လမ်းခွဲခြင်း
Vol. 149 Ch. 2073
ပျော်ရွှင်ခြင်းမြို့တွင် အရှုပ်အထွေးများဖြစ်ပြီး ရက်အနည်းငယ်အကြာ တွင် နန်ယွိမြောင်ပေါ်လာသည်။ သူ၏သုန်မှုန်နေသော မျက်နှာကိုမြင်ရမှပင် ပျော်ရွှင်ခြင်းမြို့သူမြို့သားများသည် သူ့ကိုမတွေ့ရသည်မှာကြာနေပြီကို အမှတ်ရသွားကြသည်။
“မြို့စားလေးကို အခုထိ မတွေ့သေးဘူးလား” နန်ယွိမြောင်၏အသံသည် အေးစက်မှုစွက်ကာ ကွဲအက်နေသည်။
“မတွေ့သေးပါဘူး မြို့စားလေးနဲ့ အဲညကထွက်သွားတဲ့လူ အကုန်သေ ကုန်ကြပါပြီ.. သူ ဘယ်သွားလဲဆိုတာကိုတောင် မသိရပါဘူး” အိမ်တော်ထိန်း ခေါင်းဆောင်ပြောလေသည်။
နန်ယွိမြောင်၏ မျက်နှာမှာပုပ်သိုးသွားလေသည် “ဘာကိစ္စလဲဆိုတာ မင်း သူ့ကို မမေးဘူးလား”
“မေးပြီးပါပြီ… ဒါပေမဲ့ ဒီကိစ္စက မသေချာလို့ သူကိုယ်တိုင်သွားကြည့် မယ်လို့ ပြောပါတယ်.. အမှန်သာဆိုရင် သူကမြို့စားကို လက်ဆောင်ကြီးပေး နိုင်မယ်တဲ့.. မသေချာခင်တော့ ဘာကိစ္စလဲဆိုတာ မပြောချင်ဘူးတဲ့” အိမ်တော် ထိန်းခေါင်းဆောင် ပြန်ဖြေလေသည်။
သူ မည်သည့်နေရာသို့သွားမည်၊ မည်သူ့ကိုပစ်မှတ်ထားသည်ကို မည်သူ့ ကိုမှ မပြောခဲ့ပေ။ ယခုသူ့နားမှလူများ သေကုန်ကြကာ သူ့ကိုဖမ်းသွားသည့်သူ ကိုလည်း သဲလွန်စမရပေ။
သူတို့ သိသည်မှာ ထိုလူများသည် ဂူသင်္ချိုင်းတွင် သေကြပြီဖြစ်သည်။
နန်ယွိမြောင်သည် မျက်မှောင်ကြုတ်လိုက်သည် “အဲဒီအကြံကို သူ ရုတ်တရက်ကြီး ရလိုက်တာလား”
“ဟုတ်ပါတယ်”
“အဲနေ့က သူ ဘယ်သူတွေကိုတွေ့လဲ”
“အဲနေ့က ပွဲလုပ်ခဲ့တာပါ ဒါပေမဲ့ အရင်ကနဲ့အတူတူပါပဲ”
“အဲနေ့က ပွဲတက်ကြတဲ့လူအကုန်လုံး ငါ့ဆီခေါ်ခဲ့”
“ဟုတ်ကဲ့ပါ” ထိုလူများကို စစ်ဆေးပြီးနှင့်ပြီဟု အိမ်တော်ထိန်းပြောချင် သည်။ သို့သော် မြို့စား၏ ပုပ်သိုးနေသော မျက်နှာကိုကြည့်ပြီး စကားများကို ပြန်မျိုသိပ်လိုက်ရသည်။
ထားလိုက်ပါတော့ မြို့စားကြီးက စိတ်ပူနေတဲ့စိတ်ကို တည်ငြိမ်အောင်လို့ တစ်ခုခုကိုရှာချင်နေတာ။ သူနဲ့ သွားမညှိတာပဲကောင်းပါတယ်။
မကြာမီတွင် ထိုနေ့ကပွဲတက်သူများအားလုံးကို ခေါ်လာသည်။ လော့ယိ နှင့် ရှီမာယူယူတို့လည်း ခြွင်းချက်မရှိပေ။
“စိတ်မပူပါနဲ့ အဲနေ့ကပြောခဲ့တာကို ကြောက်မနေနဲ့… ငါတို့တွေ သူ့ကို ရန်မစသရွေ့ သူလည်း ငါတို့ကိုဘာမှလုပ်မှာမဟုတ်ဘူး” လော့ယိသည် ရှီမာယူယူကိုကြည့်လေသည်။ သူမ၏ မျက်နှာမှာ ခါတိုင်းနှင့်အနည်းငယ် ကွဲ လွဲနေသဖြင့် သူ သူမကို နှစ်သိမ့်စကားပြောလေသည်။
သူမ ဆွံ့အသွားသည်။ သူမရဲ့ မျက်နှာထားက ကြောက်ပြီး စိတ်ပူနေ တယ်လို့ ဒီလူက ဘယ်နေရာကြည့်ပြောလိုက်တာလဲ။
လော့ယိအနောက်မှ လော့လျို၏ မျက်လုံးလှိမ့်မိသည်။ သူမက ပျော်နေ တာ အသိသာကြီးကို ကြောက်ပြီးစိုးရိမ်တယ်လို့ ဘယ်လိုမျိုး ဘာသာပြန်လိုက် တာလဲ။ သခင်လေးရဲ့ မျက်လုံးကတော့ တစ်ခုခုလွဲနေပြီ။ သူတို့ ပြန်ရောက်ရင် တော့ မျက်လုံးကို သေချာစစ်ကြည့်တာကောင်းမယ်။
သို့သော်…
သူသည် ရှီမာယူယူကို ကြည့်လိုက်သည်။ ရှီမာယူယူသည် သူ့မျက်လုံးထဲ မှ စိုးရိမ်မှုကို နားလည်သည်။ သူမသည် တစ်ခဏမျှစဉ်းစားပြီးနောက် ပြော လိုက်သည် “လော့ယိ ဒီမှာလမ်းခွဲကြတာပေါ့”
“ဒီမှာလမ်းခွဲမယ်ဟုတ်လား ဘာလို့လဲ ငါတို့တွေ မြို့စားအိမ်တော်ကို သွားရမှာလေ” လော့ယိ အော်လေသည်။
“ရုတ်တရက်ကြီး တစ်ခုသတိရသွားလို့ မြို့စားအိမ်တော်ကို မသွားနိုင် တော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလဲ.. ငါ ကူညီပေးဖို့ လိုသေးလား” လော့ယိ မေးလိုက်သည်။
“မလိုဘူး အချိန်တစ်ခုရောက်ရင် ရှင်နဲ့ကျွန်မ မသိပါဘူးလို့ပဲ ပြောကြတာ ပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲလိုပြောပေးရင် ကျွန်မကို ကူညီပေးလိုက် တာပဲ”
သူနှင့် မပတ်သက်သည်ကပင် အကူအညီဖြစ်မည်ဟု သူမ ခံစားရသည်။
“ယူယူ မင်း…”
“အဲလိုပဲဆုံးဖြတ်လိုက်ပြီ နှုတ်ဆက်ပါတယ်” ရှီမာယူယူ စကားပြောပြီး နောက် သူမနှင့် ဝူလင်းယူတို့သည် လှည့်ထွက်သွားသည်။ လူအုပ်ကို တိုးမပေါက်သဖြင့် လော့ယိသည် သူတို့နောက်မလိုက်နိုင်ပေ။
လော့လျိုသည် အနည်းငယ် အံ့ဩသွားသည်။ ရှီမာယူယူသည် သူတို့ကို အသုံးချလိမ့်မည်ဟုထင်ထားခဲ့ပြီး ဤကဲ့သို့ရိုးရိုးရှင်းရှင်းပင် ထွက်သွားမည်ဟု ထင်မထားခဲ့ပေ။
လော့ယိသည် သူတို့နောက်လိုက်သွားချင်သော်လည်း အတားခံလိုက်ရ သည် “သခင်လေး မဖြစ်ဘူး မြို့စားအိမ်တော်ကလူတွေ ရောက်နေပြီ”
လော့ယိသည် လက်ကိုအတင်းယမ်းပြီး သူ့လက်မှ ရုန်းလေသည် “သူတို့ ရောက်နေလည်း ဘာဖြစ်လဲ.. ဘာလို့ ကျွန်တော့်ကိုဆွဲတာလဲ ယူယူက လုပ်စရာရှိနေတာ သူမကို သွားကူညီရမယ်”
“သခင်လေး ခုနက သူမပြောသွားတာကို မမှတ်မိဘူးလား” လော့လျို သည် သူ့ကို တင်းကြပ်စွာဆုပ်ကိုင်ထားကာ မလွှတ်ပေ။
“သူမ ဘာပဲပြောပြော သူမကိုအဲလိုမျိုး လျစ်လျူမရှုနိုင်ဘူး သူမက ကျွန်တော့်သူငယ်ချင်းပဲ” လော့ယိ ပြောလေသည် “သူမ ဒီလိုမျိုးထွက်သွားလို့ တစ်ခုခုဖြစ်သွားရင် ဒီလိုအခြေအနေမှာ ဘယ်လိုလုပ် သွားကူညီနိုင်မလဲ”
“သခင်လေး သူမ အဆင်ပြေမှာပါ.. သူမ ဘာဖြစ်မယ် ဘယ်သွားမယ်ကို သခင်လေးလည်း မသိဘူးလေ.. သူမကို ဒီလိုမျိုးအလောတကြီး သွားရှာလိုက် ရင် မီးပုံထဲဆီလောင်းသလိုဖြစ်မှာပဲ.. သူမကို ကူညီပေးမယ့်အစား ပြဿနာပဲ ဖြစ်စေမှာပဲ”
“ဒါက…” လော့ယိသည် တွေဝေသွားသည်။ လော့လျို၏ စကားများ သည် ဖြစ်နိုင်ချေရှိသည်။
“သခင်လေး ပြန်စဉ်းစားပါ သူမ ထွက်မသွားခင်တုန်းက စိတ်ပူနေတာမျိုး ရှိလို့လား”
လော့ယိသည် ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည် “မရှိဘူး”
“မရှိဘူးဆိုမှတော့ သူမက ဒီကိစ္စကို လုံးဝစိတ်မပူဘူးလို့ ပြောတာပဲ.. သူမသာ အကူအညီလိုရင် ပြောမှာပေါ့” လော့လျို ပြောလေသည် “ပြီးတော့ သူမကို မသိချင်ယောင်ဆောင်တာက ကူညီတာပဲလို့ ထွက်မသွားခင်တုန်းက ပြောသွားတယ်မလား.. ကျုပ်တို့ ပတ်သက်နေမှုက သူမလုပ်ချင်တဲ့ကိစ္စမှာ နောက်ဆံတင်းစရာဖြစ်လို့နေမှာပေါ့”
လော့ယိ နှုတ်ဆိတ်သွားသည်။ လော့လျိုသည် သူ့ကို စိုက်ကြည့်ကာ သူ့စကားများကို နားဝင်သလားဟု သိချင်နေသည်။ လော့ယိ၏ မျက်နှာ ပြေလျော့သွားသည်ကို မြင်သောအခါ စိတ်ထဲမှ သက်ပြင်းချမိသည်။
ရှီမာယူယူနှင့် ပတ်သက်ပြီး ထင်မြင်ချက် တစ်စုံတစ်ရာမရှိသော်လည်း သခင်လေးကို ကာကွယ်ရန် လူအများအပြားမရှိခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သခင်လေး၏ လုံခြုံရေးကို စဉ်းစားရန်လိုသည်။
ထို့အပြင် နန်ယွိမြောင်၏ နောက်ခံမှာလည်း အလွန်ရှုပ်ထွေးသည်။ သူသည် စစ်ဦးစီးတစ်ဦးနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။ အကယ်၍ သူနှင့် သွားဆက်နွယ်မိပါက အနာဂတ်တွင် သူတို့အတွက် အခက်တွေ့နိုင်သည်။
သေချာသည်မှာ ရှီမာယူယူသာ သူမဘာသာ ထွက်မသွားလျှင်လည်း သူတို့နှင်ထုတ်မည်မဟုတ်ပေ။ သို့သော် သူမဘာသာ ထွက်သွားသဖြင့် သူ့ အတွက် စဉ်းစားစရာဖြစ်နေသည်။
“ဝင်ရအောင်” ရှီမာယူယူ ထွက်သွားခြင်းကြောင့်လား လော့လျို၏ စကား များကြောင့်လားတော့ မသိပေ.. လော့ယိသည် အနည်းငယ် စိတ်အားပျက်ကာ ခံစားချက်မှာလည်း လျော့ကျသွားသည်။
လော့လျိုသည် အနည်းငယ် အံ့ဩမိသည်။ သူ၏သခင်လေးသည် ရှီမာယူယူနှင့် အချိန်အနည်းငယ်သာ အတူကုန်ဆုံးခဲ့သော်လည်း ဤကဲ့သို့ ဂရုစိုက်လိမ့်မည်ဟ ထင်မထားပေ။ အရင်က သခင်လေး တစ်စုံတစ်ယောက်ကို ယခုလို ဂရုစိုက်သည်ကို မမြင်ဖူးပေ။
သူတို့ မြို့စား၏အိမ်တော်ကို ဝင်သည်နှင့် တပ်သားများသည် ချက်ချင်း ပင် ရှေ့ထွက်ပြီး ကာကွယ်သည်ဟုဆိုကာ သူတို့အနောက်မှလိုက်လာကြ၏။ မြို့စားအိမ်တော်မှာ ဘယ်လိုမျိုး ကာကွယ်ဖို့လိုသေးလို့လဲ။ ဒီအတိုင်း တစ်မျိုး တစ်မည်အမည်တပ်ပြီး အကျဉ်းချလိုက်တာပဲ။
သို့သော် နန်ယွိမြောင်၏ ကြောက်မက်ဖွယ်မျက်နှာကြီးကြောင့် မည်သူမှ ခုခံမပြောရဲကြပေ။ သူတို့၏ လခုံခြုံရေးကို မထိခိုက်သရွေ့ အသက် မပျောက် ခင်သရွေ့ အနည်းငယ် ဒုက္ခခံလိုက်သည်က ပိုကောင်းသည်။
အိမ်တော်ထိန်းခေါင်းဆောင်သည် လူအရေအတွက်စစ်ဆေးပြီးနောက် အရင်တစ်ခေါက် ပွဲတက်သည့် အရေအတွက်ထက် အနည်းငယ်လျော့နေသည် ကိုမြင်သောအခါ ချက်ချင်းပင် သတင်းပို့လေသည်။
“အဲလူနှစ်ယောက်ရဲ့ သရုပ်မှန်ကိုသိလား”
“သူတို့တွေက ဝိညာဉ်အဖွဲ့ကပဲ.. အဲနေ့က သူတို့ ဝိညာဉ်အဖွဲ့သခင်လေး နဲ့ လော့လျိုတို့နဲ့လာခဲ့ကြတာ.. ဒါပေမဲ့ ဒီနေ့အတူမလာကြဘူး”
“ဒါဆိုရင် လော့လျိုကို လာခိုင်းပြီး ဒီကိစ္စကိုလာရှင်းခိုင်းလိုက်”
“ဟုတ်ကဲ့ပါ”
လော့ယိနှင့် လော့လျိုတို့သည် နန်ယွိမြောက်ရှေ့ရောက်လာကြသည်။
“အကြီးအကဲလျို မတွေ့တာကြာပြီပဲ” နန်ယွိမြောင်၏ အက်ကွဲနေသော အသံသည် အေးစက်နေရာ မွေးညှင်းများပင် ထောက်သွားစေသည်။
“ပြီးခဲ့တဲ့ တစ်ခေါက် ကျုပ်တို့လမ်းခွဲပြီးကတည်းက မတွေ့တာ နှစ် ၁၀၀ လောက်ရှိရောပေါ့” လော့လျိုသည် သူတို့ ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အလား နေ့ရက်များကို ရေတွက်နေသည်။
“တစ်ယောက်က အရှေ့ပိုင်းမှာ တစ်ယောက်က အနောက်ပိုင်းမှာ.. အခု က ကျုပ်ရဲ့ပျော်ရွှင်ခြင်းမြို့ကိုဘာလို့လာတာလဲ”
“ကျုပ်တို့ သခင်လေးက အတွေ့အကြုံရှာရမယ့် အချိန်ရောက်ပြီလေ ကျုပ်က သူနဲ့လိုက်ပြီး လမ်းလျှောက်ထွက်ရုံတင်ပါ” လော့လျိုသည် နန်ယွိမြောင် တည့်တည့်စိုက်ကြည့်နေသည်ကို မြင်သောအခါ ပြုံးလိုက်သည် “ကျုပ်တို့ သခင်လေးက သူနဲ့ ခင်ဗျားသားမှာ ဘယ်သူကပိုချောလဲဆိုတာကို ယှဉ်ကြည့်ချင်လို့တဲ့ အဲဒါကြောင့် လာတာပါ”
“အဲဒါကြောင့် ကျုပ်သားကိုသတ်လိုက်တာလား”
***