အန်လင်းနှင့် ဇာမဏီနက်
Vol. 30 Ch. 422
ဘုန်း...
အနက်ရောင်မီးတောက်များမှာ ရှေ့သို့ထိုးထွက်လာပြီး ကြီးမားလှသည့် မီးဘောလုံးကြီးအဖြစ် စုစည်းသွားပြီး အန်လင်းအား ချက်ချင်းပင် ဝါးမြိုသွားလေ၏။
ရှန်းကွမ်ယီမှာ ဇာမဏီနက်က အစွမ်းထက် နည်းစနစ်တစ်ခုအား ထုတ်လွှတ်တော့မည်ဟု ခန့်မှန်းမိသောအခါ ကသုတ်ကယက် နောက်ဆုတ်လိုက်ပြီး ဖြစ်သော်လည်း သူမက ပေါက်ကွဲမှုထဲတွင် ဝင်ပါမိသွားဆဲဖြစ်ပြီး သူမ၏ ဖြူဖွေးသော အရည်ပြားထက်တွင် လောင်ကျွမ်းဒဏ်ရာများ အနည်းငယ်ပေါ်လာပေတော့၏။
"အန်လင်း..." မိုဟိုင်မှာ ဒေါသတကြီး အော်ဟစ်လိုက်၏။
မီးတောက်နက်များက ဆက်လက်ကာ ဖရိုဖရဲပျက်ဆီးစေဆဲဖြစ်ပြီး အန်လင်းမှာ ရုတ်တရက် သူကိုယ်ပတ်လည်၌ အပြာရောင် အလင်းပြားတစ်ခုနှင့် ပေါ်လာပြီး မြေပြင်ဆီသို့ ထိုးစိုက်ဆင်းသွား၏။
သူ့အရေပြား အစိတ်အပိုင်းများက အနည်းငယ် မီးကျွမ်းနေသော်လည်း သူ့၏ ကောင်းကင်ဘုံရေခဲပိုးထည်က နောက်ဆုံးအချိန်တွင် အသက်ဝင်လာသည်မို့ ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိပါချေ။ သို့ဖြစ်၍ သူက ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုအား အောင်အောင်မြင်မြင်ရှောင်လိုက်နိုင်ပေ၏။
အန်လင်းက လေထဲရှိ ကြီးမားလှသော မီးတောက်နက်ကြီးများကိုကြည့်ကာ သူ့ခန္ဓာကိုယ်အား တည်ငြိမ်သွားရန် ကြိုးစားလိုက်၏။
ကောင်းကင်ဘုံ ရေခဲပိုးထည်၏ အကျိုးသက်ရောက်မှုမှာ အချိန်တိုအတွင်းမှာ တစ်ကြိမ်သာ အသက်သွင်း၍ ရနိုင်ပြီး သူက နောက်တစ်ကြိမ်တွင် ကံကောင်းတော့မည် မဟုတ်ပါပေ။
ရှန်းကွမ်ယီနှင့် မိုဟိုင်တို့ နှစ်ဦးမှာ အန်လင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာမရရှိပဲ ပြန်လည်ထွက်ပေါ်လာသောအခါမှသာ သက်ပြင်းချနိုင်ကြပေ၏။
"မင်းက ရှေးဟောင်းလူသားမျိုးနွယ်ရဲ့ အံ့ဖွယ် ဗိုလ်ချုပ်ဖြစ်ရမှာလေ။ ဒါပေမဲ့ မင်းရဲ့ ကတိစကားတွေက ချီးပေါက်တာနဲ့ ခြားနာမှုမရှိတဲ့ပုံပဲ။" အန်လင်းက ကောင်းကင်မှ မီးတောက်နက်ဘောလုံးကို ကြည့်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်၏။
မီးတောက်နက်များက အတွင်းရှိ ဇာမဏီငှက်ကို ဖော်ပြရန် ကွဲကွာသွားတော့၏။
သူ့ရင်ဘတ်ဒဏ်ရာမှ သွေးနက်များ စီးဆင်းနေဆဲဖြစ်သော်လည်း သူ့၏ အော်ရာမှာ အရင်အတိုင်း အစွမ်းထက်နေဆဲပင်ဖြစ်၏။
ဇာမဏီနက်မှာ အန်လင်းကိုး အေးစက်စွာ စိုက်ကြည့်လိုက်ပြီး "ငါက ခွန်အားကြီး အံ့ဖွယ်ဗိုလ်ချုပ် ဇာမဏီနက်ပဲ။ ငါ့ရဲ့ လုပ်ရပ်တွေကိုဘယ်သူ့ကိုမှ ရှင်းပြမှာမဟုတ်ဘူး။"
အန်လင်း၏ နှုတ်ခမ်းများမှာ သူ့စကားလုံးများတွင် တွန့်ကွေးသွားလေ၏။ သူက ဤကဲ့သို့ တရားမျှတသည့်အမူအရာဖြင့် ကတိဖျက်သောသူကို တစ်ခါမှပင် မတွေ့ခဲ့ဖူးပါချေ။
"ဇာမဏီဖြူ..." ဇာမဏီနက်က ဆင့်ခေါ်လိုက်၏။
ဇာမဏီဖြူက ယဇ်ပလ္လင်၏ အလယ်မှ လေထဲသို့ မြင့်တက်လာပေ၏။
အစွမ်းထက် အော်ရာမှာ အရာအားလုံးကို သန့်စင်ပစ်ရန် ကြောက်မက်ဖွယ် စွမ်းအားဖြင့်ပြည့်နှင်နေသော မြင့်မြတ်မီးတောက်များနှင့်အတူ ထိုအရာ၏ ခန္ဓာကိုယ်မှ ထိုးထွက်လာလေ၏။
"အဲ့နှစ်ယောက်ကို သွားပြီး တာဝန်ယူလိုက်။ ငါနောက်ဆုံးတစ်ယောက်ကို ယူပြီးတော့ တကယ့်ခွန်အားဆိုတာ ဘာလဲပြလိုက်မယ်။" ဇာမဏီငှက်က အန်လင်းကို စိုက်ကြည့်လိုက်ပြီး အကြည့်များထဲတွင် ပါဝင်နေသော သတ်ဖြတ်ချင်စိတ်များနှင့် သတ်ဖြတ်ရန် ကြိုးစားနေသကဲ့သို့ပင်။
ဇာမဏီဖြူမှာ စူးရှရှငိုကြွေးသံတစ်ခုဟထုတ်လွှတ်လိုက်ပြီး တောင်ပံတစ်ဖျတ်ဖျတ်ခတ်ကာ မိုဟိုင်ဆီသို့ ပျံသန်းသွားလိုက်၏။ ထိုအရာ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်ဖြူများမှာ နေရောင်သဖွယ်တောက်ပနေပြီး ကမ္ဘာမြေတစ်ခုလုံးအား အဆုံးစီရင်ပစ်ရန် ခြိမ်းခြောက်နေသကဲ့သို့ပင်။
ဇာမဏီဖြူ၏ မီးတောက်များမှ ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိသည့်အခါ မိုဟိုင်၏ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရင်သွားလေတော့၏။ "ဒီမှာ ဒဏ္ဍာရီလာ အံ့ဖွယ်မီး သန္ဓေပြောင်းသားရဲတစ်ကောင်ရှိနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ။ စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ။"
သူက ကျယ်လောင်လှသော စစ်ပွဲငိုကြေသံတစ်ခုကို ထွက်ပေါ်စေပြီး "နှိမ်နင်းခြင်း"သင်္ကေတတစ်ခုက ဇာမဏီဝိုင်းပေါ်တွင် ထပ်မံပေါ်ထွက်လာပြီး ရှေးဟောင်းစွမ်းအင်များက သူ့၏ ဓားမော့ထဲသို့ ပေါင်းစည်းသွားကာ ဇာမဏီဖြူဆီသို့ ခုတ်ပိုင်းပစ်လိုက်တော့၏။
ဘုန်း...
ကြက်သွေးရောင် ဓားအလင်းတန်းတစ်ခုက အဖြူရောင်မြင့်မြတ် မီးတောက်များနှင့် တိုက်မိကာ ကျယ်လောက်လှသည့် ပေါက်ကွဲသံကြီးက ချက်ချင်းပင် အချင်းဝက် ပေပေါင်းထောင်ချီသော ပတ်ဝန်းကျင်မှ တောင်များကို မြေကြီးအဖြစ် ပြာပြားဝပ်စေ၏။
မိုဟိုင်က နောက်သို့ တပ်ဆုတ်ပြန်သန်းသွားကာ သူ့ခန္ဓာကိုယ်မှာ မီးတောက်အနီရောင်များဖြင့်တောက်လောင်နေသော်လည်း သူ့မျက်လုံးများမှာ အလွန်အမင်း ကြည်လင်ကာတောက်ပနေဆဲပင် ဖြစ်၏။
ဇာမဏီဖြူက မိုဟိုင်ဆီသို့ ထပ်မံ တိုးဝင်လာသော်လည်း ရှန်းကွမ်ယီမှာ လမ်းကြောင်းထဲသို့ဝင်ရောက်လာပြီး ဖြစ်၏။ သူမက သူမ၏ မြူထူဓားရှည်ကို ဇာမဏီဖြူဆီသို့ ခုတ်ပိုင်းလိုက်၏...။
"ဟုတ်ပြီ။ စိတ်အနှောက်အယှက်ပေးမှုတွေပြီးပြီ။ မင်းရဲ့ ကိုယ်ပိုင်ငရဲကို တကယ်ပဲ တောင့်ခံနိုင်ရဲ့လား။" ဇာမဏီနက်မှာ အန်လင်းအားစိုက်ကြည့်ကာ သူ့၏ အမူအရာများက မူလအတိုင်း အမူအရာမဲ့အဖြစ်ပြန်ပြောင်းသွားလေ၏။
"သူ့ရဲ့ ကတိစကားကို ချီးပေါက်သလို သဘောထားတဲ့ အမျိုးသားတစ်ယောက်က ခွန်အားကြီး ဓားအင်မော်တယ် အန်လင်းဆိုတဲ့ ငါ့ကို ကြွားဖို့ အခွင့်အရေးမရှိဘူး။" အန်လငက ဇာမဏီနက်အား လှောင်ပြောင်သရော်ဟန်ဖြင့် မော့ကြည့်လိုက်၏။
ဇာမဏီနက်မှာ အေးစက်စွာ လည်ချောင်းရှင်းလိုက်ပြီး အနက်ရောင် ဇာမဏီအလင်းတန်းတစ်ခုက ရုတ်တက်ရက် သူ့နောက်မှ ထွက်ပေါ်လာလေ၏။
အလင်းတန်းမှာ အရွယ်အစား ပေပေါင်း ထောင်ချီမြင့်မားပြီး အရာအားလုံးကို ငုံ့ကြည့်နေသည်မှာ ထိုသည်က ဤကမ္ဘာကြီး၏ တောင်းဆိုမှုကဲ့သို့ ဖြစ်ပြီး ကောင်းကင်တစ်ခုလုံးကို စောင့်ကြည့်ရန်အတွက် မဟူရာတောင်ပံများကို ဖြန့်ကျက်ထားပေ၏။
ထိုအရာ၏ မျက်လုံးများမှာ ဘလက်ဟိုးတစ်စုံကဲ့သို့ပင် ဖြစ်နေပြီး အန်လင်းကို ငုံ့ကြည့်နေသောအခါ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေ၏။
ထိုအလင်းတန်းမှာ ကြည့်ရန်ပင် အလွန်ကြောက်စရာကောင်းလှသည်ဟု ပြော၍ရပေ၏။
အန်လင်းက မျက်လုံးများကို မှေးလိုက်ပြီး အလွန်အစွမ်းထက် အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာတော့သည်။
သူ့၏ မျက်လုံးများမှာ ပိန်းပိတ်အောင် မှောင်သွားပြီး အနက်ရောင် ဝတ်ရုံတစ်ခုက သူ့ပခုံးထက်တွင် ပေါ်လာကာ လေထဲတွင် တဖျပ်ဖျပ်ခတ်နေပေ၏။
မိစ္ဆာရှင်းဓား၏ ပတ်လည်တွင် အနက်ရောင် မီးခိုးများ ပေါ်လာပြီး ထိုအရာ၏ အော်ရာကို မှေးမှိန်စေသော်လည်း တစ်နည်းနည်းဖြင့် ပိုမိုအန္တရာယ်များဟန်ပေါ်နေလေ၏။
အန်လင်းအနီးတဝိုက်မှ နေရာလပ်မှာ တိတ်ဆိတ်သွားပြီး သေစေနိုင်လောက်သည့်အော်ရာတစ်ခုက သူ့ကိုယ်ပတ်လည်တွင် ဖြတ်ပြေးနေပေ၏။
ဇာမဏီနက်မှာ အန်လင်း၏ ဝတ်စားဆင်ယင်မှုအား အနည်းငယ် မနာလိုနေ၏။ သူတွင်လည်း အန်လင်းကဲ့သို့ မြန်ဆန်သည့် နည်းစနစ်များ ရှိစေချင်ပေ၏။
သို့သော် သူက မကြာမီတွင် အတွေးများကို ရပ်လိုက်ပြီး အေးစက်စက်အသံဖြင့် ပြောလိုက်၏။ "မင်းရဲ့ နည်းစနစ်တွေက ကြည့်ရတာတော့ကောင်းပါတယ် ဒါပေမဲ့ အရေးမပါလှဘူး။ အခု မင်းသေရမဲ့ အချိန်ရောက်ပြီ။"
ဇာမဏီနက်က အဝေးမှနေ၍ အန်လင်းအား လက်ချောင်းတစ်ချောင်းညွှန်ပြကာ သူ့နောက်မှ ဇာမဏီနက် အလင်းတန်းက ပါးစပ်ကိုဖွင့်ကာ အဆုံးမရှိသောမီးတောက်များ အန်လင်းဆီသို့ မှုတ်ထုတ်လိုက်ပြီး ချက်ချင်းပင် အချင်းဝက် မီတာတစ်ထောင်ခန့် မြေပြင်အား ဝါးမြိုပစ်လိုက်၏။
အရည်ပျော်နေသော ချော်ရည်များက မီးတောက်များကြောင့် မြေပြင်သို့ လောင်ကျွမ်းတော့မည့်ပုံပင်။
ဇာမဏီနက်မှာ အန်လင်းက ဤကဲ့သို့ ကြီးမားလှသည့် တိုက်ခိုက်မှုကြီးကို ရှောင်နိုင်မည်မဟုတ်သည်ကို သိထားပြီး ရွှမ်မြူစွား ပြုံတော့မည့် အချိန်မှာပင် သူ့ရှေ့မှ မြင်ကွင်းကြောင့် သူ့အမူအရာများက ရုတ်တရက် တုံ့ဆိုင်းသွားပေတော့၏။
အန်လင်း၏ ဝတ်ရုံမှာ အန်လင်းခန္ဓာကိုယ်အား အပြည့်အဝ ဖုံးအုပ်ထားကာ မီးတောက်နက်များအားလုံးကို တားဆီးထားပေ၏။
ဝတ်ရုံက တရှဲရှဲမြည်နေပြီး အန်လင်းအနားမှ မီးတောက်များက ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
သူက မိစ္ဆာရှင်းဓားကို လက်ထဲတွင် ကိုင်ရင်း ရှေ့သို့တိုးလာကာ ချက်ချင်းပင် ဇာမဏီနက်၏ ရှေ့တွင် ပေါ်လာပြီး သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်လေ၏။
ဇာမဏီနက်က ချက်ချင်း နောက်ဆုတ်လိုက်ပြီး အန်လင်း၏ ဓားဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
ဘုန်း...
ဓားနှင့် လက်သီးကြားမှ တိုက်ခတ်မှုက ရုတ်တရက် အစွမ်းထက် လှိုင်းများကို ဖန်တီးလိုက်ပြီး နေရာအနှံ့ကီလိုမီတာများစွာသို့ ဖျာထွက်သွားလေ၏။
အန်လင်း၏ ခန္ဓာကိုယ်မှာ လေထဲသို့ ပျံသန်းသွားပြီး သူ့ကိုယ်ထဲတွင် သွေးများ တိုးဝှေ့သွားကာ သွေးအပြည့်အန်ထုတ်လိုက်ပေ၏။
ဇာမဏီနက်က ခြေလှမ်းဝက်မျှသာနောက်ဆုတ်သွားပြီး အောင်နိုင်အပြုံတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။
ဇာမဏီနက် အလင်းတန်းမှာ သူ့တောင်ပံများကို ခပ်ကျယ်ကျယ် ဖြန့်ကားလိုက်ပြီး အမွေးများက မီးတောက်ဓားနက်များအဖြစ်ပြောင်းသွားကာ အန်လင်းအပေါ်သို့ ကျရောက်လာပေ၏။
မီးတောက်ဓားများတစ်ခုစီတိုင်းက အလွန်ကြောက်မက်ဖွယ် စွမ်းအင်များ ပိုင်ဆိုင်ထားပြီး ဝိညာဉ် ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးထံမှ တိုက်ခိုက်မှုနှင့် ညီမျှကာ အန်လင်းဆီသို့ ပျံသန်းလာသောဓားမှာ တစ်ရာကျော်ပေ၏။
အန်လင်းက ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားပြီး သူ့၏ အနက်ရောင် ဝတ်ရုံကြီးမှာ သူ့ရှေ့တွင် စီးဆင်းနေသည့် မြစ်တစ်စင်းသဖွယ် ပြောင်းလဲသွားပြီး ၉၉ခုသော အနက်ရောင် လေပွေငယ်များအသွင် ယူလိုက်ပြီး သူတို့အားလုံးမှာ ပျက်ပြယ်စေသည့် စွမ်းအင်နှင့် ပြည့်နှက်နေကာ အလွန်ခိုင်ခံ့သော အကာအကွယ်တစ်ခု ဖြစ်ပေါ်လာစေ၏။
ဘုန်း-
မီးတောက်ဓားနက်များက အန်လင်းအပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာသော်လည်း အနက်ရောင်လေပွေငယ်များက သူတို့လမ်းကြောင်းတွင် မြဲမြဲရပ်နေပေ၏။
မီးတောက်ဓားနက်များမှာ မကြာမီပင် အနက်ရောင်လေပွေငယ်များကြောင့် ပျက်ပြယ်သွားပြီး လေပွေငယ်များက အနက်ရောင် ဝတ်ရုံအဖြစ် ပြောင်းသွားပြီး အန်လင်း၏ ပုခုံးပေါ်တွင် ထပ်မံနေရာယူလိုက်လေတော့သည်။
အန်လင်းက မိစ္ဆာရှင်းဓားကို ကိုင်ဆောင်ကာ ဇာမဏီနက်ဆီသို့ အေးစက်စက်အမူအရာဖြင့် တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။
ဝံပုလွေလူသားမှာ အန်လင်းနှင့် ဇာမဏီနက် ကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲကို ကြည့်ရှုရင်း မထိန်းချုပ်နိုင်စွာ တုန်ယင်နေတော့၏။
သူ့၏ သခင်က အံ့ဖွယ်ခေါင်းဆောင်ကို ဒဏ်ရာရစေခဲ့မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပါ။ ထို့ပြင် သူက အန်လင်းမှာ အံ့ဖွယ်ခေါင်းဆောင်နှင့် တစ်ယောက်ချင်း တိုက်ခိုက်နေသည်ကို မြင်ရသည်အား အလွန်အံ့အားသင့်နေလေ၏။ ဇာမဏီနက်မှာ အံ့ဖွယ် ဗိုလ်ချုပ်များထဲမှ တစ်ယောက်ပင်ဖြစ်၏။ ဘုရားရေ...။
သူ့စွမ်းအားအမြောင်အမြားမှာ ချိတ်ပိတ်ခံထားရသည်ဖြစ်သော်လည်း သူ့၏ ခွန်အားမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထက်တော့ အများကြီး သာနေသေးပေ၏။ သို့သော် အန်လင်းမှာ ဝိညာဉ် ဖွဲ့စည်းခြင်း စဦးအဆင့်သာ ရှိသေး၏။ သူက ဤကဲ့သို့ အစွမ်းထက် ပြိုင်ဘက်အား ဆန့်ကျင်တိုက်ခိုက်နိုင်သည့် စွမ်းအင် မည်သို့ရှိနေပါသနည်း။
ဝံပုလွေလူသားမှာ အန်လင်းကို ကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် လေးစားသည့် စိတ်အာရုံများ ပေါ်ထွက်လာပေတော့သည်။
လေထုထဲတွင် အနက်ရောင် တိမ်တိုက်များက တဖြည်းဖြည်း ကွဲကွာစပြုလာလေပြီ။
ကြက်သွေးရောင် လမင်းကြီးကလည်း ကောင်းကင်ထက်တွင် ပေါ်ပေါက်လာလေ၏။
လရောင်က ဖြာကျလာပြီး ရှုခင်းတစ်ခုလုံးအား ကြက်သွေးရောင် ခြယ်နေပေတော့သည်...။
***