မရပ်တန့်နိုင်သော တိုက်ခိုက်မှု
Vol. 30 Ch. 420
ဗာမီလီယမ်စမ်းသပ်ကွင်းများ၏ တောင်ဘက်ပိုင်းရှိ တောင်တစ်လုံးပေါ်တွင် သန္ဓေပြောင်းသားရဲ၃၀၀၀ခန့်မှာ ဒူးထောက်လျက်ရှိနေပေ၏။
သူတို့အားလုံးမှာ ယဇ်ပလ္လင်ကြီးတစ်ခု ပတ်လည်တွင် ဒူးထောက်နေဟန်ရပေ၏။
စားပွဲကြီးပတ်လည်ရှိ လေထုထဲတွင် အနီရောင် အလံများ လွင့်ထူထားပြီး တောက်လောင်နေသော စွမ်းအင်များ ထုတ်လွှတ်လျက်ရှိပေ၏။
ယဇ်ပူဇော်သည့် စားပွဲ၏ အလယ်တွင် အသက်၁၅၊၁၆ပတ်လည်ဟု ထင်ရသော ကောင်ငယ်လေးတစ်ယောက်အား လေထဲတွင် အနက်ရောင်နွယ်ကြိုးတစ်ခုဖြင့် တွဲလောင်းချထားပေ၏။
အချင်း ၁လက်မခန့်ရှိသော အဝိုင်းပုံ တုတ်ချောင်း၅ချောင်းမှာ သူ့ခြေလက်များနှင့် ရင်ဘတ်တွင် ထိုးဖောက်ထားသော်လည်း ထိုအပေါက်များမှ မည်သည့် သွေးမှ စီးကျနေခြင်းမရှိပါပေ။ သို့သော်လည်း သွေးပုံစံနှင့် နွယ်ပင်များက ထိုအနက်ရောင်တုတ်ချောင်းများပေါ်တွင် ပေါ်နေကာ အလွန်အမင်း ထူးဆန်းသည့် ပုံပေါ်နေစေ၏။
တောင်ပံနက် တစ်စုံနှင့် အလွန်အမင်း ချောမောလှသော အမျိုးသားတစ်ဦးမှာ ကောင်းကင်သို့ အဖြုံးခပ်ဖျော့ဖျော့နှင့် စိုက်ကြည့်နေပေ၏။ "အချိန်ကျခါနီးပြီ..."
တဝက်ဖောက်မြင်နိုင်သော ချိန်းကြိုးများက သူ့ခန္ဓာကိုယ်အား ချည်နှောင်ထားပြီး သူ့နှလုံးသားကို ဖြတ်သန်းကာ မြေကြီးထဲတွင် နစ်မြုပ်နေပေ၏။
ကမ္ဘာမြေ၏ အဆုံးအစမဲ့ စွမ်းအင်မှာ ထိုအမျိုးသားအတွက် မချိုးဖျက်နိုင်သော ချိတ်စည်းတစ်ခုဖြစ်လာပေ၏။
ဇာမဏီငှက်၏ စူးရှရှ ငိုကြွေးသံမှာ ကောင်းကင်နှင့် မြေပြင်တစ်လွှား ထွက်ပေါ်လာပြီး အဖြူရောင်တောက်ပနေသည့် မီးတောက်တစ်ခုက အထက်ကောင်းကင်ယံမှ ထွန်းလင်းလာတော့၏။
အရွယ်အစား ပေ၁၀၀ခန့်ရှိသော ဇာမဏီငှက်ဖြူတစ်ကောင်မှာ ယဇ်ပူဇော် စားပွဲထက်မှ လေထုကို လှည့်ပတ်နေပြီး အံ့ဖွယ်မီတောက်များ၏ ကျယ်ပြန့်လှသော စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ထုတ်လွတ်နေကာ အောက်တွင် စုစည်းနေကြသော သန္ဓေပြောင်းသားရဲများ အားလုံးကို ကြောက်လန့်တကြား တုန်ယင်နေစေပေ၏။
ဇာမဏီငှက်မှာ မြင့်မြတ်သားရဲတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး လောကတစ်ခွင်မှ မသန့်စင်မှုများအားလုံးကို ရှင်းထုတ်ပစ်ပေ၏။
ထိုအရာ၏ ငှက်အတောင်များမှာ စွတ်စွတ်ဖြူနေပြီး ဖုန်မှုန့်တစ်စက်မှပင် မမြင်ရပဲ အထူးအံ့ဖွယ် စွမ်းအားများက ထိုအရာ၏ မျက်လုံးများမှ ဖြာထွက်နေကာ နတ်ဘုရား သတ္တဝါတစ်ကောင်ကဲ့သို့ ပုံရိပ်ကိုပေးနေ၏။ သို့သော်လည်း ထိုသည်က တောင်ပံနက်နှင့် အမျိုးသားဆီသို့ နီးကပ်လာသောအခါ ထိုသည်က အလွန်နူးညံ့လှသော တစ်ဖက်ခြမ်းကို လှစ်ဟပြသလာပြီး အမျိုးသား၏ လက်မောင်းအား အလွန်ရင်းနှီးလှသော အမူအရာဖြင့် သူ့ခေါင်းနှင့် ပွတ်သပ်နေပေ၏။
"မလောပါနဲ့ ဇာမဏီဖြူ။ ငါတို့က လနတ်ဆိုး ထွက်ပေါ်လာတာနဲ့ ငါတို့ရဲ့ ဓလေ့ကိုစလိုရပါပြီ။" အမျိုးသားက အပြုံးလေးဖြင့် ပြောလာ၏။
ဇာမဏီငှက်က နောက်ထပ်ငိုသံတစ်ခု ထုတ်လွှတ်လိုက်ကာ အကောင်းဆုံးသော အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
အမျိုးသားမှာ ရုတ်တရက် အဝေးမှ နေရာတစ်ခုဆီသို့ စိုက်ကြည့်လိုက်ပြီး သူ့မူအရာမှာ ချက်ချင်းပင် မဲမှောင်လာတော့သည်။
ထိုအခိုက်မှာပင် ကောင်းကင်နှင့် မြေကြီးကြားတွင် လေနှင့် တိမ်များက ပြင်းထန်စွာ တိုးဝှေ့လာပြီး ကျယ်လောင်လှသည့် မိုးခြိမ်းသံများက ကောင်းကင်ထက်တွင် ပေါက်ကွဲလာပြီး ကောင်းကင်ဘုံတစ်ခုလုံးက ဒေါသများကို ထွက်ပေါက်ပေးလိုက်သကဲ့သို့ပင်။
သို့သော် အမျိုးသား၏ အမူအရာမှာ မကြာမီပင် ပျော့ပြောင်းသွားသည်မှာ သူ့ကို ဒေါသထွက်စေသော အကြောင်းအရာအား မေ့သွားပြီး သကဲ့သို့ပင်။ သူက သန္ဓေပြောင်းသားရဲများဆီသို့ လှည့်လာပြီး အပြုံးတစ်ခု ပြောင်းလဲဆင်မြန်းလိုက်၏။ "ရှိပါစေတော့။ ငါတို့က အင်ပါယာနက် ပေါင်းပင်လိုနေတာ အဲဒါက ဓလေ့ကို မပြည့်စုံအောင် ပြုလုပ်နေတာ...။ ဒါပေမဲ့လည်း ငါတို့ရဲ့ ပွဲတော်တွေကို ဧည့်သည့်တွေ လာတဲ့အခါ အမြဲတမ်း ပျော်စရာကောင်းတာပဲလေ။"
"ဇာမဏီတပ်ကြီး သွားစမ်း။ ငါတို့ရဲ့ ဧည့်သည်တွေကို ကြိုဆိုလိုက်ကြ။"
ယဇ်ပလ္လင်ပတ်လည်တွင် ဒူးထောက်နေကြသော သန္ဓေပြောင်းသားရဲများမှာ အမျိုးသား၏ အမိန့်အောက်တွင် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ စုစုပေါင်း အော်ရာမှာ ကောင်းကင်သို့ လှည့်ကြည့်ရန် လှည့်လာသောအခါ ရှေ့သို့ ထိုးထွက်လာပေ၏။
အန်လင်း၊ မိုဟိုင်နှင့် ရှန်းကွမ်ယီတို့မှာလည်း ကီလိုမီတာပေါင်းများစွာအဝေးကပင် ယဇ်ပလ္လင်ကို လှမ်းမြင်နိုင်ပြီး ခန္ဓာကိုယ်တွင် အနက်ရောင် တုတ်ချောင်းများ ထိုးဖောက်ခံထားရပြီး လေထဲတွင် တွဲလောင်းချိတ်ခံထားရသော ကောင်ငယ်လေးကို မြင်သောအခါ ဒေါသများက သူတို့မျက်လုံးများထဲမှ ရှေ့သို့ ထိုးထွက်လာတော့၏။
တစ်ချိန်တည်းမှာပင် သန္ဓေပြောင်းသားရဲတပ်ကြီးမှာ သူတို့ဆီသို့ တိုးဝင်လာပြီး ဖြစ်ကာ သူတို့သုံးဦးက တပ်ကြီးအား အေးစက်စွာ ကြိုဆိုလိုက်ကြ၏။
စိတ်ဝိညာဉ်မီး သန္ဓေပြောင်းသားရဲ ၃၀၀ကျော်မှာ သူတို့ဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာကာ သူတို့၏ နှုတ်သီးများမှ မီးတောက်များ မှုတ်ထုတ်လာကြလေ၏။
မီးတောက် ငှက်မွေးလေးတစ်ခုက အမြင့် ပေထောင်ချီရှိသော ကြီးမားလှသည့် မီးတောက်လှိုင်းကြီးသဖွယ် ပြောင်းလဲသွားပြီး ဖျက်ဆီးမည့် ခွန်အားဖြင့် ဖိခြေလာတော့သည်။
"သွားကြစမ်း။" မိုဟိုင်က အော်ဟစ်လိုက်ရာ "နှိမ်နင်းခြင်း" သင်္ကေတတစ်ခုက သူ့ဘယ်လက်ထဲရှိ အံ့ဖွယ်ဇာမဏီဝိုင်းပေါ်တွင် ပေါ်လာပြီး ကြက်သွေရောင် မီးတောက်တိုင်ကြီးများက သူ့၏ ညာဘက် ကြက်သွေးရောင် ဓားမော့ဆီမှ ထိုးထွက်လာတော့သည်။
သူက သူ့၏ ကြက်သွေးရောင် ဓားမော့အား တိုးဝင်လာသော မီးတောက်လှိုင်းများဆီသို့ ခုတ်ပိုင်းလိုက်ပြီး မီးတောက်လောင်နေသည့် ကြက်သွေးရောင် ဓားအလင်းတန်းတစ်ခုက ရှေ့သို့ ထွက်ပေါ်လာကာ ချက်ချင်းပင် မီးတောက်လှိုင်းများကို ပျောက်ကွယ်သွားစေ၏။
ဓားအလင်းတန်းမှာ အပြင်ဆီသို့ ဆက်လက်တိုးထွက်သွားကာ မီးတောက်လှိုင်းများ၏ နောက်မှ ပျံသန်းမီးတောက်ငှက်များအား ဖဲကြိုးများအဖြစ် ပြောင်းသွားစေတော့၏။
သူတို့သုံးဦးမှာ ရှေ့သို့ ဆက်ချီတက်လာပြီး သူတို့၏ အရှိန်မှာ ပျံသန်းမီးတောက်ငှက်များနှင့် ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှပင် လျော့နည်းမသွားပါပေ။
ထိုအချိန်၌ပင် အောက်ဘက် မြေပြင်တွင် ပြေးလွှားနေကြသော သန္ဓေပြောင်းသားရဲ ၄၀၀ကျော်မှာ သူတို့ဆီသို့ ပြေးဝင်လာကြတော့၏။
သူတို့အားလုံးမှာ ကောင်းကင်သို့မော့ကြည့်ကာ သူတို့ပါးစပ်များထဲမှ မီးတောက်များ ထုတ်လွှတ်လိုက်ရာ လေထုထဲတွင် ပေါင်းစုံသွားကြ၏။
ဘုန်း ဘုန်း ဘုန်း...
သန္ဓေပြောင်းသားရဲ ၄၀၀ကျော်မှာ သူတို့ပါးစပ်ထဲမှ မီးဘောလုံးများကို ပစ်လွှတ်ကာ အမြှောက်ရာချီကတစ်ပြိုင်နက်တည်း ပြေးဝင်လာသည့်မြင်ကွင်းကို ဖန်တီးကာ သူတို့အောက်ခြေမှ မြေကြီးအား ပြင်ပြင်းထန်ထန် တုန်ခါသွားစေတော့၏။
မီးဘောလုံးများက မိုးပေါက်များသဖွယ် သိပ်သည်းလှပြီး အထက်မှ လူသုံးယောက်စလုံးအား အပြည့်အဝ လွှမ်းခြုံထားကာ လွတ်မြောက်ရန်အခွင့်အရေးမပေးပါပေ။ ကြောက်မက်ဖွယ် အပူချိန်ကြီးက နေရာပေါင်းစုံမှ ဖြာထွက်လာသော ကြီးမားလှသည့် အပူလှိုင်းကြီးတစ်ခုကို ဖန်တီးလိုက်၏။
ရှန်းကွမ်ယီက အန်လင်းနှင့် မိုဟိုင်အရှေ့သို့ ဦးဆောင်သွားလိုက်ပြီး သူမ၏ ဓားကို အောက်သို့ ညွှန်ပြလိုက်၏။ သို့ဖြစ်၍ ချက်ချင်းပင် သူမ၏ ခြေထောက်အောက်တွင် အရွယ်အစား ပေ ၁၀၀၀ ခန့်ရှိသော အချွန်ခြောက်ခုပါသည့် နှင်းပွင့်တစ်ခုကို ဖြစ်ပေါ်လာစေတော့သည်။ ကြီးမားလှသည့် နှင်းပွင့်ကြီးက အရှိန်ပြင်းစွာ စတင် လည်ပတ်လာပြီး အထူးမြူနှင်းစွမ်းအားမှာ နေရပ်လပ်တစ်ခုလုံးအား ခဲသွားစေရန် ခြိမ်းခြောက်လာဟန်ရပေ၏။
မြောက်များစွာသော ရာချီ မီးဘောလုံးများက ကောင်းကင်ရှိ ကြီးမားလှသည့် နှင်းပွင့်ကြီးကို ချဉ်းကပ်လာစဉ်တွင် ရုတ်တရက် အရွယ်အစား သေးငယ်လာပြီး ဆီးနှင်းပွင့်ဆီသို့ရောက်သောအခါမှာတော့ လုံးဝပျောက်ကွယ်သွားပေတော့သည်။
ဆီးနှင်းပွင့် တစ်ခုလေးကပင် သန္ဓေပြောင်းသားရဲ ၄၀၀ကျော်၏ စုစုပေါင်းတိုက်ခိုက်မှုအား ပျောက်ကွယ်စေနိုင်ပေ၏။
"နှိမ်နင်းစေ..."
သူမက သူမ၏ ဓားရှည်ကို မြေပြင်ပေါ်သို့ ညွှန်ပြလိုက်သောအခါ ရှန်းကွမ်ယီ၏ မျက်လုံးများမှာ ရေခဲတုံးနှစ်တုံးကဲ့သို့ပင် ဖြစ်နေပြီး သူမ၏ လည်ပင်တွင် ဆွဲထားသော ရေစက်မှာလည်း ရုတ်တရက် တောက်ပလွန်းသောအပြာရောင်အလင်းတန်းနှင့် ထွန်းလင်းလာပေ၏။
ချွပ်...
ကြီးမားလှသော ဆီးနှင်းခဲကြီးက ထောင်ချီသော ရေခဲဓားများအဖြစ်သို့ စတင်ပြိုကွဲလာပြီး မြေပြင်ပေါ်မှ သန္ဓေပြောင်းသားရဲများဆီသို့ အစွမ်းထက် သတ်ဖြတ်ခြင်းဆန္ဒများ ပြည့်နှက်နေသည့် အပြာရောင်အလင်းတန်းများအဖြစ်သို့ တိုးဝင်သွားလေ၏။
သူတို့အောက်မှ မြေကြီးမှာ ရုတ်တရက် မြူထူသားသတ်ရုံအဖြစ်ပြောင်းလဲသွားပြီး သန္ဓေပြောင်းသားရဲများက နာကျင်စွာ ငိုကြွေးကာ သူတို့၏ သွေးများက ပန်းထွက်လာပြီး ချက်ချင်းပင် အေးခဲသွားတော့၏။
သူတို့သုံးယောက်က နောက်ဆုံးတွင် ဖြတ်ကျော်ပျံသန်းသွားသည့်အချိန်တွင် အောက်ဘက်မှ သန္ဓေပြောင်းသားရဲ ၄၀၀စလုံးမှာ ရေခဲနှင့် မြူနှင်းများအောက်တွင် မြေမြုပ်ခံရပြီး အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပင်မရှိပါပေ။
ယဇ်ပလ္လင်မှ ကီလိုမီတာဝက်ခန့်အကွာတွင် စိတ်ဝိညာဉ်မီး သန္ဓေပြောင်းသားရဲ ၃၀၀ကျော်မှာ ကြောက်မက်ဖွယ်သွေးဆာနေသည့် အမူအရာဖြင့် စုစည်းနေကြ၏။ တစ်ချို့မှာ သူတို့ကိုယ်အား မီးတောက်များ လွှမ်းခြုံလျက် လေထုထဲတွင်ပျံသန်းနေကြပြီး တခြားအကောင်များမှာ မြေပေါ်တွင်ကျန်ရစ်နေကာ သူတို့၏ အစွမ်းထက် မန္တန်နည်းစနစ်များကို တည်ဆောက်နေပေ၏။
အန်လင်း၏ ကျောတွင် လေတောင်ပံများပေါ်ပေါက်လာပြီး သူက ခြေရာကောက်၍ မရနိုင်လောက်သော အဖြူရောင်အလင်းတန်းဖြင့် လေထုကို ဖြတ်သန်းသွားတော့၏။
သန္ဓေပြောင်းသားရဲများမှာ အံ့အားသင့်သွားကြပြီး သူတို့၏ တိုက်ခိုက်မှုအားစတင်တော့မည့် အချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုက အန်လင်း၏ မျက်လုံးထဲတွင် လင်းလက်သွားပြီး အဆုံးမရှိ ခွန်အားဖြင့် ပြည့်နှက်နေသော ရွှေရောင် လှိုင်းကြပ်ခွပ်ကလေးများက နေရာပေါင်းစုံမှ တစ်ကီလိုမီတာခန့်အထိ ပျံ့နှံ့သွားပေ၏။
သန္ဓေပြောင်းသားရဲအများစုမှာ ချက်ချင်းပင် ပါးစပ်မှ အမြှုပ်များထွက်လာကာ နေရာ၌ပင် မူးဝေသွားကြပြီး ကျန်ရစ်သည့် ပိုမိုအစွမ်းထက် သန္ဓေပြောင်းသားရဲများမှာမူ ချည့်နဲ့စွာ ဒူးထောက်ကျသွားသည်မှာ သူတို့၏ အရှင်သခင်အား ဒူးထောက်ခစားနေသကဲ့သို့ပင်။
အန်လင်းက သူတို့ကြားတွင် လျှောက်လာပြီး လေထဲ၌ နေအလင်းတန်းတစ်ခုက ပေါ်လာပြီး ချက်ချင်းပင် သန္ဓေပြောင်းသားရဲများအား အဆုံးမဲ့တောက်လောင်နေသည့် မီးတောက်များဖြင့် ပြာအဖြစ်သို့လောင်ကျွမ်းသွားစေ၏။
"အမှိုက်တွေ..."
အန်လင်းက ယဇ်ပလ္လင်ဆီသို့ ဦးတည်သွားရင်း အမူအရာမဲ့ဆိုလိုက်၏။
ယဇ်ပလ္လင်ထက်ရှိ အမျိုးသားမှာ ပထမဆုံး၂ယောက်က ရုတ်တရက်ဝင်တိုက်လာသည်အခါ အနည်းငယ်စိတ်ဝင်စားသွား၏။ သို့သော် အန်လင်း၏ နည်းစနစ်များကို မြင်သည့်အခါတွင် သူ့အမူအရာမှာ အနည်းငယ်တုံ့ဆိုင်းသွားပြီး ချဉ်းကပ်လာနေသော အန်လင်းအား အံ့ဩတကြီး ကြည့်လိုက်ပေတော့၏။
အမျိုးသားမှာ သူ့၏ ဇာမဏီတပ်ကြီး အစုလိုက်အပြုံလိုက် ချေမှုန်းခံရမှုအား အနည်းငယ်မျှပင် စိတ်အနှောက်အယှက်မဖြစ်ပါပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူအား အသေသတ်ရန် လာနေသော လူသားသုံးယောက်အားမြင်ရသည်ကို အလွန်ဝမ်းသာနေပေတော့၏။
ဤသည်က သူ့တံခါးရင်းသို့ အစာအရောက်ပို့ပေးခြင်းနှင့် ဆင်တူလှပေ၏။
"တော်တယ်။ အကျေးခွံဖြူ ဝံပုလွေနတ်ဘုရား။"
အမျိုးသားမှာ ဝံပုလွေလူသားနှင့်အတူ အန်လင်းနှင့် တခြားသူများအား သဘောကျစွာကြည့်လိုက်၏။
ဝံပုလွေလူသားမှာ ထိုချီးကျူးစကားများ ကြားလိုက်သောအခါ ကြောက်ချေးပင် ထွက်ကျတော့မလို ဖြစ်သွားရ၏။
သူက ထိုသည်များမှာ စစ်မှန်သော ချီးကျူးစကားများဟု တစ်စက္ကန့်မျှပင် မခံစားရပါပေ။
ထိုအစား ထိုသည်များက သူ့သေးဆုံးခြင်း၏ ကြေညာချက်များပင် ဖြစ်သည်။
အမျိုးသားမှာ ယဇ်ပလ္လင်ဆီသို့ ချဉ်းကပ်လာသော လူသုံးယောက်အား အပြုံးဖွဖွနှင့် ကြည့်လိုက်ပေ၏။ "ဧည့်သည်တွေကို ကြိုဆိုရတာ တကယ့်ကို ဝမ်းသာစရာပဲ။ ဒါပေမဲ့ ငါက ဖော်ရွေတဲ့နည်းတွေကို များများမသိဘူး။ ငါက မင်းတို့ကို ဇာမဏီဖြူရဲ့ အပေါင်းခံမလား ဒါမှမဟုတ် ဇာမဏီနက်ရဲ့ဆာရှီမီအဖြစ် အပိုင်းပိုင်းအလှီးခံမလားဆိုတာပဲ ရွေးခိုင်းနိုင်မယ်။"
ယန်ယွမ်မှာ သူတို့သုံးယောက်အားငုံ့ကြည့်ကာ အက်ကွဲနေသောအသံဖြင့် သူတို့အား ထွက်ပြေးရန် အော်ဟစ်နေစဉ်တွင် သူ့မျက်လုံးများထဲ၌ ပြတ်သားသည့် အရိပ်အရောင်များ ပြန်ရောက်လာပေတော့သည်။
သူ့ခန္ဓာကိုယ်အား ဖောက်ဝင်နေသော အနက်ရောက်တုတ်ချောင်းပေါ်မှ သွေးကြောပုံစံများမှာ နှလုံးခုန်သံကဲ့တဒုတ်ဒုတ်ခုန်နေပြီး ယန်ယွမ်၏ အမူအရာက တုန်ခါမှုအလိုက် ရှုံ့တွသွားသည်မှာ ပြင်းထန်လှသော ဝေဒနာကို သည်းခံနေရသကဲ့သို့ပင်။
အန်လင်းက ယန်ယွမ်ကို ကြည့်လိုက်ကာ အေးစက်သော အသံဖြင့် ပြန်ဖြေလိုက်၏။ "ဇာမဏီဖြူကိုပေါင်းလိုက်ပြီး ဇာမဏီနက်ကို ဆာရှီးမီးအဖြစ်ပိုင်းပစ်လိုက်လေ။ ငါ့အတွက်တော့ အဲဒါက ကောင်းတဲ့ပုံပဲ။"
"ဟီးဟီး... ပုရွက်ဆိတ်တွေက ဘယ်တုန်းကများ အရမ်းရူးရူးမိုက်မိုက် သတ္တိရှိသွားရတာလဲ။" ဇာမဏီနက်က ခပ်ဖွဖွရယ်မောကာ သူ့ရှေ့မှ လူသုံးယောက်အားကြည့်ရင်း လက်တစ်ချောင်းဆန့်ထုတ်လိုက်ပေ၏။
"ငါမင်းတို့ကို လက်ချောင်းလေး တစ်ချောင်းတည်းနဲ့ အမှုန့်ချေပစ်လို့ ရတယ်ကွ...။"
***