အကြွားဘုရင် ဇာမဏီနက်
Vol. 30 Ch. 421
အန်လင်းမှာ ဇာမဏီနက်၏ စကားလုံးများကြောင့် အနည်းငယ်မျှပင် ဒေါသမထွက်ပါပေ။ ထိုအစား အေးစက်စက်အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ထွက်ပေါ်လာလေ၏။ "အဲဒါဆိုလဲ မင်းငါတို့ကို လက်တစ်ချောင်းတည်းနဲ့ မသတ်နိုင်ရင်ရော။ မင်းက ကြွားပြောတဲ့အတိုင်း မလုပ်နိုင်ရင် တစ်ခုခုတော့ ပြန်ပေးရမယ်မလား။"
ဇာမဏီနက်၏ အမူအရာမှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး သိက္ခာကျခြင်းအရိပ်အမြွက်အား ခံစားလိုက်ရ၏။
သူက နောက်ကျောတွင် လက်များတင်းတင်းချိတ်ကာ သရော်သည့်အမူအရာဖြင့် ကောင်းကင်အားမော့ကြည့်လိုက်၏။ "မင်းက ငါ့ကို တိုက်တွန်းဖို့ ကြိုးစားနေတာလား။ မင်းလို ပုရွက်ဆိတ်တွေက ငါနဲ့ ညှိနှိုင်းဖို့ခွင့်အရေးမရှိဘူး။"
အန်လင်းက အထီးကျန်သည့် သက်ပြင်းတစ်ခုနှင့် ခေါင်းခါပြလိုက်၏။ "မင်းက မင်းရဲ့ ကြွားဝါခြင်းကိုတောင် ထောက်ပံ့နိုင်တဲ့ ခွန်အားမရှိဘူးဆိုရင် တခြားသူတွေကို လက်တစ်ချောင်းတည်းနဲ့ ဖိချေပစ်လို့ရတယ်လို့မပြောနဲ့လေ။ တကယ်တောင်မလုပ်နိုင်ပဲနဲ့ ကြွားဝါတာက မင်းကို စောက်တုံးကောင်နဲ့ပဲ တူစေမှာ။"
ဇာမဏီနက်မှာ အန်လင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ကြောက်မက်ဖွယ် ရှေးဟောင်း နတ်ဘုရားမိစ္ဆာတစ်ကောင်၏ အော်ရာတစ်ခုက အန်လင်းဆီသို့ တိုးဝင်လာ၏။
အန်လင်းက သူ့၏ အံ့ဖွယ်ခွန်အား နည်းစနစ်အား အပြည့်အဝ ထုတ်လွတ်လိုက်ပြီး အဆုံးမဲ့ အံ့ဖွယ်ခွန်အားများက သူ့မျက်လုံးများမှ ထိုးထွက်လာကာ ဇာမဏီနက်၏ မယိမ်းမယိုင် အကြည့်များဖြင့် စုံစည်းသွားပေ၏။
သူတို့မျက်လုံးများဆုံသွားပြီး လေပွေများက ချက်ချင်းပင် သူတို့ပတ်လည်တွင် တိုက်ခတ်လာကာကောင်းကင်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပေ၏။
ဇာမဏီနက်မှာ ရုတ်တရက် စတင် ရယ်မောလာပေတော့သည်။ "ဟုတ်ပြီ။ အဲဒါဆိုလဲ။ မင်းက သာမန်ပုရွက်ဆိတ်ထက်တော့ ပိုပြီး အစွမ်းထက်လောက်မယ်။ ဒါပေမဲ့ ငါ့ရဲ့ အကြိုဆုံးဝါသနာတွေထဲက တစ်ခုက မင်းလို သွေးကြီးနေတဲ့ ပုရွက်ဆိတ်တွေကို ဖိခြေပစ်ရတာပဲ။ ငါထပ်ပြောမယ် ငါမင်းကို လက်တစ်ချောင်းတည်းနဲ့ ဖိခြေပစ်မယ်။ ငါအဲ့လိုလုပ်ဖို့ ကျရှုံးခဲ့ရင် နတ်ဆိုးချိတ်စည်းနွယ်ပင်တွေနဲ့ အချည်ခံထားရတဲ့ အဲ့လူကို လွတ်ပေးလိုက်မယ်။"
အန်လင်းက အပြုံးတစ်ခုနှင့် ခေါင်းငြိမ့်ပြလိုက်၏။ "မင်းစကား တည်ဖို့ မျှော်လင့်ပါတယ်။"
အန်လင်းက ထို့နောက် သူတို့၏ စကားဝိုင်းအား မိုဟိုင်နှင့် ရှန်းကွမ်ယီဆီသို့ ပြန်ပြောပြလိုက်၏။
မိုဟိုင်နှင့် ရှန်းကွမ်ယီမှာ ချက်ချင်းပင် ဇာမဏီနက်ဆီသို့ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပေ၏။
သူတို့နှစ်ယောက်စလုံးတွင် ထပ်တူညီသောအတွေးတစ်ခုက ဖြစ်ပေါ်လာပေ၏။
ဇာမဏီနက်က စောက်တုံးကောင်လား။
သို့သော်လည်း ထိုသို့ဆိုလျှင်ပင် သူတို့မှာ မကျေနပ်နိုင်ပါပေ။ မည်သို့ဆိုဆို ဇာမဏီနက်က လက်တစ်ချောင်းတည်းသာအသုံးပြုစေကာမူ သူတို့မှာ ရှုံးနိမ့်နိုင်သေးပေ၏။ ထို့ပြင် သူတို့က အောင်မြင်ခဲ့ပါလျှင်တောင် ဇာမဏီနက်က ကတိတည်လိမ့်မည်ဟု အာမခံချက်မရှိပါပေ။ မည်သို့ဖြစ်ပါစေ သူတို့အားထိခိုက်စေမည့် အခြေအနေသာ ရှိနေပေ၏။
ဇာမဏီနက်က တောင်ပံများကို ဖြန့်လိုက်ပြီး အနက်ရောင် မီးတောက်များက အားလုံးလွှမ်းခြုံထားသည့် ဖန်လုံးတစ်ခုကဲ့သို့ သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံထားပေ၏။
သူက ခေါင်းမော့လိုက်ပြီး လူသုံးယောက်ဆီသို့ လက်တစ်ချောင်း ဆန့်ထုတ်လိုက်၏။ "အဲဒါဆိုလဲ မင်းတို့ကို ခြေမှုန်းပစ်လိုက်ရအောင်။"
အချင်းဝက် ကီလိုမီတာအနည်းငယ်အတွင်းရှိ သက်ရှိစွမ်းအင်များအားလုံးမှာ စတင်တိုးဝှေ့လာပြီး ရူးသွပ်ဖွယ် စွမ်းအင်ပမာဏက လေပွေငယ်တစ်ခုဖြစ်ပေါ်လာကာ ဇာမဏီနက်၏ လက်ချောင်းထိပ်တွင် စုစည်းသွားလေ၏။
မဟူရာရောင် စွမ်းအင်မှာ ဇာမဏီနက်၏ လက်ချောင်းထိပ်တွင် စုစည်းလာပြီး သူ့ပတ်လည်မှ ကွတ်လပ်မှာ စတင်တုန်ခါလာပြီး ပုံစံပျက်လာပေတော့သည်။ သူ့၏ လက်ချောင်းထိတ်မှ ဖြာထွက်နေသော စွမ်းအင် အတက်အကျများကြောင့်ပင် မီတာ၁၀၀ပတ်လည်ရှိမြေကြီးအား ဖုန်မှုန့်ဖြစ်သွားစေတော့၏။
ဇာမဏီနက်မှာ သူ့၏ ပြိုင်ဘက်သုံးယောက်မျက်နှာထက်တွင် ပေါ်လာသော စိုးရိမ်တကြီးအမူအရာများကြောင့် အတော်ပင် ကျေနပ်သွားပုံရ၏။ "ဒီနည်းစနစ်က အသူတစ်ရာချောက်လက်ချောင်းလို့ခေါ်တယ်။ ငါ့ရဲ့ စွမ်းအားအမြင့်ဆုံး အချိန်တွေတုန်းက ငါဒီနည်းစနစ်ကို သုံးပြီးတော့ တောင်ပံနက်မျိုးနွယ်စုရဲ့ ဧကရာဇ်ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့တာ။"
အန်လင်းက လှောင်ပြောင်သည့်အမူအရာဖြင့် မျက်တောင်ခတ်လိုက်ပေ၏။ "မင်းက မင်းရဲ့ စွမ်းအားအမြင့်ဆုံး အချိန်မှာတောင် ဧကရာဇ်တစ်ယောက်ကို ဒဏ်ရာရစေဖို့ပဲ ပြုလုပ်နိုင်တယ်။ အဲဒါက ကြွားပြောရမဲ့အရာလား။ ငါက ငါတာအိုခန္ဓာအဆင့်မှာကို ဧကရာဇ်တစ်ယောက်ကို သုတ်သင်ခဲ့တာ။"
အန်လင်း၏ စကားများကြောင့် ဇာမဏီနက်၏ အမူအရာမှာ မဲမှောင်သွားပြီး သူ့လက်ချောင်းထိပ်မှ စွမ်းအင်မှာ မဟူရာရောင် အလင်းတန်းအဖြစ်သို့ ရုတ်တရင် ပေါက်ထွက်လာပေ၏။ အလင်းတန်းမှာ အလွန်အမင်း ကြောက်မက်ဖွယ် ထိုးဖောက်နိုင်သည့်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး ကောင်းကင်နှင့် မြေကြီးမှာ အနည်းငယ် မှိန်ကျသွားပုံရပြီး သူ့၏ နည်းစနစ်မှာ ဤကမ္ဘာကြီးထဲသို့ ချောက်နက်တစ်ခု ထုတ်လွှတ်လိုက်သကဲ့သို့ပင်။
အန်လင်း၏ အုတ်ခဲနက်မှာ သူကိုယ်တိုင်နှင့် မိုဟိုင်၊ ရှန်းကွမ်ယီတို့ကို ကာကွယ်ရန် ကျယ်ပြန့်လာပေတော့သည်။
ဘုန်း...
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြီး အနက်ရောင် အလင်းတန်းမှာ အုတ်ခဲနက်ကြီးကို တိုက်ခတ်သွားပေ၏။
ထိုအခိုက်အတန့်မှာပင် သူတို့အောက်မှ မြေကြီးမှာ အပြည့်အဝ ပြိုပျက်သွားပြီး အနက်ရောင် အလင်းတန်းနှင့်အတူ အနက်ရောင် ချောက်နက်ကြီးတစ်ခုက ဖြစ်ပေါ်လာလေ၏။
အနက်ရောင် စွမ်းအင်များက အပြင်ဘက်သို့ ဖြာထွက်နေပြီး သူ့ပတ်ဝန်ကျင်မှ အရာအားလုံးကို ဗလာအဖြစ်သို့ လျော့ချပစ်လိုက်၏။
"ပြီးသွားပြီ။" ဇာမဏီနက်က အမူအရာမဲ့စွာနှင့် နောက်ကျောတွင် သူ့လက်မျကို တင်းတင်းချိတ်လိုက်၏။
သို့သော်လည်း သူ့ပတ်လည်ရှိ ကမ္ဘာကြီးမှာ ရုတ်တရက် အမှောင်ထုထဲသို့ ကျရောင်သွားပေ၏။
"အိုး...။ စိတ်ဝင်စားစရာပဲ။" သူကနောက်လှည့်ကာ အမှောင်ထဲမှ တစ်နေရာအား ညွှန်ပြလိုက်ပေ၏။
ဘုန်း...
ကျယ်လောင်လှသည့် ဖိခြေသံကြီးတစ်ခုက စူးစူးဝါးဝါးဆူညံသံတစ်ခု၏ နောက်မှ ထွက်ပေါ်လာပေ၏။
ကမ္ဘာမြေဆီသို့ အလင်းက ပြန်ရောက်ရှိလာပြီး အန်လင်းက သူ့၏ မိစ္ဆာရှင်းဓား၏ ဓားသွားမှာ ဇာမဏီနက်၏ လကျချောင်းနှင့် တိုက်ခတ်သွားသည်ကို တွေ့ရသော်လည်း ထိုသည်က ဇာမဏီနက်၏ အရေပြားထဲသို့ ထိုးခွဲပစ်လိုက်နိုင်ပါ။
သူတို့နှစ်ဦးစလုံးမှာ ချောင်ပိတ်မိနေပြီး တောက်ပလှသည့် အနီရောင်အလင်းတန်းတစ်ခုက ရုတ်တရက် ဇမဏီနက်၏ နောက်ကျောမှ ထွက်ပေါ်လာပေ၏။
မိုဟိုင်က ဇာမဏီနက်၏ နောက်ဘက်မှ ဆင်းသက်လာကာ သူ့၏ ကြက်သွေးရောင် ဓားမော့အား အားကုန် ခုတ်ပိုင်းပစ်လိုက်၏။
ရှန်းကွမ်ယီမှာလည်း တခြားသော ဦးတည်ချက်တစ်ခုမှ တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်ပြီး သူမ၏ ဓားက အပြာရောင်ဉက္ကာခဲတစ်ခုကဲ့သို့ လေထုကို ဖြတ်သန်းကာ ဇာမဏီနက်၏ ဦးခေါင်းအား ခုတ်ပိုင်းလိုက်ပေ၏။
"မင်းတို့ သုံးယောက်က နေမင်းရဲ့အလင်းကို ပြိုင်ဖို့ ကြိုးစားနေတဲ့ ဖယောင်တိုင်မီးလိုပဲ။" ဇာမဏီနက်က အော်ဟစ်လိုက်ပြီး သူ့ကိုယ်ပတ်လည်ရှိ မီးတောက်နက်များမှာ ထိုးထွက်လာပြီး မီးတောက်နက်လေဆင်နှာမောင်းတစ်ခုကို ဖန်တီးကာ အထက်တိမ်တိုက်များဆီသို့ မြင့်တက်သွားလေ၏။
မိုဟိုင်၏ ကြက်သွေးရောင် ဓားမော့နောက်မှ အားအင်မှာ မီးတောက်နက် လေဆင်နှာမောင်းကြောင့် လုံးဝ ပျက်ပြယ်သွားတော့၏။
ရှန်းကွမ်ယီမှာ ပို၍ပင် အခြေအနေဆိုးကာ သူ့ခန္ဓာကိုယ်မှာ လေဆင်နှာမောင်နှင့်အတူ မြောက်တက်သွားပြီး အမြှောက်ဆံတစ်ခုကဲ့သို့ ပျံထွက်သွားကာ သွေးများအန်ထုတ်လိုက်တော့သည်။
အန်လင်းမှာ မီးတောက်လေဆင်နှာမောင်း၏ နောက်ဆုတ်ရန် တွန်းအားပေးခံလိုက်ရသော်လည်း ကြက်သွေးရောင် ငှက်မွေးများက သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာပြီး သူ့ပတ်ဝန်းကျင်မှ နေရာလပ်အား တွန့်လိမ်ကာ ပုံပျက်သွားစေတော့၏။
ငှက်မွေးများက မြှားတစ်စင်းပုံစံ စုစည်းလိုက်ကြပြီး ကြယ်မိစ္ဆာမီးတောက်မှာ ထိပ်ပိုင်းသဖွယ် ဖြစ်ပေါ်လာပြီး မြင့်မြတ်သန့်စင်မီးတောက်မှာ ရိုးတံတိုင်အဖြစ် ဖြစ်လာကာ လရောင်ရှုခင်းမီးတောက်မှာ အမြှီးဖြစ်လာစေကာ ကောင်းကင်ဘုံဟာလာပြင်မီးတောက်မှာတော့ မြှားပတ်လည်တွင် သံချပ်ကာတစ်ခုဖြစ်လာသေတော့၏။ သို့ဖြစ်၍ ကြက်သွေးရောင် နတ်ဘုရားမြှားမှာ အံ့ဖွယ်မီးတောက်၄ခုနှင့် ပထမဆုံးအကြိမ်ပေါင်းစည်းမိသွားလေပြီ။
ကြက်သွေးရောင် နတ်ဘုရားမြှားမှာ ရှေ့သို့ ပစ်လွှတ်လိုက်ပြီး ထိုအရာ၏ ခရမ်းရောင် ထိပ်ဖျားမှာ လေထုကို ဖောက်ထွက်ကာ သူ့လမ်းကြောင်းရှိ အရာတိုင်းကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီး လမ်းတစ်လျောက်တွင် ရေခဲပြာရောင် လမ်းကြောင်းတစ်ခုကို ချန်ရစ်ထားခဲ့ပေ၏။
ဇာမဏီနက်က တိုးဝင်လာသော ကြက်သွေးရောင် နတ်ဘုရားမြှားကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။ "အဲ့လို အဆင့်နိမ့် မီးတောက်မန္တန် နည်းစနစ်လေးတစ်ခုက ငါ့ရဲ့ မီးတောက်နက်လေဆင်နှာမောင်းကို ဖြတ်သန်းနိုင်မယ်လို့ထင်တယ်ပေါ့။ ငါ့ရဲ့ မီးတောက်အဆင့်အတန်းကို မင်းဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ငါ့မီးတောက်တွေက အမြင့်ဆုံး အမျိုးအစားပဲ။ အဲဒါမို့ မီးအမျိုးအစားအားလုံးကို ခံနိုင်ရည်ရှိတယ်။ တခြားမီးတောက်တွေ အားလုံးက ငါ့ရဲ့မီးတောက်တွေကို ဦးညွှတ်ပြီး ဒူးထောက်ပြီး ..."
သူက စကားဆုံးအောင်မပြောလိုက်ရခင်မှာပင် ကြီးမားသော အပေါက်ကြီးတစ်ခုက သူ့၏ မီးတောက်နက် လေဆင်နှာမောင်းအား ဖြတ်သန်းကာ မြှားက သူ့ရင်ဘတ်ကို ထိုးစိုက်သွားပြီး တစ်ချိန်တည်းမှာပင် ပူပြင်းတောက်လောင်ကာ ရေခဲတမျှအေးစက်နေသော မနှစ်မြို့ဖွယ် ခံစားချက်ကို ချန်ရစ်ခဲ့လေ၏...။
ဘုန်း...
မြှားက ဇာမဏီငှက်၏ နောက်ရှိ မြေပြင်ပေါ်တွင် နစ်မြုပ်သွားပြီး နက်နဲလှသော အပေါက်ကြီးတစ်ခုကို ဖန်တီးလိုက်၏။
သွေးနက်များက ပန်းထွက်လာပြီး ဇာမဏီနက်မှာ တစ်စက္ကန့်မျှ ကြောင်အသွားသည်မှာ သူဒဏ်ရာရရှိသွားသည်ဟူသောအချက်အား နားမလည်နိုင်သကဲ့သို့ပင် ဖြစ်နေ၏။
သူ့သွေးများက မြေပြင်သို့ စီးကျနေရင်း ဇာမဏီနက်၏ မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်မှန်သော ဒေါသများပေါ်ထွက်လာတော့၏။
"မင်းက ငါ့ကို ဘယ်လိုလုပ်ပြီး ဒဏ်ရာရစေရဲတာလဲ။ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲကို...။ မင်းက ဘယ်လိုလုပ် ငါ့ကို ဒဏ်ရာရစေရဲတာလဲ...။"
"ငါမင်းကို သတ်မယ်။" ဇာမဏီနက်မှာ သူ့၏ တောင်ပံများကို ဖြန့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အော်ရာကို ထုတ်လွှတ်လိုက်လေသည်။
သူက အန်လင်းဆီသို့ အနက်ရောင် အလင်းတန်းဖြင့် တစ်ဟုန်ထိုး တိုးဝင်သွားကာ ချက်ချင်းပင် အန်လင်း၏ ရှေ့တွင် ပေါ်လာကာ သူ့လက်ချောင်းကို ရှေ့သို့ ထိုးထည့်လိုက်၏။
သူ့၏ လက်ချောင်းမှာ အန်လင်း၏ ခေါင်းကိုဖောက်ထွက်သွားပြီး မီတာရာပေါင်းအနည်းငယ်မှ တောင်တစ်ခုတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေ၏။
အန်လင်း၏ ခန္ဓာကိုယ်က တိမ်တိုက်နှင့် မြူခိုများအဖြစ်သို့ ပျောက်ကွယ်သွားလေ၏။
"မင်း ပြေးစရာ မြေမရှိပါဘူး။"
ဇာမဏီနက်မှာ ဦးတည်ချက်တစ်ခုသို့ လှည့်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားပြည့် အနက်ရောင်မီးတောက်များက သူ့လက်ချောင်းထိပ်မှ ထွက်လာတော့သည်။
သို့သော်လည်း ထိုအချိန်မှာပင် အနက်ရောင် ဇာမဏီ အလင်းတန်းတစ်ခုက ရုတ်တရက် သူ့အနောက်မှ ထွက်ပေါ်လာပြီး သူ့ကိုယ်အား ဝင်တိုက်လိုက်တော့သည်။
ဘုန်း...
တိုက်ခိုက်မှုမှာ အလွန်အမင်း ကြောက်မက်ဖွယ် စွမ်းအားများနှင့် ပြည့်နှက်နေပြီး ဇာမဏီနက်မှာ ချက်ချင်းပင် ပျံထွက်သွားလေတော့သည်။
မိုဟိုင်က အံ့ဖွယ်ဇာမဏီဝိုင်းကို သူ့လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ကာ စိတ်ပိုင်းဖြတ်ထားဟန်နှင့် သူ့စွမ်းအင်များကို ထိုထဲသို့ အဆက်မပြတ်လောင်းထည့်နေလေ၏။
သူမက ချန်လှစ်ထားခြင်းမရှိပဲ စွမ်းအင်များ လောင်းထည့်နေခြင်းကြောင့် ရှန်းကွမ်ယီ၏ လည်ပင်းရှိ ရေစက်ပုံ ဆွဲသီးမှာ အဖြူရောင် တောက်ပစပြုလာလေ၏။
အပြာရောင် ဓားအလင်းတန်းတစ်ခုက တစ်ကီလိုမီတာကျော်အထိ ကျယ်ပြန့်လာပြီး ပတ်ပတ်လည်ရှိ မီတာတစ်ထောင် အချင်းဝက်ရှိ နေရာလပ်အား နှင်းနှင့် ရေခဲအဖြစ်ပြောင်းလဲပစ်လိုက်ပြီး ဇာမဏ်နက်၏ ဦးခေါင်းဆီသို့ တည့်တည့် ဦးတည်သွားလေတော့သည်။
ဇာမဏီနက်က အံတင်းတင်း ကြိတ်လိုက်ပြီး သူ့လက်ချောင်းကို သူ့ရှေ့တွင် မြှောက်လိုက်ကာ စက်ဝိုင်းပုံ အနက်ရောင်ဒိုင်းအကာတစ်ခုက လေထဲတွင် ပေါ်လာလေ၏။
ဓားအလင်းတန်းမှာ အလွန်အမင်း ချွန်ထက်လှပြီး အနက်ရောင်ဒိုင်းအား နှစ်ပိုင်းပိုင်းပစ်ကာ ဇာမဏီနက်၏ လက်ချောင်းနှင့် တိုက်မိသွားလေ၏။
ဓားအလင်းတန်းမှာ ဇာမဏီနက်၏ လက်ချောင်းကို ခပ်နက်နက်ဖြတ်လိုက်ပြီး သွေးများ ထွက်လာစေတော့၏။
လေပြည်ညင်းလေးတစ်ခုက ဖြတ်သန်းသွားပြ အန်လင်းက အမှောင်ထဲမှ ခုန်ထွက်လာကာ ဓားသွားပတ်လည်တွင် အဖြူရောင် လေအလင်းတန်များလည်ပတ်နေသော ဓားတစ်ချောင်းကို ဇာမဏီနက်၏ နှလုံးသားဆီသို့ တိုက်ရိုက်ထိုးထည့်ပစ်လိုက်တော့သည်။
အန်လင်း၏ ထိုးချက်မှာ လျှပ်စီးကဲ့သို့ လျှင်မြန်လှပြီး ဇာမဏီနက်မှာ ရှောင်ရန် အချိန်ပင် မရလိုက်ပါပေ။
ထူးဆန်းသော အနက်ရောင် အလင်းတန်းတစ်ခုက မိစ္ဆာရှင်းဓားမှ ထွက်ပေါ်လာသည်မှာ လေထုကို တိတ်တဆိတ် ဖြတ်သန်းလိုက်သကဲ့သို့ပင်။
ဇွတ်...
အနက်ရောင် ဓားရှည်မှာ ဇာမဏီနက်၏ နှလုံးသားထဲတွင် ကိုယ်တိုင်နစ်မြုပ်နေပြီး သွေးနက်များက ရှေ့သို့ ပန်းထွက်လာပြန်၏။
အန်လင်း၊ ရှန်းကွမ်ယီနှင့် မိုဟိုင်တို့အားလုံးမှာ ဇာမဏီနက်အား စိုးရိမ်ပူပမ်စွာ စိုက်ကြည့်နေကြ၏။
ဇာမဏီနက်မှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ့ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားကို အမူအရာမဲ့ ကြောင်ငေးကြည့်နေတော့၏။
ထို့နောက် သူက စတင် ရယ်မောလာပေတော့သည်။ " ဟားဟား... တွေးကြည့်ရမယ်ဆို ငါ ခွန်အားကြီး ပုဂ္ဂိုလ် ဇာမဏီနက်က ပုရွက်ဆိတ်အနည်းငယ်တောင် ငါ့ကို တွန်းအားပေးနိုင်တဲ့ အခြေအနေထိ ရောက်သွားစေတယ်..."
"မင်းတို့ နိုင်ပြီလို့ ထင်သလား။"
ဇာမဏီနက်က မိစ္ဆာရှင်းဓား၏ ဓားသွားကို ဆုပ်ကိုင်ကာ အန်လင်းကို အညှာအတာမဲ့အပြုံးတစ်ခုနှင့် ကြည့်ရန်အတွင် ၁၈၀ဒီဂရီလှည့်လာလေ၏။ "ငါ့နှလုံးကို ထိုးဖောက်ခံလိုက်ရတာနဲ့ သေမယ်လို့ မင်ထင်သလား။"
ဇာမဏီငှက်၏ မျက်နှာထက်ရှိ ကြောက်မက်ဖွယ်အပြုံးကို ကြည့်ရင်း အန်လင်း၏ နှလုံးမှာ တဒိတ်ဒိတ်ခုန်လာပေတော့သည်။
ဇာမဏီနက်မှာ အညှာအတာမဲ့ ဆက်လက်ပြုံးနေပေတော့သည်။ "မင်းလို အမှိုက်မျိုးက ငါ့ရဲ့ အသက်စွမ်းအားက ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ နားလည်မှာ မဟုတ်ဘူးသလို ငါ့ကိုလည်း ဘယ်တော့မှ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။"
အန်လင်းက ဖြည်းညင်းစွာ မျက်တောင် ခတ်လိုက်၏။ "အို...။ ငါမင်းရဲ့ အသက်စွမ်းအားက ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ မင်းက ဘာလို့ ငါ့ဓားကို ဆုတ်ကိုင်ဖို့အတွက် မင်းရဲ့လက်ကို သုံးနေရတာလဲ။"
"တိုက်ပွဲမစခင် မင်းက လက်ချောင်းတစ်ခုတည်းကို သုံးပါ့မယ်လို့ ငါတို့က သဘောတူထားတယ်လေ။ အဲ့တော့ မင်းရဲ့လက်ကို သုံးတာက စည်းမျဉ်းတွေကို ဆန့်ကျင်တာမလား။ မင်းအခု သူ့ကို လွှတ်ပေးသင့်ပြီ မဟုတ်လား။" အန်လင်းက ယန်ယွမ်အား ညွှန်ပြရင်း မေးလိုက်၏။
အန်လင်း၏ စကားလုံးများမှာ လေထုထဲတွင် ပံ့တင်ထပ်နေပြီး တိတ်ဆိတ်လွန်းသော ဆိတ်ငြိမ်မှုနှင့် တွေ့ဆုံနေပေ၏။
ဇာမဏီနက် : "..."
ဇာမဏီနက်၏ လက်မှာ မိစ္ဆာရှင်းဓားကို ဆုပ်ကိုင်ထားရင်း အနည်းငယ်တုန်ယင်လာပြီး ရုတ်တရက် မခံမရပ်နိုင်သော သိက္ခာချခြင်းကို ခံစားလိုက်ရ၏။
"သေစမ်း။"
သူ့မျက်လုံးများမှ သတ်ဖြတ်လိုစိတ်များ ထိုးထွက်လာပြီး ဒေါသတကြီး ငိုသံတစ်ခု ထွက်ပေါ်လာပေတော့သည်။
သူ့ကိုယ်ပတ်လည်ရှိ မီးတောက်နက်များက အပြင်းအထန် ထိုးထွက်လာကာ အပြင်ဘက်သို့ အင်တိုက်အားတိုက် ကျယ်ပြန့်လာလေ၏။
အဆုံးမရှိ မီးတောက်များက သူ့ပတ်လည်မှ အရာအားလုံးကို အနက်ရောင် နေမင်းတစ်စင်းက အချင်းဝက် ပေ၁၀၀၀ကျော်ရှိသော နေရာလပ်တစ်ခုကို လွှမ်းခြုံသွားသကဲ့သို့ ဝါးမြိုပစ်လိုက်လေတော့၏။
***