လှည့်ကြည့်လိုက်၏။ "အဲဒါဆို မင်းတို့၂ယောက်ကရော။"

မိုဟိုင်က ပြန်မဖြေမီတွင် အတန်ကြာ တိတ်ဆိတ်နေပြီးမှ "ငါက အကောင်းဆုံးလုပ်မှာပါ။"

"အဲဒါဆို ငါလဲ အကောင်းဆုံးလုပ်မှာပေါ့။" အန်လင်းက နှုတ်ခမ်းတင်းတင်း စေ့လိုက်၏။ "မင်းတို့၂ယောက်တည်းကပဲ ဗာမီလီယမ်ဂိုဏ်းရဲ့တပည့်တွေမဟုတ်ဘူး။ ငါကလည်း အမည်ခံတပည့်ပဲ။ မင်းတို့ကပဲ မင်းတို့အသက်တွေကို စွန့်စားဖို့ ခွင့်ပြုထားတာလား။"

မိုဟိုင်မှာ အံ့ဖွယ် ဇာမဏီဝိုင်းကို တင်းတင်းဆုပ်ကိုင်ကာ အန်လင်းကိုကြည့်လိုက်၏။ "မင်းက သူငယ်ချင်းအစစ်တစ်ယောက်ပဲ။"

"ငါက ငါ့အသက်ကိုလဲ တန်ဖိုးထားပါတယ်။ ငါက အံ့ဖွယ်ခေါင်းဆောင်ကို အနိုင်မတိုက်နိုင်ရင် သတိပေးစရာမလိုပဲကို ထွက်ပြေးမှာပါ။" အန်လင်းက ပြင်ဆင်ပြောဆိုလိုက်၏။

မိုဟိုင်က ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ "ငါက မင်းလို ရိုးသားတဲ့လူတွေကို တကယ်သဘောကျတယ်။ ဒီက ထွက်သွားနိုင်ရင် သွားသောက်ကြတာပေါ့။"

"သေချာတာပေါ့။" အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။

"ပြီးတော့ ငါတို့ကို တစ်ခုခု ချက်ကျွေးကွာ။" မိုဟိုင်က ဆက်ပြောလိုက်၏။

အန်လင်းက မျက်လုံးလှန်လိုက်ပြီး "အဲဒါကမှ မင်းရဲ့ ရည်ရွယ်ချက်အမှန်မလား။"

မိုဟိုင်မှာ သူ့အကြည့်ကို အပြုံးအဖြစ်ပြောင်းလိုက်ပြီး ခွန်းတုံ့မပြန်လာတော့ပေ။

ရှန်းကွမ်ယီမှာ သူတို့၂ဦးအား နက်နက်ရှိုင်းရှိုင်းကြည့်လိုက်သော်လည်း တစ်ခွန်းမှမဆိုပဲ အဝေးဆီသို့ ငေးကြည့်လိုက်လေတော့၏။

လေထုထဲရှိ တိမ်ထူထူများမှာ တိုးဝေ့စပြုလာပြီး မီးတိုင်များမှ တောက်လောက်နေသည့်မီးတောက်များအောက်တွင် ပျောက်ကွယ်သွားလေတော့၏။

ကြက်သွေးရောင် အလင်းတန်းများက တိမ်တိုက်များထဲမှ ထိုးထွက်လာကာ မြေပြင်ပေါ်သို့ ကျရောက်ထွန်းလင်းနေပေတော့သည်။

***

All Chapters