နောက်ဆုံးတိုက်ကွက်၃ခု
Vol. 30 Ch. 423
လနတ်ဆိုးက ကောင်းကင်ထက်တွင် ပေါ်လာပြီး ထိုအရာနှင့်အတူ မနှစ်မြို့ဖွယ် သီချင်းသံတစ်ခုက ကောင်းကင်နှင့် မြေကြီးတစ်လျှောက်တွင် ပျံ့နှံ့လာပေ၏။
အန်လင်းက ကောင်းကင်နှင့်မြေကြီး၏ သီချင်းအား နားထောင်နေရင်း မိတ်လိုက်နေကြသော သားရဲများစွာက သူ့မျက်စိရှေ့တွင် ပေါ်လာလေ၏။
မိတ်လိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၌ သူတို့၏ ခန္ဓာကိုယ်မှာ ပွင့်ထွက်လာပြီး သူတို့၏ သွေးနှင့်အသားစများက မြေကြီးပေါ်သို့ စီးဆင်းနေလေ၏။
သူတို့၏ သေဆုံးပြီးသော ဝိညာဉ်မှာ နာနာကြင်ကြင် အော်ဟစ်ငိုကြွေးနေစဉ်တွင် နတ်ဆိုးဂီတမှာ သူတို့အား ဆိုးယုတ်ခြင်းဆီသို့ ဆွဲခေါ်သွားလေ၏...။
ထိုကဲ့သို့ ဖရိုဖရဲနိုင်လှသော ပုံရိပ်များက အန်လင်းအား စက္ကန့်ပိုင်းမျှ တုန်ယင်သွားစေသော်လည်း ချက်ချင်း သတိပြန်ဝင်လာ၏။
သူက ဇာမဏီနက်အား လှည့်ကြည့်လိုက်ရာ သူက ပုံရိပ်ယောင်များကြောင့် အလွန်အမင်း အကျိုးသက်ရောက်နေပုံရပြီး နေရာတွင်ကြောင်ရပ်နေသည်ကို တွေ့လိုက်ရ၏။
အန်လင်းမှာ ဤအခွင့်အရေးအား သေချာပေါက် အလကားအဖြစ်မခံပါပေ။ သူက သူ့နောက်တွင် ဝတ်ရုံနက်တန်းလန်းနှင့် အနက်ရောင် တစ်ဟုန်ထိုး တိုးဝင်သွားပြီး အနက်ရောင် ဓားအလင်းတန်းတစ်ခုအား ဇာမဏီနက်၏ ခန္ဓာကိုယ်ဆီသို့ ခုတ်ပိုင်းပစ်လိုက်၏။
ဇာမဏီနက်၏ ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှဓားဒဏ်ရာတစ်ခု ပေါ်လာပြီး အသိစိတ်ပြန်ဝင်လာကာ သူ့မျက်လုံးများက အန်လင်းဆီသို့ ပြန်လည်အာရုံစိုက်လာကြ၏။
သူ့ကိုယ်ပေါ်၌ တစ်ဝက်မြင်နိုင်သော ချိန်းကြိုးများ ရုတ်တရက်ပေါ်ထွက်လာပြီး သူ့နှလုံးသားအား မြေကြီးနှင့် ဆက်သွယ်လိုက်ပေ၏။ လနတ်ဆိုး၏ အလင်းရောင် အောက်တွင် ချိန်းကြိုးများတစ်လျှောက်တွင် ရွှေရောင်းအလင်းများ ထွက်ပေါ်လာကာ ဇာမဏီနက်၏ အော်ရာအား ပိုမို၍ပင် အားနည်းသွားစေလေသည်။
"လနတ်ဆိုးက ရောက်နေပြီ။ ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူး။ မင်းလိုအမှိုက်ကောင်က ငါ့ရဲ့ကြီးမြတ်တဲ့အစီအစဉ်တွေကို အတားအဆီးဖြစ်ခွင့် မပေးနိုင်ဘူး။ ငါ့သက်တမ်းရဲ့ နှစ်တွေကုန်ကျမယ်ဆိုရင်တောင် မင်းတို့အားလုံးကို သတ်မယ်။" ဇာမဏီနက်က ရုတ်တရက် သူ့လက်အား ခေါင်းပေါ်သို့ ချိန်ပစ်လိုက်၏။
ဘုန်း...
သူ့လက်ဝါးအတွင်းရှိ ဖျက်ဆီးစေတတ်သော စွမ်းအားများက ချက်ချင်းပင် မိုင်ပေါင်းများစွာ အဝေးမှ ကြားနိုင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့် သူ့ခေါင်းအား အမှုန့်ချေပစ်လိုက်၏။
အန်လင်းက အံ့ဩတကြီး ပါးစပ်အဟောင်းသားဖြစ်သွားရ၏။
ဘာဖြစ်သွားတာလဲ။ ဇာမဏီနက်က သူ့ကိုယ်သူ သက်သေသွားတာလား။
သို့သော်လည်း ထိုအချိန်မှာပင် ကောင်းကင်ထက်ရှိ ဇာမဏီငှက်ပုံ အလင်းတန်းကြီးတစ်ခုက ရုတ်တရက်ပင် ဇာမဏီနက်၏ခန္ဓာကိုယ်အား လွှမ်းခြုံနေသော မရေမတွက်နိုင်သည့် မီးတောက်နက်များအဖြစ် ပြောင်းလဲသွားပြီး မြေပြင်သို့ ထိုးကျလာပြီး အနက်ရောင် လေလုံမီးတောက် ဘောလုံးတစ်လုံးအဖြစ် ဖန်တီးလိုက်၏။
စက္ကန့်အနည်းငယ်အကြာတွင် အနက်ရောင်မီးဘောလုံးကြီးက ပုံပျက်လာပြီး ထိုအထဲမှ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များ ထွက်လာပေတော့၏။
အန်လင်းက အနက်ရောင် မီးတောက်ဘောလုံးကြီးမှ ထုတ်လွတ်နေသော ကြောက်မက်ဖွယ် အော်ရာကို ခံစားမိသောအခါ သူ့၏ နှလုံးခုန်သံမှာ အလွန်မြန်လာလေ၏။ သဘောတရားတစ်ခုက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာ၏။ ပြာမှ ပြန်လည်မွေးဖွားခြင်း။
မီးတောက်နက်များက ပြန့်ကြဲသွားပြီး အနက်ရောင် မီးတောက်သံချပ်ကာ ဝတ်ဆင်ထားပြီး တောင်ပံအလျားပေ၁၀၀ကျော်ရှိသော တောင်ပံတစ်စုံနှင့် အမျိုသားတစ်ဦးကို မြေပြင်ထက်တွင် လှစ်ဟပြသလိုက်လေ၏။
သူ့၏ တောင်ပံများမှာ သူ့ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက အချိုးမကျလှစွာ ကြီးမားလှကာ ထိုဧရာမတောင်ပံများက ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး ကြည့်ရှုသူများအား အသက်ရှုကြပ်ခြင့်နှင့် လေစားခြင်းများ ဖြစ်ပေါ်စေ၏။
ထိုသည်က ဒီဇိုင်းကြောင့် ဖြစ်နိုင်သော်လည်း သူသည်လည်း ပုခုံးပေါ်တွင် ပေပေါင်းထောင်ချီ ကျယ်ပြန့်သော မီးတောက်ဝတ်ရုံတစ်ခုရှိနေသည်မှာ အကြီးဆုံးဝတ်ရုံနက်ရှိသည့် အန်လင်းအား ယှဉ်ပြိုင်ရန်ကြိုးစားနေသကဲ့သို့ပင်။
ဇာမဏီနက်မှာ အမှန်တကယ်ပင် ပြာများမှ ပြန်လည်မွေးဖွားလာခဲ့ပေ၏။
သူပြန်လည် မွေးဖွားလာပြီးနောက် အန်လင်းမှာ သူခံစားရသော ခြိမ်းခြောက်မှုမှာ ပြန်မမွေးဖွာခင်ထက် အနည်းဆုံး၁၀ဆပို၍ အစွမ်းထက်သည်ကို ခံစားမိ၏။
ဇာမဏီနက်မှာ အန်လင်းအား အမူအရာမဲ့ လှည့်ကြည့်လိုက်ပြီး အနက်ရောင်မီးတောက်ဓားတစ်ချောင်းက သူ့လက်ထဲတွင် ဖြစ်ပေါ်လာပေ၏။ "နုံချာတဲ့ အမှိုက်လေး၊ မင်းကို သတ်ဖို့အတွက် ငါတိုက်ကွက် ၃ကွက်ပဲလိုတယ်ကွ။"
အန်လင်းက သူ့၏ မိစ္ဆာရှင်းဓားအား ပူဆွေးဟန်ဖြင့် ဆုတ်ကိုင်ကာ ဇာမဏီနက်၏ တိုက်ခိုက်မှုအတွက် ကြိုတင်စောင့်မျှော်နေ၏။
ခွမ်း...
လေထုမှာ ပေါက်ကွဲသွား၏။
"ပထမဆုံး တိုက်ကွက်။"
ဇာမဏီနက်မှာ လေထဲသို့ ပျံသန်းသွားပြီး အနက်ရောင်မီးတောက်များအဖြစ်ပြောင်းလဲသွားကာ အန်လင်းရှေ့တွင် ချက်ချင်း ပြန်ပေါ်လာပေ၏။
ထိုအချိန်၌ သူ့၏ အနက်ရောင် မီးတောက်ဓားကြီးမှာလည်း သေစေနိုင်သည့် နည်းဗျူဟာတစ်ခုကို ထုတ်လွှတ်လိုက်၏။
အန်လင်းမှာ အဆုံးမဲ့ည နည်းစနစ်၏ စွမ်းအားကို မီခိုကာ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်၏။
ဘုန်း...
အလွန်အစွမ်းထက်လှသည့် အော်ရာနှစ်ခုက တိုက်မိသွားပြီး နေရာအနှံ့သို့ ကီလိုမီတာပေါင်းများစွာ ဖြာထွက်သွားသည့် ပေါက်ကွဲမှုလှိုင်းကြီး ဖြစ်ပေါ်စေ၏။
မီးတောက်နက်များက မီးတောက်ဘောလုံးကြီးတစ်ခုဖြစ်ရန် ပေါင်းစည်းသွားပြီး အောက်ဘက်မှ မြေကြီးအား အမှုန့်ခြေပစ်ပြီး ကောင်းကင်နှင့် မြေကြီးအား အချိန်ခဏကြာသည်အထိ မှေးမှိန်သွားစေ၏။
သူတို့ပတ်လည်မှ နေရာလပ်မှာ ဤကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားကို သည်းမခံနိုင်၍ အနက်ရောင် အကွာအဝေး အက်ကြောင်းကြီးတစ်ခု စတင်ပေါ်ပေါက်လာ၏။
လွှမ်းမိုးနိုင်သည့် စွမ်းအားမှာ အန်လင်း၏ ခန္ဓာကိုယ်အား လွင့်ထွက်သွားစေကာ သူ့၏ အတွင်းအင်္ဂါများအားလုံး တစ်စစီ စုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သွေးအပြည့် အန်ချလိုက်၏။
အန်လင်း၏ ခန္ဓာကိုယ်မှာ အမြှောက်ဆံတစ်ခုကဲ့သို့ ပျံထွက်သွားပြီး တောင်တစ်ဘက်ခြမ်းအားဝင်တိုက်မိပြီး တောင်ကြီးအား တုန်ခါသွားစေ၏။
ဇာမဏီနက်က ချက်ချင်းပင် သူ့၏ မီးတောက်နက်ဓားအား ကိုင်ဆောင်ကာ တိုက်ခိုက်ရန် ပြင်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားက လေထဲသို့ မြောက်တက်လာပြီး အလျားကီလိုမီတာများစွာ ရှိသည့် ဓားရှည်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ဓားမှ ထုတ်နေသော မီးတောက်များမှာ ကောင်းကင်ကိုပင် လောင်ကျွမ်းပစ်တော့မည်ဟု ထင်ရပြီး နှိုင်းယှဉ်ရပါက လုံးဝပင် အရေးမပါဟန်ရှိသော အန်လင်းဆီသို့ မရပ်တန့်နိုင်သည့် အားအင်ဖြင့် တိုးဝင်သွားလေ၏။
"ဒုတိယ တိုက်ကွက်။"
အန်လင်း၏ ခန္ဓာကိုယ် တိုက်မိသော တောင်ကြီးမှာ ချက်ချင်းပင် အနက်ရောင် ဓားအလင်းတန်းကြီးနှင့် နှစ်ပိုင်းပိုင်းခံလိုက်ရပြီး အလင်းတန်းကြီးက အန်လင်းဆီသို့ ဆက်လက်သွားနေပေ၏။
ဘုန်း...
မီးတောက်နက်များက ကမ္ဘာမြေ အက်ကွဲစေလောက်သည့် ဓားအလင်းတန်းမှ ထိုးထွက်လာကာ တောင်ကြီးတစ်ခုလုံးအား ဝါးမြိုပစ်ကာ အမှုန့်ခြေပစ်လိုက်တော့၏။
ဖုန်မှုန့်များ အနည်ထိုင်သွားသည့်အခါ အန်လင်းမှာ ဒူးတစ်ဖက်ထောက်ကာ သူ့တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သူ့၏ အနက်ရောင် ဝတ်ရုံက သူ့ပတ်လည်တွင် အပိုင်းပိုင်းပြဲနေသည်က ထွက်ပေါ်လာ၏။
အထင်အမြင်သေးသော လှောင်ပြုံးတစ်ခုက ဇာမဏီနက်၏ မျက်နှာထက်တွင်ပေါ်လာပြီး သူ့၏ အနက်ရောင်ဓားပေါ်မှ မီးတောက်များမှာ ပူပြင်းစွာလောင်ကျွမ်းနေပေ၏။
ဇာမဏီငှက် အသေးစားလေးမှာ မီးတောက်များမှ ထွက်ပေါ်လာပြီး ဓားသွားပတ်လည်တွင် လည်ပတ်နေပြီး ဖြတ်ဆီးစေတတ်သော စွမ်းအားများက ဓားမှထွက်လာကာ ပို၍ပင် ကြောက်မက်ဖွယ် ဖြစ်နေပေ၏။
"အဲ့တိုက်ချက်၂ခုက ပျက်ပြယ်ခြင်းစဦးအဆင့် နီးပါရှိတာ။ သူတို့ကို ရှင်သန်နိုင်တာ မင်းက အတော်လေး ကောင်းကောင်းလုပ်နေတာပဲ။"
"ဒါပေမဲ့ ဒီတစ်ခါက အဆုံးသတ်ပဲ။ ဒီနောက်ဆုံး ဓားချက်က ပျက်ပြယ်ခြင်း စဦးအဆင့် အစွမ်းရှိမှာ။ မင်းရဲ့ ကံတရားက သတ်မှတ်ပြီးသွားပြီ။"
ဇာမဏီနက်မှာ အန်လင်းဆီသို့ ခြေလှမ်းကျဲကျဲ လျှောက်လာပြီး တစ်လှမ်းစီတိုင်းတွင် အကွာအဝေး ပေတစ်ထောင်ခန့်ကို နီးကပ်သွားစေပြီး သူ့၏ ဓားဆန္ဒမှာလဲ တစ်လှမ်းကျော်ဖြတ်တိုင်း ပိုပို၍ပြင်းထန်လာပေ၏။
သူက နောက်ဆုံးတွင် နောက်ဆုံးခြေလှမ်းသို့ရောက်သောအခါ သူ့ဓားဆန္ဒမှာလည်း အထွပ်အထိတ်သို့ ရောက်ရှိနေပြီးဖြစ်၏။
"တတိယတိုက်ချက်။"
ဇာမဏီနက်မှာ မျက်တောင်တစ်ခတ်အတွင်း အန်လင်း၏ ရှေ့တွင်ပေါ်လာပြီး သူ့ဓားအား အန်လင်း၏ နှလုံးသားဆီသို့ တိုက်ရိုက်ထိုးချလိုက်ပေ၏။
အန်လင်းက မျက်လုံးမှိတ်လိုက်သောအခါ အနက်ရောင်မြူခိုးများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပေ၏။
ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်...။
အာရုဏ်ဦး...။
အလွန်အမင်းတောက်ပသော အလင်းရောင်က မိစ္ဆာရှင်းဓားဆီမှ ထိုးထွက်လာသည်မှာ မဟူရာအမှောင်ညမှာ နောက်ဆုံးတွင် မိုးသောက် အာရုံလာသကဲ့သို့ပင်။
အနက်ရောင် ကောင်းကင်မှာ တောက်ပသော ဖြူလွလွဓားအလင်းတန်းဖြင့် တောက်ပသွားပြီး အနက်ရောင်မီးတောက်များမှာ ထိုပြင်းထန်လှသည့်အလင်းဖြင့် လွှမ်းခြုံခံလိုက်ရ၏။
ဇာမဏီနက်မှာ မျက်လုံးများ ပြူးကျယ်သွားသော်လည်း အဖြူရောင် အလင်းကြောင့် မျက်လုံးကန်းတော့မလိုပင် ခံစားလိုက်ရပြီး သူ့မျက်စိရှေ့မှ အမျိုးသားကို မမြင်ရတော့ပါချေ။
အဖြူရောင် ဓားအလင်းတန်းမှာ ကောင်းကင်နှင့် မြေပြင်တစ်ခွင်ကို အလင်းပေးပြီး လနတ်ဆိုးကိုပင် မှေးမှိန်သွားစေ၏။ ဤသည်မှာ အလွန်အမင်းအစွမ်းထက်လှသော အဆုံးမရှိ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် တောက်ပလွန်းသော အလင်းရောင်ပင်ဖြစ်၏။
ဓားအလင်းတန်းမှာ ကမ္ဘာမြေကြီးအား သန့်စင်ပေးရန် စွမ်းအားဖြင့် ဆင်းသက်လာပေ၏။
ဇာမဏီနက်မှာ မျက်စိကြိမ်းသွားသည်မှာ ဓားက သူ့ကိုယ်အားမည်သို့ စိုက်ဝင်သွားသည်ကိုပင် မမြင်နိုင်တော့ပေ။ သို့သော်လည်း တောက်ပသော ဓားအလင်းတန်းမှာ သူ့နောက်မှ မီးတောက် သံချပ်ကာအား ဆုတ်ဖြဲပစ်ကာ သူ့ခန္ဓာကိုယ်အား ဦးခေါင်းမှ အစာအိမ်အထိ ဆုတ်ဖြဲပစ်လိုက်၏။
အန်လင်း၏ အသံတစ်ခုတည်းမှာ သူ့နားထဲတွင် ပဲ့တင်ထပ်နေပေ၏။ "ပထမတိုက်ကွက်။"
သွေးနက်များက ပန်းထွက်လာပြီး ဓားအလင်းတန်းမှာ ပျောက်ကွယ်သွားကာ လနတ်ဆိုး၏ အလင်းရောင်မှာ မြင်ကွင်းအား ကြက်သွေးရောင် ထပ်မံခြယ်သလိုက်ပြန်၏။
ဇာမဏီနက်က နာကြင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်သို့ လဲကျသွား၏။ သူ့ခန္ဓာကိုယ်အား နှစ်ပိုင်ဖြတ်လုမတက်ကြီးမားသည့်ဒဏ်ရာကြီးတစ်ခု ရှိနေပေ၏။
သွေးနက်များက မြေပြင်ထက်သို့ စီးကျနေသည်မှာ တဝက်မြင်နိုင်သော ချိန်းကြိုး၉ကြိုးမှာ ပိုမိုထင်ရှားလာပေ၏။
"မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းထက်ရတာလဲ။ မင်းက ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ..."
သူက တဖြည်းဖြည်း သူ့ဆီလျှောက်လာသော အန်လင်းအား မယုံနိုင်စွာကြည့်လိုက်၏။
"မင်းက အားနည်းလွန်းနေတာပါ။" အန်လင်းက ဇာမဏီနက်ဆီအား တစ်လှမ်းခြင်းချဉ်းကပ်လာပြီး သူက အဆုံးမဲ့ည နည်းစနစ်ကို အသုံးမပြုတော့သော်လည်း သူ့၏ အော်ရာမှာ အနည်းငယ်မျှပင် မှေးမှိန်သွားဟန် မရှိပါပေ။
ဇာမဏီနက်က အန်လင်းတဖြည်းဖြည်း နီးကပ်လာသဖြင့် တုန်ယင်နေပေတော့၏။
"မဖြစ်နိုင်တာ... ငါက မင်းလို အမှိုက်ဆီက အရိုက်ခံရဖို့ ငြင်းပယ်တယ်။"
သူက အဝေးမှ ယဇ်ပလ္လင်အား ကြည့်လိုက်ကာ ကြောက်မက်ဖွယ်အမူအရာတစ်ခု ပေါ်လာလေ၏။
"အံ့ဖွယ်ဗိုလ်ချုပ် ဇာမဏီနက်က အရိုက်မခံဘူး။ ငါက ဘာပဲပေးရပေးရ မင်းကိုသတ်ပစ်မှာ။"
သူက စကားပြောရင်းဖြင့် သူ့ခေါင်းသူ ထပ်မံရိုက်ချလိုက်ပြန်၏။
ဘုန်း...
သူ့ခေါင်းမှာ ထပ်မံကြေမွသွားပြီး မီးတောက်နက်များက ထွက်လာပြီး သူ့ခန္ဓာကိုယ်အား လွှမ်းခြုံသွားလေ၏။
အန်လင်း၏ အမူအရာမှာ ချက်ချင်းပင် မှောင်မဲသွားလေ၏။ "ဒါက အဆုံးရော ရှိအုံးမှာလား။"
ဇာမဏီနက်မှာ မီးတောက်နက်များ အလည်တွင် ထပ်မံအသွင်ပေါ်စပြုလာလေ၏။
အစွမ်းထက် အော်ရာတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ဇာမဏီနက်က မီးတောက်များကြားမှ ထပ်မံထွက်ပေါ်လာပေ၏။
အရွယ်အစား ပေ၃၀နီးပါးရှိသော ဇာမဏီငှက်နှင့် အံ့ဖွယ် မီးတောက်နက်များက သူ့တစ်ကိုယ်လုံးတွင် လောင်ကျွမ်းနေပေ၏။ သူက အန်လင်းအား လှည့်ကြည့်လိုက်ပြီး အစွမ်းထက်လှသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက သူ့မျက်လုံးမှ ထိုးထွက်လာပေ၏။
သူက အလွန်အမင်း ဒဏ်ရာရရှိထားခြင်းကြောင့် ဖြစ်နိုင်သော်လည်း ဇာမဏီနက် ပြသထားသော စွမ်းအင်မှာ ပထမဆုံးအကြိမ် ပြန်လည်မွေးဖွားစဉ်ကထက်ပင် ပို၍အစွမ်းထက်နေသေး၏။ သို့သော်လည်း သူ့၏ အော်ရာမှာ ပြင်းပြင်းထန်ထန် လျော့ပါးနေသည်မှာ ထိန်းထားရန်ပင် ခက်ခဲလှပုံ ရ၏။
ဇာမဏီနက်က အေးစက်စက်ဖြင့် ပြောလာ၏။ "မင်းက တခြားပုရွက်ဆိတ်တွေထက် ငါ့ကို အဆုံးထိ တွန်းပို့နိုင်တာတော့ ဝန်ခံပါတယ်။ အဲဒါမို့ မင်းရဲ့ ဝိညာဉ်ကို နှစ်ပေါင်း ကုဋေချီပြီးတော့ နှိပ်စက်ခံရမဲ့ လနတ်ဆိုးပလ္လင်မှာ ချိတ်ပိတ်ဖို့အတွက် အရက်စက်ဆုံးစွမ်းအားကို သုံးပေးမယ်။"
အန်လင်းက ဇာမဏီနက်အား အကြောက်တရားလုံးဝမရှိဟန်ဖြင့် ကြည့်လိုက်၏။
သူက မိစ္ဆာရှင်းဓားကို သိမ်းလိုက်ပြီး သူ့၏ သိုလှောင်လက်စွပ်ထဲမှ အဖြူရောင် ဓားရှည်တစ်ချောင်းကို ထုတ်လိုက်ပေ၏။
အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကိရိယာ- ကြယ်စင်ကိုးသွယ် ဆီးနှင်းဓား...။
အန်လင်းက အေးစက်စက်အမူအရာဖြင့် ပြန်ဖြေလိုက်၏။ "မင်းဘယ်နှကြိမ်လောက် ပြန်အသက်ရှင်လာမလဲ ကြည့်ရတာပေါ့ ငနုံကောင်။ ဒီဟာက ဒုတိယ တိုက်ကွက်ပဲ။"
စစ်နတ်ဘုရား ဓားချက် ၆ချက်- မြှုပ်နှံခြင်း ဓား...။
***